အခန်း ၂၈၂
Vol. 29 Ch. 282
အခန်း ၂၈၂ - လက်ထဲရောက်လာခြင်း
"ဒါ... ဒါက ဘာလက်နက်ကြီးလဲ... လေဆာလား... ဒါမှမဟုတ် တခြားဟာလား... သတ္တုစပ် နံရံကြီးကိုတောင် ဖောက်ထွင်းနိုင်တယ်ဆိုတော့... OMG"
အက်ဘီဂေး မှာ အလွန် အံ့ဩ ထိတ်လန့်နေမိသည်။ ဤမျှ အဆင့်မြင့်သော လက်နက်မျိုးက သူ၏ အသိပညာ နယ်ပယ်ကို လုံးဝ ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ သူတို့ လေ့လာနေသော ဂြိုဟ်သား အာကာသယာဉ်ထက်ပင် ပို၍ အစွမ်းထက်နေပုံ ရသည်။
"ဒါမှမဟုတ် တစ်ဖက်လူက ဂြိုဟ်သားများ ဖြစ်နေမလား... သူတို့ရဲ့ အပေါင်းအသင်းတွေရဲ့ အလောင်းတွေကို လာပြန်ယူတာများလား..."
ဟော့စ်ကင် က ပါးစပ် အဟောင်းသားဖြင့် ရေရွတ်လိုက်သည်။ ခုနက မြင်လိုက်ရသော ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ခိုက်မှုကို ကြည့်ပြီး ဤကဲ့သို့ ကောက်ချက်ချရန်သာ ရှိတော့သည်။
"ဟားဟားဟား"
ဆွန်ဖုန်းက လူယုတ်မာ အပြုံးဖြင့် ရယ်မောလိုက်ပြီး သူ ဖောက်ခွဲထားသော နံရံ အပေါက်မှတစ်ဆင့် အတွင်းသို့ အလျင်စလို ဝင်ရောက်လာခဲ့သည်။ ထို့နောက် ပစ္စတို နှစ်လက်ဖြင့် အထဲရှိ လူအုပ်ကို ပစ်ခတ်တော့သည်။
"ဖိုင်း... ဖိုင်း... ဖိုင်း..."
သေနတ်သံများ ထွက်ပေါ်လာသည်နှင့်အမျှ လူများ တစ်ယောက်ပြီး တစ်ယောက် လဲကျသွားကြသည်။
"သူ့ကို သတ်... သတ်လိုက်"
ဟီဘရူး က ဆွန်ဖုန်း ဝင်လာသည်ကို မြင်သောအခါ အလွန် ထိတ်လန့်သွားပြီး လူအုပ်၏ အနောက်သို့ ပြေးသွားကာ သူ၏ လက်အောက်ငယ်သားများကို ဆွန်ဖုန်းအား ပစ်သတ်ရန် အော်ဟစ် အမိန့်ပေးလိုက်သည်။
"ဖိုင်း... ဖိုင်း... ဖိုင်း..."
"ဒိုင်း... ဒိုင်း... ဒိုင်း..."
တစ်ခဏချင်းမှာပင် သေနတ်သံများ ဆူညံသွားပြီး သေနတ် ဆယ်လက်ကျော်က ဆွန်ဖုန်းဆီသို့ ပြိုင်တူ ပစ်ခတ်လာကြသည်။
ပြင်းထန်သော ကျည်ဆန်မိုးများ ရွာချလာသဖြင့် ဆွန်ဖုန်း မည်မျှပင် အစွမ်းထက်နေစေကာမူ ရှေ့သို့ ဆက်မတိုးရဲတော့ဘဲ သုတေသန အခန်းထဲမှ ပြန်ဆုတ်ခွာလိုက်ရသည်။ ရန်သူ၏ ပစ်ခတ်မှုက အလွန် ပြင်းထန်လွန်းလှသည်။
"ဟားဟား... သူ့ကို မောင်းထုတ်လိုက်နိုင်ပြီ... အပြင်က လူတွေကို မြန်မြန် ခေါ်ပြီး သူ့ကို ဝိုင်းဖမ်းခိုင်း... သူ့ကို လုံးဝ အလွတ် မပေးနဲ့"
ဟီဘရူး က ဆွန်ဖုန်း နောက်ဆုတ်သွားသည်ကို မြင်သောအခါ ရုပ်ဆိုးဆိုးဖြင့် အသံကျယ်ကြီး ရယ်မောလိုက်သည်။ ခုနက အပြာရောင် အလင်းတန်းများ ဝင်လာစဉ်က သူ သေးထွက်ကျမတတ် ကြောက်လန့်ခဲ့ရသည်ကို လုံးဝ မေ့သွားပုံရသည်။
"ငွေရောင်ဝံပုလွေ... ငွေရောင်ဝံပုလွေ... ရန်သူက အထပ် (-၃) က A ဇုန် သုတေသန အခန်းမှာ ရှိနေတယ်... အမြန် လာကူညီပါ... အမြန် လာကူညီပါ"
စောင့်ကြည့်ရေး အခန်းမှ ဝန်ထမ်းများက ဆွန်ဖုန်းကို မျက်ခြည်ပြတ်သွားသော ငွေရောင်ဝံပုလွေတို့ အဖွဲ့ကို အမြန် ဆက်သွယ်လိုက်ကြသည်။
"သိပြီ... သိပြီ"
ငွေရောင်ဝံပုလွေက ချက်ချင်းပင် အနီးဆုံး လမ်းကြောင်းမှ တစ်ဆင့် ထိုနေရာသို့ အဖွဲ့ကို ခေါ်ဆောင်သွားလေသည်။
ဆွန်ဖုန်းက သတ္တုစပ် နံရံနောက်တွင် ပုန်းနေရင်း အခန်းတွင်းမှ အဆက်မပြတ် ထွက်ပေါ်နေသော သေနတ်သံများကို နားထောင်နေသည်။ အခု အခြေအနေမှာ သူ ဘယ်လိုမှ အထဲဝင်လို့ မရတော့မှန်း သိလိုက်သည်။
တစ်ဖက်လူ ဆယ်ယောက်ကျော်က အပေါက်ဝကို သေနတ်များဖြင့် ချိန်ရွယ်ထားသဖြင့် သူသာ ဝင်သွားပါက သေတွင်းထဲ ခုန်ဆင်းသလို ဖြစ်သွားမည် ဖြစ်သည်။
"ဟီးဟီး... မင်းတို့ကို ဗုံးအရသာ ကျွေးရသေးတာပေါ့..."
ဆွန်ဖုန်းက ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်ပြီး လူမရှိကြောင်း သေချာသွားသောအခါ သိုလှောင်ရေး နေရာလွတ်ထဲမှ အစွမ်းထက် ဗုံးငါးလုံးကို အမြန် ထုတ်ယူလိုက်သည်။
အကယ်၍ တစ်ယောက်ယောက်က ဤနေရာတွင် ရှိနေပါက ဆွန်ဖုန်းက လေဟာနယ်ထဲမှနေ၍ ဗုံးများကို မျက်လှည့်ပြသလို ထုတ်ယူလိုက်သည်ကို မြင်တွေ့ရပေလိမ့်မည်။
သို့သော် ဤလျှို့ဝှက်ချက်ကို ဆွန်ဖုန်းက မည်သူ့ကိုမျှ ပေးသိမည် မဟုတ်ပေ။ ဤနေရာ တစ်ဝိုက်ရှိ စောင့်ကြည့် ကင်မရာ အားလုံးကိုလည်း ဆွန်ဖုန်းက အစောကြီးကတည်းက ပစ်ခွဲထားပြီး ဖြစ်သည်။
"သွားသေလိုက်ကြ... ဟားဟား"
ဆွန်ဖုန်းက ထိုအစွမ်းထက် ဗုံးငါးလုံး၏ စနက်တံများကို ဖြုတ်လိုက်ပြီး ခုနက သူဖောက်ထားသော နံရံ အပေါက်မှ တစ်ဆင့် အတွင်းသို့ အားကုန် ပစ်သွင်းလိုက်လေသည်။
"ဒုက္ခပဲ... ဗုံးတွေ"
"မန်နေဂျာ... ဝပ်နေ"
အခန်းတွင်းရှိ လူသုံးဆယ်ကျော်မှာ ဗုံးငါးလုံး ပျံဝင်လာသည်ကို မြင်သောအခါ အံ့ဩ မှင်တက်သွားကြသည်။ ပထမဆုံး သတိဝင်လာသူများမှာ လုံခြုံရေး စစ်သား ဆယ်ကျော် ဖြစ်ပြီး သူတို့က အက်ဘီဂေး နှင့် ဟော့စ်ကင် တို့ကို ချက်ချင်း နောက်သို့ ဆွဲချကာ မြေပြင်ပေါ်သို့ ဖိချလိုက်ကြသည်။
ဟီဘရူး ကိုလည်း စစ်သား အချို့က ဖုံးအုပ် ကာကွယ်ပေးလိုက်ကြသည်။ ကျန်သော သုတေသန ပညာရှင် နှစ်ဆယ်ကျော်မှာမူ မှင်တက်နေကြဆဲပင်။ သူတို့က သာမန် အရပ်သားများသာ ဖြစ်သဖြင့် ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမှ မကြုံဖူးကြပေ။
ခုနက သေနတ်ပစ်ပွဲကပင် သူတို့ကို ထိတ်လန့် မှင်တက်သွားစေခဲ့ရာ ယခုလို အချိန်မျိုးတွင် သူတို့ မည်သို့ မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်မည်နည်း။
လူအနည်းငယ်သာ သတိဝင်လာပြီး နာကျင်မှုကို ဂရုမစိုက်နိုင်ဘဲ နောက်သို့ ခုန်ဆုတ်သွားကြသည်။
"ဘုန်း... ဝုန်း... ဒိုင်း"
အစွမ်းထက် ဗုံးငါးလုံးက ဤကျယ်ဝန်းလှသော သုတေသန အခန်းကြီး အတွင်းတွင် မှိုပွင့်ပုံသဏ္ဍာန် မီးတောက် ကြီးငါးခုကို ဖန်တီးလိုက်သည်။ ပြင်းထန်လှသော စွမ်းအင် လှိုင်းများက အခန်း တစ်ခုလုံးကို ချက်ချင်း ဖျက်ဆီးပစ်လိုက်သည်။
အခန်းတွင်းရှိ လူသုံးဆယ်ကျော်မှာ တစ်ယောက်မှ မလွတ်ဘဲ အားလုံး ဗုံးစထိမှန် သေဆုံးသွားကြသည်။ အခန်းတွင်းရှိ သုတေသန ကိရိယာများနှင့် အချက်အလက် စာရွက်စာတမ်းများ အားလုံးလည်း အမှိုက်သရိုက်များ အဖြစ် ပြောင်းလဲသွားတော့သည်။
"ပိုင်ရှင်... နောက်ထပ် ရန်သူ အုပ်စုကြီး တစ်ခု လာနေပြီ... မြန်မြန် လှုပ်ရှားပြီး အဲဒီ စွမ်းအင်တုံးကို အမြန် သွားယူလိုက်ပါ..."
အသံလက်ထောက်က မြေအောက် သုတေသနဌာန တစ်ခုလုံး၏ အခြေအနေကို အမြဲတမ်း စောင့်ကြည့်ပေးနေသဖြင့် ရန်သူ အုပ်စုအချို့ ချဉ်းကပ်လာသည်ကို မြင်သောအခါ ဆွန်ဖုန်းကို အမြန် သတိပေးလိုက်သည်။
"သိပြီ... အခုမှ ဗုံးခွဲထားတာဆိုတော့ ငါ ကိုယ်တိုင် ဝင်သွားဖို့တော့ မရဲသေးဘူး... ရေငုပ်ဝတ်စုံကိုပဲ ဝင်ယူခိုင်းရတော့မယ်"
ဆွန်ဖုန်းက လုံးဝ တွေဝေမနေတော့ဘဲ သိုလှောင်ရေး နေရာလွတ်ထဲမှ ရေငုပ်ဝတ်စုံကို ထုတ်ယူလိုက်ပြီး အသံဖြင့် အမိန့်ပေးလိုက်ရာ ရေငုပ်ဝတ်စုံက အခန်းတွင်းသို့ ချက်ချင်း ပြေးဝင်သွားလေသည်။
သုတေသန အခန်း အတွင်းတွင် ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများမှာ မပျောက်ကွယ်သေးပေ။ ဤအခန်းက ပိတ်လှောင်နေသော နေရာ ဖြစ်သဖြင့် အပူချိန်မှာ အလွန် မြင့်မားနေသည်။
သာမန်လူ တစ်ယောက်သာ ယခုအချိန် ဝင်သွားပါက မသေလျှင်တောင် အရေပြားများ ကွာကျသွားမည်မှာ သေချာသည်။ သို့သော် ရေငုပ်ဝတ်စုံ အတွက်ကတော့ ဤမျှ အပူချိန်က ဘာမှ မဟုတ်ပေ။
"စကင်ဖတ်နေပါတယ်... စကင်ဖတ်ပြီးပါပြီ လက်နက်စနစ်ကို ဖွင့်နေပါတယ်... ဖြတ်တောက်မှု စတင်ပါပြီ..."
ရေငုပ်ဝတ်စုံသည် သတ္တုစပ် နံရံ တစ်ခုရှေ့သို့ ရောက်သွားပြီး လက်ကို ဆန့်ထုတ်ကာ အပြာရောင် လေဆာ နှစ်ခုဖြင့် စတင် ဖြတ်တောက်လိုက်သည်။
"ချွင်... ချွင်... ချွင်"
တစ်စက္ကန့် အတွင်းမှာပင် ရေငုပ်ဝတ်စုံက ဤသတ္တုစပ် လျှို့ဝှက်ခန်းကို ဖြတ်တောက် ဖွင့်လှစ်လိုက်သည်။ အထဲတွင်တော့ စွမ်းအင်တုံးက ငြိမ်သက်စွာ ရှိနေသည်။ မကြာမီမှာပင် ရေငုပ်ဝတ်စုံက ကြိတ်ဆုံလောက် အရွယ်အစားရှိ စွမ်းအင်တုံးကြီးကို ဆွန်ဖုန်း၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
"ဟီးဟီး... ပစ္စည်း ရပြီ... ဒီတစ်ခါတော့ စိတ်အေးလက်အေး ဆော့ကစားလို့ ရပြီ"
ဆွန်ဖုန်းက ရေငုပ်ဝတ်စုံနှင့် စွမ်းအင်တုံးကို သိုလှောင်ရေး နေရာလွတ်ထဲသို့ ပြန်ထည့်လိုက်ပြီးနောက် လူရိပ် တစ်ချက် လှုပ်ရှားသွားကာ ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။
ပေါက်ကွဲသံကို ကြားပြီးနောက် ငွေရောင်ဝံပုလွေ ရောက်လာချိန်တွင် ဆွန်ဖုန်း၏ အရိပ်ကိုပင် မတွေ့ရတော့ပေ။ ပျက်စီး ယိုယွင်းနေသော နေရာကို ကြည့်ရင်း ငွေရောင်ဝံပုလွေသည် ဒေါသတကြီးဖြင့် နံရံကို လက်သီးဖြင့် ထိုးချလိုက်ပြီး သူ၏ မျက်လုံးများထဲတွင် အဆုံးအစမရှိသော သတ်ဖြတ်လိုစိတ်များ ပေါ်ထွက်လာတော့သည်။
လမ်းတစ်လျှောက်တွင် ဆွန်ဖုန်းက အပေါ်သို့ တက်ရန် ပြင်လိုက်သည်။ အပေါ်သို့ တက်ရင်း အစွမ်းထက် ဗုံးများကို လိုက်လံ ပစ်ချခဲ့ရာ သူ့ကို တားဆီးရန် ကြိုးစားသော ရန်သူများ အားလုံး အေးစက်သော အလောင်းများ အဖြစ် ပြောင်းလဲသွားခဲ့ရသည်။
"ဘုန်း... ဝုန်း... ဒိုင်း"
မကြာမီ ဆွန်ဖုန်းသည် မြေအောက် သုတေသနဌာန၏ ထွက်ပေါက်သို့ ရောက်ရှိသွားသည်။ ဆွန်ဖုန်းသည် နောက်သို့ တစ်ချက် လှည့်ကြည့်ကာ အေးစက်စက် ပြုံးလိုက်ပြီးနောက် လှည့်မကြည့်တော့ဘဲ ထွက်ခွာသွားလေသည်။
မိနစ်အနည်းငယ် အကြာတွင် ဆွန်ဖုန်းသည် ဤဂန္ထဝင် ဆေးဝါးစက်ရုံ အတွင်းမှ လုံးဝ ထွက်ခွာသွားပြီ ဖြစ်သည်။ ဆွန်ဖုန်း ထွက်သွားပြီးသည်နှင့် ကမ္ဘာမြေကို တုန်လှုပ်စေမည့် ပေါက်ကွဲမှုကြီး တစ်ခုက ဂန္ထဝင် ဆေးဝါးစက်ရုံ၏ မြေအောက်မှ စတင် ထွက်ပေါ်လာတော့သည်။
"ဘုန်း... ဝုန်း... ဒိုင်း"
ဆွန်ဖုန်းသည် စွမ်းအင်တုံးကို ရရှိပြီးနောက် ဤမြေအောက် သုတေသနဌာန၏ အလယ်ဗဟိုတွင် အလွန် အစွမ်းထက်သော စူပါ ဗုံးတစ်လုံးကို တပ်ဆင်ထားခဲ့သည်။ ယခု ထိုဗုံးက ပေါက်ကွဲသွားပြီ ဖြစ်သည်။
ဤဗုံးက ယခင်က အစွမ်းထက် ဗုံးများထက် အဆပေါင်းများစွာ ပို၍ ပြင်းထန်သဖြင့် ပေါက်ကွဲမှု ဖြစ်ပေါ်သွားသည်နှင့် မြေအောက် သုတေသနဌာန တစ်ခုလုံး အပျက်အစီးပုံ အဖြစ် ပြောင်းလဲသွားတော့သည်။ အောက်ရှိ လူများ အနေဖြင့်လည်း အသက်ရှင်ရန် လုံးဝ မဖြစ်နိုင်တော့ပေ။
အရာအားလုံး နောက်ဆုံးတော့ ပြီးဆုံးသွားလေပြီ။
အဝေးမှ လှမ်းကြည့်လိုက်လျှင် ဂန္ထဝင် ဆေးဝါးစက်ရုံ တစ်ခုလုံးတွင် မီးခိုးလုံးကြီးများ လွင့်ပျံနေသည်ကို တွေ့ရသည်။ ရာနှင့်ချီသော သာမန် အလုပ်သမားများမှာ အဆောင်များထဲမှ ထိတ်လန့်တကြား ပြေးထွက်လာကြသည်။
အဆောက်အအုံ အချို့မှာ မြေကြီး အောက်ခြေ ကျွံကျသွားသဖြင့် ပြိုကျမည့် လက္ခဏာများ ပြသနေသည်။
ဤတစ်ကြိမ်တွင်မူ ထာဝရ မဟာမိတ် အဖွဲ့အစည်း၏ အထက်ပိုင်း အဆက်အသွယ်များ အနေဖြင့် ဤမျှ ကြီးမားသော ပေါက်ကွဲမှုကို ဖုံးဖိထားနိုင်မည် မဟုတ်တော့ပေ။ ရဲကားများ၊ လူနာတင် ကားများနှင့် မီးသတ်ကားများ အများအပြား ရောက်ရှိလာကြသည်။ ဤဖြစ်ရပ်ကို ကမ္ဘာက နောက်ဆုံးတွင် သိရှိသွားတော့မည် ဖြစ်သည်။
တစ်ခဏချင်းမှာပင် ဂန္ထဝင် ဆေးဝါးစက်ရုံ တစ်ခုလုံး အလုပ်များသွားကြသည်။ အထူး စုံစမ်းစစ်ဆေးရေး အဖွဲ့များ၊ ကျွမ်းကျင် ပညာရှင်များ စသည်ဖြင့် ဤဖြစ်ရပ်ကို ဝင်ရောက် စွက်ဖက်လာကြသဖြင့် ဂန္ထဝင် ဆေးဝါးစက်ရုံ အောက်ရှိ ပုဂ္ဂလိက သုတေသနဌာနကြီးလည်း ကမ္ဘာသို့ ပေါက်ကြားသွားတော့သည်။
ဂန္ထဝင် ဆေးဝါးစက်ရုံ မျက်နှာချင်းဆိုင်ရှိ အဆောက်အအုံ တစ်ခု၏ အမိုးပေါ်တွင် ဆွန်ဖုန်း ရပ်နေသည်။ မျက်နှာချင်းဆိုင်မှ အလုပ်ရှုပ်နေမှုများကို ပြုံးလျက် ကြည့်နေပြီး
တော်တော်လေး
"ဟားဟား... ငါ့ကို လာစတဲ့ အကျိုးဆက်က ဒါပဲ" ဟု ရေရွတ်လိုက်သည်။
"ပိုင်ရှင်... ဒီတစ်ခေါက်တော့ ခင်ဗျား ကစားရတာ ပျော်သွားပြီ ထင်တယ်... တစ်ဖက်လူက အခုထိ သူတို့ကို ဘယ်သူ လာဖျက်ဆီးသွားမှန်း သိမှာ မဟုတ်သေးဘူး... ဒီလောက် ကောင်းတဲ့ မြေအောက် သုတေသနဌာနကြီး ဒီလို ပျက်စီးသွားတာတော့ နည်းနည်း နှမြောစရာပဲနော်..."
အသံလက်ထောက်က ပြောလိုက်လေသည်။