← Chapters

အခန်း (၆၅)

Vol. 7 Ch. 65

အခန်း (၆၅)

Vol. 7 Ch. 65

အခန်း (၆၅) မင်းဘက်က မကြင်နာရင် ငါဘက်မဖြောင့်မတ်တာကို အပြစ်မတင်နဲ့

ဖိနှိပ်မှုရှိသည့်နေရာတွင် ခုခံမှုရှိသည်။ ဤစကားပုံမှာ မည်သည့်နေရာမည်ကဲ့သို့ပင်ကြည့်စေ နက်ရှိုင်းသည့် အမှန်းတရားတစ်ခုဖြစ်နေသည်။

ရှားယွမ်တုန်း၏စီမံခန့်ခွဲမှုအောက်တွင် ယုံလဲ့ရပ်ကွက်၏မည်သည့်နေရာက ဖိနှိပ်မှုအများဆုံးခံနေရသနည်း။ သဘာဝကျကျပင် စီးပွားရေးသမားများကြားဖြစ်နေခဲ့၏။

ကုန်သည်များက အကျိုးအမြတ်နောက်သို့ လိုက်ကြပြီး ငွေကသာ သူတို့အတွက် အရာအားလုံး ဖြစ်သည်။ လူတစ်ယောက်၏ငွေကို ယူခြင်းက သူတို့၏မိဘများကို သတ်ခြင်းနှင့်မကွဲပြားပေ။ ယခုတော့ ရှားယွမ်တုန်းက သူတို့၏မိသားစုတစ်ခုလုံးကို ရှင်းလင်းပစ်နေသည်မှာ သေချာပါသည်။

ရှားယွမ်တုန်း၏တိုက်ရိုက် လက်အောက်ငယ်သားများမှာ အယောက်တစ်ရာပင်မပြည့်ပေ။ ဤလူများက ရှားဖေးယင်း၏အမိန့်အောက်တွင် အမြဲရှိနေခဲ့ပြီး ထိုနေရာတွင်သူတို့က သိုင်းပညာများ သင်ကြားရကာ ဌာနချုပ်ကိုစောင့်ကြပ်ရန် တာဝန်ပေးခံခဲ့ရ၏။

ဤလူများက ယခင်က မည်သည့်စစ်မှန်သောအာဏာမှ မရှိခဲ့ကြဖူးပေ။ သူတို့၏လစဉ်လစာက အခြားခေါင်းဆောင်ကြီးများ၏လက်အောက်က နောက်လိုက်များထက်ပိုများသော်လည်း ၎င်းတို့ကဲ့သို့ ဝင်ငွေလမ်းကြောင်းမရှိခဲ့ထူးပေ။

ထို့အပြင် သူတို့၏လစဉ်လစာက စစ်ရေးခန်းမ နှင့် အတူတူပင်။ နှိုင်းယှဉ်ပါကများစွာနိမ့်ကျနေပြီး အများဆုံးလစဉ်ကြေးအဖြစ် ငွေနှစ်ပြားခန့်သာ ရရှိသည်။

ထို့ကြောင့် ဤလူများကို ရှားယွမ်တုန်း၏အမိန့်အောက်သို့တာဝန်ချထားပြီးနောက် သူတို့က ချက်ချင်းပင် အတားအဆီးမဲ့လုယက်လာကြပြီး သူတို့၏ရက်စက်သော နည်းလမ်းများက လင်းယုန်ပျံဂိုဏ်း၏လူဟောင်းများကိုပင် အရှက်ရစေခဲ့၏။

သူတို့သည် ဂိုဏ်းချုပ်၏တိုက်ရိုက် လက်အောက်ငယ်သားများဖြစ်ကြသဖြင့် အခြား ဂိုဏ်းဝင်များထက် သဘာဝကျကျပို၍ ရဲတင်းကြသည်။ ဂိုဏ်း၏အပြစ်ပေးမှုကို သူတို့လုံးဝ မကြောက်ကြသလို ရှားယွမ်တုန်းက သူတို့ကို လူသိရှင်ကြားတစ်ကြိမ် ကာကွယ်ပေးပြီးနောက် ပို၍ပင်မာနထောင်လွှားလာခဲ့ကြ၏။

ယုံလဲ့ရပ်ကွက်၏တုန်းရှန်းစားသောက်ဆိုင်က ချန်နင်စီရင်စုရှိ စားသောက်ဆိုင်ရာနှင့်ချီထဲတွင် ထိပ်တန်းဆယ်ခုစာရင်းဝင်ဖြစ်ပြီး ၎င်း၏ပိုင်ရှင် သူဌေးဖန်းမှာ ဤလူများ၏အဆိုးရွားဆုံး ငွေညှစ်ခံရသူများထဲမှ တစ်ဦးဖြစ်သည်။

တုန်းရှန်းစားသောက်ဆိုင်က ပုံမှန်အားဖြင့် အဆင့်မြင့်အရာရှိများနှင့် ချမ်းသာသောကုန်သည်များကို ဧည့်ခံလေ့ရှိ၏။ ဟင်းပွဲတိုင်းမှာ အရသာရှိပြီး ဝိုင်မှာလည်း တစ်အိုးလျှင်ငွေဆယ်ပြားမှ စတင်သော အဆင့်မြင့်ဝိုင်များ ဖြစ်သည်။

အစကတည်းက ရှားယွမ်တုန်း၏ဆာလောင်နေသော ဝံပုလွေအုပ်စု၏ပစ်မှတ်ထားခြင်း ခံရသည်မှာ ဤကဲ့သို့သောနေရာမျိုးပင်။

အစပိုင်းတွင် သူတို့က တုန်းရှန်းစားသောက်ဆိုင်တွင် အခမဲ့စားသောက်ခဲ့ကြပြီး အစားအစာတိုင်းအတွက် အဖိုးတန်ဆုံးဟင်းပွဲများနှင့် ဝိုင်များကို မှာယူခဲ့ကြရာ ၎င်းတို့မှာ ငွေတစ်ရာကျော် ကုန်ကျခဲ့၏။

ပိုက်ဆံတောင်းသောအခါ ဤလူများက "မင်းတို့ရဲ့ အစားအစာကိုစားပေးတာတောင် မင်းတို့ကို မျက်နှာသာ ပေးရာကျနေပြီ။ မင်းတို့က ပိုက်ဆံ တောင်းရဲသေးတယ်ပေါ့" ဟုယုံကြည်မှုရှိစွာ ပြန်ပြောခဲ့ကြသည်။

ဤလူများက သူတို့၏အစားအစာအတွက် ငွေမပေးရုံသာမက စားသောက်ဆိုင်ထဲတွင် အရက်သောက်ကာ အရက်သောက်ကစားနည်းများ ကစားခဲ့ကြရာသပ်ရပ်စွာ ပြင်ဆင်ထားသော တုန်းရှန်း စားသောက်ဆိုင်မှာ ဖရိုဖရဲဖြစ်သွားတော့၏။ အခြား ဖောက်သည်များချက်ချင်း စိတ်အနှောင့်အယှက် ဖြစ်သွားကြသဖြင့် တုန်းရှန်း စားသောက်ဆိုင်မှာ ဖောက်သည်များစွာ ဆုံးရှုံးခဲ့ရပြီး ၎င်း၏စီးပွားရေးမှာ ယခင်ကလောက် တစ်ဝက်ပင် မကောင်းတော့ပေ။

သူဌေးဖန်းက ဆက်လက်သည်းမခံနိုင်တော့သဖြင့် ဤဂိုဏ်းဝင်များ၏အနိုင်ကျင့်ခြင်းကို ခံခဲ့ရသော အခြား စီးပွားရေးသမား အချို့နှင့် ပူးပေါင်းကာ ရှားယွမ်တုန်းထံ တိုင်တန်းခဲ့၏။ မမျှော်လင့်ဘဲ သူတို့က ပါးရိုက်ခံရပြီးအပြင်သို့ ကန်ထုတ်ခံခဲ့ရသည်။

နောက်တစ်နေ့ ဤလူများလာသောအခါ သူတို့၏အခမဲ့စားသောက်ခြင်းမှ ငွေညှစ်ခြင်းသို့ ပြောင်းလဲသွားတော့သည်။

ပိုးဟပ်တစ်ကောင်ကိုမြှောက်ပြကာ ၎င်းမှာ သူ၏အစားအစာထဲမှ လာသည်ဟုအခိုင်အမာ ပြောဆိုပြီး သူဌေးဖန်းထံမှ ငွေတစ်ထောင် ညှစ်ယူရန် ကြိုးစားခဲ့ကာ မပေးပါက ဆိုင်ကို ရိုက်ခွဲပစ်မည်ဟု ခြိမ်းခြောက်ခဲ့၏။

သူဌေးဖန်းက အံကြိတ်ကာ ပေးလိုက်ရသည်။ နောက်တစ်နေ့တွင် သူတို့ထပ်လာပြန်ပြီး အလွန်အကျွံစားသောက်ကာ ငွေများဆက်လက် ညှစ်ယူရန်သေနေသောပိုးဟပ်တစ်ကောင်ကို ထုတ်ပြခဲ့ပြန်သည်။ ဤကဲ့သို့သော အဖြစ်အပျက်များအကြိမ်ကြိမ်ဖြစ်ပွားပြီးနောက် သူဌေးဖန်း ဆက်လက် သည်းမခံနိုင်တော့ပေ။

ဤအတိုင်း ဆက်သွားပါက သူ၏တုန်းရှန်းစားသောက်ဆိုင်က လုံးဝပိတ်သိမ်းလိုက်ရတော့မည်။

လူများကို အဆုံးစွန်အထိတွန်းပို့လိုက်လျှင် ၎င်းတို့က ဘာမဆိုလုပ်ရဲကြ၏။ ထို့အပြင် ဤအကျိုးအမြတ်နောက်သို့သာလိုက်သော စီးပွားရေးသမားများမှာ ရန်စလို့လွယ်သောသူများ မဟုတ်ပေ။

တစ်လအကြာတွင် စားသောက်ဆိုင်က ၎င်း၏စာရင်းများတွင် ငွေသောင်းနှင့်ချီ၍ ဆုံးရှုံးခဲ့ပြီး တုန်းရှန်းစားသောက်ဆိုင်၏ဂုဏ်သတင်းမှာလည်း လုံးဝပျက်စီးသွားသည်ကို မြင်သောအခါ သူဌေးဖန်းက နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်၏။

*မင်းရဲ့ ရှားယွမ်တုန်းရဲ့ လက်အောက်ငယ်သားတွေက ငါ့ကိုသေအောင် ဖိအားပေးဖို့ကြိုးစားနေတယ်ဆိုတော့။ မင်းတို့ကို ငါခွင့်မလွတ်နိုင်ဘူး။ အဆိုးဆုံးအနေနဲ့ ငါတို့အားလုံး အတူတူသေကြတာပေါ့။*

ထိုညတွင် သူဌေးဖန်းက ရှားယွမ်တုန်း၏လူများကြောင့် အလွန်အမင်းဒုက္ခရောက်နေရသော အခြား စီးပွားရေး ပိုင်ရှင်ဆယ်ဦးကျော်ကို စုဆောင်းကာ သူ၏ ယအစီအစဉ်ကို ထုတ်ဖော်ပြောပြခဲ့သည်။

"လူကြီးမင်းတို့ ယုံလဲ့ရပ်ကွက်ရဲ့အခြေအနေကို အားလုံး မြင်ပြီးကြပြီပဲ။ ရှားယွမ်တုန်းက ငါတို့ကို ထွက်ပေါက် လုံးဝ မပေးဘူးဆိုတာ ရှင်းနေတယ်။ ငါတို့ ဒီမှာ ဒီအတိုင်းထိုင်ပြီး သေဖို့စောင့်နေမယ်ဆိုရင်။ ငါတို့ရဲ့ပိုင်ဆိုင်မှုတွေကို ဈေးပေါပေါနဲ့ ရောင်းပြီး ယုံလဲ့ရပ်ကွက်ကနေ ထွက်သွားရလိမ့်မယ်။ ဒါမှမဟုတ် ငါတို့ရဲ့ပိုင်ဆိုင်မှုတွေ အကုန်လုံးအညှစ်ခံရလိမ့်မယ်။" သူဌေးဖန်းက အံကြိတ်ကာ ပြောလိုက်၏။

တစ်ယောက်က သက်ပြင်းချလိုက်သည်။ "ခေါင်းဆောင်ဆု ရှိတုန်းက သူ့ရဲ့လစဉ်ကြေးက အရမ်းများတယ်လို့ ငါတို့ ထင်ခဲ့ပေမဲ့။ သူက သူ့လူတွေကို စည်းကမ်းတကျထားနိုင်ခဲ့တယ်။"

"ဒီရှားယွမ်တုန်းက တကယ်ကိုတစ်မျိုးပဲ။ အမှားအမှန်ကို မခွဲခြားတတ်ဘူး။ ယုံလဲ့ရပ်ကွက်က သူ့ကြောင့် စောစောဖြစ်ဖြစ်နောက်ကျဖြစ်ဖြစ် ပျက်စီးသွားတော့မှာပဲ။"

ဆုရှင်း အကြောင်းတစ်စုံတစ်ယောက်က ပြောလိုက်သည်ကို ကြားသောအခါ တစ်စုံတစ်ဦးက ချက်ချင်း ထောက်ခံလိုက်၏။

"ဟုတ်တယ် ခေါင်းဆောင်ဆုရှိတုန်းက လမ်းတွေက ဒီလောက်မရှုပ်ထွေးဘူး။ ခေါင်းဆောင်ဆု လက်အောက်က ဆရာဟွမ် နဲ့ ဆရာလီတောင် ငါတို့ဆီက ငွေတစ်ပြားမှမယူဖူးဘူး။"

"ငါတို့တွေ စည်းလုံးပြီး ခေါင်းဆောင်ဆုကို ပြန်လည် ကြိုဆိုဖို့ လင်းယုန်ပျံဂိုဏ်းမှာ ဆန္ဒပြကြရင်ကော ဘယ်လိုလဲ။ ဘယ်လို သဘောရလဲ။"

သူဌေးဖန်းက လှောင်ပြောင်လိုက်၏။ "မင်းက အရူးလား။ဆုရှင်း အဲဒီအောက်ကို ဘယ်လိုရောက်သွားလဲဆိုတာ မင်းတို့အားလုံး မသိကြဘူးလား။ ဒါက လင်းယုန်ပျံဂိုဏ်း အတွင်းက အာဏာလုပွဲနဲ့ သက်ဆိုင်တယ်။ ဒါက မင်းတို့ဝင်စွက်ဖက်လို့ ရတဲ့ ကိစ္စလား။"

"တကယ်လို့ မင်းသာ လင်းယုန်ပျံဂိုဏ်းဌာနချုပ်ကို သွားပြီး အဓိပ္ပာယ်မရှိတာတွေပြောရဲရင်။ မင်း ပိုက်ဆံ ဆုံးရှုံးရုံတင်မကဘူး အသက်ပါ ဆုံးရှုံးသွားနိုင်တယ်။"

"ဒါဆို သူဌေးဖန်းက ဘာအကြံပြုချင်လဲ။ ခင်ဗျား ငါတို့ အားလုံးကို ဒီကိုခေါ်ထားတာဆိုတော့ ခင်ဗျားဆီမှာ အစီအစဉ်တစ်ခု ရှိနေပြီဖြစ်ရမယ်။ ငါတို့ကို စိတ်လှုပ်ရှားအောင် လုပ်မနေပါနဲ့တော့။"

"ကောင်းပြီ ဒါဆို ငါစကားတွေ ထပ်မဖြုန်းတော့ဘူး။ ငါ့အစီအစဉ်က ရိုးရှင်းပါတယ်။ မင်း ရှားယွမ်တုန်းက ရက်စက်တယ်ဆိုမှတော့ ငါလည်း ရက်စက်တာကို အပြစ်မတင်နဲ့။ မင်းက ငါတို့ကို ထွက်ပေါက် မပေးဘူးဆိုရင်။ မင်းယုံလဲ့ရပ်ကွက်မှာ ဆက်နေလို့မရအောင် ငါတို့လုပ်မယ်။"

သူဌေးဖန်း၏မျက်နှာမှာ အေးစက်နေ၏။ "ယုံလဲ့ရပ်ကွက်ကို မိုးပြာဝါးဂိုဏ်းတာဝန်ယူတုန်းက၊ ဒုဂိုဏ်းချုပ်ချန်ဟုန်းက ငါ့ရဲ့တုန်းရှန်း စားသောက်ဆိုင်က ဖောက်သည်တစ်ယောက်ပဲ။ ငါ သူ့ကိုစကားအနည်းငယ်လောက်တော့ ပြောခွင့်ရှိသေးတယ်။"

"တကယ်လို့ မင်းတို့ကငါ့အစီအစဉ်ကို သဘောတူရင် ငါတို့ပိုက်ဆံတွေစုပြီး ယုံလဲ့ရပ်ကွက်ကို လာတိုက်ခိုင်းဖို့ ဒုဂိုဏ်းချုပ်ချန်ဆီ သွားမယ်။ ငါတို့ အတွင်းကနေကြံဖန်ပြီး လင်းယုန်ပျံဂိုဏ်းကို ဒီကနေ မောင်းထုတ်ပစ်မယ်။"

စီးပွားရေးသမားအများအပြားမှာ သူဌေးဖန်း၏ အစီအစဉ်ကြောင့် ချက်ချင်းအံ့အားသင့်သွားကြ၏။

သူတို့အားလုံးမှာ စီးပွားရေးသမားများဖြစ်ကြပြီး ကုန်သွယ်မှုလှည့်ကွက်များကို အသုံးပြုရာတွင် အတော်လေး ကျွမ်းကျင်ကြသော်လည်း ဤကဲ့သို့ တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းမျိုးကိုမူ သူ တကယ်ကို လက်မခံနိုင်ပေ။

တစ်ယောက်ယောက်က တုံ့ဆိုင်းစွာ ပြောလိုက်၏။ "ဒါပေမဲ့ အဲဒါအလုပ်ဖြစ်ပါ့မလား။ မိုးပြာဝါးဂိုဏ်းကို အကူအညီတောင်းနိုင်ရင်တောင် သူတို့က အရင်က လင်းယုန်ပျံဂိုဏ်းကိုရှုံးခဲ့တာလေ။ အခုရော သူတို့လင်းယုန်ပျံဂိုဏ်းကို နိုင်ပါ့မလား။"

သူဌေးဖန်းက ပြောသည်။ "မမေ့နဲ့ လင်းယုန်ပျံဂိုဏ်းက ယုံလဲ့ရပ်ကွက်တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့တာ ဆုရှင်းကျေးဇူးကြောင့်ပါ။ တိုင်ချုံးကို သတ်ခဲ့တာ သူပဲ။ ယုံလဲ့ရပ်ကွက်ကို သိမ်းပိုက်ခဲ့တာလည်း သူပဲလေ။"

"အခု ဆုရှင်းကိုလင်းယုန်ပျံဂိုဏ်းက သူရဲ့အာဏာနဲ့ အခွင့်အရေးအားလုံးကို ရုပ်သိမ်းလိုက်ပြီ။ ဆုရှင်းယုံလဲ့ရပ်ကွက်မှာ မရှိတာကို ငါတို့ဘာကို ကြောက်နေရဦးမှာလဲ။

စဉ်းစားကြည့်ပြီးနောက် အုပ်စုက သူဌေးဖန်း၏ အစီအစဉ်မှာ အတော်လေးဖြစ်နိုင်ခြေ ရှိပုံရကြောင်း သဘောပေါက်သွားကြ၏။

သူတို့သည် ရှားယွမ်တုန်းကြောင့် စိတ်ပျက်အားငယ်မှုဆီသို့တွန်းပို့ခံခဲ့ရခြင်းဖြစ်သည်။ ဤအစီအစဉ်မှာ အလွန်အန္တရာယ်များကြောင်း သူတို့ သိထားသော်လည်း အားလုံးက သဘောတူကြောင်း ခေါင်းညိတ်လိုက်ကြ၏။

ဤကုန်သည်များအားလုံးမှာ စီးပွားရေးလုပ်ငန်းကြီးများကိုလုပ်ကိုင်နေကြပြီး လက်ထဲတွင် အရင်းအနှီး အနည်းဆုံးငွေသောင်းနှင့်ချီ၍ ရှိကြသည်။

သူတို့သည် အံကြိတ်ကာ သူဌေးဖန်း မိုးပြာဝါးဂိုဏ်းသို့ယူသွားနိုင်ရန်အတွက် ငွေ ၃ သိန်း စုဆောင်းပေးလိုက်ကြ၏။

ဤသတင်းကိုရရှိပြီးနောက် မိုးပြာဝါးဂိုဏ်းမှ ချန်ဟုန်က အလွန်ဝမ်းသာသွားပြီး မာချင်းယွမ် နှင့် ချက်ချင်း တိုင်ပင်ဆွေးနွေးတော့သည်။

"ဟားဟားဟား။ လင်းယုန်ပျံဂိုဏ်းက ဒီတစ်ခါတော့ သူ့ရဲ့ကိုယ်ပိုင်တံတိုင်းကြီးကို သူကိုယ်တိုင် ဖျက်ဆီးပြီးသေကြောင်းကြံလိုက်တာပဲ။ ဒါအတွက် ငါတို့ကို အပြစ်တင်လို့ မရဘူး။" ချန်ဟုန်းက ကျယ်လောင်စွာရယ်မောလိုက်ပြီး အလွန် ကျေနပ်နေခဲ့၏။

ပြီးခဲ့သည့် ဂိုဏ်းစစ်ပွဲတွင် သူတို့၏ဂိုဏ်ချုပ် ဝေ့ဖုန်းကို အောင်မြင်စွာဖယ်ထုတ်နိုင်ခဲ့သော်လည်း ယုံလဲ့ရပ်ကွက်ကိုလင်းယုန်ပျံဂိုဏ်းက သိမ်းပိုက်သွားခဲ့သဖြင့် သူတို့အကျပ်အတည်းခံစားလိုက်ရတော့သည်။

သူတို့ ဂိုဏ်းချုပ်များဖြစ်လာလျှင်ပင် နယ်မြေ ဆုံးရှုံးသွားပါက ဘာအသုံးဝင်မည်နည်း။

ထို့ကြောင့် ဝေ့ဖုန်းကိုဖယ်ထုတ်ပြီးနောက် သူတို့၏အာဏာရည်မှန်းချက်များကို ခေတ္တဘေးဖယ်ထားကာ မိုးပြာဝါးဂိုဏ်းကိုဖွံ့ဖြိုးတိုးတက်စေရန် သူတို့၏အားထုတ်မှု အားလုံးကို အာရုံစိုက်ခဲ့ကြ၏။

ကံမကောင်းစွာဖြင့် ဤကဲ့သို့သောအရာများက တစ်ရက်၊ နှစ်ရက်အတွင်း ရလဒ်များမထွက်ပေါ်စေနိုင်သော်လည်း မမျှော်လင့်ဘဲ ယနေ့ယုံလဲ့ရပ်ကွက်မှ ဤမျှကောင်းမွန်သော သတင်းကို လက်ခံရရှိခဲ့သည်။

မာချင်းယွမ်က သံသယဖြင့် မေးလိုက်၏။ "ဒါက ထောင်ချောက်ဖြစ်နိုင်မလား။ ငါတို့က ယုံလဲ့ရပ်ကွက်ကိုတိုက်ခိုက်နေချိန် လင်းယုန်ပျံဂိုဏ်းက ခြုံခိုတိုက်ခိုက်ဖို့ စောင့်နေရင်ကော။"

ချန်ဟုန်က ယုံကြည်မှုရှိစွာဖြင့်ပြောသည်။ "စိတ်မပူပါနဲ့ ဒါကသေချာပေါက်အမှန်ဖြစ်လိမ့်မယ်။ ယုံလဲ့ရပ်ကွက်ရဲ့အခြေအနေကို ငါ ကောင်းကောင်း သိပါတယ်။ သူဌေးဖန်းပြောတဲ့အတိုင်း ကွက်တိပဲ။"

"မင်းက ယုံလဲ့ရပ်ကွက်မှာ သူလျှိုတစ်ယောက် လွတ်ထားထားတာလား။" မာချင်းယွမ် ရုတ်တရက် သဘောပေါက်သွားခဲ့၏။

ချန်ဟုန်က မာနထောင်လွှားစွာ ခေါင်းညိတ်လိုက်သည်။ "ငါတို့ရဲ့မိုးပြာဝါးဂိုဏ်းက ယုံလဲ့ရပ်ကွက်မှာ ဆယ်စုနှစ်ချီပြီးလုပ်ကိုင်လာခဲ့တာလေ။ လင်းယုန်ပျံဂိုဏ်းက ဒါကိုဘယ်လိုလုပ် ဒီလောက် အလွယ်တကူဝါးမြိုနိုင်မှာလဲ။ ဒီတစ်ခါတော့ သူတို့ အကုန်လုံးကိုပြန်အန်ထုတ်အောင် ငါ လုပ်ပစ်မယ်။"

ဆုရှင်းမရှိလျှင် ချန်ဟုန်က လင်းယုန်ပျံဂိုဏ်းကို အလေးအနက်ထားမည်မဟုတ်ပေ။

ဆုရှင်းက လီကျုံးဟယ်ကို စင်မြင့်ပေါ်တွင် သတ်လိုက်စဉ်က သူ၏စွမ်းအားကို သူတို့ မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ သူ တစ်ယောက်တည်းဖြင့် လင်းယုန်ပျံဂိုဏ်း၏ ခေါင်းဆောင်ကြီးအားလုံးနှင့် ညီမျှနေ၏။

သို့သော် ယခုအခါ ရှားဖေးယင်းက ဂိုဏ်းအတွင်း အသန်မာဆုံးတိုက်ခိုက်ရေးသမားဖြစ်သော ဆုရှင်း၏အာဏာကို ရုပ်သိမ်းကာ ပျော်ရွှင်ဖွယ်တောအုပ်တွင်အနားယူရန် ပြန်လွှတ်လိုက်ခြင်းဖြင့် သူ၏ကိုယ်ပိုင် အခြေခံအုတ်မြစ်ကို ဖျက်ဆီးပစ်လိုက်ပြီဖြစ်ရာ ၎င်းက သူတို့၏မိုးပြာဝါးဂိုဏ်း ပြန်လည် ဦးမော့လာရန် အခွင့်အရေးပင်ဖြစ်သည်။

သူဌေးဖန်းနှင့် ဆွေးနွေးပြီးနောက် ချန်ဟုန်က ယနေ့ညတွင် လှုပ်ရှားရန် ဆုံးဖြတ်လိုက်၏။

စကားပုံတစ်ခုရှိသကဲ့သို့ ပိုဆန်းစစ်လေလေ အမှားပိုတွေ့လေလေဖြစ်သည်။ လင်းယုန်ပျံဂိုဏ်းတွင် သူလျှိုများထားရှိခဲ့သလို မိုးပြာဝါးဂိုဏ်းတွင်လည်း လင်းယုန်ပျံဂိုဏ်း၏သူလျှိုရှိမရှိ သူ မသိပေ။

ထို့ကြောင့် ဤအစီအစဉ်ကို ထုတ်ဖော်၍မရဘဲ ချက်ချင်းအကောင်အထည်ဖော်ရမည်။

ယုံလဲ့ရပ်ကွက်သို့ ပြန်ရောက်ပြီးနောက် သူဌေးဖန်းက အခြားကုန်သည်များ အားလုံးကိုချက်ချင်း ဆင့်ခေါ်ကာ သူတို့၏ယုံကြည်ရဆုံး ဝန်ထမ်းများကို ခေါ်လာရန်တောင်းဆိုလိုက်သည်။

လင်းယုန်ပျံဂိုဏ်းကို တိုက်ခိုက်ရန် ဤလူများကို သူစုစည်းခိုင်းလိုက်ခြင်းမဟုတ်ပေ။ သူတို့တွင် ထိုသတ္တိ မရှိချေ။ သူလုပ်ချင်သည်မှာ ယုံလဲ့ရပ်ကွက်၏ဌာနချုပ်ကို မီးရှို့ရန်သာဖြစ်၏။

စကားပုံတစ်ခု ရှိသကဲ့သို့ပင်။ "သူတစ်ပါးရဲ့ကံဆိုးမှုကို အခွင့်ကောင်းယူပါ"

သူတို့၏နယ်မြေ မီးလောင်သွားသည်နှင့် လင်းယုန်ပျံဂိုဏ်းက မီးငြိမ်းသတ်ရန်အလုပ်ရှုပ်နေစဉ် မိုးပြာဝါးဂိုဏ်းက မီးတောက်များကိုမြင်သည်နှင့် ချက်ချင်းလှုပ်ရှားကြမည်ဖြစ်ပြီး ဖရိုဖရဲဖြစ်နေမှုကိုအခွင့်ကောင်းယူကာ ၎င်းတို့ကို သတ်ပစ်ကြလိမ့်မည်။

ညဉ့်နက်ချိန်တွင် သူဌေးဖန်းနှင့် သူ့လူများ၏သစ္စာရှိပြီး ယုံကြည်ရသော ဝန်ထမ်းအချို့နှင့်အတူ ယုံလဲ့ရပ်ကွက်ဌာနချုပ်ထံသို့ ရေနံဆီများ ယူဆောင်လာခဲ့ကြ၏။

ပညာပေးခန်းမ နှင့် ယုံလဲ့ရပ်ကွက်ဌာနချုပ်တို့မှာ ဘေးချင်းကပ်လျက်ရှိသဖြင့် သူတို့အတွက် ပို၍အချိန်သက်သာသွားစေသည်။

ညကားတိတ်ဆိတ်နေပြီး ပတ်ဝန်းကျင်ရှိဆိုင်များ အားလုံးပိတ်ထားကာ လမ်းပေါ်တွင်မီးအိမ် တစ်လုံးမျှပင် မရှိချေ။

ယခင်က ညဉ့်နက်ချိန်ပင်လျှင် ယုံလဲ့ရပ်ကွက်တွင် ဖွင့်ထားသောပြည့်တန်ဆာအိမ်များနှင့် စားသောက်ဆိုင်များများစွာ ရှိတတ်၏။ ပျော်ရွှင်ဖွယ်တောအုပ်ကဲ့သို့ မစည်ကားသော်လည်း အတော်လေး တက်ကြွနေဆဲပင်။

သို့သော် ရှားယွမ်တုန်းရောက်လာပြီးကတည်းက လမ်းပေါ်မှလူဆိုးလူမိုက်များနှင့် သူခိုး သေးသေးမွှားမွှားများပေါ်ပေါက်လာခဲ့ပြီး ဖောက်သည်များက ၎င်းသည် သူတို့၏စိတ်အခြေအနေကို ထိခိုက်စေကာ ဘေးကင်းမှုမရှိကြောင်း ညည်းညူကြသည်။

ထိုသို့ဖြင့် သူတို့က ယုံလဲ့ရပ်ကွက်ထက် အနည်းငယ်ပိုဝေးသော ပျော်ရွှင်ဖွယ်တောအုပ်သို့ သွားကြတော့သည်။

လုပ်စရာစီးပွားရေးမရှိသဖြင့် လူတိုင်းက စောစော ပိတ်လိုက်ကြရာ သူဌေးဖန်းနှင့် သူ၏အဖွဲ့အတွက် အဆင်ပြေစေခဲ့သည်။

ဤနေရာကိုစောင့်ကြပ်နေသူ တစ်ယောက်ယောက်သာ သေချာပေါက်ရှိမည်ဟု သူဌေးဖန်းမူလက ထင်မှတ်ထားခဲ့သော်လည်း သူ ရောက်လာသောအခါ မည်သူမျှ မရှိခဲ့ပေ။ ၎င်းမှာ ကျားကို တောင်ပေါ်သိို့မြှူဆွယ်မည့် သူ၏မူလအစီအစဉ်မှာ သုံးစရာမလိုတော့ကြောင်းသေချာသွားစေ၏။

တကယ်တမ်းတွင် ဌာန၌ညစောင့် တစ်ယောက်ရှိထားသင့်သော်လည်း ရှားယွမ်တုန်း၏လူများမှာ စည်းကမ်း မရှိကြပေ။

ရှားယွမ်တုန်းအိပ်ပျော်နေလောက်ပြီဟု သူတို့ ခန့်မှန်းပြီးနောက် ခိုးအိပ်ရန်နေရာတစ်ခု ရှာပြီး အလုပ်မှနားလိုက်ကြသည်။ ၎င်းက သူဌေးဖန်းနှင့် သူ၏လူများအတွက် အခွင့်အရေးဖြစ်လာစေခဲ့၏။

All Chapters