← Chapters

အခန်း (၆၆)

Vol. 7 Ch. 66

အခန်း (၆၆)

Vol. 7 Ch. 66

အခန်း (၆၆) အဆောက်အအုံကြီး ပြိုကျသွားခြင်း

ညဉ့်နက်ချိန်တွင် အလွန်ပြင်းထန်သောမီးတောက်တစ်ခု ကောင်းကင်ယံသို့ထိုးတက်သွားပြီး ပတ်ဝန်းကျင်ကို မီးရောင်များဖြင့် လင်းထိန်သွားစေ၏။

ရှားယွမ်တုန်းက သူ၏ဂိုဏ်းဝင်များ လာလှုပ်နှိုးသဖြင့် နိုးလာခဲ့သည်။ သူဒေါသထွက်တော့မည့် အချိန်မှာပင် သူတို့က ထိတ်လန့်တကြားအော်ဟစ်နေသည်ကို ကြားလိုက်ရ၏။ "ခေါင်းဆောင် ပြေး မီးလောင်နေပြီ။"

ရှားယွမ်တုန်း အံ့အားသင့်သွားပြီး ချက်ချင်းအော်လိုက်သည်။ "လူတွေ ဘယ်မှာလဲ။ အကုန်လုံး လာပြီးမီးငြိမ်းကြစမ်း"

သူက အော်ဟစ်ရင်းအဝတ်အစားများကို ကောက်စွပ်ကာအပြင်သို့ ပြေးထွက်သွားလာခဲ့သည်။

သူ့ဂိုဏ်းဝင်များ၏အကူအညီဖြင့် အပြင်သို့ပြေးထွက်လာပြီးနောက် သူ၏ရှေ့ရှိ မြင်ကွင်းက သူ့ကို အံ့အားသင့်သွားစေခဲ့၏။

အမှောင်ထုထဲတွင် မီးရောင်ဖြင့်လင်းထိန်နေသော မရေမတွက်နိုင်အောင်များပြားလှသည့် မိုးပြာဝါးဂိုဏ်းအဖွဲ့ဝင်လူအုပ်ကြီးက လက်နက်များကို ကိုင်ဆောင်ကာ သူတို့ထံသို့ပြေးဝင်လာကြပြီး ဌာနပတ်လည်တွင် မီးငြိမ်းသတ်နေဆဲဖြစ်သော ဂိုဏ်းဝင်များကိုချေမှုန်းကာ သူတို့ကိုလုံးဝကူကယ်ရာမဲ့ ဖြစ်သွားစေခဲ့သည်။

ရုတ်တရက်မီးလောင်မှုကြောင့် သူတို့အံ့အားသင့်နေကြပြီဖြစ်ရာ သူတို့၏ပထမဆုံးတုံ့ပြန်မှုမှာ ၎င်းကို ငြိမ်းသတ်ရန်ဖြစ်၏။ မိုးပြာဝါးဂိုဏ်း ရုတ်တရက်ပေါ်လာမည်ဟု သူတို့မမျှော်လင့်ထားခဲ့ကြပေ။

သူတို့ထဲမှ အများစုမှာ လက်နက်မရှိသည်ကို မဆိုထားနှင့် အဝတ်အစားပင်ကောင်းကောင်းမဝတ်ဆင်ထားကြပေ။

ရှားယွမ်တုန်း၏ခေါင်းထဲတွင် ဆူညံပွက်နေတော့သည်။ သူက မာနထောင်လွှားသော်လည်း မရူးမိုက်မဲပေ။

ဤမီးလောင်မှုက မိုးပြာဝါးဂိုဏ်းနှင့် သေချာပေါက် ပတ်သက်နေကြောင်း အရူးပင်သိနိုင်၏။

"ရွှီချန်ဘယ်မှာလဲ သူ ဘယ်မှာလဲ။ မိုးပြာဝါးဂိုဏ်းကိုတိုက်ထုတ်ဖို့ သူ့ကို လူတွေနဲ့ မြန်မြန် လွှတ်လိုက်။"

ဖရိုဖရဲဖြစ်နေသည့်ကြားတွင် ရှားယွမ်တုန်း စဉ်းစားမိသောတစ်ဦးတည်းသော သူမှာ ရွှီချန် ဖြစ်သည်။ မည်သို့ပင်ဆိုစေ ၎င်းက ယခင်က ခေါင်းဆောင်ကြီးတစ်ဦး ဖြစ်ခဲ့ပြီး ဂိုဏ်းစစ်ပွဲများတွင် အတွေ့အကြုံ ရှိခဲ့၏။

သို့သော် ဂိုဏ်းဝင်တစ်ဦး၏ မှတ်ချက်က ရှားယွမ်တုန်းကို ရေခဲဂူထဲသို့ကျသွားသကဲ့သို့ ခံစားသွားရစေသည်။

"လူငယ်ခေါင်းဆောင်ငယ် ခေါင်းဆောင်ချန်က ပြေးသွားပြီ ကျွန်တော်တို့လည်းပြေးကြရအောင်။"

ရှားယွမ်တုန်း၏မျက်နှာမှာ အိုးမည်းသုတ်ထားသကဲ့သို့ ချက်ချင်းမည်းမှောင်သွားပြီး ကျယ်လောင်စွာ ကျိန်ဆဲတော့သည်။ "ဒီအဘိုးကြီး ရွှီချန် ပြဿနာတစ်ခုခုဖြစ်ရင် သူက အရင်ဆုံး ထွက်ပြေးတာပဲ။ ငါ ပြန်ရောက်ရင် သူ့ကိုဒီအတိုင်း မလွတ်ထားဘူး။"

ကျိန်ဆဲပြီးနောက် ရှားယွမ်တုန်းက သူ၏လူများကို သူ့နောက်သို့လိုက်စေကာ အပြင်သို့ထွက်ပြေးရန် ချက်ချင်း အမိန့်ပေးလိုက်သည်။ သာမန် ဂိုဏ်းဝင်များ၏အသက်ကို သူ ဂရုမစိုက်ခဲ့ပေ။

ရှားဖေးယင်းမှ ရှားယွမ်တုန်းထံ လွှဲပြောင်းပေးခဲ့သော တိုက်ရိုက်နောက်လိုက်များက လူကောင်းများမဟုတ်ကြသော်လည်း သူတို့၏စွမ်းရည်များမှာမူ အတော်လေးယုံကြည်စိတ်ချရဆဲပင်။

သူတို့အားလုံးက သိုင်းပညာများကို နှစ်အနည်းငယ်ကြာလေ့ကျင့်ခဲ့ကြပြီး အတွင်းအားကျင့်ကြံခြင်းများနှင့်အတူ မူလချီအနည်းငယ်ကို စုဆောင်းနိုင်ခဲ့ကြသည်။

သူတို့ အားလုံးက အသက်စွန့်ကာ တိုက်ခိုက်ခဲ့ကြသဖြင့် ရှားယွမ်တုန်းကို မိုးပြာဝါးဂိုဏ်း၏ဝိုင်းရံမှုမှ ဘေးကင်းစွာ ခေါ်ဆောင်သွားနိုင်ခဲ့သည်။

ယုံလဲ့ရပ်ကွက်ရှိ တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ဆုရှင်းက မည်သည့်သတင်းပို့မှုမျှမလိုဘဲ ဆူညံသံများကို ကြားတွေ့နိုင်ပါသည်။

ဆုရှင်း အဝတ်အစားဝတ်ပြီး အပြင်သို့ ထွက်လာချိန်တွင် ဟွမ်ပင်းချန်က စိတ်လှုပ်ရှားစွာဖြင့် အပြေးအလွှားရောက်လာပြီး ပြောလိုက်၏။ "ခေါင်းဆောင် အဲဒီရှားယွမ်တုန်းက တကယ်ကို ပြဿနာ ဖန်တီးလိုက်တာပဲ။"

"အလျင်မလိုပါနဲ့ ဖြည်းဖြည်း ပြောပါ။ ငါတို့ဘက်က မီးလောင်နေတာမဟုတ်ဘူး။ ငါတို့မှာ အချိန်အများကြီး ရှိပါတယ်။"

ဟွမ်ပင်းချန်က ရယ်မောလိုက်ပြီး ဇာတ်လမ်းတစ်ခုလုံးကို ဆုရှင်းအား ပြောပြလေသည်။

ယုံလဲ့ရပ်ကွက်တွင် သူလာဘ်ထိုးထားသော လူနှစ်ဦးမှာ အလုပ်ကို တကယ် ကောင်းကောင်းလုပ်ခဲ့ကြ။ သူဌေးဖန်း၏လူများထံမှ ဇာတ်လမ်း အပြည့်အစုံနှင့် အစီအစဉ်ကို သူတို့အမှန်တကယ်ပင် သိရှိခဲ့ကြသည်။

အဖြစ်အပျက်ဖြစ်ပွားလာသည်နှင့် သူတို့ကလည်းချက်ချင်းထွက်ပြေးလာပြီးအရာအားလုံးကို ဟွမ်ပင်းချန်အား ပြောပြခဲ့ကြ၏။

ဤသည်ကိုကြားပြီးနောက် ဆုရှင်းလည်း အံ့အားသင့်သွားပါသည်။ ထိုစီးပွားရေးသမားများက ဤမျှထိပါးနပ်ပြီး မိုးပြာဝါးဂိုဏ်းကို အမှန်တကယ်ခေါ်ဆောင်လာလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

ဆုရှင်း၏မူလအစီအစဉ်အရဖြစ်နိုင်ခြေ အများဆုံး ရလဒ်မှာ ဤသူများက အစိုးရနှင့်ပူးပေါင်းကာ ဖိအားပေးကြလိမ့်မည်ဟူ၍သာဖြစ်သည်။

ကြီးမားသော စီးပွားရေးသမားရာနှင့်ချီကာ ပိုင်ဆိုင်မှုသန်းဆယ်ဂဏန်းကျော်ရှိသဖြင့် အစိုးရပင်လျှင် သူတို့ကိုအလွယ်တကူလျစ်လျူရှုမည် မဟုတ်ပေ။

ယခု ဤစီးပွားရေးသမားများက ဂိုဏ်းများကြား ပဋိပက္ခတွင် ပါဝင်ပတ်သက်ရန်ရဲဝံ့နေကြလေပြီ။ အကယ်၍ တစ်ခုခုမှားယွင်းသွားပါက သူတို့၏အသက်ကိုပင် ဆုံးရှုံးရနိုင်ချေရှိ၏။

သို့သော် ရှားယွမ်တုန်းကြောင့် သူတို့က အစွန်းရောက်အထိတွန်းပို့ခံရသည်မှာ ရှင်းလင်းနေသဖြင့် ဤသို့ပြုလုပ်ရန် ရဲဝံ့ခဲ့ကြခြင်းဖြစ်သည်။ ထိုသို့မဟုတ်ပါက လျှို့ဝှက်စွာကောက်ကျစ်သောလှည့်ကွက်များကိုသာ လုပ်ရဲသော ဤစီးပွားရေးသမားများက ဤမျှကြီးမားသော အရာတစ်ခုကို လုပ်ရဲမည် မဟုတ်ပေ။

"ခေါင်းဆောင် အခု ငါတို့ဘာလုပ်ကြမလဲ။" ဟွမ်ပင်းချန်က မေးလိုက်၏။

ဆုရှင်း၏နှုတ်ခမ်းများတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။ "သေချာတာပေါ့ ငါတို့စောင့်ကြည့်နေရုံပဲ။ အခုက ငါတို့ဝင်ပါပြီးကယ်တင်ရှင်တွေလို လုပ်ရမယ့်အချိန်မဟုတ်ဘူး။ ဒါတွေ အကုန်ပြီးသွားပြီး ယုံလဲ့ရပ်ကွက်လုံးဝဆုံးရှုံးသွားမှသာ ငါတို့ပြန်သွားပြီးပြဿနာတွေကိုဖြေရှင်းဖို့ အချိန်ရောက်လာလိမ့်မယ်။"

တစ်လအတွင်း ရှားဖေးယင်းက ဂိုဏ်းတွင်းရှိ အာဏာအားလုံးကို စုစည်းနိုင်ခဲ့သည်။

ကုန်သွယ်ရေးမြို့တစ်ခုလုံးနှင့် ပညာပေးခန်းမကို ရှားယွမ်တုန်းထံလွှဲပြောင်းပေးခဲ့ပြီး သူ့အတွက် မြင့်မားသောအဆောက်အအုံကြီးတစ်ခုကို တည်ဆောက်ပေးခဲ့သော်လည်း ရလဒ်က ဘာဖြစ်သွားခဲ့သနည်း။

တစ်လအတွင်းမှာပင် အဆောက်အအုံကြီးမှာ ပြိုလဲကာလုံးဝပြိုကျသွားတော့သည်။

ရှားယွမ်တုန်းက ဆုရှင်းတွေးထားသည်ထက် ပို၍ ကောင်းမွန်သော အလုပ်ကိုလုပ်ခဲ့၏။ ဤကဲ့သို့ ကြီးမားသောအဖြစ်အပျက်မျိုးကို အခြား ခေါင်းဆောင်ကြီးများသည်းခံနိုင်မည် မဟုတ်သလို တုန်းချန်ဝူနှင့် အခြား နှစ်ဦးလည်း သည်းခံနိုင်မည် မဟုတ်ပေ။

ပြီးခဲ့သည့် အကြိမ်က ရှားဖေးယင်း၏အတိတ်က အာဏာကြောင့်နှင့် ဆုရှင်းက ရှေ့ထွက်ရန်ငြင်းဆိုခဲ့ခြင်းကြောင့် သူတို့၏အခွင့်အရေးများကို စွန့်လွှတ်ခဲ့ကြ၏။ ဤတစ်ကြိမ်တွင် ဆုရှင်းရှေ့မထွက်လျှင်ပင် သူတို့အတွက် အခွင့်အရေးများပြန်လည်ရယူရန် ရှေ့ထွက်ခြင်းမှ သူတို့ရှောင်လွှဲနိုင်မည် မဟုတ်ပေ။

ရှားယွမ်တုန်းက ယုံလဲ့ရပ်ကွက်ကို တစ်လအတွင်း ဆုံးရှုံးသွားခဲ့သည်။ လင်းယုန်ပျံဂိုဏ်းကို အနာဂတ်တွင် ရှားယွမ်တုန်းထံ တကယ်လွှဲပြောင်းပေးမည်ဆိုပါက လင်းယုန်ပျံဂိုဏ်းဘာဖြစ်သွားမည်နည်း။

လင်းယုန်ပျံဂိုဏ်းက သူ့အပိုင်ဟု ရှားဖေးယင်းက ထင်သော်လည်း အခြားခေါင်းဆောင်ကြီးများနှင့် ခန်းမသခင်များက ထိုသို့မထင်ကြပေ။

လင်းယုန်ပျံဂိုဏ်းက အတိတ်က သူတို့၏သွေးချွေးများဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ သူတို့၏ခိုလှုံရာနှင့် အသက်မွေးဝမ်းကျောင်းပြုရာနေရာဖြစ်သည်။ ရှားယွမ်တုန်းကိုအာဏာ ဆက်လက်ကိုင်စွဲခွင့် လုံးဝခွင့်ပြုတော့မည် မဟုတ်ပေ။

ဆုရှင်း မူလကပြန်သွားပြီး အိပ်ချင်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် အရာရာမှာ စီစဉ်ထားသည့်အတိုင်းမဖြစ်ခဲ့ဘဲနောက်ဆုံးတွင် သူ အိပ်မပျော်နိုင်ခဲ့ချေ။

ယုံလဲ့ရပ်ကွက်က ချန်လဲ့ရပ်ကွက်ရှိ ပျော်ရွှင်ဖွယ်တောအုပ်နှင့် နယ်နိမိတ်ချင်းထိစပ်နေ၏။ ဤတစ်ကြိမ်တွင် မိုးပြာဝါးဂိုဏ်းတစ်ခုလုံး လှုပ်ရှားလာပြီး ယုံလဲ့ရပ်ကွက်၏နယ်မြေကို ဖျက်ဆီးကာ လင်းယုန်ပျံဂိုဏ်းမှ အဖွဲ့ဝင်များစွာကို သတ်ဖြတ်ခဲ့သည်။

ဒေါသကြောင့် သူတို့မျက်စိကန်းနေကြသည်လားတော့ မသိပေ။ သူတို့၏ခေါင်းဆောင် တစ်ဦးက လူရာနှင့်ချီကိုဦးဆောင်ကာ ပျော်ရွှင်ဖွယ်တောအုပ်သို့ တည့်တည့်ရောက်လာခဲ့၏။

ဟွမ်ပင်းချန်က လီဟွိုင်ကို ချက်ချင်းစောင့်ကြည့်ရန် ပြောလိုက်ပြီး သူကိုယ်တိုင် ဆုရှင်းကိုလာပြောပြခဲ့သည်။

"ဒီကောင်တွေက ပျော်ရွှင်ဖွယ်တောအုပ်မှာ ပြဿနာလာရှာဖို့ တကယ်ပဲအသက်ရှင်ရတာ ပျင်းနေပြီလား။"

ဆုရှင်း၏မျက်နှာမှာ အေးစက်သွားခဲ့၏။ ဤလူများက သူ့ကိုရှားယွမ်တုန်းကဲ့သို့ အမှိုက်တစ်စအဖြစ် ထင်နေကြသည်လော။

"ငါ့ကို ရန်စဖို့ဒီမိုးပြာဝါးဂိုဏ်း ခေါင်းဆောင်မှာ ဘယ်လိုနောက်ခံမျိုးရှိနေလဲဆိုတာ သွားကြည့်ကြရအောင်။"

ဆုရှင်း ချက်ချင်းအဝတ်အစားဝတ်ကာ အပြင်သို့ ထွက်လာခဲ့သည်။ ပျော်ရွှင်ဖွယ်တောအုပ်နှင့် ယုံလဲ့ရပ်ကွက်လမ်းဆုံတွင် လီဟွိုင်က လူတစ်ရာကျော်ကို ဦးဆောင်ကာ မိုးပြာဝါးဂိုဏ်းနှင့် ထိပ်တိုက် တွေ့နေခဲ့၏။

ရန်သူက ဆုရှင်း၏လူများထက် ခုနစ်ဆ၊ ရှစ်ဆခန့် ပိုများနေသော်လည်း ဆုရှင်း၏လူများက မည်သည့် ကြောက်ရွံ့မှုမျှမပြသခဲ့ကြပေ။

သူတို့၏အတွင်းအားနှင့် သိုင်းပညာများကို အချိန်အကြာကြီးကျင့်ကြံခဲ့ပြီးနောက် သူတို့က သူတို့၏စွမ်းရည်များကို စမ်းသပ်ရန်နှင့် တိုက်ခိုက်ရန် လူတစ်ယောက်ကိုအမြဲတမ်းရှာဖွေချင်နေခဲ့ကြ၏။

ဤလူအနည်းငယ်က သူတို့ကြောက်ရွံ့ရစေလောက်အောင် တကယ်ထိုက်တိုင်သည်လော။

သို့သော် လီဟွိုင်က သူတို့ကိုတားဆီးထားသောကြောင့်သာ သူတို့ပထမဆုံးမလှုပ်ရှားခဲ့ကြခြင်း ဖြစ်သည်။

ဆုရှင်း ရောက်လာသည်ကို မြင်သောအခါ ဂိုဏ်းဝင်များက ခေါင်းဆောင်ဟု ချက်ချင်း ခေါ်လိုက်ကြပြီး သူ့အတွက် လေးစားစွာလမ်းဖယ်ပေးလိုက်ကြ၏။

ဆုရှင်း တစ်ဖက်လူကို မသိသလို ၎င်း၏လက်ရှိ ခွန်အားအရ ဆုရှင်း၏အသိအမှတ်ပြုခံရလောက်အောင် အရည်အချင်း မပြည့်မီပေ။

ဆုရှင်း ထွက်လာသည်ကို မြင်သောအခါ ပျော်ရွှင်ဖွယ်တောအုပ်ကို တိုက်ခိုက်ရန် အော်ဟစ်နေသော မိုးပြာဝါးဂိုဏ်းခေါင်းဆောင်မှာ ချက်ချင်း တိတ်ဆိတ်သွားခဲ့၏။ ရာနှင့်ချီသော သူ၏လူများရှေ့တွင် သူစကားတစ်ခွန်းမျှ မဟရဲတော့ပေ။

"ထွက်သွား။" ဆုရှင်းက ဤစကားတစ်ခွန်းတည်းကိုသာ တည်ငြိမ်စွာပြောလိုက်သည်။

ဤအထင်အမြင်သေးသော သဘောထားက မိုးပြာဝါးဂိုဏ်းခေါင်းဆောင်ကို ဒေါသထွက်စေခဲ့၏။ သူ၏မျက်နှာမှာ နီရဲသွားပြီး ဆုရှင်းကို လက်ညှိုးထိုးကာကြမ်းတမ်းသော စကားတစ်ခုခု ပြောချင်သော်လည်း ဆုရှင်းက ရိုးရိုးလေးပဲပြောလိုက်သည်။ "မင်းနောက်ထပ် အဓိပ္ပာယ်မရှိတဲ့ စကားတစ်ခွန်းလောက် ထပ်ပြောရဲရင်။ မင်းကို အခုချက်ချင်း သတ်ပစ်မယ်။"

နောက်ဆုံးတွင် မိုးပြာဝါးဂိုဏ်း ခေါင်းဆောင်က မည်သည့်ကြမ်းတမ်းသော စကားတစ်ခွန်းမျှ မပြောရဲတော့ပေ။ သူမျက်နှာပျက်ရသည်ကို ဂရုမစိုက်တော့ဘဲ သူ၏လူများနှင့်အတူ ခိုးကြောင်ခိုးဝှက် ထွက်သွားတော့သည်။

ဟွမ်ပင်းချန်က အံ့အားသင့်စွာ အော်ပြောလိုက်၏။ "ဒီကောင်က အဆူခံရဖို့ ဒီကိုလာတာလား။ သူ ရူးနေတာလား။"

ဆုရှင်း ခေါင်းယမ်းလိုက်၏။ "ငါထင်တာတော့ သူလာချင်လို့ လာတာမဟုတ်လောက်ဘူး။ တစ်ယောက်ယောက်က သူ့ကိုငါ့ခွန်အားကို စမ်းသပ်ဖို့ အတင်းအကျပ်လွှတ်လိုက်တာ ဖြစ်မယ်။ ဒီတစ်ခါတော့ ယုံလဲ့ရပ်ကွက်ကို သူတို့ဆီပေးလိုက်မယ်။ ဒါပေမဲ့ စောစောဖြစ်ဖြစ် နောက်ကျဖြစ်ဖြစ် အဲဒါကိုပြန်ယူမယ်။"

မိုးပြာဝါးဂိုဏ်း ခေါင်းဆောင်၏သဘောထားကို မြင်သောအခါ ဆုရှင်းက သူ့နောက်ကွယ်မှ တစ်စုံတစ်ဦးက သေချာပေါက်ညွှန်ကြားနေခြင်း ဖြစ်ကြောင်း သိလိုက်၏။ ထိုသူမှာ မည်သူဖြစ်မည်ကိုပြောနေစရာပင် မလိုတော့ချေ။

မိုးပြာဝါးဂိုဏ်း၏ဒုဂိုဏ်းချုပ် နှစ်ဦးထဲမှ တစ်ဦး ဖြစ်ရမည်။

မိုးပြာဝါးဂိုဏ်း၏ခေါင်းဆောင် နေရာတစ်ခုအထိ ရောက်လာနိုင်သော ဤလူက အရူးမဟုတ်လောက်ပေ။ သူနှင့် ဆုရှင်းကြားရှိကွာဟချက် မည်မျှကြီးမားကြောင်း သူသိသော်လည်း ယနေ့ ဆုရှင်းကို ရန်စရန် ဤနေရာသို့လာခဲ့သေး၏။

သူရူးနေခြင်း ဖြစ်ရမည်။ သို့မဟုတ် တစ်ယောက်ယောက်က သူ့ကိုအတင်းအကျပ် လွှတ်လိုက်ခြင်းသာ ဖြစ်မည်။

ဆုရှင်း၏အာဏာများရုပ်သိမ်းခံရပြီး ပျော်ရွှင်ဖွယ်တောအုပ်တွင် အနားယူရန်အပို့ခံရသည်ကို ချန်ဟုန်သိထားသော်လည်း ဆုရှင်းရုတ်တရက် လှုပ်ရှားလာမည်ကို စိုးရိမ်နေဆဲဖြစ်သဖြင့် အခြေအနေကိုစမ်းသပ်ရန် ခေါင်းဆောင်ကြီး တစ်ဦးကို သူ၏လူများနှင့်အတူ စေလွှတ်လိုက်ခြင်း ဖြစ်သည်။

ကံမကောင်းစွာဖြင့် သူ မှားသွားခဲ့သည်။ အကယ်၍ ဆုရှင်းလှုပ်ရှားမည်ဆိုလျှင်ပင် ယနေ့ဖြစ်မည် မဟုတ်ပေ။ တကယ်တမ်းတွင် မိုးပြာဝါးဂိုဏ်းက ယနေ့ ပိုမိုကြီးမားသောဆူပူအုံကြွမှုများ ဖြစ်စေရန်သာ သူမျှော်လင့်နေခဲ့၏။

နောက်တစ်နေ့တွင် ဆုရှင်းက ဟွမ်ပင်းချန်နှင့် လီဟွိုင်တို့ကိုနံနက်စောစော ပင်မခန်းမသို့ ခေါ်ဆောင်သွားခဲ့သည်။

ရှားဖေးယင်းက ပင်မခန်းမသို့အစည်းအဝေးလာရန် လူတိုင်းကို အကြောင်းမကြားခဲ့သော်လည်း ဤမျှကြီးမားသော ကိစ္စကြီးဖြစ်ပွားခဲ့သဖြင့် ဂိုဏ်းချုပ်က သူတို့ကို အမှန်တကယ် အကြောင်းကြားရန် လိုအပ်သေးသည်လော။

တုန်းချန်ဝူနှင့် အခြားသူများလည်း ဂနာမငြိမ် ဖြစ်နေကြပြီဟု သူခန့်မှန်းလိုက်သည်။

ဆုရှင်း ပင်မခန်းမသို့ ရောက်လာသောအခါ တုန်းချန်ဝူနှင့် အခြားနှစ်ဦးတို့က သူ့ကိုတွေ့ဆုံခဲ့ကြ၏။

ကျွမ်းလီရှေ့သို့ ထွက်လာပြီး တီးတိုးမေးလိုက်သည်။ "ခန်းမသခင်ဆု မနေ့ကဖြစ်သွားတဲ့ ကိစ္စတွေကို မင်းလည်းသိတယ်မဟုတ်လား။"

ဆုရှင်း ရယ်မောလိုက်ပြီး ပြောသည်။ "ကျွန်တော် မသိရင်။ ဒီနေ့ ဒီကိုရောက်နေပါ့မလား။"

ကျွမ်းလီက ဆုရှင်းကို တစ်ချက်ကြည့်လိုက်၏။ "ခန်းမသခင်ဆု အဲဒီလိုဆိုမှတော့ ငါမင်းကို ဆက်ပြီး စိတ်လှုပ်ရှားအောင်မလုပ်တော့ပါဘူး။ နောက်ထပ် ဘာဆက်လုပ်ဖို့စီစဉ်ထားလဲ။"

"ဒါက ကျွန်တော့်ကိုမေးရမယ့် မေးခွန်းမဟုတ်ဘူး။ ကျွန်တော်က ခင်ဗျားတို့ကို မေးရမယ့်မေးခွန်းပါ။"

ဆုရှင်းက ကျွမ်းလီနှင့် အခြား နှစ်ဦးကို ကြည့်လိုက်၏။ ဤသုံးဦးက သူထင်ထားသည်ထက်ပင် ပို၍စိတ်မရှည်ဖြစ်နေကြသည်။

"ခန်းမသခင်ကျွမ်း။ ကျွန်တော်နောက်နေတာ မဟုတ်ပါဘူး။ အခု ခင်ဗျားတို့ရဲ့အခြေအနေကို ခင်ဗျားတို့နားလည်သင့်တယ် မဟုတ်လား။ ခင်ဗျားတို့ရဲ့အနာဂတ်ကို ကိုယ့်လက်ထဲ ကိုယ်ထားမလား ဒါမှမဟုတ် တခြားတစ်ယောက်ယောက်ဆီ လွှဲပေးမလားဆိုတာက ခင်ဗျားတို့အပေါ်မှာပဲ မူတည်တယ်။"

"ကျွန်တော်ခင်ဗျားတို့ကို မေးခွန်းတစ်ခုပဲ မေးမယ်။ လင်းယုန်ပျံဂိုဏ်းက ရှားမိသားစုရဲ့လင်းယုန်ပျံဂိုဏ်းလား။ ဒါမှမဟုတ် လူတိုင်းရဲ့လင်းယုန်ပျံဂိုဏ်းလား။"

ကျွမ်းလီက ဆုရှင်းကိုထိတ်လန့်စွာ စိုက်ကြည့်နေခဲ့မိ၏။ ဤစကားလုံးများမှာ အတော်လေးဆိုးရွားပြီး အထူးသဖြင့် သူတို့သုံးဦးရှေ့တွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

*ဒီလူက ဘယ်လောက်တောင် ရဲတင်းနေတာလဲ။*

တုန်းချန်ဝူက ဒေါသတကြီးအော်ပြောလိုက်သည်။ "ဆုရှင်း မင်း ဘာသဘောလဲ။ မင်းက ငါတို့ လင်းယုန်ပျံဂိုဏ်းကို ခွဲယူစေချင်နေတာလား။"

ဆုရှင်းက လှောင်ပြောင်လိုက်၏။ "ခန်းမသခင်တုန်း။ ဒီလောက်ကြီးကျယ်တဲ့ ခေါင်းစဉ်တွေ မတပ်ပါနဲ့။ ခင်ဗျားက ကိုယ့်ကိုယ်ကိုယ်အပြစ်ပေးခန်းမရဲ့အကြီးအကဲလို့ ထင်နေတုန်းပဲလား။ ခင်ဗျားက အခုအမည်ခံသက်သက်ပဲ။ ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်မကြီးပါနဲ့။"

"မင်း..." တုန်းချန်ဝူက ဆုရှင်းကို လက်ညှိုးထိုးကာ အံ့အားသင့်မှုနှင့် ဒေါသများပြည့်နှက်နေပြီး စကားတစ်ခွန်းမျှ မဟနိုင်တော့ပေ။

မူလက တုန်းချန်ဝူမှာ အတော်လေးပါးနပ်ပြီး တွက်ချက်တတ်သူဖြစ်သော်လည်း ကံမကောင်းစွာဖြင့် ဆုရှင်းနှင့် တွေ့တိုင်း စကားအနည်းငယ်ဖြင့် ဒေါသထွက်လာအောင် အလွယ်တကူဆွပေးခံရလေ့ရှိသည်။

ထိုလူသုံးဦးကို ကျော်ဖြတ်ကာ ဆုရှင်းက လှည့်ပြီး ခန်းမထဲသို့ ဝင်သွားတော့သည်။ သို့သော် သူ ဝင်သွားရင်း စကားတစ်ခွန်းကိုချန်ထားခဲ့၏။

"ခင်ဗျားတို့ သုံးယောက် ခင်ဗျားတို့ရဲ့ရပ်တည်ချက်ကို ကျွန်တော်ဂရုမစိုက်ဘူး။ ဂရုစိုက်ဖို့လည်း မလိုဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်အပိုင်ဖြစ်တဲ့အရာကို ပြန်ယူဖို့ ဒီနေ့ဒီကိုရောက်နေတာ။ ခင်ဗျားတို့အတွက်ကတော့ ဟဲ..ဟဲ ဘာပဲဖြစ်ဖြစ်ပါလေ။"

All Chapters