အခန်း ၂၉၂
Vol. 30 Ch. 292
အခန်း ၂၉၂ - ကျွန်မက ကြိုးတုပ်ပြီး ကစားရတာ ကြိုက်တယ်
"အစ်ကိုကြီး... ကျွန်တော်တို့ကို သင်ပေးပါဗျာ... နောက်ဆို အစ်ကိုကြီး ဘာခိုင်းခိုင်း ကျွန်တော်တို့ လုပ်ပေးပါ့မယ်..."
ခုနက လူငယ်လေးမှာ ဆွန်ဖုန်း၏ ကန်ထုတ်ခြင်းကို ခံလိုက်ရသော်လည်း လုံးဝ ဒေါသမထွက်ဘဲ မျက်နှာပြောင်တိုက်ကာ ထပ်မံ ကပ်ချွဲနေပြန်သည်။
"ဆရာကြီး... ကျွန်တော်တို့ကိုလည်း သင်ပေးပါဗျာ..."
ကျန်သော လူအုပ်ကြီးကလည်း ဆွန်ဖုန်း အနားသို့ ဝိုင်းအုံလာကြပြီး သနားစရာ မျက်နှာလေးများဖြင့် တောင်းဆိုကြသည်။
"ဆရာကြီး... ကျွန်တော်တို့ ဖေးယွီ တောင် ကားအဖွဲ့က ဆရာကြီးကိုပဲ အားကိုးရတော့မှာပါ... ဆရာကြီး မသိပါဘူး... ကျွန်တော်တို့လေ တစ်နှစ်ပတ်လုံး တခြား ကားအဖွဲ့တွေရဲ့ အနိုင်ကျင့်တာကို ခံနေရတာ... အရမ်းကို ခံပြင်းဖို့ ကောင်းတယ်... အဆိုးဆုံးက တခြား နေရာကနေ လာစိန်ခေါ်တဲ့ သူတွေကိုတောင် ကိုယ့်ကွင်းမှာ ကိုယ် မနိုင်ဘဲ အရှက်ကွဲနေရတာပဲ..."
ဆွန်ဖုန်းက သူ့ကို သနားစရာ မျက်လုံးများဖြင့် ဝိုင်းကြည့်နေကြသော လူအုပ်ကြီးကို ကြည့်ရင်း အတော်လေး ခေါင်းကိုက်သွားသည်။
'ဘာတွေ လာပြောနေတာလဲ... မင်းတို့ တခြား ကားအဖွဲ့ကို ရှုံးတာ ငါနဲ့ ဘာဆိုင်လို့လဲ... ပြီးတော့ ပြိုင်ကား မောင်းတယ် ဆိုတာ မွေးရာပါ ပါရမီ လိုအပ်တယ်... ဒီကောင်တွေ ကားမောင်းလာတာ ဘယ်လောက်တောင် ကြာနေပြီလဲ မသိဘူး... အခုထိ ဒီလောက် ညံ့နေတုန်းပဲ ဆိုတော့ ပြင်လို့ မရတော့ဘူး...' ဟု ဆွန်ဖုန်းက စိတ်ထဲမှ တွေးလိုက်သည်။
"အင်း... ဒီလို လုပ်ကြရအောင်... မနက်ဖြန် ည ၈ နာရီတိတိကျရင် ဒီနေရာမှာ လာစောင့်နေကြ... အဲဒီအချိန်ကျရင် ငါ လာခဲ့မယ်..."
ဆွန်ဖုန်းက စီးကရက်တိုကို လွှင့်ပစ်လိုက်ပြီး ပြောလိုက်သည်။
"ဆရာကြီး... ကျေးဇူးပါဗျာ..."
"ကျေးဇူးတင်ပါတယ်ဗျာ... ဒူးထောက် ရှိခိုးပါတယ်..."
လူအုပ်ကြီးက ဝမ်းသာအားရဖြင့် မျက်ရည်များပင် ကျမတတ် ကျေးဇူးတင်စကား ဆိုကြသည်။
"ကဲပါ... ငါ သွားတော့မယ်... တာ့တာ..."
ဆွန်ဖုန်းက လူအုပ်ကြီးကို လက်ပြ နှုတ်ဆက်ပြီး ကားပေါ်တက်ကာ ထွက်ခွာသွားလေသည်။
တကယ်တမ်းတော့ ဆွန်ဖုန်းက သူတို့ကို ကားမောင်း သင်ပေးရန် လုံးဝ စိတ်ကူး မရှိပေ။ သူတို့ကို အလွယ်တကူ ကတိပေးခဲ့ခြင်းမှာ လောလောဆယ် သူ့ကို ဆက်ပြီး မနှောင့်ယှက်စေရန်နှင့် မြန်မြန် လွတ်မြောက်အောင် လုပ်ခဲ့ခြင်းသာ ဖြစ်သည်။
...
အခြား တစ်ဖက်တွင် အီဗာနှင့် ဒေစီတို့ ကားပေါ်တွင်...
"အီဗာ... ခုနက နင် သဘောတူလိုက်တာ... တကယ်ပဲ အဲဒီ ဆွန်ဖုန်းနဲ့ ဒီည အိပ်မလို့လား..."
ခရီးသည် ထိုင်ခုံတွင် ထိုင်နေသော ဒေစီက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
သူမ၏ သူငယ်ချင်းက တစ်ခါလေးမှ မတွေ့ဖူးသေးသော... အော်... မဟုတ်သေးဘူး... ခုနက အကြိမ်နဲ့ပါ ဆိုရင် နှစ်ခါပဲ တွေ့ဖူးသေးတဲ့ ယောကျာ်း တစ်ယောက်နဲ့ အတူ အိပ်ဖို့ လွယ်လွယ်ကူကူ ဆုံးဖြတ်လိုက်သည်ကို သူမ လုံးဝ မယုံနိုင်အောင် ဖြစ်နေမိသည်။ ဒါက အီဗာရဲ့ စရိုက်မျိုး လုံးဝ မဟုတ်ပေ။
"ဘာလဲ... မရဘူးလား..."
အီဗာက ခပ်အေးအေးပင် ပြန်ဖြေသည်။ ဒေစီက သူမ၏ စိတ်ထဲမှ အကြံအစည်များကို လုံးဝ ခန့်မှန်းမိမည် မဟုတ်ပေ။
"ရတာပေါ့... ဘာလို့ မရရမှာလဲ... ဒါပေမဲ့ နင်က စိတ်တိုပြီး လုပ်တာလား... ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် အထင်သေးသွားလို့လား... ဒါမှမဟုတ်... နင် အဲဒီ ဆွန်ဖုန်းကို သဘောကျသွားလို့လား..."
ဒေစီက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
"ငါ သူ့ကို ဘယ်တော့မှ သဘောမကျဘူး... ဒါပေမဲ့ သူနဲ့ အပျော် ကစားကြည့်ဖို့တော့ ဝန်မလေးပါဘူး..."
အီဗာ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာလေသည်။
"ငါ သိသလောက် နင် ဘယ်ယောကျာ်းနဲ့မှ မအိပ်ဖူးသေးဘူး မဟုတ်လား... နင့်ရဲ့ အပျိုစင် ဘဝကို သူ့ကို အလကား ပေးလိုက်ရက်လို့လား..."
ဒေစီက နားမလည်နိုင်စွာ မေးလိုက်သည်။
"ဒီသခင်မလေး ကိုယ်တိုင်က အပျိုစင် ဘဝကို စွန့်လွှတ်ချင်နေတာ... မရဘူးလား..."
အီဗာက ဒေစီကို မျက်စောင်းထိုးကာ ပြောလိုက်သည်။
"ငါ နင့်ကို သိသလောက်တော့... နင် ဘာအကြံအစည် ယုတ်တွေ ကြံနေပြန်ပြီလဲ..."
ဒေစီက ပြုံးစိစိဖြင့် မေးလိုက်သည်။
"..."
...
'ဒီည သွားသင့်လား... မသွားသင့်ဘူးလား...'
ကားပေါ်တွင် ဆွန်ဖုန်း တစ်ယောက် မြို့ထဲ၌ လျှောက်မောင်းရင်း ထိုကိစ္စကို စဉ်းစားနေမိသည်။
အီဗာက လွယ်လွယ်ကူကူ သဘောတူလိုက်သည်ကို သူ အတော်လေး အံ့ဩမိသည်။ ဒါက တစ်ညတာ အချစ်ပွဲလေ။
'ထားလိုက်ပါတော့... သူ့ကို ခဏလောက် အကြာကြီး စောင့်ခိုင်းထားလိုက်ဦးမယ်... အရင်ဆုံး ဘားတစ်ခုခု သွားပြီး အရက်လေး ဘာလေး သောက်လိုက်ဦးမယ်... ပြီးမှ ရော်ရယ် ဟိုတယ်ကို သွားပြီး သူ ကတိတည်မတည် သွားကြည့်မယ်...'
ဆွန်ဖုန်းက ကားကို ကွေ့လိုက်ပြီး သူ အမြဲ သွားနေကျ ဘားတစ်ခုဆီသို့ ဦးတည်လိုက်သည်။
ည ၁၂ နာရီကျော်တွင် အီဗာသည် ရော်ရယ် ဟိုတယ်၏ အပေါက်ဝတွင် ရပ်နေသည်။ သူမ၏ မျက်လုံးများထဲတွင် ဒေါသမီးတောက်များ တောက်လောင်နေလေပြီ။
ဟုတ်ပါသည်။ သူမ ဤနေရာတွင် စောင့်နေသည်မှာ နာရီဝက်တိတိ ရှိနေပြီ ဖြစ်သည်။ အဲဒီ ကောင်စုတ်လေး ဆွန်ဖုန်းက အခုထိ ပေါ်မလာသေးပေ။
အကြိမ်အနည်းငယ်မျှ အီဗာ ထွက်သွားချင်စိတ် ပေါက်ခဲ့သည်။ အကြောင်းမှာ လက်တင် မိသားစု၏ သခင်မလေး ဖြစ်သူ သူမကို စောင့်ခိုင်းရဲသူ ဆိုသည်မှာ ဤလောကတွင် မရှိသေးသောကြောင့် ဖြစ်သည်။
အစကတော့ သူမက ဆွန်ဖုန်းကို အကြာကြီး စောင့်ခိုင်းပြီး ပညာပေးမည်ဟု တွေးထားခဲ့သည်။ ယောကျာ်း အများစုက သွေးဆူလွယ်ပြီး အားနည်းချက် ရှိသူများ ဖြစ်သဖြင့် သူမ၏ ကတိကို ရသည်နှင့် ဟိုတယ်ရှေ့တွင် အစောကြီးကတည်းက ရောက်နှင့်နေမည်ဟု ထင်ခဲ့သည်။ ထို့ကြောင့် အီဗာက ည ၁၂ နာရီမှ ရောက်လာခဲ့ခြင်း ဖြစ်သည်။
သို့သော် ဤနေရာသို့ ရောက်သောအခါ သူမ ဆွံ့အသွားခဲ့ရသည်။ တစ်ဖက်လူက သူမထက်ပင် ပို၍ နောက်ကျနေသေးသည်။ သူမထက် ပို၍ပင် တည်ငြိမ်နေသေးသည်။ ဤသည်မှာ အီဗာ ဘဝတွင် ပထမဆုံး အကြိမ် အဖြစ် ဒေါသထွက်လွန်း၍ ရူးသွပ်သွားမတတ် ခံစားလိုက်ရခြင်းပင်။
'ထားလိုက်တော့... ငါ သည်းခံမယ်... နင့်ကို ပညာပေးဖို့ အတွက် ငါ သည်းခံမယ်...'
အီဗာက ဟိုတယ် အပေါက်ဝတွင် ရပ်ရင်း အသက်ပြင်းပြင်း ရှူလိုက်သည်။ သူမ၏ ဖွံ့ထွားလှသော ရင်သားများက အသက်ရှူလိုက်တိုင်း နိမ့်ချည် မြင့်ချည် ဖြစ်နေကာ အလွန် ဆွဲဆောင်မှု ရှိလှသည်။ တဖြည်းဖြည်းနှင့် အီဗာ၏ ဒေါသများ ငြိမ်သက်သွားလေသည်။
"ဟွန့်... ဒီည နင့်ကို အသေအချာ ပညာပေးမယ်..."
အီဗာက အေးစက်စက် လေသံဖြင့် ကြိမ်းဝါးလိုက်သည်။
နောက်ထပ် ဆယ်မိနစ်ကျော် အကြာတွင် ဆွန်ဖုန်းက ကားကို အေးအေးလူလူ မောင်းနှင်ကာ ရော်ရယ် ဟိုတယ် အပေါက်ဝသို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာသို့ ရောက်သည်နှင့် ဆွဲဆောင်မှု အပြည့်ရှိသော ဂါဝန်လေးကို ဝတ်ဆင်ထားပြီး သူ့ကို စောင့်နေသည့် အီဗာကို တွေ့လိုက်ရသည်။
"အို... အီဗာ သခင်မလေး... မင်း လာမှာ မဟုတ်ဘူးလို့ ငါ ထင်နေတာ... မင်း တကယ် လာတာပဲ... တကယ်ပဲ ကတိတည်တဲ့ မိန်းမလှလေးပဲ..."
ဆွန်ဖုန်းက ကားကို ဟိုတယ် ဝန်ထမ်းထံ အပ်လိုက်ပြီး အီဗာ ရှေ့သို့ လျှောက်သွားကာ ရယ်မောလျက် ပြောလိုက်သည်။
"ဟွန့်... နင် ဒီလောက် နောက်ကျနေတာ တောင်းပန်စကား တစ်ခွန်းတောင် မပြောဘူးလား..."
အီဗာက မျက်နှာထား တင်းတင်းဖြင့် မေးလိုက်သည်။
"ကောင်းပါပြီ... တောင်းပန်ပါတယ် အီဗာ သခင်မလေး... အခု ငါတို့ အပေါ် တက်လို့ ရပြီလား..."
ဆွန်ဖုန်းက ယဉ်ကျေးစွာ တောင်းပန်လိုက်ပြီး မျက်နှာပြောင်တိုက်ကာ မေးလိုက်သည်။
"ရတာပေါ့... ဆေးဝယ်ပြီးပြီလား... နင် စွမ်းဆောင်ရည် မကောင်းမှာကို ငါ စိုးရိမ်လို့..."
အီဗာက မေးလိုက်သည်။
"ဟီးဟီး... စိတ်ချပါ... ငါ့ရဲ့ စွမ်းဆောင်ရည်က တကယ်ကို အံ့မခန်းပါပဲ..."
ဆွန်ဖုန်းက လုံးဝ အားနာခြင်း မရှိဘဲ အီဗာ၏ သေးသွယ်သော ခါးလေးကို ဖက်ကာ ဟိုတယ် ဧည့်ခန်းထဲသို့ ဝင်သွားလိုက်သည်။ တစ်ဝက်ခန့် အရောက်တွင် ဆွန်ဖုန်းက ရပ်လိုက်ပြီး "ဒါနဲ့... အခန်း ယူပြီးပြီလား..." ဟု မေးလိုက်သည်။
"ယူပြီးပြီ... သမ္မတ အခန်း နံပါတ် ၈၀၈ မှာ... သွားကြရအောင်..."
အီဗာက ဖြေလိုက်သည်။
"ကောင်းပြီ... အီဗာ သခင်မလေးက ငါ့ထက်တောင် ပိုလောနေသေးတာပဲ... အခန်းတောင် အသင့် ယူထားလိုက်ပြီ... ဟီးဟီး..."
ဆွန်ဖုန်းက ရယ်မောလိုက်ပြီး အီဗာကို ဖက်ကာ ဓာတ်လှေကားဖြင့် အဋ္ဌမထပ်ရှိ သမ္မတ အခန်းထဲသို့ ဝင်ရောက်သွားလေသည်။
အီဗာ၏ အလွန် လှပလွန်းသော အလှတရားကို မြင်သောအခါ ဆွန်ဖုန်း လုံးဝ မအောင့်နိုင်တော့ဘဲ စတင်ရန် ပြင်လိုက်တော့သည်။
ထိုအချိန်တွင် အီဗာက တိုးတိုးလေး ပြောလိုက်သည်။
"ဘာတွေ လောနေတာလဲ... ငါတို့ အရင် ဝိုင်သောက်ကြမယ်... စကားပြောကြမယ်... သံယောဇဉ်လေး နည်းနည်း တိုးလာအောင် လုပ်ပြီးမှ စရင် ပိုမကောင်းဘူးလား..."
အီဗာက ချွဲနွဲ့သော လေသံဖြင့် ပြောလာသည်ကို ကြားသောအခါ ဆွန်ဖုန်းက ပြုံးလိုက်ပြီး "ကောင်းပါပြီ... ရပါတယ်..." ဟု ဖြေလိုက်သည်။
ဆွန်ဖုန်း သဘောတူလိုက်သည်နှင့် အီဗာက ကိုယ်တိုင် ဝိုင်နှစ်ခွက် ငှဲ့လိုက်သည်။
"ချီးယားစ်..."
ဆွန်ဖုန်းက ပြုံးလျက် ဝိုင်ခွက်ကို မြှောက်လိုက်သည်။
"ချီးယားစ်..."
အီဗာကလည်း အပြုံးလေးဖြင့် တုံ့ပြန်လိုက်သည်။ သူမ၏ အပြုံးက ဆွန်ဖုန်း၏ ရင်ကို အနည်းငယ် လှုပ်ရှားသွားစေသည်။
ဆွန်ဖုန်းက တစ်ကျိုက်တည်း သောက်လိုက်ပြီးနောက် ဝိုင်ခွက်ကို လွှင့်ပစ်လိုက်ကာ ရယ်မောလျက် ပြောလိုက်သည်။
"ဝိုင်လည်း သောက်ပြီးပြီ... စကားပြောတာကတော့... လုပ်ရင်းကိုင်ရင်း စကားပြောလို့ ရတာပဲလေ... လာပါ... ငါ့ရဲ့ အလှလေး..."
ဆွန်ဖုန်းက အီဗာ၏ လက်ကို ဆွဲကာ အိပ်ခန်းထဲသို့ ခေါ်သွားလိုက်သည်။
"နေဦးလေ... နင် ခဏလောက် စောင့်ဦး... ငါ ပြောတာ နားထောင်ဦး... ငါက ကြိုးတုပ်ပြီး ကစားရတာ ကြိုက်တယ်... အဲဒါက ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းတယ်လေ..."
အီဗာက ဆွန်ဖုန်း၏ လက်ကို ရုန်းထွက်လိုက်ပြီး မျက်လုံးများ ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ညှို့ယူဖမ်းစားသော လေသံဖြင့် ပြောလိုက်သည်။
"ကြိုးတုပ်ပြီး... မင်းက ဒီလို ကစားနည်းကို သဘောကျတာလား... ကောင်းတာပေါ့... ငါ တစ်ခါမှ မစမ်းဖူးသေးဘူး... မင်းကို ဘယ်လို တုပ်ရမလဲ ဆိုတာ ငါ့ကို သင်ပေးဦးလေ..."
ဆွန်ဖုန်းက အလွန် စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။
'ဒီကောင်မလေးက တကယ်ကို ကစားတတ်တာပဲ... ကြည့်ရတာ ဒီနယ်ပယ်မှာ ကျွမ်းကျင်သူ တစ်ယောက် ဖြစ်မယ် ထင်တယ်...' ဆွန်ဖုန်းက စိတ်ထဲမှ တွေးလိုက်သည်။