မွန်းစတားအိုကြီးများ ဆင်းသက်လာမှု(၂)
Vol. 015 Ch. 708
သူက တွင်းနက်ထဲကနေ ပြန်ထွက်လာနိုင်စွမ်း ရှိခြင်းသည် ကြယ်ခုနစ်ခုအစီအရင်နှင့် ကောင်းကင်ဘုံသက်တော်စောင့်တို့ကြောင့်လည်း ပါဝင်ပေ၏။စုပ်အား၏ အားနည်းသွားသည့်အချိန်လည်း အဓိကအနေဖြင့် ပါဝင်နေပေသည်။
တွင်းနက်၏ စုပ်အားက ခံမှန်း၍မရပေ။ တစ်ခါတစ်ရံ ထိုစုပ်အားက ပြင်းထန်ကာ တစ်ခါတစ်ရံတွင် အားနည်းသွားတက်ချေ၏။စုပ်အားပြင်းထန်နေချိန်တွင်ဆိုရင် ဝမ်လင်း၏ စွမ်းရည်နှင့်ပင် သူက ထွက်လာနိုင်ရန် ခက်ခဲပေလိမ့်မည်။
ခြင်သားရဲအပေါ်တွင် မတ်တပ်ရပ်ကာ ပျံသန်းနေရင်း ဝမ်လင်းက သူ့ကို စူးစိုက်ကြည့်နေကြသော ခြင်သားရဲထောင်ချီကို တွေ့မြင်လိုက်ရ၏။၎င်းခြင်သားရဲများက ၎င်းတို့၏ ရန်လိုသောအော်ရာကို ထုတ်လွှတ်လို့နေသည်။
ဝမ်လင်းက အနည်းငယ် မျက်မှောင်ကြုတ်သွား၏။အတိတ်တုန်းကနှင့်ယှဉ်ပါက ခြင်သားရဲများက အနည်းငယ် လျော့နည်းသွားလေသည်။လောဘကြီးနှင့်ကျောက်ရီတို့ တိုက်ပွဲကြားတွင် မထင်ထားမိသည့် အပြောင်းအလဲတစ်ခု ဖြစ်ပျက်သွားကာ ထိုခြင်သားရဲများ၏ အရေအတွက်ကို လျော့နည်းသွားစေခြင်း ဖြစ်နိုင်လောက်သည်။
“အတိအကျ ဘာတွေများ ဖြစ်ခဲ့လဲတော့ ငါမသိဘူး…” ဝမ်လင်းက အနည်းငယ်စဉ်းစားပြီးနောက် သူ့လက်ကို ခြင်သားရဲ၏ခေါင်းထက်သို့ နေရာချလိုက်ပြီး သူ့နတ်ဘုရာအားအာရုံကို အသက်သွင်းလိုက်သည်။
ဝမ်လင်းစိတ်ထဲ၌ အမျိုးမျိုးသောမြင်ကွင်းများ ထွက်ပေါ်လာ၏။ကျောက်ရီနှင့်လောဘကြီးတို့ တိုက်ပွဲ တစ်ဝက်၌ အမျိုးသားနှင့်အမျိုးသမီးကျင့်ကြံသူ နှစ်ယောက်က မီးနတ်ဆိုးနိုင်ငံ၏ ဝင်ပေါက်ကနေ ဆင်းသက်လာကြသည်။
ထိုနှစ်ယောက်က အလွန်စွမ်းအားကောင်းလှ၏။ ရိုးရှင်းသော ဖမ်းဆုပ်မှုလေးဖြင့်ပင် လောဘကြီးက အဖမ်းခံလိုက်ရ၏။ကျောက်ရီသည်လည်း ထို့အတူ အဖမ်းခံလိုက်ရသည်။သို့သော် သူတို့နှစ်ယောက်က ရက်စိုလိုသောစိတ်ဆန္ဒတော့ ရှိမနေသည့်ပုံပင်။တကယ်တော့ သူတို့က ကျောက်ရီကို မြင်လိုက်ရသည့်အချိန်၌ အမျိုးသားဖြစ်သူ၏ မျက်လုံးထဲ၌ လွမ်းဆွတ်အောက်မေ့မှုတို့ပင် ဖြစ်ပေါ်လာခဲ့သေးသည်။
ခြင်သားရဲအုပ်က သေဆုံးသွားခဲ့ခြင်း မဟုတ်ပေ။သို့သော် အများစုက ထိုစုံတွဲ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရခြင်းပင်။ ဝမ်လင်းခြင်သားရဲက တစ်ခုခုမှားနေသည်ကို သတိပြုမိလိုက်ကာ သူနှင့်အခြားခြင်သားရဲများအားလုံးကို မန္တာန်တစ်ခုအသုံးပြုလိုက်ခြင်းကြောင့်သာ မဟုတ်လျှင် ၎င်းတို့သည်လည်း အဖမ်းခံရကောင်း ခံလိုက်ရနိုင်သည်။
ဝမ်လင်းက ခြင်သားရဲထံကနေ နတ်ဘုရားအာရုံကို ပြန်သိမ်းဆည်းလိုက်၏။သူ့အသွင်က သုန်မှုန်လို့နေသည်။
သူက အနည်းငယ် စဉ်းစားပြီးနောက် ခြင်သားရဲ၏ ခေါင်းကို ပုတ်လိုက်၏။ခြင်သားရဲက ဟိန်းသံပြုကာ မီးနတ်ဆိုးနိုင်ငံ ထွက်ပေါက်ရှိရာသို့ ပျံသန်းသွားရမည့်အစား ရေနတ်ဆိုးနိုင်ငံ၏ ဝင်ပေါက်ရှိရာသို့ ပျံသန်းသွားတော့၏။
ခုချိန်၌ ဝမ်လင်းက စုပ်အားနှင့် ပေါင်းစပ်ထားပြီး ဖြစ်သည့်အတွက် မည်သည့်နေရာကမဆို သူ့အတွက် ထွက်ပေါက်ဖြစ်နေခဲ့ချေပြီ။
သူတို့က ပျံသန်းနေရင်း ခြင်သားရဲထောင်ချီက နောက်ကနေ လိုက်ပါလာ၏။ ၎င်းတို့က မျှော်လင့်ချက်မဲ့ဟန်နှင့် အကူအညီမဲ့စွာ အော်ဟစ်မြည်တမ်းနေကြ၏။ကြည့်ရသည်မှာ ၎င်းတို့က ဝမ်လင်းခြင်သားရဲ ထွက်ခွာခြင်းကို တားဆီးဖို့ ကြိုးစားနေသည့်ပုံပင်။
သည်နေ့တွင် ရေနတ်ဆိုးနိုင်ငံ၌ ခရမ်းရောင်အလင်းတစ်ခုက လေထဲသို့ ပျံတက်လာ၏။သည်အလင်းက ခြင်သားရဲပင် ဖြစ််၏။ဝမ်လင်းက ၎င်း၏ကျောပေါ်တွင် သုန်မှုန်စွာ ထိုင်နေ၏။
ခရမ်းရောင်အလင်း ပေါ်ထွက်လာပြီးနောက် ခြင်သားရဲနှစ်ထောင်ကျော်သည်လည်း ပေါ်ထွက်လာကာ ဝမ်လင်းအား ဝန်းရံထားလိုက်၏။၎င်းတို့၏ အကြည့်က ခရမ်းရောင်ခြင်သားရဲအပေါ်သို့သာ ကျရောက်နေ၏။၎င်းတို့၏ အော်မြည်သံများက ပိုမို ကျယ်လောင်လာသည်။
ဝမ်လင်း ခြင်သားရဲက ဆုံးဖြတ်ချက်ချပြီးအကြည့်ကို ထုတ်ဖော်ထားသည်။၎င်းက ထိုအော်မြည်သံများကို တုန့်ပြန်သည့်အနေဖြင့် ထပ်ခါထပ်ခါ ပြန်အော်လိုက်သည်။
ပတ်ဝန်းကျင်ရှိခြင်သားရဲများ၏ မျက်လုံးထဲရှိ ဝမ်းနည်းမှုက ပိုမို၍ ပြင်းထန်လာခဲ့သည်။၎င်းတိုက ဝမ်လင်းကို ကြမ်းကြုတ်စွာ ကြည့်နေကြသည်။
ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက မတ်တပ်ထရပ်ပြီး သူ့မူလစိတ်ဝိညာဉ်ထံမှ လျှပ်စီးကို ပျံ့နှံ့စေလိုက်သည်။သည်အခိုက်အတန့်၌ သူက လျှပ်စီးများနှင့် ဝန်းရံသွားသည်ဟု ထင်မှတ်ရကာ သူ့မျက်လုံးထဲကနေ လျှပ်စီးတန်းတို့ ထွက်ပေါ်လာပြီး ခြင်သားရဲများကို အေးစက်စွာ ကြည့်လိုက်၏။
ဝမ်လင်း၏ စိတ်အခြေအနေကို ခံစားမိသဖြင့် သူ့အောက်ရှိ ခြင်သားရဲက စူးရှရှအော်ဟစ်လိုက်၏။ သည်အသံက ပြင်းထန်သောဖိအားကို ပေးစွမ်းကာ ပတ်ဝန်းကျင်ရှခြင်သားရဲများကို ဖြည်းဖြည်းချင်း ပြန့်ကျဲသွားစေသည်။
ဝမ်လင်းက သိုလှောင်အိတ်ကို ထုတ်ယူလိုက်ပြီး အဟ တစ်ခု ဖွင့်ကာ ပတ်ဝန်းကျင်ရှိခြင်သားရဲများအား ကြည့်လိုက်၏။
ခြင်သားရဲအုပ်က လုံးဝ တိတ်ဆိတ်လို့နေသည်။ အချိန်အတန်ကြာပြိးနောက် ၎င်းတို့ထဲက တစ်ယောက်က ချက်ခြင်း ပျံသန်းလာကာ မီးခိုးရောင်အလင်းတန်းအဖြစ်ပြောင်း၍ သိုလှောင်အိတ်ထဲသို့ ဝင်သွားသည်။သည့်နောက် အခြားခြင်သားရဲများသည်လည်း လိုက်ပါဝင်လာကြသည်။
သို့ရာတွင်ခြင်သားရဲအားလုံးကတော့ သိုလှောင်အိတ်ထဲသို့ ဝင်လာခြင်း မရှိပေ။ သုံးပုံနှစ်ပုံက တိတ်ဆိတ်နေလျက်သာ ရှိနေကြသည်။မတို့က ဝမ်လင်းနှင့် ၎င်းတို့၏ ခြင်သားရဲဘုရင် မိုးကုပ်စက်ဝိုင်းဆီသို့ ပျံသန်းပျောက်ကွယ်သွားသည်ကို ကြည့်နေကြသည်။
အချိန်အတန်ကြာပြီးနောက် ၎င်းတို့က ဝမ်းနည်းစွာ အော်ဟစ်မြည်တမ်းလိုက်ကြသည်။သည့်နောက် ခြင်သားရဲများ၏ ခန္ဓာကိုယ်က တစ်ကောင်ပြီးတစ်ကောင် ပေါက်ကွဲထွက်ကုန်ကြသည်။၎င်းတို့က သူတို့နှလုံးသားကို ကိုယ်တိုင် ဖျက်စီးရန် ဆုံးဖြတ်ချက်ချကာ ဒီလှိုင်းအသူတစ်ရာချောက်၏ ဝင်ပေါက်ထဲသို့ ပြုတ်ကျသွားကြသည်။
အကွာအဝေးတစ်ခုရှိ ဝမ်လင်းခြင်သားရဲ၏ ခန္ဓာကိုယ်က တုန်ယင်သွားကာ ၎င်းက ဒီလှိုင်းအသူတစ်ရာချောက် ရှိရာသို့ လှည့်ကြည့်လာသည်။၎င်း၏မျက်လုံးထဲ၌လည်း ဝမ်းနည်းမှုနှင့် ပြည့်လို့နေလေ၏။
ဝမ်လင်းက သက်ပြင်းချကာ ခြင်သားရဲ၏ဦးခေါင်းကို ပွတ်သပ်ပေးလိုက်သည်။
သည်ခြင်သားရဲအပေါ် သူ့နားလည်မှုဖြင့် သူက သည်ခြင်သားရဲကသာ ကလေးအရွယ်မဟုတ်ပါက ဘယ်တော့မှ ယဉ်ပါးမည်မဟုတ်ဆိုတာကို သိထားပေသည်။သူ့သိုလှောင်အိတ်ထဲသို့ လိုက်ဝင်လာကြသည့် ခြင်သားရဲများသည်လည်း ကလေးအရွယ်သာ ရှိနေကြဆဲ ဖြစ်သည်။ကိုယ့်ကိုကိုယ် သတ်သေရန် ဆုံးဖြတ်ခဲ့ကြသော ခြင်သားရဲများကတော့ အရွယ်ရောက်ပြီးသူများ ဖြစ်ကြသည်။
ခြင်သားရဲကမ္ဘာ၌ ၎င်းတို့က သူတို့၏ ဘုရင် စွန့်ခွာသွားခြင်း ခံရလျှင် ဘုရင်အသစ်မပေါ်လာပါက ကိုယ့်ကိုကိုယ် သက်သေကြပေသည်။
ဝမ်လင်းက ခြင်သားရဲ၏ ဝမ်းနည်းမှုကို ဆက်မကြည့်ရက် တော့ပေ။ထို့ကြောင့် သူက ၎င်း၏ခန္ဓာကိုယ်ပေါ်ကနေ ခုန်ချကာ ၎င်းကို သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းလိုက်သည်။သိုလှောင်အိတ်ထဲ၌ ၎င်း၏ ခြင်သားရဲအဖော် ရာချီနှင့် မိုးကြိုးဖားပြုတ်တို့က ၎င်း၏ဝမ်းနည်းမှုကို ဖြည်းဖြည်းချင်း ပြန်ကောင်းမွန်လာစေနိုင်ပေလိမ့်မည်။
ဝမ်လင်းက လေထဲ၌ ပျံသန်းနေကာ အပြာရောင်ကောင်းကင်ကြီးနှင့်တိမ်ဖြူဖြူ များကို မော့ကြည့်လိုက်သည်။ သူက ကောင်းကင်ကို မမြင်ရသည်မှာ အချိန်အတန်ကြာခဲ့ပြီ မဟုတ်လား။ အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ သူ့လက်ထဲ၌ သလင်းကျောက်တစ်ခု ပေါ်လာ၏။
သူ့နတ်ဘုရားအာရုံကို သည်သလင်းကျောက်ထဲသို့ ဝင်လိုက်ရာ ၎င်းက ချက်ခြင်းပင် ရွှေရောင်အလင်းတစ်ခု ထုတ်လွှတ်လာသည်။သည်အလင်းက သူ့အား ဝန်းရံသွားပြီးနောက် သိပ်မကြာခင်တွင် အလင်းနှင့်အတူ ဝမ်လင်းသည် ပျောက်ကွယ်သွားတော့သည်။
ဝမ်လင်းပြန်ပေါ်လာချိန်၌ သူက လှိုဏ်ဂူထဲသို့ ရောက်နေခဲ့ချေပြီ။လှိုဏ်ဂူထဲရှိ ကျန်နေသေးသော အတားအဆီးများကို ကြည့်ကာ ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူက ခပ်တိုးတိုး ရွတ်ဆိုလိုက်သည်။ “နောက်တစ်ကြိမ် ငါပြန်လာတဲ့အချိန်ကြရင် ငါက ဒီအတားအဆီးအားလုံးကို ချိုးဖျက်ပြီး ဒီလှိုဏ်ဂူရဲ့ လျှို့ဝှက်ချက်အားလုံးကို ဖော်ထုတ်ပစ်မယ်…”
သူက အသက်ဝဝရှူသွင်းလိုက်ကာ သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေပြီး လှိုဏ်ဂူကို ချိပ်ပိတ်လိုက်သည်။သည့်နောက် သူက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ဖျက်စီးလိုက်ပြီးနောက် သည်လှိုဏ်ဂူထဲသို့ မည်သူမျှ ဝင်လို့မရအောင် လုပ်လိုက်၏။ သွေးဘိုးဘေးပင် သည်လှိုဏ်ဂူထဲသို့ ဝင်ရောက်နိုင်တော့မည် မဟုတ်ပေ။
သည်အရာများကို ပြုလုပ်ပြီးသည့်နောက် ဝမ်လင်းက လှိုဏ်ဂူကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်၏။ လှိုဏ်ဂူစိတ်ဝိညာဉ်က ဝင်ပေါက်၌ ပေါ်လာ၏။သို့သော် သူက ဝမ်လင်းကို ကြည့်ရုံသာ ကြည့်နေကာ ဘာစကားမှ မဆိုပေ။
ဝမ်လင်းက သူ့လက်ထဲ၌ သလင်းကျောက်ကို ကိုင်ထားရင်း ပြန်လှည့်ကာ ထွက်ခွာသွား၏။
ဝမ်လင်းက ကောင်းကင်နတ်ဆိုးနိုင်ငံရှိ စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စု အပြင်ဘက်၌ ပြန်ပေါ်လာခဲ့သည်။ မျိုးနွယ်စုဝင်များက ခဏတာ မှင်သက်သွားကြ၏။သို့သော် သူတို့က ချက်ခြင်းပင် ပျော်ရွှင်သွားကြကာ ဦးညွတ်လိုက်ကြသည်။
ဝမ်လင်းက မျိုးနွယ်စု၏ စိတ်ဝိညာဉ်အပိုင်းစအများကို စုဆောင်းခြင်း မပြုဘဲ ထိုအစား ဆယ့်သုံးနှင့်ချူယောင်ဟွာတို့ကို ဆင့်ခေါ်လိုက်သည်။အမိန့်အချို့နှင့် ကျင့်ကြံခြင်းနည်းလမ်းများကို ပေးပြီးနောက် သူက ဆယ့်သုံးကို ဘီလူးနတ်ဆိုးကလန်၏ ကျင့်ကြံခြင်းနည်းလမ်း၏ နောက်ပိုင်းတစ်ဝက်ကိုပါ သင်ပေးလိုက်သည်။သည့်နောက် သူက မျိုးနွယ်စုကနေ ထွက်ခွာသွားတော့သည်။
သူ ထွက်ခွာသွားသည့်အခိုက်တွင် ဆယ့်သုံးက မြေပြင်ပေါ်တွင် ဒူးထောက်ကာ ဝမ်လင်းရှိရာသို့ ဦးညွတ်လိုက်သည်။ ချူယောင်ဟွာကလည်း ထို့အတူ လုပ်ဆောင်လိုက်၏။ သူတို့မျက်လုံးများက ဝမ်းနည်းမှုနှင့် ပြည့်လို့နေသည်။ဝမ်လင်းက သူတို့ကို ဘာမှ မပြောသွားခဲ့သော်လည်း သူတို့က သည်ဘဝ၌ ဝမ်လင်းနှင့် ထပ်တွေ့ရန် ခက်ခဲသွားပြီကို ခံစားမိနေခဲ့ပေသည်။
ကောင်းကင်နတ်ဆိုးနိုင်ငံ နတ်ဆိုးဗိုလ်ချုပ်အိမ်တော်ထဲ၌ ရှီရှောင်က ကြာပွင့်သဏ္ဌာန်ထိုင်နေသည်။ သူ့ဘေး၌ ချန်ထောင်ကလည်း ကျင့်ကြံလျက် ရှိနေ၏။သူ့ကျင့်ကြံမှုအဆင့်က နှစ်များစွာ ဆေးဝါးများနှင့် ကုစားပြီးနောက် အာဏာတက်ခြင်းအလယ်အဆင့်သို့ ပြန်ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။သူက အနည်းငယ်ပင် တိုးတက်လာခဲ့သေးသည်။သူက အာဏာတက်ခြင်းနောက်ဆုံးအဆင့်နှင့် အကွာအဝေးတစ်ခု ရှိနေသေးသော်လည်း သိပ်တော့လည်း မဝေးလှတော့ပေ။
ခဏကြာပြီးနောက် ရှီရှောင်က မျက်လုံးဖွင့်လာကာ သူ့မျက်လုံးက တလက်လက် ဖြစ်နေ၏။
ချန်ထောင်သည်လည်း မျက်လုံးဖွင့်လာခဲ့သည်။ သူ့မျက်လုံးထဲ၌ ခန့်ညားသောအကြည့်တို့ ရှိနေ၏။
ရှီရှောင်က တည်ငြိမ်စွာ ပြောလိုက်သည်။ “ချန်ထောင် မနက်ဖြန်ကျရင် နတ်ဆိုးအင်ပါယာဆီသွားပြီး မင်းကို နတ်ဆိုးဗိုလ်ချုပ်အဖြစ် ခန့်အပ်ဖို့ ထောက်ခံပေးမယ်။အဲ့နောက် မင်းက နဂါးရေကန်မှာ ကျင့်ကြံနိုင်လိမ့်မယ်။ဒါက အစစ်အမှန် အမွေအနှစ် မဟုတ်ပေမဲ့လည်း မင်းအတွက် တော်တော်လေး အကျိုး ရှိမှာပါ…”
ချန်ထောင်က ပြန်တုံ့ပြန်လိုက်သည်။ “မနက်ဖြန်ကျရင် ငါက သင့်ကို ဒုနတ်ဆိုးဗိုလ်ချုပ်မှူး လို့ခေါ်ရတော့မှာပေါ့…”
ရှီရှောင်က ဂုဏ်ယူစွာ ပြုံး၍ ပြောလာသည်။ “ဒီနေရာက လွန်ခဲ့တဲ့နှစ်တစ်ရာတည်းက ငါ ရခဲ့သင့်တာ။ မိုလီဟိုင်က ငါ့ရှိကနေ လက်ငှားပြီး အဲ့နေရာကို လုယူသွားခဲ့တာ။ ဒီနိမ့်ကျတဲ့ ဝမ်လင်းကြောင့်သာ မဟုတ်ရင် ဒီမိုလီဟိုင်က ဘာလုပ်နိုင်မှာလဲ…”
ချန်ထောင်က ရှီရှောင်ကို ကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။ “ဝမ်လင်းက ငါ့ဂျူနီယာပါ…”
ရှီရှောင်က မျက်ခုံးပင့်ကာ အေးစက်စွာပြုံး၏။ “မင်း ဂျူနီယာညီက မီးနတ်ဆိုးနိုင်ငံနဲ့ တိုက်ပွဲအတွင်း ဘယ်များ ရောက်နေလဲ။ သူက စစ်ပွဲရဲ့အဆုံးသပ်မှာ လူတိုင်းရှိက အကျိုးမြတ်ကို ရယူပြီး ငါတို့ရဲ့ လုပ်ဆောင်မှုတွေကိုပါ သိမ်းပိုက်သွားခဲ့တယ်။ သူက အရှင်ရှေးဟောင်းနတ်ဆိုးကို ကူညီခဲ့တယ်ဆိုပေမဲ့လည်း သူက ငါတို့အားလုံးအတွက် ရှက်သင့်တယ်…”
“ဒါ့အပြင် ဒီလူက ခုချိန်ထိ နှစ်တွေအကြာကြီး ပျောက်နေတယ်။ သူ့အရိုးတောင် ပြန်တွေ့ရမှာ မဟုတ်တော့ဘူး။ မင်းက သူ့ကို ဂျူနီယာညီအဖြစ် မှတ်မိနေရင်တောင် သူက မင်းကို စီနီယာအကိုအဖြစ် မှတ်မိပါ့မလား ငါစိုးရိမ်မိတယ်…”
ချန်ထောင်က တိတ်တဆိတ်စဉ်းစားနေသည်။
ရှီရှောင်မျက်လုံးများက လှောင်ပြောင်မှုများ ဖြစ်ပေါ်နေကာ သူက ပြောလာသည်။ “ငါ့သူ့ကို နိမ့်ကျတဲ့ကောင်လို့ ခေါ်တာ အဆင်ပြေပါတယ်။သူကသာ ဒီမှာ မရှိလို့…မဟုတ်ရင် ငါက သူ့ကို ကိုယ်တိုင်သတ်ပစ်ပြီး ကျင့်ကြံမှုဆိုတာ ဘယ်လိုလုပ်ဆောင်ရလဲ သိစေလိုက်မယ်…”
“ဒီလိုလား…” အေးစက်စက်အသံတစ်ခုက လေဟာနယ်ထဲကနေ ထွက်ပေါ်လာသည်။
ရှီရှောင်ကမှင်သက်သွားသည်။ သို့သော် သူ့အသွင်က ချက်ခြင်းပင် သုန်မှုန်သွားကာ သူက လှမ်းအော်လိုက်သည်။ “ဘယ်သူက ဒီလိုမျိုး ထူးထူးဆန်းဆန်းတွေ လာလုပ်ဝံ့နေတာလဲ။ ဒီဗိုလ်ချုပ်အတွက် ထွက်လာခဲ့စမ်း..”
ချန်ထောင်၏ မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက ကောင်းကင်ထက်သို့ စူးစိုက်ကြည့်နေသည်။
သူက ကောင်းကင်ထက်၌ အနက်ရောင်အရိပ်တစ်ခု ထွက်ပေါ်နေသည်ကိုသာ တွေ့မြင်ရ၏။
“မင်း…မင်း ဝမ်လင်း…” ချန်ထောင်မျက်လုံးက ကျဉ်းမြောင်းသွားကာ သူက သည်အရိပ်ကို မည်သူမည်ဝါမှန်း သိလိုက်၏။
“မင်းက ငါ့အိမ်တော်ထဲကို ချိုးဖျက် ဝင်လာတဲ့အထိ သတ္တိကောင်းနေတယ်ပေါ့။ အသက်သုံးခါရှုချိန်အတွင်း ချက်ခြင်းထွက်သွား….။ မဟုတ်ရင် ငါမင်းကို သတ်ပစ်ရလိမ့်မယ်….” ရှီရှောင်မျက်လုံးက အေးစက်နေကာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့ ပြည့်နေသည်။ သူက သည်ပြီးခဲ့သောနှစ်များတွင် သူ့ကျင့်ကြံမှုအဆင့်က မြင့်တက်လာခဲ့ပေသည်။သူက ခုဆိုရင် အာဏာတက်ခြင်းအစောပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်နှင့် ညီမျှသည့်အဆင့်တွင် ရှိလို့နေသည်။
ဝမ်လင်းက မြေပြင်ထက်သို့ ဆင်းသက်လာ၏။သူက ရှီရှောင်ကို တည်ငြိမ်စွာ ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ငါက အတိတ်တုန်းက လူတစ်ယောက်ကို မင်းရဲ့ အသက် ယူပေးပါ့မယ်လို့ ကတိပေးခဲ့တယ်။ဒီနေ့ ငါ ဒီနေရာကို လာတဲ့ အဲ့ကတိကို ဖြည့်ဆည်းပေးဖို့ပဲ…”
ရှီရှောင်မျက်လုံးထဲရှိ သတ်ဖြတ်ခြင်းဆန္ဒ ပေါက်ကွဲထွက်လာကာ သူ့ခန္ဓာကိုယ်က ရှေ့သို့ တိုးဝင်လာသည်။သူက အရိပ်တစ်ခုအဖြစ်သို့ ပြောင်း၍ ဝမ်လင်းထံသို တန်းတန်းမတ်မတ် တိုးဝင်လာသည်။သူက ရွှေ့လျားနေရင်း သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ မန္တာန်တစ်ခုကို အသုံးပြုရန် ပြင်လိုက်သည်။
ဝမ်လင်း ခန္ဓာကိုယ်က လှုပ်ရှားခြင်းမရှိပေ။သို့သော် သူ့နောက်ရှိ အရိပ်ကတော့ ချက်ခြင်းပင် ကြမ်းကြုတ်လာ၏။၎င်းက မြေပြင်ကနေ ဝန်းကနဲ ထိုးထွက်ကာ ရှီရှောင်ကို ချက်ခြင်းလိုလို ဖြတ်ကျောက်သွား၏။
ချန်ထောင်အသွင်က ကြီးစွာ ပြောင်းလဲသွားသည်။သူက ရှေ့သို့ ခြေလှမ်းရန် ပြင်လိုက်စဉ်မှာပင် ရှီရှောင်ကို ဖြတ်ကျော်သွားသော အရိပ်က ကြမ်းကြုတ်သောအကြည့်ကို ထုတ်ဖော်လာသည်။
ထိုအကြည့်အောက်၌ ချန်ထောင်၏ခန္ဓာကိုယ်က တုန်ယင်သွားသည်။သူ့မူလစိတ်ဝိညာဉ်ပင် တုန်ယင်သွားရကာ သူက ချက်ခြင်း ရပ်တန့်လိုက်သည်။ သူ့နှဖူးထက်ကနေ အေးစက်စက်ချွေးများ စီးကျလာတော့၏။
“ယင်နဲ့ယန်အဆင့်…” ချန်ထောင်မျက်လုံးထဲ၌ ကြောက်လန့်မှုတို့နှင့် ပြည့်နေသည်။
ထိုအနက်ရောင်အရိပ်က ဝမ်လင်းထံသို ပြန်သွားကာ အရိပ်အဖြစ် ပြန်ပြောင်းလဲသွား၏။ရှိရောင်က မျက်လုံးပွင့်လျက် မြေပေါ်တွင် လဲကျသေဆုံးနေသည်။
ဝမ်လင်းက ပြန်လှည့်၍ ထွက်ခွာသွားတော့၏။
ဝမ်လင်း ပုံရိပ်က လရောင်အောက်၌ ပိုပို၍ ဝေးဝေးသွားတော့သည်။
“ဆရာ့ကို သတိထားပါ…” ဝမ်လင်းအသံက ချန်ထောင်နားထဲသို့ တိုးဝင်လာ၏။သူက ကောင်းကင်ထက်သို့ အချိန်အတန်ကြာ ကြည့်နေမိတော့သည်။
ဝမ်လင်းက သူလုပ်စရာရှိသည့် ကိစ္စများကို လုပ်ဆောင်ပြီးသည့်နောက် သူက ဒီလှိုင်းအသူတစ်ရာချောက်ဝင်ပေါက်သို့ ရောက်လာသည်။သူက လှည်၍ ကုန်းမြေသို့ ကြည့်သည့်။သည့်နောက် ခေါင်းမော့ကာ ကောင်းကင်ထက်သို့ မော့ကြည့်သည်။သူ့အကြည့်က ကောင်းကင်ထက်သို့တိုင် ထွင်းဖောက်ကာ နောက်ဆုံးတွင် အရှေ့ဘက်နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ်အထိ ရောက်ရှိသွားသလား ထင်မှတ်ရသည်။
အရှေ့ဘက်နတ်ဆိုးစိတ်ဝိညာဉ်ပင်ယ် အပြင်ဘက် ဂိတ်ပေါက်၌ ရှေ့ဖြစ်ဟောသူ၊လင်းထျန်ဟူ၊သွေးဘီလူးနှင့် အကြီးအကဲ ခုနစ်ယောက်ရှစ်ယောက်ခန့် မတ်တပ်ရပ်လျက် ရှိနေကြသည်။
လူတိုင်းက ရှေ့ဖြစ်ဟောသူ ပြောလာသည့်အချိန်တွင် လင်းထျန်ဟူ ဂိတ်ပေါက်ကို ဖွင့်မည့်အချိန့်အား စောင့်ဆိုင်းနေကြသည်။ရှေ့ဖြစ်ဟောသူက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေထဲသို့ ဝင်ရောက်သည့်ဂိတ်ပေါက်ကို ကြည့်ကာ မျက်မှောင် ခပ်တင်းတင်း ကြုတ်လားလေသည်။
သူတို့က နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေသို့ လွန်ခဲ့သော ဆယ်စုနှစ်ထဲက စီစဉ်ထားခဲ့ကြသည်။ ထိုသို့လုပ်ရခြင်းက လွန်ခဲ့သော ဆယ်နှစ်က ရှေ့ဖြစ်ဟောသူသည် သတိပေးနေခြင်းကို သေသေချာချာ ခံစားမိခဲ့သည်။ထိုခံစားချက်က သူ့တွင် ဖြစ်ပေါ်မလာသည်မှာ နှစ်ပေါင်းသောင်းနှင့် ချီနေပြီ ဖြစ်သည်။
သည်ခံစားချက်က နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေထံကနေ ထွက်ပေါ်လာခြင်းပင်။သည်ခံစားချက်က သူအမှတ်အသားပြုလုပ်ထးသည့် ဝမ်လင်းလို့ခေါ်သော သူ့တပည့်ထံမှ ထွက်ပေါ်လာခြင်း ဖြစ်နေသည်။သူ့တပည့်အပေါ်ရှိ အမှတ်အသားကလည်း အတင်း ဖယ်ရှားခြင်း ခံလိုက်ရ၏။
သည်အရာက ပထမဆုံးအကြိမ်အဖြစ် အမှတ်အသားဖယ်ရှားခြင်းတော့ မဟုတ်ပေ။လွန်ခဲ့သော အချိန်ကလည်း စွန်ယွမ်လို့ခေါ်သည့် သူ့တပည့်က သည်လိုမျိုး အမှတ်အသားကို ဖယ်ရှားခဲ့ဖူးပေသည်။
စိတ်မသက်မသာ ဖြစ်နေသူကတော့ ရှေ့ဖြစ်ဟောသူတစ်ယောက်ထဲ မဟုတ်ပေ။နောက်တစ်ယောက်ကတော့ သူ့သမီး ယောင်ရှင်းရွှယ်အတွက် စိတ်မသက်မသာ ဖြစ်နေသည့် သွေးဘိုးဘေးပင် ဖြစ်၏။ အချိန်ကြာလာသည်နှင့်အမျှ သူ့နှလုံးသားက ပိုမို မသက်မသာ ခံစားလာခဲ့ရသည်။သူ့လို့မျိုး ကျင့်ကြံခြင်းအဆင့်သို့ ရောက်နေသည့်သူများက သည်လိုမျိုး စိတ်မသက်မသာ ဖြစ်မှုကို ဘာမှမဖြစ်ဘဲနှင့် အကြောင်းမဲ့သပ်သပ် ဖြစ်လာနိုင်လိမ့်မည် မဟုတ်ပေ။
ထို့ကြောင့်လည်း ရှေ့ဖြစ်ဟောသူက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေထဲသို့ စောစောစီးစီး ဝင်ရန် အကြံပြုလာသည့်အခါ သူက ချက်ခြင်း သဘောတူခဲ့ပေသည်။ယောင်ရှင်းရွှယ်က သူ့တစ်ဦးတည်းသောသမီး၊တစ်ဦးတည်းသော မိသားစုဝင် မဟုတ်လား။သူ့သမီးအတွက် သူက အရာအားလုံးကို လစ်လျူရှုနိုင်ပေသည်။
ထို့အတူပင် လင်းထျန်ဟူ၏ စိတ်ထဲ၌လည်း သုန်မှုန်နေသည်သာ ဖြစ်သည်။ဓားဆယ့်နှစ်လက်တွင် ကိုးယောက်၏ အသက်မီးအိမ်က ငြိမ်းသက်သွားခဲ့ပြီ မဟုတ်လား။ လင်းထျန်ဟူက သူ့ဒေါသကို ဖုံးကွယ်ထားကာ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေသို့ ဝင်ရောက်ရန် ပြင်ဆင်ထားခဲ့၏။သူက မည်သို့ဖြစ်ပျက်သည်ကို လောဘကြီးအား မေးမြန်းရမည် ဖြစ်၏။
ထိုပုဂ္ဂိုလ်ကြီးသုံးယောက်လုံးက သူတို့ကို စိတ်မသက်မသာ ဖြစ်စေသောသူသည် လူတစ်ယောက်ထဲကြောင့်ဆိုသည်ကို သိရှိကြလိမ့်မည် မဟုတ်ပေ။
လင်းထျန်ဟူ၏ လက်ဝါးက အောက်သို့ ဖိချလာကာ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၏ ဂိတ်ပေါက်အား ဖွင့်လှစ်လာ၏။ သည့်နောက် သူက သူ့အင်္ကျီလက်အိုးကို ဝှေ့ယမ်းကာ အထဲသို့ ဝင်ရောက်လိုက်သည်။
***