← Chapters

အခန်း ၂၉၄

Vol. 30 Ch. 294

အခန်း ၂၉၄

Vol. 30 Ch. 294

အခန်း ၂၉၄ - အဖျက်ဆီးခံလိုက်ရခြင်း

"နင် ဒီလိုလုပ်လိုက်ရင် ဘာဖြစ်လာမလဲ ဆိုတာ စဉ်းစားပြီးပြီလား နင်သာ ဒီလိုလုပ်ရင် နောက်ပိုင်းမှာ တကယ် နောင်တရသွားအောင် ငါ လုပ်ပစ်မယ်"

အီဗာသည် ထောင့်စွန်းတွင် ကွေးကွေးလေး ဖြစ်နေပြီး ဆွန်ဖုန်းကို ကြောက်လန့်တကြား ကြည့်ကာ ပြောလိုက်သည်။ သူမ၏ အသံမှာ အက်ကွဲနေပြီး ဆွန်ဖုန်းကို ဤစိတ်ကူးမှ ရပ်တန့်စေချင်လှသည်။ သူမ တကယ်ကို ထိတ်လန့်သွားပြီး ကြောက်ရွံ့နေပြီ ဖြစ်သည်။

"ကြောက်သွားပြီလား ဟွန့်... ခုနကတော့ မာနကြီးပြီး စိန်ခေါ်နေတဲ့ ပုံစံမျိုးနဲ့လေ အခုကျမှ ဘာလို့ ကြောက်နေရတာလဲ ငါ့ကို ခြိမ်းခြောက်သေးတယ်ပေါ့ ငါ ပြောမယ်... မင်း ငါ့ကို ခြိမ်းခြောက်လေလေ ငါ မင်းကို ပိုလုပ်ချင်လာလေပဲ"

ဆွန်ဖုန်းက ရက်စက်စွာ ရယ်မောလိုက်သည်။ သူ့ကို တစ်စုံတစ်ယောက်က ခြိမ်းခြောက်သည်ကို သူ အမုန်းဆုံး ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ကိစ္စက ဒီလောက်အထိ ရောက်နေပြီ ဖြစ်ရာ အကျိုးဆက်တွေကလည်း သေချာနေပြီ ဖြစ်၍ အမြတ်ထုတ်ရတာပေါ့ဟု တွေးလိုက်သည်။

"ငါ... ငါ မကြောက်ပါဘူး"

အီဗာက နောက်ဆုံးတော့ ကလေးလေး တစ်ယောက်လို အမူအရာမျိုး ပေါ်လာသည်။ သူမ အသက်အရွယ်ကလည်း သိပ်မကြီးသေးသဖြင့် အတော်လေး သနားစရာ ကောင်းနေလေသည်။

ဆွန်ဖုန်းက တစ်လှမ်းချင်း တိုးကပ်လာသည်။

"နင်... နင် အနားကို မလာနဲ့"

အီဗာက လက်ကို ဆန့်ထုတ်ကာ တားဆီးရန် ကြိုးစားသည်။ သို့သော် သူမလို မိန်းကလေး တစ်ယောက်က ဆွန်ဖုန်းကို ဘယ်လိုလုပ် တားဆီးနိုင်မည်နည်း။ သူမ၏ လက်နှစ်ဖက်ကို ဆွန်ဖုန်းက ဖမ်းဆုပ်လိုက်ပြီးနောက် သူမ၏ အပေါ်အင်္ကျီကို ဆွဲဖြဲလိုက်သည်။

ရွှမ်း ဆိုသော အသံနှင့်အတူ အီဗာ၏ အင်္ကျီမှာ ဆွန်ဖုန်း၏ ဆွဲဖြဲခြင်းကို ခံလိုက်ရပြီး အပေါ်ပိုင်းတွင် အတွင်းခံ အင်္ကျီလေးသာ ကျန်ရစ်တော့သည်။

"ဟွန့်... ဒီတစ်ခါတော့ ငါ့ရဲ့ စွမ်းဆောင်ရည်က ဘယ်လောက် ကောင်းလဲ ဆိုတာ မင်း ကောင်းကောင်း သိသွားလိမ့်မယ် မင်း မနက်ဖြန် ကုတင်ပေါ်ကနေ ဆင်းနိုင်တော့မှာ မဟုတ်ဘူး ဆိုတာ ငါ အာမခံတယ်"

ဆွန်ဖုန်းက ကြမ်းတမ်းစွာ ပြောလိုက်သည်။

"လူယုတ်မာ"

အီဗာက ဆဲဆိုလိုက်သည်။ သူမ ခုခံ၍ မရနိုင်ကြောင်း သိလိုက်ရသဖြင့် မျက်လုံးကို မှိတ်ကာ အရှုံးပေးလိုက်သည်။ ဆွန်ဖုန်းက နောက်ထပ် အဆင့်ကို တက်လှမ်းရန် ပြင်ဆင်နေချိန်မှာပင် သမ္မတ အခန်း၏ တံခါးမှာ အားပြင်းပြင်းဖြင့် ပွင့်ထွက်သွားသည်။

ဘုန်း ဆိုသော အသံကြီး ထွက်ပေါ်လာသည်။

နောက်တစ်စက္ကန့်တွင် လူသန်ကြီး ခုနစ်ယောက် ရှစ်ယောက်ခန့် အခန်းထဲသို့ ပြေးဝင်လာကြသည်။ ဆွန်ဖုန်း အီဗာကို လုပ်တော့မည့် အနေအထားကို မြင်သည်နှင့် သူတို့က ဆွန်ဖုန်းကို ဆွဲဖယ်ရန် အပြေးအလွှား ဝင်လာကြသည်။

'တောက် အချိန်ကောင်းမှ အဖျက်ဆီးခံလိုက်ရတာပဲ'

ဆွန်ဖုန်း စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

ဆွန်ဖုန်းက အီဗာကို လွှတ်ပေးလိုက်ပြီးနောက် နောက်သို့ လှည့်လိုက်သည်။ သူက တိုက်ခိုက်ချင်တာ မဟုတ်ပေ။ သို့သော် ထိုလူသန်ကြီးများက ဘာမှ မမေးဘဲ သူ့ကို အသက်နှင့် လဲပြီး တိုက်ခိုက်ရန် ပြင်လာကြသဖြင့် သူလည်း ပြန်လည် ခုခံရတော့မည်သာ ဖြစ်သည်။

အရှေ့ဆုံးမှ လာသော နိုင်ငံခြားသား လူသန်ကြီးမှာ အရပ် ၆ ပေ ၇ လက်မခန့် ရှိပြီး နဂါးတစ်ကောင်လို ပုံပန်းရှိသည်။ သူက ဘာစကားမှ မပြောဘဲ ဆွန်ဖုန်း၏ မျက်နှာကို လက်သီးဖြင့် အားကုန် ထိုးနှက်လာသည်။

ဆွန်ဖုန်းက နောက်သို့ မဆုတ်ဘဲ ရှေ့သို့ တိုးဝင်လိုက်သည်။ ခြေထောက်ကို လျှပ်တစ်ပြက် အသုံးပြုကာ တစ်ဖက်လူ၏ ဝမ်းဗိုက်ကို ကန်လိုက်ရာ ထိုလူသန်ကြီးမှာ လွင့်ထွက်သွားပြီး သူ့အနောက်ရှိ လူသုံးယောက် လေးယောက်ကိုပါ တိုက်မိကာ လဲကျသွားသည်။

ထိုလူသန်ကြီးမှာ တစ်ခါတည်း သတိလစ်သွားသည်။ ကျန်သော သူများမှာလည်း နာကျင်လွန်း၍ မထနိုင်ကြတော့ပေ။

"သွားချကြစမ်း သူ့ကို သတ်ပစ် တစ်ခုခု ဖြစ်ရင် ငါ တာဝန်ယူမယ်"

ထိုအချိန်တွင် တံခါးဝမှ အဖြူရောင် ဝတ်စုံဖြင့် နိုင်ငံခြားသား လူချော တစ်ယောက် ဝင်လာသည်။ သူက သွေးစုပ်ဖုတ်ကောင် ဇာတ်ကားထဲက မင်းသားလို အလွန် ချောမောနေသည်။

ရပ်နေသေးသော လူသုံးယောက်က သူတို့ အလုပ်ရှင်၏ အမိန့်ကို ကြားပြီးနောက် ဆွန်ဖုန်းကို ပြေးတိုက်လာကြသည်။ သူတို့က ဆွန်ဖုန်း၏ အစွမ်းကို ခုနက မြင်ခဲ့ရသဖြင့် အတော်လေး ကြောက်လန့်နေကြသည်။ သို့သော် အလုပ်ရှင်က ခိုင်းထားသဖြင့် အလုပ်ပြုတ်မှာ စိုး၍ မဖြစ်မနေ တိုက်ခိုက်ရတော့မည်။

"ဟွန့်... ဒီလောက်လေးနဲ့ ငါ့ကို သတ်ချင်နေတာလား တကယ်ကို ရယ်စရာပဲ"

ဆွန်ဖုန်းက ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီး လက်သီး သုံးချက်ကို လျှပ်တစ်ပြက် ထိုးလိုက်ရာ ထိုသုံးယောက်စလုံး ချက်ချင်း လဲကျသွားသည်။

"အသုံးမကျတဲ့ကောင်တွေ အားလုံး အသုံးမကျတဲ့ ကောင်တွေ"

အဖြူရောင် ဝတ်စုံနှင့် လူချောမှာ သူ၏ သက်တော်စောင့်များ အားလုံး စက္ကန့်ပိုင်းအတွင်း လဲကျသွားသည်ကို မြင်သောအခါ မျက်နှာ ပျက်သွားသည်။ ဆွန်ဖုန်း၏ သားရဲတစ်ကောင်လို အကြည့်ကို မြင်သောအခါ သူ အလိုလို နောက်သို့ ခြေလှမ်း တစ်လှမ်း ဆုတ်လိုက်မိသည်။

"ချားလ်စ် နင် ဘာလို့ ရောက်လာတာလဲ"

ထောင့်စွန်းတွင် ကွေးကွေးလေး ဖြစ်နေသော အီဗာသည် မျက်နှာပေါ်တွင် မျက်ရည်စများဖြင့် ချားလ်စ် ရောက်လာသည်ကို မြင်သောအခါ သက်ပြင်းချလိုက်သည်။ သူက သက်တော်စောင့် ခုနစ်ယောက် ရှစ်ယောက်ခန့်ကို ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

သို့သော် ဆွန်ဖုန်း၏ လက်ချက်ကြောင့် အားလုံးမှာ စက္ကန့်ပိုင်းအတွင်း လဲကျသွားသဖြင့် သူမ၏ စိုးရိမ်မှုများ ပြန်လည် တက်လာပြန်သည်။

"မင်း တခြားလူနဲ့ အိပ်တော့မယ် ဆိုလို့ ငါ မလာဘဲ နေနိုင်မလား ငါသာ မလာရင် မင်း ဒီလူ့လက်ထဲမှာ အကုန်ဆုံးရှုံးရတော့မှာ"

ချားလ်စ်က အီဗာကို တစ်ချက်ကြည့်ပြီးနောက် ဆွန်ဖုန်းကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ သူက အီဗာကို နှစ်ပေါင်းများစွာ ချစ်မြတ်နိုးခဲ့သော်လည်း အခုထိ အောင်မြင်မှု မရသေးပေ။ မိနစ် ၃၀ ခန့်က အီဗာ ပြိုင်ပွဲ ရှုံးသွားပြီးနောက် ဆွန်ဖုန်းနှင့်အတူ အိပ်တော့မည် ဆိုသည့် သတင်းကို ကြားသောအခါ သူ တကယ့်ကို ဒေါသထွက်သွားခဲ့သည်။

သူ တကယ်ကို လိုချင်နေသော မိန်းမပျိုလေးကို အခြား ယောကျာ်းတစ်ယောက်နှင့် အတူ မနေစေချင်ပေ။ ထို့ကြောင့် သူ စုံစမ်းပြီးသည်နှင့် သက်တော်စောင့်များကို ခေါ်ကာ ချက်ချင်း ရောက်လာခဲ့ခြင်း ဖြစ်သည်။

ဒီကို ရောက်တော့မှ သူ မမြင်ချင်ဆုံး အဖြစ်အပျက်ကို မမြင်ရသေးကြောင်း သိလိုက်ရသဖြင့် အနည်းငယ် စိတ်အေးသွားသည်။ အီဗာက တကယ်တမ်း ဆွန်ဖုန်းနှင့် အတူ အိပ်ချင်နေပုံ မပေါ်ပေ။

"ဟဲ... မင်းကြောင့် ငါ့ရဲ့ အစီအစဉ်တွေ ပျက်စီးသွားပြီ မင်းက အရိုက်ခံချင်နေတာလား"

ဆွန်ဖုန်းက ယနေ့ညတော့ ဘာမှ လုပ်လို့ မရတော့မှန်း သိလိုက်သည်။ တကယ်လို့ သူ ဆက်လုပ်နေရင် ရဲစခန်းရောက်သွားနိုင်သည် မဟုတ်ပါလား။

"ဟွန့်... မင်းသာ ငါ့ကို ရိုက်ရင် မင်း ထောင်ထဲမှာ တစ်သက်လုံး နေရလိမ့်မယ်"

ချားလ်စ်က အထင်သေးစွာ ပြောလိုက်သည်။

ချားလ်စ်က ဆွန်ဖုန်းကို တစ်ချက် စိုက်ကြည့်ပြီးနောက် အီဗာ အနားသို့ သွားကာ သူ၏ အပေါ်အင်္ကျီကို ချွတ်ပြီး အီဗာကို ဝတ်ပေးလိုက်သည်။

"မင်း အဆင်ပြေရဲ့လား မင်း တကယ်ပဲ အန္တရာယ် များတဲ့ ကစားနည်းကို ကစားမိတော့မလို့ပဲ ငါသာ မလာရင် မင်း ဒုက္ခရောက်တော့မှာ"

ချားလ်စ်က အခန်းတွင်းရှိ ကြိုးများ ဝက်မကြီး လေးကောင်နှင့် အီဗာ၏ မျက်ရည်စက်များကို မြင်သောအခါ အရာအားလုံးကို ခန့်မှန်းမိလိုက်သည်။ သူ၏ စိတ်ကူးထဲတွင် အီဗာက ဆွန်ဖုန်းကို စနောက်ရန် ကြိုးစားရင်း သူကိုယ်တိုင် ဒုက္ခရောက်တော့မလို ဖြစ်သွားသည်ဟု ထင်လိုက်သည်။

အီဗာက ဘာမှ ပြန်မပြောဘဲ ဆွန်ဖုန်းကိုသာ မုန်းတီးသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

"သခင်မလေး သခင်မလေး အဆင်ပြေရဲ့လား"

ထိုအချိန်တွင် အီဗာ၏ သက်တော်စောင့် နှစ်ယောက် ပြေးဝင်လာသည်။ အီဗာ တစ်ခုခု ဖြစ်နေသည်ကို မြင်သောအခါ အလျင်အမြန်ပင် ရှေ့မှနေ၍ ကာကွယ်လိုက်သည်။

"ချားလ်စ် သခင်လေးလည်း ရောက်နေတာပဲလား"

"သခင်မလေး ဘာဖြစ်တာလဲ အပို လူတွေ ထပ်ခေါ်ရမလား"

သက်တော်စောင့် နှစ်ယောက်သည် အီဗာ အဆင်ပြေနေသည်ကို မြင်သောအခါမှ သက်ပြင်းချနိုင်တော့သည်။ သူမသာ တစ်ခုခု ဖြစ်သွားလျှင် သူတို့ အသက်ရှင်ဖို့ မလွယ်တော့ပေ။

ခုနက သူတို့ကို အီဗာက ခဏ လွှတ်ပေးထားခြင်း ဖြစ်သည်။ ချားလ်စ် လူစု ရောက်လာမှသာ သူတို့လည်း လိုက်လာခဲ့ခြင်း ဖြစ်သည်။ ယခု အခန်းထဲတွင် ဖြစ်ပျက်နေသည်မှာ ဤအာရှသား လူငယ်လေး၏ လက်ချက် ဖြစ်ကြောင်း သူတို့ ခန့်မှန်းမိလိုက်သည်။

"မင်း ဘယ်သူလဲ ငါတို့ သခင်မလေးကို မင်း စော်ကားလိုက်တာလား"

သက်တော်စောင့် တစ်ယောက်က ဆွန်ဖုန်းကို မေးလိုက်သည်။

"ဘာကို စော်ကားတာလဲ မင်းတို့ သခင်မလေးနဲ့ ငါနဲ့ ကားပြိုင်ပွဲ ပြိုင်တယ် သူက ကတိပေးထားတယ် ရှုံးရင် ငါ့ကောင်မလေး ဖြစ်ရမယ်တဲ့ ငါတို့ နှစ်ယောက် စကားပြောနေတာကို ဒီ ချားလ်စ် ဆိုတဲ့ကောင်က ဘာမှ မဆိုင်ဘဲ ဝင်နှောင့်ယှက်နေတာ ဟွန့်... ငါ မင်းတို့ကို အပြစ်ပေးရဦးမှာ အခုတော့ မင်းတို့က ငါ့ကို အပြစ်ပေးမလို့လား"

ဆွန်ဖုန်းက အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။

"ဒါ... ဒါက... သခင်မလေး"

သက်တော်စောင့် နှစ်ယောက်က အီဗာကို မေးမြန်းလိုက်သည်။ အီဗာက တကယ်ပဲ ပြိုင်ပွဲတွင် ရှုံးလျှင် သူမကို ရရှိမည် ဆိုသည့် ကတိကို ပေးထားဖူးကြောင်း သူတို့ သိထားကြသည်။ နှစ်ပေါင်းများစွာ ဒီကတိကို ပေးထားခဲ့သော်လည်း ဘယ်သူမှ မနိုင်ခဲ့ကြပေ။

All Chapters