အခန်း ၂၉၅
Vol. 30 Ch. 295
အခန်း ၂၉၅ - ဆွန်ဖုန်းကို ပစ်မှတ်ထားခြင်း
အီဗာသည် နှုတ်ခမ်းကို စေ့ထားပြီး ဘာမှ ဝင်မပြောပေ။ သို့သော် သူမဘေးမှ ချားလ်စ်က ဝင်ပြောလိုက်သည်။
"အီဗာက မင်းကို နောက်ပြောင်နေတာပါ မင်းက တကယ် ထင်နေတာလား"
ဟု ချားလ်စ်က လှောင်ပြောင်လိုက်သည်။
"အီဗာ အရမ်း ကောင်းတယ် ပြောစကား မတည်ဘူးပေါ့"
ဆွန်ဖုန်းကလည်း ဒီလူတွေနဲ့ ဆက်ပြီး စကားများမနေချင်တော့ဘဲ လှည့်ထွက်သွားရန် ပြင်လိုက်သည်။ ဘာပဲဖြစ်ဖြစ် အိပ်ဖို့ကလည်း မဖြစ်နိုင်တော့မှတော့ ဆက်နေပြီး ဘာလုပ်ရမည်နည်း။
ထို့အပြင် ယခုအချိန်တွင် ဆွန်ဖုန်းအနေဖြင့် အချိန်အတော်ကြာ အောင့်အည်းထားရသော ဆေးစွမ်းများ တက်လာပြီဖြစ်ရာ အနည်းငယ် နေရခက်လာသည်။
မြန်မြန် မိန်းမတစ်ယောက် ရှာပြီး ဆေးစွမ်း ဖြေထုတ်ရန် လိုအပ်နေသည်။ ဒီတစ်ခေါက်တော့ တကယ်ကို အရှုံးကြီး ရှုံးသွားတာပဲ။
'တောက် အဲဒီ ချားလ်စ်ဆိုတဲ့ကောင်သာ ဝင်မလာရင် ဒီည တကယ်ကို အရသာ ရှိနေမှာ'
ဆွန်ဖုန်းက စိတ်ထဲမှ တွေးလိုက်သည်။
"ဟွန့် သောက်ရူး"
ချားလ်စ်က ဆွန်ဖုန်း ထွက်သွားသည်ကို ကြည့်ပြီး ဆဲဆိုလိုက်သည်။
"အီဗာ အဲဒီ ဆွန်ဖုန်းဆိုတဲ့ကောင်ကို ငါ့လူတွေ လွှတ်ပြီး ပညာပေးလိုက်ရမလား"
ချားလ်စ်သည် အီဗာ၏ မျက်လုံးများထဲမှ ဆွန်ဖုန်းအပေါ် မုန်းတီးနေမှုများကို မြင်လိုက်ရသည်။ အီဗာကို သဘောကျနေသူတစ်ယောက် အနေဖြင့် သူမ၏ ပြဿနာများကို ဖြေရှင်းပေးပြီး သူမရှေ့တွင် မျက်နှာရအောင် လုပ်ချင်နေမိသည်။
"မလိုပါဘူး နင် လာကူညီတာ ကျေးဇူးတင်ပါတယ် ငါ ပင်ပန်းနေပြီ ပြန်နားတော့မယ်"
အီဗာက သူမ၏ သက်တော်စောင့် နှစ်ယောက်ကို ခေါ်ကာ သမ္မတ အခန်းထဲမှ ထွက်သွားလေသည်။
"အို ဘုရားသခင် အီဗာက ငါ့ကို ကျေးဇူးတင်တယ်လို့ ပြောသွားတယ် ဟားဟားဟား ဒီနှစ်တွေ အတွင်းမှာ သူမ ငါ့ကို ကျေးဇူးတင်တယ်လို့ ပထမဆုံး အကြိမ် ပြောဖူးတာပဲ"
ချားလ်စ်မှာ အလွန် ဝမ်းသာသွားပြီး ရူးမတတ် ရယ်မောနေတော့သည်။
"တောက် ကံဆိုးလိုက်တာ"
ဆွန်ဖုန်းသည် ကားဂိုဒေါင်သို့ ရောက်ရှိလာပြီး ကားပေါ်တက်ကာ ကျိန်ဆဲလိုက်သည်။ ဤကဲ့သို့ စိတ်ပျက်စရာ ကောင်းသော ကိစ္စမျိုး ကြုံရမည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။ မိန်းမလှလေးနှင့် ဘဝအကြောင်း အချစ်အကြောင်း ဆွေးနွေးရန် ပြင်နေချိန်မှ အခြားတစ်ယောက် ဝင်လာပြီး အနှောင့်အယှက် ပေးသွားခဲ့သည်။
'အိမ်ပြန်ပြီး ဟွမ်ကျားချန်နဲ့ သွားဖြေရှင်းမှပဲ'
ဆွန်ဖုန်း၏ ခန္ဓာကိုယ်ထဲမှ ဆေးစွမ်းများက တဖြည်းဖြည်း ပိုမို ပြင်းထန်လာပြီး သူတောင် မထိန်းချုပ်နိုင်တော့မည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။
နောက်တစ်နေ့ နံနက်ပိုင်းတွင် ဆွန်ဖုန်းသည် နေ့လယ် ၁၂ နာရီမှသာ အိပ်ရာမှ နိုးလာသည်။ အခန်းထဲမှ ထွက်လာသည်နှင့် မိန်းမလှလေးများ အားလုံး တံခါးဝတွင် စုရုံးကာ သူ့ကို ဝိုင်းကြည့်နေကြသည်ကို တွေ့လိုက်ရသည်။
"ဘာ ဘာဖြစ်ကြတာလဲ"
ဆွန်ဖုန်းက သူ့မိန်းမတွေက သူ့ကို အပြင်ထွက်ခွင့် မပေးဘဲ တားဆီးထားသည်ကို မြင်သောအခါ ဒီမိန်းမသုံးယောက် ဘာတွေ ဖြစ်နေပြန်ပြီလဲဟု တွေးလိုက်မိသည်။
"မနေ့ညက နင် ဘာတွေ သွားလုပ်နေတာလဲ ပြိုင်ကား သွားပြိုင်တာ မနက်လင်းခါနီးမှ ပြန်ရောက်လာတယ် နင့်ရဲ့ ကားလည်း မီးရှို့ခံရတာ မတွေ့ဘူး ဆိုတော့ အဲဒီ အီဗာဆိုတဲ့ မိန်းမ ရှုံးသွားလို့ နင် သူ့ဆီမှာ တစ်ညလုံး နေခဲ့တာလား"
ဟယ်မင်ယီက စစ်ကြောရေး ဝင်လေသည်။
"တောက် အဲဒီ အကြောင်း ပြောရင် ငါ ပိုတောင် ဒေါသထွက်သေးတယ်"
ဆွန်ဖုန်းက မနေ့ညက ကိစ္စကို ပြန်တွေးမိပြီး ရင်ထဲတွင် အလိုလို ဒေါသထွက်လာသည်။
ဟွမ်ကျားချန်မှာမူ အဝေးမှနေ၍ နားစွင့်နေပြီး သူမ၏ စိတ်ထဲတွင်တော့
'မနေ့ညက သူတို့တွေ ဆွန်ဖုန်း ငါ့အခန်းထဲ ဝင်လာတာကို မသိလိုက်လို့ တော်သေးတယ် မဟုတ်ရင်တော့ ရှင်းပြလို့ ရမှာတောင် မဟုတ်ဘူး'
ဟု တွေးကာ သက်ပြင်းချနေမိသည်။ အင်း သူမနဲ့ ဆွန်ဖုန်းကြားမှာ အရှုပ်တော်ပုံ ရှိနေတာတော့ အမှန်ပါပဲ။
"ဘာဖြစ်လို့လဲ မိန်းမတွေနဲ့ ရှုပ်ပြီး ပြန်လာတာတောင် နင်က ဒေါသထွက်နေရသေးတာလား ငါတို့က ပိုပြီး ဒေါသထွက်သင့်တာ အပန်းဖြေ ခရီးထွက်မယ့် အစီအစဉ်တောင် ပျက်သွားပြီလေ"
လျန်ယင်က ဆွန်ဖုန်းကို မျက်စောင်းထိုးကာ ပြောလိုက်သည်။
"ငါ ပြောပြမယ် မင်းတို့ ကြားရင်တောင် ငါ့ကိုယ်စား ဒေါသထွက်ပေးကြမှာ"
ဆွန်ဖုန်းက မိန်းမလှလေးများကို ဆိုဖာပေါ်တွင် ထိုင်ခိုင်းလိုက်ပြီး မနေ့ညက ဖြစ်ပျက်ခဲ့သမျှ အားလုံးကို ပြောပြလိုက်လေသည်။
"ခစ်ခစ်ခစ် အဲဒါ နင် ခံရတာ နည်းတောင် နည်းသေးတယ် နင်သာ တကယ် လုပ်မိရင် သူက ရဲခေါ်လိုက်တဲ့ အခါကျရင် ငါတို့က နင့်ကို လာရွေးထုတ်ပေးမှာ မဟုတ်ဘူးနော်"
ဟယ်မင်ယီက ဝမ်းသာအားရ ပြုံးရယ်ကာ ပြောလိုက်သည်။
"ဒါဆို အဲဒီ အီဗာဆိုတဲ့ မိန်းမက ကတိမတည်ဘူး ဆိုတဲ့ သဘောပေါ့"
လျန်ယင်က ပြောလိုက်သည်။
"ငါ သိချင်တာက တကယ်လို့များ နင်က အဲဒီ ကြိုးတွေကို မဖြုတ်နိုင်ခဲ့ဘူး ဆိုရင် နင်က အဲဒီ ဝက်မကြီး လေးကောင်ရဲ့ လက်ချက်နဲ့ ကုတင်ပေါ်မှာတင် သေသွားနိုင်တယ် မဟုတ်လား ဟားဟား စဉ်းစားကြည့်ရုံနဲ့တင် ရွံစရာ ကောင်းလိုက်တာ"
ယန်ရွှယ်က ပါးစပ်ကို လက်ဖြင့် အုပ်ကာ ရယ်မောလိုက်ရာ သူမ၏ ခန္ဓာကိုယ်လေးပင် တုန်ခါသွားသည်။
"ဟုတ်တယ် နင်သာ အဲဒီ ဝက်မကြီးတွေရဲ့ လုပ်တာ ခံလိုက်ရရင် နောက်ဆိုရင် ငါတို့ ကုတင်ပေါ်ကို လုံးဝ လာမတက်နဲ့တော့ ရွံစရာ ကောင်းတယ်"
ဟယ်မင်ယီကလည်း ရွံရှာသော မျက်နှာထားဖြင့် ပြောလိုက်သည်။ ဆွန်ဖုန်း ပြောပြသော ပေါင် သုံးလေးရာလောက် ရှိမည့် ဝက်မကြီးတွေ အကြောင်း ကြားရုံနှင့်တင် သူမ ကိုယ်တိုင် အန်ချင်စိတ် ပေါက်လာသည်။
"ဒါဆိုရင် ငါတို့ နေ့လယ်ကျရင် အပန်းဖြေ ခရီး ထွက်ကြမယ်လေ"
ဆွန်ဖုန်းက မိန်းမလှလေးများနှင့် စကား ခဏပြောပြီးနောက် အကြံပြုလိုက်သည်။
"ကောင်းတာပေါ့"
အခြား တစ်ဖက်တွင် ဗန်ကူးဗားမြို့ရှိ အလွန် ကြီးမားလှသော ခြံဝင်းကြီး တစ်ခု အတွင်းရှိ မိန်းကလေး အိပ်ခန်း တစ်ခန်းတွင် ဒေစီက ကုတင်ပေါ်၌ လှဲလျောင်းနေရင်း သူမဘေးတွင် လှဲနေသော အီဗာကို လှည့်ကြည့်ကာ မေးလိုက်သည်။
"ဒါဆိုရင် နင်က သူ့ကို နောက်ပြောင်ဖို့ ကြိုးစားရင်းနဲ့ ကိုယ်တိုင် ဒုက္ခရောက်သွားတာပေါ့ ဟုတ်လား"
"အဲဒီ ချားလ်စ်ဆိုတဲ့ ကောင်သာ ရုတ်တရက် ဝင်မလာရင် ငါ တကယ်ပဲ အပျိုစင် ဘဝ ဆုံးရှုံးရတော့မလို့ ဒီချားလ်စ်ကို ပုံမှန်ဆိုရင် အရမ်း မုန်းပေမဲ့ ဒီတစ်ခေါက်တော့ သူက ငါ့ကို တစ်ခါ ကယ်တင်လိုက်တာပဲ"
အီဗာက ပြောလိုက်သည်။
"ဟားဟား အဲဒီတုန်းက ငါ နင့်ကို သူ့ကို သွားမရှုပ်ဖို့ အတင်းအကြပ် ပြိုင်ကား သွားမပြိုင်ဖို့ တားခဲ့သားပဲ အခုတော့ နင်ပဲ အရှုံးပေါ်သွားတာ မဟုတ်လား ပြိုင်ပွဲလည်း ရှုံးတယ် နင့်ကိုလည်း အစားခံရမလို ဖြစ်သွားသေးတယ် ပြီးတော့ အခုဆိုရင် အသိုင်းအဝိုင်း ထဲမှာ နင်နဲ့ အဲဒီ ဆွန်ဖုန်းဆိုတဲ့ လူနဲ့ တွဲနေပြီလို့တောင် ကောလာဟလတွေ ထွက်နေပြီလေ"
ဒေစီက ဝမ်းသာအားရဖြင့် ပြောလိုက်သည်။ အရင်က သူမ အီဗာကို ဆွန်ဖုန်းအား အတင်းအကြပ် မလုပ်ရန် အမြဲ တားမြစ်ခဲ့သည်။
ယခုတော့ ပြိုင်ပွဲလည်း ရှုံးသွားသလို နာမည်လည်း ပျက်သွားခဲ့ရပြီ။ အီဗာက ဒါတွေကို ဂရုမစိုက်သလို နိုင်ငံခြားသား အများစုကလည်း ဒီလို ကိစ္စမျိုးကို သိပ်ပြီး အရေးမထားကြပေ။ အချစ်ရေး တွဲလိုက် ပြတ်လိုက် ဆိုတာက သာမန် ကိစ္စ တစ်ခုသာ ဖြစ်သည်။
"အဲဒီ လူယုတ်မာရဲ့ ကားမောင်း ကျွမ်းကျင်မှုက အဲဒီလောက်တောင် ကောင်းမယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး ပြီးတော့ သူက အရမ်းလည်း တိုက်ခိုက်နိုင်တယ် မနေ့ညက ချားလ်စ်က သက်တော်စောင့် ခုနစ်ယောက် ရှစ်ယောက်လောက် ခေါ်လာတာကို သူက တစ်ယောက်တည်းနဲ့ ခဏလေး အတွင်းမှာ အကုန်လုံးကို လဲကျသွားအောင် လုပ်ပစ်လိုက်တယ် တကယ်ကို အစွမ်းထက်တာပဲ"
အီဗာက မနေ့ညက ဖြစ်ရပ်များကို ပြန်စဉ်းစားရင်း ပြောလိုက်သည်။ မနေ့ညက သူမ တကယ်ကို လန့်သွားခဲ့သည်။
"ဒီလောက်တောင် အစွမ်းထက်တာလား ဒါပေမဲ့ သူ ကြည့်ရတာ ပိန်ပိန်ပါးပါးနဲ့ အရပ်ရှည်ရှည်ပါပဲ သြော် ဟုတ်သားပဲ သူက တရုတ်လူမျိုး ဆိုတော့ တရုတ် ကွန်ဖူးများ တတ်နေလို့ ဒီလောက် အစွမ်းထက်နေတာလား"
ဒေစီက လက်ဖြင့် ဟန်ရေးပြရင်း ပြောလိုက်သည်။
"ငါလည်း မသိဘူး ဘာပဲဖြစ်ဖြစ် သူက တော်တော်လေး တိုက်ခိုက်နိုင်တာတော့ အမှန်ပဲ"
အီဗာက ဖြေလိုက်သည်။ တကယ်တော့ နိုင်ငံခြားသား အများစုက ဘရုစ်လီနှင့် ဂျက်ကီချန်းတို့၏ ရုပ်ရှင်ကားများကို ကြည့်ပြီး တရုတ် ကွန်ဖူးက အလွန် အစွမ်းထက်သည် ဟုလည်းကောင်း တရုတ် လူမျိုး အတော်များများက ကိုယ်ခံပညာ တတ်ကျွမ်းကြသည် ဟုလည်းကောင်း ထင်မှတ်နေကြဆဲ ဖြစ်သည်။
တကယ်တော့ ဒါတွေ အားလုံးက ရုပ်ရှင်တွေရဲ့ လှည့်စားမှုတွေသာ ဖြစ်သည်။ ယခုအချိန်အထိ နိုင်ငံခြားသား အများအပြားက ရုပ်ရှင်တွေရဲ့ လှည့်စားမှု အောက်မှာ ရှိနေဆဲ ဖြစ်သည်။
အမှန်တကယ်တော့ ယခုခေတ် ကိုယ်ခံပညာ အများစုမှာ အလှပြ သက်သက်သာ ဖြစ်ပြီး သိပ်မစွမ်းလှပေ။ သို့သော် တကယ် အစွမ်းထက်သော နေရာများလည်း ရှိပါသည်။ အရေးကြီးသည်မှာ မည်သူက အသုံးပြုသနည်း ဆိုသည့် အပေါ်တွင်သာ မူတည်ပါသည်။
"ဟားဟား နင်ကများ သူ့ကို သဘောကျသွားတာလား နင်က အခု သူ့ကို ချီးကျူးနေတယ် မနေ့ညက သူက နင့်ကို သတ်မလို့ လုပ်ခဲ့တာတောင် နင်က သူ့ကို မုန်းရမယ့် အစား သဘောကျနေတာလား"
ဒေစီက နောက်ပြောင်သော လေသံဖြင့် မေးလိုက်သည်။
"ငါက ဒီလို လူမျိုးကို ဘယ်တော့မှ သဘောမကျပါဘူး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတဲ့ လူယုတ်မာ အရှက်မရှိတဲ့ကောင် ဟွန့် ငါ သူ့ကို အကြီးအကျယ် ပြန်ပြီး လက်စားချေဦးမယ် ဟုတ်တယ် ငါ့ရှေ့မှာ သူ့ကို ဒူးထောက်ပြီး အရှုံးပေးလာအောင် လုပ်ပစ်မယ်"
အီဗာ၏ မျက်လုံးများထဲတွင် အလွန် ရက်စက်သော အရိပ်အယောင်များ ပေါ်လာလေသည်။
"ငါ့ရဲ့ သခင်မလေးရယ် နင် ကိုယ်တိုင်က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပါ"
ဒေစီ တစ်ယောက် ဘာပြောရမှန်းပင် မသိတော့ပေ။
"ဟာ ငါ့ရဲ့ သူငယ်ချင်းက ငါ့ကို ပြန်ပြီး လှောင်ပြောင်နေတယ်ပေါ့ နင့်ကို ပညာပေးရသေးတာပေါ့ သေစမ်း"
အီဗာက ရယ်မောရင်း ဒေစီ အပေါ်သို့ ခုန်အုပ်လိုက်ကာ နှစ်ယောက်သား စနောက်နေကြတော့သည်။ ခဏကြာ စနောက်ပြီးနောက် ဒေစီက မေးလိုက်သည်။
"နင် အဲဒီ ဆွန်ဖုန်းကို ဘယ်လို ပြန်ပြီး လက်စားချေမှာလဲ"
"အင်း မလောပါဘူး ခဏလောက် အချိန်ပေးပြီး စဉ်းစားဦးမယ် သူ့ကို အသေအချာ နှိပ်စက်နိုင်မယ့် အစီအစဉ် ကောင်းကောင်း တစ်ခု ရမှပဲ သူ့ကို သွားရှင်းမယ်"
အီဗာက အေးစက်စက် လှောင်ပြုံး ပြုံးကာ ဖြေလိုက်လေသည်။
အခြား တစ်ဖက်တွင်မူ ဆွန်ဖုန်းသည် သူ၏ မိသားစုနှင့်အတူ ကိုယ်ပိုင် ကျွန်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဟယ်မင်ယီ လျန်ယင်နှင့် ယန်ရွှယ်တို့ သုံးဦးက အောက်ဘက်တွင် ပျော်ရွှင်စွာ ဆော့ကစားနေကြပြီး ဆွန်ဖုန်းကမူ ကိုယ်ပိုင် ရဟတ်ယာဉ်ကို ကိုယ်တိုင် မောင်းနှင်ကာ ဟွမ်ကျားချန်ကို တင်ဆောင်ပြီး ကိုယ်ပိုင် ကျွန်း တစ်ဝိုက်ရှိ ကောင်းကင်ယံတွင် လွတ်လပ်စွာ ပျံသန်းနေလေသည်။
"ဟားဟား ကိုယ်ပိုင် ရဟတ်ယာဉ် မောင်းရတာ အရမ်း မိုက်တာပဲ"
ဆွန်ဖုန်းက ရဟတ်ယာဉ်ကို မောင်းနှင်ရင်း အလွန် ကျေနပ်နေသည်။
"အားနေရင် ငါ့ကိုလည်း သင်ပေးဦးနော် ငါလည်း မောင်းကြည့်ချင်တယ်"
ဟွမ်ကျားချန်က ဝမ်းသာအားရ အော်ပြောလိုက်သည်။
"ရတာပေါ့ ခဏနေရင် သင်ပေးမယ်လေ"
ယခုအချိန်တွင် ဆွန်ဖုန်း အနေဖြင့် အီဗာက သူ့ကို တကယ်ပဲ အမုန်းကြီး မုန်းသွားပြီ ဆိုသည်ကို လုံးဝ မသိရှိခဲ့ပေ။