အခန်း ၃၀၀
Vol. 30 Ch. 300
အခန်း ၃၀၀ - သတင်းခေါင်းစီးတွင် ထပ်မံ ပါဝင်လာခြင်း
တူးဖော်ရေး စက်ပစ္စည်းများ အားလုံး ထွက်ပေါ်လာပြီးနောက် သံသတ္တုကြောကို စတင် တူးဖော်ကြတော့သည်။
S စီးရီး တူးဖော်ရေး စက် ၃၀ နှင့် စက်ရုပ် ၃၀၀ တို့က အလုပ်များ စတင် လုပ်ဆောင်ကြပြီး မြေကြီးများကို ဖောက်ထွင်းကာ အပြာရောင် သေမင်းတမန် အလင်းတန်းများဖြင့် ကျောက်လွှာများကို စတင် ပစ်ခတ်လိုက်ရာ အလွန် ထူထဲသော ကျောက်လွှာကြီးများမှာ အလျင်အမြန်ပင် အပေါက်များ ဖြစ်သွားတော့သည်။
တူးဖော်ရေး စက်များက အလျင်အမြန်ပင် သံသတ္တုကြော အလွှာများဆီသို့ ဝင်ရောက်သွားကြသည်။ အပြာရောင် သေမင်းတမန် အလင်းတန်းများက သံရိုင်းများကို စတင် ဖြတ်တောက်ပြီး အပေါ်သို့ သယ်ဆောင်လာကာ ပင်လယ်ကြမ်းပြင်တွင် စုပုံထားကြသည်။ ဆွန်ဖုန်းက ထိုသံရိုင်းများကို သိုလှောင်ခန်းထဲသို့ အေးအေးဆေးဆေးပင် သိမ်းဆည်းနေသည်။
တကယ်တော့ ဤလုပ်ငန်းစဉ်ကို ရေငုပ် စစ်ဝတ်စုံက အလိုအလျောက် သိမ်းဆည်းပေးနေခြင်း ဖြစ်ပြီး ဆွန်ဖုန်းကမူ အလင်းဖန်သားပြင်ဖြင့် သူ ကြည့်ချင်သော ရုပ်ရှင်များကိုသာ ကြည့်နေသည်။ ဥပမာ လက်ရှိတွင် အလွန် ရေပန်းစားနေသော "ရေသူမ" ဇာတ်ကားကြီးမျိုးကို ကြည့်နေခြင်း ဖြစ်သည်။
ရုပ်ရှင် ကားအတော်များများ ကြည့်ပြီးသွားချိန်တွင် နာရီအနည်းငယ်သာ ကြာသေးသည်။ ပင်လယ်အောက်တွင် တစ်ယောက်တည်း နေရသည်မှာ အနည်းငယ် ပျင်းစရာ ကောင်းလာသည်။
"အချိန်တွေ ကုန်တာ နှေးလိုက်တာ သုံးရက်ကြာမှ အလုပ်သိမ်းပြီး ပြန်ရမှာ"
ဆွန်ဖုန်းက ဘာမှ လုပ်စရာ မရှိသဖြင့် အသံလက်ထောက် စနစ်ကို ညည်းညူလိုက်သည်။
"ပိုင်ရှင်က မြန်မြန် ပြီးချင်တယ်ဆိုရင် ရပါတယ် S စီးရီး တူးဖော်ရေး စက် တစ်လုံးကို အဆင့်နိမ့် စွမ်းအင်တုံး တစ်တုံး သုံးခွင့် ပေးလိုက်ရုံနဲ့ ဒီသံသတ္တုကြော တစ်ခုလုံးကို တစ်နာရီ အတွင်းမှာ ကုန်စင်အောင် တူးဖော်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"
အသံလက်ထောက် စနစ်က ပြောလိုက်သည်။
"တစ်နာရီ ဟုတ်လား အရမ်းတော့ မိုက်တယ် ဒါပေမဲ့ အဲဒီ အဆင့်နိမ့် စွမ်းအင်တုံးတွေကို ငါ ပိုပြီး နှမြောတယ် ထားလိုက်ပါတော့"
ဆွန်ဖုန်းက နှမြောတသဖြင့် ပြောလိုက်သည်။
ဘာတွေ လာနောက်နေတာလဲ အရင်က အာဖရိက သွားတုန်းကတောင် စွမ်းအင်တုံး အနည်းငယ်ကို မနည်း ရအောင် ယူခဲ့ရတာ နောက်တစ်ခေါက် အဆင့်နိမ့် စွမ်းအင်တုံး အသစ်တွေ ဘယ်တော့ ထပ်ရမလဲ ဆိုတာ သရဲတောင် သိမှာ မဟုတ်ဘူး ဒါက အရေးပေါ် သုံးဖို့ ချန်ထားတာ ဆွန်ဖုန်းက ဘယ်လိုလုပ်ပြီး အလွယ်တကူ သုံးရက်မှာလဲ။
"ဒါဆိုရင်တော့ ဘာမှ မတတ်နိုင်ဘူး ပိုင်ရှင် ဖြည်းဖြည်းချင်းပဲ စောင့်နေလိုက်ပါ ကျွန်တော်လည်း ကျွန်တော့် ပစ္စည်းတွေကို သွားလေ့လာလိုက်ဦးမယ်"
"ဒါဆိုရင်လည်း ဂြိုဟ်သား စစ်သင်္ဘောထဲက ရှားပါး ဆေးဖက်ဝင် အပင်တွေနဲ့ တခြား ပစ္စည်းတွေကို မြန်မြန် သွားလေ့လာကြည့်စမ်းပါ"
ဆွန်ဖုန်းက အသံလက်ထောက် စနစ်ကို သတိပေးလိုက်သည်။
"သိပါပြီ"
သုံးရက် ကြာပြီးနောက် ဆွန်ဖုန်းသည် သံရိုင်း တန်ချိန် သန်း ၃၀ ကို တူးဖော်ပြီးစီးခဲ့သဖြင့် အိမ်ပြန်နိုင်ပြီ ဖြစ်သည်။ ဤသံရိုင်း ပမာဏက မားစ် သံရိုင်းတွင်း အတွက် အချိန်အတော်ကြာအောင် ရောင်းချရန် လုံလောက်မည် ဖြစ်သည်။
နာရီအနည်းငယ် ကြာပြီးနောက် ဆွန်ဖုန်းသည် ဂန်ဒါမြို့သို့ ပြန်ရောက်လာခဲ့သည်။ ဟိုတယ်သို့ ရောက်သည်နှင့် ဆွန်ဖုန်းက အရင်ဆုံး အိပ်ရေးဝအောင် အိပ်လိုက်သည်။ တစ်ရက် ကြာပြီးနောက် ဆွန်ဖုန်း အိပ်ရေးဝသွားသောအခါ လွန်ခဲ့သော ရက်အနည်းငယ်က တွေ့ရှိခဲ့သော စိန်သတ္တုကြောကို သွားရောက် ကြည့်ရှုရန် စိတ်ကူးလိုက်သည်။
ဤစိန်သတ္တုကြောမှာ ဂန်ဒါမြို့နှင့် ကီလိုမီတာ တစ်ရာကျော်ခန့် ကွာဝေးသည်။ အရင်က ပင်လယ်ထဲတွင် ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သဖြင့် အကွာအဝေးက မတူညီပေ။ ဂန်ဒါမြို့မှ သွားမည် ဆိုလျှင် ကီလိုမီတာ တစ်ရာကျော်သာ ကွာဝေးမည် ဖြစ်သည်။
ဆွန်ဖုန်းက အသံလက်ထောက် စနစ်ကို မြေပုံ ရှာခိုင်းလိုက်ရာ ထိုနေရာမှာ အော်လီ ဟုခေါ်သော မြို့ငယ်လေး အတွင်း၌ ရှိနေကြောင်း တွေ့ရှိလိုက်ရသည်။ ထို့ကြောင့် ထိုနေရာသို့ တစ်ခေါက် သွားကြည့်ရမည် ဖြစ်သည်။
ဆွန်ဖုန်းက ဟွမ်ကျားချန်ကို ဟိုတယ်သို့ လာခဲ့ရန် ဖုန်းဆက်လိုက်ပြီး ထိုမြေနေရာ ပိုင်ရှင်ကို ရှာတွေ့ပါက ထိုမြေကို အရင် ဝယ်ယူရန် စိတ်ကူးထားသည်။
"ဆွန်ဖုန်း နင် မပြန်သေးဘူးလား"
ဟွမ်ကျားချန်က ဆွန်ဖုန်းကို မြင်သောအခါ အနည်းငယ် အံ့ဩသွားသည်။ လွန်ခဲ့သော ရက်အနည်းငယ်က ဒီကောင် ပြန်သွားပြီ မဟုတ်လား အခု ဘာလို့ ဒီကို ပြန်ရောက်နေတာလဲ။
"ဟား မင်းကို သတိရလို့လေ လာ နမ်းရအောင်"
ဆွန်ဖုန်းက ဟွမ်ကျားချန်ကို အနားကပ်ကာ ဖက်လိုက်ပြီး နမ်းရန် ပြင်လိုက်သည်။
"သွား ဟိုဘက်ကို"
ဟွမ်ကျားချန်က ဆွန်ဖုန်းကို တွန်းထုတ်လိုက်သည်။
"နေ့ခင်းကြောင်တောင်ကြီး ငါ မကြိုက်ဘူး"
"ကောင်းပြီလေ"
"နင် ဒီတစ်ခါ ပြန်လာတာ ဘာကိစ္စ ရှိလို့လဲ"
ဟွမ်ကျားချန်က ဆွန်ဖုန်း ရုတ်တရက် ပြန်လာသည်မှာ သူမနှင့် အတူ အိပ်ရန် မဟုတ်ဘဲ ကိစ္စတစ်ခုခု ရှိ၍ ဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။
"ဟီးဟီး ကီလိုမီတာ တစ်ရာကျော် အကွာမှာ ရှိတဲ့ အော်လီ မြို့လေးကို ငါနဲ့အတူ စီးပွားရေး ကိစ္စလေး တစ်ခု သွားလုပ်ရအောင် လိုက်မလား"
ဆွန်ဖုန်းက ထိုင်လိုက်ပြီး ဟွမ်ကျားချန်၏ လက်ကို ဆွဲကာ မေးလိုက်သည်။
"ဘာစီးပွားရေး လုပ်မလို့လဲ"
ဟွမ်ကျားချန်က ငြင်းဆန်ခြင်း မရှိပေ။ သူတို့နှစ်ယောက်က ခွဲခွာနေရချိန်က များပြီး တွေ့ရချိန်က နည်းသဖြင့် သူမက ဆွန်ဖုန်းနှင့် အတူ ရှိနေချင်သေးသည်။
"ဟိုရောက်ရင် မင်း သိပါလိမ့်မယ် ဒါနဲ့ အတွင်းရေးမှူး ဒါမှမဟုတ် တစ်ယောက်ယောက်ကိုတော့ ခေါ်ခဲ့နော် ငါ အသေးအဖွဲ ကိစ္စလေးတွေ သူတို့ကို ခိုင်းစရာ ရှိလို့"
ဆွန်ဖုန်းက ပြောလိုက်သည်။
ဟွမ်ကျားချန်က ဆွန်ဖုန်း နောက်နေခြင်း မဟုတ်မှန်း သိလိုက်သဖြင့် ခေါင်းညိတ် သဘောတူလိုက်သည်။
နောက်တစ်နေ့ မနက်စောစောတွင် ဆွန်ဖုန်းသည် ဟွမ်ကျားချန်နှင့်အတူ အတွင်းရေးမှူးမလေး တစ်ယောက်ကို ခေါ်ကာ ကီလိုမီတာ တစ်ရာကျော် အကွာရှိ အော်လီ ဟုခေါ်သော မြို့လေးသို့ ကားဖြင့် ထွက်ခွာလာခဲ့ကြသည်။ ဤမြို့လေး အကြောင်းကို မနေ့ညက ဆွန်ဖုန်း လေ့လာထားပြီး ဖြစ်သည်။ ၎င်းမှာ သာမန် မြို့ငယ်လေး တစ်မြို့သာ ဖြစ်ပြီး ထူးခြားချက် ဘာမှ မရှိပေ။
အော်လီ မြို့လေးသို့ ရောက်ပြီးနောက် ဆွန်ဖုန်းသည် ဆင်ခြေဖုံး ဘက်သို့ ဆက်လက် ထွက်ခွာလာခဲ့သည်။ စိန်သတ္တုကြောမှာ မြို့ပြင် ၁၀ ကီလိုမီတာ အကွာရှိ မြေရိုင်း တစ်နေရာတွင် ရှိနေကြောင်း သူ သိထားသည်။
"ဆွန်ဖုန်း နင် တကယ် ဘယ်ကို သွားမှာလဲ အခုက မြို့ပြင်ကို ထွက်နေတာ မဟုတ်လား စီးပွားရေး စကားပြောတာကို မြို့ပြင်မှာ သွားပြောလို့လား"
ဟွမ်ကျားချန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ဟီးဟီး ဟိုရောက်ရင် မင်း သိပါလိမ့်မယ် ငါ မင်းကို ပြောပြမယ် ငါ့ရဲ့ ဖုန်းရွေ့ သတ္တု တူးဖော်ရေး ကုမ္ပဏီက ဒီဘက်မှာ ကြီးမားတဲ့ သတ္တုကြော တစ်ခုကို ရှာတွေ့ထားတယ် အင်း အဲဒီနေရာက ရှေ့နားလေးတင်ပဲ"
ဆွန်ဖုန်းက ဟွမ်ကျားချန်ကို လျှို့ဝှက်စွာ ပြောလိုက်သည်။ သူတို့နှစ်ယောက်က တရုတ်စကားဖြင့် ပြောနေခြင်း ဖြစ်သဖြင့် အတွင်းရေးမှူးမလေးက သူတို့ ဘာပြောနေမှန်း မသိပေ။
"ကြီးမားတဲ့ သတ္တုကြော တစ်ခုကို ရှာတွေ့ထားတယ် ဟုတ်လား အို ဘုရားရေ ဒါဆို အခု ငါတို့က လက်တွေ့ သွားကြည့်မလို့ပေါ့"
ဟွမ်ကျားချန်က ဆွန်ဖုန်း၏ စကားကြောင့် အနည်းငယ် အံ့ဩသွားသည်။ ဆွန်ဖုန်း နာမည်အောက်တွင် ဖုန်းရွေ့ သတ္တု တူးဖော်ရေး ကုမ္ပဏီ တစ်ခု ရှိကြောင်း သူမ သိထားသည်။ သို့သော် ယခုအချိန်အထိ မားစ် သံရိုင်းတွင်း တစ်ခုနှင့် စိန့်ဖုန်း ရေနံမြေ တို့ကိုသာ ရင်းနှီးမြှုပ်နှံထားပြီး အခြား မည်သည့် ပရောဂျက်ကိုမှ ရင်းနှီးမြှုပ်နှံထားခြင်း မရှိသေးပေ။
ယခု ကြီးမားသော သတ္တုကြော တစ်ခုကို ရှာတွေ့ထားပြီ ဟုဆိုရာ ဆွန်ဖုန်းက နောက်ထပ် ကြီးကျယ်သော လှုပ်ရှားမှုကြီး တစ်ခု လုပ်တော့မည်မှာ သေချာနေပြီ ဖြစ်သည်။
"ဘယ်လို သတ္တုကြော အမျိုးအစားလဲ"
ဟွမ်ကျားချန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
"စိန်သတ္တုကြောလေ"
ဆွန်ဖုန်းက ပြုံးကာ ပြောလိုက်သည်။
"စိန် စိန်သတ္တုကြော ဟုတ်လား ဆွန်ဖုန်း နင် ပြောတာ မမှားဘူး သေချာရဲ့လား ဒါမှမဟုတ် နင့် ကုမ္ပဏီရဲ့ ရှာဖွေရေး အဖွဲ့က အမှား ရှာတွေ့တာများလား"
ဟွမ်ကျားချန်က အံ့ဩတကြီး အော်လိုက်ပြီး သူမ၏ အသက်ရှူနှုန်းပင် အနည်းငယ် မြန်ဆန်လာသည်။ စိန်သတ္တုကြော ဆိုသည်မှာ သာမန် သတ္တုကြော မဟုတ်ပေ။ ဤသတ္တုကြော အမျိုးအစားက အလွန် တန်ဖိုးကြီးကြောင်း သိထားရမည် ဖြစ်သည်။
"ငါက မင်းကို ဘာလို့ လိမ်ရမှာလဲ တကယ် သေချာတယ် မင်းက ငါ့လူ ငါကလည်း မင်းလူ ငါတို့က အဲဒီလို အခြေအနေတောင် ရောက်နေပြီပဲ ငါက မင်းကို လိမ်ပါ့မလား"
ဆွန်ဖုန်းက ဟီးဟီးရယ်ကာ ပြောလိုက်သည်။
"ဟွန့် ပါးစပ်ကတော့"
ဟွမ်ကျားချန်က ဆွန်ဖုန်းကို မျက်စောင်းထိုးလိုက်ပြီးနောက် မေးလိုက်သည်။
"ဒါနဲ့ နင်တို့ရဲ့ ရှာဖွေရေး အဖွဲ့က ဒီသတ္တုကြောမှာ သိုလှောင်ထားတဲ့ ပမာဏ ဘယ်လောက်လောက် ရှိတယ်လို့ ခန့်မှန်းထားလဲ"
ဤအရာက အရေးအကြီးဆုံး ဖြစ်သည်။ စိန်သတ္တုကြော ဖြစ်သော်လည်း အကြီးအသေးတော့ ရှိမည် ဖြစ်သည်။ အကယ်၍ သေးငယ်မည် ဆိုပါက သိပ်ပြီး ဝမ်းသာစရာ မရှိပေ။ သာမန် လူများ အတွက်မူ ကြီးမားသော စည်းစိမ် တစ်ခု ဖြစ်နိုင်သော်လည်း ဆွန်ဖုန်းနှင့် ဟွမ်ကျားချန် ကဲ့သို့သော သူဌေးများ အတွက်မူ သိပ်ပြီး ဆွဲဆောင်မှု ရှိမည် မဟုတ်ပေ။ ပင်လယ်ရေ ယူရေနီယမ် ထုတ်ယူရေး တွင် အာရုံစိုက်လိုက်သည်ကမှ ပိုကောင်းဦးမည် ဖြစ်သည်။
"အကြမ်းဖျင်း ခန့်မှန်းချက် အရဆိုရင် ကာရက် ၁၀ သန်းလောက် ရှိမယ်"
ဆွန်ဖုန်းက ပြောလိုက်သည်။
"စိန် ကာရက် ၁၀ သန်း ဟုတ်လား လခွမ်း မိုက်တယ် ဒီတစ်ခါတော့ နင် သတင်းခေါင်းစီးတွေမှာ ထပ်ပါတော့မယ်"
ဟွမ်ကျားချန်က ကြားပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ဆွန်ဖုန်းကို နမ်းလိုက်သည်။ သူမ ကိုယ်တိုင်လည်း ဝမ်းသာသလို ဆွန်ဖုန်း အတွက်လည်း ဝမ်းသာပေးသည်။ ဤစိန်သတ္တုကြောက သေးငယ်သော ပမာဏ မဟုတ်တော့ပေ။ ကြီးမားသော သတ္တုကြောကြီး တစ်ခုဟု ဆိုနိုင်သည်။
ဘေးတွင် ထိုင်နေသော အတွင်းရေးမှူးမလေးသည် ဥက္ကဋ္ဌနှင့် အထွေထွေ မန်နေဂျာတို့ ဤမျှ ရင်းနှီးနေသည်ကို မြင်သောအခါ နောက်ဆုံးတော့ သူမ နားလည်သွားတော့သည်။ အကယ်၍ ဟွမ်ကျားချန်သာ ဤအတွင်းရေးမှူးမလေး၏ စိတ်ထဲမှ အတွေးများကို သိသွားပါက သူမကို အလုပ်ထုတ်ပစ်မည် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဤကောင်မလေးက ဟွမ်ကျားချန် အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် အထွေထွေ မန်နေဂျာ နေရာကို ရလာသည်မှာ ဆွန်ဖုန်းနှင့် ပတ်သက်မှုကြောင့်ဟု ထင်နေသောကြောင့် ဖြစ်သည်။ သူမက အရည်အချင်း ရှိလို့ ရလာတာပါ ပန်းအိုးလို အလှပြထားတဲ့ မိန်းမ တစ်ယောက် မဟုတ်ပါဘူး ပြီးတော့ သူမက သူဌေးသမီး တစ်ယောက်လည်း ဖြစ်သေးသည် မဟုတ်ပါလား။
မကြာမီမှာပင် ကားလေးသည် မြို့ပြင်ရှိ မြေရိုင်း တစ်နေရာရှေ့တွင် ရပ်တန့်သွားသည်။ ဤမြေရိုင်းတွင် ပေါင်းပင် အချို့မှ လွဲ၍ ကျောက်လွှာများသာ များပြီး မြေဆီလွှာ နည်းပါးလှသည်။ ဤမြေရိုင်း အနောက်ဘက်တွင် တောင်ကုန်းငယ် အချို့ ရှိသည်။
ဤနေရာက ကောက်ပဲသီးနှံ စိုက်ပျိုး၍လည်း မရသလို ခြံလုပ်၍လည်း မရသဖြင့် လူသူ ကင်းမဲ့နေခြင်း ဖြစ်သည်။ သို့သော် ဤမြေရိုင်းနှင့် မနီးမဝေး ဆက်စပ်နေသော နေရာတွင်တော့ အိမ်ခြေ ဆယ်စုခန့် ရှိပြီး စိုက်ခင်းများ၊ မွေးမြူရေး ခြံများ၊ သီးနှံများ စသည်ဖြင့် ရှိနေသည်။
ဟွမ်ကျားချန်က အရှေ့ဘက်ရှိ လူသူကင်းမဲ့သော မြေရိုင်းကို ကြည့်ကာ ဆွန်ဖုန်းကို မေးလိုက်သည်။
"ဒီနေရာမှာ စိန်သတ္တုကြော ရှိတယ်လို့ နင် ပြောတာ ငါ့ကို နောက်နေတာ မဟုတ်ဘူး သေချာရဲ့လား"
ဟွမ်ကျားချန်က အရှေ့ဘက်ရှိ ကြီးမားသော မြေရိုင်းကွက်ကြီးကို လက်ညှိုးထိုးကာ ဆွန်ဖုန်းကို မေးလိုက်သည်။
"အင်း မှန်တယ် ဒီနေရာမှာ စိန်တွေ မြုပ်နေတာ သေချာတယ် ဒါပေမဲ့ အဲဒါတွေက မြေအောက်မှာ ရှိနေတာ ဒီလိုမှ မဟုတ်ရင်လည်း အစောကြီး ကတည်းက လူတွေ ရှာတွေ့ပြီး တူးသွားကြပြီပေါ့"
ဆွန်ဖုန်းက ပြောလိုက်သည်။
"ကောင်းပြီလေ နင့်ကို တစ်ခါလောက် ယုံကြည့်လိုက်မယ်"
ဟွမ်ကျားချန်က ဤမြေရိုင်းများကို ကြည့်ကာ ယခင်က စိတ်လှုပ်ရှားမှုများနှင့် အလွန် ကွာခြားသွားသည်။
"ဘာလဲ ငါ့ကို ယုံကြည်မှု မရှိဘူးလား"
ဆွန်ဖုန်းက ဟွမ်ကျားချန်၏ ခါးသေးသေးလေးကို ဖက်ကာ နွေးထွေးစွာ ပြုံးလျက် မေးလိုက်သည်။
"အဲဒီလိုတော့ မဟုတ်ပါဘူး ဒီမြေနေရာကို ကြည့်ပြီး ယုံကြည်မှု မရှိတာပါ ဘယ်လို ကြည့်ကြည့် စိန်တွေ ထွက်လာမယ့် ပုံ မပေါ်ဘူး"
"ရပါတယ် မကြာခင်မှာ မင်း အံ့ဩသွားရလိမ့်မယ်"
ဆွန်ဖုန်းက ပြောလိုက်သည်။ ခုနက သူ တိတ်တဆိတ် ရှာဖွေ ထောက်လှမ်းရေး စနစ်ကို ဖွင့်ပြီး အသံလက်ထောက် စနစ်၏ အကူအညီဖြင့် နောက်တစ်ကြိမ် အတည်ပြုပြီးပြီ ဖြစ်သည်။ ဤမြေရိုင်းအောက်တွင် စိန် ကာရက် ၁၀ သန်း အမှန်တကယ် မြုပ်နေသည်။ တူးဖော်မည့် အချိန်ကျလျှင် ၎င်းတို့ကို အလင်းရောင် အောက်သို့ ပြန်လည် ရောက်ရှိလာစေမည် ဖြစ်သည်။
"အန်နီ"
"ရှိပါတယ် ဥက္ကဋ္ဌကြီး ဘာများ ခိုင်းစရာ ရှိလို့လဲရှင်"
ဥက္ကဋ္ဌက သူမကို ခေါ်လိုက်သည်ကို ကြားသောအခါ အန်နီက ရှေ့သို့ ထွက်လာပြီး ရိုသေစွာ မေးလိုက်သည်။
"မင်း သွားပြီး စုံစမ်းကြည့်စမ်း ဒီမြေနေရာကို ဘယ်သူ ပိုင်လဲ ဆိုတာ မြန်မြန် စုံစမ်းနော်"
ဆွန်ဖုန်းက အတွင်းရေးမှူးမလေး အန်နီကို ညွှန်ကြားလိုက်သည်။
"ဟုတ်ကဲ့ပါ အခုပဲ သွားလိုက်ပါ့မယ်"
အန်နီက ဘာကြောင့်လဲ ဟု မမေးပေ။ ဥက္ကဋ္ဌက ဘာခိုင်းခိုင်း သူမက လုပ်ရမည်သာ ဖြစ်သည်။ ဥက္ကဋ္ဌ ဤသို့ လုပ်ရခြင်းတွင် သေချာပေါက် အစီအစဉ် ရှိမည်မှန်း သူမ သိသည်။
"သွားတော့"
"ဒါဆို ငါတို့ ဆက်ပြီး ဘာလုပ်ကြမလဲ"
ဟွမ်ကျားချန်က အတွင်းရေးမှူးမလေး ထွက်သွားသည်ကို ကြည့်ပြီး ဆွန်ဖုန်းကို မေးလိုက်သည်။
"ငါတို့ အော်လီ မြို့လေးကို အရင်ပြန်ပြီး အန်နီ့ သတင်းကို စောင့်ကြတာပေါ့ အခြေအနေ ပေးရင် ဒီမြေနေရာကို အရင် ဝယ်လိုက်မယ် ပြီးတော့မှ သတ္တုတွင်း ငှားရမ်းခွင့်နဲ့ တူးဖော်ခွင့် လျှောက်ပြီး တူးဖော်လို့ ရပြီ"
ဆွန်ဖုန်းက ပြောလိုက်သည်။
"ဒါဆိုလည်း ငါတို့ ပြန်ကြတာပေါ့ တကယ်တော့ ဒီလို မြို့လေးတွေက လည်ပတ်ဖို့ တော်တော်လေး ကောင်းတယ် အရသာရှိတဲ့ အစားအစာတွေလည်း မြည်းစမ်းလို့ ရတာပေါ့"
ဟွမ်ကျားချန်က ဝမ်းသာအားရ သဘောတူလိုက်သည်။ ယခု သူတို့ ဒီလို အနေအထားမျိုးက သီးသန့် ဒိတ်လုပ်ကာ လည်ပတ်နေသလို ဖြစ်နေသည်။ အရင်က အိမ်မှာဖြစ်စေ အခြားနေရာမှာဖြစ်စေ သူတို့နှစ်ယောက် သီးသန့် နေခွင့် သိပ်မရခဲ့ပေ။ အဟမ်း ညဘက် ရူးသွပ်စွာ ချစ်တင်းနှောသည့် တစ်နာရီ နှစ်နာရီခန့်သာ ရှိသည်။ ဒါကို ပြောရလျှင် ဟွမ်ကျားချန်ကို အနည်းငယ် မပျော်မရွှင် ဖြစ်စေသည်။
ဟွမ်ကျားချန်နှင့် ဆွန်ဖုန်းတို့ အတူတူ နေဖြစ်ခဲ့သည်မှာ အနည်းငယ် လောကြီးသွားသည်ဟု ဆိုနိုင်သည်။ ထိုနေ့က ဟွမ်ကျားချန် ကိုယ်တိုင် သဘောတူ ခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် အချိန်အတန်ကြာ အတူနေလာပြီးနောက် သူတို့နှစ်ယောက်စလုံးက တစ်ယောက်ကိုတစ်ယောက် နားလည်မှု ရှိစွာဖြင့် ချစ်သူ ရည်းစား အဖြစ် သတ်မှတ်ခြင်းမျိုး မလုပ်ခဲ့ကြပေ။
ယခု သူတို့ နှစ်ယောက်က တရားဝင် ချစ်သူ ရည်းစားများ မဟုတ်ကြပေ။ အကြောင်းမှာ နှစ်ဦးစလုံးက ထုတ်ဖော် မပြောခဲ့သောကြောင့် ဖြစ်သည်။
လက်ရှိ သူတို့ နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် သဘောကျနေသလိုမျိုး နေထိုင်ကြသည်။ အင်း ဒါပေမဲ့ နေထိုင်ပုံကတော့ နည်းနည်း လွန်ကဲနေပြီး အတူတူ အိပ်ရာထဲတောင် ရောက်နေကြပြီ ဖြစ်သည်။
ဟွမ်ကျားချန် ကိုယ်တိုင်လည်း လက်ရှိ သူမနှင့် ဆွန်ဖုန်းတို့၏ ဆက်ဆံရေးကို မည်သို့ ဖော်ပြရမည်ကို မသိပေ။ တရားမဝင် ဇနီးမယား ဆက်ဆံရေးမျိုးလား ဆိုတော့လည်း တရားမဝင် ဇနီးမယား ဆိုသည့် စကားလုံးများလို တစ်ဦးစီ၏ လိုအပ်ချက်ကို ယူနေကြခြင်းမျိုး မဟုတ်ပေ။
ချစ်သူ ရည်းစားလား ဆိုတော့လည်း နှစ်ဦးစလုံးက တရားဝင် အသိအမှတ်ပြု ပြောဆိုထားခြင်း မရှိပေ။ ကစားနေတာလား ဆိုတော့လည်း သူတို့နှစ်ယောက်က အဲဒီလို လုပ်နေကြတာ မဟုတ်ပေ။
'အင်း မစဉ်းစားတော့ပါဘူး'
ဟွမ်ကျားချန်သည် ဆွန်ဖုန်းနှင့်အတူ လမ်းမပေါ်တွင် လမ်းလျှောက်နေရင်း စိတ်ထဲမှ အတွေးများကို ဖယ်ရှားရန် ခေါင်းခါလိုက်သည်။ အချိန်ကပဲ ဆုံးဖြတ်ပေးပါစေ ဟု ဟွမ်ကျားချန်က စိတ်ထဲမှ တိတ်တဆိတ် ပြောလိုက်သည်။ အရင်က သူမက ဆွန်ဖုန်းကို အလွန် အထင်သေးခဲ့သည်။
အကြောင်းမှာ ဆွန်ဖုန်းက အလွန် ရှုပ်ပွေပြီး မိန်းမ အများအပြား ရှိနေသောကြောင့် ဖြစ်သည်။ ထို့အပြင် အားလုံးက ကိုယ်ဝန်တွေ ရှိနေကြသည်။ သူမက သူမ၏ သူငယ်ချင်း ဟယ်မင်ယီ အတွက် ဆွန်ဖုန်းနှင့် အတူ နေရသည်မှာ မတန်ဟုပင် ထင်ခဲ့သည်။ သူမ၏ သူငယ်ချင်းက ဘာလို့များ တခြား မိန်းမတွေနဲ့ ယောကျာ်း တစ်ယောက်ကို မျှဝေ ယူရမှာလဲ။
သို့သော် သူမ ကင်ဆာ ဖြစ်လာချိန်တွင် ဆွန်ဖုန်း၏ အားပေးမှုကို ရရှိခဲ့ပြီးနောက် ထိုအကာအကွယ်များက တဖြည်းဖြည်း အရည်ပျော်သွားခဲ့သည်။ နောက်ဆုံးတွင် သူမ ကိုယ်တိုင်ပါ ထိုအထဲသို့ နစ်မွန်းသွားချိန်တွင်တော့ ဤမိသားစုသည် ထင်ထားသလိုမျိုး တစ်ယောက်ကိုတစ်ယောက် အပြိုင်အဆိုင် လုပ်နေကြခြင်း မဟုတ်ဘဲ နွေးထွေးမှု အပြည့် ရှိနေကြောင်း သူမ ရုတ်တရက် သတိထားမိလာသည်။
အိမ်တွင် ယန်ရွှယ်မှာ အိမ်ထောင့်တာဝန် ကျေပွန်သော မိန်းမ တစ်ယောက် ဖြစ်ပြီး ဘာကိုမှ မယှဉ်ပြိုင်ဘဲ တိတ်ဆိတ်စွာ အလုပ်လုပ်လေ့ ရှိကြောင်း ဟွမ်ကျားချန် တွေ့ရှိခဲ့သည်။ လျန်ယင်ကလည်း အလွန် လိမ္မာပြီး ဘာကိုမှ တွက်ချက်နေလေ့ မရှိပေ။ နောက်ဆုံး တစ်ယောက်ကတော့ သူမ၏ သူငယ်ချင်း ဟယ်မင်ယီ ဖြစ်သည်။
အစပိုင်းတွင် သူမက အနည်းငယ် ကလေးဆန်သေးပြီး မာနကြီးကာ ခေါင်းမာတတ်သော်လည်း နောက်ပိုင်းတွင် ဆွန်ဖုန်း၏ သွန်သင်မှုနှင့် ကလေး မွေးပြီးနောက်တွင် သူမလည်း တဖြည်းဖြည်း ရင့်ကျက်လာခဲ့သည်။
ကော်ဖီဆိုင် တစ်ဆိုင် အတွင်းတွင်။
"ဘယ်လိုလဲ စုံစမ်းလို့ ပြီးပြီလား အဲဒီ မြေကွက်က ဘယ်သူ့ဟာလဲ"
ဆွန်ဖုန်းက အတွင်းရေးမှူးမလေး အန်နီကို မေးလိုက်သည်။
"ဥက္ကဋ္ဌကြီး အဲဒီ မြေကွက်က ၁၀ စတုရန်း ကီလိုမီတာ လောက် ကျယ်ဝန်းပြီး အနီးအနားက မိသားစုငယ်လေး တစ်စု ပူးတွဲ ပိုင်ဆိုင်ထားတာပါ ဒီမိသားစုငယ်လေးမှာ မိသားစု ၇ စု၊ ၈ စုလောက် ရှိပြီး အားလုံးက ဘိုးဘေး တစ်ယောက်တည်းက ဆင်းသက်လာတာပါ ဒီမြေကွက်က သူတို့ မိသားစုရဲ့ ဘိုးဘေးက ဝယ်ထားခဲ့တာလို့ ကြားပါတယ် အဲဒီ မြေကွက်က စိုက်ပျိုးရေး လုပ်ဖို့ဖြစ်ဖြစ် မွေးမြူရေး လုပ်ဖို့ဖြစ်ဖြစ် သိပ်မသင့်တော်ပါဘူး အဲဒီတုန်းက ဈေးပေါလို့ ဝယ်ထားခဲ့တာပါ အဲဒီ မြေကွက်ရဲ့ သုံးပုံတစ်ပုံ လောက်ကပဲ စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်လို့ ရတာပါ လောလောဆယ် သူတို့ မိသားစု နေထိုင်တဲ့ နေရာကလည်း အရင်က ကျွန်မတို့ အဝေးကနေ မြင်ခဲ့ရတဲ့ စိုက်ခင်းတွေပါပဲ"
အန်နီက ပြောလိုက်သည်။
"သြော် ဒီသဘောက ငါတို့ ဒီမြေကွက်ကို ဝယ်ချင်တယ် ဆိုရင် သူတို့ မိသားစု အားလုံးနဲ့ တိုင်ပင်ရမယ်ပေါ့ အခု လောလောဆယ် ဒီမြေရိုင်းက သူတို့ မိသားစု တစ်စုချင်းစီမှာ အချိုးကျ ပိုင်ဆိုင်မှုတွေ ရှိနေတယ်ပေါ့"
ဆွန်ဖုန်းက ပြောလိုက်သည်။
"ဟုတ်ပါတယ် ဥက္ကဋ္ဌကြီး အင်း ကျွန်မ နည်းနည်း သိချင်လို့ မေးပါရစေ ဥက္ကဋ္ဌကြီးက ဒီမြေရိုင်းကို ဝယ်ပြီး ဘာလုပ်မလို့လဲဟင်"
ဤတစ်ကြိမ်တွင်တော့ အန်နီ တစ်ယောက် သူမ၏ သိချင်စိတ်ကို မထိန်းနိုင်တော့ပေ။ ဥက္ကဋ္ဌက ဤမြေမျိုးကို ဝယ်ပြီး ဘာလုပ်မည်မှန်း သူမ မသိပေ။
"ကဲပါ မမေးသင့်တာ မမေးနဲ့ မင်း ခဏနေကျရင် သူတို့ဆီ ထပ်သွားပြီး ဒီမြေကွက်ကို ငါ့ကို ရောင်းချင်လား ဆိုတာ မေးကြည့် ဈေးနှုန်းပိုင်းကတော့ ညှိနှိုင်းလို့ ရပါတယ် တကယ်လို့ သူတို့ သဘောတူရင် မင်း သူတို့ကို အချိန်တစ်ခု သတ်မှတ်ပြီး ထွက်လာခဲ့ခိုင်းလိုက် ငါ သူတို့နဲ့ စကားပြောမယ်"
ဆွန်ဖုန်းက ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ ဥက္ကဋ္ဌကြီး"
မကြာမီမှာပင် ဆွန်ဖုန်းသည် ၁၀ စတုရန်း ကီလိုမီတာ ကျယ်ဝန်းသော မြေကွက်ကြီးကို ဝယ်ယူနိုင်ခဲ့ပြီး စုစုပေါင်း ဒေါ်လာ နှစ်သိန်း ကုန်ကျခဲ့သည်။ ဤကဲ့သို့သော မြေကွက်မျိုးကို ထိုသူများက ရောင်းချင်နေကြသည်မှာ ကြာပြီ ဖြစ်သည်။ အကြောင်းမှာ ဤမြေကွက်က လုံးဝ တန်ဖိုး မရှိသောကြောင့် ဖြစ်သည်။
ရုတ်တရက် သူဌေး တစ်ယောက်က သူတို့ မြေကွက်ကို ဝယ်မည်ဟု ဆိုကာ ဒေါ်လာ နှစ်သိန်း ပေးမည် ဟု ကြားသောအခါ သူတို့ အလွန် ဝမ်းသာသွားကြသည်။ ထို့ကြောင့် တုံ့ဆိုင်းမနေဘဲ ဆွန်ဖုန်းထံသို့ ရောင်းချလိုက်ကြသည်။
စာရွက်စာတမ်း ကိစ္စများ ပြီးစီးသွားပြီးနောက် ဆွန်ဖုန်းသည် ဤနေရာတွင် ဆက်မနေတော့ပေ။ သူက စိန့်ဂျွန်မြို့သို့ ပြန်ရမည် ဖြစ်သည်။ အကြောင်းမှာ နောက်ပိုင်းတွင် ဤစိန်သတ္တုကြောကို စတင် တူးဖော်ရန် စီစဉ်ရမည် ဖြစ်သောကြောင့်တည်း။ ဟွမ်ကျားချန်ကတော့ ဖုန်းရွေ့ ပင်လယ်ရေ ယူရေနီယမ် ထုတ်ယူရေး စက်ရုံ၏ ကိစ္စများကို ဦးစီးရန် ဤနေရာတွင် ကျန်ရစ်ခဲ့သည်။
"ဖုန်း မကြာခင်မှာ နင် သတင်းခေါင်းစီးတွေမှာ ထပ်ပါတော့မယ် ထင်တယ် ဟီးဟီး"
လေဆိပ်တွင် ဟွမ်ကျားချန် ကိုယ်တိုင် ဆွန်ဖုန်းကို လာပို့သည်။
"ဟားဟား ဒါက သေချာပေါက်ပေါ့ ကိုယ့်ရဲ့ သတ္တု တူးဖော်ရေး ကုမ္ပဏီက ကာရက် ၁၀ သန်း ရှိတဲ့ စိန်သတ္တုကြောကို ရှာတွေ့တယ် ဆိုတာက သတင်းခေါင်းစီးမှာ မပါဖို့ဆိုတာ ခဲယဉ်းပါတယ်"
ဆွန်ဖုန်းက ရယ်မောကာ ပြောလိုက်သည်။
"ကောင်းပြီ အချိန်စေ့တော့မယ် နင် တက်သွားတော့ ငါ့ဆီ မကြာမကြာ လာလည်ဖို့ မမေ့နဲ့နော်"
ဟွမ်ကျားချန်က ဆွန်ဖုန်း၏ ပါးကို တစ်ချက် နမ်းလိုက်သည်။
"သိပါပြီ ငါ့ရဲ့ အသည်းလေး"
ဆွန်ဖုန်းကလည်း ပြန်နမ်းလိုက်သည်။
"မုန်းစရာကောင်းလိုက်တာ ကြက်သီးထစရာကြီး”