← Chapters

အခန်း ၂၈၄

Vol. 29 Ch. 284

အခန်း ၂၈၄

Vol. 29 Ch. 284

အခန်း ၂၈၄ - ကျွန်မကိုယ်ကျွန်မ ရှင့်ကို ပေးအပ်ချင်တယ်

"အာ... ငါက သားလေးကို နောက်ပြောင်နေတာပါ... မင်းက ဘာဖြစ်လို့ စိတ်ဆိုးနေရတာလဲ..."

ဆွန်ဖုန်းက ဟီးဟီးဟားဟား ရယ်မောလိုက်သည်။ ထိုအချိန်တွင် သူ့လက်က ဟယ်မင်ယီ၏ ရင်သားကို ကိုင်ထားဆဲ ဖြစ်ပြီး မသိမသာလေး ညှစ်ကြည့်လိုက်ရာ အရင်ကထက် အထိအတွေ့ ပိုကောင်းလာသလို ခံစားလိုက်ရသည်။

လျန်ယင် နှင့် ယန်ရွှယ် တို့မှာ ဆွန်ဖုန်း၏ အပြုအမူကို ကြည့်ရင်း ပါးစပ် အဟောင်းသား ဖြစ်ကာ ဆွံ့အသွားကြသည်။ ဘာပြောရမှန်းပင် မသိတော့ပေ။

"လူယုတ်မာကြီး"

ဘေးတွင် ရှိနေသော ဟွမ်ကျားချန် က ဤမြင်ကွင်းကို မြင်သောအခါ မျက်နှာလေး နီရဲသွားပြီး ခေါင်းလှည့်ကာ တံတွေးထွေးလိုက်သည်။

ဟယ်မင်ယီ သည် သူမ၏ ရင်ဘတ်ပေါ်တွင် ဆွန်ဖုန်း၏ နှာဘူးလက်ကြီးက ညှစ်နယ်နေသည်ကို ခံစားလိုက်ရသောအခါ သူမ၏ လှပသော မျက်နှာလေးမှာ ချက်ချင်း ပြာနှမ်းသွားတော့သည်။

တစ်ချိန်တည်းမှာပင် မသိမသာ ညည်းသံလေးများ ထွက်လာပြီး ပြာနှမ်းနေသော မျက်နှာလေးက နီရဲလာပြန်သည်။

"ဆွန်ဖုန်း လွှတ်စမ်း... ကလေးကို ဒီလို နောက်ပြောင်ရသလား... ရှင်က ကလေးကို နောက်တာလား၊ ကျွန်မကို နောက်တာလား... ကျွန်မက အပြင်က မိန်းမပျက် မဟုတ်ဘူးနော်... မိန်းမတွေကို စချင် နောက်ချင်ရင် အပြင်မှာ သွားလုပ်... ကျွန်မကို လာပြီး အခွင့်အရေး ယူမနေနဲ့... လူဆိုးကြီး"

ဟယ်မင်ယီ က ဆွန်ဖုန်း၏ လက်ကို ရိုက်ချလိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

"အဟမ်း... အဟမ်း... ငါက တမင် လုပ်တာ မဟုတ်ပါဘူး... ဒါပေမဲ့ အရင်ကထက် တော်တော်လေး ကြီးလာသလိုပဲနော်..."

ဆွန်ဖုန်းက ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။

"ရှင်က တမင် လုပ်တာ မဟုတ်လား"

ဟယ်မင်ယီ က ကလေးကို နို့တိုက်ရင်း ဒေါသတကြီး ပြောလိုက်သည်။

"ဘယ်မှာလဲ.."

ဆွန်ဖုန်းက စကားတစ်ခွန်းချန်ရစ်ခဲ့ပြီး အဝေးသို့ ထွက်ပြေးသွားတော့သည်။ ဒီညမှ ဟယ်မင်ယီ နှင့် ခုနက ကိစ္စကို ဆက်လက် ဆွေးနွေးရန် စိတ်ကူးထားလိုက်သည်။

"ဖုန်း... ဒီတစ်ခေါက် ပြန်လာတာ ဘယ်လောက်ကြာကြာ နေမှာလဲ..."

လျန်ယင် က ဆွန်ဖုန်း၏ လက်မောင်းကို ဖက်ကာ ချစ်စနိုးဖြင့် မေးလိုက်သည်။ ယခုအခါ လျန်ယင် နှင့် ယန်ရွှယ် တို့ နှစ်ဦးစလုံး ကိုယ်ဝန် ငါးလ၊ ခြောက်လခန့် ရှိနေပြီ ဖြစ်သည်။

ဤအချိန်က ယောကျာ်းဖြစ်သူ၏ ပြုစုစောင့်ရှောက်မှုကို အလိုအပ်ဆုံး အချိန်လည်း ဖြစ်သည်။ ဆွန်ဖုန်း ပြန်လာသည်ကို မြင်သောအခါ သူတို့ အနေဖြင့် သူ့ကို ရက်အနည်းငယ်ခန့် ကြာကြာ နေစေချင်ကြသည်။

"တစ်ပတ်လောက် နေဖြစ်မယ် ထင်တယ်..."

ဆွန်ဖုန်းက လျန်ယင် ၏ ပါးလေးကို ပွတ်သပ်ကာ ပြုံးလျက် ဖြေလိုက်သည်။

"အဲဒါဆို အရမ်း ကောင်းတာပေါ့... ကျွန်မတို့ မနက်ဖြန် ကိုယ်ပိုင် ကျွန်းကို သွားနေကြမလား... အဲဒီမှာ လေကောင်းလေသန့် ရတယ်... ရှုခင်းလည်း လှတယ်... ရှင် မရှိတုန်းက ကျွန်မတို့လည်း အဲဒီကို မသွားချင်ဘူးလေ... သွားလာရတာ သိပ်မလွယ်လို့..."

ယန်ရွှယ် က ပြောလိုက်သည်။

"ရတာပေါ့... မနက်ဖြန် သွားကြတာပေါ့..."

ဆွန်ဖုန်းက သဘောတူလိုက်သည်။ ယခုဆိုလျှင် နွေဦးရာသီသို့ ဝင်ရောက်နေပြီ ဖြစ်ရာ ရေလွှာလျှောစီးခြင်း၊ ရေငုပ်ခြင်း စသည်တို့ကို ဆွန်ဖုန်းက အနှစ်သက်ဆုံး ဖြစ်သည်။ ဟီးဟီး...

ညစာကို ဆွန်ဖုန်း ကိုယ်တိုင် ချက်ပြုတ် ပြင်ဆင်ပေးခဲ့သည်။ သွေးအားကောင်းစေသော အရသာရှိသည့် ဟင်းပွဲများကို အပြည့်အစုံ ချက်ပြုတ်ပေးခဲ့သည်။ ဤမျှ ချောမောပြီး အိမ်ထောင့်တာဝန် ကျေပွန်သော စံပြ ခင်ပွန်းကောင်းကို မိန်းမလှလေးများက အပြည့်အဝ အသိအမှတ်ပြုကာ ချီးကျူးလိုက်ကြသည်။

"ဘယ်လိုလဲ... ချောလည်းချော၊ ပိုက်ဆံလည်းရှိ၊ ဟင်းလည်း ချက်တတ်တဲ့ ခင်ပွန်းကောင်းက မင်းတို့အပေါ် ကောင်းတယ် မဟုတ်လား... ငါ့လို ယောကျာ်းကောင်း မျိုးကို ရတာ မင်းတို့ တစ်သက်စာ ကံကောင်းမှုပဲ..."

ဆွန်ဖုန်းက ဟင်းပွဲများ အားလုံး ချထားပြီးနောက် သူ့ကိုယ်သူ ဂုဏ်ဆာနေလေသည်။

"ကျွန်မ ပြောမယ်... ရှင်သာ ရှင့်ရဲ့ မိန်းမရှုပ်တဲ့ အကျင့်လေးကို ပြင်လိုက်ရင်တော့... တကယ့်ကို ယောကျာ်းကောင်း တစ်ယောက် ဖြစ်သွားမှာပဲ"

လျန်ယင် က မျက်နှာကြော တင်းတင်းဖြင့် ပြောလိုက်သည်။

"အာ... ဒါက အားသာချက် တစ်ခုပါနော်... စဉ်းစားကြည့်လေ... ငါ့မှာသာ ဒီအားသာချက် မရှိရင် မင်းတို့ သုံးယောက် အားနေရင် ဖဲရိုက်လို့ ရပါ့မလား..."

ဆွန်ဖုန်းက နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည်။

"လူဆိုးကြီး... ညီမတို့ ထမင်းစားကြမယ်... သူ့ကို ဂရုမစိုက်နဲ့"

ဟယ်မင်ယီ က ခေါင်းငုံ့ကာ ထမင်း စားနေလိုက်သည်။

"စားမယ်... စားမယ်"

ထမင်းစားပြီးနောက် အိမ်ထောင့်တာဝန် ကျေပွန်သော ယန်ရွှယ် သည် ဗိုက်ကြီးဖြင့် ပန်းကန်များ ဆေးရန် ပြင်နေသဖြင့် ဆွန်ဖုန်းမှာ အလွန် စိတ်လှုပ်ရှားသွားသည်။

"ငါပဲ ဆေးလိုက်ပါ့မယ်... မင်းအတွက် အဆင်မပြေဘူးလေ..."

ဆွန်ဖုန်းက ယန်ရွှယ် ကို ပြောလိုက်သည်။

"ရပါတယ်... ကျွန်မ အမေတုန်းကဆို ကျွန်မကို ကိုယ်ဝန်ဆောင်ထားချိန်မှာ ရေတောင် ခပ်ရသေးတာပဲ... ဒါက ဘာမှ မဟုတ်ပါဘူး... ပင်ပန်းတဲ့ အလုပ်လည်း မဟုတ်ဘူးလေ... ရှင် သွား... ဂိမ်းသွားဆော့တော့..."

ယန်ရွှယ် က ပြုံးလျက် ပြောကာ ဆွန်ဖုန်းကို အပြင်သို့ တွန်းထုတ်လိုက်လေသည်။

"ဒီလို ဇနီးကောင်းမျိုး ရထားတာ ဘာများ လိုသေးလဲ... ငါတော့ League of Legends သွားဆော့လိုက်ဦးမယ်..."

ဆွန်ဖုန်းက နှာခေါင်းကို ပွတ်ကာ အနည်းငယ် ကြည်နူးသွားပြီး ဂိမ်းဆော့ရန် ပြေးထွက်သွားတော့သည်။

စာဖတ်ခန်းထဲသို့ ဝင်သွားသောအခါ ဟွမ်ကျားချန် တစ်ယောက် ထိုအခန်းထဲတွင် စာဖတ်နေသည်ကို ဆွန်ဖုန်း တွေ့လိုက်ရသည်။

"ဟွမ် မိသားစုက ညီမလေး... စာဖတ်ရတာ အဲဒီလောက်တောင် အရသာ ရှိနေလား..."

ဆွန်ဖုန်းက အထဲဝင်လာပြီး ကွန်ပျူတာကို ဖွင့်ရင်း ဟွမ်ကျားချန် ကို မေးလိုက်သည်။

"အင်း... အားနေလို့ စာဖတ်ပြီး စိတ်ကို အနားပေးနေတာပါ..."

ဟွမ်ကျားချန် က ပြုံးလျက် ဖြေသည်။

ယခု ကြည့်ရသည်မှာ ဟွမ်ကျားချန် ၏ မျက်နှာသွေးရောင်က အလွန် ကောင်းမွန်နေပြီး လူမမာ တစ်ယောက်နှင့် မတူတော့ပေ။ အရင်ကလို မျက်နှာ ဖြူဖျော့ဖျော့ မဟုတ်တော့ချေ။ အဆင့်နိမ့် စွမ်းရည်မြှင့် ဆေးရည်က တကယ်ပဲ အစွမ်းပြနေပုံ ရသည်။

သို့သော် နက်ရှိုင်းသော ပင်လယ်ကြမ်းပြင် ဉာဏ်ရည်တု စက်ရုံကြီးမှာ ဆေးဘက်ဆိုင်ရာ နည်းပညာ မဟုတ်သဖြင့် သူမ၏ ကင်ဆာရောဂါ ပျောက်ကင်းသွားခြင်း ရှိမရှိ ဆိုသည်ကိုတော့ အတိအကျ မစစ်ဆေးနိုင်ပေ။

သို့သော် မကြာမီမှာပင် ဟွမ်ကျားချန် ဖတ်နေသော စာအုပ်က အတော်လေး ထူးဆန်းနေကြောင်း ဆွန်ဖုန်း သတိထားမိလိုက်သည်။ ထိုစာအုပ်၏ နာမည်မှာ ရောဂါကျွမ်းနေသူများ၏ အံ့ဖွယ် ဖြစ်ရပ်များ ဟု အမည်ရသည်။

"ဝေါ့စ်... ဒါက ရောဂါကျွမ်းနေသူတွေကို စိတ်ခွန်အား ပေးတဲ့ စာအုပ် မဟုတ်လား"

ဆွန်ဖုန်းက စိတ်ထဲမှ ရေရွတ်လိုက်သည်။

"မင်းရဲ့ ရောဂါ အခြေအနေ ဘယ်လိုနေလဲ..."

ဆွန်ဖုန်းက မေးလိုက်သည်။

"ကျွန်မ ဆေးရုံ သွားမစစ်ဖြစ်သေးဘူး... ဆေးလည်း မသောက်ရသေးဘူး... ဒါပေမဲ့ ကျွန်မရဲ့ ခန္ဓာကိုယ်က ပိုပိုပြီး ကျန်းမာလာသလို ခံစားရတယ် မျက်နှာ သွေးရောင်လည်း ပြန်ကောင်းလာတယ်... လူလည်း လန်းဆန်းလာတယ်... ကျွန်မရဲ့ ရောဂါက တဖြည်းဖြည်း သက်သာလာတယ်လို့ ထင်တယ် ရောဂါကျွမ်းနေတဲ့ သူတွေက နေ့တိုင်း စိတ်ကြည်လင်နေရင် ရောဂါ သက်သာလာနိုင်တယ် ထင်တယ်... ကျွန်မကို ကြည့်လေ... သက်သာလာနေပြီ မဟုတ်လား... ဒီစာအုပ်ထဲမှာ ပြောထားတာ... ဇာတ်လိုက်ကလည်း ရောဂါကျွမ်းနေတာ... ဆရာဝန်က သူ့ကို ခြောက်လပဲ အသက်ရှင်တော့မယ်လို့ ပြောခဲ့တယ်တဲ့... ဒါနဲ့ သူက ခရီးတွေ ထွက်တယ်... သူလုပ်ချင်တာတွေ အကုန် လုပ်တယ်... နေ့တိုင်း ပျော်ပျော်ရွှင်ရွှင် နေတယ်... နောက်ဆုံးကျတော့ အံ့ဩစရာ ကောင်းလောက်အောင် သူ့ရောဂါ ပျောက်သွားတယ်တဲ့"

ဟွမ်ကျားချန် က စိတ်လှုပ်ရှားစွာဖြင့် ပြောပြလေသည်။

"အော်..."

ဆွန်ဖုန်း တစ်ယောက် မျက်နှာ မည်းမှောင်သွားသည်။ သူ စိတ်ထဲမှ ပြောချင်သည်မှာ "ဘယ်စာအုပ်က ဒီလောက် စွမ်းနေလို့လဲ... မင်း ရောဂါ သက်သာလာတာက ငါ မင်းကို အဆင့်နိမ့် စွမ်းရည်မြှင့် ဆေးရည် ထိုးပေးလိုက်လို့လေ" ဟူ၍ပင်။

"အော် ဘာဖြစ်လို့လဲ... ဒီစာအုပ်က တကယ်ပဲ အစွမ်းထက်တယ်... ကျွန်မကို ပျော်ရွှင်မှုတွေ ပေးတယ်... ခွန်အားတွေ ပေးတယ်... ဒါက အရောင်းရဆုံး စာအုပ် တစ်အုပ်နော်..."

ဟွမ်ကျားချန် က သူမ၏ လက်ထဲမှ စာအုပ်ကို ဝှေ့ယမ်းပြကာ ပြုံးလျက် ပြောလိုက်သည်။

"အင်းအင်း... စာအုပ်ကောင်းလေးပါပဲ... မင်း စိတ်ကြည်လင်နေမှတော့ ငါနဲ့ ဂိမ်းလေး ဘာလေး လာဆော့ပါလား... ဟယ်မင်ယီ ပြောတာတော့ မင်း Master အဆင့်တောင် ရောက်နေပြီဆို... ငါ့ကိုလည်း Master အဆင့် ရောက်အောင် ဆွဲခေါ်ပါဦး..."

ဆွန်ဖုန်းက သနားစရာ မျက်နှာလေးဖြင့် ပြောလိုက်သည်။ သူက အခုထိ Diamond အဆင့်မှာပဲ ရှိသေးသည်လေ။

"ကောင်းပြီလေ... ဒီနေ့ ငါ သဘောကောင်းနေလို့ မင်းလို ကစားသမား အညံ့စားလေးကို ခေါ်ဆော့ပေးမယ်"

ဟွမ်ကျားချန် က လက်ထဲမှ စာအုပ်ကို ချကာ ဆွန်ဖုန်းကို ပြောလိုက်သည်။

"အိုယဲ့... ဟွမ် မိသားစုက ညီမလေး... မင်းက တကယ် သဘောကောင်းတာပဲ"

ဟွမ်ကျားချန် ၏ သက်စောင့်စွမ်းအင်က အလွန် အားကောင်းနေကြောင်း ဆွန်ဖုန်း ခံစားမိသည်။ သေချာပေါက် သေမည် မဟုတ်ပေ။ ကင်ဆာရောဂါ လုံးဝ ပျောက်ကင်းသွားခြင်း ရှိမရှိ ဆိုသည်ကိုတော့ ဆေးရုံသွားပြီး စစ်ဆေးကြည့်မှသာ သိနိုင်မည် ဖြစ်သည်။

ည ၁၁ နာရီတွင်... နောက်ထပ် တစ်ပွဲ နိုင်သွားပြီးနောက် ဟွမ်ကျားချန် က ဆွန်ဖုန်းကို လှည့်ကြည့်ကာ ရှက်သွေးဖြာနေသော မျက်နှာလေးဖြင့် တိုးတိုးလေး ပြောလိုက်သည်။

"ဆွန်ဖုန်း... ကျွန်မ ဘဝမှာ နောင်တတွေ မချန်ထားခဲ့ချင်ဘူး... ရှင်က လူကောင်း တစ်ယောက်ပါ... အဲဒီတုန်းက ကျွန်မ မျှော်လင့်ချက်မဲ့နေချိန်မှာ ရှင်က ကျွန်မကို ခွန်အားတွေ ပေးခဲ့တယ်... အဲဒါ... ရှင် အမြဲတမ်း ပြောတတ်တယ် မဟုတ်လား... ကိုယ့်ခြံထဲက အသီး သူများခြံ မကျစေရဘူး ဆိုတာလေ... ဒီည ကျွန်မကိုယ်ကျွန်မ ရှင့်ကို ပေးအပ်ချင်တယ်"

ဟွမ်ကျားချန် ပြောပြီးသည်နှင့် ရှက်ရွံ့စွာ ခေါင်းငုံ့သွားလေသည်။ ဤစကားများက နောက်တစ်ပွဲ ထပ်ဆော့ရန် ပြင်နေသော ဆွန်ဖုန်းကို မှင်တက်သွားစေခဲ့သည်။

"ဒါ ဘာအခြေအနေကြီးလဲ... ချမ်းသာပြီး လှပတဲ့ မိန်းကလေးက ကိုယ့်ကို လာပိုးပန်းနေတာလား"

ဆွန်ဖုန်း၏ ရင်ထဲတွင် အလွန် ဝမ်းသာ ပျော်ရွှင်သွားသည်။ သူ အိပ်မက် မက်နေသလား... ဒါမှမဟုတ် ဟွမ်ကျားချန် က နောက်ပြောင်နေတာလားဟုပင် တွေးလိုက်မိသည်။

"ဟွမ်ကျားချန်... မင်း နောက်နေတာ မဟုတ်ဘူးမလား..."

ဆွန်ဖုန်းက ရှက်သွေးဖြာနေသော ဟွမ်ကျားချန် ကို ကြည့်လိုက်သည်။ ဤမိန်းကလေး ရှက်တတ်သည့် အချိန်လည်း ရှိသေးသည်ဟု သူ ပထမဆုံး အကြိမ် သတိထားမိလိုက်သည်။

"အင်း ကျွန်မ ခန္ဓာကိုယ်က ပိုပိုပြီး ကျန်းမာလာတယ်လို့ ခံစားရပေမဲ့... ကျွန်မ ဘယ်လောက် အသက်ရှင်နိုင်ဦးမလဲ ဆိုတာ မသိဘူးလေ... ဒါကြောင့်... ကျွန်မ မိန်းကလေး တစ်ယောက် ဘဝနဲ့ မသေချင်ဘူး... မိန်းမ တစ်ယောက် ဖြစ်ချင်တယ် အဲဒါကြောင့်... ရှင် ကျွန်မကို ကူညီပေးနိုင်မလားဟင်..."

ဟွမ်ကျားချန် က ခေါင်းမော့လိုက်သည်။ လှပလွန်းလှသော မျက်နှာလေးနှင့် ရေကြည်ကြည်လေးလို တောက်ပနေသော မျက်လုံးဝိုင်းဝိုင်းလေးများက အလွန် ဆွဲဆောင်မှု ရှိနေလေသည်။

ဤအချိန်မျိုးတွင် ငြင်းပယ်သောသူသည် အရူးသာ ဖြစ်ပေလိမ့်မည် ထို့အပြင် ဟွမ်ကျားချန် သေမည် မဟုတ်ကြောင်း ဆွန်ဖုန်း သိထားသည်။ ဘာပဲဖြစ်ဖြစ်…အရင်စားလိုက်တာ အကောင်းဆုံးပဲ သူလည်း သူမကို လုံးဝ အသေခံမည် မဟုတ်ပေ။

All Chapters