← Chapters

အခန်း ၂၈၅

Vol. 29 Ch. 285

အခန်း ၂၈၅

Vol. 29 Ch. 285

အခန်း ၂၈၅ - ဖေးယွီ တောင်မှာ လာစောင့်နေဖို့ ပြောလိုက်

ဟွမ်ကျားချန်က ဆွန်ဖုန်း၏ မျက်လုံးများကို တည့်တည့် စိုက်ကြည့်နေသည်။ သူမ၏ အမူအရာက အရင်ကလို ရှက်ရွံ့နေခြင်း မရှိတော့ဘဲ ဆွဲဆောင်မှု အပြည့်ဖြင့် ကြည့်နေလေသည်။

ကြည်လင်နေသော မျက်လုံးလေးများ ထဲတွင် မျှော်လင့်ချက်များ အပြည့်အဝ ပါဝင်နေသည်။ သူမသည် အချစ်ရေးနှင့် ပတ်သက်၍ အတွေ့အကြုံ မရှိခဲ့သလို၊ အချစ် ဆိုတာကိုလည်း ဘယ်တုန်းကမှ မခံစားဖူးခဲ့ပေ။

ထို့ကြောင့် သူမ အနေဖြင့် စမ်းသပ်ကြည့်ချင်စိတ် ဖြစ်ပေါ်နေသည်။ ရလဒ်က ဘယ်လိုပဲ ဖြစ်နေပါစေ၊ သူမ စမ်းသပ်ကြည့်မည်သာ ဖြစ်သည်။

"ဟားဟား... ဒီအကူအညီကို ငါ သေချာပေါက် ကူညီပေးရမှာပေါ့"

ဆွန်ဖုန်းကလည်း ဆက်လက် တွေဝေမနေတော့ဘဲ ချက်ချင်း ထပြေးကာ တံခါးကို ပိတ်လိုက်သည်။ ထို့နောက် ဟွမ်ကျားချန်၏ ရှေ့သို့ ရောက်လာပြီး သူမကို ရင်ခွင်ထဲသို့ ပွေ့ဖက်လိုက်သည်။

ဟွမ်ကျားချန်၏ ကိုယ်သင်းနံ့လေးကို ရှူရှိုက်လိုက်ရင်း သူမ၏ ခန္ဓာကိုယ်လေး အနည်းငယ် တုန်ယင်သွားသည်ကို ဆွန်ဖုန်း ခံစားလိုက်ရသည်။

"နမ်းပါ" ဟွမ်ကျားချန်က လက်နှစ်ဖက်ဖြင့် ဆွန်ဖုန်း၏ ခါးကို ဖက်ထားရင်း တိုးတိုးလေး ပြောလိုက်လေသည်။

တစ်နာရီခန့် အကြာတွင် ဟွမ်ကျားချန်သည် ဆွန်ဖုန်း၏ ရင်ခွင်ထဲမှ ထလာပြီး နီရဲနေသော မျက်နှာလေးဖြင့် "ဒါက အဲဒီလို ခံစားချက်မျိုးလား... နာကျင်မှုရော၊ ပျော်ရွှင်မှုရော ရောယှက်နေတာပဲနော်" ဟု ပြောလိုက်သည်။

"ဟားဟား... နောက်ဆိုရင် မနာတော့ဘူး... ပျော်စရာပဲ ရှိတော့မှာပါ" ဆွန်ဖုန်းက ဟွမ်ကျားချန်၏ လှပသော ခန္ဓာကိုယ်လေးကို ကြည့်ရင်း ဟီးဟီးဟားဟား ရယ်မောလိုက်သည်။

"ဖယ်စမ်းပါ... လူဆိုးကြီး" ဟွမ်ကျားချန်က ဆွန်ဖုန်းကို မျက်စောင်းထိုးလိုက်ပြီး "ရူးသွပ်ချင်နေမှတော့ ပိုပြီး ရူးသွပ်ကြတာပေါ့... ကျွန်မ အသောက်အစား တစ်ဝကြီး သောက်ချင်တယ်... ကျွန်မနဲ့ အပြင်ထွက် သောက်မလားဟင်" ဟု မေးလိုက်သည်။

"ဟီးဟီး... အလှလေးက ဒီလောက် စိတ်ပါနေမှတော့... ငါကလည်း အသက်ကို ပဓာနမထားဘဲ အလှလေး အလိုကျ လိုက်လုပ်ပေးရမှာပေါ့" ဆွန်ဖုန်းက ပြောလိုက်သည်။

"ဒါဆိုရင် အဝတ်အစား မြန်မြန် လဲလေ... ကျွန်မ ကားဂိုဒေါင်ထဲမှာ စောင့်နေမယ်" ဟွမ်ကျားချန်က ဆွန်ဖုန်းကို တစ်ချက် ကြည့်လိုက်ပြီး ဒေါက်မြင့်ဖိနပ်သံ တတောက်တောက်ဖြင့် ထွက်သွားလေသည်။

"အိုကေ"

ယခုအချိန်က ည ဆယ့်တစ်နာရီကျော် နေပြီ ဖြစ်ပြီး ကျန်သော မိန်းမလှလေး သုံးယောက်လုံး အိပ်ပျော်နေကြပြီ ဖြစ်သည်။ ထို့ကြောင့် ဆွန်ဖုန်း အနေဖြင့် ဟွမ်ကျားချန်နှင့် အပြင်ထွက်မည့် ကိစ္စကို သူတို့အား အသိပေးရန် မလိုတော့ပေ။

ဆွန်ဖုန်းသည် ဖာရာရီ ပြိုင်ကားကို မောင်းနှင်ကာ ဟွမ်ကျားချန်ကို တင်ဆောင်ပြီး လမ်းမပေါ်တွင် အရှိန်ပြင်းပြင်းဖြင့် ပြေးလွှားနေသည်။

"မြန်မြန်... မြန်မြန်... ဒီထက်ပို မြန်မြန် မောင်း... ဒီလောက် စိတ်လှုပ်ရှားစရာ ကောင်းတာမျိုး မကြုံရတာ ကြာပြီ... အရမ်း ပျော်ဖို့ ကောင်းတာပဲ... ဒီည မမူးမချင်း မပြန်ဘူးနော်"

ဟွမ်ကျားချန် တစ်ယောက် ယခုအချိန်တွင် အလွန် စိတ်လှုပ်ရှား တက်ကြွနေသည်။ သူမက လက်နှစ်ဖက်ကို လေထဲ ဝှေ့ယမ်းကာ ကားပြတင်းပေါက်ကို ဖွင့်လိုက်ပြီး လေတိုက်၍ ဆံပင်များ ဖရိုဖရဲ ဖြစ်နေသည်ကိုပင် ဂရုမစိုက်ဘဲ အလွန် ရိုင်းစိုင်း လွတ်လပ်သော အသွင်ကို ဆောင်နေသည်။

ယခုအချိန်တွင် ဟွမ်ကျားချန်သည် ရင်ဘတ်ဟိုက်သော အင်္ကျီတိုလေး တစ်ထည်နှင့် အလွန် တိုတောင်းသော ဘောင်းဘီတိုလေးကို ဝတ်ဆင်ထားသည်။ သူမ၏ အချိုးအစားကျလှသော ခန္ဓာကိုယ်လေးက တကယ့်ကို ရင်ခုန်စရာ ကောင်းလှသည်။

"ကောင်းပြီလေ... မင်း ရူးသွပ်ချင်တယ် ဆိုမှတော့... ငါလည်း အတူတူ လိုက်ရူးပေးရမှာပေါ့... ဟီးဟီး"

ဆွန်ဖုန်းက လီဗာကို အဆုံးထိ နင်းလိုက်ရာ အင်ဂျင် အားကောင်းလှသော ဖာရာရီ ပြိုင်ကားသည် အကွေ့အကောက်များသော လမ်းမပေါ်တွင် အလွန် ကြောက်မက်ဖွယ် ကောင်းလှသည့် အရှိန်ဖြင့် ကွေ့ပတ် မောင်းနှင်သွားတော့သည်။

"ဝုန်း... ဝုန်း... ဝုန်း"

ကားကောင်းကောင်းနှင့် မိန်းမလှလေးတို့ ပေါင်းစပ်ထားပြီး အချိန်ကလည်း ညဉ့်နက် သန်းခေါင် ဖြစ်နေသဖြင့် လမ်းပေါ်တွင် ကားရှင်းနေသည်။

ထို့ကြောင့် ဆွန်ဖုန်းသည် ဘာကိုမျှ ဂရုမစိုက်တော့ဘဲ ဤတစ်နှစ်ကျော် ကာလအတွင်း သူ လေ့ကျင့်ထားသော ကားမောင်း ကျွမ်းကျင်မှုများကို အစွမ်းကုန် ထုတ်သုံးနေတော့သည်။

ဆွန်ဖုန်း၏ အာရုံကြော တုံ့ပြန်မှုများနှင့် ခန္ဓာကိုယ် ကြံ့ခိုင်မှုတို့မှာ ပုံမှန် လူများထက် များစွာ သာလွန်နေသဖြင့် ကားမောင်းရာတွင်လည်း အလွန် လျင်မြန် တိကျလှသည်။ ကားထဲတွင်တော့ ဟွမ်ကျားချန်၏ မျက်လုံးများက အရောင်လက်နေပြီး အဆက်မပြတ် အော်ဟစ်နေလေသည်။

"ဒီအရှိန်လောက်ဆို ရပြီလား"

ဆွန်ဖုန်းက ဖာရာရီ ပြိုင်ကားကို လျင်မြန်စွာ မောင်းနှင်နေရင်း အလွန် ကွေ့ကောက်သော လမ်းကွေ့ တစ်ခုကို အရှိန်မလျှော့ဘဲ ကွေ့ချလိုက်ရာ ကားတာယာနှင့် လမ်းမ ပွတ်တိုက်သံ စူးစူးဝါးဝါး ထွက်ပေါ်လာသည်။ ကားပျက်စီးမည်ကို သူ လုံးဝ နှမြောခြင်း မရှိပေ။ သူ့တွင် ပိုက်ဆံတွေ အများကြီး ရှိနေသည် မဟုတ်ပါလား။

"မင်း ပြိုင်ကား ပြိုင်ပွဲတွေ ဝင်ပြိုင်ကြည့်ဖို့ ကောင်းတယ်" ဟွမ်ကျားချန်က အသံကျယ်ကြီးဖြင့် အော်ဟစ် အားပေးလိုက်သည်။

"ဟားဟား... ငါလည်း အဲဒီလိုပဲ တွေးနေတာ"

ဆွန်ဖုန်းလည်း အနည်းငယ် စိတ်လှုပ်ရှားလာသည်။ ဤအရာအားလုံးက ဟွမ်ကျားချန်၏ လှုံ့ဆော်မှုကြောင့်ပင်။ လူငယ်ဘဝတွင် မရူးသွပ်ဘူး ဆိုလျှင်... အိုမင်းသွားတဲ့ အချိန်အထိ စောင့်နေရမှာလား။

...

လမ်းကွေ့ တစ်ခုတွင် တန်ဖိုးကြီး ဇိမ်ခံကား ငါးစီး၊ ခြောက်စီးခန့် ရပ်နားထားသည်။ ကားများ အပြင်ဘက်တွင်လည်း လူငယ် ယောက်ျားလေး၊ မိန်းကလေး ငါးယောက်၊ ခြောက်ယောက်ခန့် စကားပြောနေကြသည်။

အီဗာ က သူမရှေ့မှ လူငယ် သုံးဦးကို ကြည့်ကာ လှောင်ပြောင်သော လေသံဖြင့် "နင် တို့ ငါနဲ့ ကားပြိုင်တာ ရှုံးသွားပြီ... ဘာဆက်လုပ်ရမလဲ ဆိုတာ သိတယ် မဟုတ်လား" ဟု ပြောလိုက်သည်။

"ငါတို့ ရှုံးတာကို ဝန်ခံပါတယ်"

ကိုအင် အပါအဝင် လူငယ် သုံးဦးက ခေါင်းငိုက်စိုက်ကျကာ ပြန်ဖြေလိုက်ကြသည်။ သူတို့ ရှေ့ရှိ အလွန် လှပလွန်းသော အီဗာကို ကြည့်ရင်း ကြည့်သာကြည့်ရပြီး မစားရသော အခြေအနေကြောင့် သူတို့၏ စိတ်ထဲတွင် အလွန် စိတ်ပျက်နေကြသည်။

မဟုတ်ဘူး... မစားရတာ မဟုတ်ဘဲ၊ စားနိုင်တဲ့ အရည်အချင်း မရှိတာ ဖြစ်သည်။ အီဗာသည် သူတို့ လူကုံထံ အသိုင်းအဝိုင်းတွင် နာမည်အကြီးဆုံး အလှပိုင်ရှင် ဖြစ်သည်။ သူမက သူမကို ကားပြိုင်ပွဲတွင် နိုင်သူနှင့် ချစ်သူ ဖြစ်ရန် ဝန်မလေးကြောင်း ကြေညာထားသည်။

ထို့ကြောင့် အီဗာကို သဘောကျနေကြသော လူကုံထံ လူငယ်များ အားလုံး အလွန် ဝမ်းသာသွားကြပြီး သူမနှင့် ကားပြိုင်ရန် အပြိုင်အဆိုင် ကြိုးစားကြသည်။ သို့သော် ယနေ့တိုင်အောင် သူမကို အနိုင်ယူနိုင်သူ တစ်ယောက်မျှ မရှိသေးပေ။

ထို့အပြင် သူမက စည်းကမ်း တစ်ခု ထပ်မံ သတ်မှတ်ထားသေးသည်။ ကားပြိုင်ပွဲတွင် ရှုံးနိမ့်သူများသည် မိမိတို့၏ ကားများကို မီးရှို့ ဖျက်ဆီးပစ်ရမည် ဟူ၍ပင်။

ထို့ကြောင့် ယခု အရှေ့ရှိ လူငယ် သုံးဦးမှာ သေမတတ် မျက်နှာများ ဖြစ်နေကြခြင်း ဖြစ်သည်။ သူတို့ မြတ်နိုးရသော ကားများကို သူတို့ ကိုယ်တိုင် မီးရှို့ရမည် မဟုတ်ပါလား။

ဤကားများမှာ အမေရိကန် ဒေါ်လာ ဆယ်ဂဏန်း သန်းချီ တန်ကြေးရှိသော ကားများ ဖြစ်သည်။ သူတို့က ချမ်းသာကြသော်လည်း သူတို့ မိသားစု၏ ငွေများက လေတိုက်ပြီး ရလာခြင်း မဟုတ်သဖြင့် မနှမြောဘဲ နေမည်လား။

"ဒါဆိုလည်း ကောင်းတာပေါ့... ငါက နင်တို့ကို အခွင့်အရေး မပေးတာ မဟုတ်ဘူးနော်... နင်တို့ အားလုံးက ငါ့ကို လိုက်ချင်ကြတယ်... ငါ အခွင့်အရေး ပေးခဲ့တယ်... ဒါပေမဲ့ နင်တို့က ရှုံးသွားတယ်... အဲဒါဆိုရင်တော့ ဘာမှ တတ်နိုင်ဘူးလေ" အီဗာက ဂရုမစိုက်သလို ပြောလိုက်သည်။

အီဗာမှာ အလွန် လှပလွန်းသဖြင့် ယောကျာ်း အများစုကို ရူးသွပ်သွားစေနိုင်လောက်အောင် ဆွဲဆောင်မှု အပြည့် ရှိသူ တစ်ဦး ဖြစ်သည်။

သူမက လှပရုံသာမက သူမ၏ မိသားစုက ကနေဒါ နိုင်ငံ၏ အကြီးဆုံး စီးပွားရေး လုပ်ငန်းစုကြီးများထဲမှ တစ်ခု ဖြစ်သည်။ သူမက မိသားစု၏ တရားဝင် သမီးကြီး ဖြစ်ရာ သူမကို ရရှိသူတိုင်း ချက်ချင်း ဆိုသလို ချမ်းသာကြွယ်ဝသွားမည်မှာ သေချာသည်။

ထို့ကြောင့်ပင် လူကုံထံ လူငယ်များစွာက သူမကို လိုက်လံ ပိုးပန်းနေကြခြင်း ဖြစ်သည်။ သူမကို ရရှိပါက အချစ်ရေးရော၊ စီးပွားရေးပါ အောင်မြင်မှု သရဖူ ဆောင်းနိုင်မည် မဟုတ်ပါလား။

"ခစ်ခစ်ခစ်... အီဗာ... ဒီတစ်ခါလည်း နင် နိုင်သွားပြန်ပြီ... ကြည့်ရတာ နင် ယောကျာ်း မရဘဲ အပျိုကြီး ဖြစ်တော့မယ် ထင်တယ်" အီဗာ၏ ဘေးတွင် ရပ်နေသော သူမနှင့်မတိမ်းမယိမ်း လှပသည့် မိန်းကလေးက ရယ်မောရင်း ပြောလိုက်သည်။

"ဒေစီ ... ဒီယောကျာ်းတွေက အသုံးမကျလွန်းလို့ပါ... ငါ မျက်စိကျလောက်တဲ့ သူ တစ်ယောက်မှ မရှိဘူး... သွားကြစို့"

အီဗာက သူငယ်ချင်း ဖြစ်သူ ဒေစီ၏ လက်ကို ဆွဲကာ ကားပေါ်တက်ပြီး အိမ်ပြန်ရန် ပြင်လိုက်သည်။

အီဗာသည် ကားပေါ် ရောက်သောအခါ အပြင်ဘက်ရှိ လူငယ် သုံးဦးကို လှမ်း၍ "ဟေ့... မင်းတို့ သုံးယောက် မြန်မြန် လုပ်ကြလေ" ဟု အော်ပြောလိုက်သည်။

"ဟုတ်ကဲ့... ဟုတ်ကဲ့" ကိုအင်တို့ သုံးဦးက အလျင်အမြန် ပြန်ဖြေလိုက်ကြသည်။

အီဗာသည် ပြိုင်ကားကို စက်နှိုးပြီး ထွက်ခွာရန် ပြင်လိုက်ချိန်မှာပင် သူမ၏ အနောက်ဘက်မှ ပြင်းထန်သော အင်ဂျင်သံကြီး ထွက်ပေါ်လာသည်။

ထို့နောက် တောက်ပသော မီးရောင် နှစ်ခုက သူမ၏ ကား မှန်ပြောင်းပေါ်သို့ ထိုးကျလာသဖြင့် မျက်စိစူးသွားကာ မျက်လုံးကို မှေးထားလိုက်ရသည်။

နောက်တစ်စက္ကန့်မှာပင် အနီရောင် ကားတစ်စီးက စူးရှသော တာယာ ပွတ်တိုက်သံကြီးနှင့်အတူ သူမ ကားဘေးမှ အရှိန်ပြင်းပြင်းဖြင့် ကွေ့ပတ် ဖြတ်သန်းသွားသည်။

ထို့နောက် မျက်စိတစ်မှိတ် အတွင်းမှာပင် သူမ၏ ရှေ့သို့ ရောက်သွားပြီး အင်ဂျင်သံ ပြင်းပြင်းနှင့်အတူ ဝေဝါးသော ကားအရိပ် တစ်ခုသာ ကျန်ရစ်ခဲ့ပြီး ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

"အရမ်း မြန်တာပဲ" အီဗာက တာယာ ပွတ်တိုက်မှုကြောင့် ထွက်ပေါ်လာသော ရော်ဘာနံ့များကို ရှူရှိုက်ရင်း မျက်မှောင်ကြုတ်ကာ အံ့ဩတကြီး ပြောလိုက်သည်။

"နင့်ဆီက ချီးကျူးစကား ကြားရတာ တော်တော် ရှားတယ်နော်... အဲဒီကားက အဲဒီလောက်တောင် စွမ်းလို့လား"

ခရီးသည် ထိုင်ခုံတွင် ထိုင်နေသော ဒေစီက သိချင်စိတ်ဖြင့် မေးလိုက်သည်။

"အင်း... ခုနက သူ ကွေ့သွားတဲ့ ပုံစံက တကယ်ကို လှတယ်... ငါတောင် အဲဒီလို လုပ်နိုင်ဖို့ မသေချာဘူး... သွား... သူ့နောက် လိုက်ကြည့်ရအောင်... ကားမောင်းတဲ့သူက ဘယ်သူလဲ ဆိုတာ သိရအောင်"

အီဗာက ကားကို စက်နှိုးပြီး လီဗာကို နင်းကာ အမြန် လိုက်သွားတော့သည်။

"သူငယ်ချင်းတို့... စလုပ်ကြရအောင်... ကိုယ့်ကားကို ကိုယ်တိုင် မီးရှို့ရတာ ရင်ကွဲမတတ် နာကျင်ရပေမဲ့... အီဗာရဲ့ စည်းကမ်းအတိုင်း မလုပ်ရင် ငါတို့ နောက်ပိုင်း အခြေအနေ ပိုဆိုးသွားလိမ့်မယ်" ကိုအင်က သက်ပြင်းချကာ ပြောလိုက်သည်။

"ကောင်းပြီလေ... ဒီလို လုပ်ကြရအောင်... မင်းက ငါ့ကားကို ရှို့... ငါက မင်းကားကို ရှို့... အဲဒီလိုဆိုရင်တော့ စိတ်ထဲ နည်းနည်း သက်သာရာ ရမှာပေါ့..."

အခြား တစ်ဖက်တွင် အီဗာသည် နောက်မှ အပြေးအလွှား လိုက်သွားသော်လည်း အရှေ့မှ အနီရောင် ဖာရာရီ ပြိုင်ကားကို လုံးဝ မီအောင် မလိုက်နိုင်သည်ကို တွေ့လိုက်ရသည်။

တစ်ဖက်လူ၏ အမြန်နှုန်းက အလွန် မြန်ဆန်လွန်းလှသည်။ အကွေ့အကောက်များကိုလည်း အလွန် လှပစွာ ဖြတ်သန်းသွားနိုင်ပြီး လမ်းပေါ်ရှိ ကားများကိုလည်း အရှိန်အပြည့်ဖြင့် ကျော်တက်သွားသည်။

သူ၏ ကားမောင်း ကျွမ်းကျင်မှုက အလွန် အံ့မခန်း ဖြစ်သဖြင့် အီဗာ၏ စိတ်ထဲတွင် ယှဉ်ပြိုင်လိုစိတ်များ ပြင်းထန်လာပြီး တစ်ဖက်လူကို ကျော်တက်ချင်လာသည်။

"ဖာ့ခ်"

အီဗာသည် ဆယ်မိနစ်ကျော်ခန့် လိုက်သွားသော်လည်း အနောက်မှ အဝေးကြီး ကျန်ရစ်နေခဲ့ပြီး နောက်ဆုံးတွင် တစ်ဖက်လူ၏ အရိပ်ကိုပင် မမြင်ရတော့ချေ။ အီဗာ၏ ဘဝတွင် ပထမဆုံး အကြိမ် အဖြစ် ရှုံးနိမ့်ခြင်းကို ခံစားလိုက်ရသည်။

"ဟားဟား... ငါတို့ရဲ့ အီဗာ သခင်မလေး နောက်ဆုံးတော့ ပြိုင်ဘက်နဲ့ တွေ့ပြီပေါ့..."

ဒေစီက အရှေ့မှ ကား၏ ဖုန်များကိုသာ ရှူရှိုက်နေရသည်ကို မြင်သောအခါ ပါးစပ်ကို လက်ဖြင့် အုပ်ကာ ရယ်မောလိုက်သည်။

"ဒေစီ... ခုနက အဲဒီ ကားနံပါတ်ကို သေချာ မှတ်မိလိုက်လား" အီဗာက မေးလိုက်သည်။

"မှတ်မိတယ်လေ"

"အရမ်း ကောင်းတယ်... သူ့ကို ဖေးယွီ တောင်မှာ လာစောင့်နေဖို့ ပြောလိုက် ငါ သူနဲ့ ပြိုင်ချင်တယ်" အီဗာက ပြတ်သားစွာ ပြောလိုက်လေသည်။

All Chapters