← Chapters

အခန်း ၁၉၂

Vol. 20 Ch. 192

အခန်း ၁၉၂

Vol. 20 Ch. 192

အခန်း (၁၉၂) အားနည်းချက်အား ဆုပ်ကိုင်ထားခြင်း

ထိုနေရာရှိ လူတိုင်းမှာ စတုတ္ထမင်းသားလေးကို ကြည့်ရင်း တစ်တွတ်တွတ် ပြောဆိုနေကြသည်။

အတွင်းခန်းထဲတွင်တော့ ယင်းကွေ့ဖင်ကို သန့်စင်ပေးပြီးသွားပြီ ဖြစ်သည်။

ထို့နောက် ယင်းကွေ့ဖင်က ပင်ပန်းနွမ်းနယ်နေသော အသံဖြင့် ပြောလိုက်လေသည်။

"အမေ စတုတ္ထမင်းသားလေးကို နို့ထိန်းဆီ အရင် ပို့လိုက်ပါ… ညီမလေးတို့ကိုလည်း နောက်ရက် ဒီအရှင်မ လန်းဆန်း‌တော့မှပဲ စကားပြောတော့မယ်"

သူမက ထိုသို့ ပြောလိုက်သဖြင့် အခြားလူများမှာ အားနာသွားကြလေတော့၏။

ထို့ကြောင့် တစ်ယောက်ပြီး တစ်ယောက် အလိုက်တသိပင် ဂုဏ်ပြုစကား ဆိုပြီးနောက် ထွက်ခွာသွားကြလေသည်။

စတုတ္ထမင်းသားလေးမှာလည်း လူအများ၏ အာရုံစိုက်ခြင်းကို ခံရပြီးနောက် နို့ထိန်းဆီသို့ ရောက်သွားတော့သည်။

ခန္ဓာကိုယ် ကျန်းမာသန်စွမ်းသောကြောင့် ဖြစ်မည်။ သူ၏ အစားအသောက် များများစားလေသည်။

နို့ထိန်းပင်လျှင် ဤမျှ နို့စို့သန်သော ကလေးမျိုးကို ရှားရှားပါးပါး တွေ့ဖူးသဖြင့် အံ့ဩနေရရှာ၏။

နို့ထိန်းက ချီးကျူးလိုက်သဖြင့် အမေဖြစ်သူမှာ ဝမ်းသာလွန်း၍ ပါးစပ်ပင် မပိတ်နိုင်တော့ချေ။

ယင်းကွေ့ဖင်မှာ ကလေးမွေးပြီးနောက် ခန္ဓာကိုယ် အားနည်းနေသဖြင့် အိပ်ပျော်သွားတော့သည်။

ယောင်ယွဲ့နန်းဆောင်တွင် ပျော်ရွှင်သံများ ပြည့်နှက်နေသော်လည်း အနီးရှိ ယွီရှူးနန်းဆောင် မှတော့ ပန်းကန်ခွက် ကျကွဲသံ များသာ ထွက်ပေါ်နေတော့သည်။

ယီဖေး၏ မျက်နှာပေါ်တွင် အမျက်ဒေါသများ ပြည့်နှက်နေသည်။ သူမသာ မိန်းမသား တစ်ယောက် မဟုတ်ခဲ့ဘဲ ယောက်ျားသားသာ ဖြစ်ခဲ့မည်ဆိုလျှင် သူမ၏ ယခုအခြေအနေက စစ်မြေပြင်မှ စစ်သူကြီးများပင် ယှဉ်နိုင်မည် မဟုတ်ချေ။

"မောင်ဝမ်းကွဲက တကယ့်ကို တုံးအတာပဲ အကုန်လုံး အဘွားက အလိုလိုက်ထားလို့သာ… ထောင်ထဲမှာ ကောင်းကောင်းမွန်မွန် နေပြီး အမှားကို ပြင်ဆင်ရင် အချိန်နည်းနည်းကြာတာနဲ့ လွတ်လာမှာကို ဘယ်က သတ္တိတွေနဲ့များ…"

သူမ၏ အေးစက်စက် အမူအရာမှာလည်း ယခုအခါ ထိန်းမထားနိုင်တော့ချေ။

အကယ်၍ ထိုတုံးအသော မောင်ဝမ်းကွဲသာ သူမရှေ့တွင် ရှိနေမည်ဆိုလျှင် သူမက အစောကြီးကတည်းက ကန်သတ်လိုက်မိမည်မှာ အသေအချာပင်။

လျိုမိသားစု၏ ဂုဏ်သတင်း ကျဆင်းမှုမှ ကာကွယ်စေရန် ဖြစ်၏။

ဘေးနားတွင် ရပ်နေသော ရွမ်မင်၏ မျက်နှာမှာ ဘာခံစားချက်မျှ မရှိသော်လည်း မျက်လုံးများကမူ ထူးဆန်းစွာ စူးရှနေပေသည်။

သူ၏ အမြင်တွင်တော့ အဘွား လုပ်ခဲ့သော ကိစ္စများမှာ တကယ့်ကို လွန်ကျူးလွန်းနေပြီ ဖြစ်သည်။

ရဲရဲတင်းတင်းပင် ထောင်စောင့်များကို လာဘ်ထိုးကာ တတိယသခင်လေးကို လူစားထိုးခဲ့သည်။ ယခုတော့ ထိုကိစ္စ ပေါက်ကြားသွားပြီး လူမိသွားခဲ့လေပြီ။

မူလက ပြစ်မှု ခုနစ်ချက်သာ ရှိသော်လည်း ယခုအခါ ပြစ်မှု ဆယ်ချက် ဖြစ်သွားတော့မည်။

အရှင်မင်းကြီးကလည်း ယခု ရှန်းကျင်းမြို့တော် ထဲတွင် မရှိသဖြင့် ဤသတင်းမှာ အရှင်မင်းကြီးထံ မရောက်သေးသည်မှာ သေချာလှသည်။

အကယ်၍များ ရောက်သွားခဲ့မည်ဆိုလျှင် သေဒဏ်ပေးသည့် အမိန့်တော်က တရားရေးဌာန ၏ အကျဉ်းထောင်ဆီသို့ ကြိမ်းသေ ရောက်လာလိမ့်မည်ဖြစ်သည်။

"အဘိုးဆီက သတင်းကော ဘယ်လိုနေလဲ အခုထိ ပြန်မရောက်သေးဘူးလား ဒီကိစ္စက ဘယ်လောက်ကြာနေပြီလဲ ဘာလို့ ဒီလောက် နှေးနေရတာလဲ"

"မယ်မယ်ကို လျှောက်တင်ပါတယ် ပုံမှန်ဆိုရင် တစ်လလောက်နေရင် အကြောင်းပြန်စာ ရသင့်နေပါပြီ ဒါပေမဲ့ အခုက အကြောင်းပြန်စာ မပြောနဲ့ မြို့စားမင်းက စာကို ရရော ရရဲ့လားဆိုတာတောင် ဒီအစေခံ စိတ်ပူနေမိတယ်"

မဟုတ်လျှင် လျိုမိသားစု၏ လျှို့ဝှက်သတင်းပေး ကွန်ရက်မှာ ဤမျှ နှေးကွေးနေမည် မဟုတ်ပေ။

အကြောင်းအရင်းကတော့ နှစ်မျိုး ရှိနိုင်ပေသည်။ တစ်ယောက်ယောက်က ကြားဖြတ် နှောင့်ယှက်ပြီး သတင်းကို ဖြတ်တောက်လိုက်၍ လုံးဝ မရောက်သွားခြင်း၊ သို့မဟုတ် အနောက်မြောက်ဘက်တွင် ပြဿနာတက်နေပြီး လျိုမိသားစု တပ်မတော် တစ်ခုလုံးက ဤနေရာကို အာရုံမစိုက်နိုင်တော့ခြင်းပင် ဖြစ်၏။

မည်သည့် အခြေအနေမျိုး ဖြစ်စေကာမူ သူတို့ မြင်တွေ့ချင်သော အရာများတော့ မဟုတ်ပေ။

ယီဖေးမှာ သူမ၏ ဒေါသများကို ထိန်းချုပ်လိုက်ရပြီး ယခုလက်ရှိတွင် ဤကိစ္စကို ဖြေရှင်းလိုက်သည်က အကောင်းဆုံးပင်။

မဟုတ်လျှင် အရှင်မင်းကြီးထံ ရောက်သွားပါက လျိုမိသားစု တစ်ခုလုံး ရှေ့ထွက်လာလျှင်တောင် အသုံးဝင်မည် မဟုတ်ချေ။

နောက်ကွယ်မှ နေ၍ စီမံခန့်ခွဲနေသော အဘွားဖြစ်သူကိုပါ ထိခိုက်သွားနိုင်ချေ ရှိပေသည်။

အကယ်၍ သူမပါ ပါဝင်ပတ်သက်ကြောင်း သိသွားလျှင်တော့ ရှန်းကျင်းမြို့တော် ရှိ လျိုမိသားစု၏ အရှိန်အဝါမှာ တကယ်ပင် ယိမ်းယိုင်သွားရပေလိမ့်မည်။

"ဒီကိစ္စကို ဘယ်သူက သိသွားတာလဲ"

"လင်မိသားစုရဲ့ မြေးဖြစ်သူ လင်ယန် ပါ သူက အခု တရားရေးဌာနမှာ အရာရှိအဖြစ် အမှုထမ်းနေတာပါ ကြားတာတော့ သူက အကျဉ်းထောင်ကို စစ်ဆေးတဲ့ အချိန်မှာ တွေ့သွားတာတဲ့ ဒါပေမဲ့ သူ အထက်ကို တင်ပြဖို့ ပြင်တဲ့ အချိန်မှာ ကျွန်တော်မျိုးမတို့ လူတွေက ကြားဖြတ် တားထားလိုက်တာပါ"

လင်မိသားစုလား။

ယီဖေးမှာ လေးလေးနက်နက် စဉ်းစားနေလေသည်။

လင်မိသားစုမှာ နန်းတွင်းတွင် သိပ်ပြီး ကြီးကျယ်ခမ်းနားလှသော မိသားစု မဟုတ်ဘဲ သာမန်မျှသာ ဖြစ်၏။

ယခုတော့ သူတို့မိသားစုမှ တရားမျှတပြီး ဖြောင့်မတ်သော မြေးတစ်ယောက် ထွက်ပေါ်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

သူ့အဒေါ် က လင်မိသားစုရဲ့ သမီးဆိုတော့ ဖေမိသားစုထဲကို လက်ထပ်သွားတဲ့ တစ်ယောက် မဟုတ်ဘူးလား။

ယင်းကွေ့ဖင်၏ မိခင်ပင် ဖြစ်လေသည်။

ယခုအခါ သူမက နန်းတော်ထဲတွင် သမီးဖြစ်သူကို ပြုစုပေးနေခြင်းပင်။

ထို့ကြောင့် ယီဖေး၏ ခေါင်းထဲတွင် အတွေးပေါင်းများစွာက လျင်မြန်စွာ ဖြတ်ပြေးသွားလေသည်။ ဤကိစ္စကို သူတို့သာ ကိုယ်တိုင် ဖြေရှင်းမည်ဆိုလျှင် လင်မိသားစုကို ဖိနှိပ်ထားရန်မှာ ပြဿနာ မရှိနိုင်ပေ။

သို့သော် ဖေမိသားစုကိုသာ အနှောင့်အယှက် ပေးမိလျှင် ဒုက္ခရောက်သွားနိုင်ပေသည်။

ဖေမိသားစု၏ ယခုလက်ရှိ အဓိက အားထားရသူမှာ လီပုလက်ထောက်အမတ် ပင် ဖြစ်၏။

သူ၏ ရာထူးမှာ မကြီး သော်လည်း အငယ်တန်းလည်း မဟုတ်သဖြင့် ပညာရှင်တိုင်းက အားကျရသော ရာထူးပင်။

အကယ်၍ အနည်းငယ် ထိခိုက်မိသည်နှင့် အရာအားလုံးကို ပျက်စီးသွားစေမည့် ကိစ္စမျိုး ဖြစ်ပြီး သတင်းပေးအရာရှိများထံ ရောက်သွားမည်ဆိုလျှင် ကိစ္စကို ကြီးကျယ်အောင် လုပ်ပစ်ကြမည်မှာ သေချာလှသည်။

ထို့ကြောင့် နူးညံ့သော နည်းလမ်းကိုသာ သုံးရပေမည်။

ယီဖေးက မရပ်မနား စဉ်းစားနေစဉ် အပြင်ဘက်မှ ရူယိ က တိတ်ဆိတ်စွာ ဝင်လာလေသည်။

"မယ်မယ် ယောင်ယွဲ့နန်းဆောင် က သတင်းပို့လာပါတယ် ယင်းကွေ့ဖင်မယ်မယ် ကလေးမွေးပြီတဲ့"

"မွေးပြီ ဟုတ်လား ဘယ်လိုဖြစ်ပြီး ဒီလောက် မြန်ရတာလဲ"

"ဟုတ်ပါတယ်"

"မင်းသားလေးလား"

ယီဖေးက ရူယိ၏ မျက်နှာ အခြေအနေကို ရိပ်မိသွားလေပြီ။

အကယ်၍ မင်းသမီးလေးသာ ဆိုလျှင် ရူယိ ဝင်လာကတည်းက ဤသတင်းကောင်းကို ပြောပြမည်မှာ အသေအချာပင်။ ယခုလို အချိန်အထိ စောင့်နေစရာ မလိုပေ။

"ဟုတ်ပါတယ် စတုတ္ထမင်းသားလေးပါ ကြားတာတော့ နန်းတွင်းရေးရာဌာန က အရှင်မင်းကြီးဆီကို သတင်းပို့ဖို့ လူလွှတ်လိုက်ပြီတဲ့"

"ကောင်းတာပေါ့ မင်းသားလေးဆိုတော့ ငါတို့ တာ့ဝေ့ပြည် အတွက် မျိုးဆက်သစ် နောက်ထပ် တစ်ယောက် တိုးလာတာပေါ့"

မျိုးဆက်သစ်ဟူသော စကားလုံး သုံးလုံး ယီဖေး၏ ပါးစပ်မှ ထွက်လာသောအခါ ရွမ်မင်နှင့် ရူယိတို့မှာ အနည်းငယ် အံ့ဩသွားကြလေသည်။

ကိုယ်ပိုင် နန်းဆောင်ထဲတွင် ပြောနေခြင်း ဖြစ်သော်လည်း ဤစကားမှာ အနည်းငယ် မလေးမစား လုပ်ရာ ရောက်နေပေသည်။

မည်သို့ပင်ဖြစ်စေ အရှင်မင်းကြီးမှာ ခွန်အားအပြည့် ရှိနေဆဲဖြစ်ရာ သူ၏ နောက်ကွယ်မှ အတင်း ပြောဆိုခြင်းမှာ အလွန် စောလွန်းနေသေးသည်။

ယီဖေး ဤသတင်းကို ကြားလျှင် သေချာပေါက် စိတ်တိုသွားမည်ဟု လူတိုင်းက ထင်ထားခဲ့ကြသည်။

သို့သော် သူမက အလွန်အမင်း ပြုံးရွှင်နေလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။

ထို့နောက် ယီဖေးက ရွမ်မင်ဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်လေသည်။

"ယင်းကွေ့ဖင်က စတုတ္ထမင်းသားလေးကို မွေးဖွားပေးခဲ့တာ ဆိုတော့ ငါတို့ တာ့ဝေ့ပြည် ရဲ့ ကျေးဇူးရှင်ပဲ မင်း လူလွှတ်ပြီး လက်ဆောင်ကြီး နှစ်ခု ပြင်ဆင်ခိုင်းလိုက်… တစ်ခုကို ဖေမိသားစုဆီ ပို့ပြီး နောက်တစ်ခုကို လင်မိသားစုဆီ ပို့လိုက်… သူတို့ကို ပြောလိုက် အခု အရှင်မင်းကြီးက နန်းတော်ထဲမှာ မရှိတော့ အရာအားလုံးကို ဒီအရှင်မကပဲ စီစဉ်ပေးရမှာ… အကယ်၍ ယင်းကွေ့ဖင်ရဲ့ အမေက နန်းတော်ထဲမှာ နောက်ထပ် ရက်အနည်းငယ်လောက် ဆက်နေပြီး ပြုစုပေးချင်တယ် ဆိုရင်လည်း ဒီအရှင်မ ခွင့်ပြုတယ်လို့ သွားပြောလိုက်…"

ဤစကားမှာ အဓိပ္ပာယ် နှစ်မျိုးရှိလေသည်။

အကယ်၍ အပြင်လူများသာ ကြားလျှင် အလွန် ကြီးကျယ်ခမ်းနားလှသည်ဟု ထင်သွားကြပေလိမ့်မည်။

သို့သော် ဖေမိသားစုနှင့် လင်မိသားစု က လူများသာလျှင် သူတို့၏ အားနည်းချက်ကို ဆုပ်ကိုင်ထားမှန်း နားလည်ကြပေမည်။

အကယ်၍ မင်းသမီးလေးသာ ဆိုလျှင် သူတို့က အလွယ်တကူ စွန့်လွှတ်နိုင်ကြမည်မှာ သေချာသည်။

သို့သော် ယခုအခါတွင်တော့ မျှော်လင့်ချက်များ အပြည့်ရှိနေသော မင်းသားလေး ဖြစ်နေပေသည်။

အရူးတစ်ယောက်ပင်လျှင် မည်သို့ ရွေးချယ်ရမည်ကို သိနိုင်ပေ၏။

သူမ ခေါင်းကိုက်ရသော ကိစ္စများမှာ အလွယ်တကူ ပြေလည်သွားမည်ကို တွေးမိသည်နှင့် ယီဖေးမှာ ယခုမှ မွေးခါစ စတုတ္ထမင်းသားလေးကို အချိန်ကိုက် ရောက်လာသည်ဟု အနည်းငယ် ခံစားလိုက်ရသည်။

ထို့ကြောင့် လင်မိသားစု ဤကိစ္စကို အထက်သို့ မတင်ပြသည်အထိ သူမက စတုတ္ထမင်းသားလေးနှင့် ယင်းကွေ့ဖင်တို့၏ ဘေးကင်းမှုကို သေချာပေါက် ကာကွယ်ပေးထားရမည် ဖြစ်၏။

မဟုတ်လျှင် သူတို့ကို ဓားစာခံအဖြစ် အသုံးချပြီး ဖေမိသားစုနှင့် လင်မိသားစု ကို သူမ မည်သို့ ခြိမ်းခြောက်နိုင်မည်နည်း။

အနှီးထဲတွင် နို့ဝဝစို့ပြီးနောက် ကောင်းစွာ အိပ်ပျော်နေသော စတုတ္ထမင်းသားလေးမှာ သူရောက်လာခြင်းက လူဘယ်နှယောက်၏ ကံကြမ္မာကို ပြောင်းလဲသွားစေခဲ့မှန်း လုံးဝ မသိရှာပေ။

နန်းတော် အပြင်ဘက်ရှိ လင်မိသားစုမှာတော့ ယခုအချိန်တွင် ဆူညံပွက်လောရိုက်နေလေပြီ။

လင်ယန်၏ စိတ်ဓာတ်မှာ ဖြောင့်မတ်လွန်းလှသည်။ သူ့ကို တရားရေးဌာနတွင် တာဝန်ခံ တစ်ယောက်အဖြစ် ခန့်အပ်လိုက်ခြင်းမှာ သူ၏ စိတ်ဓာတ်က ပြစ်မှုကျူးလွန်သူတွေကို အလွယ်တကူ စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ကြောင်း ထည့်သွင်း စဉ်းစားထားသောကြောင့်ပင်။

မည်သို့ပင်ဖြစ်စေ အကျဉ်းထောင်ထဲတွင် ရှိနေသူများမှာ ပြစ်မှုကျူးလွန်သူများသာ ဖြစ်သဖြင့် စိတ်အနှောင့်အယှက် ဖြစ်စေလျှင်လည်း အရေးမကြီးဟု တွေးခဲ့ကြခြင်း ဖြစ်၏။

သို့သော် သူက လျိုမိသားစု၏ ဤကဲ့သို့ ရှက်စရာကောင်းသော ကိစ္စကို တွေ့ရှိလိမ့်မည်ဟု မည်သူက သိနိုင်မည်နည်း။ တကယ့်ကို ပြဿနာကြီးပင်။

မူလက သူတို့အနေဖြင့် ဤကိစ္စကို ကြီးကျယ်အောင် လုပ်သင့် မလုပ်သင့် စဉ်းစားနေကြသေးသည်။ သို့သော် ယီဖေး၏ လက်ဆောင်ကြီး ရောက်လာပြီးနောက်တွင်တော့ လီပုလက်ထောက်အမတ် ကိုယ်တိုင်ပင် လင်ယန်ဆီသို့ ရောက်လာခဲ့လေပြီ။

"ယန်အာ ဒီကိစ္စကို လုံးဝ တင်ပြလို့ မရဘူးနော် မင်းရဲ့ အဒေါ်ရယ် မင်းရဲ့ အစ်မဝမ်းကွဲရယ် ပြီးတော့ အခုမှ မွေးထားတဲ့ စတုတ္ထမင်းသားလေးရယ် အကုန်လုံး နန်းတော်ထဲမှာ ရှိနေသေးတယ် လျိုမိသားစုကိုသာ အနှောင့်အယှက် ပေးမိရင် သူတို့အတွက် ဘယ်မှာ အသက်ရှင်လမ်း ရှိတော့မှာလဲ"

All Chapters