← Chapters

အခန်း ၂၈၃

Vol. 29 Ch. 283

အခန်း ၂၈၃

Vol. 29 Ch. 283

အခန်း ၂၈၃ - ဖေဖေလို့ မခေါ်ရင် နို့မတိုက်ဘူးနော်

နောက်တစ်နေ့ နံနက်ခင်းတွင် ဂန္ထဝင်ဆေးဝါးစက်ရုံကြီး ပေါက်ကွဲသွားပြီး မြေအောက် လျှို့ဝှက်သုတေသနဌာန တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းများက တစ်မုဟုတ်ချင်း ပြန့်နှံ့သွားလေသည်။

ထိုမြေအောက်သုတေသနဌာနကြီးမှာ အပျက်အစီးပုံ အတိဖြစ်သွားခဲ့ပြီ ဆိုသော်ငြား ရဲတပ်ဖွဲ့နှင့် စုံစမ်းစစ်ဆေးရေး အဖွဲ့များက အပျက်အစီးများကြားမှ လက်နက်များ၊ ဂြိုဟ်သား ရုပ်အလောင်း နမူနာများကို ရှာဖွေတွေ့ရှိခဲ့ကြသည်။

ထူးဆန်းသည်မှာ ထိုဂြိုဟ်သားရုပ်အလောင်းများမှာ ပေါက်ကွဲမှုကြောင့် သွေးသံရဲရဲ ဖြစ်သွားသော်လည်း အပိုင်းပိုင်းအစစ ပြတ်တောက်သွားခြင်းတော့ မရှိခဲ့ပေ။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ထိုအဖွဲ့အစည်းက ဂြိုဟ်သားများ၏ ဗီဇကို လူသားများ၊ သားရဲများ၏ ဗီဇများနှင့် အဘယ်ကြောင့် မျိုးစပ် သုတေသန ပြုလုပ်ချင်နေရသနည်း ဆိုသည်မှာ ရှင်းလင်းသွားပေတော့သည်။

ကမ္ဘာ့သတင်းစာ - တောင်အာဖရိကရှိ မြို့တစ်မြို့မှ ဂန္ထဝင်ဆေးဝါးစက်ရုံ၏ မြေအောက်တွင် ပုဂ္ဂလိက သုတေသနဌာန တစ်ခုကို ရုတ်တရက် ရှာဖွေတွေ့ရှိခဲ့သည်။ အမည်မသိ အကြမ်းဖက် အဖွဲ့အစည်း တစ်ခု၏ လျှို့ဝှက်ဌာနကြီး ပေါ်ပေါက်လာခြင်း ဖြစ်ပြီး ဂြိုဟ်သား ရုပ်အလောင်းများကိုပါ အံ့ဖွယ် တွေ့ရှိခဲ့ရသည်။ ဤအဖွဲ့အစည်းတွင် ကိုယ်ပိုင် လက်နက်ကိုင် တပ်ဖွဲ့များပင် ရှိနေသည်။ လက်တွေ့တွင်တော့ ကျွန်ုပ်တို့ ကမ္ဘာမြေပေါ်သို့ ဂြိုဟ်သားများ တကယ် ရောက်ရှိခဲ့ဖူးသည် ဆိုသည့် အဓိပ္ပာယ်ပင်တည်း။

သတင်းထူး - ကမ္ဘာမြေပေါ်တွင် ဂြိုဟ်သားများ ရှိနေခဲ့သည်။ ကျွန်ုပ်တို့ လုံးဝ မသိခဲ့ကြပေ။ ထို့အပြင် ဂြိုဟ်သား ရုပ်အလောင်းများကို သုတေသန ပြုလုပ်နေသူများပင် ရှိနေသေးသည်။ ဤအဖွဲ့အစည်းက မည်သည့် အဖွဲ့အစည်းနည်း။ သူတို့က ဂြိုဟ်သား ရုပ်အလောင်းများကို မည်သို့ ရရှိခဲ့သနည်း။ ဂြိုဟ်သားများက ကမ္ဘာမြေသို့ မည်သို့ ရောက်လာသနည်း။ သတင်းများအရ အခင်းဖြစ်ပွားရာ နေရာတွင် ဂြိုဟ်သားများ၏ ပန်းကန်ပြားပျံ (UFO) ကို မတွေ့ရဟု ဆိုသည်။ အနာဂတ်တွင် ဂြိုဟ်သားများ၏ ကျူးကျော်မှုကို ကျွန်ုပ်တို့ ခံရနိုင်ပါသလား။

ကောလာဟလ သတင်းများ - ဂြိုဟ်သား သတင်းများ ထွက်ပေါ်လာပြီး တစ်ရက်ပင် မပြည့်မီ ထိုကိစ္စနှင့် ပတ်သက်သမျှ သတင်းအားလုံး ပိတ်ပင်ခံလိုက်ရသည်။ မည်သည့် သတင်းဌာနကိုမျှ ဆက်လက် ဖော်ပြခွင့် မပေးတော့ပေ။ ပြည်သူလူထု အကြားတွင်တော့ ထိတ်လန့် ချောက်ချားမှုများ ဖြစ်ပေါ်လျက် ရှိသည်။

ဤသတင်းများကို နိုင်ငံကြီး အချို့၏ အင်အားစုများက လျင်မြန်စွာ ပိတ်ပင်တားဆီးလိုက်ကြသည်။ မည်သည့် မီဒီယာကိုမျှ ဆက်လက် ရေးသား ဖော်ပြခွင့် မပေးတော့ပေ။

ယခင် ထွက်ပေါ်ခဲ့သမျှ သတင်းများမှာလည်း အင်တာနက်ပေါ်ရှိ သတင်းဝက်ဘ်ဆိုက် အချို့ကသာ ဖော်ပြခဲ့ခြင်း ဖြစ်ရာ၊ မကြာမီမှာပင် ပင်လယ်ထဲ ကျောက်ခဲပစ်ချလိုက်သလို အစအနပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားတော့သည်။ ဘာမှ မဖြစ်ခဲ့သလိုပင် တိတ်ဆိတ်သွားခဲ့လေသည်။

ဤအခြေအနေများနှင့် ပတ်သက်၍ ဆွန်ဖုန်းက သိပ်ပြီး ဂရုမစိုက်လှပေ။ ထိုကမ္ဘာ့ အင်အားကြီး နိုင်ငံများက 'ထာဝရ မဟာမိတ်' အဖွဲ့အစည်းကို ဖော်ထုတ်နိုင်မည်လား၊ မဖော်ထုတ်နိုင်ဘူးလား ဆိုသည်ကိုလည်း သူ သိမနေချင်တော့ချေ။

မည်သို့ပင်ဖြစ်စေ သူ လိုချင်သော စွမ်းအင်တုံးကို သူ ရရှိခဲ့ပြီ မဟုတ်ပါလား။ တစ်ချိန်တည်းမှာပင် ထိုခေတ်မီ လက်နက်သစ်များက ထာဝရ မဟာမိတ် အဖွဲ့အစည်းထံမှ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်းကိုလည်း သူ ကောင်းကောင်း သိလိုက်ရသည်။

ဆွန်ဖုန်း၏ သဘောထားမှာ ရှင်းပါသည်။ တစ်ဖက်လူက သူ့ကို လာမရှုပ်သရွေ့ သူကလည်း သွားရောက် ရန်စနေမည် မဟုတ်ပေ။ သူ့တွင် ထိုကိစ္စများအတွက် အချိန်ပို မရှိချေ။ ကမ္ဘာ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ ဆိုတာ ကမ္ဘာ့ရဲကြီးများ ခေါင်းကိုက်ခံရမည့် အလုပ်သာ ဖြစ်သည်။

ထို့အပြင် ဤတစ်ကြိမ် ကိစ္စကို ကြည့်လျှင် ထာဝရ မဟာမိတ် အဖွဲ့အစည်း အနေဖြင့် သူတို့၏ သုတေသနဌာနကို မည်သူက ဖျက်ဆီးသွားမှန်း သိနိုင်မည် မဟုတ်ပေ။

ဒါကြောင့် ဆွန်ဖုန်းလည်း သူတို့နှင့် ဆက်ပြီး ရန်ငြိုးမဖွဲ့ချင်တော့ပေ။ အကယ်၍ တစ်ဖက်လူက သဲလွန်စ တစ်ခုခု ရှာတွေ့သွားပါက သူ့အတွက် မဆုံးနိုင်သော ပြဿနာများသာ ယူဆောင်လာပေးမည် ဖြစ်သည်။

ထာဝရ မဟာမိတ် အဖွဲ့အစည်း၏ ဌာနချုပ်။

ငွေရောင်ဆံပင်နှင့် အမျိုးသား တစ်ဦးက မျက်နှာထား တင်းတင်းမာမာဖြင့် သူ့ရှေ့တွင် ခေါင်းငုံ့ကာ စကားမပြောရဲဘဲ ရပ်နေကြသော လူလတ်ပိုင်း အရွယ် လူအချို့ကို စိုက်ကြည့်နေသည်။

"မင်းတို့ အခုထိ စုံစမ်းလို့ မရသေးဘူးလား... ငါ့ရဲ့ သုတေသနဌာနကို ဘယ်သူ ဗုံးခွဲသွားတာလဲ ဆိုတာကိုလေ..." ငွေရောင်ဆံပင်နှင့် အမျိုးသားက အေးစက်စက် လေသံဖြင့် မေးလိုက်သည်။ သူ၏ အသံတွင် မည်သည့် ခံစားချက်မျှ ပါဝင်မနေပေ။

"ဘော့စ်... လောလောဆယ် ဘာသဲလွန်စမှ ရှာမတွေ့သေးပါဘူး... သူတို့က ဘယ်သူတွေလဲ၊ မြေအောက် သုတေသနဌာနထဲကို ဘယ်လို ဝင်သွားလဲ ဆိုတာ လုံးဝ မသိရသေးပါဘူး..."

"အခု မြေအောက် သုတေသနဌာနထဲက လူတွေ အကုန်လုံး သေကုန်ပါပြီ... တိုက်တိုက်ဆိုင်ဆိုင် အပြင်ရောက်နေလို့ အသက်ရှင်ကျန်ခဲ့တဲ့ သူတွေကလည်း အခင်းဖြစ်ပွားချိန်မှာ ရှိမနေတော့ ဘာမှ မသိကြပါဘူး... ပြီးတော့ စောင့်ကြည့် ကင်မရာ စနစ်တွေ အားလုံးကလည်း ပေါက်ကွဲမှုနဲ့အတူ ပျက်စီးသွားပါပြီ..." လူလတ်ပိုင်း တစ်ဦးက နဖူးမှ ချွေးများကို သုတ်ရင်း တိုးတိုးလေး အစီရင်ခံလိုက်သည်။

"အသုံးမကျတဲ့ ကောင်တွေ အသုံးမကျတဲ့ ကောင်တွေ"

"ငါတို့ မဟာမိတ် အဖွဲ့အစည်း တည်ထောင်လာတာ ရာစုနှစ် တစ်ခုတောင် ရှိပြီ... အခုလို အရှက်ရစရာ ကိစ္စမျိုး တစ်ခါမှ မကြုံဖူးသေးဘူး... မင်းတို့ကို အချိန် တစ်လ ပေးမယ်... ရန်သူက ဘယ်သူလဲ ဆိုတာ မဖြစ်မနေ ရှာထုတ်ရမယ်" ငွေရောင်ဆံပင်နှင့် အမျိုးသား၏ လေသံတွင် ဒေါသတရားများ စတင် စွက်ဖက်လာလေပြီ။

"ဘော့စ်... ကျွန်တော် ထင်တာကတော့ အဖွဲ့အစည်း အတွင်းမှာ သစ္စာဖောက် ရှိနေလို့ ဖြစ်ရမယ်... ဒီလိုမှ မဟုတ်ရင် လုံခြုံရေး ဒီလောက် တင်းကျပ်တဲ့ မြေအောက် သုတေသနဌာနကို ဘယ်လိုလုပ် လူဝင်လာနိုင်မှာလဲ... ဝင်လာနိုင်တယ် ထားဦးတော့၊ ဒီလောက်များတဲ့ ဗုံးတွေ သယ်လာပြီး သုတေသနဌာနကြီး တစ်ခုလုံးကို ပြာကျသွားအောင် လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ..."

"သူ ပြောတာကို ကျွန်တော်လည်း ထောက်ခံပါတယ်..."

ငွေရောင်ဆံပင်နှင့် အမျိုးသားက ခဏမျှ စဉ်းစားလိုက်ပြီးနောက်...

"အဖွဲ့အစည်း အတွင်းမှာ သွေးသစ်လောင်း ရှင်းလင်းရေး မလုပ်တာ ကြာပြီပဲ... အခု တစ်ခါတည်း လုပ်လိုက်ကြတာပေါ့... ငြိမ်ငြိမ်မနေတဲ့ ကောင်တွေကို သတိပေးတဲ့ အနေနဲ့ပေါ့... ကျင်းကန်း ... ဒီကိစ္စကို မင်း တာဝန်ယူလိုက်..." ဟု ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ" အငယ်ဆုံး ဖြစ်ပုံရသော ထိပ်ပြောင် လူသန်ကြီးက ချက်ချင်း ဖြေကြားလိုက်သည်။

"ဘော့စ်... လောလောဆယ် ကျွန်တော်တို့ရဲ့ စီးပွားရေး လုပ်ငန်းတွေ၊ ဌာနခွဲ အသီးသီးက လှုပ်ရှားမှုတွေကို နည်းနည်း လျှော့ထားသင့်တယ်... ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားရမယ်... ဟိုဘက်မှာ ဖြစ်သွားတဲ့ ပြဿနာကြောင့် တစ်ယောက်ယောက်ကများ သတင်း ဖွင့်ပြောလိုက်ရင် ဒုက္ခရောက်ကုန်လိမ့်မယ်..." ကျင်းကန်းက အကြံပြုလိုက်သည်။

"အင်း... ဒီကိစ္စတွေကို မင်းတို့ အချင်းချင်း တိုင်ပင်ပြီး စီစဉ်လိုက်ကြပါ... ငါ စိတ်ရှုပ်ရမယ့် ကိစ္စမျိုး ထပ်မဖြစ်လာဖို့ပဲ မျှော်လင့်တယ်..." ငွေရောင်ဆံပင်နှင့် အမျိုးသားက ဩဇာတိက္ကမ အပြည့်ဖြင့် ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ"

အာဖရိကမှ ကိစ္စများ ပြီးဆုံးသွားပြီးနောက် ဆွန်ဖုန်းသည် ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့ရှိ သူ၏ အိမ်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

အိမ်ပြန်ရောက်သည်နှင့် ဆွန်ဖုန်းကို အနည်းငယ် အံ့အားသင့်စေသည်က ဟွမ်ကျားချန် လည်း ဤနေရာတွင် ရောက်ရှိနေခြင်းပင်။ သို့သော် ယခု ကြည့်ရသည်မှာ သူမ၏ စိတ်အခြေအနေက တော်တော်လေး ကောင်းမွန်နေပုံ ရသည်။

အရင်တစ်ခေါက်က သူမကို ထိုးပေးခဲ့သော အဆင့်နိမ့် စွမ်းရည်မြှင့် ဆေးရည်က သူမ၏ ကင်ဆာရောဂါကို ပျောက်ကင်းသွားစေသလား ဆိုသည်ကိုတော့ မသိရသေးပေ။

"ဖေဖေ ပြန်လာပြီ... ဖေဖေ လို့ မြန်မြန် ခေါ်လိုက်လေ သားလေးရဲ့..."

ဆွန်ဖုန်း ပြန်လာသည်ကို မြင်သောအခါ မိန်းမလှလေးများ အားလုံး ဝမ်းသာသွားကြသည်။ ဟယ်မင်ယီ က သူမ၏ သားလေးကို ပွေ့ချီကာ ဆွန်ဖုန်း ရှေ့သို့ ခေါ်လာပြီး စကားပြော သင်ပေးနေသည်။

သို့သော် အသက် ခြောက်လသာ ရှိသေးသော ကလေးလေးက ဘယ်လိုလုပ် စကားပြောတတ်မည်နည်း။ ရေကြည်ကြည်လေးလို တောက်ပနေသော မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် ဆွန်ဖုန်းကို စူးစမ်းချင်စိတ် အပြည့်ဖြင့်သာ ကြည့်နေသည်။ လူစိမ်းကို မြင်သောအခါ ကလေးလေးက အလွန် စိတ်ဝင်စားနေပုံ ရသည်။

"အမယ်လေး... ဒါ ဘယ်သူ့ အကြည့်လေးလဲကွ... မြန်မြန် ဖေဖေ လို့ ခေါ်စမ်း..." ဆွန်ဖုန်းက လက်ညိုးလေး တစ်ချောင်း ထုတ်ကာ သားဖြစ်သူ၏ ပါးဖောင်းဖောင်းလေးကို သွားပွတ်လိုက်သည်။

"ဝါး..."

ဆွန်ဖုန်းက သူ့အနားကပ်လာပြီး လာစသည်ကို မြင်သောအခါ ကလေးလေးက ချက်ချင်းပင် ပါးစပ်ပြဲကြီးဖြင့် အသံကုန် အော်ငိုတော့သည်။ အသံကလည်း အတော်လေး ကျယ်လောင်လှသည်။

"ခစ်ခစ်... ခစ်ခစ်..."

မိန်းမလှလေးများကတော့ ပါးစပ်ကို လက်ဝါးလေးများဖြင့် အုပ်ကာ သဘောကျစွာ ရယ်မောနေကြလေသည်။

"တောက်... ဒီခွေးကောင်လေးက သူ့အဖေကိုတောင် အဖက်မလုပ်ဘူး" ဆွန်ဖုန်း တစ်ယောက် မျက်နှာပူသွားရသည်။

"ဖယ်စမ်းပါ... ရှင်ကလည်း ကလေးကို ဘယ်လိုတွေ ပြောနေတာလဲ... ခွေးကောင်လေး ဆိုတော့ ရှင်က ခွေးအဖေကြီးပေါ့ ဟုတ်လား..."

ဟယ်မင်ယီ က ဆွန်ဖုန်းကို မျက်စောင်း ထိုးလိုက်သည်။ အပေါ်က မဖြောင့်ရင် အောက်ကလည်း ကောက်မှာပဲလေ။ ကလေး ဆိုတာ ငယ်ငယ်ကတည်းက သေချာ သွန်သင်ဆုံးမရသည်။

အခု အဖေလုပ်သူက ဒီလို ပြောနေမှတော့ ကလေးက ဘယ်လိုလုပ် လိမ္မာပါတော့မည်နည်း။

"ဖုန်း... ရှင့်အနေနဲ့ နောက်ဆို စကားပြော ဆင်ခြင်ဦးနော်... မဟုတ်ရင် ကလေး ကြီးလာတဲ့အခါ ရှင့်ကို အတုခိုးသွားလိမ့်မယ်... ဒါဆို မကောင်းဘူးလေ..." လျန်ယင် က ပြုံးလျက် ပြောလိုက်သည်။

"ဟုတ်တယ်... အချိန်ကျလို့ ကလေးတွေ အကုန်လုံး ရှင့်ကိုချည်း အတုခိုးနေရင် ကျွန်မတို့ပဲ ခေါင်းကိုက်ရမှာ..." ယန်ရွှယ် ကလည်း ဝင်ထောက်ခံသည်။

"အာ... ငါ့ကို အတုခိုးတာ ဘာမကောင်းလို့လဲ... သူ့အဖေ ငါ့ကို ကြည့်စမ်း... အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဘီလီယံနာ သူဌေးကြီး ဖြစ်နေပြီ... အသက်အငယ်ဆုံးနဲ့ အအောင်မြင်ဆုံး စီးပွားရေး လုပ်ငန်းရှင်... Time မဂ္ဂဇင်းရဲ့ မျက်နှာဖုံးရှင်တောင် ဖြစ်ဖူးသေးတယ်... ငါ့ကို အတုခိုးတာ ဘာများ ဆိုးလို့လဲ..."

ဆွန်ဖုန်းက မိန်းမလှလေးများ၏ စကားကို ကြားသောအခါ ချက်ချင်းပင် မကျေမနပ် ဖြစ်သွားသည်။ သို့သော် သူ၏ စကားကြောင့် မိန်းမလှလေးများ၏ မျက်စောင်းထိုးခြင်းကိုသာ ထပ်မံ ခံလိုက်ရလေသည်။

"ကဲပါ ကဲပါ... မငိုနဲ့တော့နော်... သားသား ဗိုက်ဆာနေပြီ ထင်တယ်... လာ... မေမေ နို့တိုက်မယ်နော်..."

ဟယ်မင်ယီ က ကလေးကို ဆိုဖာပေါ်သို့ ပွေ့ချီသွားကာ အင်္ကျီကို လှန်၍ နို့တိုက်ရန် ပြင်လိုက်သည်။

"ဖေဖေလို့ ခေါ်... ဖေဖေလို့ မခေါ်ရင် နို့မတိုက်ဘူးနော်..."

ဟယ်မင်ယီ က နို့တိုက်ရန် ပြင်လိုက်ချိန်မှာပင် ဆွန်ဖုန်းက ဘယ်နေရာကနေ ရောက်လာမှန်း မသိဘဲ ဟယ်မင်ယီ၏ ရင်သားကို လက်ဖြင့် လှမ်းအုပ်လိုက်ကာ ကလေးကို ကြည့်ပြီး ပြောလိုက်လေသည်။

"ဆွန်ဖုန်း... ရှင်... ရှင် တကယ့် လူဆိုးကြီးပဲ"

ဟယ်မင်ယီ က ရှက်သွေးဖြာနေသော မျက်နှာလေးဖြင့် ဆွန်ဖုန်းကို ဒေါသတကြီး မျက်စောင်းထိုးလိုက်သည်။ ဆွန်ဖုန်း၏ အပြုအမူကို ကြည့်ပြီး သူ့ကို လူဆိုးကြီးဟု မခေါ်လျှင် ဘာခေါ်ရမည်နည်း။ ဤမျှ အရှက်မရှိသော လူမျိုး ရှိပါဦးမည်လား။

All Chapters