အခန်း ၂၈၇
Vol. 29 Ch. 287
အခန်း ၂၈၇ - မိန်းမလှလေး၏ ခြိမ်းခြောက်မှုကို ခံလိုက်ရခြင်း
"ပစ္စည်းတွေ သိမ်းကြတော့... ငါတို့ အပန်းဖြေခရီး ထွက်ဖို့ ပြင်ကြရအောင်... ကိုယ် အရင် သွားမျက်နှာသစ်လိုက်ဦးမယ်... အော်... ဧည့်သည် နှစ်ယောက်လည်း လွတ်လွတ်လပ်လပ် နေကြပါနော်..."
ဆွန်ဖုန်းက ပြောပြီးသည်နှင့် မျက်နှာသစ်ရန် လှည့်ထွက်သွားလိုက်သည်။ သူ၏ စိတ်ထဲတွင်တော့ ဤအီဗာ ဆိုသော မိန်းကလေးက အားယားနေသလား၊ တခြား လုပ်စရာ မရှိတော့ဘူးလားဟုသာ တွေးနေမိသည်။ ဘာကိစ္စနဲ့များ ကိုယ့်ကို ပြိုင်ကား လာပြိုင်ခိုင်းနေရသနည်းဟု နားမလည်နိုင် ဖြစ်နေသည်။
ဆွန်ဖုန်းက သူမကို ဂရုမစိုက်ဘဲ ထွက်သွားသည်ကို မြင်သောအခါ အီဗာ အနည်းငယ် ဒေါသထွက်သွားသည်။ တစ်ဖက်လူက ဤမျှ အကင်းမပါရသလား။ သူမ ဤအရွယ်ရောက်သည်အထိ ကြီးမားလှသော စီးပွားရေး လုပ်ငန်းစုကြီး၏ သမီးကြီး တစ်ယောက် အနေဖြင့် ဤသို့သော အဖြစ်မျိုး တစ်ခါမှ မကြုံဖူးခဲ့ပေ။
"ဆွန်ဖုန်း... တကယ်လို့ ရှင် ကျွန်မနဲ့ မပြိုင်ဘူး ဆိုရင်... ရှင့်ရဲ့ ရေနံမြေတွေ၊ သံသတ္တုတွင်းတွေ အားလုံးကို ဒေဝါလီ ခံသွားရအောင် လုပ်ပစ်မယ် ကျွန်မ ပြောရင် ပြောတဲ့အတိုင်း လုပ်တယ်"
အီဗာက ဆွန်ဖုန်း၏ ကျောပြင်ကို ကြည့်ကာ အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။
"ဟောဗျာ... မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား... မင်းကိုယ်မင်း သမ္မတလို့များ ထင်နေသလား... အဲဒီလောက်တောင် လေလုံးထွားနေရအောင် မင်းက ဘယ်သူမို့လို့လဲ... မင်းနဲ့ ဘာကိစ္စ ပြိုင်ရမှာလဲ... မင်းမှာ ရောဂါများ ရှိနေလား..."
ခြေလှမ်း အနည်းငယ်မျှ လျှောက်သွားသော ဆွန်ဖုန်းသည် အီဗာ၏ စကားကို ကြားသောအခါ ရပ်တန့်သွားသည်။ ထို့နောက် လှည့်ကြည့်ကာ ခြိမ်းခြောက် စကားဆိုလာသော အီဗာကို စိုက်ကြည့်လိုက်သည်။
ဆွန်ဖုန်းသည်လည်း လောကဓံကို အတော်လေး ဖြတ်သန်းလာခဲ့သူ တစ်ယောက် ဖြစ်သည်။ ဘယ်လို ကြီးမားတဲ့ အခမ်းအနားတွေ၊ ဘယ်လို လူကုံထံတွေ၊ ဘယ်လို ဒုတိယ မျိုးဆက်တွေကို သူ မမြင်ဖူးဘဲ နေမည်နည်း။
သို့သော် ဤကဲ့သို့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းသူကိုတော့ သူ တစ်ခါမှ မမြင်ဖူးသေးပေ။ ဤသည်မှာ သူ့ကို ဤမျှ ရဲတင်းစွာ ခြိမ်းခြောက်ရဲသူ ဒုတိယမြောက် လူပင် ဖြစ်သည်။ ဤသို့ စကားပြောရဲသူ ဒုတိယမြောက် လူလည်း ဖြစ်သည်။
ပထမ အကြိမ်က ဒီးယား ရေနံကုမ္ပဏီမှ အန်ဒါဆန် ဖြစ်ပြီး၊ ထိုစဉ်က ဆွန်ဖုန်း၏ စိန့်ဖုန်း ရေနံမြေမှ ရေနံများကို မရောင်းရအောင် လုပ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ နောက်ဆုံး ရလဒ်ကတော့ ရေနံများ ရောင်းရရုံသာမက ဆွန်ဖုန်းက ဒီးယား ရေနံကုမ္ပဏီကိုပါ အကြီးအကျယ် လက်စားချေလိုက်သေးသည်။
သူ့ကို ဒုက္ခပေးသူ မည်သူ့ကိုမဆို ဆွန်ဖုန်းက အဆတစ်ရာ ပြန်လည် ဒုက္ခပေးမည်သာ ဖြစ်သည်။ ယခု ကြည့်ရသည်မှာ ဤမိန်းကလေးက အသက် ဆယ့်ရှစ်နှစ်၊ ဆယ့်ကိုးနှစ် အရွယ်ခန့်သာ ရှိသေးသည်။ သို့သော် သူမ၏ စကားများက အလွန် ရိုင်းပျလွန်းလှသည်။
ဆွန်ဖုန်း ဒေါသထွက်သွားရုံသာမက ဟယ်မင်ယီနှင့် လျန်ယင်တို့ အပါအဝင် ကျန်သော မိန်းမလှလေးများ အားလုံးလည်း အီဗာတို့ နှစ်ဦးကို ဒေါသတကြီး စိုက်ကြည့်နေကြသည်။
အထူးသဖြင့် ယန်ရွှယ် ပင် ဖြစ်သည်။ သူမက တံခါးဖွင့်ပေးပြီး အိမ်ထဲ ပေးဝင်မိသည်ကိုပင် နောင်တရနေမိသည်။ ကိုယ့်ယောကျာ်းအတွက် ပြဿနာ အကြီးကြီး ရှာပေးလိုက်သလို ဖြစ်သွားသည် မဟုတ်ပါလား။
"ကျွန်မ ဘယ်သူလဲ ဆိုတာ အရေးမကြီးဘူး... အရေးကြီးတာက ရှင် ကျွန်မကို အရှုံးပေးလာအောင် ကျွန်မ လုပ်နိုင်တယ် ဆိုတာပဲ"
အီဗာက ပြောလိုက်သည်။
"အီဗာ... နင် အရမ်းကြီး ပြဿနာ ရှာလွန်းနေပြီ ထင်တယ်... သူက မပြိုင်ချင်ဘူး ဆိုမှတော့ ငါတို့ ပြန်ကြရအောင်လေ... နင့်အတွက် ဆော့ကစားစရာ လူတွေ မရှားပါဘူး... သူ့ကိုမှ အတင်း အကြပ် လုပ်နေစရာ မလိုပါဘူး..."
ဒေစီက အီဗာ၏ အင်္ကျီစကို ဆွဲကာ တိုးတိုးလေး ဖျောင်းဖျလိုက်သည်။ အီဗာ၏ သူငယ်ချင်း ဖြစ်သူပီပီ အီဗာ ဒေါသထွက်လာလျှင် ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ထင်ရာစိုင်းတတ်ကြောင်း ဒေစီ ကောင်းကောင်း သိသည်။ ခုနက သူမ ပြောခဲ့သော ကိစ္စများကိုလည်း တကယ် လုပ်ရဲသလို၊ တကယ်လည်း လုပ်နိုင်စွမ်း ရှိသည်။
"ငါ့ရဲ့ စိန့်ဖုန်း ရေနံမြေနဲ့ မာရယ် သံသတ္တုတွင်းကို မင်းက ဘယ်လိုများ ဒေဝါလီ ခံသွားအောင် လုပ်မလဲ ဆိုတာ ငါ တကယ် သိချင်နေပြီ... မင်းအဖေက လီကန်း များ မှတ်နေလား..."
ဆွန်ဖုန်းက လှောင်ပြောင်လိုက်သည်။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကောင်းတာတွေ မသင်ဘဲ လေလုံးထွားဖို့လောက်သာ တတ်နေသည်။ တကယ်တော့ သူကလည်း သူမထက် အသက် သိပ်ကြီးလှသည်တော့ မဟုတ်ပေ။
သို့သော် ဆွန်ဖုန်းက ဒေစီ ဆိုသည့် မိန်းကလေးကိုတော့ အနည်းငယ် သဘောကျမိသည်။ သူ့ဘက်မှ ဝင်ရောက် ပြောဆိုပေးသောကြောင့်ပင်။
"မစ္စတာ ဆွန်... သူ့ မိသားစုက လက်တင် မိသားစုပါ... ဒါကြောင့် သူ ပြောတဲ့ စကားတွေကို သူ တကယ် လုပ်နိုင်မှာပါ..."
ဒေစီက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း ဆွန်ဖုန်းကို စေတနာဖြင့် သတိပေးလိုက်သည်။
ဆွန်ဖုန်း၏ မျက်မှောင်များ ကြုံ့သွားသည်။ လက်တင် မိသားစု ကနေဒါတွင် ဤမျှကြာအောင် နေထိုင်လာခဲ့ရာ ဆွန်ဖုန်း အနေဖြင့် ကနေဒါ၏ နံပါတ်တစ် စီးပွားရေး လုပ်ငန်းစုကြီးကို ကောင်းကောင်း သိပါသည်။
ထိုမိသားစု၏ အမည်အောက်တွင် စီးပွားရေး လုပ်ငန်းများစွာ ရှိသည်။ ဆက်သွယ်ရေး၊ သတ္တုနှင့် စွမ်းအင်၊ အိမ်ခြံမြေ စသည်ဖြင့် အားလုံး ပါဝင်သည်။ ကမ္ဘာပေါ်တွင်ပင် ထိပ်တန်း အဆင့်ရှိ စီးပွားရေး လုပ်ငန်းစုကြီး တစ်ခု ဖြစ်သည်။
"တောက်... ဘယ်လိုလုပ်ပြီး ဒီလို ရိုင်းစိုင်းတဲ့ လူကုံထံ မိန်းမပျိုလေးနဲ့ လာတွေ့နေရတာလဲ... ခေါင်းကိုက်တာပဲ"
ဆွန်ဖုန်း၏ စိတ်ထဲတွင် အနည်းငယ် ခါးသီးသွားသည်။ အမှန်ပင်... ဆွန်ဖုန်းက လူအများစုကို မကြောက်သော်လည်း ဤကဲ့သို့ ကြီးမားသော စီးပွားရေး လုပ်ငန်းစုကြီးကိုတော့ သူ တကယ်ပင် စိုးရိမ်မိသည်။
တကယ်လို့ ဒီလူကုံထံ မိန်းမပျိုလေးကို အကြီးအကျယ် ဒေါသထွက်အောင် လုပ်မိပြီး သူမက တကယ်ပဲ သူ့ကို ဒုက္ခပေးလာလျှင်... လက်ရှိ သူ၏ အင်အားဖြင့်ဆိုလျှင် အကြီးအကျယ် ဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်သည်။
မေ့မထားသင့်သည်မှာ... သူတို့က ကနေဒါ၏ အကြီးဆုံး ဒေသခံ ဩဇာတိက္ကမ ရှိသူများ ဖြစ်ပြီး၊ ဆွန်ဖုန်း၏ လက်ရှိ အခြေခံ လုပ်ငန်းများမှာလည်း ကနေဒါတွင်သာ ရှိနေခြင်း ဖြစ်သည်။
"ဘယ်လိုလဲ... ကြောက်သွားပြီလား... ကြောက်သွားရင် ဒီည ဖေးယွီ တောင်မှာ လိမ်လိမ်မာမာနဲ့ ငါ့ကို လာစောင့်နေ... ငါနဲ့ ပြိုင်ကား မောင်းရမယ်... မဟုတ်ရင်... ဟွန့်ဟွန့်... ငါ့ကို ဒေါသထွက်အောင် လုပ်ရင် ဘာဖြစ်မလဲ ဆိုတာ နင် သိသွားလိမ့်မယ်"
အီဗာက အေးစက်စက် ရယ်မောလိုက်သည်။
ဒီနှစ်တွေ အတွင်းမှာ သူမကို ဒေါသထွက်အောင် လုပ်ခဲ့သူတွေ၊ အထူးသဖြင့် ယောကျာ်းတွေ ဆိုရင် ဘယ်သူမှ ကောင်းကောင်း အဆုံးမသတ်ခဲ့ရဘူး။
အရင်က လူတစ်ယောက်က သူမကို လူပုံအလယ်မှာ လာရောက် နောက်ပြောင်ခဲ့ဖူးသည်။ နောက်ဆုံးတော့ အဲဒီလူရော၊ သူ့အဖေရဲ့ စီးပွားရေး လုပ်ငန်းတွေပါ တစ်ညတည်းနဲ့ ဒေဝါလီ ခံသွားခဲ့ရသည်။
"ဒီက ညီမလေး... ကျွန်မ ယောကျာ်းက ညီမလေးကို ဘာမှ အပြစ်မလုပ်ထားဘူး မဟုတ်လား... ညီမလေးက ကျွန်မ ယောကျာ်းကို ဒီလို အတင်းအကြပ် မလုပ်သင့်ဘူးလေ... ပြိုင်ကား ပြိုင်ချင်ရင် ပရော်ဖက်ရှင်နယ် ပြိုင်ကားသမားတွေနဲ့ သွားပြိုင်လို့ ရတာပဲ..."
ဟယ်မင်ယီ က ကလေးကို ပွေ့ချီကာ ရှေ့ထွက်၍ ပြောလိုက်သည်။
"အီဗာ... ဆွန်ဖုန်းက နင့်ကို သိတောင် မသိဘူး... နင်က အိမ်တိုင်ရာရောက် လာပြီး ပြိုင်ပွဲ စိန်ခေါ်တာကို သူက မပြိုင်ဘူးလို့ ငြင်းပိုင်ခွင့် ရှိတယ်... နင် အခုလို လုပ်နေတာ ယဉ်ကျေးမှု ဘယ်မှာလဲ..."
လျန်ယင် ကလည်း ဝင်ရောက် ပြောဆိုလိုက်သည်။
"ဟွန့်... ငါ ဂရုမစိုက်ဘူး... ဘယ်သူက ငါ့ကို အလိုမကျ ဖြစ်အောင် လုပ်လဲ... အဲဒီလူကို အလိုမကျ ဖြစ်အောင် ငါ ပြန်လုပ်မယ်"
အီဗာက လျန်ယင် နှင့် ဟယ်မင်ယီ တို့၏ စကားကို လုံးဝ ဂရုမစိုက်ဘဲ ဆွန်ဖုန်းကို နောက်ပြောင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူမ၏ မျက်လုံးထဲတွင် စိန်ခေါ်လိုစိတ်များ အပြည့်အဝ ပေါ်လွင်နေသည်။
"ကောင်းပြီ... ငါ သဘောတူတယ်... ဒါပေမဲ့ ငါ နိုင်ရင်ရော... ဘာဆုကြေး ရှိလဲ... လောင်းကြေး မပါရင် ဆော့ရတာ ဘာအရသာ ရှိမှာလဲ..."
ဆွန်ဖုန်း၏ စိတ်ထဲတွင်တော့ ဤအီဗာကို အကြိမ်ပေါင်းများစွာ ကျိန်ဆဲနေမိပြီ ဖြစ်သည်။ ဆွန်ဖုန်းက ကြောက်သွား၍ မဟုတ်ဘဲ လောလောဆယ်တွင် ဤအီဗာကို သွားမရှုပ်ရဲ၍သာ ဖြစ်သည်။
တောက်... လက်တင် မိသားစု... ကနေဒါမှာ ဘယ်သူက သူတို့ကို သွားရှုပ်ရဲမှာလဲ။ သို့သော် တိတ်တဆိတ် အကြီးအကျယ် လက်စားချေဖို့တော့ ရပါသည်။
အခု ဆွန်ဖုန်းက သူမကို ပေါ်ပေါ်ထင်ထင် မယှဉ်နိုင်သေးသော်လည်း တိတ်တဆိတ် လုပ်ကြံ၍တော့ ရသည်။ ဒီကောင်မစုတ်လေးကို ရူးသွားတဲ့အထိ ကစားပေးလို့ ရသည်။
ဆွန်ဖုန်းက သူ၏ ယုတ်မာသော လက်စားချေမည့် အစီအစဉ်ကို စိတ်ထဲတွင် တိတ်တဆိတ် စီစဉ်နေမိသည်။ လောလောဆယ်တော့ သည်းခံခြင်းက အကောင်းဆုံးပင်။
အောင်မြင်သော စီးပွားရေး လုပ်ငန်းရှင် တစ်ယောက် အနေဖြင့် အလျှော့အတင်း လုပ်တတ်ရန် လိုအပ်သည်။ ဟက်ဟက်... အမြဲတမ်း ခေါင်းမာနေသူတွေက အဆုံးသတ် မလှတတ်ဘူးလေ။
"အရမ်း ကောင်းတယ်... ရှင် သဘောတူရင် ပြီးတာပါပဲ"
အီဗာက ဆွန်ဖုန်း သဘောတူလိုက်သည်ကို မြင်သောအခါ အလွန် ကျေနပ်သွားကာ ခေါင်းညိတ်လိုက်သည်။
"ဒါပေါ့... ကျွန်မ အလုပ်လုပ်ရင် စည်းကမ်း ရှိတယ်... ဒီတစ်ခါလည်း အတူတူပဲ... ကျွန်မက အကြောင်းမဲ့ ပြဿနာ ရှာတတ်တဲ့ လူမျိုး မဟုတ်ဘူး... တကယ်လို့ ရှင် ရှုံးရင် ရှင့်ကားကို မီးရှို့ရမယ်... တကယ်လို့ ရှင် နိုင်ရင်တော့... ရှင် ကျွန်မကို ရနိုင်တယ် ဘယ်လိုလဲ... ဒီစည်းကမ်း အဆင်ပြေတယ် မဟုတ်လား..."
အီဗာက ချွဲနွဲ့သော လေသံဖြင့် ပြောလိုက်သည်။
"ဘာ... နိုင်ရင် မင်းကို ရမယ် ဟုတ်လား... ဒါဆို မင်းက အခုဆိုရင် အမည်းရောင် သစ်ခေါင်းပေါက်ကြီး ဖြစ်နေလောက်ပြီပေါ့... တော်ပါပြီ... ငါ မလိုချင်ပါဘူး..."
ဆွန်ဖုန်းက အံ့ဩတကြီး ပြောလိုက်သည်။
"လူယုတ်မာ... ရှင် ဘာပြောတာလဲ... ဘယ်သူက အမည်းရောင် သစ်ခေါင်းပေါက်ကြီးလဲ... အခုချိန်ထိ ဘယ်သူမှ ကျွန်မကို မနိုင်ဖူးသေးဘူး ရှင် ကျွန်မကို ထပ်ပြီး ဒေါသထွက်အောင် လုပ်ရင်... ရှင် နေစရာ မရှိအောင် ဖြစ်သွားလိမ့်မယ်"
အီဗာ၏ မျက်နှာမှာ ဒေါသကြောင့် ပြာနှမ်းသွားလေသည်။
"ကောင်းပါပြီ... ကောင်းပါပြီ... ငါ မပြောတော့ဘူး... ပြိုင်မယ်ဆိုလည်း ပြိုင်တာပေါ့... ဒီည ဘယ်နှစ်နာရီလဲ..."
ဆွန်ဖုန်းက ဟီးဟီးဟားဟား ရယ်လျက် မေးလိုက်သည်။
"ဒီည ၈ နာရီ... ဖေးယွီ တောင် ဝင်ပေါက်မှာ ငါ့ကို စောင့်နေ"
အီဗာက ပြောလိုက်သည်။
"အီဗာ... ငါ ခပ်တိုးတိုးလေး မေးခွင့်ပြုပါ... မင်း ဘာလို့ ဒီလို စည်းကမ်းမျိုး သတ်မှတ်ထားတာလဲ... နိုင်ရင် မင်းကို ရမယ် ဆိုတာလေ... မင်းကို ဘယ်သူမှ မလိုချင်လို့လား..."
ဆွန်ဖုန်းက နှာခေါင်းကို ပွတ်ရင်း သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ရှင့်ကိုမှ ဘယ်သူမှ မလိုချင်တာ ကျွန်မကို လိုက်နေတဲ့ သူတွေဆို ကမ္ဘာတစ်ပတ်တောင် ပတ်လို့ ရတယ် ဟွန့်... ဒီည မတွေ့မချင်း မပြန်ကြေး... ရှင် ရှုံးရင် ကားကို မီးရှို့ရုံတင် မကဘူး... ခွေးဟောင်သံပါ ဟောင်ပြရမယ် ဘာလို့လဲဆိုတော့ ရှင် ကျွန်မကို တကယ် ဒေါသထွက်အောင် လုပ်လိုက်လို့ပဲ"
အီဗာက စကားတစ်ခွန်း ချန်ရစ်ခဲ့ပြီး ဒေစီ၏ လက်ကို ဆွဲကာ ထွက်သွားလေသည်။
"ရှူး... ရှူး... ရှူး..."
ဆွန်ဖုန်းက အီဗာ၏ ကျောပြင်ကို ကြည့်ကာ မျက်နှာပြောင်တိုက်ပြီး လှောင်ပြောင်လိုက်သည်။ ဒီလို အလယ်အလတ်တန်းစား ရောဂါ စွဲနေတဲ့ မိန်းမမျိုးနဲ့ တွေ့ရတာ တကယ်ပဲ ခေါင်းကိုက်စရာပင်။ သူ၏ အပန်းဖြေ ခရီးစဉ်ကိုပင် ပျက်စီးသွားစေခဲ့သည်။
"ဖုန်း... ကမ္ဘာပေါ်မှာ ဒီလို ရိုင်းစိုင်းပြီး မုန်းစရာ ကောင်းတဲ့ မိန်းမမျိုး ဘယ်လိုလုပ် ရှိနေရတာလဲ..."
ဟယ်မင်ယီ က ပြောလိုက်သည်။
"အင်းလေ... သူတို့ကို ကလေးတွေလို့ သဘောထားလိုက်ပါ... အမွေးတောင် မစုံသေးဘူး... ဘာမှ နားမလည်သေးဘူးလေ... အင်း... တကယ်လည်း သူတို့က အရွယ် မရောက်သေးပါဘူး..."
ဆွန်ဖုန်းက ရယ်မောလျက် ပြောလိုက်သည်။
"ဒါဆို ကျွန်မတို့ရဲ့ အပန်းဖြေ ခရီးစဉ်က မနက်ဖြန်မှ သွားကြမှာလား..."
"ဒီလိုပဲလုပ်ရတော့မှာပေါ့..."
ဆွန်ဖုန်းက သက်ပြင်းချကာ ပြောလိုက်လေသည်။