အခန်း ၄၈၂
Vol. 49 Ch. 482
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၄၈၂)
" ဖုစုက မကြာခင်မြောက်ပိုင်းနယ်စပ်ကို သွားတော့မယ်လို့ကြားတယ်။ " ရှတုန်အာက ဖုစုကို ကြည့်လိုက်သည်။
" မယ်တော်မိဖုရား လာမယ်ရက်ပိုင်းအတွင်း ထွက်ခွာတော့မှာပါ။ " ဖုစုက ချက်ချင်း ပြန်ပြေလိုက်သည်။
" မင်းရဲ့ မယ်တော်ကို မတွေ့ရသေးဘူးမဟုတ်လား။ " ရှတုန်အာက ဆက်မေးလိုက်သည်။
၎င်းကို ကြားသောအခါ ဖုစုက ဝမ်းနည်းသော အရိပ်အယောင်များ ပေါ်လာသည်။ " သားတော်ရဲ့ အဘိုးက ကြီးမားတဲ့ အပြစ်ကို ကျူးလွန်မိခဲ့လို့ မယ်တော်က တံခါးပိတ်ပြီး နေနေပါတယ်။ "
ထိုကိစ္စနှင့် ပက်သက်၍ ဖုစုက မကျေနပ်ခြင်းမျိုးမရှိပေ။ သူ၏ အဘိုးက ကြီးမားသော ပြစ်မှုကို ကျူးလွန်ခဲ့ပြီး ချင်ဥပဒေအတိုင်းဆိုလျှင် မိသားစုတစ်ခုလုံး ပါဝင်မည်ဖြစ်သည်။ ထို့ကြောင့် သူ၏ မိခင်က မီမိသားစုကို ကာကွယ်ရန် သူမကိုသူမ အကျဉ်းချသည့်နည်းလမ်းကို ရွေးချယ်ခဲ့သည်။
" အကို " ရှတုန်အာက ခေါ်လိုက်သည်။
" ပြောလေ။ " ရင်ကျန့်က သူမ၏ အတွေးကို နားလည်နေသည့်အလား ပြန်ထူးလိုက်သည်။
" မီချီက သေပြီ။ နိုင်ငံတော်သစ္စာဖောက်မှုကလည်း ပြီးသွားပြီ။ မိသားစုချင်း ကွဲကွာနေရတဲ့ ခံစားချက်ကို ကျွန်မတို့ သိပါတယ်။ အခု ဖုစုရဲ့ မိခင်က နန်းတော်ထဲမှ ရှိနေတော့ သူတို့သားအမနှစ်ယောက် မတွေ့နိုင်ကြဘူး။ နိုင်ငံတော်က တည်ငြိမ်နေပြီ။ ပြီးတော့ ကျွန်မက မိဖုရားခေါင်ကြီးဖြစ်နေတဲ့အတွက် နန်းတွင်းကို စီမံရမယ်။ ဒါကြောင့် ဖုစုအတွက် အကိုဆီက အကူအညီတစ်ခု တောင်းဆိုချင်ပါတယ်။ မီမိသားစုကို ခွင့်လွှတ်ပေးပြီး သူတို့သားအမိနှစ်ယောက်ကို တွေ့ဆုံခွင့်ပေးလိုက်ပါ။ " ရှတုန်အာက နူးညံ့စွာ ပြောလိုက်သည်။
" မင်းတောင်းဆိုမှတော့ ငါက ဘယ်လိုလုပ်ငြင်းနိုင်မှာလဲ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" ကျောက်ကောင်း မီမိသားစုကို အကျဉ်းချတာကနေ လွှတ်ပေးလိုက်ပါ။ ကျန်တာကတော့ မပြောင်းလဲဘူး။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။
" အမိန့်အတိုင်းပါ။ " ကျောက်ကောင်းက ဦးညွှတ်ပြီး ထွက်ခွာသွားသည်။
" သားတော်ကို ခွင့်လွှတ်ပေးတဲ့အတွက် ခမည်းတော်နဲ့ မယ်တော်မိဖုရားကို ကျေးဇူးတင်ပါတယ်။ " ဖုစုက ဒူးထောက်ပြီး ပြောလိုက်သည်။
" ဒီမိန်းမက သာမန်လူမဟုတ်ဘူး။ ဖုစုရဲ့ သစ္စာခံယူမှုကို အလွယ်တကူ ရယူသွားတယ်။ " ရှတုန်အာ၏ လုပ်ရပ်ကို ကြည့်ပြီး ကြင်ယာတော်ဟူက စိတ်ထဲမှ လှောင်ပြောင်လိုက်သည်။
" မင်းရဲ့ မယ်တော်မိဖုရားကို ငဲ့ညှာလို့ပါ။ မဟုတ်ရင် သူမကို ခွင့်လွှတ်ရမယ့် အကြောင်းပြချက်ငါ့မှာမရှိဘူး။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။
" သားတော်ကို ခွင့်လွှတ်ပေးတဲ့အတွက် မယ်တော်မိဖုရားကို နောက်တစ်ကြိမ် ကျေးဇူးတင်ပါတယ်။ " ဖုစုက ထပ်ပြောလိုက်သည်။
" ခမည်းတော် နောက်ဆယ်ရက်နေရင် ဘိုးဘေးခန်းမကို ဝင်မှာမဟုတ်လား။ သားတော် ယုံမြို့ကို သွားပြီး မယ်တော်ကြီးဟွာယန်ကို သွားခေါ်ချက်ပါတယ်။ " ကျောက်ဖုန်းက ရုတ်တရက် ပြောလိုက်သည်။
" ယုံမြို့က သိပ်မဝေးပေမယ့် လေးငါးရက်လောက်တော့ကြာမယ်။ မယ်တော်ကြီးဟွာယန်ကို ခေါ်လာဖို့ အချိန်ပိုလိုအပ်တယ်။ ဆယ်ရက်ကမလောက်ဘူး။ " ရင်ကျန့်က ပြောလိုက်သည်။
" ဒါဆို လဝက်အထိ ရွှေ့လိုက်ရင်ရောင်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" ကောင်းပြီ။ မင်းနဲ့အတူ နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့ကို စေလွှတ်ပေးမယ်။ " ရင်ကျန့်က ပြောလိုက်သည်။
" မလိုဘူး။ သားတော်ဘေးမှာ ကိုယ်ရံတော်တွေက စစ်တပ်က ကျွမ်းကျင်တဲ့ စစ်သည်တွေပဲ။ အများကြီး မခေါ်သွားတော့ဘူး။ ငါးရာဆို လုံလောက်ပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
၎င်းကို ကြားသောအခါ ရင်ကျန့်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး ကျောက်ဖုန်း၏ ရည်ရွယ်ချက်ကို နားလည်သွားသည်။
" အဲ့ဒါဆိုလည်း သွားပါ။ နိုင်ငံက တည်ငြိမ်နေပြီဆိုတော့ ရှန်းယန်နဲ့ ယုံမြို့ကြားမှာ အန္တရာယ်မရှိပါဘူး။ ကိုယ်ရံတော်ငါးရာက လုံလောက်ပါတယ်။ " ရင်ကျန့်က စိတ်ချစွာ ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ် ခမည်းတော်။ " ကျောက်ဖုန်းက ပြန်ပြောလိုက်သည်။
ခန်းမထဲ၌ ကြင်ယာတော်ဟူနှင့် ဟူဟိုက်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး နှစ်ယောက်လုံးက ဝမ်းသာသွားပုံရသည်။ အားလုံးထွက်သွားပြီးနောက်။
" ဒါက မြွေကို တွင်းထဲက ဆွဲထုတ်တာလား။ " ရင်ကျန့်က ကျောက်ဖုန်းကို စိတ်ဝင်တစား ကြည့်လိုက်သည်။
" ရန်သူက အရိပ်ထဲမှာ ပုန်းနေတော့ သူတို့ကို အခွင့်အရေးတစ်ခုတော့ ပေးရမယ်။ ရှန်းယန်မှာဆိုရင် သူတို့က ဘာမှလုပ်လို့ရမှာမဟုတ်ဘူး။ သားတော်က သူတို့အတွက် အခွင့်အရေးတစ်ခု ဖန်တီးပေးလိုက်တာပါ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" ဒါက အရမ်းသိသာမနေဘူးလား။ သူတို့ လှုပ်ရှားလိမ့်မယ်လို့ မင်းထင်လား။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" ဒါက ထင်ရှားတဲ့ လှည့်ကွက်တစ်ခုပဲ။ အခွင့်အရေးက တစ်ခါပဲရမယ်။ သူတို့က လှုပ်ရှားမလား၊ သည်းခံပြီးဆက်နေမလားဆိုတာ ရွေးချယ်ရမှာ။ ရှန်းယန်တင်မဟုတ်ဘူး။ နိုင်ငံခြောက်ခုက အကြွင်းအကျန်တွေကလည်း သားတော်အသက်ကို လိုချင်နေကြတာ။ သူတို့ ဒီအခွင့်အရေးကို လက်လွှတ်မခံသင့်ဘဲ။ မဟုတ်ရင် နောက်ထပ်အခွင့်အရေးရှိတော့မှာမဟုတ်ဘူး။ ခမည်းတော်အနေနဲ့ နိုင်ငံရေးမူဝါဒတွေကို အမြန်ဆုံး ကြေညာပေးပါ။ မီးထဲဆီလောင်းထည့်လိုက်တာပေါ့။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။
သူက သူ့ကိုသူ ငါးစာအဖြစ် အသုံးချပြီး အမှောင်ထဲတွင် ပုန်းအောင်နေသူများကို လှုပ်ရှားအောင် လုပ်ဆောင်ခြင်းဖြစ်သည်။ သူက အိမ်ရှေ့စံမင်းသားဖြစ်လာသော်လည်း ဟူဟိုက်ကဲ့သို့ လက်မလျှော့သေးသူများ ရှိနေသေးသည်။ ကျောက်ဖုန်းက သူတို့ကို အခွင့်အရေး ပေးချင်သည်။ သူတို့ကို ထွက်လာခိုင်းပြီး တစ်ခါတည်း အကုန်ဖမ်းဆီးလိုက်မည်ဖြစ်သည်။
နောက်တစ်ခုက နိုင်ငံခြောက်ခု၏ အကြွင်းအကျန်များဖြစ်သည်။ ကျောက်ဖုန်း၏ မူဝါဒအသစ်များက သူတို့ကို လုံးဝ ထိခိုက်စေသည်။ သူတို့က အန္တရာယ်ကို မစွန့်စားလျှင် အခွင့်အရေး ရှိတော့မည်မဟုတ်ပေ။
ထိုအချိန်တွင် ရှန်းယန်မြို့အတွင်းရှိ ဝန်ကြီးချုပ်စံအိမ်မှ ကျောတွင် အမိန်အလံများ တပ်ဆင်ထားသော မြင်းစီးစစ့သည်များစွာက ရှန်းယန်မြို့ထဲမှ အရှိန်ပြင်းစွာ စီးနှင်းထွက်ခွာသွားကြသည်။ ၎င်းက တစ်ကမ္ဘာလုံးကို ကြေညာရမည့် တော်ဝင်အမိန့်တော်ဖြစ်သည်မှာ ထင်ရှားသည်။ အရာရှိအချိန်ကလည်း မြို့စောင့်စစ်သည်များ၏ စောင့်ရှောက်မှုဖြင့် စည်ကားသော စျေးဆီသို့ ဦးတည်နေကြသည်။
ပြည်သူများက တစ်စုံတစ်ခု ကြေညာတော့မည်ဆိုသည်ကို သိသောကြောင့် နောက်မှ လိုက်ပါသွားကြသည်။ စျေးအတွင်း၌ စင်မြင့်တစ်ခုရှိပြီး ၎င်းက အရေးကြီးသော အမိန့်များကို ကြေညာသည့်နေရာပင်ဖြစ်သည်။ ဝန်ကြီးချုပ်ရုံးမှ အရာရှိများ စင်ပေါ်သို့ တက်သွားပြီး မြို့စောင့်တပ်က ဝန်းရံစောင့်ကြပ်ပေးထားသည်။
" ကျုပ်က ဝန်ကြီးချုပ်ရုံလက်အောက်က ချိုင်စီဖြစ်တယ်။ တော်ဝင်အမိန့်တော်ကို ကြေညာပါမယ်။ ဒီကိစ္စက ချင်နိုင်ငံက လူအားလုံးနဲ့ သက်ဆိုင်ပါတယ်။ အခု ဧကရာဇ်မင်းမြတ်က အစိုးရကို အုပ်ချုပ်ပြီး အိမ်ရှေ့စံမင်းသားက နိုင်ငံရေးကိစ္စတွေကို စီမံခန့်ခွဲတယ်။ အိမ်ရှေ့စံမင်းသားက နိုင်ငံတော်အတွက် မူဝါဒလေးခုကို ချမှတ်လိုက်တယ်။ ဒါတွေကို အကောင်အထည်ဖော်လိုက်ရင် ချင်နိုင်ငံနဲ့ ဟွာရှလူမျိုးတို့က ထာဝရစည်းလုံးပြီး ဘယ်တော့မှကျဆင်းမှာမဟုတ်တော့ဘူး။ "
" ပထမအချက် လှည်းလမ်းကြောင်း စံသတ်မှတ်ခြင်း နိုင်ငံတစ်ဝှမ်းက လမ်းမကြီးတွေနဲ့ လှည်းလမ်းတွေအားလုံးကို ပြုပြင်ပြီး ကမ္ဘာပေါ်က သယ်ယူပို့ဆောင်ရေးယာဉ်အားလုံး စံနှုန်းတွေကို လိုက်နာရမယ်။ ဒုတိယ စာရေးသားမှုပုံစံကို သတ်မှတ်ခြင်း။ ရှန်းခေတ်နဲ့ ကျိုးမင်းဆက်ကတည်းက နိုင်ငံအသီးသီး လူမျိုးအသီးသီးက ကိုယ်ပိုင်စားရေးနည်းတွေရှိကြတယ်။ အရင်းအမြစ်တစ်ခုတည်းက ပေါက်ဖွားလာပေမယ့် ကွဲပြားမှုက ကြီးမားလွန်းတယ်။ ချင်နိုင်ငံက စာပေအပ္ခရာတွေကို တစ်မျိုးတည်းဖြစ်စေရမယ်။ အဲ့ဒါမှသာ အမိန့်တွေကို အမှားအယွင်းမရှိ အကောင်အထည်ဖော်နိုင်မှာဖြစ်ပြီး နိုင်ငံက စည်ပင်ဝပြောလာလိမ့်မယ်။ "
" တတိယ ရိုးရာဓလေ့နဲ့ ကျင့်ဝတ်တွေကို သတ်မှတ်ခြင်း။ ကမ္ဘာပေါ်မှာ နိုင်ငံအသီးသီး မျိုးနွယ်စုအသီးသီးရှိပေမယ့် အားလုံးက ဟွာရှလူမျိုးတွေပဲ။ ဟွာရှရဲ့ ရိုးရာဓလေ့တွေကို သတ်မှတ်နိုင်မှသာ ဟွာရှလူမျိုးတစ်ခုလုံး အမှန်တကယ် စည်းလုံးနိုင်လိမ့်မယ်။ စတုတ္ထ အလေးချိန်နဲ့ တိုင်းတာမှုစနစ်ကို သတ်မှတ်ခြင်း။ နိုင်ငံအသီးသီးမှာ အလေးချိန်နဲ့ တိုင်းတာမှုစနစ်တွေ ကွဲပြာကြတယ်။ ချင်နိုင်ငံက အလေးချိန်နဲ့ တိုင်းတာမှုစနစ်ကို သတ်မှတ်ပေးမှာဖြစ်တယ်။ "
" ဒီမူဝါဒလေးခုကို အိမ်ရှေ့စံက အဆိုပြုပြီး ဧကရာဇ်မင်းမြတ်က ခွင့်ပြုပေးထားတ ယ်။ နိုင်ငံတော်မူဝါဒလေးခုကို ချင်နိုင်ငံရဲ့ ဝန်ကြီးလေးယောက်က အကောင်အထည်ဖော်ဆောင်ရွက်ပါမယ်။ " ချိုင်စီက အမိန့်တော်ကို ကိုင်ပြီး ကျယ်လောင်စွာ ကြေညာလိုက်သည်။
တော်ဝင်အမိန့်တော်ကို ကြားလိုက်ရသောအခါ ပတ်ဝန်းကျင်ရှိ ပြည်သူများက တစ်ချိန်းတည်းတွင် ဆွေးနွေးပြောဆိုလိုက်ကြသည်။ အနည်းငယ် ပညာရှိသူများက ထိုမူဝါဒလေးခုကို အကောင်အထည်ဖော်ခြင်းဖြင့် ချင်နိုင်ငံက အကြီးအကျယ်ပြောင်းလဲသွားမည်ကို သိသောကြောင့် ကျောက်ဖုန်းကို ပို၍ လေးစားလာကြသည်။ ထိုအချက်က အိမ်ရှေ့စံမင်းသားမှာ စစ်ဘက်ဆိုင်ရာကျွမ်းကျင်ရုံသာမက အုပ်ချုပ်ရေးတွင်လည်း ပညာရှိသူဖြစ်ကြောင်း ပြသလိုက်ခြင်းဖြစ်သည်။
" အိမ်ရှေ့စံမင်းသားရဲ့ ဂုဏ်သတင်းက စိတ်ကူးမယဉ်နိုင်လောက်တဲ့ အဆင့်ကို ရောက်သွားလိမ့်မယ်။ ဒီမူဝါဒလေးခုက ကမ္ဘာကြီးကို တုန်လှုပ်သွားစေလိမ့်မယ်။ " ချိုင်စီက အောက်မှ ပြည်သူများကို ကြည့်ပြီး စိတ်လှုပ်ရှားသွားသည်။
" အိမ်ရှေ့စံမင်းသားက နောက်ထပ်အရန်မူဝါဒနှစ်ခုကိုလည်း တင်ပြခဲ့တယ်။ စာရေးသားခြင်း စံသတ်မှတ်ဖို့အတွက် ကမ္ဘာပေါ်က စာအုပ်အားလုံးကို မြို့တော်ကို စုဆောင်းရမယ်။ စာပေအက္ခရာအသစ်တွေကို ရေးဆွဲပြီးတာနဲ့ အားလုံးကို ပြန်ကူးယူပြီး နိုင်ငံတစ်ဝန်း ဖြန့်ချီသွားမယ်။ ဒုတိယအချက် ကမ္ဘာပေါ်က ကြေးနီနဲ့ သံအားလုံးကို စုစည်းပြီး လက်နက်အားလုံးကို သိမ်းဆည်းမယ်။ အရပ်သားပြည်သူတွေက ဓားလက်နက်တွေ ချပ်ဝတ်တွေကို ကိုင်ဆောင်ခွင့်မပြုပါ။ အမိန့်ကို ချိုးဖောက်သူတွေကို ပြင်းထန်စွာ အပြစ်ပေးမယ်။ "
အိမ်ရှေ့စံမင်းသား၏ နိုင်ငံတော်မူဝါဒများက ရှန်းယန်ကို ဗဟိုပြုပြီး နယ်မြေအသီးသီးသို့ ပျံ့နှံ့သွားခဲ့သည်။ နိုင်ငံတော် မူဝါဒလေးခုက ကမ္ဘာကို တုန်လှုပ်သွားစေခဲ့သည်။ ထိုမူဝါဒလေးခုကို အကောင်အထည်ဖော်လိုက်သည်နှင့် ချင်နိုင်ငံတစ်ခုလုံးကို ပိုမိုသန်မာစေပေလိမ့်မည်။ သို့သော် အရိပ်ထဲတွင် ပုန်းအောင်းနေသော နိုင်ငံခြောက်ခု၏ အကြွင်းအကျန်များအတွက် ထိုမူဝါဒလေးခုနှင့် ကြေးနီနှင့် သံများကို သိမ်းဆည်သည့် မူဝါဒက ကပ်ဘေးဆိုက်မည့် သတင်းပင်ဖြစ်သည်။