← Chapters

အခန်း ၂၉၆

Vol. 30 Ch. 296

အခန်း ၂၉၆

Vol. 30 Ch. 296

အခန်း ၂၉၆ - ဂြိုဟ်သားစစ်သင်္ဘောအား လေ့လာခြင်း

နောက်တစ်ပတ်လုံး နေ့ခင်းဘက်များတွင် ဆွန်ဖုန်းသည် မိန်းမလှလေးများနှင့်အတူ ပျော်ရွှင်စွာ ဆော့ကစားနေလေသည်။

နေပူဆာလှုံလိုက် ရေကူးလိုက် အရသာရှိသော အစားအစာများကို စားသောက်လိုက်နှင့် မိန်းမလှလေးများ ခြံရံကာ အလွန် သာယာသော နေ့ရက်များကို ဖြတ်သန်းနေသည်။

ကိုယ်ပိုင်ကျွန်း၏ အရှေ့ဘက်ရှိ ပင်လယ်အော် တစ်နေရာတွင် ရေပြင်မှာ အတော်လေး ငြိမ်သက်နေသည်။

ဆွန်ဖုန်းသည် ရော်ဘာလှေငယ်လေး တစ်စင်းပေါ်တွင် ထိုင်ကာ ငါးမျှားနေပြီး မလှမ်းမကမ်းရှိ ရွက်လှေပေါ်တွင် ဟယ်မင်ယီတို့ သုံးယောက်က ဆော့ကစားနေကြသည်။

ဆွန်ဖုန်းနှင့်အတူ ငါးလာမျှားသူမှာ ဟွမ်ကျားချန် ဖြစ်သည်။

သူမနှင့် ဆွန်ဖုန်းတို့၏ တိတ်တဆိတ် ဇာတ်လမ်းကို ဟွမ်ကျားချန်က ဖွင့်မပြောချင်သေးသလို ဆွန်ဖုန်းကလည်း မပြောပြချင်သေးပေ။

ဒီအတိုင်း နေရတာက ပိုကောင်းနေသည် မဟုတ်ပါလား။

"ဆွန်ဖုန်း နင့်ကို သတင်းကောင်း တစ်ခု ပြောပြရဦးမယ် မနေ့က ငါ ဆေးရုံသွားပြီး ဆေးစစ်ကြည့်တာ ဆရာဝန်က ငါ့မှာ ကင်ဆာရောဂါ လုံးဝ မရှိခဲ့သလိုပဲတဲ့ တကယ့်ကို အံ့ဩစရာပဲ အရင်တုန်းက ပြည်တွင်းက ဆေးရုံမှာ ဆေးစစ်တုန်းက အဖြေမှားပေးလိုက်တာလားလို့တောင် သံသယ ဖြစ်မိတယ် ငါ ကိုယ်တိုင်တောင် မယုံနိုင်အောင် ဖြစ်နေတာ"

ဟွမ်ကျားချန်က ဆွန်ဖုန်းကို တိုးတိုးလေး ပြောလိုက်သည်။

ဟွမ်ကျားချန် ကင်ဆာ နောက်ဆုံးအဆင့် ရောက်နေသည်ဆိုသည့် ကိစ္စကို ယခုအချိန်အထိ ဟယ်မင်ယီတို့ကို သူမ မပြောပြရသေးသလို ဆက်ပြီးလည်း အသိပေးချင်စိတ် မရှိပေ။

"ဟားဟား ငါ ပြောသားပဲ ကံကောင်းတဲ့ သူတွေက နတ်ကောင်းနတ်မြတ် မစတယ် ဆိုတာ မင်းရဲ့ ကံကြမ္မာက မင်း လက်ထဲမှာပဲ ရှိတာပါ ကောင်းကင်ဘုံက သတ်မှတ်ပေးထားတာ မဟုတ်ဘူး အခုတော့ မင်း ဘဝကို ကောင်းကောင်းကြီး ခံစားလို့ ရပြီပေါ့"

ဆွန်ဖုန်းက ဟွမ်ကျားချန်၏ နူးညံ့သော ပါးပြင်လေးကို ညှစ်ကာ ရယ်မောလျက် ပြောလိုက်သည်။

"ဟုတ်တယ် အဲဒီ စာအုပ်က ငါ့ကို အများကြီး အထောက်အကူ ပြုခဲ့တာ သေချာတယ်"

ဟွမ်ကျားချန်က ယခုတိုင် စိတ်လှုပ်ရှားနေဆဲ ဖြစ်သည်။ မိမိကိုယ်ကို ရောဂါကင်းရှင်းသွားပြီမှန်း သိရချိန်တွင် ဘယ်သူက မပျော်ဘဲ နေမည်နည်း။ ဘယ်သူက စိတ်မလှုပ်ရှားဘဲ နေမည်နည်း။

လူသားတိုင်းက သေချင်ကြသည့် သတ္တဝါများမှ မဟုတ်ဘဲ။

"မင်း ကျန်းမာရေး ပြန်ကောင်းလာတဲ့ အထိမ်းအမှတ် အနေနဲ့ ငါတို့ ဒီည ပင်လယ်ထဲမှာ တစ်ချီလောက် မချကြဘူးလား"

ဆွန်ဖုန်းက စကားလမ်းကြောင်း လွှဲလိုက်ပြီး ဟွမ်ကျားချန်၏ ရင်သားများကို ကြည့်ကာ လူယုတ်မာ အပြုံးဖြင့် မေးလိုက်သည်။

"သွား ဟိုဘက် သွားနေ ငါ အရင်တုန်းက ဆုံးဖြတ်ခဲ့တာကိုတောင် အခု နောင်တရနေပြီ ငါသာ ဘာမှမဖြစ်ဘူး ဆိုတာကို ကြိုသိခဲ့ရင် နင့်လို လူယုတ်မာကို အလကား ပေးစားမှာ မဟုတ်ဘူး"

ဟွမ်ကျားချန်က နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် မျက်နှာလွှဲသွားပြီး ဆွန်ဖုန်းကို စကား ဆက်မပြောတော့ပေ။

"မင်း ကိုယ်တိုင်ကပဲ ကိုယ့်ဆီက အကောင်းစားတွေ သူများဆီ မရောက်စေချင်ဘူး ဆိုပြီး ပြောခဲ့တာလေ ပြီးတော့ ငါ့ရဲ့ စွမ်းဆောင်ရည်က အဲဒီလောက် ကောင်းတာကို အဲဒီတုန်းက မင်း အရမ်းကို ကျေနပ်နေခဲ့တာ မဟုတ်လား တခြားသူတွေက ဒီလောက် စွမ်းဆောင်နိုင်လို့လား"

ဆွန်ဖုန်းက နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည်။

"နင် သောက်ကောင် ရှက်ဖို့ မကောင်းဘူးလား"

ဆွန်ဖုန်း၏ စကားကြောင့် ဟွမ်ကျားချန်မှာ မျက်နှာ ရဲတက်သွားပြီး မကျေနပ်သည့် ဟန်ဖြင့် ဆွန်ဖုန်း၏ နားရွက်ကို လိမ်ဆွဲလိုက်သည်။

"အို မင်းက ငါ့ကို ဆွဲလိမ်ရဲတယ်ပေါ့ ဒါဆို ငါလည်း ပြန်ဆွဲလိမ်မယ်"

ဆွန်ဖုန်းက ဟွမ်ကျားချန်ဘက်သို့ လက်လှမ်းလိုက်ပြီး သူမ၏ ရင်သားထိပ်လေးကို မြန်ဆန် တိကျစွာဖြင့် ဖမ်းဆွဲလိုက်သည်။

ခပ်ဖွဖွလေး လိမ်ဆွဲလိုက်သည်နှင့် ဟွမ်ကျားချန်မှာ ချက်ချင်းပင် မျက်နှာ ရဲတက်သွားကာ အရှုံးပေးလိုက်ရတော့သည်။

"လူယုတ်မာ"

ဟွမ်ကျားချန်က ရှက်ရွံ့ ဒေါသထွက်စွာဖြင့် ဆွန်ဖုန်းကို စိုက်ကြည့်လိုက်သည်။

ဒီလူက တကယ်ကို ယုတ်မာလွန်းသည်။ ဘယ်နေရာကို သွားကိုင်နေမှန်း မသိဘူး။ ပတ်ဝန်းကျင်ကိုတောင် နည်းနည်းလေး ဂရုမစိုက်ဘူး။

စားလိုက် သောက်လိုက် ဆော့ကစားလိုက်နှင့် နောက်ထပ် တစ်ရက် ကုန်ဆုံးသွားပြန်သည်။

ညဘက်တွင် ဆွန်ဖုန်း အိပ်မပျော်သဖြင့် အရင်ရက်တွေက ရရှိခဲ့သော ဂြိုဟ်သား စစ်သင်္ဘောကို သတိရသွားသည်။ ယခုအချိန်အထိ ထိုစစ်သင်္ဘောကြီးမှာ သိမ်းဆည်းရာ နေရာတွင်သာ ရှိနေသေးသည်။ သူ ထိုစစ်သင်္ဘောကို မလေ့လာရသေးပေ။

ထိုစစ်သင်္ဘောမှာ ယခင်က ဘာမြူဒါ တြိဂံ နယ်မြေတွင် တွေ့ခဲ့ရသော အဝိုင်းပုံစံ ဂြိုဟ်သား ယာဉ်ပျံနှင့် အဆင့်တူညီသော ယာဉ်ပျံ ဖြစ်သည်။

သို့သော် ဤဂြိုဟ်သား စစ်သင်္ဘော၏ လက်နက် စနစ်နှင့် စွမ်းအင် စနစ်မှာ အရင် ယာဉ်ပျံထက် အနည်းငယ် ပိုမို အဆင့်မြင့်မည်ဟု ထင်ရသည်။ အကြောင်းမှာ ကြည့်ရသည်မှာပင် ပို၍ ခန့်ညား ထည်ဝါနေသောကြောင့် ဖြစ်သည်။

'အသံလက်ထောက် စနစ် မင်း ဒီဂြိုဟ်သား စစ်သင်္ဘောကို လေ့လာပြီးပြီလား ငါ့အတွက် အသုံးဝင်မယ့် ပစ္စည်းကောင်းတွေ ပါသေးလား'

ဆွန်ဖုန်းက ကုတင်ပေါ်တွင် လှဲနေရင်း ဘေးတွင် အိပ်မောကျနေသော ဟယ်မင်ယီကို ကြည့်ကာ အသံလက်ထောက် စနစ်နှင့် စိတ်ထဲမှ ဆက်သွယ်လိုက်သည်။

"အစီရင်ခံပါတယ် ပိုင်ရှင် ဒီဂြိုဟ်သား စစ်သင်္ဘောကို ကျွန်တော် အနည်းငယ် လေ့လာကြည့်ပြီးပါပြီ ဒါပေမဲ့ သိပ်ပြီး စိတ်ဝင်စားစရာ ကောင်းတာတော့ မပါပါဘူး အင်း အဆင့်နိမ့် အာကာသ ယာဉ်ပျံ အမျိုးအစားပါ"

အသံလက်ထောက် စနစ်က ဖြေကြားလိုက်သည်။

"တောက် မင်း အရမ်း စွမ်းတယ် ဆိုတာ ငါ သိပါတယ် မင်း မျက်လုံးထဲမှာ ဒီစစ်သင်္ဘောက ဘာမှ မဟုတ်ဘူး ဆိုတာလည်း သိတယ် ငါ မေးနေတာက အဲဒီအထဲမှာ ငါ့အတွက် အသုံးဝင်မယ့် ဒါမှမဟုတ် အထောက်အကူ ပြုနိုင်မယ့် ပစ္စည်းကောင်းတွေ ပါသလားလို့ မေးနေတာ"

ဆွန်ဖုန်းက အသံလက်ထောက် စနစ်ကို မထီမဲ့မြင် လေသံဖြင့် ပြောလိုက်သည်။

တကယ်တော့ ဤဂြိုဟ်သား နည်းပညာများသည် လူသားများ မျက်စိထဲတွင်တော့ ကောင်းကင်ဘုံကို အာခံနိုင်သော နည်းပညာများ ဖြစ်သော်လည်း အသံလက်ထောက် စနစ်၏ အရှေ့တွင်မူ ဘာမှ မဟုတ်ပေ။

၎င်း၏ အမြင်တွင် အဆင့်နိမ့် နည်းပညာများသာ ဖြစ်သည်။ သို့သော် အဆင့်နိမ့် နည်းပညာ ဖြစ်နေလျှင်တောင် ယခုလက်ရှိ ဆွန်ဖုန်း အတွက်တော့ အသုံးဝင်နိုင်သေးသည်။

"ပိုင်ရှင်ကို အာကာသထဲ ခေါ်ဆောင်သွားပေးနိုင်ပါတယ် ပြီးတော့ လက်နက် စနစ်ကလည်း တိုက်ခိုက်မှုတွေ လုပ်နိုင်ပါတယ် ဂလက်ဆီ အတွင်း ခရီးသွားဖို့နဲ့ စခန်းချဖို့အတွက် အသင့်တော်ဆုံး ပစ္စည်းပါပဲ"

"အဲဒါတွေ ငါ သိတယ် ဒါပေမဲ့ အဲဒီလို လုပ်ဖို့အတွက် အဆင့်နိမ့် စွမ်းအင်တွေ လိုအပ်တယ်လေ ငါက ဘယ်က သူဌေးမို့လို့လဲ အနိုင်နိုင် စုဆောင်းထားရတဲ့ အဆင့်နိမ့် စွမ်းအင် တုံးဆယ်ဂဏန်းလောက်ကို အာကာသထဲ အလည်သွားဖို့အတွက် သုံးပစ်ရမှာလား လိုရင်းကိုပဲ ပြောစမ်းပါ"

ဆွန်ဖုန်းက အသံလက်ထောက် စနစ်ကို အော်ငေါက်လိုက်သည်။

"အဟမ်း ကောင်းပါပြီ ပိုင်ရှင် အခု အခြေအနေနဲ့ ဆိုရင်တော့ အဲဒီလို လုပ်တာက တကယ်ကို ဖြုန်းတီးရာ ရောက်ပါတယ်"

"စကားရှည်မနေနဲ့ လိုရင်းကို ပြော"

"ဒီလိုပါ ပိုင်ရှင် ဒီဂြိုဟ်သား စစ်သင်္ဘောရဲ့ လျှို့ဝှက် ဂိုဒေါင်ထဲမှာ ဂြိုဟ်သားတွေရဲ့ ရှားပါး ဆေးဖက်ဝင် အပင်တွေနဲ့ သစ်စေ့ အချို့ကို ကျွန်တော် တွေ့ရှိထားပါတယ် ဒီအရာတွေက ကမ္ဘာပေါ်မှာ မရှိတဲ့ အရာတွေပါ အထူးသဖြင့် အဲဒီ ရှားပါး ဆေးဖက်ဝင် အပင်တွေက ပိုင်ရှင်အတွက် အသုံးဝင်နိုင်ပါတယ် ဒါပေမဲ့ အခုလောလောဆယ် ကျွန်တော် သေချာ အသေးစိတ် မခွဲခြမ်းစိတ်ဖြာရသေးပါဘူး ဒီဆေးဖက်ဝင် အပင်တွေက ဘာပါဝင်ပစ္စည်းတွေနဲ့ ဖွဲ့စည်းထားသလဲ ပိုင်ရှင်အတွက် ဘယ်လို အကျိုးသက်ရောက်မှုတွေ ဖြစ်စေနိုင်သလဲ ဆိုတာကို မသိသေးပါဘူး"

အသံလက်ထောက် စနစ်က ရှင်းပြလိုက်သည်။

"အို ဂြိုဟ်သားတွေရဲ့ ရှားပါး ဆေးဖက်ဝင် အပင်တွေ ပြီးတော့ သစ်ပင်တွေ ဒါ စိတ်ဝင်စားစရာပဲ ဒါနဲ့ အဲဒီ ထာဝရ မဟာမိတ် အဖွဲ့က သုတေသီတွေက ဒီအရာတွေကို မတွေ့ခဲ့ကြဘူးလား"

ဆွန်ဖုန်းက မေးလိုက်သည်။

"ဒီပစ္စည်းတွေ အားလုံးက လျှို့ဝှက် ဂိုဒေါင်ထဲမှာ သော့ခတ်ထားတာပါ အဲဒီလူတွေက ဘယ်လို ဖွင့်ရမှန်း မသိတော့ မတွေ့ခဲ့ကြတာပါ"

"အော် ဒီလိုကိုး မင်းက ဒီဂြိုဟ်သား စစ်သင်္ဘောကို မင်း မျက်လုံးထဲမှာ အဆင့်နိမ့် နည်းပညာလို့ ပြောတယ်နော် မင်းက ဘယ်လို သတ်မှတ်ထားတာလဲ"

ဆွန်ဖုန်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။

"အင်း ကျွန်တော်တို့ X ဂလက်ဆီမှာလည်း ဒီလို အဆင့်နိမ့် ယဉ်ကျေးမှုတွေ ရှိပါတယ် ဒီလို ယဉ်ကျေးမှုတွေက အဆင့်နိမ့် စွမ်းအင်ကို စတင် အသုံးပြုတတ်ခါစပဲ ရှိသေးလို့ အဆင့်နိမ့် နည်းပညာ ယဉ်ကျေးမှုလို့ သတ်မှတ်ထားတာပါ ဒီလို ယဉ်ကျေးမှုမျိုး ဆိုရင် ကျွန်တော်တို့ X ဂလက်ဆီမှာ ကျွန်တော်တို့ X ဂြိုဟ်သားတွေရဲ့ ဖျက်ဆီးမှုကို ခံခဲ့ရတာ ဘယ်လောက်တောင် များနေပြီလဲ မသိပါဘူး သူတို့လို အဆင့်နိမ့် နည်းပညာသုံး ယာဉ်ပျံတွေက ဂလက်ဆီ အတွင်းမှာပဲ ခရီးသွားနိုင်ပါတယ် တခြား ဂလက်ဆီတွေကို ခုန်ပျံပြီး အဝေးကြီး ခရီးမသွားနိုင်ပါဘူး ဒါကြောင့် သူတို့တွေက ကျွန်တော်တို့ရဲ့ ဖျက်ဆီးမှုကို မခံရရင်တောင် X ဂြိုဟ်သားတွေရဲ့ ကျွန်ပြုမှုကို ခံရတာပါပဲ"

"ကြည့်ရတာ မင်းတို့ X ဂလက်ဆီ တစ်ခုလုံးက အပြစ်တွေ သွေးစွန်းမှုတွေနဲ့ ပြည့်နှက်နေတာပဲ"

ဆွန်ဖုန်းက မှတ်ချက်ချလိုက်သည်။

"အင်အားကြီးသူက အနိုင်ကျင့်တဲ့ စနစ်က ခင်ဗျားတို့ ကမ္ဘာပေါ်မှာတင် မဟုတ်ပါဘူး တခြား နေရာတွေမှာလည်း ဒီလိုပါပဲ တခြားသူတွေကို အပြစ်တင်လို့ မရပါဘူး"

အသံလက်ထောက် စနစ်က ပြန်ဖြေလိုက်သည်။

"ဒါကလွဲရင် တခြား တွေ့ရှိတာတွေ မရှိတော့ဘူးလား"

ဆွန်ဖုန်းက ဆက်မေးလိုက်သည်။

ဆေးဖက်ဝင် အပင်များက ဆွန်ဖုန်း အတွက် ကြီးကြီးမားမား ဆွဲဆောင်မှု မရှိလှပေ။ သူက အခြေခံ အဆင့် မြှင့်တင်ရေး ဆေးရည်ကို ထိုးနှံထားပြီး ဖြစ်သဖြင့် ရောဂါဘယ ကင်းစင်နေပြီး သက်တမ်းမှာလည်း နှစ်နှစ်ရာခန့် ရှိနေပြီ ဖြစ်သည်။

အကယ်၍ အသံလက်ထောက် စနစ်က အလယ်အလတ် အဆင့် မြှင့်တင်ရေး ဆေးရည်ကိုသာ ဖန်တီးပေးနိုင်မည် ဆိုပါက ဆွန်ဖုန်း တစ်ယောက် အလွန် ဝမ်းသာပျော်ရွှင်သွားမည် ဖြစ်သည်။

"သြော် လျှို့ဝှက် ဂိုဒေါင်ထဲမှာ သူတို့ရဲ့ တစ်ကိုယ်တော် သုံး တိုက်ခိုက်ရေး လက်နက် တချို့လည်း ရှိပါသေးတယ် ပိုင်ရှင်အတွက် အသုံးဝင်မလား ဆိုတာ သွားကြည့်လို့ ရပါတယ် ပိုင်ရှင်က စစ်တိုက်ထွက်မှာမှ မဟုတ်တာ ဆိုတော့ ဒါတွေက သိပ်တော့ အသုံးဝင်မှာ မဟုတ်လောက်ပါဘူး"

"အသံလက်ထောက် စနစ် ဒါဆို အလယ်အလတ် အဆင့် မြှင့်တင်ရေး ဆေးရည်ကို ဖန်တီးဖို့ ဘာတွေ လိုအပ်လဲ ဆိုတာ ပြောပြပါလား"

ဆွန်ဖုန်းက မေးလိုက်သည်။

"အလယ်အလတ် အဆင့် မြှင့်တင်ရေး ဆေးရည်ကို ဖန်တီးဖို့ ဆိုရင် အလယ်အလတ် အဆင့် စွမ်းအင် လိုအပ်ပါတယ် ပြီးတော့ ရှားပါး ဆေးဖက်ဝင် အပင်တွေ သစ်ပင်တွေနဲ့ ရှားပါး ဒြပ်စင် အချို့လည်း လိုအပ်ပါတယ် အခုလောလောဆယ် ဘာတစ်ခုမှ မရှိသေးတော့ အဲဒီအကြောင်း မစဉ်းစားပါနဲ့ဦး”

All Chapters