အခန်း ၂၉၃
Vol. 30 Ch. 293
အခန်း ၂၉၃ - ကောက်ကျစ်စဉ်းလဲသော အီဗာ
စားပွဲပေါ်တွင် အသင့်ပြင်ထားသော ကြိုးတုတ်ကြီးအချို့ကို ဆွန်ဖုန်း တွေ့လိုက်ရသည်။
'ဒီကောင်မလေးက တကယ်ကို ကစားတတ်တာပဲ ကြည့်ရတာ အကြမ်းစားတွေ ကြိုက်တဲ့ပုံပဲ ဒါတွေတောင် အသင့်ပြင်ထားတယ်ဆိုတော့ တကယ်ကို စိတ်လှုပ်ရှားစရာပဲ'
ဆွန်ဖုန်းက စိတ်ထဲမှ တွေးလိုက်သည်။
အီဗာက မျက်နှာပေါ်တွင် အပြုံးလေးဖြင့် ဘာမှမပြောဘဲ ဆွန်ဖုန်းကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်နေသည်။
"အဟမ်း ကိုယ့်ဘာသာ တုပ်မှာလား ငါကပဲ တုပ်ပေးရမလား ငါတုပ်ပေးရင် အရမ်းကြမ်းသွားမှာ စိုးလို့ ဟီးဟီး ငါလည်း တစ်ခါမှ မတုပ်ပေးဖူးတော့ မင်း စိတ်မဆိုးလောက်ဘူးလို့ မျှော်လင့်ပါတယ်"
ဆွန်ဖုန်းက ရယ်မောရင်း ကြိုးသွားယူကာ ပြောလိုက်သည်။
"မဟုတ်ဘူး မဟုတ်ဘူး နင် နားလည်တာ လွဲနေပြီ ငါက ကိုယ့်ကိုယ်ကိုယ် အတုပ်ခံရတာကို ကြိုက်တာ မဟုတ်ဘူး တခြားလူကို တုပ်ရတာကို ကြိုက်တာ အင်း နင့်ကို တုပ်ပြီးမှ စချင်တာ"
အီဗာက ဆွန်ဖုန်းလက်ထဲမှ ကြိုးကို ဆွဲလုလိုက်ပြီး မျက်စပစ်ပြကာ ပြောလိုက်သည်။
"ဟာ မဟုတ်လောက်ဘူး ထင်တယ် ဒီလိုကိုး"
ဆွန်ဖုန်းတစ်ယောက် ကြောင်အမ်းအမ်း ဖြစ်သွားသည်။
သူက အီဗာကို ကြိုးတုပ်ပြီး လုပ်ရမည်ဟု ထင်ထားခဲ့သော်လည်း တကယ်တမ်းကျတော့ ဒီမိန်းမက သူ့ကို ကြိုးတုပ်ချင်နေခြင်း ဖြစ်သည်။
'တောက် တကယ်ကို ဒုက္ခပေးမယ့် မိန်းမ'
ဆွန်ဖုန်းက စိတ်ထဲမှ ကျိတ်ပြီး ဆဲဆိုလိုက်သည်။
"ဘာလဲ နင်က သဘောမတူဘူးလား နင် သဘောမတူဘူး ဆိုရင်လည်း ငါ ပြန်တော့မယ်"
အီဗာက ဆွန်ဖုန်း အနည်းငယ် တွန့်ဆုတ်နေသည်ကို မြင်သောအခါ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ဟီးဟီး ရပါတယ် ရပါတယ် ဘယ်သူက ဘယ်သူ့ကို တုပ်တုပ် အတူတူပါပဲ အီဗာ သခင်မလေးက ဒီလောက်တောင် စိတ်အားထက်သန်နေမှတော့ ငါလည်း မတတ်သာတဲ့အဆုံး နင့်သဘောကျ အတုပ်ခံလိုက်ပါ့မယ်"
ဆွန်ဖုန်းက ရယ်မောရင်း ကုတင်ပေါ်တွင် ပက်လက်လှန်ကာ လက်ဆန့်တန်းပေးလိုက်ပြီး သဘောရှိ တုပ်နိုင်ကြောင်း ဟန်ရေးပြလိုက်သည်။
ဆွန်ဖုန်းက ဤမျှ လွယ်လွယ်ကူကူ သဘောတူလိုက်သည်ကို မြင်သောအခါ အီဗာက ဆွန်ဖုန်းတစ်ယောက် တပ်မက်မှုတွေ ဖုံးလွှမ်းနေပြီဖြစ်ကြောင်း သိလိုက်ပြီး စိတ်ထဲမှ လှောင်ပြုံး ပြုံးလိုက်သည်။
"ကောင်းပြီ ဒါဆို ငါ တုပ်ပြီနော်"
မကြာမီမှာပင် ဆွန်ဖုန်း၏ လက်နှစ်ဖက်နှင့် ခြေနှစ်ဖက်စလုံးကို အီဗာက ကြိုးတုတ်ဖြင့် အသေအချာ တုပ်နှောင်လိုက်သည်။
သေချည် ချည်ထားခြင်း ဖြစ်သည်။
သာမန်လူတစ်ယောက်သာ ဆိုလျှင် အခြားသူ လာမဖြည်ပေးသရွေ့ ကိုယ့်ဘာသာ ဖြည်နိုင်မည် လုံးဝ မဟုတ်ပေ။
ဆွန်ဖုန်း ကုတင်ပေါ်တွင် ကြိုးတုပ်ခံထားရသည်ကို မြင်သောအခါ အီဗာက အေးစက်စက် လှောင်ပြုံး ပြုံးလိုက်သည်။
"ဆွန်ဖုန်း အခု စကြတာပေါ့ နင့်ရဲ့ စွမ်းဆောင်ရည်က ဘယ်လောက် ကောင်းလဲ ဆိုတာ ငါ ကြည့်ရသေးတာပေါ့"
"လာလေ ငါလည်း စောင့်တောင် မစောင့်နိုင်တော့ဘူး"
ဆွန်ဖုန်းက မျက်လုံးများ အရောင်လက်ကာ ပြောလိုက်သည်။
“ဖြောင်း…ဖြောင်း…ဖြောင်း…”
အီဗာက ဆွန်ဖုန်းရှေ့တွင် ရပ်ကာ ဂုဏ်ယူဝင့်ကြွားသော မျက်နှာဖြင့် လက်ခုပ် သုံးချက် တီးလိုက်ရာ မကြာမီမှာပင် တံခါးအပြင်ဘက်မှ လူအချို့ ဝင်လာကြသည်။
"ဒါ ဘာအခြေအနေကြီးလဲ မင်းက လူအများကြီး အတူတူ လုပ်ရတာကို ကြိုက်တာလား"
ဆွန်ဖုန်းက နားမလည်နိုင်စွာ မေးလိုက်သည်။
"ဆွန်ဖုန်း ခုနက နင်သောက်လိုက်တဲ့ ဝိုင်ထဲမှာ ငါ ဆေးခတ်ထားတယ် ခဏနေကျရင် ငါ စီစဉ်ပေးထားတဲ့ အရာတွေကို နင် တစ်ဝကြီး ခံစားလို့ ရပြီ"
အီဗာက ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်ကာ ဆွန်ဖုန်းကို ပြုံးလျက် ကြည့်နေသည်။
"ဘာ မင်း"
မကြာမီမှာပင် ဆွန်ဖုန်းသည် တံခါးဝမှ ဝင်လာသော ဝက်မကြီး လေးကောင်ကို တွေ့လိုက်ရသည်။
ထိုဝက်မကြီး လေးကောင်မှာ အလွန် ရုပ်ဆိုးပြီး အလွန်လည်း ဝဖြိုးကြသည်။
အပိန်ဆုံး ဆိုသူပင်လျှင် ပေါင် သုံးရာခန့် ရှိမည်ဟု ခန့်မှန်းရသည်။
ထိုဝက်မကြီး လေးကောင် ဝင်လာပြီးနောက် အီဗာကို ခေါင်းညိတ်ပြကြပြီး ဆွန်ဖုန်းကို တပ်မက်သော မျက်လုံးများဖြင့် ဝိုင်းကြည့်နေကြသည်။
'တောက် အီဗာ နင် ငါ့ကို ကစားသွားတာပဲ'
ဆွန်ဖုန်းက ဤအခြေအနေကို မြင်သောအခါ အရာအားလုံးကို သဘောပေါက်သွားလေပြီ။
အီဗာ ဆိုသည့် ကောင်မလေးက သူ့ကို အကွက်ဆင်သွားခြင်း ဖြစ်သည်။
ဒါကြောင့်လည်း အီဗာက ခုနကလို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
သူမက အကြမ်းစား ကစားနည်းကို ကြိုက်သည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း တကယ်တမ်း သူမက သူ့ကို ကြိုးတုပ်ပြီး ဤဝက်မကြီး လေးကောင်နှင့် နှိပ်စက်ခိုင်းရန် ရည်ရွယ်ထားခြင်း ဖြစ်နေသည်။
"ဟုတ်တယ် နင့်ကို ကစားတာပဲ ငါ အီဗာ ဆိုတာ ဘယ်တုန်းကမှ အရှက်ကွဲဖူးတဲ့ သူ မဟုတ်ဘူး ဆွန်ဖုန်း နင်က ပထမဆုံးပဲ"
အီဗာက အေးစက်စက် ရယ်မောလိုက်သည်။
ယခုအခါ ဆွန်ဖုန်းသည် သူမ လက်ထဲမှ ကစားစရာ အရုပ်လေး တစ်ရုပ် ဖြစ်နေပြီ ဖြစ်ပြီး ခဏနေလျှင် ဤဝက်မကြီး လေးကောင်က ဆွန်ဖုန်းကို မည်သို့ နှိပ်စက်မည်ကို ကိုယ်တိုင်ကိုယ်ကျ စောင့်ကြည့်ရန် ပြင်ထားသည်။
ပေါင် ရာချီ လေးသော ဝက်မကြီးများက အပေါ်မှ ထိုင်ချလိုက်ပါက ဆွန်ဖုန်းတစ်ယောက် နာကျင်လွန်း၍ သတိလစ်သွားမလား ဆိုသည်ကို သူမ အလွန် သိချင်နေမိသည်။
“မင်း ကတိမတည်ဘူး မင်းက ယုတ်မာတယ် အောက်တန်းကျတယ် အရှက်မရှိဘူး ဒီကိစ္စ အပြင်ရောက်သွားမှာကို မင်း မကြောက်ဘူးလား မင်း ကတိမတည်တာကို သိရင် နောက်ဆို ဘယ်သူက မင်းနဲ့ ပြိုင်ကား လာပြိုင်တော့မှာလဲ"
ဆွန်ဖုန်းက ဒေါသတကြီး ပြောလိုက်သည်။
"ဟင်းဟင်း ငါ့ကို လိုက်နေတဲ့ ငတုံးတွေ အများကြီး ရှိတယ် ငါ ကစားချင်တယ် ဆိုရင်ပဲ ငါနဲ့ လာပြိုင်မယ့် သူတွေ တန်းစီနေတာပဲ ဒီသခင်မလေးရဲ့ မျက်လုံးထဲမှာတော့ အရူးအမူး အားပေးတဲ့ သူတွေ ဘယ်တော့မှ မရှားပါဘူး"
အီဗာက မတ်တပ်ရပ်ကာ ဆွန်ဖုန်းကို အထက်စီးမှ ကြည့်ရင်း မာနထောင်လွှားသော မျက်နှာထားဖြင့် ပြောလိုက်သည်။
မိမိ၏ လက်ရာကို ကြည့်ပြီး အလွန် ပျော်ရွှင် ကျေနပ်နေသော မာနကြီးသည့် ဥဒေါင်းမလေး တစ်ကောင်နှင့် တူနေလေသည်။
"မင်း ဒီလို လုပ်ရဲတယ် ဆိုမှတော့ မင်းကို နောင်တရသွားအောင် ငါ လုပ်ပြမယ်"
ဆွန်ဖုန်းက သွားကြိတ်ကာ အော်ဟစ်လိုက်သည်။
ခုနက သောက်ထားသော ဝိုင်ထဲမှ ဆေးစွမ်းများက သူ၏ ခန္ဓာကိုယ်ထဲတွင် စတင် အစွမ်းပြနေပြီ ဖြစ်သည်။
သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုက ထူးကဲနေ၍သာ ယခုအချိန်အထိ ထိန်းချုပ်ထားနိုင်ခြင်း ဖြစ်သည်။
သာမန်လူသာ ဆိုလျှင် ယခုအချိန်တွင် ဝက်မကြီးကို မြင်လျှင်တောင် တက်လုပ်ချင်စိတ် ပေါက်နေလောက်ပြီ ဖြစ်သည်။
"ခြိမ်းခြောက်တာလား အရင်က ငါ့ကို ခြိမ်းခြောက်ခဲ့တဲ့ သူတွေ အားလုံး လမ်းဘေး ရောက်ကုန်ပြီ နင်က ငါ့ကို ခြိမ်းခြောက်ရဲတယ် ဆိုတော့ နင့်ကို ဘာမှ မကျန်တော့အောင် ငါ လုပ်ပစ်မယ်"
အီဗာက အေးစက်စက် လှောင်ပြုံး ပြုံးလိုက်သည်။
ဆွန်ဖုန်း၏ ခြိမ်းခြောက်မှုကို သူမက လုံးဝ ဂရုမစိုက်ပေ။
သူမက ဆွန်ဖုန်းကို ကြောက်ရမည်တဲ့လား။
သူက သာမန် စီးပွားရေး လုပ်ငန်းရှင်လေး တစ်ယောက်သာ ဖြစ်ပြီး တခြား လူငယ်တွေထက် နည်းနည်း ပိုတော်ရုံသာ ရှိသည်။
သူမ၏ အရှေ့တွင်တော့ ဆွန်ဖုန်းက ဘာမှ မဟုတ်ပေ။
"အီဗာ သခင်မလေး ကျွန်မတို့ စလို့ ရပြီလား"
ဝက်မကြီး လေးကောင်က ဆွန်ဖုန်းကို ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် အီဗာကို မေးလိုက်ကြသည်။
"ရတာပေါ့ နင်တို့ ကြိုက်သလို ကစားကြ မသေသွားရင် ရပြီ"
အီဗာက ခုံတစ်လုံးကို ပြတင်းပေါက်နားသို့ ရွှေ့ကာ ထိုင်လိုက်ပြီး သူမကိုယ်တိုင် ဝိုင်တစ်ခွက် ငှဲ့ကာ သူမ၏ လက်ရာကို စောင့်ကြည့်ရန် ပြင်လိုက်သည်။
ဆွန်ဖုန်း အနေဖြင့် လက်နှင့် ခြေထောက်များတွင် တုပ်နှောင်ထားသော ကြိုးများကို ရုန်းထွက်နိုင်မည်ဟု သူမ လုံးဝ မထင်ထားပေ။
"ကျေးဇူးတင်ပါတယ် အီဗာ သခင်မလေး ဒီအာရှသားက တော်တော်လေး ချောတာပဲ ညီမတို့ သွားကြစို့"
ပေါင် လေးရာကျော်ခန့် ရှိမည့် ခေါင်းဆောင် ဝက်မကြီးက အသံဆိုးကြီးဖြင့် အော်ကာ ဆွန်ဖုန်းအပေါ်သို့ ခုန်အုပ်ရန် ပြင်လိုက်သည်။
"အရမ်း ကောင်းတယ် အီဗာ နင် ငါ့ကို တကယ် ဒေါသထွက်အောင် လုပ်လိုက်ပြီပဲ"
ထိုအချိန်မှာပင် ဆွန်ဖုန်းက အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်ရာ သူ၏ လက်နှင့် ခြေထောက်များတွင် တုပ်နှောင်ထားသော ကြိုးများမှာ တစ်ခဏချင်းမှာပင် ပြတ်တောက်သွားတော့သည်။
“ဘုန်း …ဘုန်း… ဘုန်း.. ဘုန်း”
ဆွန်ဖုန်းက လက်သီး လေးချက် ဆက်တိုက် ထိုးချလိုက်ရာ ထိုဝက်မကြီး လေးကောင်မှာ မြေပြင်ပေါ်သို့ သတိလစ် လဲကျသွားကြသည်။
ထို့နောက် ဆွန်ဖုန်းသည် ငရဲပြည်မှ တက်လာသော မိစ္ဆာ တစ်ကောင်လို နီရဲနေသော မျက်လုံးများဖြင့် အီဗာ၏ အရှေ့သို့ ရောက်လာကာ ဒေါသတကြီး စိုက်ကြည့်နေတော့သည်။
"နင် နင် ဘယ်လိုလုပ် ရုန်းထွက်လိုက်တာလဲ မဖြစ်နိုင်ဘူး"
ခုနက ဂုဏ်ယူဝင့်ကြွားနေသော အီဗာ၏ မျက်နှာမှာ ယခုအခါ ဖြူရော်သွားလေပြီ။
အမှားအယွင်း မရှိနိုင်ဟု ထင်ထားသော အစီအစဉ်က ရုတ်တရက် ပျက်စီးသွားလိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့ပေ။
ဆွန်ဖုန်းက လက်မထက်ပင် တုတ်သော ကြိုးကြီးများကို ရုန်းဖြတ်နိုင်ခဲ့သည်။
ကြွက်သား အတောင့်တင်းဆုံး လူမိုက်ကြီးတွေတောင် ရုန်းလို့ မရနိုင်တဲ့ ကြိုးတွေကို သူ ဘယ်လို လုပ်လိုက်တာလဲ။
မွေးရာပါ ခွန်အားကြီးနေတာလား။
ခွန်အားက ဘာလို့ ဒီလောက်တောင် ကြီးမားနေရတာလဲ။
ပြီးတော့ ထိုဝက်မကြီး လေးကောင်လုံးကိုလည်း သူက သတိလစ်သွားအောင် ထိုးကြိတ်ပစ်လိုက်သေးသည်။
ယခုအခါ ဆွန်ဖုန်းက သားရဲ တစ်ကောင်လို အီဗာကို စိုက်ကြည့်နေရာ သူမမှာ ရေခဲတိုက်ထဲ ကျသွားသလို အေးစက် ထိတ်လန့်သွားရသည်။
အမြဲတမ်း တည်ငြိမ်နေတတ်သော သူမမှာ တစ်ခဏချင်းမှာပင် ဘာလုပ်ရမှန်း မသိအောင် ကြောင်အမ်းအမ်း ဖြစ်သွားသည်။
သူမ၏ သက်တော်စောင့်များက အောက်ထပ်တွင် ကျန်ရစ်ခဲ့ပြီး အပေါ်သို့ လိုက်မလာခဲ့ကြပေ။
ဒီတစ်ခါတော့ တကယ်ကို ပြဿနာ ကြီးသွားလေပြီ။
"နင်က သိပ်ကစားတတ်တာပဲကိုး"
ဆွန်ဖုန်းက အီဗာ၏ မျက်နှာ အနားသို့ ကပ်ကာ ကြောက်မက်ဖွယ် ကောင်းသော မျက်နှာထားဖြင့် ပြောလိုက်သည်။
"နင် နင် ဘာလုပ်မလို့လဲ ငါ ပြောမယ် စိတ်အေးအေးထားပါ စိတ်အေးအေးထား နင် ငါ့ကို ထိရဲရင် နင့်ကို ပြဿနာ အကြီးအကျယ် တက်အောင် ငါ လုပ်ပစ်မယ်"
အီဗာက ကုလားထိုင်ပေါ်မှ ခုန်ထကာ ထောင့်စွန်းသို့ နောက်ဆုတ်သွားပြီး ဆွန်ဖုန်းကို ထိတ်လန့်တကြား ကြည့်ကာ ပြောလိုက်သည်။
"ဟွန့် နင့်ကို ဘာလုပ်မလဲ ဟုတ်လား သခင်မလေးရေ ငါ ပြိုင်ပွဲ နိုင်လို့ ရသင့်ရထိုက်တဲ့ ဆုကြေးကို ပြန်ယူမလို့လေ"
ဆွန်ဖုန်းက နီရဲနေသော မျက်လုံးများဖြင့် တစ်လှမ်းချင်း ရှေ့တိုးလာသည်။
'တောက် ငါ့ကို ဒီလောက်တောင် လာစမ်းရဲတယ် ဆိုတော့ နင့်အဖေက နတ်မင်းကြီးပဲ ဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အရင်ဆုံး အတိုးလေး ပြန်ယူရသေးတာပေါ့'
ဆွန်ဖုန်းက စိတ်ထဲမှ ကြိမ်းဝါးလိုက်သည်။