← Chapters

အခန်း (၆၁)

Vol. 7 Ch. 61

အခန်း (၆၁)

Vol. 7 Ch. 61

အခန်း (၆၁) ဆင်နဂါးသိုင်းကျင့်စဉ်

မဲဖောက်ခွင့် ၆ကြိမ် ရှိသည့်အထဲတွင် ပထမ ၅ ကြိမ်မှာ မည်သည့်ပစ္စည်းကောင်းမှ မရခဲ့ပေ။ စနစ်အကြောင်း ဆုရှင်းနားလည်ထားသလောက်ဆိုလျှင် ဤနောက်ဆုံးတစ်ကြိမ်က အံ့သြစရာဖွယ်ရာ တစ်ခုယူဆောင်လာပေးနိုင်သည်။

နောက်ဆုံးမဲဖောက်မှုကို စတင်လိုက်ပြီးနောက် ဘီးက အခြား ၅ကြိမ်ထက် ပိုကြာအောင်လည်ပတ်နေခဲ့၏။ နောက်ဆုံးတွင် မျှော်လင့်ထားသည့်အတိုင်း ညွှန်တံက ကျင့်စဉ်ကဏ္ဍတွင် ရပ်တန့်သွားတော့သည်။

မျက်နှာပြင်ကြီးပေါ်တွင် ရွှေဘီးကြီးတစ်ခုကို ကိုင်ဆောင်ထားသည့် ထူးခြားသောအရှိန်အဝါရှိသော ဝိဇ္ဇာယာနာဗုဒ္ဓလမ်းစဉ်ဘုန်းတော်ကြီး တစ်ပါး၏ပုံရိပ် ထွက်ပေါ်လာခဲ့၏။

( ဗုဒ္ဓဘာသာမှာ လမ်းစဉ်သုံးခုရှိပါတယ် ထေရဝါဒ၊မဟာယာနာ၊ဝိဇ္ဇာယာနာ/ ကျနော်လဲနောက်ဆုံးတစ်ခုရဲ့ နာမည်ကိုသေချာတော့မသိဘာဘူး။ ဒါကြောင့်မှားယွင်းသွားရင်တောင်ပန်ပါတယ်။)

"ဂုဏ်ယူပါတယ် လက်ခံသူ။ ဇာတ်ကောင် မွန်ဂိုမင်းဆက်ဆရာကို မဲဖောက်ရရှိပါတယ်။ သူ့မှာ ဆင်နဂါးသိုင်းကျင့်စဉ် ၊ ကြီးမြတ်သောဘီးငါးခုလှည့်ပတ်ခြင်း ၊ ယိုကာမန္တန် နဲ့ ဝိဇ္ဇာယာနာဗုဒ္ဓမုဒြာနည်းစနစ်ဆိုပြီး ကျင့်စဉ်လေးခု ပါဝင်ပါတယ်။"

"ဇာတ်ကောင် အဆင့်သတ်မှတ်ချက် - ကြယ် ၃.၅ ပွင့်။ ကျင့်စဉ်အဆင့်သတ်မှတ်ချက် ကြယ်နှစ်ပွင့်ခွဲကနေ ကြယ်လေးပွင့်အထိရှိပါတယ်။ လက်ခံသူက ကျပန်းတစ်ခုကိုရွေးချယ်နိုင်တယ်။ ဒါမှမဟုတ် သတ်မှတ်ကျင့်စဉ်တစ်ခုကို သတ်မှတ်ဖို့ ဗီလိန်အမှတ် ၃၂၀၀သုံးလို့ ရပါတယ်။"

"ကံကောင်းလိုက်တာ။"

ဆုရှင်းက ကြယ် ၃ ပွင့် သို့မဟုတ် အထက်ရှိသော ဇာတ်ကောင်ကို ပထမဆုံးအကြိမ်မဲဖောက်ရရှိခြင်းဖြစ်ပြီး ၎င်းမှာ တစ်ကျော့ပြန်သိမ်းငှက်သူရဲကောင်းဇာတ်လမ်းထဲမှ အကျော်ကြားဆုံး ဗီလိန်ဖြစ်လာလိမ့်မည်ဟု ဘယ်သောအခါမျှ မမျှော်လင့်ထားခဲ့ပေ။

သူ၏အထွတ်အထိပ်အချိန်တွင် မွန်ဂိုမင်းဆက်ဆရာက ကြီးမြတ်သောငါးယောက်ထဲမှ တစ်ဦးဖြစ်သည့် ဟွမ်ယောင်ရှစ် နှင့် ယှဉ်ပြိုင်နိုင်သော ပုဂ္ဂိုလ် တစ်ဦးဖြစ်ခဲ့၏။ သူ၏ကျင့်စဉ်များကို ကြည့်လိုက်ပါ။ သူ၏ကျင့်စဉ်လေးခုထဲမှ အားအနည်းဆုံးတစ်ခုပင်လျှင် ကြယ်နှစ်ပွင့်ခွဲအဆင့်တွင် ရှိနေသည်။

ဆုရှင်း အလိုချင်ဆုံးအရာမှာ ဝိဇ္ဇာနာဗုဒ္ဓလမ်းစဉ်၏ အမြင့်မြတ်ဆုံးခန္ဓာကိုယ်သန့်စင်ခြင်းလျှို့ဝှက်နည်းစနစ်အဖြစ် သတ်မှတ်ခံထားရသော ဆင်နဂါးသိုင်းကျင့်စဉ်ဖြစ်သည်။

ဆင်နဂါး သိုင်းကျင့်စဉ်တွင် အဆင့် ဆယ့်သုံးဆင့် ရှိပြီးအဆင့်တစ်ခုစီတွင် နဂါးတစ်ကောင်နှင့် ဆင်တစ်ကောင်၏စွမ်းအားရှိကြသည်။ ပြီးပြည့်စုံသော အဆင့် ဆယ့်သုံးတွင် နဂါးဆယ့်သုံးကောင်နှင့် ဆင်ဆယ့်သုံးကောင်၏စွမ်းအားရှိပေ၏။

သေချာသည်မှာ ၎င်းမှာအနည်းငယ် ချဲ့ကားထားခြင်းဖြစ်သည်၊ အစောပိုင်းအဆင့်တွင် ဆင်နဂါး သိုင်းကျင့်စဉ်က သေချာပေါက် ထိုမျှထိ စွမ်းအားမကြီးပေ။ သို့သော် ဤဆင်နဂါးသိုင်းကျင့်စဉ်ကို နောက်ပိုင်းအဆင့်ထိသို့ ကျင့်ကြံပြီးပါက ၎င်း၏စွမ်းအားမှာ အဆမတန်တိုးပွားလာပါလိမ့်မည်။

မွန်ဂိုမင်းဆက်ဆရာက ဆင်နဂါးသိုင်းကျင့်စဉ်ကို ကျွမ်းကျင်သောပါရမီရှင် တစ်ဦး ဖြစ်သည်။ အဆင့် တစ်ဆယ်သို့ ရောက်ရှိသွားသည်နှင့် ၎င်းက ယန်ကော်၏ ပီတိလက်ဝါး နှင့် နဂါးနိုင်လက်ဝါးဆယ့်ရှစ်ကွက်တို့နှင့် နှိုင်းယှဉ်နိုင်ပြီး သာမန်ရိုက်ချက်တစ်ချက်ကပင် ကြေးအချိန် တစ်ထောင်၏အားကို ပိုင်ဆိုင်ထားသည်။ အကယ်၍ အဆင့် ဆယ့်သုံးသို့ တကယ်ရောက်ရှိသွားပါက ၎င်းက ဒဏ္ဍာရီလာစွမ်းအားကို တကယ် ပိုင်ဆိုင်နိုင်ပေလိမ့်မည်။

"မဲဖောက်မှုကို ဆက်လုပ်ရအောင်။"

ဆုရှင်းတွင် ဗီလိန်အမှတ်အလုံအလောက် မရှိသဖြင့် ကံကိုသာအားကိုးရပါလိမ့်မည်။ မည်သို့ပင်ဆိုစေ ဆင်နဂါးသိုင်းကျင့်စဉ်ကို မရလျှင်ပင် အရှုံးမရှိပေ။

အခြားကျင့်စဉ်များထဲမှ အားအနည်းဆုံးမှာပင် ကြယ်နှစ်ပွင့်ခွဲအဆင့်တွင် ရှိနေခဲ့သည်။

"ဂုဏ်ယူပါတယ် လက်ခံသူ။ ဆင်နဂါးသိုင်းကျင့်စဉ်ကို အောင်မြင်စွာမဲဖောက်ရရှိပါတယ်။ အဆင့်သတ်မှတ်ချက် - ကြယ် လေးပွင့်။"

"တကယ်ကြီး ဆင်နဂါးသိုင်းကျင့်စဉ် ပဲ။"

ဆုရှင်း အလွန်ဝမ်းသာသွားခဲ့၏။ ကြယ်လေးပွင့် ကျင့်စဉ်က သူ၏ခွန်အားကို အဆမတန်တိုးတက်စေလာမည်မှာ သေချာပါသည်။

၅% ကျွမ်းကျင်မှုက ဆုရှင်း၏ရုပ်ပိုင်းဆိုင်ရာ ခွန်အားတွင် အပြောင်းအလဲအချို့ကိုချက်ချင်း ဖြစ်ပေါ်စေခဲ့ပြီး သူ၏ခွန်အားမှာ ရုတ်တရက် ကီလိုဂရမ်ဒါဇင်ပေါင်းများစွာ တိုးလာသကဲ့သို့ ဖြစ်သွား၏။

ပိုးသားဖြင့်ပြုလုပ်ထားသော စာအုပ်တစ်အုပ် ဆုရှင်း၏မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။ ၎င်းကို သက္ကတဘာသာဖြင့် ရေးသားထားခြင်းဖြစ်သော်လည်း စနစ်ကြောင့် ဆုရှင်းက စာသားကိုတိုက်ရိုက်ဖတ်နိုင်ခဲ့၏။

စနစ်ထဲတွင် ဆင်နဂါးသိုင်းကျင့်စဉ် တစ်ခုလုံးကို ဖတ်ပြီးနောက် ဆုရှင်း ခါးသီးစွာပြုံးလိုက်မိသည်။

*ဆင်နဂါးသိုင်းကျင့်စဉ်ကို ငါ အထင်သေးမိတာပဲ။ ဒါက တကယ်ကိုစွမ်းအားကြီးတဲ့ ကျင့်စဉ်တစ်ခု ဖြစ်ပေမဲ့ ငါ့ရဲ့စွမ်းရည်တွေကိုတိုးတက်စေမဲ့ အကျိုးသက်ရောက်မှုက ငါထင်ထားတာထက် အများကြီး လျော့နည်းနေတယ်။*

ဆင်နဂါးသိုင်းကျင့်စဉ်ကို ကျင့်ကြံရာတွင် တဖြည်းဖြည်းချင်း လုပ်ဆောင်ရမည့် လုပ်ငန်းစဉ် တစ်ခုလိုအပ်ပြီးဖြတ်လမ်းများမရှိချေ။ အကယ်၍ တစ်စုံတစ်ယောက်က အသက်ရှည်ရှည်နေရပါက နောက်ဆုံးတွင် နဂါးဆယ့်သုံးကောင်နှင့် ဆင်ဆယ့်သုံးကောင်၏စွမ်းအားကို ပိုင်ဆိုင်ထားသော အဆင့်ဆယ့်သုံးသို့ ရောက်ရှိပါလိမ့်မည်။

သို့သော် လူ့သက်တမ်းမှာ အကန့်အသတ်ရှိသည်။ ဝိဇ္ဇာယာနာဗုဒ္ဓလမ်းစဉ်မှ ဘုန်းကြီးများက သူတို့၏အသက် မကုန်ဆုံးမီ အဆင့် ခုနစ် သို့မဟုတ် ရှစ်သို့သာ သီသီလေးရောက်ရှိနိုင်ခဲ့ကြ၏။ ဝိဇ္ဇာယာနာဗုဒ္ဓလမ်းစဉ် တစ်ခုလုံးတွင် ထူးခြားသော ပါရမီရှင်ဖြစ်သည့် မွန်ဂိုမင်းဆက်ဆရာ တစ်ဦးတည်းသာ အဆင့် တစ်ဆယ်သို့ ရောက်ရှိခဲ့သည်။

ဆင်နဂါးပညာကျင့်စဉ်၏ခြားနားမှုမျဉ်းမှာလည်း အဆင့် တစ်ဆယ်တွင် တိတိကျကျရှိနေခဲ့၏။ နောက်ဆုံးသုံးဆင့်တွင်သာ ဆင်နဂါးသိုင်းကျင့်စဉ်၏စွမ်းအားမှာ သိသိသာသာတိုးလာမည် ဖြစ်သည်။ ပထမ ဆယ်ဆင့်ရှိ ဆင်နဂါးသိုင်းကျင့်စဉ်၏ အလုံးစုံအဆင့်သတ်မှတ်ချက်မှာ ကြယ်သုံးပွင့်ကျင့်စဉ် နှင့် အတူတူလောက်သာရှိလိမ့်မည်။

သို့သော် ဤအားနည်းချက်များကို ဆုရှင်း ကျော်လွှားနိုင်ပါသည်။

မူရင်းဝတ္ထုဖြစ်သော သိမ်းငှက်သူရဲကောင်း ဇာတ်လမ်းက အလယ်အလတ်အဆင့် သိုင်းပညာ ကမ္ဘာတစ်ခုဖြစ်သည်။ ကြီးမြတ်သောငါးယောက် အဆင့်အထိ ကျင့်ကြံထားသူတစ်ဦးပင်လျှင် သက်တမ်း အနှစ် ၁၀၀ ခန့်သာ အကန့်အသတ် ဖြစ်နေ၏။

ထို့ကြောင့် ထူးခြားသောပါရမီဖြင့် အဆင့် တစ်ဆယ်သို့ ကျင့်ကြံခဲ့သော မွန်ဂိုမင်းဆက်ဆရာမှလွဲ၍ ဝရဇီယာနာဗုဒ္ဓလမ်းစဉ်တွင် မည်သူကမျှ ဆင်နဂါးသိုင်းကျင့်စဉ်ကို အဆင့် တစ်ဆယ် သို့မဟုတ် ထိုထက်ပို၍မကျင့်ကြံနိုင်ခဲ့ကြပေ။

သို့သော် ယခု ဆုရှင်းရောက်ရှိနေသော ကမ္ဘာမှာ လွန်စွာကွာခြားပါသည်။

သူသိထားသလောက် ရှန်းထျန်းသိုင်းပညာရှင် တစ်ဦးက ကြွယ်ဝသော သွေးချီများကြောင့် အသက် တစ်ရာကျော်အထိ အသက်ရှင်ရန်မှာမခဲယင်းပေ။

ရှန်းထျန်း၏အထက်တွင် ဆရာသခင်အဆင့်ဟု လူသိများသော အဆင့်ရှိပါသည်။ သူတို့၏ရှေးဦးဝိညာဉ်အဆင့်များမှာ ရှန်းထျန်းထက်များစွာ ပိုမို စွမ်းအားကြီးမားပြီး သူတို့၏သက်တမ်းကလည်း နှစ်ရာကျော်ရှိခြင်းက အထူးအဆန်းမဟုတ်ချေ။

ထို့အပြင် လင်းယုန်သူရဲကောင်းဇာတ်လမ်း ကမ္ဘာတွင် ဆင်နဂါးသိုင်းကျင့်စဉ်ကို အတွင်းအားများ စုဆောင်းခြင်းဖြင့်သာ တဖြည်းဖြည်းကျင့်ကြံနိုင်သော်လည်း ဤနေရာတွင် ဆေးလုံးအမျိုးမျိုး ရှိနေ၏။

အလွန်ပြင်းထန်သော ဆေးလုံးများကို မသောက်ဘဲ ကျင့်ကြံမှုတွင် အထောက်အကူပြုရုံသာအကျိုးသက်ရောက်မှုရှိသော အလယ်အလတ်နှင့် သိမ်မွေ့သောဆေးလုံးများကိုသာ အသုံးပြုသရွေ့ ချီသွေဖယ်မှုအန္တရာယ်ကို စိုးရိမ်စရာမလိုပေ။

ဆင်နဂါးသိုင်းကျင့်စဉ်ကို ရုပ်သိမ်းပြီးနောက် ဆုရှင်းက စနစ်နေရာလွတ်မှ ထွက်ခွာလာပြီး သူ၏ခန္ဓာကိုယ်ကိုသန့်စင်ရန် ဆင်နဂါးသိုင်းကျင့်စဉ် အရအတွင်းအားများကို စတင် လည်ပတ်စေလိုက်၏။

ဤကျင့်စဉ်က အခြေခံအားဖြင့် ခန္ဓာကိုယ်သန့်စင်ခြင်းကျင့်စဉ်ဖြစ်ပြီး အတွင်းအားတိုးတက်မှုအတွက် အကျိုးကျေးဇူးနည်းပါးသော်လည်း ဟောက်ထျန်းအဆင့်တွင် ဆင်နဂါးသိုင်းကျင့်စဉ်က အခြား အတွင်းအားများ၏လည်ပတ်မှုကို အရှိန်မြှင့်ပေးနိုင်ပြီး ပိုမိုလျင်မြန်စွာအဆင့်ကျော်ဖြတ်နိုင်စေသည်။

ခန္ဓာကိုယ်သန့်စင်ခြင်းက ခန္ဓာကိုယ်အတွင်း မူလချီ၏လည်ပတ်မှုကို လှုံ့ဆော်ရန်၊ သွေးချီကိုသန်မာစေရန်နှင့် သွေးကြောအမှတ်များကို တစ်ခုပြီးတစ်ခုဖွင့်ရန် အတွင်းအားကို အသုံးပြုရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်၏။

ဆင်နဂါးသိုင်းကျင့်စဉ် ကဲ့သို့သော ခန္ဓာကိုယ် သန့်စင်ခြင်းကျင့်စဉ်က ခန္ဓာကိုယ်အတွက် သွေးချီကို သန့်စင်ပေးရာတွင် အလွန်စွမ်းအားကြီးမားပြီး သွေးကြောအမှတ်များကို ဖွင့်လစ်ရန် အတားအဆီးများကို အလွန်သေးငယ်သွားစေသည်။

ဆုရှင်းက သွေးကြောအမှတ် ခုနစ်ဆယ့်နှစ်ခုကို ဖွင့်လစ်ပြီးဖြစ်သော်လည်း တစ်ရက်အတွင်း ဆေးလုံး၏အကူအညီနှင့် ဆင်နဂါးသိုင်းကျင့်စဉ် မှ ယူဆောင်လာသော စွမ်းအားကြီးမားသည့် သွေးချီတို့ကြောင့် နောက်ထပ်သွေးကြောအမှတ် ရှစ်ခုကို ထပ်မံဖွင့်လစ်နိုင်ခဲ့၏။

ဆုရှင်း၏ဆင်နဂါးသိုင်းကျင့်စဉ်က ယခုအခါ ကျွမ်းကျင်မှု ၅% သာရှိသေးပြီး ပထမအဆင့်သို့ပင် မရောက်သေးပေ။ ဆုရှင်းက သူဆင်နဂါးသိုင်းကျင့်စဉ်ကို ကျွမ်းကျင်အောင်ကြိုးစားနေဆဲ ဖြစ်သည်ဟု ခန့်မှန်းမိသည်။

ပထမ အဆင့်သို့ ကျော်ဖြတ်ပြီးနောက် သူ ဟောက်ထျန်းအထွတ်အထိပ်သို့ တက်လှမ်းရန်ကြိုးစားနိုင်ပြီဖြစ်၏။

ဆုရှင်းက ဆင်နဂါးသိုင်းကျင့်စဉ်ကို ရရှိခဲ့သဖြင့် သူ၏ခွန်အားကိုများစွာ တိုးတက်စေခဲ့သည်။ သို့သော် အခြားသူတစ်ဦးကမူ အသက်ကြီးလာပြီး သူ့ခွန်အားများတစ်ဆင့်ပြီးတစ်ဆင့် ကျဆင်းလာနေသည်ဟု ခံစားနေရ၏။ ထိုသူမှာ ရှားဖေးယင်း ပင်။

ရှားဖေးယင်းမှာ အသက် ခုနစ်ဆယ်ကျော်နေပြီ ဖြစ်သည်။ ဟောက်ထျန်းအထွတ်အထိပ်၏ ခွန်အားရှိလျှင်ပင် သူ၏ရုပ်ပိုင်းဆိုင်ရာခွန်အားများ ကျဆင်းလာသည်ကို စတင် ခံစားလာရ၏။

သူ၏ခန္ဓာကိုယ်ရှိ သွေးကြောအမှတ် ၁၀၈ ခုအနက် သွေးကြောအမှတ် ၁၀၀ ၏စွမ်းအားကို အသုံးချနိုင်ပါက ၎င်းမှာ သူအကောင်းဆုံးလုပ်ဆောင်နိုင်နေပြီဖြစ်သည်။

ထို့ကြောင့် ရှားဖေးယင်းက ပြင်းထန်သည့်အကျပ်အတည်းကို ခံစားနေရသည်။

သူက အသက်ကြီးမှ သားရခဲ့သော်လည်း လင်းယုန်ပျံဂိုဏ်းကို ရှားယွမ်တုန်းထံသို့ လုံးဝလွှဲပြောင်းပေးရတော့မည်။ ထို့အတူ မိုးပြာဝါးဂိုဏ်း၏ ဝေ့ဖုန်းကဲ့သို့ သူ့သား ရုပ်သေးရုပ်ဖြစ်သွားမည်ကို လုံးဝ ခွင့်မပြုနိုင်ပေ။

"ယွမ်တုန်းသာ အဲဒီကောင်လေး ဆုရှင်းရဲ့ပါးနပ်မှု တစ်ဝက်လောက် ရှိရင်။ ငါစိတ်ပူစရာမလိုဘဲ လွှတ်ထားလို့ ရပြီ" ရှားဖေးယင်းက သက်ပြင်းချလိုက်သည်။

သူ၏တောင်းဆိုချက်များမှာ နိမ့်ကျပါသည်။ ရှားယွမ်တုန်းတွင် ဆုရှင်းကဲ့သို့ တူညီသောခွန်အားရှိရန် သူ မမျှော်လင့်ထားပေ။ လင်းယုန်ပျံဂိုဏ်းတွင် ရှားဖေးယင်းတည်ဆောက်ထားသော ဂုဏ်သတင်းနှင့်အတူ သူက ဆုရှင်း၏ပါးနပ်မှု တစ်ဝက်ခန့် ရှိနေသရွေ့ ရှားယွမ်တုန်းကို သူ၏လက်အောက်ငယ်သားများနှင့် ခေါင်းဆောင်ကြီးများက ဘေးဖယ်ထားမည်ကို သူမစိုးရိမ်ပေ။

သို့သော် ရှားယွမ်တုန်းမှာ ဆုရှင်းမဟုတ်သလို သူက ယခုလင်းယုန်ပျံဂိုဏ်းကို သေချာပေါက် မတာဝန်မယူနိုင်သေးပေ။

လင်းယုန်ပျံဂိုဏ်းက သူ၏ထိန်းချုပ်မှုအောက်မှ တဖြည်းဖြည်းလွတ်ထွက်လာနေကြောင်း ရှားဖေးယင်း ယခု ခံစားနေရ၏။

လင်းဖူဟူမှလွဲ၍ အခြားခန်းမသခင် သုံးဦးတွင် ကိုယ်ပိုင် အစီအစဉ်များရှိကြသည်။ လင်းဖူဟူပင်လျှင် တစ်ဖက်လူက သူ၏ဘက်တွင် လုံးဝရှိနေမည်ဟု အာမမခံနိုင်ပေ။

အခြားခန်းမသခင် သုံးဦးဖြစ်သော ကျွမ်းလီ၊ တုန်းချန်ဝူ နှင့် ဆုရှင်းတို့က ရက်အနည်းငယ်အတွင်းမှာပင် ဂိုဏ်းဝင်များစွာကိုသိမ်းသွင်းနိုင်ခဲ့ကြရာ ၎င်းတို့အားလုံးက ရှားဖေးယင်းကို အလွန်သတိထားလာစေခဲ့၏။

ထို့အပြင် ထိပ်တန်း ခေါင်းဆောင်များထဲတွင်သေဆုံးသွားသော ဟိုထုံနှင့် အနားယူသွားသော တတိယသခင်ကြီးဟူတို့ကို ဖယ်ထုတ်လိုက်ပါက ဆယ့်သုံးဦးရှိသေးသည်။

ဤခေါင်းဆောင်ကြီး ဆယ့်သုံးဦးတွင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်များလွန်းလှ၏။ သူတို့ တစ်ဦးစီတွင် ကိုယ်ပိုင်နယ်မြေနှင့် လူအင်အားရှိကြသည်။

သူတို့၏လက်အောက်ငယ်သား အချို့က သူတို့ ခေါင်းဆောင်ကြီးကိုသာ အသိအမှတ်ပြုကြပြီး ရှားဖေးယင်းကို ဂိုဏ်းချုပ်အဖြစ်ပင် အသိအမှတ် မပြုကြတော့ပေ။

ဆုရှင်း၏အမာခံ အဖွဲ့ကဲ့သို့ပင် ဆုရှင်းက ရှားဖေးယင်းကို ဆန့်ကျင်ရန် ယခုဆုံးဖြတ်လိုက်ပါက ဤလူများက သေချာပေါက် သူ့ဘက်မှ ရပ်တည်ကြမည်ဖြစ်ပြီး ၎င်းမှာ အလွန်အန္တရာယ်များလှပေသည်။

ထိုစဉ်က ဤခေါင်းဆောင်ကြီးများကို အာဏာ များစွာပေးခဲ့မိသည်ကိုသာ သူနောင်တရနေ၏။

လင်းယုန်ပျံဂိုဏ်းကို စတင်တည်ထောင်စဉ်က ရှားဖေးယင်းက သူ့အတွက် ခြိမ်းခြောက်မှုဖြစ်လာနိုင်သော အဓိကဂိုဏ်းဝင်များကို ရက်စက်စွာ ရှင်းလင်းခဲ့သည်။

ကျန်ရှိနေသော အဖွဲ့ဝင်များကို နှစ်သိမ့်ရန် သူတို့၏စိတ်ကို အေးချမ်းစေရန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်များစွာပေးခဲ့သည်။ မမျှော်လင့်ဘဲ ၎င်းက သူတို့ကိုဖယ်ရှားရန် ခက်ခဲလောက်အောင် အာဏာကြီးမားလာစေခဲ့ပြီး သူတို့၏လက်အောက်ရှိ ခေါင်းဆောင်ကြီးများ၏ပေါင်းစုသြဇာလွှမ်းမိုးမှုမှာ ဂိုဏ်းချုပ်ဖြစ်သော သူ့ထက်ပင် ပိုမို ကြီးမားလာခဲ့၏။

"မင်းတို့ လက်ထဲမှာကိုင်ထားတဲ့ အခွင့်အရေးတွေကို ငါ ပေးခဲ့တာ၊ အခုလည်း အဲဒါတွေက ငါ့အပိုင်ပဲ။"

ရှားဖေးယင်း၏မျက်နှာတွင် အေးစက်သော အရိပ်အယောင် တစ်ခု ပေါ်လာခဲ့၏။ တုံ့ဆိုင်းနေခြင်းကပြဿနာများကို ပိုမိုဖြစ်ပေါ်စေလိမ့်မည်။ သူထံသြဇာနှင့် ခွန်အားများရှိနေဆဲဖြစ်သဖြင့် ဂိုဏ်းအတွင်းရှိ အာဏာအားလုံးကို တိုက်ရိုက် ပြန်လည်သိမ်းယူရန် သူဆုံးဖြတ်လိုက်သည်။

သူ့ကို ဆန့်ကျင်ရဲသူမည်သူ့ကိုမဆို သတ်ပစ်မည်။

မည်သို့ပင်ဖြစ်စေ လွန်ခဲ့သည့်ဆယ်နှစ်ကျော်က လူတစ်စုကို သူသတ်ခဲ့ပြီးဖြစ်ရာ ယခုနောက်ထပ် တစ်စုကို သတ်ရမည်ကို သူဝန်လေးမှာ မဟုတ်ပေ။

ဤသို့လုပ်ဆောင်ခြင်းက လင်းယုန်ပျံဂိုဏ်း၏ အင်အားအပေါ် သက်ရောက်မှုရှိမရှိအား သူ ဂရုမစိုက်နိုင်တော့ချေ။ သူနှင့် ရှားယွမ်တုန်း၏ထိန်းချုပ်မှုအောက်ရှိ လင်းယုန်ပျံဂိုဏ်းသာလျှင် စစ်မှန်သောလင်းယုန်ပျံဂိုဏ်းဖြစ်သည်။

နောက်တစ်နေ့တွင် ဆုရှင်းက ပင်မဌာနချုပ်မှ စာတစ်စောင်လက်ခံရရှိခဲ့ပြီး ခန်းမသခင်များနှင့် ခေါင်းဆောင်ကြီးများအားလုံး အစည်းအဝေးအတွက် ပင်မခန်းမသို့ သွားရမည်ဟုဆိုထား၏။

ဟွမ်ပင်းချန်က အံ့အားသင့်စွာခေါင်းကုတ်လိုက်သည်။ "မကြာသေးခင်က ဘာကိစ္စကြီးမှ မဖြစ်ခဲ့ပါဘူး။ ဘာတွေ ဆွေးနွေးကြမလို့လဲ။"

"အဲဒီရောက်မှ မင်းသိလိမ့်မယ်။"

ဤတစ်ကြိမ် ရှားဖေးယင်းက မည်သို့သောပြဿနာမျိုးဖန်တီးမည်နည်းဆိုတာ သူမခန့်မှန်းနိုင်သော်လည်း လာမည်ဘေးကို ပြေးတွေ့သင့်သည်ဟုသူတွေးလိုက်၏။

ဆုရှင်းက လီဟွိုင်၊ ဟွမ်ပင်းချန်တို့နှင့် အတူ ပင်မခန်းမသို့ ရောက်ရှိလာသောအခါ အခြား ခေါင်းဆောင်ကြီးများ အများစုရောက်ရှိနေကြလေပြီ။ လူတိုင်းက ဆုရှင်းကိုယဉ်ကျေးစွာ နှုတ်ဆက်ကြပြီး သူတို့၏စကားများမှာ နွေးထွေးမှုများဖြင့် ပြည့်နှက်နေသည်။

ဆုရှင်းက ဤကာလအတွင်း သူတို့ကိုများစွာကူညီပေးခဲ့ပါသည်။ တစ်ဖက်တွင် သူတို့က ဆုရှင်းကို ကျေးဇူးတင်နေကြပြီး အခြားတစ်ဖက်တွင်လည်း ဆုရှင်း၏စွမ်းဆောင်ရည်များကို မြင်တွေ့ခဲ့ရ၏။ ယခု သူတို့က ဆုရှင်းကို အလွန်လေးစားနေကြပြီ ဖြစ်သည်။

လျိုရှန်းမင်က အနားသို့ကပ်ကာ မေးလိုက်၏။ "ခေါင်းဆောင်ဆု။ မကြာသေးခင်က ဂိုဏ်းမှာ ကြီးမားတဲ့ ကိစ္စတစ်ခုခုဖြစ်ခဲ့လို့လား။ ဂိုဏ်းချုပ်က ငါတို့ကို အစည်းအဝေးဘာလို့ထပ်ခေါ်ရပြန်တာလဲ။"

ခေါင်းဆောင်ကြီး အချို့က ဆုရှင်းကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်လိုက်ကြ၏။ မကြာသေးမီက လင်းယုန်ပျံဂိုဏ်း၏အစည်းအဝေးများအားလုံးမှာ ဆုရှင်းကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဆုရှင်း ခေါင်းယမ်းလိုက်ပြီး ပြောလိုက်၏။ "ကျွန်တော်လည်း မသိဘူး။ တခြားခန်းမသခင် သုံးယောက်နဲ့ ဂိုဏ်းချုပ်ရောက်လာရင် ကျွန်တော်တို့ သိရမှာပါ။"

ခဏအကြာတွင် တုန်းချန်ဝူနှင့် အခြား နှစ်ဦးက တံခါးကိုတွန်းဖွင့်ကာ ဝင်လာသော်လည်း ဂိုဏ်းချုပ်၏အရိပ်အယောင်ကို မတွေ့ရသေးသဖြင့် လူတိုင်း အံ့အားသင့်သွားကြသည်။

ယခင်က ဂိုဏ်းအစည်းအဝေးများကို ဂိုဏ်းချုပ်က ခန်းမသခင်သုံးဦးနှင့် ကြိုတင် စီစဉ်လေ့ရှိပြီး သူတို့ အတူတူဝင်လာလေ့ရှိသည်။ ယခုအဘယ်ကြောင့် သူ့တို့က ခန်းမသခင်များကိုသာမြင်ရပြီး ဂိုဏ်းချုပ်ကို မတွေ့ရသနည်း။

တကယ်တမ်းတွင် တုန်းချန်ဝူနှင့် အခြားနှစ်ဦးလည်းလွန်စွာဇဝေဇဝါ ဖြစ်နေကြ၏။

ဤဂိုဏ်းအစည်းအဝေးမှာ အလွန်ရုတ်တရက်ဆန်လွန်းလှသည်။ ဂိုဏ်းချုပ်က သူတို့ကို ဘာမှကြိုတင်မပြောခဲ့ဘဲ အစည်းအဝေးလာရန်သာ အကြောင်းကြားခဲ့သည်။

သုံးဦးထဲတွင် အရိုးသားပွင့်လင်းဆိုးသော လင်းဖူဟူပင်လျှင် တစ်ခုခုမှားနေသည်ကို ခံစားနေရ၏။

All Chapters