အခန်း ၂၀၀
Vol. 20 Ch. 200
အခန်း(၂၀၀) အပိုဆောင်းဇာတ်လမ်း - လေနှင်ရာလွင့်ပါသွားသော မိုးမခပန်းလေး (၂)
"ကျန်းနန် က ပညာသင် လိုပင်း… သခင်မ နဲ့ သခင်မလေးတို့ကို ဂါရဝပြုပါတယ်"
"အင်း… လိုပင်း က သခင်ကြီးရဲ့ အထူးဧည့်သည်ပဲ… အားနာနေစရာ မလိုပါဘူး"
သခင်မလန် က ဖော်ရွေသဖြင့် လိုပင်း အတွက် အနည်းငယ် သက်သောင့်သက်သာ ဖြစ်သွားစေသည်။
ထို့နောက်မှ ခေါင်းကို အနည်းငယ် မော့ကာ သူတို့နှစ်ဦးကို ကြည့်လိုက်လေ၏။
လိုပင်း က ကျန်းနန်သား ပီပီ တောင်ပိုင်းဒေသ၏ ကျက်သရေရှိပြီး ကြည်လင်သော အငွေ့အသက်များ ပါဝင်လာလေသည်။
မျက်နှာအသွင်အပြင်က ကျော့ရှင်းပြီး အပြုအမူများက ရဲရင့်ပြတ်သားသည်။
ယခုအချိန်တွင် ပညာသင် တစ်ဦးသာ ဖြစ်သော်လည်း သူ၏ စွမ်းရည်နှင့် ပညာဗဟုသုတများဟာ ဆိုလျှင် စာမေးပွဲ အောင်မြင်ရန်မှာ မခက်ခဲလှချေ။
ထို့ကြောင့် လန်အမတ်ကြီး က သူ့ကို မျက်စိကျသွားပြီး တပည့်အဖြစ် ကိုယ်တိုင် ရွေးခေါ်လာခဲ့ခြင်း ဖြစ်သည်။
လိုပင်းနှင့် လန်ရှန်းယာတို့ မျက်လုံးချင်း ဆုံချိန်တွင် သူတို့နှစ်ဦး အချင်းချင်း ရင်းနှီးသလို ခံစားလိုက်ရသည်။
လန်ရှန်းယာက လိုပင်းကို ကြည့်ရင်း မည်သို့သော ခံစားချက်မျိုး ဖြစ်ပေါ်နေမှန်း မပြောတတ်ပေ။ ဤသူနှင့် ယခင်က သိကျွမ်းခဲ့ဖူးသလို ခံစားနေရ၏။
ပန်းချီကားထဲမှ လူတစ်ယောက် စက္ကူပေါ်မှ ထွက်လာပြီး ရုတ်တရက် အသက်ဝင်လာသကဲ့သို့ပင်။
သို့သော် မိဘများ ရှိနေသဖြင့် သူမက ထုတ်မမေးရဲခဲ့ပေ။
အပြန်အလှန် ခေါင်းညိတ် နှုတ်ဆက်ပြီးနောက် လန်ရှန်းယာ သည် မိခင်ဖြစ်သူနှင့်အတူ အပြင်ဘက်သို့ ထွက်သွားလေသည်။
လိုပင်း ကလည်း လမ်းဖယ်ပေးပြီးနောက် လန်အမတ်ကြီး နှင့်အတူ အိမ်တော်ထဲသို့ ဝင်သွားတော့၏။
မြင်းလှည်း စီးရင်း အပြင်ကို ကြည့်လိုက်ရာ လမ်းတစ်လျှောက် ရှုခင်းများက ပန်းများနှင့် ပြည့်နှက်နေလေသည်။
ယခင်ကဆိုလျှင် လန်ရှန်းယာ က သေချာပေါက် စိတ်ဝင်တစား ကြည့်နေမည် ဖြစ်သည်။
သို့သော် ယနေ့တွင်တော့ သူမ၏ စိတ်အာရုံများ အားလုံးက စောစောက အမျိုးသား အပေါ်တွင်သာ ကျရောက်နေလေ၏။
သူက ကျန်းနန် မှ လာသူဖြစ်ပြီး သူမကိုယ်တိုင်ကလည်း ကျန်းနန်ဒေသကို သဘောကျသူဖြစ်သဖြင့် ဤသို့ တွေးနေမိခြင်း ဖြစ်နိုင်ပေသည်။
ခေါင်းခါလိုက်ပြီး ထိုအတွေးများကို ခေါင်းထဲမှ ဖယ်ထုတ်လိုက်ပြီးနောက် မျက်ဝန်းများက ပြန်လည် ကြည်လင်လာတော့သည်။
မြင်းလှည်းပေါ် ရောက်သည်နှင့် မျက်လုံးမှိတ်ကာ အနားယူနေသော သခင်မလန် ကတော့ သမီးဖြစ်သူကို သတိမထားမိခဲ့ပေ။
ကျန်းပေါင်ဆိုင် အတွင်းတွင် လန်ရှန်းယာ က သိပ်ပြီး စိတ်ဝင်စားမှု မရှိနေလေချေ။
ပစ္စည်းများ အားလုံးက ကောင်းမွန်သော်လည်း ထိုဝတ်ရုံနှင့် တွဲဖက်လိုက်ပါက အနည်းငယ် မလိုက်ဖက်သလို ဖြစ်သွားပေလိမ့်မည်။
ဝတ်ရုံက မူလကတည်းက ပန်းထိုးများဖြင့် ပြည့်နေပြီ ဖြစ်ရာ လက်ဝတ်ရတနာပါ ထပ်ထည့်လိုက်လျှင် လူများကို ဘယ်နေရာ ကြည့်ရမှန်း မသိ ဖြစ်သွားစေနိုင်သည်။
ထို့ကြောင့် မေးလိုက်လေ၏။
"ဆိုင်ရှင်… ရိုးရိုးရှင်းရှင်းနဲ့ ကျက်သရေရှိတဲ့ လက်ဝတ်ရတနာလေးတွေ မရှိဘူးလား… ရွှေတွေ ကျောက်စိမ်းတွေ မဟုတ်လည်း ရတယ်… ပန်းနဲ့လိပ်ပြာပုံလေးတွေဆို ပိုကောင်းတယ်"
ဆိုင်ရှင်မှာ ချမ်းသာသော မိသားစုများနှင့် အရောင်းအဝယ် လုပ်ဖူးသူဖြစ်ရာ သူမတို့က မဝယ်နိုင်၍ မဟုတ်ဘဲ ပန်းထိမ်ပိုင်းဆိုင်ရာ ပိုမို မြင့်မားသော တောင်းဆိုမှု ရှိနေခြင်းဖြစ်ကြောင်း သိရှိလိုက်လေသည်။
ထို့ကြောင့် ပြုံးလိုက်ပြီး အတွင်းခန်းထဲမှ ပိုမို သပ်ရပ်လှပသော လက်ဝတ်ရတနာ တစ်စုံကို ယူထုတ်လာခဲ့သည်။
ထိုလက်ဝတ်ရတနာမှာ ကျောက်စိမ်းရောင်ရှိသော ကျောက်များနှင့် ပုလဲလုံးများ စီခြယ်ထားပြီး ပုံစံမှာလည်း လိပ်ပြာနှင့် ပန်းတို့၏ အချစ်ဇာတ်လမ်းကို အဓိက ဖန်တီးထားခြင်း ဖြစ်သည်။
ကျောက်စိမ်းကို အသုံးပြုကာ အသေးစိတ် အစိတ်အပိုင်းများ အစ အလွန် ဂရုတစိုက် ထွင်းထုထား၏။
တစ်ချက် ကြည့်လိုက်ရုံနှင့် တန်ဖိုးကြီးမားမှန်း သိသာလှပေသည်။
လန်ရှန်းယာ က တစ်ချက် ကြည့်လိုက်ပြီး မိခင်ဖြစ်သူကိုလည်း လှမ်းကြည့်လိုက်သည်။
ထို့နောက်မှ အနည်းငယ် ဝမ်းသာအားရဖြင့် ပြောလိုက်လေ၏။
"ဒါလေး မဆိုးဘူး"
သခင်မလန် လည်း သူမ၏ သမီးဖြစ်သူက ဤပစ္စည်းကို သဘောကျနေမှန်း သိလိုက်သဖြင့် ချက်ချင်းပင် ဝယ်ယူရန် ဆုံးဖြတ်လိုက်လေသည်။
ဆံထိုး တစ်ချောင်းနှင့် နားကပ် တစ်စုံအတွက်ကိုပင် ငွေစ ခုနစ်ရာ တိတိ ကျသင့်လေသည်။
သခင်မလန်မှာ အနည်းငယ် နှမြောမိသော်လည်း ယခုအချိန်တွင် သမီးဖြစ်သူ ပျော်လျှင် ရပြီဟုသာ တွေးလိုက်မိ၏။
ရွေးချယ်ပြီးစီးသွားသောအခါ သားအမိ နှစ်ယောက် အိမ်ပြန်ရန် ပြန်လည် ထွက်ခွာလာခဲ့ကြသည်။
ဤတစ်ကြိမ်တွင်တော့ လန်ရှန်းယာ က ရှားရှားပါးပါး အိမ်ပြန်ချင်စိတ် အလွန် ပြင်းပြနေလေသည်။
သူမ၏ ခြံဝင်းငယ်လေးထဲ ပြန်ရောက်သောအခါ သစ်ရွက် လှုပ်သံပင် မကြားရဘဲ တိတ်ဆိတ်နေ၏။
သို့သော် အစေခံများ၏ တီးတိုးစကားပြောသံများကြောင့် သူမ၏ စူးစမ်းချင်စိတ် ဖြစ်ပေါ်လာတော့သည်။
"သခင်မလေး… ကျွန်မတို့ အိမ်တော်ထဲကို အရမ်း တော်တဲ့ ပညာသင် တစ်ယောက် ရောက်လာတယ်တဲ့… စာသင်တဲ့အခါ သခင်ကြီးတောင် သူ့ကို ချီးကျူးရတယ်လို့ ကြားတယ်"
ပြောသူမှာ ကျွေ့ယွင် ဖြစ်ပြီး သူမက အိမ်တော်ထဲတွင် နေရစ်ခဲ့ကာ လန်ရှန်းယာ နှင့်အတူ အပြင်မထွက်ခဲ့ရပေ။ မဟုတ်လျှင် ထို သူကို သူမလည်း တွေ့ရှိလိမ့်မည်ဖြစ်သည်။
မူလက တည်ငြိမ်နေသော လန်ရှန်းယာ ၏ စိတ်က ရုတ်တရက် ပြန်လည် နိုးကြားလာတော့၏။
နောက်ဆုံးတွင်တော့ မထိန်းနိုင်တော့ဘဲ မေးလိုက်လေသည်။
"သူ ဘာတွေ ပြောလို့ အဖေက ဒီလောက်တောင် သဘောကျသွားရတာလဲ"
"အသေးစိတ်ကိုတော့ ဒီအစေခံလည်း မသိပါဘူး… ကြားတာတော့ ကျန်းနန် နဲ့ ပတ်သက်တဲ့ အကြောင်းတွေ အများကြီး ပြောပြတယ်တဲ့… ဒါကြောင့် သခင်ကြီးက အထူး သဘောကျနေတယ် ထင်တာပဲ"
ကျန်းနန်။ နောက်ထပ် ကျန်းနန် ပဲ။
လန်ရှန်းယာ က မူလကတည်းက ကျန်းနန် အပေါ် စူးစမ်းလိုစိတ် ပြည့်နှက်နေသူဖြစ်ရာ ယခု ကျန်းနန်ဒေသမှ လူတစ်ယောက် ရောက်လာပြီး ပညာလည်း အလွန် တတ်မြောက်နေသဖြင့် စူးစမ်းလိုစိတ်မှာ ပို၍ ပြင်းပြလာတော့သည်။
အပျိုစင် အခန်းထဲတွင် အကြာကြီး နေခဲ့ရ၍ ဖြစ်မည်။ ဤစိတ် ပေါ်လာသည်နှင့် တားမရဆီးမရ ဖြစ်ကာ မေ့ပျောက်ရန် ခက်ခဲနေတော့၏။
ရက်အတော်ကြာ အိပ်မပျော်ဘဲ လူးလှိမ့်နေရသည်။
လန်ရှန်းယာ က အားလပ်ချိန်တွင် လတ်ဆတ်သော သစ်သီးတစ်ပန်းကန် ကိုင်လျက် အစ်ကိုကြီး ရှိရာ ခြံဝင်းဆီသို့ ထွက်လာခဲ့သည်။
လိုပင်း ကလည်း ယခုအချိန်တွင် ထိုခြံဝင်းထဲ၌ ရှိနေလေသည်။
ဤသည်မှာ သူတို့နှစ်ဦး ဒုတိယအကြိမ် တွေ့ဆုံခြင်းပင်။
အေးစိမ့်သော ထင်းရှူးပင်အောက်တွင် လိုပင်း က ဓားရေးကျင့်နေလေသည်။
သူက အားနည်းသော ပညာသင် တစ်ယောက် မဟုတ်ပေ။ ဓားရေး ကစားရာတွင် အလွန် ပြောင်မြောက်လှသည်။
ပန်းတွေ ကြွေကျနေသည် မဟုတ်သော်လည်း လန်ရှန်းယာ ကတော့ ငေးမောစွာ ကြည့်နေမိ၏။
ဓားရေး တစ်ကွက် ပြီးဆုံးသွားသောအခါမှ လိုပင်း လည်း ရပ်လိုက်တော့သည်။
လှည့်ကြည့်လိုက်ချိန်တွင် တံခါးဝရှိ လူတစ်ယောက်က သူ့ကို ကြည့်နေကြောင်း တွေ့လိုက်ရ၏။
နဖူးပေါ်ရှိ ချွေးများကို ခပ်ဖွဖွ သုတ်လိုက်ပြီးနောက် ရှေ့သို့ လျှောက်သွားလိုက်သည်။
"လိုပင်း သခင်မလေးလန် ကို ဂါရဝပြုပါတယ်"
"လိုပင်း အားနာစရာ မလိုပါဘူး… ငါ အစ်ကိုကြီးကို လာရှာတာ… သူနဲ့ တိုင်ပင်စရာ ကိစ္စလေး ရှိလို့"
"ဪ… သခင်မလေး လာတာ လွဲသွားပြီ… ပထမသခင်လေးလန် က အပြင်ထွက်သွားတယ်… မိတ်ဆွေတွေက ဖိတ်လို့တဲ့… နှစ်နာရီ သုံးနာရီလောက် နေမှ ပြန်ရောက်မယ်လို့ ပြောသွားတယ်"
သူက အတော်လေး လူမှုဆက်ဆံရေး ကောင်းမွန်လှသည်။ အိမ်တော်ထဲ ရောက်သည်မှာ ရက်ပိုင်းပဲ ရှိသေးသော်လည်း အစ်ကိုကြီး နှင့် ဤမျှ ရင်းနှီးနေပြီ ဖြစ်သည်။
အပြင်ထွက်တာတောင် အချိန်တွေကို သူ့ကို ပြောသွားရသည့် အထိပင်။
လန်ရှန်းယာ စိတ်ထဲတွင် အတော်ပဲဟု တွေးကာ ကြိတ်ပျော်သွားမိသည်။ မည်သို့ပင်ဖြစ်စေ သူမက အစ်ကိုကြီးကို အကြောင်းပြချက် လုပ်ထားခြင်းသာ ဖြစ်သည်။
သူ၏ နီမြန်းနေသော မျက်နှာနှင့် နဖူးပေါ်ရှိ ချွေးသီးချွေးပေါက်များကို မြင်လိုက်ရသည်။
ပဝါကို လှမ်းပေးလိုက်ပြီး အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြောလိုက်လေ၏။
"လိုပင်း ချွေးသုတ်လိုက်ပါဦး… အခုက ဒုတိယလပိုင်းပဲ ရှိသေးတယ်… တကယ်လို့ အအေးပတ်ပြီး ဖျားသွားရင် ပိုဆိုးလိမ့်မယ်"
လိုပင်း အနည်းငယ် အံ့ဩသွားသည် လန်မိသားစု၏ သခင်မလေးက ဤသို့ ပြုမူလိမ့်မည်ဟု မထင်ထားခဲ့ချေ။
သို့သော် သူမ၏ ရဲရင့်ပြတ်သားသော ပုံစံကို မြင်လိုက်ရသောအခါ သူလည်း သတိမထားမိဘဲ လှမ်းယူလိုက်မိသည်။
"ကျေးဇူးတင်ပါတယ် သခင်မလေး"
တစ်ယောက်က အပျိုစင် မိန်းကလေး ဖြစ်ပြီး တစ်ယောက်က အပြင်လူ အမျိုးသား ဖြစ်သည်။
သူတို့နှစ်ဦး အမိုးတစ်ခုတည်းအောက်တွင် အကြာကြီး နေရန် မသင့်တော်သဖြင့် လန်ရှန်းယာ က အကြောင်းပြချက် တစ်ခု ရှာကာ ပြန်ထွက်သွားလေတော့သည်။
လန်ရှန်းယာ ထွက်သွားသော ကျောပြင်ကို ကြည့်ရင်း လိုပင်း ၏ လက်ထဲတွင် ဆုပ်ကိုင်ထားသော ထိုပဝါလေးမှ သင်းပျံ့သော ရနံ့လေးက သူ၏ နှာခေါင်းထဲသို့ လွင့်ပျံလာသဖြင့် တစ်ခဏမျှ မိန်းမောသွားရလေ၏။
ဒုတိယလပိုင်း ကုန်ဆုံးသွားပြီး ဆောင်းရာသီ နှင်းများလည်း အရည်ပျော်သွားပြီဖြစ်ကာ အရာရာတိုင်းက အသစ်ပြန်လည် လန်းဆန်းလာတော့သည်။
နွေဦးရာသီ၏ တက်ကြွသော အငွေ့အသက်များ စတင် ဖြစ်ပေါ်လာလေပြီ။
လန်ရှန်းယာ က ရွေးချယ်ခံရမည့် ကိစ္စရှိသဖြင့် ဘယ်ကိုမှ သွားခွင့် မရှိပေ။
လိုပင်း နှင့် အခြား ပညာသင် နှစ်ယောက်ကလည်း စာမေးပွဲအတွက် ပြင်ဆင်နေရသဖြင့် လန်မိသားစု အိမ်တော်တွင်သာ နေထိုင်ကြပြီး အပြင်ထွက်ခဲလှသည်။
နေ့ရောညပါ မနားမနေ စာကျက်နေကြသည်။
စာမေးပွဲ အောင်မြင်ခြင်းမှာ ယခုအချိန် အပေါ်တွင်သာ မူတည်နေလေပြီ။
ထို့ကြောင့် မည်သူမျှ ပေါ့ပေါ့ဆဆ မနေရဲကြပေ။
ပဝါလေးကို အရင်ရက်ကတည်းက လျှော်ဖွပ်ထားပြီး ဖြစ်သော်လည်း ပြန်ပေးရန် အခွင့်အရေး မရမရှိသေးချေ။
လိုပင်း က အတွေးများသူ မဟုတ်သော်လည်း ညနက်သန်းခေါင် အချိန်များတွင်တော့ တစ်ခါတရံ တွေးမိတတ်သည်။
နေရာတစ်နေရာ၊ ခြံဝင်းနှစ်ခု၊ သူတို့နှစ်ဦး နှစ်ကြိမ်သာ တွေ့ဆုံခဲ့ရသော်လည်း ရင်ထဲတွင် စွဲထင်နေပြီး ဖြတ်၍ မရသည့် ကြိုးတစ်ခု ဖြစ်လာခဲ့သလိုပင်။
လေးငါးရက် ကြာပြီးနောက် ထိုအကြောင်းမှာ ပေါက်ကြားသွားလေသည်။
ပထမသခင်လေး လန်က လန်ရှန်းယာ ကို စာကြည့်ခန်းသို့ ခေါ်ဆောင်လာလေသည်။
ဝင်သွားသည်နှင့် တင်းကျပ်စွာ တုပ်နှောင်ခံထားရသော လိုပင်း ကို မြင်လိုက်ရပြီး သူ၏ မျက်နှာပေါ်၌ ညိုမည်းနေသော ဒဏ်ရာအချို့ကို တွေ့လိုက်ရ၏။
လန့်ဖျပ်သွားပြီး စိုးရိမ်တကြီး ဖြစ်သွားရသည်။
"လိုပင်း ဘာဖြစ်တာလဲ… ဘယ်သူက ရှင့်ကို ဒီလိုပုံစံ ဖြစ်အောင် ရိုက်လိုက်တာလဲ"
သူ ပြန်ဖြေရန်ပင် မစောင့်နိုင်တော့ပေ။
ဘေးနားတွင် ရပ်နေသော ပထမသခင်လေးလန် က သူ့ကို ခြေထောက်ဖြင့် တစ်ချက် ကန်ချလိုက်ပြီး မျက်နှာကို နင်းကာ ပြောလိုက်လေသည်။