အခန်း ၂၉၉
Vol. 30 Ch. 299
အခန်း ၂၉၉ - စိန်သတ္တုကြောကို မမျှော်လင့်ဘဲ ရှာဖွေတွေ့ရှိခြင်း
ပင်လယ်ရေမှ ယူရေနီယမ် ထုတ်ယူရေး စက်ရုံသည် ဂန်ဒါ ဟုခေါ်သော ကမ်းရိုးတန်းမြို့လေးတွင် တည်ရှိသည်။
ဂန်ဒါမြို့သို့ ပြန်ရောက်ပြီးနောက် ဆွန်ဖုန်းသည် ဟိုတယ်သို့ ပြန်ကာ တစ်ရက်နှစ်ရက်ခန့် နေပြီးမှ ပြန်ရန် စိတ်ကူးထားသည်။
သူက ပင်လယ်ရေ ယူရေနီယမ် ထုတ်ယူရေး စက်ရုံ၏ ရုံးချုပ်ကိုလည်း အချိန်လု၍ သွားရောက် ကြည့်ရှုရဦးမည် ဖြစ်သည်။
ရုံးချုပ် အဆောက်အအုံမှာ ဂန်ဒါမြို့လယ်တွင် တည်ရှိသည်။
ယခင်ကတည်းက စူးမေးသည် ဘဏ္ဍာရေး ဌာန အုပ်ချုပ်ရေး ဌာနနှင့် အခြားသော ဌာနများ စသည့် လိုအပ်သော အဖွဲ့အစည်း အချို့ကို ဖွဲ့စည်းပေးထားခဲ့ပြီး ဖြစ်သည်။ ဤဌာနများ အားလုံးမှာ မရှိမဖြစ် လိုအပ်သောအရာများ ဖြစ်သည်။
ဟိုတယ်သို့ ပြန်ရောက်ပြီးနောက် ထိုနေ့ မွန်းလွဲပိုင်းတွင် ဆွန်ဖုန်းသည် စူးမေး ဟွမ်ကျားချန်တို့နှင့်အတူ ဖုန်းရွေ့ ပင်လယ်ရေ ယူရေနီယမ် ထုတ်ယူရေး ရုံးချုပ် အဆောက်အအုံသို့ ရောက်ရှိလာခဲ့သည်။
ရုံးသုံး ဝတ်စုံများ တူညီစွာ ဝတ်ဆင်ထားသော ဝန်ထမ်း ဒါဇင်ပေါင်းများစွာက ဆွန်ဖုန်း လာမည့်အချိန်ကို တံခါးဝမှနေ၍ စောင့်ကြိုနေကြသည်။
"ဥက္ကဋ္ဌဆွန်ကို ကြိုဆိုပါတယ် အထွေထွေ မန်နေဂျာစူးကိုလည်း ကြိုဆိုပါတယ်"
ဤဝန်ထမ်းများ အားလုံးကို စူးမေးက ခေါ်ယူထားခြင်း ဖြစ်သဖြင့် စူးမေးကို မြင်ဖူးကြသော်လည်း ဆွန်ဖုန်းကိုတော့ ယခုမှ ပထမဆုံး အကြိမ် လူကိုယ်တိုင် မြင်ဖူးခြင်း ဖြစ်ရာ အားလုံးမှာ စိတ်လှုပ်ရှား တက်ကြွနေကြပြီး ဥက္ကဋ္ဌ ရှေ့တွင် မျက်နှာရအောင် လုပ်ချင်နေကြသည်။
ယခုအခါ ဆွန်ဖုန်း၏ နာမည်မှာလည်း နေမွန်းတည့်ချိန်လို ထင်ရှားနေပြီး ပိုင်ဆိုင်မှုများမှာလည်း ဘီလီယံချီကာ လူငယ် လူရွယ် အောင်မြင်သူ တစ်ယောက် ဖြစ်နေသည်။
ရည်မှန်းချက် အိပ်မက်များနှင့် အပြုသဘောဆောင်သော စွမ်းအင်များ ရှိသည့် ဤလူရည်ချွန်များထဲတွင် မည်သူက ဆွန်ဖုန်းကို မလေးစားဘဲ နေမည်နည်း။
အထူးသဖြင့် လှပသော အမျိုးသမီး ဝန်ထမ်းလေးများဆိုလျှင် ယနေ့တွင် တစ်ယောက်ချင်းစီက အလှဆုံး ပြင်ဆင်ထားကြပြီး ခြေအိတ်ရှည်များကို ဆင်တူ ဝတ်ဆင်ထားကာ ရင်ဘတ်ဟိုက်ဟိုက် အင်္ကျီများကို ဝတ်ဆင်ထားကြသည်။
သူတို့၏ အပြုံးများ မျက်လုံးများကလည်း တစ်ဖျပ်ဖျပ် ခတ်နေကြသည်။
"ဟားဟား အားလုံးပဲ မင်္ဂလာပါ ငါက ဆွန်ဖုန်းပါ"
ဆွန်ဖုန်းသည် ဤဝန်ထမ်းများ၏ တက်ကြွနေသော အသွင်အပြင်ကို ကြည့်ကာ အလွန် ကျေနပ်သွားသည်။ သူ လိုအပ်နေသည်မှာ ဤကဲ့သို့ အပြုသဘောဆောင်သော စွမ်းအင်များ အပြည့်ရှိသည့် အလုပ်သမားများကိုပင် ဖြစ်သည်။
"ဥက္ကဋ္ဌကြီး ကျွန်မက အက်ဒလင်းပါ အခု ကုမ္ပဏီရဲ့ လက်ရှိ အခြေအနေကို ရှင်းပြပေးပါမယ်"
အသက် နှစ်ဆယ့်ရှစ် နှစ်ဆယ့်ကိုးနှစ် အရွယ် အမျိုးသမီး တစ်ဦးက ရှေ့သို့ ထွက်လာပြီး ဆွန်ဖုန်းကို အပြုံးလေးဖြင့် ရိုသေစွာ ပြောလိုက်သည်။
ဤအမျိုးသမီးမှာ ရုပ်ရည် သာမန်သာ ရှိသော်လည်း ကြည့်ရသည်မှာ လုပ်ရည်ကိုင်ရည် ရှိပုံပေါ်ပြီး လုပ်ငန်းခွင်တွင် အတော်လေး နေရာရထားသူ ဖြစ်မည်ဟု ခန့်မှန်းရသည်။
"အင်း မင်းက လက်ရှိ ဘယ်ရာထူးမှာလဲ"
ဆွန်ဖုန်းက ခေါင်းညိတ်ကာ မေးလိုက်သည်။
"ဥက္ကဋ္ဌကြီး လက်ရှိ ကျွန်မက ကုမ္ပဏီမှာ အုပ်ချုပ်ရေး ဌာန မန်နေဂျာ အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်"
အက်ဒလင်းက မာနမကြီးဘဲ နှိမ့်ချခြင်းလည်း မရှိသည့် လေသံဖြင့် ဖြေလိုက်သည်။
"အင်း မဆိုးဘူး ကြိုးစားလုပ်ပါ မင်းကို ငါ အထင်ကြီးတယ်"
ဆွန်ဖုန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။
ယခုမှသာ ခေါင်းဆောင် လုပ်ရသည်မှာ ဤမျှ ဇိမ်ကျမှန်း သူ သိလိုက်ရသည်။ ဝန်ထမ်း တစ်သိုက်က မိမိ၏ မျက်နှာ အကဲကို ကြည့်ကာ အလုပ်လုပ်နေကြခြင်း မဟုတ်ပါလား။
ကုမ္ပဏီ ရုံးချုပ် တစ်ပတ် လှည့်လည် ကြည့်ရှုပြီး အခြေအနေ အချို့ကို နားလည်သွားပြီးနောက် ဆွန်ဖုန်းသည် ဝန်ထမ်း အားလုံးကို ကိစ္စတစ်ခု ကြေညာလိုက်သည်။
အစည်းအဝေး ခန်းမထဲတွင် ဆွန်ဖုန်းက ထိပ်ဆုံး နေရာ၌ ထိုင်နေသည်။ သူ၏ ဘေးတွင် စူးမေးနှင့် ဟွမ်ကျားချန်တို့ ထိုင်နေကြသည်။
"အဟမ်း"
ဆွန်ဖုန်းက လည်ချောင်း ရှင်းလိုက်ပြီးနောက် ပြောလိုက်သည်။
"အခု ငါ ကိစ္စတစ်ခု ကြေညာမယ် လောလောဆယ် ဥက္ကဋ္ဌ နေရာက လစ်လပ်နေသေးတယ် ဒုတိယ ဥက္ကဋ္ဌ စူးမေးပဲ ရှိသေးတယ်"
ဆွန်ဖုန်း၏ စကား ထွက်လာသည်နှင့် အောက်ရှိ လူများ အားလုံးမှာ နားစွင့်သွားကြသည်။
လက်ရှိတွင် ရာထူးကြီးကြီး ယူထားသော မန်နေဂျာ အချို့ဆိုလျှင် ဆွန်ဖုန်းကို စိုးရိမ်တကြီး စိုက်ကြည့်နေကြသည်။ သူတို့ အားလုံးက ထိုနေရာသို့ ရောက်ချင်နေကြခြင်း ဖြစ်သည်။
"အခု မိန်းကလေး ဟွမ်ကျားချန်က ဖုန်းရွေ့ ပင်လယ်ရေ ယူရေနီယမ် ထုတ်ယူရေး ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ဖြစ်လာလိမ့်မယ် အင်း မင်းတို့ရဲ့ အထက်လူကြီးပေါ့ နောင်ကျရင် မင်းတို့ အားလုံး မိန်းကလေး ဟွမ်ကျားချန်ရဲ့ အလုပ်တွေမှာ အများကြီး ပူးပေါင်း ပါဝင်ပေးကြပါ အားလုံး လက်ခုပ်တီးပြီး ကြိုဆိုလိုက်ကြပါ"
ဆွန်ဖုန်းက ဦးစွာ ပြုံးကာ လက်ခုပ်တီးလိုက်သည်။
"ဖြောင်း" "ဖြောင်း" "ဖြောင်း"
အောက်ရှိ လူများက ဆွန်ဖုန်း လက်ခုပ်တီးသည်ကို မြင်သောအခါ အားလုံးက လိုက်၍ လက်ခုပ်တီးကြပြီး ဟွမ်ကျားချန်ကို တစ်ယောက်ပြီး တစ်ယောက် ဂုဏ်ပြု စကားများ ပြောကြားကြသည်။ သို့သော် သူတို့က ဟွမ်ကျားချန်ကို ယခုမှ ပထမဆုံး အကြိမ် မြင်ဖူးကြခြင်း ဖြစ်သည်။
ထို့နောက် ဟွမ်ကျားချန်ကလည်း မိန့်ခွန်း အနည်းငယ် ပြောကြားပြီး အောက်လက်ငယ်သား ဝန်ထမ်းများနှင့် ရင်းနှီးအောင် လုပ်ပြီးနောက် ဟိုတယ်သို့ ပြန်လာခဲ့ကြသည်။
"နောက်ဆို မင်း ဒီမှာပဲ အမြဲတမ်း နေရတော့မှာ ဆိုတော့ ငါ မင်းအတွက် အိမ်တစ်လုံး ဝယ်ပေးရမလား"
ဟိုတယ်သို့ ပြန်ရောက်ပြီးနောက် ဆွန်ဖုန်းက ဟွမ်ကျားချန်ကို မေးလိုက်သည်။
ဤမျှ တော်သော လက်ထောက် တစ်ယောက်ကို ရလိုက်သဖြင့် ဆွန်ဖုန်း စိတ်ထဲတွင် ဟွမ်ကျားချန်အပေါ် အနည်းငယ် အားနာနေမိသည်။
"ကောင်းတာပေါ့ ဘာပဲဖြစ်ဖြစ် ငါ့ပိုက်ဆံ ကုန်တာမှ မဟုတ်တာ ဒါနဲ့ တစ်နှစ်စာ လစာက ဘယ်လောက်ပေးမှာလဲ နည်းရင်တော့ ငါ မလုပ်ဘူးနော်"
ဟွမ်ကျားချန်က ပြောလိုက်သည်။
"ဟီးဟီး ဒါဆို မင်းက တစ်နှစ်ကို ဘယ်လောက် လိုချင်လဲ"
ဆွန်ဖုန်းက ဟွမ်ကျားချန်၏ ခါးသေးသေးလေးကို ဖက်ကာ ဟီးဟီးရယ်လျက် မေးလိုက်သည်။
ဒီကောင်မလေးကို စားပြီးပြီ ဖြစ်ရာ ဘာပဲဖြစ်ဖြစ် သူတို့ နှစ်ယောက်က တစ်သားတည်း ဖြစ်နေပြီ ဖြစ်သည်။ သူမ ဘယ်လို သုံးချင်သုံး သုံးနိုင်သည်။ မည်သို့ပင်ဖြစ်စေ ဆွန်ဖုန်းက ဟွမ်ကျားချန်ကို သူ၏ မိန်းမ တစ်ယောက် အဖြစ် သတ်မှတ်ထားပြီး ဖြစ်သည်။
"တစ်နှစ်ကို လစာ ၅ သန်း ဒေါ်လာနဲ့နော်"
ဟွမ်ကျားချန်က ခြင်္သေ့ပါးစပ်ကြီး ဖွင့်ကာ တောင်းလိုက်သည်။
သူမက ဒီလူဆိုးကို သေချာပေါက် အလွတ်ပေးမည် မဟုတ်ပေ။ သူမ ကိုယ်တိုင်လည်း အစားခံထားရပြီးပြီ ဖြစ်ရာ သူ့ဆီကနေ အမြတ်ထုတ်ရမည် မဟုတ်ပါလား။ ဘာပဲဖြစ်ဖြစ် သူ့မှာ ပိုက်ဆံတွေ အများကြီး ရှိနေသည်လေ။
"ပြဿနာ မရှိဘူး လာ ဘဝအကြောင်း အချစ်အကြောင်းလေး ပြောကြရအောင်"
ဆွန်ဖုန်းက ချက်ချင်း သဘောတူလိုက်ပြီး ဟွမ်ကျားချန် အပေါ်သို့ ခုန်အုပ်လိုက်သည်။
"တစ်ကြိမ်ကို တစ်သန်းပေး"
ဟွမ်ကျားချန်က ရုတ်တရက် အော်ပြောလိုက်သည်။
"တောက် တစ်ကြိမ်ကို တစ်သန်း ဟုတ်လား မင်းက ဓားပြတိုက်နေတာလား မင်း အောက်က ဟာက ရွှေကွပ်ထားလို့လား"
ဆွန်ဖုန်းက ကုတင်ပေါ်မှ လူးလဲထကာ သွေးစုပ်ဖုတ်ကောင် ဟွမ်ကျားချန်ကို စိုက်ကြည့်ရင်း ကန့်ကွက်လိုက်သည်။
"ဒေါ်လာနဲ့နော် လုပ်ချင်လုပ် မလုပ်ချင်နေ ငါကတော့ မလောပါဘူး"
ဟွမ်ကျားချန်က ဘာမှ မဖြစ်သလိုဖြင့် ဖုန်းကို ယူကာ စတင် ကစားနေလိုက်သည်။
"ဒါဆို ငါ အတင်း လုပ်မှာပဲ မင်း ငါ့ကို ပြန်ကိုက်လေ"
ဆွန်ဖုန်းက လူယုတ်မာ အပြုံးဖြင့် ပြောလိုက်သည်။
"လူယုတ်မာ အားနည်းတဲ့ မိန်းကလေးကို အနိုင်ကျင့်တယ် သွား ဟိုဘက် သွား"
နောက်တစ်နေ့ မနက်စောစောတွင် ဆွန်ဖုန်းသည် ဖုန်းသံတစ်ခုကြောင့် အိပ်ရာမှ နိုးလာခဲ့သည်။
ဖုန်းက မားစ် သံရိုင်းတွင်း ဘက်မှ ခေါ်လာခြင်း ဖြစ်သည်။ အင်း ဆွန်ဖုန်း အရင်က ထိုနေရာတွင် ထားခဲ့သော စက်ရုပ် သက်တော်စောင့် တစ်ကောင်ဆီမှ ခေါ်လာခြင်း ဖြစ်မည်။
ထိုသက်တော်စောင့်ကို ဆွန်ဖုန်းက မားစ် သံရိုင်းတွင်းကို စောင့်ရှောက်ရန်နှင့် အရေးပေါ် ကိစ္စများကို တိတ်တဆိတ် ဖြေရှင်းရန် ထားခဲ့ခြင်း ဖြစ်သည်။ ဥပမာ မြေအောက် သိုလှောင်ရုံရှိ သံရိုင်းများ ကုန်သွားပါက သူ့ကို အကြောင်းကြားရန် ဖြစ်သည်။
"အစီရင်ခံပါတယ် ပိုင်ရှင် လောလောဆယ် မားစ် သံရိုင်းတွင်း မြေအောက် သိုလှောင်ရုံထဲမှာ သံရိုင်း တန်ချိန် ငါးသိန်းပဲ ကျန်ပါတော့တယ် ဒါကြောင့် ပိုင်ရှင် အနေနဲ့ သံရိုင်း အသစ်တွေကို အမြန်ဆုံး လာထည့်ပေးပါ"
"ကောင်းပြီ ငါ သိပြီ"
ဆွန်ဖုန်းက ဖုန်းချလိုက်ပြီး အရင်က ပင်လယ်အောက်မှ ခိုးယူခဲ့သော သံရိုင်း တန်ချိန် သန်းဆယ်ချီကို ပြန်တွေးကြည့်လိုက်သည်။
ယခု တစ်နှစ်တိတိ ရောင်းချပြီးသည့်တိုင်အောင် အားလုံးနီးပါး ကုန်သွားပြီ ဖြစ်သည်။ အရင်က တစ်ခေါက် ခိုးယူခဲ့သည်မှာ တစ်နှစ်လောက် ရောင်းချခဲ့ရသည်။ ယခုတော့ သံရိုင်း နောက်တစ်ခေါက် ထပ်သွားယူရမည် ဖြစ်သည်။
'ပင်လယ်ထဲ တစ်ခေါက် သွားရတော့မယ်'
ဆွန်ဖုန်းက မျက်နှာကြက်မှ ကြမ်းပြင်ထိ ရှိသော ပြတင်းပေါက် ရှေ့တွင် ရပ်ကာ အဝေးရှိ ပင်လယ်ပြင်မှ နေထွက်လာသည်ကို ကြည့်ရင်း တီးတိုး ရေရွတ်လိုက်သည်။
ဤတစ်ကြိမ်တွင်တော့ သွားခိုးရန် မဟုတ်ပေ။ အရင်က သူသည် ပစိဖိတ် သမုဒ္ဒရာထဲတွင် ရေအောက် သံသတ္တုကြော တစ်ခုကို တွေ့ရှိခဲ့ဖူးသည်။
ထို့အပြင် အရင်ကလည်း တစ်ကြိမ် တူးဖော်ခဲ့ဖူးသည်။ နောက်ပိုင်းတွင် မားစ် သံရိုင်းတွင်းမှ အရောင်းအဝယ် မသွက်သောကြောင့် ထပ်မံ သွားရောက် တူးဖော်ခြင်း မပြုတော့ခြင်း ဖြစ်သည်။
သို့သော် တစ်နှစ်အတွင်း တန်ချိန် သန်းဆယ်ချီ ရောင်းချခဲ့ရသည်မှာ မဆိုးလှပေ။
ယခု ဆွန်ဖုန်းတွင် ရင်းနှီးမြှုပ်နှံထားသော ငွေကြေးများကို ဖယ်လိုက်ပါက လက်ငင်း လည်ပတ်နိုင်သော ငွေကြေးမှာ ဒေါ်လာ သုံးဘီလီယံ အထိ ရှိနေပြီ ဖြစ်သည်။
ဤငွေရှာနိုင်သော အဓိက နေရာကြီး နှစ်ခုမှာ မားစ် သံရိုင်းတွင်းနှင့် ရွှေသင်္ဘောအုပ်စုကို ရောင်းချထားခြင်းတို့မှ ဖြစ်သည်။
နောက်ပိုင်းတွင် ဆွန်ဖုန်းက ပင်လယ်ရေ ယူရေနီယမ် ထုတ်ယူရေး စက်ရုံတွင် ဒေါ်လာ တစ်ဘီလီယံ ထပ်မံ ရင်းနှီးမြှုပ်နှံခဲ့သော်လည်း ယခု ဆွန်ဖုန်း၌ ဒေါ်လာ သုံးဘီလီယံ ရှိနေဆဲ ဖြစ်သည်။
ဒေါ်လာ သုံးဘီလီယံ ဆိုသည်မှာ များသလား ဆိုတော့ မများသလို နည်းသလား ဆိုတော့လည်း မနည်းပေ။ ဒေါ်လာ သုံးဘီလီယံဖြင့် အလွန် ကြီးမားသော ရေနံမြေ တစ်ခုကို ရင်းနှီးမြှုပ်နှံမည် ဆိုလျှင် အားလုံး ကုန်သွားနိုင်သဖြင့် များသည်ဟုတော့ မဆိုနိုင်ပေ။ သို့သော် နည်းသလား ဟုဆိုလျှင် အခြားသော ရင်းနှီးမြှုပ်နှံမှု အများအပြားကို လုပ်ဆောင်နိုင်သေးသည်။
"ထားလိုက်တော့ အရင်ဆုံး သံရိုင်းတွေ သွားတူးပြီး ပြန်လာမှပဲ ဆက်ပြောတော့မယ်"
မိန်းမလှလေး နှစ်ယောက် အိပ်ရာထလာသည်ကို စောင့်ပြီး အတူတူ နံနက်စာ စားပြီးနောက် ဆွန်ဖုန်းက အကြောင်းပြချက် တစ်ခုပေးကာ ထွက်လာခဲ့သည်။
ဟွမ်ကျားချန်ကတော့ ဖုန်းရွေ့ ပင်လယ်ရေ ယူရေနီယမ် ထုတ်ယူရေး ကုမ္ပဏီ၏ အလုပ်များကို ဦးစီးရန် ဤနေရာတွင် ကျန်ရစ်ခဲ့ပြီး စူးမေးကတော့ စိန့်ဖုန်း ရေနံမြေဘက်သို့ လေယာဉ်ဖြင့် ပြန်သွားခဲ့သည်။
နံနက် ကိုးနာရီကျော်တွင် ဆွန်ဖုန်းသည် လူသူကင်းမဲ့သော ကမ်းခြေ တစ်ခုသို့ ရောက်ရှိလာခဲ့ပြီး ပတ်ဝန်းကျင်တွင် လူမရှိကြောင်း သေချာအောင် ကြည့်လိုက်သည်။
ထို့နောက် သိုလှောင်ခန်းထဲမှ ရေငုပ် စစ်ဝတ်စုံကို အလျင်အမြန် ထုတ်ယူလိုက်ရာ ရေငုပ် စစ်ဝတ်စုံက အလိုအလျောက် ဖုံးလွှမ်းသွားပြီး ချက်ချင်းပင် အကာအကွယ် အလွှာကို ဖွင့်လှစ်လိုက်သည်။
ရေထဲ ဆင်းပြီးသည်နှင့် ဆွန်ဖုန်းသည် ရှာဖွေ ထောက်လှမ်းရေး စနစ်ကို ဖွင့်လိုက်ရာ စနစ် ပွင့်သွားသည်နှင့် တစ်ပြိုင်နက် ကီလိုမီတာ ၃၅၀ ပတ်လည်ရှိ အခြေအနေ အားလုံးက ဆွန်ဖုန်း၏ မျက်လုံးထဲသို့ ရောက်ရှိလာတော့သည်။
"လမ်းကြောင်း ထည့်သွင်း ပစိဖိတ် သမုဒ္ဒရာဆီ ထွက်မယ်"
ဆွန်ဖုန်းက အသံလက်ထောက် စနစ်ကို အရင်တစ်ခေါက်က ပစိဖိတ် သမုဒ္ဒရာထဲရှိ ရေအောက် သံသတ္တုကြော၏ ကိုဩဒိနိတ်များကို ရှာဖွေခိုင်းပြီး လမ်းကြောင်း ထည့်သွင်းကာ ခရီးစဉ်ကို စတင် ထွက်ခွာလိုက်သည်။
ဆွန်ဖုန်း ကီလိုမီတာ ၅၀ ပင် မပြည့်သေးခင် ရေအောက်တွင် ငုပ်လျှိုး သွားလာနေစဉ် အသံလက်ထောက် စနစ်က ရုတ်တရက် အစီရင်ခံလာသည်။
"ပိုင်ရှင် ပိုင်ရှင် ကြီးမားတဲ့ တွေ့ရှိမှုကြီး တစ်ခု တွေ့ထားတယ်"
အသံလက်ထောက် စနစ်၏ အသံမှာ အလွန် စိတ်လှုပ်ရှားနေပြီး အရေးကြီးသော သတင်းအချက်အလက် တစ်ခုခုကို ရှာဖွေ တွေ့ရှိထားပုံ ပေါ်သည်။
"ဘာ ကြီးမားတဲ့ တွေ့ရှိမှုကြီးလဲ"
ဆွန်ဖုန်းလည်း အနည်းငယ် မျှော်လင့်သွားသည်။ တွေ့ရှိတိုင်း အမြဲတမ်း ပစ္စည်းကောင်းတွေသာ ဖြစ်လေ့ရှိသည်။
"အရှေ့တောင် အရပ် ကိုဩဒိနိတ် XX XX မှာ စိန်သတ္တုကြော တွေ့ရှိထားပါတယ် အင်း ကျွန်တော်တို့ လက်ရှိ နေရာကနေဆိုရင် ကီလိုမီတာ ၃၂၅ လောက် ကွာဝေးပါတယ် ဒီစိန်သတ္တုကြောက အရှေ့တောင်ဘက် ကုန်းမြေပေါ်မှာ ရှိနေတာပါ"
အသံလက်ထောက် စနစ်က ပြောလိုက်သည်။
"အို ဘုရားရေ စိန်သတ္တုကြော တွေ့တယ် ဟုတ်လား ငါ့ရဲ့ ကံကြမ္မာက အစွမ်းကုန် တက်နေတာလား မသိဘူး မူလက တခြား ကိစ္စ တစ်ခု သွားလုပ်မလို့ဟာကို ရေထဲ ဆင်းဆင်းချင်း အနီးအနား ကုန်းမြေအောက်မှာ စိန်သတ္တုကြော ရှိနေမယ်လို့ လုံးဝ မထင်ထားခဲ့ဘူး"
ဤတစ်ကြိမ်တွင်တော့ ဆွန်ဖုန်း တစ်ယောက် အသံလက်ထောက် စနစ်ကြောင့် တကယ် အံ့ဩမှင်တက် သွားရသည်။ ဤမျှ အံ့မခန်း အခြေအနေမျိုး ဖြစ်လာမည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
"အသံလက်ထောက် စနစ် မင်း စကင်န် ဖတ်မိတာက တခြားသူတွေရဲ့ စိန်သတ္တုကြောများ ဖြစ်နေမလား ဒါမှမဟုတ် တူးဖော်ပြီးသား များလား"
ဆွန်ဖုန်းက အနည်းငယ် စိုးရိမ်တကြီး မေးလိုက်သည်။
ဘာပဲဖြစ်ဖြစ် ဒီလို အခြေအနေမျိုးက မဖြစ်နိုင်တာတော့ မဟုတ်ပေ။ ကနေဒါတွင်လည်း စိန်သတ္တုကြော အများအပြား ရှိပြီး မကြာသေးမီ နှစ်များ အတွင်းက တူးဖော်မှုများ အတော်လေး အဆင်ပြေနေခဲ့သည် မဟုတ်ပါလား။
"ပိုင်ရှင် ခုနက ကျွန်တော် အသေးစိတ် စကင်န် ဖတ်ကြည့်ပြီးပါပြီ ဒီစိန်သတ္တုကြောက မြေရိုင်း တစ်ကွက်အောက်မှာ ရှိနေတာပါ ပတ်ဝန်းကျင်မှာ လူသူကင်းမဲ့နေပြီး ရွာလေး အချို့လောက်ပဲ ရှိပါတယ် ဒီစိန်သတ္တုကြောက မြေအောက် မီတာ တစ်ရာကျော်မှာ မြုပ်နေတာ ဖြစ်ပြီး ကြည့်ရတာ ရှာဖွေ တွေ့ရှိခြင်း မရှိသေးသလို တူးဖော်ထားတာလည်း မရှိသေးပါဘူး"
အသံလက်ထောက် စနစ်က ပြောလိုက်သည်။
"တကယ်လား"
ဆွန်ဖုန်းက ကြားပြီးနောက် အလွန် ဝမ်းသာသွားသည်။
အကယ်၍ ဒီလိုသာ ဆိုပါက သူက စတင် တူးဖော်၍ ရပြီ ဖြစ်သည်။ အကယ်၍ ထိုနေရာတွင် အဆောက်အအုံများ သို့မဟုတ် မြို့များ ရှိနေပါက နည်းနည်း ခက်ခဲလိမ့်မည်။ ဘာပဲဖြစ်ဖြစ် တူးဖော်မည် ဆိုလျှင် သူများရဲ့ နစ်နာမှုများကို လျော်ကြေး ပေးရမည် မဟုတ်ပါလား။
ယခု မြေရိုင်း တစ်ကွက်အောက်တွင် ရှိနေသည် ဟု ဆိုသဖြင့် အလွန် လွယ်ကူသွားပြီ ဖြစ်သည်။ ထိုအချိန်ကျလျှင် သူက ဤမြေကွက်ကို ဝယ်ယူပြီး တူးဖော်လိုက်ရုံပင် ဖြစ်သည်။
ကနေဒါတွင် သတ္တု တူးဖော်ရေး လုပ်ငန်း လုပ်ကိုင်မည် ဆိုပါက ရှာဖွေ စူးစမ်းခွင့် ရှိရမည် ဖြစ်ပြီး ထိုမှသာ စူးစမ်း ရှာဖွေနိုင်သည်။ ထို့နောက် သတ္တုကြောကို တွေ့ရှိပါက အစိုးရထံတွင် တူးဖော်ခွင့်နှင့် သတ္တုတွင်း ငှားရမ်းခွင့်ကို လျှောက်ထားရမည် ဖြစ်သည်။
အစိုးရက တူးဖော်ခွင့်နှင့် ငှားရမ်းခွင့်ကို ခွင့်ပြုပြီးသည်နှင့် မြေပိုင်ရှင်ကို ရှာဖွေကာ လျော်ကြေး စာချုပ် ချုပ်ဆိုရမည် ဖြစ်သည်။ ဆိုလိုသည်မှာ သင်က ဤမြေနေရာကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်မည် ဆိုပါက မြေပိုင်ရှင်ကို လျော်ကြေး ပေးရမည် ဖြစ်သည်။ တစ်နည်းအားဖြင့် သူများရဲ့ မြေကွက်ကို ဝယ်ယူရမည် ဖြစ်သည်။ ဤအရာများ အားလုံး ပြီးစီးသွားပါက တူးဖော်မှု စတင်နိုင်ပြီ ဖြစ်သည်။
ဆွန်ဖုန်းတွင် မူလကတည်းက ဖုန်းရွေ့ သတ္တု တူးဖော်ရေး ကုမ္ပဏီ ရှိပြီး ဖြစ်ရာ ရှာဖွေ စူးစမ်းခွင့် ရှိပြီးသား ဖြစ်သည်။ ထို့ကြောင့် ဆွန်ဖုန်းက တူးဖော်ခွင့်နှင့် သတ္တုတွင်း ငှားရမ်းခွင့်ကို လျှောက်ထားလိုက်ရုံဖြင့် အဆင်ပြေပြီ ဖြစ်သည်။
"ဟုတ်ပါတယ် ပိုင်ရှင် ကြည့်ရတာ ပိုင်ရှင်က ကြီးမားတဲ့ ဥစ္စာဓန တစ်ခုကို ထပ်ပြီး ရတော့မှာပဲ"
အသံလက်ထောက် စနစ်က ဂုဏ်ပြု စကား ပြောကြားလိုက်သည်။
"ဟီးဟီး ဒါက မင်း ရှိနေလို့ပေါ့"
ဆွန်ဖုန်းက ဟီးဟီးရယ်ကာ ပြောလိုက်သည်။
တကယ်တမ်း ပြောရလျှင် သတ္တုကြော တစ်ခု ရှာဖွေ တွေ့ရှိရန် မလွယ်ကူပေ။ သို့သော် ရွှေလက်ချောင်း ပိုင်ဆိုင်ထားသော ဆွန်ဖုန်း အတွက်မူ နေရာမှာ ရပ်ကာ ရှာဖွေ ထောက်လှမ်းရေး စနစ်ကို ဖွင့်လိုက်ရုံဖြင့် အားလုံးကို သိနိုင်ပြီ ဖြစ်သည်။
"ဒီနေရာမှာ စိန်သတ္တုကြော တစ်ခု တွေ့လိမ့်မယ်လို့ မထင်ထားဘူး မင်း တစ်ချက်လောက် စုံစမ်းကြည့်စမ်းပါ ဒီသတ္တုကြောက ဘယ်လောက် ကြီးလဲ သိုလှောင်ထားတဲ့ ပမာဏနဲ့ တခြား အချက်အလက်တွေကိုပေါ့"
ဆွန်ဖုန်းက ပျော်ရွှင်စွာဖြင့် ရေထဲတွင် ရပ်တန့်ကာ အသံလက်ထောက် စနစ်ကို ပြောလိုက်သည်။
"ကောင်းပါပြီ ပိုင်ရှင် ခဏစောင့်ပါ"
"စကင်န် ဖတ်နေပါတယ် ခန့်မှန်း တွက်ချက်မှု ပြီးပါပြီ အစီရင်ခံပါတယ် ပိုင်ရှင် ဒီစိန်သတ္တုကြောကို အပြည့်အဝ တူးဖော်ပြီးသွားရင် ခန့်မှန်းခြေ စိန် ကာရက် ၁၀ သန်းလောက် ထွက်ရှိနိုင်ပါတယ် ပိုင်ရှင် နှစ်အတော်ကြာ တူးဖော်လို့ ရလောက်အောင် လုံလောက်ပါတယ်"
အသံလက်ထောက် စနစ်က ပြောလိုက်သည်။
"အင်း စိန် ကာရက် ၁၀ သန်းလောက် တူးဖော်နိုင်တယ်ပေါ့ ဒီစိန်တွင်းက အတော်လေး ကြီးတာပဲ ငါ စတင် အကောင်အထည်ဖော်ဖို့ တန်တယ်"
ဆွန်ဖုန်းက ခေါင်းညိတ်လိုက်သည်။
သိထားရမည်မှာ လက်ရှိ ကမ္ဘာတစ်ဝန်း စိန် သိုလှောင်မှု ပမာဏမှာ အကြမ်းဖျင်း ဤကဲ့သို့ ဖြစ်သည်။ ရှာဖွေ တွေ့ရှိပြီးသော သဘာဝ စိန် သိုလှောင်မှု ပမာဏမှာ ကာရက် ၂.၅ ဘီလီယံ ခန့် ရှိပြီး ၎င်းတို့ အနက် သြစတြေးလျတွင် ကာရက် ၆၅၀ သန်းခန့် ဇိုင်ယာ တွင် ကာရက် ၅၅၀ သန်းခန့် ရှိသည်။
လက်ရှိ တူးဖော်မှု အဆင့်အရ စိန် သိုလှောင်မှု ပမာဏမှာ ၂၅ နှစ်သာ တူးဖော်နိုင်မည် ဖြစ်သော်လည်း သတ္တု ရှာဖွေရေး နည်းပညာများ တိုးတက်လာသည်နှင့်အမျှ နှစ်စဉ် သတ္တုတွင်း အသစ်များကို ရှာဖွေ တွေ့ရှိနေပြီး မကြာသေးမီ နှစ်များ အတွင်း ကနေဒါ၏ စိန် သိုလှောင်မှု ပမာဏမှာ သိသိသာသာ တိုးလာခဲ့သည်။
စိန် စတင် တူးဖော်ချိန်မှ စ၍ စုစုပေါင်း စိန် တန်ချိန် ၃၅၀ ခန့် ကာရက် ၁.၇၅ ဘီလီယံခန့် တူးဖော်ပြီး ဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင် တစ်နှစ်လျှင် စိန် တူးဖော်မှုမှာ ကာရက် သန်း ၉၀ မှ သန်း ၁၀၀ ခန့် ရှိရာ ၎င်းတို့ အနက် ကျောက်မျက် အဆင့်အတန်းမီ စိန်များမှာ ၁၇% မှ ၂၀% အထိ ပါဝင်သည်။ ၂၀% သော ကျောက်မျက် အဆင့်အတန်းမီ စိန်များ၏ တန်ဖိုးမှာ ၈၀% သော စက်မှုသုံး စိန်များ၏ တန်ဖိုးထက် ၅ ဆ ပိုများသည်။
ထို့ကြောင့် ဤကာရက် ၁၀ သန်း ရှိသော စိန် သိုလှောင်မှု ပမာဏမှာ အတော်လေး ကောင်းမွန်သည်ဟု ဆိုနိုင်သည်။ တကယ်တမ်း တူးဖော်သည့်အခါ ကျောက်မျက် အဆင့်အတန်းမီ စိန် မည်မျှ ထွက်ရှိမည် ဆိုသည်ကိုမူ ထိုအချိန်ကျမှသာ သိနိုင်မည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဤတစ်ခေါက်တော့ မရှုံးနိုင်ပေ။
စိန်၏ အရည်အသွေး ကောင်းမကောင်းကို 4C စံနှုန်းများဖြင့် ဆုံးဖြတ်သည်။ စိန်၏ 4C ဆိုသည်မှာ စိန်ကို အကဲဖြတ်သည့် စံနှုန်းများ ဖြစ်ပြီး ၎င်းတွင် ကာရက် သန့်စင်မှု အရောင် နှင့် သွေးဖြတ်မှု တို့ ပါဝင်သည်။
ကာရက် ဆိုသည်မှာ ကျွန်ုပ်တို့ အမြဲ ပြောလေ့ရှိသော အလေးချိန် ဖြစ်ပြီး စိန်၏ အရွယ်အစားကို ဖော်ပြသည်။ သန့်စင်မှု ဆိုသည်မှာ စိန်အတွင်းရှိ အပြစ်အနာအဆာ အနည်းအများကို ရည်ညွှန်းပြီး အပြစ်အနာအဆာ နည်းပါးလေ အဆင့်မြင့်လေ ဖြစ်ကာ တောက်ပသော အလင်းရောင်ကို ရောင်ပြန်ဟပ်နိုင်လေ ဖြစ်သည်။
သို့သော် စိန်တွင် အပြစ်အနာအဆာ များပါက စိန်၏ မျက်နှာပြင်ကို အလွန် မှေးမှိန်သွားစေနိုင်သည်။
အရောင် ဆိုသည်မှာ စိန်၏ အရောင် အဆင့်ကို ရည်ညွှန်းပြီး စိန်၏ အရောင်များတွင် အလွန် ရှားပါးသော လုံးဝ အရောင် ကင်းမဲ့ခြင်းမှ အဝါရောင် အညိုရောင်တို့ ရှိပြီး အရောင်ဖျော့သော စိန်များက အလင်းရောင် ဖြတ်သန်းရန် ပိုမို လွယ်ကူသည်။ ဤသည်မှာ 4C တွင် အထင်ရှားဆုံး အချက်ပင် ဖြစ်သည်။
"ပိုင်ရှင် အခု လက်တွေ့ သွားရောက် စစ်ဆေးဦးမလား ဒါမှမဟုတ် ပစိဖိတ် သမုဒ္ဒရာကိုပဲ ဆက်သွားမလား"
"ဒါက မလောပါဘူး ဘာပဲဖြစ်ဖြစ် အဲဒီမှာ စိန်သတ္တုကြော တစ်ခု ရှိနေတယ် ဆိုတာ ဘယ်သူမှ မသိဘူးလေ ငါ့ကို လုမယ့်လူလည်း မရှိပါဘူး မလောဘူး ငါတို့ ပစိဖိတ် သမုဒ္ဒရာဘက်ကိုပဲ အရင်သွားကြတာပေါ့ သံရိုင်းတွေ အရင် တစ်ခေါက်လောက် သွားတူးပြီးမှ ဆက်ပြောမယ်"
ဆွန်ဖုန်းက ပြောလိုက်သည်။
"ကောင်းပါပြီ"
"ပစိဖိတ် သမုဒ္ဒရာဘက်ကို ဆက်ထွက်မယ်"
ဆွန်ဖုန်းက ခရီးဆက်လိုက်ပြီး နာရီအနည်းငယ် ကြာသောအခါ ပစိဖိတ် သမုဒ္ဒရာထဲသို့ ရောက်ရှိသွားသည်။ လမ်းညွှန်စနစ်၏ အကူအညီဖြင့် ဆွန်ဖုန်းသည် အရင်က တစ်ခေါက် တူးဖော်ခဲ့ဖူးသော ရေအောက် သံသတ္တုကြောကို အလျင်အမြန်ပင် ရှာတွေ့သွားသည်။ ဤသံသတ္တုကြောမှာ လက်ရှိတွင် သမုဒ္ဒရာ နက်နက်ထဲတွင်သာ ရှိနေပြီး မည်သူမှ ရှာမတွေ့သေးပေ။
'သုံးရက်လောက် တူးလိုက်ရင် နောက်ထပ် သံရိုင်း တန်ချိန် သန်းဆယ်ချီ ထပ်ရလောက်တယ် ဒါဆို မားစ် သံရိုင်းတွင်း ဘက်မှာ တစ်နှစ်ခွဲလောက် ရောင်းလို့ ရသွားလောက်ပြီ'
ဆွန်ဖုန်းက ပင်လယ်အောက်ခြေတွင် ရပ်ကာ မျက်မှောက်ရှိ သံသတ္တုကြောကို ကြည့်ရင်း စိတ်ထဲမှ တွေးလိုက်သည်။
"အကာအကွယ် အလွှာကို ချဲ့လိုက် တူးဖော်ဖို့ ပြင်ဆင်တော့"
ဆွန်ဖုန်းက ရေငုပ် စစ်ဝတ်စုံကို အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ အကာအကွယ် အလွှာကို ချဲ့နေပါတယ် ချဲ့မယ့် အတိုင်းအတာက ကီလိုမီတာ ၁၀ ပတ်လည်ပါ"
"ဖွင့်လှစ် ပြီးစီးပါပြီ"
"ကောင်းတယ် S စီးရီး တူးဖော်ရေး စက် ၃၀ နဲ့ အကူ တူးဖော်ရေး စမတ် စက်ရုပ် ၃၀၀ ကို ထုတ်ပေး"
ဆွန်ဖုန်းက ပြောလိုက်သည်။
ဝှစ်
နောက်တစ်စက္ကန့်တွင် S စီးရီး တူးဖော်ရေး စက် ၃၀ နှင့် စက်ရုပ် ၃၀၀ တို့မှာ သိုလှောင်ခန်းထဲမှ ထွက်ပေါ်လာတော့သည်။