အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီးသို့ ရောက်ရှိလာခြင်း
Vol. 015 Ch. 710
အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း…။
တောက်ပသောကြယ်အလင်းများက အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့လျက် ရှိ၏။ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီးက ကြီးမားလှကာ မြောက်များစွာသော ကျင့်ကြံခြင်းဂြိုဟ်များ ရှိနေကြ၏။မဟာမိတ်ကြယ်အဖွဲ့အစည်းကြီးထဲရှိ လူအနည်းငယ်လွဲ၍ ကျင့်ကြံသူအများစုက အခြားကြယ်အဖွဲ့အစည်းကြီးများ၏ တည်ရှိမှုကို မသိကြပေ။
သို့ရာတွင် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကတော့ မတူပေ။ထိုကြယ်အဖွဲ့အစည်း၏ အများစုက လေ၊မိုး၊မိုးကြိုးနှင့်လျှပ်စီး ကောင်းကင်ဘုံနယ်မြေများအောက်ရှိ ကြယ်အဖွဲ့အစည်းတစ်ခုစီ ရှိကြောင်း သိထားကြပေသည်။
ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်းကြီးနှင့် နက်ရှိုင်းသော ဆက်ဆံရေးရှိသော အလုံးစုံကြယ်အဖွဲ့အစည်းကြီးက မဟာမိတ်ကြယ်အဖွဲ့အစည်းထဲ၌လည်း တစ်ခုတည်းသော စွမ်းအားတစ်ခုရှိကာ သူတို့က လျှို့ဝှက်ချက်များစွာကိုလည်း ဖုံးကွယ်ထားကြသည်။ဝမ်လင်းအပါအဝင် ကျင့်ကြံသူအများစုက ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်းသည် ကြယ်အဖွဲ့အစည်းများအောက်၌ တစ်ခုတည်းသော စွမ်းအား ဖြစ်သည်ဟု တွေးထင်ထားခဲ့ကြ၏။
အလုံးစုံကြယ်အဖွဲ့အစည်းက ပို၍ လွတ်လပ်မှု ရှိ၏။သို့ရာတွင် အချို့လျှို့ဝှက်ချက်များကိုတော့ တင်းတင်းကြပ်ကြပ် သိမ်းဆည်းထားကြသည်သာ ဖြစ်သည်။
ကြယ်အဖွဲ့အစည်းနှစ်ခုကြား တစ်ခုတည်းသော ကွာခြားချက်က အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းတွင် မည်သည့်ကလန်မှ ရှိမနေဘဲ ကျင့်ကြံခြင်းမိသားစုများသာ ရှိပေ၏။အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းက သွေးမျိုးဆက်နှင့် ပတ်သတ်၍ ဂရုတစိုက် ရှိကြ၏။
တူညီသော သွေးမျိုးဆက် ရှိကြသူများက စုစည်းနေထိုင်ပြီး သူတို့၏ကိုယ်ပိုင်အင်အားကို တည်ဆောက်ထားကြသည်။
အလင်းတန်များက ပျံသန်းလာကြ၏။စုစုပေါင်း လူလေးယောက်ရှိကာ သုံးယောက်က ယောက်ျားသား ဖြစ်၍ တစ်ယောက် အမျိုးသမီး တစ်ယောက် ဖြစ်သည်။၎င်းတို့၏ အသက်က ပြောရခက်သော်လည်း သူတို့အားလုံးက ငယ်ရွယ်နေသည့်ပုံပေါ်နေ၏။ ကျင့်ကြံခြင်းအဆင့်များလည်း သိပ်ကွာခြားလှခြင်း မရှိကြပေ။ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအလယ်အဆင့် အမျိုးသမီး ဖြစ်သူကလွဲ၍ ကျန်သည့်လူများက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အစောပိုင်းအဆင့်တွင်သာ ရှိနေကြသည်။
အမျိုးသမီးက အသက်နှစ်ဆယ်လောက်သာ ထင်ရသည်။သူမက လှပသော်လည်း သူမထံမှ အေးစက်မှုတို့ ထွက်ပေါ်လို့နေသည်။
အမျိုးသားသုံးယောက်လုံးကလည်း ချောမောကြပေသည်။သို့ရတွင် ခုချိန်၌ သူတို့၏ အသွင်က သုန်မှုန်လျက် ရှိနေကာ သူတို့က အနောက်သို့ လှည့်လှည့်ကြည့်နေကြသည်။
အမျိုးသားများထဲမှ တစ်ယောက် ခပ်မြန်မြန်ပြောလာ၏။ “ဉာဏ်ရည်ကျောက်တုံးနီကို လွှတ်ပစ်လိုက်ကြရအောင်...။မဟုတ်ရင် ဒီမြူနက်အင်းဆက်တွေက ငါတို့နောက်ကိုလိုက်လာတာ ရပ်မှာ မဟုတ်တော့ဘူး။ ဒီကောင်တွေ ငါတို့ကို ဝိုင်းမိသွားတာနဲ့…”
အမျိုးသမီးက တိုးညင်းစွာ ပြောလိုက်၏။ “ဒီမြူနက်အင်းဆက်တွေက ဒီဉာဏ်ရည်ကျောက်တုံးနီကို ယူသွားတဲ့လူတွေနောက်ကို လွှတ်ပစ်ရင်တောင်မှ ဆက်လိုက်လာတက်တယ်…”
ကြီးမားသည့် မီးခိုးရောင်မြူတစ်ခုက သူတို့နောက်ကနေ လိုက်ပါလာ၏။လူတစ်ယောက််က အနီးကပ်ကြည့်ပါက သည်မြူထုထဲ၌ လက်ချောင်းအရွယ် အင်းဆက်များစွာ ရှိနေသည်ကို တွေ့ရပေမည်။သည်မြူက ၎င်းတို့ခန္ဓာကိုယ်ကနေ ပေးစွမ်းနေခြင်း ဖြစ်၏။
သူတို့တစ်ယောက်ချင်းစီ၏ အောက်၌ ကြယ်သံလိုက်အိမ်မြှောင် တစ်ခုစီ ရှိလို့နေကြ၏။ထို့ကြောင့် သူတို့က ပို၍ မြန်မြန် ထွက်ပေးနိုင်နေကြခြင်း ဖြစ်သည်။သို့ရာတွင် မီးခိုးရောင်မြူကို သလင်းကျောက်မြောက်များစွာ ကြဲ၍ တားဆီးပိတ်ဆို့ပေးနေသော အမျိုးသမီးကြောင့်သာ မဟုတ်ပါက သည်အင်းဆက်များသည် သူတို့ကို ဖမ်းမှီလာမည်နေလောက်ပြီ ဖြစ်၏။
မည်သို့ပင်ဖြစ်စေကာမူ သည်အမျိုးသမီးက ပို၍ပို၍ လက်ပန်းကျလာကာ သည်အင်းဆက်များကလည်း နီးသထက် နီးလာကြ၏။နောက်ဆုံးတွင် မြူက ရှေ့သို့ တဟုန်ထိုး ထိုးတက်လာကာ သူတို့လေးယောက်ကို ဝန်းရံလို့သွားသည်။
အကွာအဝေးတစ်ခုကနေ လူတစ်ယောက် သည်မြူထုကြီးကို ကြည့်နေသည်ကို တွေ့ရပေမည်။
သည်လေးယောက်က ရွင်ယွမ်ဂြိုဟ်မှ ဖြစ်ကြ၏။သည်အမျိုးသမီး၏ အမည်က ရွင်ယွဲ့ ဖြစ်သည်။အမျိုးသားသုံးယောက်ကတော့ ရွင်ချန်၊ရွင်ဖန်နှင့် စွန်ရွှယ်ရှန်တို့ ဖြစ်ကြ၏။
သူတို့လေးယောက်၏ မူလရည်ရွယ်ချက်က လေ့ကျင့်ရန် သည်နေရာကို ရောက်လာခဲ့ကြခြင်း ဖြစ်သည်။သို့သော် အချို့အဖြစ်အပျက်များကြောင့် သူတို့က ဉာဏ်ရည်ကျောက်တုံးနီကို ရရှိခဲ့ကြသည်။သည်အဖြစ်က သူတို့ကို အင်းဆက်များ၏ လိုက်လံခြင်းကို ခံရကာ ခုလို ဝန်းရံခံထားရခြင်းကို ဖြစ်သွားစေခဲ့ခြင်းပင်။
မြူနက်အင်းဆက်များက ကျင့်ကြံသူများအတွက် အဆိပ်ပင်။၎င်းကို ထိလိုက်သည်နှင့် ကျင့်ကြံသူတစ်ယောက်၏ မူလစိတ်ဝိညာည်ကို ဒဏ်ရာရစေကာ မန္တာန်များအားလုံးကို အသုံးပြု၍ မရနိုင်တော့ပေ။ထို့ကြောင့် ၎င်းတို့က လွန်စွာ ကြောက်မက်ဖွယ်ကောင်းလှ၏။သူတို့လေးယောက်က သည်အင်းဆက်မြူထုကြား၌ ပိတ်မိနေကြ၏။ အမျိုးသမီး၏ မိုးကြိုးလျှပ်စီးတန်း ယောင်ယောင်လေး ပေးစွမ်းနေသော ကျောက်စိမ်းလက်ကောက်ကြောင့်သာ မဟုတ်ပါက သူတို့လေးယောက်က ထိုအင်းဆက်များ၏ ဝါးမြိုခြင်းကို ခံရကာ သူတို့၏ မူလစိတ်ဝိညာဉ်များ ပျက်စီးနေလောက်ပြီ ဖြစ်သည်။
ကျန်သည့်သုံးယောက်က အမျိုးမျိုးသောမန္တာန်များနှင့် ရတနာများကို အသုံးပြုကာ မြူထဲကနေ ဖောက်ထွက်နိုင်ရန် လုပ်ဆောင်နေကြ၏။သို့ရာတွင် သည်မြူက ထူထဲလွန်းလှကာ သူတို့အားလုံးက ထွင်းဖောက်နိုင်ခြင်း မရှိ ဖြစ်နေသည်။
အချိန်ကြာလာသည်နှင့်အမျှ သူတို့လေးယောက်၏ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များသည် ဖြည်းဖြည်းချင်း လျော့နည်းလာကြကာ ဆေးလုံးများလည်း သိပ်မကျန်တော့ချေ။
ရွှယ်ယွဲ့က မျက်မှောင်ကြုတ်၍ ဆိုလာ၏။ “ဒီမြူနက်အင်းဆက်တွေက မိုးကြိုးမန္တာန်ကိုတော့ အကြောက်ဆုံးပဲ။ငါက မိသားစုဆီ အကူအညီတောင်းခံ ထားတယ်။ ဒီနေရာက မိသားစုနဲ့လည်း တော်တော်လေးဝေးနေတယ်။ဒါပေမဲ့လည်း ငါတို့က မိုးကြိုးမန္တာန်ကောင်းကောင်းသုံးနိုင်တဲ့ စီနီယာတစ်ယောက် ရောက်လာပြီး ငါတို့ကို လာကယ်တဲ့အထိ တောင့်ခံထားရမယ်”
သူမက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြုမှု အမြင့်ဆုံးပင်။သူမ၏ စွမ်းအင်အများစုကို ကျောက်စိမ်းလက်ကောက်ကနေ စုပ်ယူနေခြင်းကြောင့် ဖြစ်၏။သည်လက်ကောက်သာ သည်နေရာမှာ မရှိနေလျှင် သူတို့က ထိုအင်းဆက်များ၏ ဝါးမြိုခြင်းကို ချက်ခြင်း ခံလိုက်ရမည် ဖြစ်သည်။
မိသားစုထဲမှ မဟုတ်သည့် တစ်ဦးတည်းသောအမျိုးသား စွန်ရွှယ်ရှန်က ခါးသက်စွာ ပြုံးနေမိ၏။ သူက မြူထဲရှိ မရေမတွက်နိုင်သောအင်းဆက်များကို ကြည့်ကာ သူ့စိတ်နှလုံးထဲ၌ မျှော်လင့်ချက် ကင်းမဲ့နေတော့သည်။
“ငါတို့လောဘကြီးမိတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်စရာ ရှိတော့တယ်။ငါတို့ကသာ ဒီဉာဏ်ရည်ကျောက်တုံးနီကိုသာ ထုတ်ယူမလာခဲ့မိရင် ဒီလို သေရေးရှင်ရေးကို ရင်ဆိုရမှာ မဟုတ်ဘူး…”
သည်အခိုက်အတန့်၌ ငွေရောင်အလင်းတန်းတစ်ခုက မြူထုကို ဖြတ်သန်းလာသည်။သည်ငွေရောင်အလင်းတန်းက နဂါးတစ်ကောင်နှင့် ဆင်တူကာ ယင်းပေါ်၌ လူငယ်တစ်ယောက် ထိုင်နေ၏။သူက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ ဆံပင်ကနောက်ကနေ ဆီးနှောင်ထား၏။သူ့ရုပ်သွင်က သာမန်သာ ဖြစ်သော်လည် သူ့မျက်လုံးများကတော့ ဂုဏ်ထည်ဝင့်နေ၏။သူ့မျက်လုံးထဲ၌ လျှပ်စီးများ တဖျပ်ဖျပ် လင်းလက်နေကာ သူ့ကို ပို၍ပင် ကြမ်းကြုတ်သွားစေ၏။
သူကတော့ ဝမ်လင်းပင်။
ဝမ်လင်းက ဝဲကတော့ထဲသို့ ဝင်ရောက်လာပြီးနောက် သူက ထွက်လာသည့်အချိန်၌ ကြယ်များကြား၌ ရောက်ရှိနေခဲ့သည်။သူ့ပတ်လည်၌ တောက်ပသော ကြယ်စုကြယ်ဝေးများသား ရှိကာ လူတစ်ဦးတစ်ယောက်မှ ရှိမနေခဲ့ပေ။
သည်နေရာက ဝမ်လင်းအတွက် တစ်ခြားကြယ်အဖွဲ့အစည်းဖြစ်ကာ သူ့ဇာတိရပ် မဟာမိတ်ကြယ်အဖွဲ့အစည်း မဟုတ်ပေ။သည်နေရာက မိုးကြိုးကောင်းကင်ဘုံနယ်မြေအောက်ရှိ အလုံးစုံကြယ်အဖွဲ့အစည်းကြီး ဖြစ်နေခဲ့သည်။
အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက ကြယ်သံလိုက်အိမ်မြှောက်ကို ထုတ်ယူလိုက်သည်။သည့်နောက် သူက ကြယ်အဖွဲ့အစည်းထဲသို့ စတင်လှည့်လည်သွားလာလိုက်သည်။
ထိုစဉ် အကွာအဝေးတစ်ခုမှ မီးခိုးရောင်မြူက ဝမ်လင်းအား စွဲဆောင်သွား၏။သူ့အောက်တွင် ငွေရောင်အလင်းတစ်ခု ရှိနေကာ သူက သည်မြူနားသို့ ရောက်ရှိလာခြင်းပင် ဖြစ်သည်။သူ့မျက်လုံးထဲရှိ လျှပ်စီးများရှိနေသဖြင့် မြူထဲရှိ ပိတ်လှောင်ခံထားရသော လေးယောက်ကို သူက တွေ့မြင်နိုင်ခဲ့သည်။
မြူနက်အင်းဆက်များက ဝမ်လင်း၏ လျှပ်စီးအကြည့်အောက်၌ တုန်ယင်လာကြ၏။၎င်းတို့က သူ့အကြည့်ကို ရှောင်လွှဲကာ လမ်းပေါက်တစ်ခု ဖွင့်ပေးလိုက်ကြသည်။
အထဲ၌ ပိတ်လှောင်ခံထားရသည့် လေးယောက်က ချက်ခြင်း မှင်သက်သွားကြ၏။ရွင်ယွဲ့၏ မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူမက တုန်လှုပ်မိသွားသည်။ အကြည့်တစ်ချက်ကပင် ထိုမြူနက်အင်းဆက်များကို နောက်ဆုတ်သွားစေသည် မဟုတ်လား။သည်လိုမန္တာန်မျိုးက သူမစိတ်ကို အလွန်တုန်လှုပ် သွားမိစေ၏။
သူမ၏ လှပသောမျက်လုံးများက လှုပ်ရှားလာကာ မြူအပြင်ဘက်မှ ငွေရောင်အလင်းပေါ်ရှိ ဝမ်လင်းကို တွေ့မြင်လိုက်ရသည်။
စွန်ရွှယ်ရှန်၏မျက်လုံးထဲရှိ မျှော်လင့်ချက်မဲ့မှုတို့ကလည်း ချက်ခြင်း ပြန်ပျောက်ကွယ်သွားသည်။သူက ချက်ခြင်းဖြင့် လက်သီးနှစ်ဖက်ဆုပ်ကာ လှမ်း၍ အော်ပြောလိုက်၏။ “စီနီယာ…ဂျူနီယာက ရွင်ယွမ်ဂြိုဟ်ပေါ်က စွန်မိသားစုကပါ…။စီနီယာက ငါတို့ကို ကူညီမယ်လို့ မျှော်လင့်မိပါတယ်။ ဂျူနီယာက စီနီယာကို လုံးဝကျေးဇူးတင်မိမှာပါ…”
ရွင်ချန်နှင့်ရွင်ဖန်တို့ကလည်း လက်နှစ်ဖက်ကို အလျင်အမြန်ယှက်ကာ လေးစားမှု ပြသလိုက်ကြ၏။သူတို့က အသံတိတ်လေးစားမှုကို ပြသကာ ကယ်တင်ရန် တောင်းဆိုလိုက်ကြခြင်းပင်။
ရွင်ယွဲ့က ငွေရောင်အလင်းပေါ်ရှိ လူငဘ်ကို ကြည့်ကာ မျက်နှာပြေလျော့သွားသည်။သူမက လက်နှစ်ဖက်ယှက်၍ နူးညံ့စွာ ဆိုလာသည်။ “စီနီယာ..ဂျူနီယာက ရွင်ယွမ်ဂြိုဟ်ပေါ် ရွင်မိသားစုကပါ။ ငါတို့က ဒီမြူနက်အင်းဆက်တွေရဲ့ ပိတ်ဆို့ဝန်းရံခြင်းကို ခံထားရပါတယ်။ စီနီယာကသာ ငါတို့ကို ကယ်တင်ပေးရင် ရွင်မိသားစုက ကျိန်းသေပေါက် စီနီယာကို့ ပြန်ပေးဆပ်ပါ့မယ်…”
ဝမ်လင်းက တည်ငြိမ်စွာဖြင့် သူတို့လေးယောက်ကို ခြုံငုံကြည့်လိုက်သည်။သည့်နောက် သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။ ထိုအခါ မြူကချက်ခြင်းပင် တဝီဝီလှည့်လည်လာတော့၏။
မြူအတွင်းမှ လူများက အော်ဟစ်လိုက်ကြသည်။သူတို့၏အသွင်ကလ်ညး ရုပ်စိုးနေပြီ ဖြစ်၏။ စွန်ရွှယ်ရှန်က ခပ်မြန်မြန် လှမ်းပြောလိုက်သည်။ “စီနီယာ…ငါတို့မှာ ဉာဏ်ရည်ကျောက်တုံးနီ ရှိပါတယ်။စီနီယာကသာ ငါတို့ကို ကယ်တင်ပေးရင် ငါက ဒီကျောက်တုံးကို စီနီယာထံ ပထမဆုံး ကျေးဇူးတင်တဲ့အနေနဲ့ ပေးပါ့မယ်…”
ဝမ်လင်းက ထိုကျောက်တုံးကို မသိပေ။ထို့ကြောင့် သူက ယင်းအတွက် လိုချင်စိတ်လည်း မဖြစ်မိပေ။သူက မြူထုကို ကြည့်ကာ စတင်စဉ်းစားလိုက်၏။ သူက သည်အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းနှင့် အစိမ်းသပ်သပ် ဖြစ်လို့နေ၏။ထို့ကြောင့်သူက သည်နေရာနှင့် ပတ်သတ်၍ သတင်းအချက်အလက်များ မြန်မြန်ရရန် လိုအပ်နေ၏။ထို့မှသာ သူက စာလိပ်ထဲရှိ အမျိုးသမီးပြောသည့် ရှောင်မိသားစုထံသို့ သွားရောက်နိုင်မည် မဟုတ်လား။
မြူထဲရှိ လေးယောက်က အပြင်ကို မမြင်ရတော့ပေ။သည်အခိုက်အတန့်၌ ရွင်ယွဲ့ကလွဲ၍ ကျန်သည့်သုံးယောက်က ဖိအားနှင့်စိတ်ပူပန်မှုတို့နှင့် ပြည့်နှက်လာခဲ့သည်။
ရွင်အာက မျက်မှောင်အနည်းငယ် ကျုံ့သွား၏။သူမ သိုလှောင်အိတ်ထဲ၌ ဆေးလုံးအများကြီး မကျန်တော့ပေ။သည်လိုသာ ဆက်ဖြစ်နေလျှင် ရလဒ်က စိတ်ကူးမရနိုင် ဖြစ်လာပေတော့မည်။သူမက အံတင်းတင်းကြိတ်ကာ ဆိုလာ၏။ “စီနီယာ…ငါ…”
သူမ ပြောလို့မပြီးသေးခင်မှာပင် ဝမ်လင်းအသံက မြူထဲသို့ တိုးဝင်လာ၏။
“ရွင်ယွမ်ဂြိုဟ်က ဘယ်နေရာမှာ ရှိလဲ…”
သူတို့လေးယောက်က မှင်သက်သွားကြ၏။ စွန်ရွှယ်ရှန်က ခပ်သွက်သွက် လှမ်းပြောလိုက်၏။ “ဒီနေရာရဲ့ မြောက်ဘက်ကို ရက်အတန်အကြာ သွားရပါတယ်။စီနီယာက သွားချင်ရင် စီနီယာ ငါတို့ကို ကယ်တင်ပြီးတာနဲ့ ဂျူနီယာ လိုက်ပို့ပေးနိုင်ပါတယ်…”
ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားသည်။သူက ညာလက်ကို မြှောက်ကာ လေဟာနယ်ထဲသို့ ညွှန်လိုက်၏။ ရုတ်တရက် လျှပ်စီးတန်းတစ်ခုက သူ့မူလစိတ်ဝိညာဉ်ထံကနေ ထွက်ပေါ်လာကာ သူက ၎င်းကို လက်ဖြင့် တောက်ထုတ်လိုက်၏။
သူ့အကြည့်ကြောင့် သည်မြူက ပြန့်ကျဲသွားသည်ကို တွေ့လိုက်ကတည်းက ဝမ်လင်းက သည်အင်းဆက်များသည် မိုးကြိုးမန္တာန်များကို ကြောက်လန့်ကြောင်း ခန့်မှန်းထားမိခဲ့ပြီ ဖြစ်သည်။
သည်အခိုက်အတန့်၌ လျှပ်စီးတန်းသည် ဝမ်လင်းလက်ချောင်းထိပ်ကနေ ရှေ့သို့ ထိုးထွက်သွားသည်။၎င်းက လေဟာနယ်ကို ဖြတ်ကာ မိုးကြိုးနဂါးတစ်ကောင်ကဲ့သို့ ပျံသန်းတိုးဝင်လာသည်။ ၎င်း ပြင်းထန်သောဖိအားကို ပေးစွမ်းကာ မြူထံသို့ ရုတ်တရက် တိုးဝင်သွားချေသည်။
မြူနက်အင်းဆက်များက ချက်ခြင်း နာကျင်စွာ အော်ဟစ်၍ နောက်သို့ ဆုတ်သွားကြသည်။အင်းဆက်များမှ ဖြစ်တည်လာသော မြူများစွာက မိုးကြိုး၏ ထိမှန်ခြင်းကို ခံလိုက်ရချေသည်။ ၎င်းကသာ သာမန်မိုးကြိုးမန္တာန်တစ်ခု ဖြစ်ပါက မြူကို ထိမှန်သွားချိန်၌ အားနည်းသွားပေလိမ့်မည်။တကယ်တော့ မြူနက်အင်းဆက်များက မိုးကြိုးကြောင့် အားနည်းသွားသော်လည်း ၎င်းတို့ခန္ဓာကိုယ်ရှိ အဆိပ်ကတော့ ပြင်းထန်နေဆဲသာ ဖြစ်သည်။
သို့ရာတွင် သည်မိုးကြိုးက သာမန်မိုးကြိုးမန္တာန်တစ်ခုမှ ဖြစ်ပေါ်လာခြင်း မဟုတ်ပေ။အစစ်အမှန်ကောင်းကင်ဘုံမိုးကြိုး ဖြစ်နေ၏။သည်စွမ်းရည်ကို ဝမ်လင်းက သူ့မူလစိတ်ဝိညာဉ်နှင့် ရှေးဟောင်းမိုးကြိုးနဂါးတို့အား ပေါင်းစပ်စေသည့်အချိန်၌ ရရှိလာခဲ့ခြင်း ဖြစ်၏။
မိုးကြိုးနဂါးကမာန်သွင်း အော်ဟစ်လိုက်ရာ မြူများစွာက လွင့်ပြယ်လို့သွားသည်။လျှပ်စီးက ထိုမြူတစ်လှောက် ဖြတ်သန်းရွှေ့လျားသွားပြီး မြူနက်အင်းဆက်တော်တော်များကို နောက်သို့ ဆုတ်သွားစေ၏။၎င်းတို့က ထိုမိုးကြိုးထံမှ ဖိအားကို ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။
မျက်စိတစ်မှိတ်အတွင်း မိုးကြိုးပျောက်ကွယ်သွားချိန်၌ မြူနက်အင်းဆက်များအားလုံးသည်လည်း အဝေးသို့ ပျံသန်းသွားကြတော့သည်။ထိုအခါ လူလေးယောက်က ပျံသန်းလာပြီး ဝမ်လင်းနားသို့ ရောက်ရှိလာကြ၏။သူတို့လေးယောက်လုံးက သေမင်းပါးစပ်မှ လက်မတင်လေး လွတ်လာသည်ဟု ခံစားမိနေကြသည်။သည့်အပြင် သူတို့က တုန်လှုပ်မှုကိုလည်း ခံစားနေရသေး၏။
ဝမ်လင်းထံသို့ ကြည့်နေသော စွန်ရွှယ်ရှန်၏ အကြည့်ထဲ၌ တုန်လှုပ်မှုတို့ ရှိနေ၏။အလုံးစုံကြယ်အဖွဲ့အစည်းထဲက တစ်စုံတစ်ယောက်ဖြစ်သည်နှင့်အညီ သူက မိုးကြိုးမန္တာန်များနှင့် မစိမ်းလှချေ။သူက သူကိုယ်တိုင်မည်သည့်မိုးကြိုးမန္တာန်ကိုမျှ အသုံးမပြုနိုင်သော်လည်း အလုံးစုံကြယ်အဖွဲ့အစည်းကို မိုးကြိုးကောင်းကင်ဘုံနယ်မြေနှင့် ချိတ်ဆက်ထားသည် မဟုတ်လား။သည်နေရာ၌ မိုးကြိုးမန္တာန်များက စွမ်းအားအကောင်းဆုံးများ ဖြစ်နေတက်၏။
သူက မိုးကြိုးလျှပ်စီးတန်းထဲရှိ ခွန်အားကို ကြည့်၍ တုန်လှုပ်မိနေခြင်းပင်။သူက သည်လို ပုံရိပ်ယောင်မိုးကြိုးတန်းထဲ၌ အစစ်အမှန်မိုးကြိုး၏ခွန်အား ပါဝင်နေသည့် မန္တာန်မျိုးကို လုံးဝ သိမထားခဲ့ပေ။သည်အရာက မိသားစု၏ ဘိုးဘေးများနှင့် အကြီးအကဲများပင် လုပ်နိုင်စွမ်း မရှိသည့် အရာတစ်ခုပင် ဖြစ်သည်။
ရွင်ယွဲ့နှင့်အခြားရွင်အမျိုးသားနှစ်ယောက်သည်လည်း တုန်လှုပ်နေကြသည်သာ ဖြစ်သည်။အထူးသဖြင့် ရွင်ယွဲ့ပင်။သူမမျက်လုံးများက ဝမ်လင်းကို ကြည့်နေရင်း ရုတ်တရက် လက်ခနဲ ဖြစ်သွား၏။
တကယ်တော့ သူမက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအလယ်အဆင့်သို့ ရောက်ရှိပြီးသည့်နောက် မိသားစု၌ သူမ၏ အဆင့်အတန်းက အခြားသုံးယောက်ထက် ပိုမြင့်ပေသည်။ဆိုလိုသည်က သူမက လျှို့ဝှက်ချက်တော်တော်များများကို ပိုသိသည်ဟူ၍ပင်။သူမက အသက်ဝဝရှူသွင်းကာ လေးစားစွာ ပြောလာ၏။ ဂျူနီယာက ရွင်မိသားစုရဲ့ ကိုးဆက်မြောက်မျိုးဆက်မှာ ပါဝင်ပါတယ်။ “စီနီယာက မိုးကြိုးကောင်းကင်ဘုံ တမန်တော်များလား…”
သူမက ထိုသို့ ပြောလိုက်သည့်အခါ စွန်ရွှယ်ရှန်၏ အသွင်က ပြောင်းလဲသွား၏။သူက သူ့ကိုယ်သူ တွေးလိုက်မိသည်။ “ဟုတ်တာပေါ့…သူက မိုးကြိုးကောင်းကင်ဘုံတမန်တော်ပဲ ဖြစ်ရမယ်။ ဒါပေမဲ့လည်း မိုးကြိုးကောင်းကင်ဘုံတမန်တော်က ဘာကြောင့်များ ရွင်ယွမ်ဂြိုဟ်ကို သွားချင်နေရတာလဲ…”
***