← Chapters

အခန်း ၂၀၃

Vol. 21 Ch. 203

အခန်း ၂၀၃

Vol. 21 Ch. 203

အခန်း(၂၀၃) စုံစမ်းခြင်း

"ယင်းကွေ့ဖင် ကို ယင်းဖေး အဖြစ် ရာထူးတိုးပေးလိုက်ပါ… ရာထူးအပ်နှင်းပွဲကိုလည်း နှစ်သစ်ကူးအကြိုညမှာပဲ လုပ်လိုက်ပါ"

"ဟုတ်ကဲ့ပါ"

အရှင်မင်းကြီး လုံးဝ စိတ်အေးသွားမှသာ သုန်ယွီကျုံး က ခြေဖွဖွဖြင့် ထွက်သွားလေသည်။

ယင်းကွေ့ဖင် က ဖေး အဆင့် ရာထူးတိုးပြီး စတုတ္ထမင်းသား ကိုလည်း မွေးဖွားထားသေးရာ မကြာမီ အရှိန်အဝါ ကြီးမားလာတော့မည် ဖြစ်သည်။ ဤသည်က မောင်းမဆောင် ၏ အခြေအနေကို အနည်းငယ် ထိန်းပေးနိုင်ပေသည်။ သုန်ယွီကျုံး ထိုသို့ တွေးလိုက်မိ၏။

စတုတ္ထမင်းသား သည် မောင်းမဆောင် ကိစ္စများနှင့် ပတ်သက်၍ ဝင်မပြောသင့်သဖြင့် ဘေးတွင် တိတ်ဆိတ်စွာ ရပ်ကာ အရှင်မင်းကြီး အမိန့်ပေးသည်ကို နားထောင်နေလိုက်သည်။ အားလုံး စီစဉ်ပြီးသွားသည့်အခါ အရှင်မင်းကြီး ၏ မျက်ဝန်းထဲမှ ဝမ်းနည်းမှုများဟာ ပျောက်ကွယ်သွားပြီး ချက်ချင်းပင် ရှင်းလင်းပြတ်သားသွားလေသည်။

"ကိုယ်တော် ဒီနေရာမှာ ဦးရီးတော် ကို စောင့်နေတာ ကြာပြီ"

စတုတ္ထမင်းသား က ထိုစကားကို ကြားသောအခါ အလွန် သိချင်သွားမိသည်။ အရှင်မင်းကြီး က လန်ကွေ့ဖေး သေဆုံးသွား၍ ဝမ်းနည်းပြီး ခရီးစဉ် ရပ်တန့်နေတာ မဟုတ်ဘူးလား။ အရှင်မင်းကြီး ပြောပုံအရဆိုလျှင် တစ်ခုခု မှားနေသလိုပင်။ ထို့ကြောင့် မျက်နှာထား လေးနက်သွားလေသည်။

"အရှင်မင်းကြီး က ဘာကို ဆိုလိုတာလဲ"

"ဒီတစ်ခေါက် ထိုက်ဆန်းတောင် ရဲ့ ထူးဆန်းတဲ့ သတင်းက ကျန်းမင်းသား ဆီကနေ ထွက်လာတာ… တာ့ဝေ့ပြည် ရဲ့ ကံကြမ္မာနဲ့ သက်ဆိုင်နေတော့… ကိုယ်တော် ကိုယ်တိုင် လာရတာပေါ့… ဒါပေမဲ့ မကြာသေးခင်က နန်းတွင်းမှာ ရှုပ်ထွေးတဲ့ ကိစ္စတချို့ ဖြစ်ခဲ့တယ်… အကြာကြီး စုံစမ်းတာတောင် အဖြေမပေါ်ဘူး… ဒါကြောင့် စတုတ္ထဦးရီးတော် ကို သေချာခေါ်ပြီး ကူညီစုံစမ်းခိုင်းရတာပါ"

"ဘာ ရှုပ်ထွေးတဲ့ ကိစ္စတွေလဲ"

"ကိုယ်တော် မကြာသေးခင်က မင်ကွေ့ရန် တစ်ယောက်ကို အသစ်ရခဲ့တယ်… အနောက်မြောက်ဘက်မှာ မွေးပေမယ့် တုန်းကျိုး မြို့မှာ ကြီးပြင်းလာတာ… သူက မိဖုရားခေါင်ကြီးရွှီ ပုံစံမျိုး ဟန်‌ဆောင်ပြီး ကိုယ်တော့်ရဲ့ မျက်နှာသာပေးမှုကို ရချင်နေတာ… တစ်ချက်ကြည့်လိုက်တာနဲ့ တုန်းကျိုး က ရွှီမိသားစု ရဲ့ အကြံဆိုတာ သိသာတယ်… အရင်တုန်းက မိဖုရားခေါင်ကြီးရွှီ ကွယ်လွန်သွားတော့… ရွှီမိသားစု က နန်းတွင်းကို နောက်ထပ် လူပို့ခွင့် မရှိတော့ဘူး… ဒါကြောင့် သူတို့ မင်ကွေ့ရန် ကို အသုံးချနေတာက တခြား အကြောင်းအရင်း ရှိနေနိုင်တယ်… ဒါကြောင့် ကိုယ်တော် လူလွှတ်ပြီး တုန်းကျိုး က ရွှီမိသားစု ရဲ့ အခြေအနေကို စုံစမ်းခိုင်းလိုက်တာ… မထင်မှတ်ဘဲ ရွှီမိသားစု က မင်ကွေ့ရန် ကို နန်းတွင်းပို့ရတဲ့ အကြောင်းအရင်း အမှန်ကို တွေ့လိုက်ရတယ်"

​စတုတ္ထမင်းသား က အရှင်မင်းကြီး ၏ မျက်နှာထား တဖြည်းဖြည်း လေးနက်လာသည်ကို မြင်ပြီး ဤကိစ္စများနှင့် ပတ်သက်၍ အလွန် သံသယဝင်နေမိသည်။ လွန်ခဲ့သော သုံးနှစ်က ကွယ်လွန်သွားသော မိဖုရားခေါင်ကြီးရွှီ နှင့် ဘယ်လိုလုပ်ပြီး ပတ်သက်နေရသနည်း။

​"အရှင်မင်းကြီး… အကြောင်းအရင်းက ဘာလဲ"

​"ရွှီမိသားစု က မိဖုရားခေါင်ကြီးရွှီ လုပ်ကြံခံရတာပါဆိုပြီး အခိုင်အမာ ပြောနေကြတယ်"

​စတုတ္ထမင်းသား အလွန် အံ့အားသင့်သွားရ၏။ တိုင်းပြည်တစ်ပြည်၏ မိဖုရားခေါင်ကြီး တစ်ပါး လုပ်ကြံခံရသည် ဟူသော စကားမှာ မဖြစ်နိုင်ပေ။ အကယ်၍ တကယ်သာ ဖြစ်ခဲ့လျှင် လုပ်ကြံသူ၏ မျိုးဆက်ကိုးဆက်လုံးကို သုတ်သင်ပစ်ရမည် ဖြစ်သည်။ မည်သူက ဤမျှ သတ္တိရှိပြီး ဤမျှ ကြီးမားသော ဆုံးဖြတ်ချက်မျိုးကို ချရဲသနည်း။ ခေတ္တမျှ သူလည်း တွေးတောနေမိတော့သည်။

​"ရွှီမိသားစု မှာ သက်သေ ရှိလို့လား"

​"မရှိဘူး… အရင်တုန်းက မိဖုရားခေါင်ကြီးရွှီ ကို ပြုစုခဲ့တဲ့ လင်မားမား နဲ့ စွန်းကုန်းကုန်း တို့က အသက်ကြီး‌တော့ ကျန်းမာရေးမကောင်းလို့ ဇာတိကို ပြန်သွားကြပြီ… ကျန်တဲ့ အဆင့်မြင့်အပျိုတော် လေးယောက်ကလည်း ဘုရင့်ဂူဗိမာန်ကို ဝင်သွားပြီး… မိဖုရားခေါင်ကြီး ရဲ့ ခေါင်းတလားနားမှာ ဘုရားတရား လုပ်ပြီး နေနေကြတယ်… ဒါပေမဲ့ လွန်ခဲ့တဲ့ တစ်နှစ်က စွန်းကုန်းကုန်း သေသွားတယ်"

အသက်ကြီးနေပြီဖြစ်ရာ ကျန်းမာရေးမကောင်းတော့သဖြင့် သေဆုံးခြင်းက ကြီးကျယ်သော ကိစ္စတော့ မဟုတ်ပေ။ ဘာကြောင့်များ ရွှီမိသားစု က ဤသို့ တွေးရသနည်း။

​"ဒါဆို စွန်းကုန်းကုန်း မသေခင်က သူတို့အတွက် တစ်ခုခု ထားခဲ့လို့လား"

​အရှင်မင်းကြီး က ခေါင်းခါပြလိုက်သည်။ ဤကိစ္စကို သူ သိပ်မသိပေ။ အများစုက လျှို့ဝှက်စုံစမ်းရေးဌာန က စုံစမ်းလာခြင်း ဖြစ်သည်။

​ရွှီမိသားစု က စွန်းကုန်းကုန်း နှင့် တွေ့ဆုံပြီးနောက် မိဖုရားခေါင်ကြီးရွှီ သည် လုပ်ကြံခံရခြင်း ဖြစ်သည်ဟု အခိုင်အမာ ပြောဆိုလာကြကြောင်းကိုသာ သိလေသည်။ ထို့ကြောင့် နည်းလမ်းမျိုးစုံ သုံးကာ မင်ဟန်ကျိ ကို နန်းတွင်းသို့ ပို့ပြီး အရှင်မင်းကြီး ရှေ့တွင် တရားမျှတမှု တောင်းဆိုချင်ခြင်း ဖြစ်သည်။

​သို့သော် သူတို့ မထင်ထားသည်မှာ မင်ကွေ့ရန် က ရာထူးမြန်မြန် တက်လာသော်လည်း ဝမ်းနည်းစရာမှာ ဒိုင်းကာ တစ်ခုသာ ဖြစ်နေခြင်းပင်။ အရှင်မင်းကြီး နှင့် စကားပြောခွင့်ပင် မရပေ။

​ထို့ကြောင့် ယခုတစ်ခေါက် ထိုက်ဆန်းတောင် သို့ လာသည့် အကြောင်းပြချက်ဖြင့် ဤကိစ္စကို စုံစမ်းရန် စတုတ္ထမင်းသား ကို သေချာခေါ်လာခြင်း ဖြစ်သည်။

​အကယ်၍ ဒီသတင်းသာ အမှားဖြစ်နေလျှင် ရွှီမိသားစု နှင့် မင်ကွေ့ရန် ကို ဒီတိုင်း လွှတ်ထား၍ မရပေ။ အကယ်၍သာ အမှန်ဖြစ်နေလျှင် မိဖုရားခေါင်ကြီး ကိုတောင် သတ်ရဲမှတော့ ပထမမင်းသား နှင့် ဒုတိယမင်းသား တို့ကိုပါ ရည်ရွယ်ချက် ရှိရှိ လုပ်ခဲ့ခြင်းများလား။ ဤအကြောင်းများကို တွေးမိသည်နှင့် အရှင်မင်းကြီး သည် အလွန် ဒေါသထွက်လာရ၏။ သို့သော် ဒေါသကို အောင့်ထားပြီး အရာအားလုံးကို ပုံမှန်လို ဟန်ဆောင်ထားရလေသည်။

​စတုတ္ထမင်းသား သည် အရှင်မင်းကြီး ၏ ထိုကဲ့သို့သော မျက်နှာထားကို မြင်သောအခါ ရင်ထဲတွင် နားလည်သွားလေသည်။ ချက်ချင်းပင် မျက်နှာထား လေးနက်စွာဖြင့် လက်အုပ်ချီကာ ပြောလိုက်၏။

​"အရှင်မင်းကြီး စိတ်ချပါ… ဒီအမတ်အိုကြီး က အစွမ်းကုန် ကြိုးစားပြီး ဒီကိစ္စကို ရှင်းလင်းအောင် စုံစမ်းပေးပါ့မယ်"

​"ဒါဆိုရင်လည်း ဦးရီးတော် ကိုပဲ ဒုက္ခပေးရတော့မယ်"

​စတုတ္ထမင်းသား က အနည်းငယ်မျှ ငြင်းဆန်ခြင်း မရှိဘဲ ခေါင်းညိတ်ပြလိုက်သည်။ ဤကိစ္စတွင် တော်ဝင်မိသားစု၏ လျှို့ဝှက်ချက် အများအပြား ပါဝင်နေမည် မှန်သော်လည်း သူက မကြောက်ပေ။ ဤကဲ့သို့ လှည့်ကွက်များက သူ့ရှေ့တွင်တော့ ဘာမှ မဟုတ်ပေ။

​အခန်းထဲတွင် ဦးလေးနှင့် တူ နှစ်ယောက်သည် ရွှီမိသားစု ကိစ္စနှင့် ပတ်သက်၍ အတော်ကြာအောင် ဆွေးနွေးနေကြလေသည်။

​အပြင်ဘက်တွင် ရပ်နေသော ကိုယ်ရံတော်များမှာလည်း တစ်ယောက်ချင်းစီကို လုံခြုံရေး တင်းကျပ်ထားကြသည်။ လင်ရှင်းကျစ် သည် ဤတော်ဝင်ချပ်ဝတ်စစ်တပ် ထဲ ဝင်ပြီးကတည်းက နောက်ဆုံးတော့ နေရာရလာခဲ့လေပြီ။ စတုတ္ထမင်းသား ၏ ချီးကျူးမှုကို အကြိမ်ကြိမ် ရရှိခဲ့ပြီး ဖြစ်သည်။ မဟုတ်လျှင် ဤမျှ မြန်မြန် ရာထူးတက်လာမည် မဟုတ်ပေ။

​ယခု ကိုယ်ရံတော် ဖြစ်နေဆဲဟု ဆိုသော်လည်း ကိုယ်ရံတော်အဖွဲ့ထဲတွင် ရာထူးအငယ်စားလေး တစ်ခု ရရှိနေပြီ ဖြစ်သည်။ သို့သော် ဤရာထူးလေးက ဒုတိယအိမ်ခွဲ မှ လူများနှင့် ယှဉ်လျှင် အလွန် သေးငယ်နေသေးသည်။ သူက ပထမအိမ်ခွဲ တစ်ခုလုံးကို ကာကွယ်ပေးချင်လျှင် နောက်ထပ် ကြိုးစားရဦးမည်သာ။ မတ်တပ်ရပ်နေစဉ် သူ၏ မျက်နှာထားက အလွန် ပြတ်သားခိုင်မာနေလေသည်။

​သုန်ယွီကျုံး က ဘေးမှ ကြည့်နေပြီး ပထမသခင်လေးလင် အပေါ် အထင်ကြီးမိလေသည်။ ဤရက်ပိုင်းအတွင်း သူက အရှင်မင်းကြီး ဘေးတွင် ခစားနေရသဖြင့် လင်မိသားစု အကြောင်းကို ပိုသိနေလေသည်။ ပထမအိမ်ခွဲက ခက်ခဲကြမ်းတမ်းသော အခြေအနေထဲမှ လူတော်နှစ်ယောက် မွေးထုတ်နိုင်ခဲ့ခြင်းပင်။

​လင်ကွေ့ရန် လို အရှင်မင်းကြီး ၏ မျက်နှာသာပေးမှုကို ရရှိသူက ရှားပါးလှသည်။ ပထမသခင်လေးလင် လို ကြိုးကြိုးစားစား အလုပ်လုပ်သူမှာလည်း ရှားပါးလှသည်။ သို့သော် သူက အများကြီး ဝင်မပြောရဲပေ။ အကယ်၍သာ လူတွေက သူ့ကို အာဏာရှိသူကို မျက်နှာချိုသွေးသည်ဟု တိုင်တောလိုက်လျှင် သူ၏ မျက်နှာက ဘယ်သွားထားရမည်နည်း။ ထို့ကြောင့် ချီးကျူးချင်စိတ် ရှိသော်လည်း ထုတ်မပြခဲ့ပေ။

​လင်ရှင်းကျစ် က ကြည့်ရသည်မှာ ကြမ်းတမ်းသော်လည်း တကယ်တမ်းကျတော့ စိတ်နူးညံ့သူ ဖြစ်သည်။ အထူးသဖြင့် ဤကဲ့သို့ အသေးစိတ်ကအစ အကဲခတ်တတ်သည့် အရည်အချင်းကို အိမ်တော်တွင် နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ရခြင်း ဖြစ်သည်။ သုန်ကုန်းကုန်း က သူ့ကို ကြည့်နေသည်ကို မြင်သောအခါ စိတ်ထဲတွင် အနည်းငယ် စိုးရိမ်သွားမိသည်။

နန်းတွင်းထဲက ချန်ချန်ရဲ့ ကိစ္စများအကြောင်း ပြောချင်လို့များလား။

သူက စစ်တပ်ထဲတွင် ရှိနေသဖြင့် အိမ်တွင် ဖြစ်ပျက်နေသည်များကို သိခွင့်ရရန် ခဲယဉ်းလှသည်။ နန်းတွင်းကိစ္စများကို ဆိုလျှင် ဝေးသာဝေး၏။ ထို့ကြောင့် အခွင့်အရေး ရလျှင် သုန်ကုန်းကုန်း ကို မေးခွန်းအနည်းငယ် မေးရမည်ဟု တွေးထားမိသည်။ သို့မှသာ ရင်ထဲက စိုးရိမ်မှုများကို ဖြေဖျောက်နိုင်မည် ဖြစ်သည်။

​တွေးနေစဉ်မှာပင် စတုတ္ထမင်းသား ထွက်လာသည်ကို တွေ့လိုက်ရသည်။ သူ ဝင်သွားစဉ်က မျက်နှာထားမှာ အလျင်စလို ဖြစ်နေသော်လည်း ထွက်လာချိန်တွင်တော့ အများကြီး တည်ငြိမ်သွားလေသည်။

​လင်ရှင်းကျစ် ခေါင်းမော့လိုက်သောအခါ အရှင်မင်းကြီး နှင့် အကြည့်ချင်း ဆုံသွားလေသည်။ သို့သော် လင်ရှင်းကျစ် က ချက်ချင်းပင် အကြည့်လွှဲလိုက်၏။ သူလို သာမန် စစ်သားလေး တစ်ယောက်က အရှင်မင်းကြီး ကို ဤသို့ မော့ကြည့်ခွင့် မရှိပေ။

​ထိုအချိန်တွင် စတုတ္ထမင်းသား က ရုတ်တရက် ပြောလိုက်လေသည်။

​"ဖုန်းချီ"

​"ကျွန်တော်မျိုး ရှိပါတယ်"

​"ဒီရက်ပိုင်း မင်း လူတစ်ဖွဲ့ကို ခေါ်ပြီး တော်ဝင်သက်တော်စောင့်တပ် ထဲ ဝင်လိုက်ပြီး အရှင်မင်းကြီး ရဲ့ လုံခြုံရေးကို ကာကွယ်ပေးပါ"

​"ဟုတ်ကဲ့ပါ… ကျွန်တော်မျိုး အမိန့်အတိုင်း လုပ်ဆောင်ပါ့မယ်"

အမတ်ဖုန်းချီ မှာ ထိုနေ့က နဂါးလှေပြိုင်ပွဲ တွင် အစိမ်းရောင်အဖွဲ့၏ ခေါင်းဆောင် ဖြစ်လေသည်။ ယခုအခါ စတုတ္ထမင်းသား ဘေးတွင် ကိုယ်ရံတော်တပ်မှူး အဖြစ် တာဝန်ထမ်းဆောင်နေသည်။

​လင်ရှင်းကျစ် နှင့် ကျန်းဟွမ့်ချင်း တို့သည် သူ့လက်အောက်မှ လူများဖြစ်ရာ အမိန့်ကို လိုက်နာ၍ တော်ဝင်သက်တော်စောင့်တပ် ထဲသို့ အတူ ဝင်ရောက်သွားကြလေသည်။

​ဤသို့ဖြင့် သူတို့၏ အဆင့်အတန်းလည်း မြင့်တက်သွားတော့သည်။ အရှင်မင်းကြီး ဘေးမှ တော်ဝင်သက်တော်စောင့်တပ် ကို မည်သူမဆို လုပ်ခွင့်ရသည် မဟုတ်ပေ။ နေ့စဉ်နေ့တိုင်း အရှင်မင်းကြီး ရှေ့တွင် သွားလာနေရသဖြင့် အကယ်၍ အရှင်မင်းကြီး က သဘောကျသွားလျှင် ချက်ချင်း ရာထူးတက်မည့် လမ်းက မျက်စိရှေ့တွင် ရှိနေသည် မဟုတ်လား။

​ထို့ကြောင့် မင်းဆွေမင်းမျိုး အတော်များများက သားမြေးများကို ဤတော်ဝင်သက်တော်စောင့်တပ် ထဲသို့ ထည့်ချင်ကြသည်။ သို့သော် အရှင်မင်းကြီး ၏ သက်တော်စောင့် လုပ်နိုင်သူကတော့ အလွန် နည်းပါးလှသည်။ အကယ်၍ စစ်မှန်သော သိုင်းပညာ မရှိလျှင် ရာထူးတက်ဖို့ မပြောနှင့် မိသားစု တစ်ခုလုံးပါ ဒုက္ခရောက်သွားနိုင်ပေသည်။

All Chapters