← Chapters

အခန်း ၂၈၆

Vol. 29 Ch. 286

အခန်း ၂၈၆

Vol. 29 Ch. 286

အခန်း ၂၈၆ - ရှင်နဲ့ ပြိုင်ကား ပြိုင်မောင်းချင်တယ်

"အီဗာ... နင် တကယ် ပြောနေတာလား..."

ဒေစီက စိတ်လှုပ်ရှားနေသော အီဗာကို ကြည့်ကာ တိုးတိုးလေး မေးလိုက်သည်။

"တကယ်ပေါ့... ပြိုင်ဘက်ကောင်း တစ်ယောက်နဲ့ တွေ့ဖို့ ဆိုတာ မလွယ်ဘူးလေ... သေချာပေါက် ယှဉ်ပြိုင်ကြည့်ရမှာပေါ့..."

အီဗာက ပြတ်သားစွာ ပြန်ဖြေသည်။

"တကယ်လို့ တစ်ဖက်လူက သဘောမတူရင်ရော ဘယ်လိုလုပ်မလဲ... တခြားလူတွေက နင့်လို နေ့တိုင်း အားယားနေတာမှ မဟုတ်တာ..."

ဒေစီက ချွဲနွဲ့သော လေသံဖြင့် ပြောလိုက်သည်။ သူတို့က တက္ကသိုလ်ကျောင်းသူများသာ ဖြစ်၍ အချိန်ပိုများစွာ ရှိသော်လည်း တခြားသူများလည်း ထိုသို့ ဖြစ်မည်ဟု မဆိုနိုင်ပေ။

"ဟွန့်... သူ သဘောမတူလည်း ရအောင် လုပ်ရမှာပဲ..."

အီဗာက အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။

"အင်းပါ... မိန်းကလေး တစ်ယောက် ဖြစ်ပြီး အဲဒီလောက်ကြီး အနိုင်အထက် မဆန်ပါနဲ့လား..."

ဒေစီက နဖူးကို ပွတ်ရင်း ပြောလိုက်သည်။ သို့သော် ကနေဒါနိုင်ငံ၏ နံပါတ်တစ် စီးပွားရေး လုပ်ငန်းစုကြီး၏ သမီးဖြစ်သူပီပီ အီဗာတွင် ထိုသို့ မာနထောင်လွှားနိုင်စွမ်း ရှိပါသည်။

လက်တင် မိသားစု ဆိုသည်မှာ ကမ္ဘာပေါ်တွင်ပင် နာမည်ကျော်ကြားသော မိသားစုကြီး ဖြစ်သည်။ လူတစ်ယောက်ကို အကြပ်ရိုက်စေရန် ပြုလုပ်ဖို့ဆိုတာ သူမအတွက် အလွန် လွယ်ကူသော ကိစ္စဖြစ်သည်။

"တကယ်လို့ တစ်ဖက်လူက နိုင်သွားခဲ့ရင်ရော... နင် အရင်က ပေးထားတဲ့ ကတိအတိုင်း လုပ်မှာလား..."

ဒေစီက စိတ်ဝင်တစား မေးလိုက်သည်။ အကယ်၍ တစ်ဖက်လူက နိုင်သွားခဲ့လျှင် မိမိ၏ သူငယ်ချင်းက ကိုယ်လုံးအလှူခံမလား ဆိုသည်ကို သိချင်နေသည်။

"တစ်ဖက်လူနဲ့ တွေ့တဲ့အခါမှပဲ ဆက်ပြောကြတာပေါ့... တကယ်လို့ သူက လူချောလေး တစ်ယောက် ဖြစ်နေရင်တော့... သူနဲ့ ကစားကြည့်ဖို့ ငါ ဝန်မလေးပါဘူး..."

အီဗာက ရယ်မောလျက် ပြောလိုက်သည်။

"ဒါပေမဲ့ ငါ့ကိုယ်ငါတော့ အရမ်း ယုံကြည်မှု ရှိတယ်... ဒီနှစ်နှစ် အတွင်းမှာ ငါ တစ်ခါမှ မရှုံးဖူးသေးဘူး... ငါ့ကို အိပ်မက် မက်နေတဲ့ ယောကျာ်းတွေ အခုထိ သူတို့ ဆန္ဒ မပြည့်ဝကြသေးဘူးလေ..."

အီဗာက ဆက်ပြောသည်။

"ကဲပါ... ငါတို့ ပြန်ကြရအောင်... ခဏနေရင် အဲဒီ ကားနံပါတ်ကို အိမ်တော်ထိန်းဆီ ပေးပြီး စုံစမ်းခိုင်းလိုက်မယ်... မနက်ဖြန်ကျရင် အိမ်တိုင်ရာရောက် သွားပြီး စိန်ခေါ်စာ ပေးကြတာပေါ့..."

အီဗာက လီဗာကို နင်းကာ အိမ်သို့ ပြန်ရန် ဦးတည်လိုက်သည်။

"ရပါပြီ သခင်မလေးရယ်..."

---

အခြားတစ်ဖက်တွင်မူ ဆွန်ဖုန်းသည် ဟွမ်ကျားချန်ကို ခေါ်ဆောင်ကာ ကလပ်တစ်ခုသို့ ရောက်ရှိနေသည်။ အရက် အနည်းငယ် သောက်ထားသဖြင့် မူးယစ်ယစ် ခံစားချက်လေး ရနေသည်။ ဟွမ်ကျားချန်က ဆွန်ဖုန်းကို ကခုန်ရာ စင်မြင့်ပေါ်သို့ ဆွဲခေါ်သွားပြီး အပီအပြင် ကခုန်နေကြလေသည်။

ဆွန်ဖုန်းက ဟွမ်ကျားချန်၏ ခါးသေးသေးလေးကို ဖက်ထားကာ သူမနှင့် နဖူးချင်း အပ်ထားသည်။ သီချင်းသံစဉ် စည်းချက်များနှင့်အတူ သူတို့၏ ခန္ဓာကိုယ်များကို လွတ်လပ်ပေါ့ပါးစွာ လှုပ်ခါနေကြသည်။

"ဒီည ပျော်ရဲ့လား..."

ဆွန်ဖုန်းက ဟွမ်ကျားချန်၏ နားနားသို့ ကပ်ကာ အသံကျယ်ကျယ်ဖြင့် အော်မေးလိုက်သည်။ တေးဂီတ အသံများက အလွန် ဆူညံနေသည် မဟုတ်ပါလား။

"ပျော်တာပေါ့... တကယ့်ကို မေ့မရနိုင်တဲ့ ညလေး တစ်ညပါပဲ..."

ဟွမ်ကျားချန်၏ နားရွက်လေးမှာ ဆွန်ဖုန်း၏ ဝင်သက်ထွက်သက်ကြောင့် ယားကျိကျိ ဖြစ်သွားကာ ဆွန်ဖုန်း၏ ခါးကို တစ်ချက် ဆွဲလိမ်လိုက်ရင်း ပြန်ဖြေသည်။

"ဟားဟား... တကယ်ကို မေ့မရနိုင်တဲ့ ညပါပဲ..."

ကလပ်ထဲတွင် နှစ်နာရီကျော်ခန့် ကခုန် ပျော်ပါးပြီးနောက် ဆွန်ဖုန်းက ဟွမ်ကျားချန်ကို ခေါ်ကာ အိမ်ပြန်လာခဲ့သည်။ အိမ်အပြန်လမ်းတွင် ကားပေါ်၌ပင် အချစ်ပွဲကြမ်းခဲ့ကြသေးသည်။

ထို့နောက်မှသာ သာယာယစ်မူးမှုများဖြင့် အိမ်သို့ ပြန်ရောက်လာကြသည်။ မနက် သုံးနာရီကျော်မှသာ အိပ်ရာဝင်ခဲ့ကြလေသည်။

နောက်တစ်နေ့ မနက် ကိုးနာရီကျော်ခန့်တွင်... အိပ်မက် ကမ္ဘာထဲ ရောက်နေသော ဆွန်ဖုန်းကို လျန်ယင်က လာရောက် နှောင့်ယှက်လေသည်။

လျန်ယင်က ကုတင်ပေါ်သို့ တက်လာပြီး သူမ၏ ဆံပင်များဖြင့် ဆွန်ဖုန်း၏ နှာခေါင်းကို လာရောက် ကလိနေသည်။ တကယ့်ကို အဆိုးလေးပင်။

"အင်း..."

ဆွန်ဖုန်းက နှာခေါင်း ယားလာသဖြင့် တစ်ဖက်သို့ လှည့်ကာ ဆက်အိပ်နေလိုက်သည်။ ညက အတော်လေး နောက်ကျမှ အိပ်ထားသဖြင့် အိပ်ရာမှ မထချင်သေးပေ။

"လူဆိုးကြီး... ထတော့... ရှင့်ကို အလှလေးတွေ လာရှာနေတယ်..."

လျန်ယင်က ဆွန်ဖုန်းကို နှိုးမရသဖြင့် အကြမ်းနည်း သုံးရန် ဆုံးဖြတ်လိုက်သည်။ ဆွန်ဖုန်း၏ အရေးကြီးသော နေရာကို လှမ်းကိုင်ကာ အားနှင့် ညှစ်လိုက်လေသည်။ ချက်ချင်းပင် ဆွန်ဖုန်း တစ်ယောက် အိပ်ချင်မူးတူး ဘဝမှ လန့်နိုးလာတော့သည်။

"ဘာလုပ်တာလဲ လျန်ယင်ရဲ့... မင်းက ပညာပေးခံချင်နေတာလား... မင်း အခု ကိုယ်ဝန် ရှိနေတယ် ဆိုပေမဲ့ ငါ ကောင်းကောင်း ပညာပေးလို့ ရသေးတယ်နော်..."

နာကျင်မှုကြောင့် ဆွန်ဖုန်း မျက်လုံး ပွင့်လာသောအခါ လျန်ယင်က မျက်စိတစ်ဖက် မှိတ်ပြကာ ပြုံးစိစိ လုပ်နေသည်ကို တွေ့လိုက်ရသည်။

"မဟုတ်ပါဘူး... အပြင်မှာ နိုင်ငံခြားသူ အလှလေး နှစ်ယောက် ရှင့်ကို လာရှာနေလို့ပါ... တကယ့်ကို လှတဲ့ နိုင်ငံခြားသူလေးတွေနော်... ကြည့်ရတာ အရမ်းလည်း ချမ်းသာမယ့်ပုံပဲ... ရှင် ဘယ်တုန်းက အဲဒီ နိုင်ငံခြားသူ အလှလေးတွေကို သွားပရောပရည် လုပ်ထားတာလဲ... သူတို့က အခု အိမ်ပေါက်ဝ အထိ လာရှာနေကြပြီ... ရှင် ဘာအပြစ်တွေ ထပ်လုပ်ထားပြန်ပြီလဲ..."

လျန်ယင်က ရယ်မောလျက် ဆူငေါက်လိုက်သည်။

"ဘာ... နိုင်ငံခြားသူ... မဟုတ်ပါဘူး... ငါ ဘယ်နိုင်ငံခြားသူကိုမှ သွားမရှုပ်ထားပါဘူး..."

ဆွန်ဖုန်းက ထိုင်လိုက်ပြီး ဆံပင်ကို ဆွဲဖွကာ စဉ်းစားခန်း ဝင်သွားသည်။ နိုင်ငံခြားသူ ဆိုလို့ လူစီ တစ်ယောက်ပဲ ရှိသည်။ လူစီက ဘယ်လိုလုပ် သူ့အိမ်ကို ရဲရဲတင်းတင်း လာရဲမည်နည်း။ တခြား နိုင်ငံခြားသူ ဆိုလျှင်တော့ သူ တကယ် မသိပေ။ ဒါ ဘာအခြေအနေကြီးလဲ... ဆွန်ဖုန်း တစ်ယောက် ဇဝေဇဝါ ဖြစ်သွားသည်။

"ဟွန့်... ဆင်ခြေ ပေးမနေနဲ့... ရှင် ကိုယ်တိုင် အပြင်ထွက် ကြည့်လိုက်ရင် သိမှာပေါ့..."

ဟယ်မင်ယီက ကလေးကို ပွေ့ချီကာ အပြင်မှ ဝင်လာပြီး အထင်သေးသော လေသံဖြင့် ပြောလိုက်သည်။ ဆွန်ဖုန်းလို ယောကျာ်းမျိုးက အပြင်မှာ ဖွန်ကြောင်ထားတဲ့ ကိစ္စတွေ ရှိနေလို့သာ အခုလို အိမ်အထိ လာရှာခံရတာ ဖြစ်မည်ဟု သူမက ထင်နေသည်။

"တကယ်ကြီးလား... ငါ့ကို တကယ် လာရှာတာလား..."

ဆွန်ဖုန်းက ကုတင်ပေါ်မှ ဆင်းကာ အပြင်သို့ ထွက်လာခဲ့သည်။

ဧည့်ခန်းထဲသို့ ရောက်သောအခါ ယန်ရွှယ်နှင့် စကားထိုင်ပြောနေသော နိုင်ငံခြားသူ နှစ်ဦးကို သူ တကယ်ပင် တွေ့လိုက်ရသည်။

တစ်ယောက်ကတော့ ဆယ်ကျော်သက် ကောင်မလေး တစ်ယောက်လို ဖြူစင် လှပသော အသွင်ရှိသည်။ အခြား တစ်ယောက်ကတော့ ဆွန်ဖုန်းကို မြင်မြင်ချင်း ငေးမောသွားစေသည်။

သူမက ဘယ်လို မိန်းမမျိုးလဲ။ ရိုးရိုးယဉ်ယဉ်လေးလည်း မဟုတ်သလို၊ အပြစ်ကင်းစင်တဲ့ ပုံစံမျိုးလည်း မဟုတ်ပေ။ ဆွဲဆောင်မှု အပြည့်ဖြင့် ညှို့ယူဖမ်းစားနိုင်စွမ်း ရှိသူမျိုးလည်း မဟုတ်ပြန်ပေ။

သူမကို မြင်လိုက်သည်နှင့် ရာဇဝတ်မှု ကျူးလွန်ချင်စိတ် ပေါက်သွားစေမည့် ခံစားချက်မျိုးကို ပေးစွမ်းသည်။

နတ်ဘုံမှ ကြွေကျလာသော နတ်သမီးလေး တစ်ပါးလို ဆွဲဆောင်မှု ရှိသော်လည်း လူ့လောကနှင့် ကင်းကွာနေခြင်း မရှိပေ။ ဆွန်ဖုန်း၏ စိတ်ထဲတွင် အစွဲလန်းဆုံး ဖြစ်သွားသည်က သူမ၏ မျက်နှာလေးပင် ဖြစ်သည်။

ဘယ်လို တင်စားရမှန်းပင် မသိလောက်အောင် ပြီးပြည့်စုံလွန်းသော မျက်နှာလေး။ အထူးသဖြင့် ရေကန်လေးလို ကြည်လင်နေသော သူမ၏ မျက်လုံးလေးများနှင့် နှုတ်ခမ်းထောင့်စွန်းတွင် သဘာဝကျကျ တွဲခိုနေသော ဆွဲဆောင်မှုတို့က တကယ့်ကို ပြီးပြည့်စုံလွန်းလှသည်။ ဟုတ်ပါသည်။ သူမကတော့ ဖန်ဆင်းရှင်၏ အချစ်တော် အီဗာ ပင် ဖြစ်သည်။

"တောင်းပန်ပါတယ်... မင်းတို့က ငါ့ကို လာရှာတာလား... ငါ မင်းတို့ကို မသိဘူး ထင်တယ်..."

ဆွန်ဖုန်းက သူတို့ အနားသို့ လျှောက်သွားကာ ခေါင်းကုတ်ရင်း မေးလိုက်သည်။

"ရှင့်ရဲ့ ကားနံပါတ်က 23XXX မဟုတ်လား..."

အီဗာက မတ်တပ်ရပ်ကာ မေးလိုက်သည်။

"ဟုတ်တယ်လေ... မင်းက ဘယ်လိုသိတာလဲ... မင်းတို့က ယာဉ်ထိန်းရဲတွေလား..."

ဆွန်ဖုန်းက သူ့ဘာသာ တွေးတောကာ မေးလိုက်သည်။ တကယ်လို့ ယာဉ်ထိန်းရဲတွေသာ ဆိုရင်တော့ အရမ်းကို လှလွန်းနေပြီ။ ဒီလို အလှလေးတွေ ယာဉ်ထိန်းရဲ လုပ်နေတာက နှမြောစရာ ကောင်းလွန်းလှသည်။

"ဟုတ်ရင် ပြီးတာပဲ... ကျွန်မ ရှင်နဲ့ ပြိုင်ကား မောင်းချင်တယ်"

အီဗာက သူမ ရှေ့မှ အာရှသား လူငယ်လေးကို ကြည့်လိုက်သည်။ အတော်လေး ကြည့်ကောင်းသည်ဟု ခံစားမိသည်။ အိမ်တော်ထိန်း၏ စုံစမ်းမှုအရ ဤလူငယ်က လွန်ခဲ့သော တစ်နှစ် အတွင်း နာမည်ကြီးလာသူ ဖြစ်ကြောင်း သူမ သိထားသည်။

လူငယ် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဟုလည်း ဆိုနိုင်သည်။ သို့သော် အီဗာ၏ မျက်လုံးထဲတွင်တော့ အောင်မြင်လှသည်ဟု မဆိုသာပေ။ သာမန် အဆင့်လောက်သာ ရှိသည်ဟု သတ်မှတ်ထားသည်။

"ဘာ... ပြိုင်မယ် ဟုတ်လား... ဘာအခြေအနေကြီးလဲ... ဘာပြိုင်ရမှာလဲ..."

ဆွန်ဖုန်းအပြင် လျန်ယင်နှင့် ကျန်သော မိန်းမလှလေးများ အားလုံး အီဗာကို အံ့ဩတကြီး ကြည့်လိုက်မိကြသည်။ ဤနိုင်ငံခြားသူ နှစ်ဦးက ဆွန်ဖုန်း၏ အရှုပ်တော်ပုံများအတွက် လာရှာသည်ဟု သူတို့ ထင်ခဲ့ကြသော်လည်း တကယ်တမ်း မဟုတ်ခဲ့ပေ။ ပြိုင်ပွဲတဲ့... ဘာပြိုင်ပွဲလဲ။

ဆွန်ဖုန်း လည်း ကြောင်အမ်းအမ်း ဖြစ်သွားသလို ဟယ်မင်ယီ တို့လည်း နားမလည်နိုင် ဖြစ်သွားကြသည်။

"အော်... ဒီလိုပါ မစ္စတာ ဆွန်ဖုန်း... ကျွန်မကိုယ် ကျွန်မ အရင် မိတ်ဆက်ပါရစေ... ကျွန်မ နာမည်က ဒေစီ ပါ... သူကတော့ ကျွန်မရဲ့ သူငယ်ချင်း အီဗာ ပါ... သူက မနေ့ညက ရှင့်ရဲ့ ကားမောင်း ကျွမ်းကျင်မှုကို တွေ့လိုက်ရလို့ ဒီနေ့ ရှင့်ကို လာပြီး ပြိုင်ပွဲ စိန်ခေါ်တာပါ... အင်း... ပြိုင်ကား ပြိုင်ဖို့ပါ"

ဒေစီက ဝင်ရောက် ရှင်းပြလိုက်သည်။

"ပြိုင်ကား ပြိုင်မယ်..."

ဆွန်ဖုန်းက ဤတစ်ကြိမ်တွင်တော့ တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားလေပြီ။ လာနောက်နေတာလား... ဘာပြိုင်ကား ပြိုင်ရမှာလဲ... ငါ့မှာ အချိန်မရှိဘူးလေ။ ချိန်းတွေ့ဖို့ ဆိုရင်တော့ ဒီနိုင်ငံခြားသူလေး နှစ်ယောက်နဲ့ အချိန်ပေးပြီး ဆော့ကစားဖို့ စဉ်းစားပေးလို့ ရသေးတယ်။ ပြိုင်ကား ပြိုင်ဖို့ ဆိုရင်တော့ ဝေးသေး။

"ဟုတ်ပါတယ်..."

အီဗာက အတည်ပြုလိုက်သည်။

"မသွားဘူး... ငါ့မှာ အချိန်မရှိဘူး... ဒီနေ့ မိသားစုနဲ့ အပန်းဖြေ ခရီးထွက်မလို့... အင်း... နောက်လည်း အားမှာ မဟုတ်ဘူး... ငါ အရမ်း အလုပ်များတယ်... တစ်မိနစ်ကို ဒေါ်လာ သန်းချီ ဝင်နေတာ..."

ဆွန်ဖုန်းက လေလုံးထွားကာ ငြင်းဆိုလိုက်လေသည်။

"ငါ ပြောသားပဲ... သူ အရမ်း အလုပ်များပါတယ်လို့..."

ဒေစီက အီဗာကို တစ်ချက် ကြည့်လိုက်သည်။ မနေ့ညကတည်းက ဖာရာရီ ပြိုင်ကား မောင်းသူမှာ ဆွန်ဖုန်း ဖြစ်ကြောင်း သူတို့ သိခဲ့ကြသည်။ စုံစမ်းကြည့်လိုက်သောအခါ ဆွန်ဖုန်း၏ ကိုယ်ရေးအချက်အလက်များကို ဒေစီ သိရှိသွားခဲ့သည်။

ကုမ္ပဏီ အများအပြား၏ ဥက္ကဋ္ဌ တစ်ယောက် အနေဖြင့် ဒီလို ကိစ္စမျိုးတွေ လုပ်ဖို့ ဘယ်မှာ အချိန်ရှိပါမည်နည်း။

All Chapters