အခန်း ၄၈၃
Vol. 49 Ch. 483
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၄၈၃)
ဟန်နယ်မြေ။
လျို့ဝှက်နေရာတစ်ခုတွင် လူဆယ်ယောက်ကျော်က အထည်စတစ်ခုကို ဝန်းရံထားပြီး သူတို့၏ အမူအရာများက တင်းမာနေကြသည်။
" ကျောက်ဖုန်း တကယ်ကို ရက်စက်ပြီး ကြမ်းတမ်းလွန်းတယ်။ ငါတို့ နိုင်ငံအသီးသီးရဲ့ စာပေတွေကို ဖြတ်တောက်ပြီး ငါတို့နိုင်ငံတွေရဲ့ အမွေအနှစ်တွေကို ဖျက်ဆီးပစ်တာပဲ။ ပြီးတော့ ကမ္ဘာပေါ်က ကြေးနီနဲ့ သံတွေကို သိမ်းဆည်းပြီး လက်နက်ရလမ်းကို ဖြတ်တောက်လိုက်တာပဲ။ " ရှန်းလျန်က ဒေါသတကြီး ပြောလိုက်သည်။
" ဇီဖန် ဒီကိစ္စအတွက် ငါတို့ ဘာလုပ်သင့်လဲ။ " လူတိုင်းက သူတို့၏ အကြံပေး ကျန်းလျန်ကို ကြည့်လိုက်ကြသည်။
" ကျောက်ဖုန်းရဲ့ လုပ်ရပ်က ပွင့်လင်းတဲ့ ဗျူဟာတစ်ခုဖြစ်ပြီး ခုခံလို့မရဘူး။ အဲ့ဒီမူဝါဒတွေကို အကောင်အထည်ဖော်လိုက်ရင် ငါတို့နိုင်ငံရဲ့ အခြေခံအုတ်မြစ်က ပြတ်တောက်သွားလိမ့်မယ်။ " ကျန်းလျန်က သက်ပြင်းချလိုက်သည်။
" ငါတို့ ဒီအတိုင်းပဲ ကြည့်နေ့မှာလား။ ချင်နိုင်ငံက တကယ်အောင်မြင်သွားရင် ငါတို့ နိုင်ငံတွေကို ပြန်လည်တည်ထောင်ဖို့ အခွင့်အရေးရှိတော့မှာမဟုတ်ဘူး။ လက်စားချေဖို့အခွင့်အရေးလည်း ရှိတော့မှာမဟုတ်ဘူး။ "
လူတိုင်းက ဒေါသထွက်နေကြသည်။ လက်စားချေပြီး နိုင်ငံပြန်လည်တည်ထောင်ခြင်းက ပြောသလောက် မလွယ်ကူပေ။ သူတို့က သူတို့၏ ယခင်က အာဏာနှင့် ဂုဏ်ကျက်သရေကို ပြန်လည်ရယူလိုခြင်းဖြစ်သည်။
" ကျောက်ဖုန်းရဲ့ မူဝါဒလေးခုကို အကောင်အထည်ဖော်လိုက်တာနဲ့ တစ်နိုင်ငံလုံး လှုပ်ရှားလာမှာ သေချာတယ်။ ပြီးတော့ သူတို့က ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားမှာ သေချာတယ်။ မကြာခင် ချင်နိုင်ငံက ခရိုင်စနစ်ကို အကောင်အထည်ဖော်တော့မယ်လို့ ကျွန်တော်ခန့်မှန်းတယ်။ ချင်ရှီဟွမ်က နယ်စားစနစ်အကြောင်း နောက်တစ်ခါ မပြောဖို့ အမိန့်ထုတ်ထားတယ်လို့ သတင်းရတယ်။ "
" ချင်ရှီဟွမ်က ခရိုင်စနစ်ကို အကောင်အထည်ဖော်လိုက်တာနဲ့ ကျုပ်တို့နိုင်ငံတွေရဲ့ နယ်မြေတွေက ခရိုင်တွေအဖြစ် ခွဲခြားသွားလိမ့်မယ်။ ဒါဆို ငါတို့ရဲ့ အနာဂတ်က ပိုပြီး ခက်ခဲသွားလိမ့်မယ်။ " ကျန်းလျန်က စိုးရိမ်စွာ ပြောလိုက်သည်။
"ဇီဖန် အခြေအနေကို ဘယ်လိုထင်လဲ။ " ရှန်းလျန်က ကျန်းလျန်ကို ကြည့်လိုက်သည်။
" အားလုံးပဲ ကျွန်တော်သတင်းတစ်ခုရထားတယ်။ " ကျန်းလျန်က သူ၏ အင်္ကျီလက်ထဲမှ လျို့ဝှက်အစီရင်ခံစာတစ်ခုကို ထုတ်လိုက်သည်။ " ဒီလျို့ဝှက်အစီရင်ခံစာကို ချင်နိုင်ငံက ပို့လိုက်တာပဲ။ နောက်လဝက်နေရင် ကျောက်ဖုန်းက ဘိုးဘေးခန်းမမှာ မျိုးနွယ်စုထဲ ပြန်ဝင်လိမ့်မယ်။ ပြီးတော့ ကျောက်ဖုန်းက ယုံမြို့က မယ်တော်ကြီးဟွာယန်ကို ရှန်းယန်ကို ပြန်ခေါ်ဖို့ ကိုယ်တိုင်သွားလိမ့်မယ်။ " ကျန်းလျန်က ပြောလိုက်သည်။
" ဇီဖန် ငါတို့က ကျောက်ဖုန်းကို လမ်းကဖြတ်ပြီး တိုက်ခိုက်ရမှာလား။ " ရှန်းလျန်က ချက်ချင်း နားလည်သွားသည်။
" ဒီသတင်းက မပျံ့သေးဘူး။ ကျောက်ဖုန်းထွက်ခွာမယ့်ရက်ကို မသတ်မှတ်ရသေးဘူး။ ဒါပေမယ့် ကျောက်ဖုန်းက ကိုယ်ရံတော်အနည်းငယ်ပဲ ခေါ်သွားလိမ့်မယ်။ " ကျန်းလျန်က ပြောလိုက်သည်။
" ဒီသတင်းတွေကို ချင်နိုင်ငံရဲ့ အဆင့်မြင့် အရာရှိတွေက ပေါက်ကြားအောင် လုပ်ခဲ့တာလား။ " ရှန်လျန်က စဉ်းစားပြီး ပြောလိုက်သည်။
" ကျောက်ဖုန်းကို သေစေချင်တာ ငါတို့ပဲမဟုတ်ဘူး။ ချင်နိုင်ငံထဲက လူအများကြီးကလည်း သေစေချင်နေကြတယ်။ " ကျန်းလျန်က လှောင်ပြုံး ပြုံးလိုက်သည်။
" ကျောက်ဖုန်းက အခုမှ အိမ်ရှေ့စံမင်းသားဖြစ်တာကို ရုတ်တရက် ယုံမြို့ကို သွားတယ်ဆိုတော့ လှည့်ကွက်တစ်ခုခုများ ရှိလား။ " ရှန်းလျန်က ပြောလိုက်သည်။
" အခု ကျုပ်တို့မှာ ရွေးချယ်စရာနှစ်ခုပဲရှိတယ်။ ပထမတစ်ခုက ကျောက်ဖုန်း ရှန်းယန်က ထွက်လာတာကို ဘာမှမလုပ်ဘဲ ထိုင်ကြည့်နေမယ်။ ဒုတိယတစ်ခုက လူတွေ စေလွှတ်ပြီး ကျောက်ဖုန်းကို ခြုံခိုတိုက်ခိုက်မယ်။ အောင်မြင်ရင် ချင်နိုင်ငံက ရှုပ်ထွေးသွားလိမ့်မယ်။ ဒီရွေးချယ်မှုက ကျုပ်တို့အတွက်တင် မဟုတ်ဘူး။ ရှန်းယန်က ကျောက်ဖုန်းကို သေစေချင်နေတဲ့သူတွေအတွက်လည်း အတူတူပဲ။ " ကျန်းလျန်က ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။
သို့သော် ကျန်းလျန်က ထိုရွေးချယ်မှုကို မလုပ်ချင်ပေ။ အကြောင်းမှာ ကျောက်ဖုန်းက ရှန်းယန်မှ ရုတ်တရက် ထွက်ခွာခြင်းမှာ ငါးစာချခြင်းဖြစ်သောကြောင့်ဖြစ်သည်။ ထိုအချက်ကို ကျန်းလျန်က ရှင်းရှင်းလင်းလင်း နားလည်ထားသည်။ ရှန်းယန်မှ ကျောက်ဖုန်းကို သေစေချင်သူများလည်း ၎င်းကို မြင်နိုင်သည်။ သို့သော် သူတို့တွင် ရွေးချယ်စရာမရှိပေ။ သူတို့သာ မလှုပ်ရှားလျှင် တစ်နေတွင် ကျောက်ဖုန်းက သူတို့ကို ချေမှုန်းသောအခါ သူတို့တွင် အခွင့်အရေးရှိတော့မည်မဟုတ်ပေ။
" ငါတို့ချူနိုင်ငံက စစ်သည်လေးရာကို စေလွှတ်မယ်။ " ရှန်းလျန်က ဆုံးဖြတ်ချက်ချလိုက်သည်။
" အဲ့လိုဆိုရင်တော့ ငါတို့ဝေနိုင်ငံက ငါးရာစေလွှတ်မယ်။ " ဝေနိုင်ငံမှ လူကလည်း ပြောလိုက်သည်။
" ငါတို့ ကျောက်နိုင်ငံက သုံးရာ။ "
" ငါတို့ ယန်နိုင်ငံက နှစ်ရာ။ "
နိုင်ငံခြောက်ခု၏ အကြွင်းအကျန်များက ဆုံးဖြတ်ချက်ချလိုက်ကြသည်။ ၎င်းက သူတို့ကို မျှားခေါ်ခြင်းဖြစ်သော်လည်း သူတို့က လှုပ်ရှားရမည်ဖြစ်သည်။ ဤအခွင့်အရေးကိုသာ အသုံးမချလျှင် အနာဂတ်တွင် သူတို့အတွက် အခွင့်အရေးရှိတော့မည်မဟုတ်သောကြောင့်ဖြစ်သည်။
ဟွိုက်ကျွမ်း၏ စံအိမ်တွင်။
" မင်းသားက လုံးဝလက်လျှော့လိုက်ပြီ။ မနက်ဖြန် ယန်မင်ကို ထွက်ခွာတော့မယ်။ " ဟွိုက်ကျွမ်းက စိတ်ပျက်စွာ ပြောလိုက်သည်။
" ကျောက်ဖုန်းက ဝန်ကြီးချုပ်ကို ဘယ်လိုလုပ်ခဲ့တယ်ဆိုတာ မင်းတို့လည်း သိတာပဲ။ ဒီနှစ်တွေမှာ ငါတို့က ကျောက်ဖုန်းကို အမြဲတမ်း ဆန့်ကျင်လာခဲ့တာ။ အခု သူက အိမ်ရှေ့စံမင်းသားဖြစ်သွားပြီ၊၊ သူရဲ့ အရည်အချင်းတွေနဲ့ဆို သူက ငါတို့ကို အသက်ချန်းသာပေးလိမ့်မယ်လို့ မင်းတို့ထင်လား။ " ဟွိုက်ကျွမ်းက ပတ်ဝန်းကျင်ကို ကြည့်ပြီး မေးလိုက်သည်။
" ဟွိုက်ကျွမ်း ငါတို့ တကယ်ပဲ အဲ့ဒီအခြေအနေထိသွားတော့မှာလား။ ငါတို့သာ မအောင်မြင်ရင် တစ်ခါတည်း ရှင်းလင်းခံရမှာ သေချာတယ်။ "
" အိမ်ရှေ့စံမင်းသားရဲ့ အရည်အချင်းက ဧကရာဇ်မင်းမြတ်ထက် မနိမ့်ကျဘူး။ သူသာ လှုပ်ရှားရင် မိသားစုတစ်ခုလုံး ပျက်သုဉ်းရလိမ့်မယ်။ ဒီကိစ္စမှာတော့ ကျုပ်တို့မပါဝင်နိုင်တာ ခွင့်လွှတ်ပါ။ "
ဟွိုက်ကျွမ်း၏ စကားများကို ကြားသောအခါ အချို့က တိတ်ဆိတ်နေကြပြီး အချို့က ကန့်ကွက်ကြသည်။ အိမ်ရှေ့စံမင်းသားကို လုပ်ကြံရန် ကြိုးစားခြင်းက မိသားစုတစ်ခုလုံး ရှင်းလင်းခံရမည့် ပြစ်မှုဖြစ်သည်။
" အားလုံးပဲ။ ဒီနှစ်တွေအတွင်းမှာ ငါတို့လုပ်ခဲ့တာတွေကို ကျောက်ဖုန်းက မစုံစမ်းဘူးလို့ မင်းတို့ထင်နေတာလား။ တစ်ချိန်ချိန်သိသွားရင် ရလဒ်က ဝန်ကြီးချုပ်ဝမ်လို ဖြစ်လာမှာပဲ။ အခုအချိန်မှာ နောက်ထပ်အခွင့်အရေးရှိနေတယ်လို့ မင်းတို့ ယုံကြည်နေကြတာလား။ " ဟွိုက်ကျွမ်းက ခြိမ်းခြောက်လိုက်သည်။
ထိုစကားများကို ကြားသောအခါ လူတိုင်း၏ အမူအရာများက ပြောလဲသွားကြသည်။
ကျောက်စံအိမ်။
အိမ်ရှေ့စံမင်းသားအဖြစ် ခန့်အပ်ခံထားရသော်လည်း ကျောက်ဖုန်းက ထိုစံအိမ်မှာပဲ ဆက်လက်နေထိုင်နေသည်။ အိမ်တော်၏ အတွင်းအပြင်တွင် ကိုယ်ရံတော်များက စောင့်ကြပ်နေသည်။ ကိုယ်ရံတော်ငါးထောင်က ယခုအခါ အိမ်ရှေ့စံမင်းသား၏ ကိုယ်ရံတော်များ ဖြစ်လာကြသည်။
စံအိမ်၏ မြေအောက်ခန်းတွင်။
" မင်းတို့က ဘယ်သူတွေလဲ။ ဘာလို့ငါ့ကို ဖမ်းထားတာလဲ။ ငါက သာမန်အရပ်သားတစ်ယောက်ပါ။ ငါ့ကို လွှတ်ပေးပါ။ " အခန်းအတွင်းမှ အားနည်းသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
" အရှင် ဒီလူကို ဖမ်းထားတာ တစ်လကျော်ပြီ။ သူ့ကို စီရင်ဖို့ အရှင်ပြန်လာတာကို စောင့်နေတာပါ။ " ယင်ပုက အခန်းထဲမှ အော်ဟစ်နေသောလူကို ညွှန်ပြလိုက်သည်။
ကျောက်ဖုန်းက ရှေ့တိုးလာပြီး အထဲသို့ ကြည့်လိုက်သည်။ " သမိုင်းထဲက လျိုပန်း အခုတော့ သူက သာမန်လူတစ်ယောက်ပဲ။ သူက ငါ့ရှေ့မှာ ပုရွက်ဆိတ်တစ်ကောင်လို ဖြစ်နေပေမယ့် သူ့ကို ရှင်းလိုက်တာက အနာဂတ် အန္တရာယ်ကို ရှင်းပစ်နိုင်လိမ့်မယ်။ "
" မင်းတို့ သူ့ကို ဖမ်းတဲ့အခါ ထူးခြားတာတွေရှိသေးလား။ " ကျောက်ဖုန်းက မေးလိုက်သည်။
" အရှင် ထူးခြားတာတော့ ရှိခဲ့ပါတယ်။ " ယင်ပုက ခဏစဉ်းစားပြီး ပြောလိုက်သည်။
" ပြောပါ။ " ကျောက်ဖုန်းက ချက်ချင်း ပြောလိုက်သည်။
" ကျွန်တော် ဒီလူကို ဖမ်းတုန်းက ဝူချန်ငါးယောက်ကို ဦးဆောင်ပြီး လုပ်ခဲ့တာပါ။ ဒီကိစ္စကို ဘယ်သူမှမသိကြပါဘူး။ ဒါပေမယ့် အဲ့ဒီအချိန်မှာ အရာရှိအချို့က ရုတ်တရက် ပေါ်လာခဲ့တယ်။ ပြီးတော့ သူ့ကို တိုက်ရိုက်ဖမ်းခေါ်လာပေမယ့် လမ်းမှာ နိုင်ငံခြောက်ခုရဲ့ အကြွင်းအကျန်တွေနဲ့ တွေ့လို့ သတ်ခဲ့ရသေးတယ်။ ပြန်လာတဲ့ လမ်းမှာလည်း ကင်းလှည့်အဖွဲ့တွေနဲ့ တွေ့လို့ လူအများကြီး ရှင်းခဲ့ရသေးတယ်။ ပြီးတော့ လမ်းမှာလည်း မိုးတွေရွာပြီး လမ်းက ပိတ်သွားသေးတယ်။ ဒီလို အခြေအနေမျိုးကို ပထမဆုံးအကြိမ် ကြုံဖူးတာပဲ။ ဒီလူကို ဖမ်းတာ အခက်အခဲအများကြီး တွေ့ခဲ့ရတယ်။ " ယင်ပုက အံ့ဩစွာ ပြောလိုက်သည်။
" သူက တကယ် ကြီးမားတဲ့ ကံကြမ္မာစွမ်းအားကို သယ်ဆောင်ထားတာပဲ။ သိုင်းတာအိုကြောင့်သာမဟုတ်ရင် ငါတို့ ဒီလျိုကျိကို ဖမ်းနိုင်မှာ မဟုတ်ဘူး။ " ကျောက်ဖုန်းက ချက်ချင်း နားလည်သွားသည်။
အကြောင်းမှာ ၎င်းက မကောင်းသည်များကို ကောင်းသောအရာများအဖြစ် ပြောင်းလဲပစ်နိုင်သော ကံကြမ္မာသားသမီးများ၏ လက္ခဏာများပင် ဖြစ်သည်။ ယင်ပုကဲ့သို့ ဆရာသခင်အဆင့် သိုင်းပညာရှင်တစ်ယောက်သာ ကိုယ်တိုင် မလှုပ်ရှားခဲ့လျှင် လျိုကျိကို ခေါ်လာနိုင်မည်မဟုတ်ပေ။
" ဒါကြောင့် သူ့ကို အခုသတ်လိုက်တာက မှန်တယ်။ မဟုတ်ရင် နောင်တစ်ချိန်မှာ ချင်နိုင်ငံအတွက် ပြဿနာတွေ ဖြစ်လာနိုင်တယ်။ " ကျောက်ဖုန်းက အခန်းထဲမှ လျိုကျိကို အေးစက်စွာ ကြည့်ပြီး ပြောလိုက်သည်။ " သူ့ကို သတ်လိုက်။ "
" နားလည်ပါပြီ။ " ယင်ပု၏ ဘေးမှ ဝူချန်နှစ်ယောက်က အမိန့်ကို လက်လံလိုက်သည်။
အခန်းတံခါးပွင့်သွားချိန်တွင် လျိုကျိ၏ မျက်လုံးများက မျှော်လင့်ချက်များ တောက်ပသွားသည်။ " ကျွန်တော်က သာမန်လူတစ်ယောက်ပါ။ လောင်းကစားဝါသနာပါပေမယ့် ဥပဒေကို တစ်ခါမှမချိုးဖောက်ခဲ့ပါဘူး။ ကျွန်တော်ကို လွှတ်ပေးပါ။ "
ဝူချန်နှစ်ယောက်က လျိုကျိကို လျစ်လျူရှုပြီး သူတို့၏ ဓားကို ဆွဲထုတ်လိုက်ကြသည်။ လျိုကျိက ထိတ်လန့်သွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
" ကျွန် ကျွန်တော်ကို ဘာလို့သတ်မှာလဲ။ ကျွန်တော်ဘယ်သူကို ပြစ်မှားမိလို့လဲ။ "
ဝူချန်နှစ်ယောက်က ဓားများကို မြှောက်ပြီး လျိုကျိကို ထိုးစိုက်လိုက်သည်။
ဝုန်း...
ရုတ်တရက် လျိုကျိ၏ ခန္ဓာကိုယ်မှ မမြင်ရသော စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ဝူချန်နှစ်ယောက်က လွင့်ထွက်သွားသည်။