← Chapters

အခန်း ၂၉၇

Vol. 30 Ch. 297

အခန်း ၂၉၇

Vol. 30 Ch. 297

အခန်း ၂၉၇ - ဒဏ္ဍာရီ

"အဲဒီအရာတွေက ကမ္ဘာပေါ်မှာ သေချာပေါက် မရှိနိုင်ဘူး ဆိုတာ ငါ သိပါတယ် ဒါပေမဲ့ ဂလက်ဆီ အတွင်းမှာရော ရှိနိုင်မလားလို့ မင်း ထင်လဲ"

သက်တမ်း ကိစ္စနှင့် ပတ်သက်လာလျှင် ဆွန်ဖုန်းက အနည်းငယ် စိတ်ဝင်စားမိသည်။ ဘယ်သူကများ အသက်ရှည်ရှည် မနေချင်ဘဲ ရှိမည်နည်း။ ဒါကြောင့် ဒီကိစ္စကို ဆွန်ဖုန်းက အတော်လေး မျှော်လင့်မိသည်။

"ရှားပါး ဆေးဖက်ဝင် အပင်တွေနဲ့ သက်စောင့် ဒြပ်စင်တွေ ကတော့ ဂလက်ဆီ အတွင်းမှာ ရှိ မရှိ ကျွန်တော် အာမ မခံရဲဘူး ဒါပေမဲ့ အလယ်အလတ် အဆင့် မြှင့်တင်ရေး ဆေးရည်ကို ဖန်တီးတဲ့ နေရာမှာ ဆေးရည် ဖန်တီးမယ့် စက်ကို မောင်းနှင်ဖို့အတွက် အလယ်အလတ် အဆင့် စွမ်းအင်က မရှိမဖြစ် လိုအပ်တယ် ဒါကြောင့် ဂလက်ဆီထဲမှာ အလယ်အလတ် အဆင့် စွမ်းအင်တွေ ရှိနိုင်တယ် လို့ပဲ ကျွန်တော် အာမခံရဲတယ် အဆင့်မြင့် စွမ်းအင် တွေကတော့ ကြည့်ရတာ ဒီဂလက်ဆီက အဆင့်မြင့်တဲ့ ဂလက်ဆီ တစ်ခုလို မပေါ်ဘူး"

အသံလက်ထောက် စနစ်က ရှင်းပြလိုက်သည်။

"ကောင်းပြီလေ ကြိုးစားရဦးမှာပေါ့"

ဆွန်ဖုန်းက အသံလက်ထောက် စနစ်၏ စကားကို ကြားပြီးနောက် အနည်းငယ် စိတ်ပျက်သွားသည်။ အလယ်အလတ် အဆင့် စွမ်းအင် ဆိုတာကို အသာထားဦး ယခု အဆင့်နိမ့် စွမ်းအင်များကိုပင် သူ အနိုင်နိုင် ရှာဖွေနေရခြင်း မဟုတ်ပါလား။ ခြိုးခြံ ချွေတာပြီး သုံးစွဲနေရခြင်း ဖြစ်သည်။

"အသံလက်ထောက် စနစ် မင်း ပြောပြစမ်းပါဦး ဒီစကြဝဠာထဲမှာ သေခြင်းတရား ကင်းလွတ်တဲ့ သူတွေ ရှိသလား"

ဆွန်ဖုန်းက မေးလိုက်သည်။

X ဂြိုဟ်သားတွေရဲ့ သက်တမ်းက အရင်က အသက် တစ်ရာဝန်းကျင်သာ ရှိခဲ့ရာမှ နည်းပညာ ဖွံ့ဖြိုး တိုးတက်လာမှုနဲ့ မျိုးရိုးဗီဇ ပြောင်းလဲမှုတွေကြောင့် အသက် တစ်ထောင်ကျော်လောက်အထိ အသက်ရှင် နေထိုင်နိုင်ခဲ့ကြောင်းကို သူ သိထားသည်။

ထို့ကြောင့် သူက X ဂြိုဟ်သားတွေထက် ပိုပြီး အဆင့်မြင့်တဲ့ ယဉ်ကျေးမှု ရှိတဲ့ သက်ရှိတွေ ဆိုရင်ရော အသက် သောင်းချီပြီး နေနိုင်တာတွေ သေခြင်းတရား ကင်းလွတ်တာတွေ ရှိနိုင်မလား ဆိုသည်ကို အရမ်း သိချင်နေမိသည်။

"ဒီအကြောင်းကို ကျွန်တော် သေချာ မသိပါဘူး ဒေတာဘေ့စ် ထဲမှာလည်း သေခြင်းတရား ကင်းလွတ်တာနဲ့ ပတ်သက်ပြီး ဘာမှတ်တမ်းမှ မရှိပါဘူး…. အနည်းဆုံးတော့ ကျွန်တော်တို့ X ဂလက်ဆီ ထဲက ဘယ်မျိုးနွယ်ကမှ အဲဒီလို မလုပ်နိုင်ပါဘူး အသက် အရှည်ဆုံး နေနိုင်တာက ကျွန်တော်တို့ X ဂြိုဟ်သားတွေပါပဲ ….သို့ပေမယ့် ကျွန်တော်တို့ X ဂလက်ဆီရဲ့ သမိုင်းမှတ်တမ်းတွေ ထဲမှာတော့ နေရာ တစ်ခုအကြောင်း မှတ်တမ်းတင် ထားတာ ရှိပါတယ် ဒဏ္ဍာရီတွေ အရ စကြဝဠာရဲ့ အနက်ရှိုင်းဆုံး နေရာက ကြယ်တာရာ တစ်ခုမှာ စကြဝဠာနဲ့ အတူ ထာဝရ ရှင်သန်နေတဲ့ သက်ရှိ ယဉ်ကျေးမှု တစ်ခု ရှိတယ်လို့ ဆိုပါတယ်…. အဲဒါက တကယ် ဟုတ်မဟုတ်တော့ မသိပါဘူး…. သမိုင်း မှတ်တမ်းတွေထဲမှာတောင် တစ်ဖက်က ဘယ်မျိုးနွယ်လဲ ဘယ်ဂလက်ဆီကလဲ ဆိုတာ မှတ်တမ်းတင် ထားတာ မရှိပါဘူး ဒီမှတ်တမ်းက ရှေးခေတ်ကာလ ကတည်းက ဆင်းသက်လာခဲ့တာပါ နှစ်ပေါင်း သန်းချီပြီး ကြာနေပြီလားတောင် မသိနိုင်ပါဘူး အင်း ခင်ဗျားတို့ ကမ္ဘာမြေက ရှေးဟောင်း ဒဏ္ဍာရီတွေနဲ့ နည်းနည်း ဆင်တူပါတယ် နောက်ပိုင်းကျတော့ ကျွန်တော်တို့ X ဂြိုဟ်သားတွေက တဖြည်းဖြည်း တိုးတက်လာပြီး အဲဒီအချိန်က နည်းပညာတွေ ထွန်းကားလာတဲ့ အခါမှာတော့ ဒီလို ထာဝရ ရှင်သန်နေတဲ့ ဒဏ္ဍာရီလာ မျိုးနွယ်စုတွေ ဆိုတာကို လုံးဝ လက်မခံကြတော့ပါဘူး…. ကြည့်ရတာ ရှေးခေတ်က ဘိုးဘေးတွေရဲ့ အသိပညာ ဗဟုသုတ နည်းပါးမှုကြောင့် မှတ်တမ်းတင်ထားတာ ဖြစ်နိုင်ပါတယ်…. ဒါမှမဟုတ် တခြား ဂလက်ဆီက အဆင့်မြင့် မျိုးနွယ်တွေ ကျွန်တော်တို့ X ဂလက်ဆီကို ရောက်လာတာကို အဲဒီ ဘိုးဘေးတွေက ကိုးကွယ်ပြီး မှတ်တမ်းတင်ထားတာလည်း ဖြစ်နိုင်ပါတယ် ….တကယ့် အဖြစ်မှန်က ဘာလဲဆိုတာကိုတော့ ဘယ်သူမှ မသိကြပါဘူး"

"ပြီးတော့ ကျွန်တော်တို့ X ဂြိုဟ်သားတွေ အထွတ်အထိပ် ရောက်နေတဲ့ အချိန်တုန်းက တခြား ဂလက်ဆီတွေကိုလည်း အောင်နိုင်ခဲ့ဖူးပါတယ် အဲဒီ ဂလက်ဆီတွေက ခင်ဗျားတို့ ဂလက်ဆီလိုပဲ အဆင့်နိမ့် ဂလက်ဆီတွေ ဖြစ်နေတာကို တွေ့ရတော့ ထာဝရ ရှင်သန်ခြင်း ဆိုတဲ့ မှတ်တမ်းတွေကို ပိုပြီးတောင် အထင်သေးလာကြတာပေါ့"

အသံလက်ထောက် စနစ်က ဒေတာဘေ့စ် ကို ရှာဖွေရင်း ရှင်းပြလိုက်သည်။

"ငါ ကြည့်ရတာလည်း X ဂလက်ဆီက ဘိုးဘေးတွေရဲ့ အသိပညာ ဗဟုသုတ နည်းပါးမှုကြောင့်ပဲ ဖြစ်မယ် ငါတို့ လူသားတွေလိုပဲလေ ရှေးတုန်းက လူတွေဆို နတ်ဘုရားတွေ ရှိတယ်လို့ ယုံကြည်ခဲ့ကြတာပဲ နောက်ပိုင်း နည်းပညာတွေ တိုးတက်လာပြီး သက်ရှိတွေ ဆင့်ကဲပြောင်းလဲလာတဲ့ အခါမှာ အယူသီးမှုတွေ အကုန်လုံး ပျောက်ကွယ်သွားတာပဲ နတ်ဘုရားတွေ ထာဝရ ရှင်သန်ခြင်းတွေ ဆိုတာကို လှောင်ပြောင်လာကြတာပဲ"

ဆွန်ဖုန်းက ပြောလိုက်သည်။

လူသားများက ဂြိုဟ်သားများကို တွေ့ရှိသောအခါ ၎င်းတို့သည် အရာအားလုံးကို တတ်စွမ်းနိုင်သည်ဟု ထင်ခဲ့ကြသော်လည်း မိမိတို့၏ နည်းပညာ အဆင့်အတန်းမှာ အမြင့်ဆုံးသို့ ရောက်ရှိသွားသောအခါ ထိုဂြိုဟ်သားများ ဆိုသည်မှာ မိမိတို့ထက် အနည်းငယ် စောစီးစွာ ဖွံ့ဖြိုး တိုးတက်ခဲ့ခြင်းသာ ဖြစ်ကြောင်း သိရှိသွားကြသည့် အတိုင်းပင် ဖြစ်သည်။

"ငါ အနာဂတ်မှာ အာကာသထဲ သွားရမယ့် အချိန်ကို တကယ် မျှော်လင့်မိတယ် ဂလက်ဆီထဲကို သွားလည်ရရင် အကောင်းဆုံးပဲ"

ဆွန်ဖုန်းက နှုတ်ခမ်းသပ်ကာ တွေးတောလိုက်သည်။

ဆွန်ဖုန်းနှင့် အသံလက်ထောက် စနစ်တို့ ဆက်လက် စကားပြောပြီးနောက် အိပ်ပျော်သွားခဲ့သည်။

ဂြိုဟ်သား စစ်သင်္ဘောထဲရှိ ရှားပါး ဆေးဖက်ဝင် အပင်များနှင့် လက်နက်များကိုတော့ နောက်ရက် အနည်းငယ် ကြာမှ သေချာ လေ့လာတော့မည်ဟု ဆုံးဖြတ်လိုက်သည်။

ဒီဂြိုဟ်သား စစ်သင်္ဘောက ဆွန်ဖုန်း အတွက် တကယ်ကို ကြက်ရိုး လို ဖြစ်နေသည်။ ဘာလို့လဲဆိုတော့ အဲဒါကို မောင်းနှင်ဖို့ စွမ်းအင်တုံးတွေ လိုအပ်လို့ပဲ။

ပြီးတော့ ဆွန်ဖုန်းရဲ့ သိုလှောင်ခန်း ထဲမှာ ရေအောက် ဖွံ့ဖြိုးရေး စမတ်စက်ရုံက ထုတ်လုပ်ပေးထားတဲ့ ပိုပြီး အဆင့်မြင့်တဲ့ အာကာသ ယာဉ်ပျံ တစ်စင်း ရှိနေတယ်လေ။ ဒါကြောင့် ဒီဂြိုဟ်သား စစ်သင်္ဘောက သူ့အတွက် သိပ်အသုံးမဝင်တော့တာ အမှန်ပဲ။

'လောလောဆယ်တော့ ဒီအတိုင်း ထားလိုက်ဦးမယ် နောက်ပိုင်း အခွင့်အရေး ရရင် ငါတို့ နိုင်ငံကို သုတေသန လုပ်ဖို့ ပေးလိုက်ရင်လည်း အဆင်ပြေတာပဲ'

ဆွန်ဖုန်းက စိတ်ထဲမှ တွေးလိုက်သည်။ ဒါပေမဲ့ အဲဒီလို လုပ်ဖို့ဆိုတာ သူ ကိုယ်တိုင် အတိုင်းအတာ တစ်ခုအထိ ဖွံ့ဖြိုးတိုးတက်လာမှ ဖြစ်နိုင်မည်။

တစ်ညလုံး ဘာမှ မဖြစ်ခဲ့ပေ။

မနက်နိုးလာသောအခါ ဟယ်မင်ယီ တစ်ယောက် အိပ်မောကျနေဆဲ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

ဒီမိန်းမ... ဆွန်ဖုန်း တိတ်တဆိတ် အခြေခံ အဆင့် မြှင့်တင်ရေး ဆေးရည်ကို ထိုးပေးလိုက်ပြီးကတည်းက ပိုပြီး ဆွဲဆောင်မှု ရှိလာပြီး စုံလင်လာသည်။ အသားအရေက နုနယ် ချောမွေ့နေပြီး ခန္ဓာကိုယ် အချိုးအစားကလည်း ပို၍ ပြည့်စုံလာသည်။

ကလေးမွေးပြီးသော မိခင် အများစုမှာ ကလေး ပြုစုရသဖြင့် အိုမင်းရင့်ရော်လွယ်ကြသည်။ သို့သော် ဟယ်မင်ယီ ထံတွင် ထိုအားနည်းချက်များ လုံးဝ မရှိပေ။ ယင်းအစား ပို၍ပင် ငယ်ရွယ် နုပျိုလာသလို ခံစားရသည်။

ထို့ကြောင့် ဟယ်မင်ယီသည် နေ့တိုင်း မှန်ရှေ့တွင် အချိန်ဖြုန်းနေတတ်ပြီး ယခုနောက်ပိုင်း အပြင်ထွက်လျှင် မိတ်ကပ်ပင် မလိမ်းတော့ပေ။

သဘာဝ အလှက ပို၍ လှပနေသောကြောင့် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဆွန်ဖုန်း မိန်းမလှလေးများကို ခေါ်၍ လမ်းထွက်လျှင် ယောကျာ်း အများအပြား၏ မျက်လုံးများကို ဆွဲဆောင်နိုင်စမြဲ ဖြစ်သည်။

ဟယ်မင်ယီ၏ သူငယ်ချင်း အချို့ပင် သူမကို မြင်သောအခါ မယုံနိုင်အောင် ဖြစ်ရပြီး သူမကို မိစ္ဆာမလေး ဟုပင် ခေါ်ကြသည်။

ဟယ်မင်ယီ တစ်ယောက် နေ့တိုင်း သူမကိုယ်သူမ သဘာဝ အတိုင်း လှပနေသည်ဟု ဂုဏ်ယူနေသည်ကို ဆွန်ဖုန်း ကြားတိုင်း နောက်ကွယ်တွင် တိတ်တဆိတ် ရယ်မောနေတတ်သည်။

အလှဆုံး မိန်းမတွေတောင် အချိန်ရဲ့ တိုက်စားမှုကို မခံနိုင်ပါဘူး။ သူမရဲ့ ယောကျာ်းက သူမကို ဆေးရည် ထိုးပေးထားတယ် ဆိုတာကို သူမ မသိရှာဘူး။

ဟယ်မင်ယီ အေးချမ်းစွာ အိပ်မောကျနေသည်။ နေရောင်ခြည်က အပြင်မှ လင်းလက်စွာ ဝင်ရောက်လာပြီး သူမ၏ ဆံပင်များပေါ်သို့ ကျရောက်နေရာ အလွန် လှပနေသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း ဆွန်ဖုန်း၏ ရင်ထဲတွင် လှုပ်ရှားသွားသည်။

အိပ်မက်ထဲတွင် ဟယ်မင်ယီသည် တစ်စုံတစ်ယောက်က သူမအား အတင်း ဝင်ရောက်လာသလို ခံစားလိုက်ရသဖြင့် မျက်မှောင်ကြုတ်ကာ အိပ်ရာမှ လန့်နိုးသွားသည်။

"လူယုတ်မာ နင် ဘာလုပ်တာလဲ အသေကောင်လေး နင် အရင်ဆုံး ငါ့ကို မနိုးဘူးလား စိတ်ဆိုးဖို့ ကောင်းလိုက်တာ"

ဟယ်မင်ယီက ဆွန်ဖုန်း၏ ကျောဘက်မှ ဖက်ထားခြင်းကို ခံရလျက် ဆွန်ဖုန်းကို အနည်းငယ် ရိုက်နှက်လိုက်သည်။ ဒီလူဆိုးက တကယ်ကို ဆိုးလွန်းသည်။ သူမက ဆွန်ဖုန်းကို ဆက်ဆဲချင်သေးသော်လည်း အသံထွက်မလာတော့ဘဲ ညည်းသံလေးများသာ ထွက်ပေါ်လာတော့သည်။

အိပ်ရာထပြီးနောက် နံနက်စာ စားကြပြီး ဗန်ကူးဗား ရှိ ကြီးမားလှသော အိမ်ကြီးဆီသို့ ပြန်ရန် ပြင်ဆင်ကြသည်။ ကိုယ်ပိုင် ကျွန်းပေါ်တွင် တစ်ပတ်ကျော် နေပြီးပြီ ဖြစ်ရာ အားလပ်ရက် ကုန်ဆုံးချိန် ရောက်ပြီ ဖြစ်သည်။

ဆွန်ဖုန်းသည် မိသားစုနှင့်အတူ သူ၏ ဇိမ်ခံ ရွက်လှေပေါ်သို့ တက်ကာ အိမ်အပြန် ခရီးကို စတင်လိုက်သည်။

မနေ့က စူးမေးက ဆွန်ဖုန်းထံသို့ ဖုန်းဆက်ပြီး နယူးဖောင်လန် ရှိ ပင်လယ်ရေမှ ယူရေနီယမ် ထုတ်ယူရေး စက်ရုံ တည်ဆောက်မှု တစ်ဝက်ခန့် ပြီးစီးနေပြီ ဖြစ်ကြောင်းနှင့် သူ့ကို လာရောက် စစ်ဆေးရန် ပြောကြားခဲ့သည်။ အရည်အသွေး ကောင်းမကောင်းကို တစ်ချက် ကြည့်ရန်နှင့် ပြင်ဆင်ရန် လိုအပ်သည်များ ရှိမရှိ ကြည့်ရှုရန် ဖြစ်သည်။

ဆွန်ဖုန်း အနေဖြင့် ထိုနေရာသို့ သေချာပေါက် သွားရမည် ဖြစ်သည်။ ဘာကြောင့်လဲ ဆိုတော့ သူက ဒေါ်လာ တစ်ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး တည်ဆောက်နေခြင်း ဖြစ်သောကြောင့်တည်း။ ထို့အပြင် ယခုအချိန်အထိ သူ တစ်ခါမှ သွားမကြည့်ရသေးပေ။

အိမ်ပြန်ရောက်ပြီးနောက် နောက်ထပ် တစ်ရက် နေခဲ့ကြသည်။

"ဆွန်ဖုန်း ငါလည်း နင်နဲ့ လိုက်ခဲ့မယ် အခု ငါ နေကောင်းသွားပြီ ဆိုတော့ အိမ်လည်း မပြန်ချင်သေးဘူး ဟိုမှာ နေရတာ သိပ်ပျင်းစရာ ကောင်းတယ် အဲဒီအစား နင့်နောက် လိုက်ပြီး နေရင် မကောင်းဘူးလား"

ဟွမ်ကျားချန်က ဆွန်ဖုန်း အလုပ်သွားတော့မည်ကို သိသောအခါ ဆွန်ဖုန်းထံသို့ လာရောက် ပြောဆိုလိုက်သည်။ ယခု ဆွန်ဖုန်းနှင့် သူမ၏ ဆက်ဆံရေး အရ သူမ ဟိုဘက်ကို မပြန်ချင်တော့ပေ။

အိမ်ကလည်း သူမကို အမြဲတမ်း အိမ်ထောင်ပြုဖို့ ဖိအားပေးလေ့ ရှိသည်။ ယခု နေကောင်းသွားပြီ ဆိုတော့ သိပ်မကြာခင်မှာပဲ ထပ်ပြီး ဖိအားပေးခံရဦးမည်မှာ သေချာသည်။

"နင် သေချာလား နင့် ကုမ္ပဏီကို ဂရုမစိုက်တော့ဘူးလား"

ဆွန်ဖုန်း အနည်းငယ် အံ့ဩသွားသည်။ ဟွမ်ကျားချန်က သူနဲ့ လိုက်ချင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဟွမ်ကျားချန်သည် အလှပြ သက်သက် မိန်းမ တစ်ယောက် လုံးဝ မဟုတ်ကြောင်း သူ သိသည်။ သူမ၏ စွမ်းဆောင်ရည်က စူးမေးထက် လုံးဝ မညံ့ပေ။

ဒီလိုဆိုလျှင် ဆွန်ဖုန်း အနေဖြင့် အားထားရသော လက်ထောက် တစ်ယောက် ထပ်ရသွားမည် ဖြစ်ပြီး အားလပ်ချိန်များတွင်လည်း အချစ်ပွဲလေးတွေ နွှဲလို့ ရသေးသည် မဟုတ်ပါလား။ တကယ့်ကို ပြီးပြည့်စုံတဲ့ ဘဝလက်တွဲဖော်ပဲ အဟမ်း အဟမ်း...

"ငါ့ကုမ္ပဏီတွေက သေးသေးမွှားမွှားလေးတွေပါ အစ်ကိုတို့ကို သေချာ ကြည့်ခိုင်းထားလိုက်လို့ ရပါတယ် ငါ စဉ်းစားကြည့်တာ နင့်နောက် လိုက်တာက ပိုပြီး စိတ်ဝင်စားစရာ ကောင်းမယ် ထင်တယ် ဒီတစ်နှစ်ကျော် အတွင်းမှာ နင် အရမ်းကို မြန်မြန်ဆန်ဆန် တိုးတက်လာတာ ငါတောင် နည်းနည်း မနာလို ဖြစ်ချင်လာပြီ"

ဟွမ်ကျားချန်က ရယ်မောကာ ပြောလိုက်သည်။

All Chapters