အခန်း ၄၈၁
Vol. 49 Ch. 481
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၄၈၁)
နေ့လည်အချိန်တွင် ကျောက်ဖုန်းက ရင်ကျန့်ကို ကျန်းထိုင်နန်းဆောင်သို့ ပြန်ခေါ်လာခဲ့သည်။
"အခုတော့ ငါနားလည်သွားပြီ။ ဒီလိုစွမ်းအားမျိုးရှိနေလို့ မင်းက စစ်မြေပြင်မှာ ဘာကိုမှ မကြောက်တာပဲ။ မင်းရဲ့ စွမ်းအားနဲ့ဆိုရင် နန်းတော်တစ်ခုတည်း ကျူးကျော်ခဲ့ရင်တောင် သူတို့က မင်းကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။
ကျောက်ဖုန်းက သူ့ကို ဘယ်သူမှမသိဘဲ ခေါ်ထုတ်သွားခဲ့ပြီး ဘယ်သူမှမသိဘဲ ပြန်ခေါ်လာခဲ့သည်။ ကျောက်ဖုန်းသာ ဘုရင်တစ်ပါးကို သတ်ချင်လျှင် ဘယ်သူမှခုခံနိုင်မည်မဟုတ်ပေ။
" ခမည်းတော် အများကြီး တွေးနေတာပဲ။ နိုင်ငံတော်ကံကြမ္မာအကြောင်းကို ပြောခဲ့တာ မေ့နေပြီလား။ " ကျောက်ဖုန်းက ရယ်မောလိုက်သည်။
" နိုင်ငံတော်ကံကြမ္မာဆိုတာ တကယ်ဘာလဲ။ " ရင်ကျန့်က မေးလိုက်သည်။
" နိုင်ငံတော် ကံကြမ္မာဆိုတာ ကံကြမ္မာစွမ်းအားပဲ။ နိုင်ငံက လူဦးရေပိုများလေ နိုင်ငံက အင်အားပိုကြီးလေ နိုင်ငံတော်ကံကြမ္မာက ပိုအားကောင်းလေပဲ။ နိုင်ငံရဲ့ အုပ်ချုပ်သူတစ်ယောက်က နိုင်ငံတော်ကံကြမ္မာရဲ့ စောင့်ရှောက်မှုကို ရရှိတယ်။ သားတော်ရဲ့ လက်ရှိအဆင့်မပြောနဲ့ အင်မော်တယ်တစ်ယောက်တောင် မသတ်နိုင်ဘူး။ အနားကပ်လာတာနဲ့ နိုင်ငံတော်ကံကြမ္မာက ကာကွယ်ပေးလိမ့်မယ်။ ချင်နိုင်ငံက ရှန်းကျိုးကို စုစည်းထားတာ နိုင်ငံတော်ကံကြမ္မာက ဘယ်လောက်တောင် အားကောင်းလိုက်မလဲ။ " ကျောက်ဖုန်းက ရယ်မောလိုက်သည်။
" ဒါဆို ကျင်းခဲ ငါ့ကို လုပ်ကြံတုန်းက ငါမရှောင်ရင်လည်း ဘာမှမဖြစ်ဘူးပေါ့။ " ရင်ကျန့်၏ မျက်လုံးများက တောက်ပသွားသည်။
" ခမည်းတော်မှားနေပြီ။ နိုင်ငံတော်ကံကြမ္မာက ကျင့်ကြံသူတွေအပေါ်မှာပဲ သက်ရောက်တာ။ သူ့လိုသာမန်လူတစ်ယောက်ကတော့ မထိခိုက်ဘူး။ အဲ့ဒီတုန်ကသာ မရှောင်ခဲ့ရင် ခမည်းတော်က တကယ်အန္တရာယ်ရှိသွားလိမ့်မယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" အရင်က ငါ့ကိုငါ အများကြီးသိခဲ့ပြီထင်နေတာ။ ဒါပေမယ့် မင်းပြောပြမှပဲ ငါသိခဲ့သမျှက သာမန်လူသားတွေရဲ့ အသေးအဖွဲကိစ္စတွေဖြစ်မှန်း သိလိုက်ရတယ်။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။
" ခမည်းတော်က အောင်မြင်မှုတွေ ရပြီးသားပါ။ အနာဂတ်မှာ ခမည်းတော်နဲ့သားတော် ချင်နိုင်ငံကို သန်မာအောင်လုပ်ပြီး သိုင်းတာအိုနိုင်ငံတစ်ခုတည်ထောင်လိုက်ရင် ထာဝရအသက်ရှည်ခြင်းက လှပနေမှာမဟုတ်လား။ " ကျောက်ဖုန်းက ရယ်မောလိုက်သည်။
" ဖုန်းအာ ငါသာ ထာဝရအသက်ရှည်ခြင်းကို ရသွားရင် မင်းက ဘယ်တော့မှ နန်းတက်မှာလဲ။ " ရင်ကျန့်က ကျောက်ဖုန်းကို စနောက်လိုက်သည်။
" ခမည်းတော် သားတော်ရဲ့ မူလအစီအစဉ်ကို မသိဘူးလား။ " ကျောက်ဖုန်းက ရယ်မောလိုက်သည်။
" မင်းက လျို့ဝှက်ချက်တွေများတာ ငါ ဘယ်လိုလုပ်သိမှာလဲ။ " ရင်ကျန့်က ပြောလိုက်သည်။
" အစက ချင်နိုင်ငံအဆုံးသတ်သွားရင် အင်ပါယာတစ်ခုကို တည်ထောင်ပြီး အုပ်ချုပ်ရေးကို ချီအာကို လွှဲပေးမယ်။ ပြီးရင် ရှန်းကျိုးနယ်မြေတစ်လျှောက် စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်ဖို့ စီစဉ်ထားတာ။ အခု ချင်နိုင်ငံရဲ့ အိမ်ရှေ့စံမင်းသားဖြစ်လာပြီဆိုတော့ ချင်နိုင်ငံကို ပိုကောင်းအောင် ပြန်ဖွဲ့စည်းဖို့ပဲလိုတယ်။ အနာဂတ်မှာ စစ်ရေးလှုပ်ရှားမှုတွေကို လုပ်ဆောင်သွားမှာပါ။ အနာဂတ် နိုင်ငံရေးကိစ္စတွေက ခမည်းတော်အပေါ်မှာပဲ မူတည်နေလိမ့်မယ်။ " ကျောက်ဖုန်းက ရယ်မောလိုက်သည်။
" ဒါဆို မင်းက တာဝန်ကနေ ရှောင်ဖယ်ပြီး အုပ်ချုပ်ရေးအလုပ်တွေကို ငါ့လက်ထဲအပ်မယ်လို့ ပြောတာပေါ့။ " ရင်ကျန့်က မျက်ခုံးများပင့်ပြီး ပြောလိုက်သည်။
" ဟားဟား ခမည်းတော်က ချင်နိုင်ငံရဲ့ ဧကရာဇ်ပဲ။ ဒါကို ခမည်းတော်လုပ်ရမှာပေါ့။ အနာဂတ်မှာ ခမည်းတော်က နိုင်ငံရေးအလုပ်တွေ မလုပ်ချင်တော့ဘူးဆိုရင် ချီအာကို လွှဲပေးလိုက်ပါ။ သားတော်ကတော့ စိတ်မဝင်စားဘူး။ " ကျောက်ဖုန်းက ရယ်မောလိုက်သည်။
သိုင်းတာအို၏ အမြင့်ဆုံးအဆင့်ကို တက်လှမ်းခြင်း၊ ထာဝရအသက်ရှည်ခြင်းကို ရှာဖွေခြင်းနှင့် မိသားစုတစ်ခုလုံး ထာဝရအသက်ရှည်ရန်တို့မှာ ကျောက်ဖုန်း၏ အကြီးမားဆုံး ဆန္ဒများဖြစ်သည်။ အနာဂတ်တွင် သူက ကမ္ဘာတစ်ခုလုံးကို သိမ်းပိုက်ပြီး ရင်ကျန့်က နောက်မှာ ကမ္ဘာတစ်ခုလုံးကို အုပ်ချုပ်ပေလိမ့်မည်။
" မင်းမှာ ဒီလိုကြီးမားတဲ့ အကြံအစည်တွေရှိနေတာပဲ။ မင်းက နိုင်ငံရေးကိစ္စတွေအားလုံးကို ငါနဲ့ချီအာကို လွှဲပေးခဲ့မှာပေါ့။ " ရင်ကျန့်က ပြောလိုက်သည်။
" အရည်အချင်းရှိတဲ့သူတွေက ပိုပြီး အလုပ်လုပ်ရမှာပဲ။ ခမည်းတော်က နိုင်ငံရေးကိစ္စတွေကို ကောင်းကောင်းကိုင်တွယ်နိုင်ပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" ကောင်းပြီ။ " ရင်ကျန့်က ပြုံးလိုက်သည်။ " မင်းရဲ့ စွမ်းအားနဲ့ဆိုရင် ဒီလူလောကက ထီးနန်းကို ဂရုမစိုက်ပေမယ့် ခမည်းတော်တစ်ယောက်အနေနဲ့ ဒီရာထူးနဲ့ ပက်သက်ပြီး တစ်ခုတော့ ပြောချင်တယ်။ တစ်နေ့မှာ မင်း ဒါကို လိုချင်တယ်ဆိုရင် အချိန်မရွေးပါပဲ။ "
" ကောင်းပြီ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ " ခမည်းတော် စိတ်လျှော့ထားပါ။ သားတော်ကျင့်စဉ်တစ်ခုပေးမယ်။ "
" ကောင်းပြီ။ " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။
ကျောက်ဖုန်းက နတ်ဘုရားအာရုံကို ထုတ်ဖော်ပြီး ယန်ကိုးပါးကျင့်စဉ်ကို ရင်ကျန့်၏ စိတ်ထဲသို့ ထည့်ပေးလိုက်သည်။ ထိုအဆင့်သုံးဆင့်က ဆရာသခင်အဆင့် အထွတ်အထိပ်ထိ ကျင့်ကြံနိုင်လေသည်။
" သားတော် ခမည်းတော်ခန္ဓာကိုယ်ထဲကို ယွမ်စွမ်းအားမျှင်တစ်ခု ထည့်ပေးလိုက်မယ်။ အဲ့ဒီယွမ်စွမ်းအားမျှင်နဲ့ အတွင်းအားကို စုစည်းပြီး သိုင်းတာအိုကို ကျင့်ကြံနိုင်လိမ့်မယ်။ " ကျောက်ဖုန်းက ယွမ်စွမ်းအားမျှင်ကို လွှဲပြောင်းပေးလိုက်သည်။
သူက ရင်ကျန့်ကို အခြေခံအဆင့်သို့ ဝင်ရောက်နိုင်အောင် ကူညီပေးလိုက်သည်။ ခမကြာသောအခါ ရင်ကျန့်က ကျင့်ကြံခြင်းကို ရပ်တန့်လိုက်သည်။
" သိုင်းတာအိုရဲ့ အစက ဟောက်ထျန်းအဆင့်ပဲ။ ဒီကျင့်စဉ်နဲ့ဆိုရင် အမြင့်ဆုံးစွမ်းအားက ပေါင်တစ်သောင်းထိ ရောက်နိုင်တယ်။ မယ်တော်က အခု ရှန်ထျန်းအဆင့်မှာဆိုတော့ ခမည်းတော်မေးစရာရှိရင် သူမကို မေးလို့ရတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" သိုင်းတာအို ထာဝရအသက်ရှည်ခြင်းလမ်းစဉ်။ ဘုရင်တွေအများကြီးရှာဖွေခဲ့ပေမယ့် ငါက သူတို့ထက် ပိုသာသွားပြီ။ " ရင်ကျန့်က ကျေနပ်စွာ ရယ်မောလိုက်သည်။
" နောက်ကျ လေ့ကျင့်တာ ပိုမြန်အောင် စိတ်ဝိညာဉ်ကျောက်တုံးနဲ့ ဆေးလုံးတွေပေးမယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" သားတော်က ပေးမှတော့ အားမနာဘဲ ယူရတော့မှာပေါ့။ " ရင်ကျန့်က ပြောလိုက်သည်။
" ဧကရာဇ်မင်းမြတ် မိဖုရားခေါင်ကြီးက ဘယ်အချိန်ထမင်းစားမှာလဲလို့ မေးနေပါတယ်။ " ကျောက်ကောင်းက ရောက်လာပြီး ပြောလိုက်သည်။
" ဖုန်းအာ သွားမယ်။ မင်း မယ်တော်ဆီ သွားရအောင်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" ကောင်းပါပြီ။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။
ခန်းမတစ်ခုထဲတွင်။
" အာဖန် " ရင်ကျန့်က အထဲသို့ ဝင်သွားပြီး ခေါ်လိုက်သည်။
" မယ်တော် " ကျောက်ဖုန်းက ပြုံး၍ ခေါ်လိုက်သည်။
ထိုနေရာတွင် ကျောက်ရင်နှင့် ဝမ်ယန်တို့လည်း ရှိနေသည်။
" ဘာလဲ အဘိုးကို မခေါ်ကြဘူးလား။ " ကျောက်ရင်၏ နောက်တွင် ရပ်နေသော ကလေးသုံးယောက်ကို ကြည့်ပြီး ရင်ကျန့်က ပြောလိုက်သည်။
" အဘိုး " ကျောက်ချီတို့က ခေါ်လိုက်ကြသည်။
" ကောင်းတယ်။ စားကြတာပေါ့။ " ရင်ကျန့်က ရယ်မောလိုက်ပြီး ပင်မထိုင်ခုံတွင် ထိုင်လိုက်သည်။
" မိဖုရားခေါင်ကြီး ထမင်းထည့်လိုက်ရတော့မလား။ " ကျောက်ကောင်းက လေးစားစွာ မေးလိုက်သည်။
ရှတုန်အာက စကားပြောတော့မည့်အချိန်တွင်။
" မိဖုရားခေါင်ကြီး ကြင်ယာတော်တွေနဲ့ မင်းသားမင်းသမီးတွေအားလုံးက တွေ့ခွင့်တောင်းနေပါတယ်။ " အစောင့်တစ်ယောက်က ဦးညွှတ်ပြီး ပြောလိုက်သည်။
" အကို " ရှတုန်အာက ရင်ကျန့်ကို အံ့ဩစွာ ကြည့်လိုက်သည်။
" မင်းက အခု မိဖုရားခေါင်ကြီး ဖြစ်နေပြီ။ နန်းတော်က ကြင်ယာတော်တွေနဲ့ သူတို့သားသမီးတွေကလာပြီး ဂါရဝပြုရမှာပေါ့။ စိတ်မပူပါနဲ့ လက်ခံပေးလိုက်ပါ။ ပြီးတော့ သူတို့ကို အများကြီး ဂရုစိုက်စရာမလိုဘူး။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" ခေါ်လိုက်ပါ။ " ရင်ကျန့်က အမိန့်ပေးလိုက်သည်။
" ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်အတိုင်း ကြင်ယာတော်တွေနဲ့ မင်းသားမင်းသမီးတွေအားလုံး ခန်းမထဲကို ဝင်ရောက်စေ။ " ကျောက်ကောင်းက ကျယ်လောင်စွာ ကြေညာလိုက်သည်။
ခဏကြာသောအခါ ကြင်ယာတော်ဆယ်ယောက်ကျော်နှင့် သူတို့၏ သားသမီးများက ခန်းမထဲသို့ ဖြည်းညင်းစွာ ဝင်လာကြသည်။ သို့သော် ယခင် မီချီ၏ သစ္စာဖောက်မှုကြောင့် ကြင်ယာတော်မီက နန်းတွင်းတွင် သူမကိုသူမ ထာဝရအကျဉ်းချထားခဲ့သည်။ ထို့ကြောင့် ဖုစုတစ်ယောက်တည်း လာရောက်ဂါရဝပြုခြင်းဖြစ်သည်။
" ဧကရာဇ်မင်းမြတ်နဲ့ မိဖုရားခေါင်ကြီးကို ဂါရဝပြုပါတယ်။ " ကြင်ယာတော်များက ရင်ကျန့်နှင့် ရှတုန်အာတို့ကို ဦးညွှတ်လိုက်ကြသည်။
" အာဖန်း " ရင်ကျန့်က ရှတုန်အာကို နူးညံ့စွာ ခေါ်လိုက်သည်။
" ညီမငယ်တွေအားလုံး အခမ်းအနားတွေမလိုပါဘူး။ " ရှတုန်အာက ပြုံး၍ ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ် မိဖုရားခေါင်ကြီး။ " ကြင်ယာတော်များက ထရပ်လိုက်ကြပြီး ရှတုန်အာကို လေးစားစွာ ကြည့်လိုက်ကြသည်။ သူတို့ထဲက ဘယ်သူမှ ရှတုန်အာကို မလေးမစားမလုပ်ရဲကြပေ။
" သားတော်သမီးတော်တို့က ခမည်းတော်နဲ့ မယ်တော်မိဖုရားတို့ကို ဂါရဝပြုပါတယ်။ " မင်းသားနှင့်မင်းသမီးများကလည်း ရင်ကျန့်နှင့် ရှတုန်အာတို့ကို ဦးညွှတ်လိုက်ကြသည်။ ရှတုန်အာက သူတို့၏ မိခင်မဟုတ်သော်လည်း သူမက မိဖုရားခေါင်ကြီးဖြစ်သောကြောင့် မယ်တော်မိဖုရားဟု ခေါ်ရပေသည်။
" အားလုံးထကြပါ။ " ရှတုန်အာက နူညံ့စွာ ပြုံးပြီး ပြောလိုက်သည်။
ရင်ကျန့်၏ ကလေးများက နှစ်ဆယ်ကျော်ရှိသည်။ သူတို့ထဲတွင် ကျောက်ဖုန်းက ဖုစုနှင့် ဟူဟိုက်တို့ကိုသာ သိပြီး အခြားသူများနှင့် ရင်းနှီးခြင်းမရှိပေ။အငယ်ဆုံးကလေးများက သူ၏ သား ကျောက်ချီထက် တစ်နှစ်နှစ်နှစ် ငယ်ပေလိမ့်မည်။