← Chapters

အခန်း ၂၈၈

Vol. 29 Ch. 288

အခန်း ၂၈၈

Vol. 29 Ch. 288

အခန်း ၂၈၈ - ဆက်တိုက် အရှိန်ယူ လျှောတိုက် ကွေ့ခြင်း

"ဆွန်ဖုန်း... ရှင် တကယ်ပဲ အဲဒီ အီဗာ ဆိုတဲ့ မိန်းမနဲ့ ပြိုင်ကား သွားပြိုင်မလို့လား..."

ဟွမ်ကျားချန် က မေးလိုက်သည်။ အခြား မိန်းမလှလေးများကလည်း ဆွန်ဖုန်းကို မေးခွန်းထုတ်ချင်သော မျက်လုံးများဖြင့် ဝိုင်းကြည့်နေကြသည်။

"အင်း... သူက အရှုံးခံချင်နေမှတော့... ငါကလည်း သူ့မိဘတွေ ကိုယ်စား သူ့ကို ပညာပေးရမှာပေါ့... ငါ အသက် ဒီလောက် ကြီးလာတဲ့အထိ ဒီလို ရိုင်းစိုင်းတဲ့ မိန်းမမျိုး တစ်ခါမှ မမြင်ဖူးသေးဘူး..."

ဆွန်ဖုန်းက နောက်ပြောင်သော လေသံဖြင့် ပြုံးလျက် ပြောလိုက်သည်။

အရင်က အလွန် မာနကြီးလှပါသည်ဆိုသော ဟယ်မင်ယီ ပင်လျှင် သူမလောက် ဆိုးရွားခြင်း မရှိခဲ့ပေ။ ကမ္ဘာပေါ်မှာ ဒီလို လူယုတ်မာမျိုး ရှိနေတာပဲ... ကိုယ့်ထက်တောင် ပိုယုတ်မာနေသေးတယ်။

"ဆွန်ဖုန်း... တကယ်လို့ ရှင် နိုင်သွားရင်... ရှင် တကယ်ပဲ သူ့ကို အဲဒီလို လုပ်မှာလားဟင်..."

ဟွမ်ကျားချန် က ချစ်စရာ ကောင်းသော မျက်လုံးဝိုင်းကြီးများဖြင့် စပ်စုချင်စိတ် အပြည့်ဖြင့် မေးလိုက်သည်။

"တော်ပါတော့... သူက အဲဒီလောက် မမိုက်မဲပါဘူး... ကြည့်ရတာ သူက ကတိတည်မယ့် မိန်းမမျိုးလည်း မဟုတ်လောက်ဘူး..."

ဆွန်ဖုန်းက နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည်။

"ဒါပေမဲ့ တကယ်လို့ ရတယ်ဆိုရင်လည်း သူ့ကို ပညာပေးလိုက်တာ ကောင်းပါတယ်... ကိုယ့်အတွက်လည်း စိတ်သက်သာရာ ရတာပေါ့..."

"ဟုတ်တယ်... သူ့ကို အရှက်ခွဲပစ်ရမယ် ဒါမှ ပိုပြီး ကျေနပ်စရာ ကောင်းမှာ..."

ဟယ်မင်ယီ က အသံကျယ်ကြီးဖြင့် ဝင်ရောက် ထောက်ခံလိုက်သည်။

မိန်းမလှလေးများ တက်ကြွစွာ ဆွေးနွေးနေကြသည်ကို ကြည့်ရင်း ဆွန်ဖုန်း တစ်ယောက် မျက်နှာပူသွားရသည်။ မိန်းမတွေရဲ့ စိတ်က တကယ်ကို နက်နဲတဲ့ သမုဒ္ဒရာလိုပဲ။ မိန်းမအချင်းချင်း တိုက်ခိုက်တာကမှ ကမ္ဘာပေါ်မှာ အရက်စက်ဆုံး တိုက်ပွဲပဲ။

ည ၈ နာရီတိတိတွင် ဆွန်ဖုန်းသည် အနီရောင် ဖာရာရီ ပြိုင်ကားဖြင့် ဖေးယွီ တောင်ခြေရှိ ဝင်ပေါက်သို့ အချိန်မီ ရောက်ရှိလာခဲ့သည်။

ဖေးယွီ တောင်သည် ဗန်ကူးဗားမြို့၏ နာမည်ကြီး တောင်တက် ပြိုင်ကား လမ်းကြောင်း ဖြစ်သည်။ ညတိုင်းလိုလို ဝါသနာရှင်များ လာရောက် ပြိုင်ကား မောင်းလေ့ ရှိကြသည်။ ဤတောင်ပေါ်တွင် အလွန် ကွေ့ကောက်သော လမ်းကွေ့ပေါင်း ၁၉ ခု ရှိပြီး ကိုးကွေ့ ဆယ့်ရှစ်ခေါက် ဟုပင် တင်စားခေါ်ဝေါ်ကြသည်။

ထို့အပြင် ဤတောင်ပေါ်တွင် နှစ်အနည်းငယ် ကြာတိုင်း ယာဉ်တိုက်မှုများ ဖြစ်ပွားလေ့ ရှိသည်။ တစ္ဆေခြောက်၍ မဟုတ်ဘဲ ပြိုင်ကား မောင်းရင်း အရှိန်လွန်ကာ လမ်းဘေးချောက်ထဲသို့ ထိုးကျသွားကြခြင်း ဖြစ်သည်။

ဆွန်ဖုန်း ဝင်ပေါက်သို့ ရောက်လာချိန်တွင် ထိုနေရာ၌ ကား ၇ စီး၊ ၈ စီးခန့် ရပ်နားထားသည်ကို တွေ့ရသည်။ လူငယ် ယောက်ျားလေး၊ မိန်းကလေး တစ်စုက ထိုနေရာတွင် စကားပြောနေကြပြီး ဆွန်ဖုန်း၏ ဖာရာရီ ပြိုင်ကား ဝင်လာသည်ကို မြင်သောအခါ အားလုံးက စိတ်ဝင်တစား ကြည့်လိုက်ကြသည်။

"ဟေး အစ်ကိုကြီး... လူစိမ်းပဲ... ခင်ဗျားလည်း ပြိုင်ကား လာမောင်းတာလား..."

လူကောင် ထွားထွားကြိုင်းကြိုင်းနှင့် လူငယ် တစ်ဦးက ဆေးလိပ်ကို ခဲလျက် ဆွန်ဖုန်း အနီးသို့ လာရောက် နှုတ်ဆက်သည်။

နိုင်ငံခြားသားများက ပုံမှန်အားဖြင့် အလွန် ရင်းနှီး ဖော်ရွေတတ်ကြသည်။ လူစိမ်း ဖြစ်နေလျှင်တောင် လာရောက် နှုတ်ဆက်လေ့ ရှိသည်။ အာရှဘက်ကလို လူစိမ်းဆို စကားမပြောဘူး ဆိုတာမျိုး မရှိပေ။

"အင်း... ပထမဆုံး အကြိမ် လာတာပါ... လူတစ်ယောက်က ကျွန်တော့်ကို လာပြိုင်ဖို့ ချိန်းထားလို့..."

ဆွန်ဖုန်းက ခပ်အေးအေးပင် ပြန်ဖြေလိုက်သည်။

"အော်... အဲဒီလိုလား... အစ်ကိုကြီးက ဖာရာရီ ပြိုင်ကားကြီးနဲ့ လာပြိုင်တာ ဆိုတော့ တကယ့်ကို အထာကျတာပဲ... ဖေးယွီ တောင်ရဲ့ လမ်းကွေ့တွေက တော်တော်လေး အန္တရာယ် များတယ်နော်... မတော်တဆ ထိခိုက်မိရင် အစ်ကိုကြီး ကားပြင်ခ တော်တော်လေး ကုန်လိမ့်မယ်..."

ထိုလူငယ်က စေတနာဖြင့် သတိပေးလိုက်သည်။ ဆွန်ဖုန်း ပြောသည့် စကားအရ ဤတောင်ပေါ် လမ်းတွင် တစ်ခါမှ မမောင်းဖူးသေးကြောင်း သူ ခန့်မှန်းမိသည်။

"ရပါတယ်... ကျွန်တော် ဖြည်းဖြည်းပဲ မောင်းမှာပါ..."

ဆွန်ဖုန်းက ပြုံးလျက် ဖြေလိုက်သည်။

"ကောင်းပါပြီဗျာ... ဖြည်းဖြည်း မောင်းရင် ဘယ်လိုလုပ် ပြိုင်ကား ပြိုင်လို့ ရမှာလဲ... အစ်ကိုကြီး ကိုယ့်ကိုယ်ကိုယ် အရှုံးပေးချင်နေတာလား..."

လူငယ်က ဟားဟား ရယ်မောလိုက်သည်။

"အစ်ကိုကြီး... လမ်းကြောင်း ကျွမ်းသွားအောင် အရင် တစ်ပတ်လောက် မောင်းကြည့်မလား..."

"မလိုပါဘူး... ကျေးဇူးပဲ..."

"အစ်ကိုကြီးက ဘယ်သူနဲ့ ပြိုင်မှာလဲ... တစ်ဖက်လူက ဒီကို ခဏခဏ လာနေကျလား... တကယ်လို့ ဟုတ်ရင် ကျွန်တော် သေချာပေါက် သိမှာ..."

ဆွန်ဖုန်း တစ်ယောက် ဆွံ့အသွားရသည်။ ဒီကောင်က တော်တော်လေး ဖော်ရွေပြီး စကားများတာပဲ။ သို့သော် ဆွန်ဖုန်း ကြည့်ရသလောက်တော့ ဒီလူငယ် အုပ်စုကလည်း ချမ်းသာတဲ့ ဒုတိယ မျိုးဆက်တွေ ဖြစ်ပုံရသည်။ တစ်ယောက်စီက ဒေါ်လာ သိန်းချီ တန်တဲ့ ကားတွေကို မောင်းနေကြတာ မဟုတ်ပါလား။

"ခဏနေ သူ ရောက်လာရင် မင်း သိသွားမှာပါ... သူ ဒီကို ခဏခဏ လာနေကျ ဖြစ်မယ် ထင်တယ်..."

ဆွန်ဖုန်းက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

"အော်... ဟုတ်ပြီ... ဒါဆို ခဏနေကျရင် အစ်ကိုကြီးကို အားပေးမယ်... အနောက်ကနေ လိုက်ပြီး တိုက်ရိုက် ထုတ်လွှင့်ပြမယ်လေ"

"ဒါနဲ့ အစ်ကိုကြီး... ခင်ဗျားတို့ ပြိုင်ပွဲမှာ လောင်းကြေး ပါသေးလား..."

ဒီလို ပြိုင်ပွဲမျိုးတွေမှာ အများအားဖြင့် ပိုက်ဆံ လောင်းကြေး ထပ်လေ့ ရှိကြသည်။

"ပါတာပေါ့ တစ်ဖက်လူက ပြောတယ်... သူ ရှုံးရင် သူ့ကို ကြိုက်သလို လုပ်ခွင့်ပေးမယ်တဲ့..."

ဆွန်ဖုန်းက ဟီးဟီးဟားဟား ရယ်လျက် ပြောလိုက်သည်။

"ဝေါ့စ် အစ်ကိုကြီး... ခင်ဗျားက မိန်းကလေး လာပိုးတာပဲ... ဒါ ပြိုင်ကား ပြိုင်တာမှ မဟုတ်တာ"

ထိုလူငယ်က ဆွန်ဖုန်းနှင့် ဆက်လက် စကားပြောရန် ပြင်လိုက်ချိန်မှာပင် ပြိုင်ကား တစ်စီးက အင်ဂျင်သံ ပြင်းပြင်းဖြင့် သူတို့ဆီသို့ ထိုးကျလာသည်။ ထို့နောက် ဆွန်ဖုန်း ကားနောက်မြီးနှင့် နှစ်ဆယ် စင်တီမီတာခန့် အကွာတွင် ရုတ်တရက် ရပ်တန့်သွားလေသည်။

"လမ်းကျွမ်းသွားအောင် အရင် တစ်ပတ်လောက် သွားမောင်းကြည့်ဦးမလား... ဒါမှ မဟုတ်ရင် နောက်ကျ နင့်ကို အနိုင်ကျင့်တယ်လို့ ပြောနေဦးမယ်"

ပြိုင်ကား ပြတင်းပေါက် ပွင့်လာပြီး အီဗာက သူမ၏ အလွန် လှပသော မျက်နှာလေးကို ထုတ်ကာ ဆွန်ဖုန်းကို မေးလိုက်သည်။

"မလိုပါဘူး... ကျေးဇူးပဲ..."

ဆွန်ဖုန်းက မဲ့ပြုံး ပြုံးကာ ဖြေလိုက်သည်။

"အာ... အီဗာ... အီဗာ သခင်မလေး အစ်ကိုကြီး... ခင်ဗျား ပြိုင်ရမယ့် သူက အီဗာ သခင်မလေးလား..."

ထိုလူငယ်က အီဗာကို မြင်သောအခါ ပါးစပ် အဟောင်းသားဖြင့် ဆွန်ဖုန်းကို မေးလိုက်သည်။

"အင်း... ဘာဖြစ်လို့လဲ... မရဘူးလား..."

ဆွန်ဖုန်းက ခပ်အေးအေးပင် ဖြေသည်။

"ရ... ရပါတယ်... ကျွန်တော် အရင် သွားနှင့်တော့မယ်..."

ထိုလူငယ်က အီဗာကို ကြောက်ရွံ့နေပုံ ရသည်။ အီဗာကို နှုတ်ဆက်ပြီးနောက် ချက်ချင်း လစ်ပြေးသွားတော့သည်။

"ဟွန့်... ဒီလောက်တောင် ယုံကြည်မှု ရှိနေတာလား..."

အီဗာက ဆွန်ဖုန်း၏ တည်ငြိမ်နေသော ပုံစံကို မြင်သောအခါ အထင်သေးစွာ ပြောလိုက်သည်။

"စလို့ ရပြီလား..."

ဆွန်ဖုန်းက အီဗာ၏ လှောင်ပြောင်မှုကို ဂရုမစိုက်ဘဲ မေးလိုက်သည်။

"ဒါပေါ့... ရတာပေါ့... နင်က မြန်မြန် သေချင်နေမှတော့... ငါ အရင် ရှင်းပြမယ်... ဒီတောင်ခြေ ဝင်ပေါက်ကနေ စထွက်မယ်... တောင်ထိပ် အထိ သွားပြီး ပြန်ဆင်းလာရမယ်... တောင်ခြေကို အရင် ရောက်တဲ့သူ နိုင်မယ်"

အီဗာက ရှင်းပြလိုက်သည်။

"ကောင်းပြီ"

ဆွန်ဖုန်းက ခေါင်းညိတ် သဘောတူလိုက်သည်။

"ဒါဆိုရင် စကြတာပေါ့..."

နောက်တစ်စက္ကန့်တွင် ကားနှစ်စီးက ယှဉ်လျက် ရပ်လိုက်ကြသည်။ ဒေစီက အချက်ပေးမည့် သူ အဖြစ် တာဝန်ယူလိုက်သည်။

"စပြီ"

လမ်းဘေးမှ ဒေစီက အချက်ပေးလိုက်သည်နှင့် အင်ဂျင်သံ ပြင်းပြင်း ထွက်ပေါ်လာပြီး ကားနှစ်စီးက တောင်ပေါ်သို့ မြားတစ်စင်းလို ပြေးထွက်သွားကြတော့သည်။

"ဝေါ့စ်... ခုနက လူက အီဗာ သခင်မလေးနဲ့ ပြိုင်ကား ပြိုင်မလို့တဲ့... အမလေး တန်ဖိုးကြီး ဖာရာရီ ပြိုင်ကား တစ်စီးတော့ ထပ်ပြီး ပျက်စီးရတော့မယ်... နှမြောစရာပဲ... အီဗာ သခင်မလေးက ဘာမှ မသိနားမလည်တဲ့ ကောင်လေး ဘယ်နှစ်ယောက်ကိုများ ဒုက္ခပေးပြီးပြီလဲ မသိဘူး..."

ခုနက လူငယ်က သူ့အုပ်စုထဲ ပြန်ရောက်သွားပြီး အခြား လူငယ်များကို ပြောပြနေသည်။

"အဲဒီ အာရှသား ချောချောလေးတော့ သနားစရာပဲ... အီဗာ သခင်မလေးရဲ့ အနိုင်ကျင့်မှုကို ခံရတော့မှာပဲ... ငါတို့ သူ့အတွက် သုံးမိနစ်လောက် ငြိမ်သက်ပြီး ဆုတောင်းပေးကြရအောင်..."

အစပိုင်းတွင် အီဗာက ဆွန်ဖုန်းကို ကျော်တက်သွားခဲ့သည်။ အကြောင်းမှာ ဖြောင့်တန်းသော လမ်း ဖြစ်ပြီး အီဗာ၏ ကားက ဆွန်ဖုန်း ကားထက် ပိုမို ကောင်းမွန်သောကြောင့် ဖြစ်သည်။ ဆွန်ဖုန်း၏ ဖာရာရီ ပြိုင်ကားက တရုတ်ယွမ် သန်းနှစ်ဆယ်ကျော် တန်ကြေးရှိသော်လည်း အီဗာ၏ ကားမှာ ယွမ် သန်းငါးဆယ်ခန့် တန်ကြေးရှိကြောင်း ဆွန်ဖုန်း သတိထားမိလိုက်သည်။ တကယ်ကို ချမ်းသာသော မိသားစုက သမီးလေးပင် ပိုက်ဆံတွေ သိပ်ပေါနေတာပဲ

ဆွန်ဖုန်း နောက်ကျန်ရစ်ခဲ့သည်ကို မြင်သောအခါ အီဗာ၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံး တစ်ခု ပေါ်လာသည်။

"ဟွန့်... ငါ့ကို နိုင်ချင်တယ် ဟုတ်လား... နောက်ဘဝမှပဲ ကြိုးစားတော့..."

"ဝုန်း... ဝုန်း... ဝုန်း"

အီဗာက လီဗာကို အဆုံးထိ နင်းကာ အရှိန်အပြည့်ဖြင့် မောင်းနှင်သွားသည်။ မတ်စောက်သော လမ်းကွေ့များကို လွယ်ကူစွာ ဖြတ်ကျော်သွားနိုင်သည်။

တောင်ခါးပန်းသို့ ရောက်ချိန်အထိ အီဗာက ဦးဆောင်နေဆဲ ဖြစ်ပြီး ဆွန်ဖုန်းကတော့ သူမ၏ ကားဖုန်များကိုသာ ရှူရှိုက်နေရသည်။

သို့သော် ဆွန်ဖုန်းက လုံးဝ စိုးရိမ်ပူပန်ခြင်း မရှိပေ။ သူက လမ်းကြောင်း အခြေအနေကို အရင် လေ့လာရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

တောင်ပေါ်မှ ပြန်ဆင်းချိန်ကျမှ တိုက်ခိုက်မည်ဟု ဆုံးဖြတ်ထားသည်။ တောင်ဆင်းလမ်းကမှ တကယ့် မောင်းနှင်မှု ကျွမ်းကျင်မှုကို စမ်းသပ်နိုင်မည့် နေရာ မဟုတ်ပါလား။ တောင်တက်လမ်းထက် တောင်ဆင်းလမ်းက ပို၍ စိတ်လှုပ်ရှားစရာ ကောင်းပြီး နည်းပညာ ပိုမို လိုအပ်သည်။

တောင်ထိပ်သို့ ရောက်ခါနီးတွင် အလွန် မတ်စောက်သော လမ်းကွေ့ သုံးခု ဆက်တိုက် ရှိသည်။ အီဗာက လုံးဝ အရှိန်မလျှော့ဘဲ ရှေ့သို့ အရှိန်ပြင်းပြင်းဖြင့် ဆက်လက် မောင်းနှင်သွားသည်ကို တွေ့ရသည်။

"ဝုန်း... ဝုန်း... ဝုန်း"

အားကောင်းသော အင်ဂျင်သံများက တောင်တန်းများ ကြားတွင် ပဲ့တင်ထပ်နေသည်။

"ရှဲ... ရှဲ... ရှဲ..."

တာယာနှင့် လမ်းမ ပွတ်တိုက်သံ စူးစူးဝါးဝါးများ ထွက်ပေါ်လာပြီး အီဗာသည် ထိုလမ်းကွေ့ သုံးခုကို တစ်ဆက်တည်း လျင်မြန်စွာ ဖြတ်ကျော်သွားသည်ကို သူမ နောက်မှ လိုက်လာသော ဆွန်ဖုန်း မြင်တွေ့လိုက်ရသည်။

တကယ်ပါပဲ... အီဗာက လေလုံးထွားနေတာ မဟုတ်ပါဘူး။ သူမရဲ့ ကားမောင်း ကျွမ်းကျင်မှုက တကယ်ကို အံ့မခန်းပါပဲ။ ဒါကြောင့်လည်း လူတွေ အများကြီး သူမကို ရှုံးနိမ့်ခဲ့ရတာ ဖြစ်မယ်။ တကယ်ကို အရည်အချင်း ရှိတဲ့ မိန်းမ တစ်ယောက်ပါပဲ

"ဆက်တိုက် အရှိန်ယူ လျှောတိုက် ကွေ့ခြင်း"

ဆွန်ဖုန်းက လေးနက်သော လေသံဖြင့် ရေရွတ်လိုက်လေသည်။

All Chapters