← Chapters

အခန်း ၄၈၄

Vol. 49 Ch. 484

အခန်း ၄၈၄

Vol. 49 Ch. 484

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၄၈၄)

" ဟမ် စိတ်ဝင်စားစရာပဲ။ ငါ့ လက်ထဲရောက်နေတာတောင် ကာကွယ်ပေးနေတုန်းလား။ ဒီကံကြမ္မာရဲ့ သားသမီးကို တကယ်ပဲ သတ်ဖို့ ခက်ခဲတာလား။ ငါတော့ မယုံဘူး။ " ကျောက်ဖုန်းက အနည်းငယ် အံ့ဩသွားပြီးနောက် အေးစက်စွာ ရယ်မောလိုက်သည်။

အတွင်းရှိ ဝူချန်များက တုန်လှုပ်နေကြပြီး နားမလည်နိုင်ဖြစ်နေကြသည်။ သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး သူတို့၏ ချီစွမ်းအားကို မြှင့်တင်ကာ လျိုကျိကို နောက်တစ်ကြိမ် ထိုးစိုက်လိုက်သည်။ ချီစွမ်းအားကို မြှင့်တင်ထားသော်လည်း ရှန်ထျန်းအဆင့် ဝူချန်နှစ်ယောက်က ခုခံနိုင်စွမ်းမရှိဘဲ လျိုကျိ၏ ခန္ဓကိုယ်မှ စွမ်းအားတစ်ခုကြောင့် လွင့်ထွက်သွားကြသည်။

" အရှင် ဒီကောင်က ထူးဆန်းနေတယ်။ သူက သိုင်းပညာလည်း မတတ်ဘဲနဲ့ ဘာလို့ဒီလောက်ပြင်းထန်တဲ့ အကာအကွယ်မျိုး ရှိနေတာလဲ။ " ယင်ပုကလည်း အံ့ဩသွားသည်။

" မင်းစမ်းကြည့်လိုက်။ " ကျောက်ဖုန်းက လျိုကျိကို စိုက်ကြည့်ပြီး ပြောလိုက်သည်။

" ဟုတ်ကဲ့။ " ယင်ပုက အခန်းထဲသို့ ဝင်ရောက်သွားသည်။ " နောက်ဆုတ်ကြ။ "

လျိုကျိက လုံးဝနားမလည်နိုင်ဖြစ်နေသည်။ ထိုလူနှစ်‌ယောက်က သူ့ကို သတ်ရန် ကြိုးစားခဲ့သော်လည်း စွမ်းအားတစ်ခုကြောင့် လွင့်ပါသွားကြသည်။ ထိုအချိန်တွင် လျိုကျိ၏ စိတ်ထဲ၌ တစ်စုံတစ်ခုကို တွေးမိသွားသည်။

" ငါ့ကို နတ်ဘုရားတစ်ပါးက ကာကွယ်ပေးနေတာပဲ။ သူတို့ ငါ့ကို မသတ်နိုင်ဘူး။ " လျိုကျိ၏ မျက်လုံးများက တောက်ပသွားသည်။ " မင်းတို့ ဘယ်သူတွေလဲ။ ဘာလို့ ငါ့ကို တိုက်ခိုက်နေကြတာလဲ။ "

" ငါလျိုကျိက နတ်ဘုရားတွေရဲ့ ကာကွယ်မှုအောက်မှာ ရှိတယ်။ မင်းတို့ ငါ့ကို မသတ်နိုင်ဘူး။ မင်းတို့မှာ အသိဉာဏ်ရှိရင် ငါ့ကို ချက်ချင်း လွှတ်ပေးလိုက်။ မဟုတ်ရင် နတ်ဘုရားတွေက မင်းတို့ကို ခွင့်လွှတ်မှာ မဟုတ်ဘူး။ " လျိုကျိက ယင်ပုကို ခြိမ်းခြောက်လိုက်သည်။

လျိုကျိ၏ စကားများက သာမန်ဓားပြများနှင့် တွေ့ဆုံလျှင် သူတို့ကို လှည့်စားနိုင်ပေလိမ့်မည်။ သို့သော် ကျောက်ဖုန်းအတွက်မူ ၎င်းက ဘာမှမဟုတ်ပေ။ ကျောက်ဖုန်းက သူ၏ လက်ရှိစွမ်းအားနှင့် အင်မော်တယ်တစ်ယောက်နှင့်ပင် တိုက်ခိုက်နိုင်ပြီဖြစ်သည်။

ယင်ပုကလည်း ဂရုမစိုက်ဘဲ သူ၏ ခါးမှ ဓါးကို ဆွဲထုတ်လိုက်သည်။ သူ၏ ဆရာသခင်အဆင့် ချီစွမ်းအားများကို ထုတ်ဖော်ပြီး လျိုကျိကို ဓားဖြင့် ထိုးစိုက်လိုက်သည်။ လျိုကျိ၏ ခန္ဓာကိုယ်ပေါ်တွင် အကာအကွယ်တစ်ခု ပေါ်လာသည်။ ထိုအချိန်တွင် ကျောက်ဖုန်းက သူ၏ နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ရာ လျိုကျိပေါ်တွင် အိုးတစ်လုံး၏ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။

" ဒီလိုကိုး။ ယုပြည်နယ် အိုးပဲ။ ယုအမွေအနှစ်ကလာတဲ့ ကံကြမ္မာစွမ်းအားရတနာပဲ။ ချင်နိုင်ငံက ကျိုမင်းဆက်ကို ဖျက်ဆီးတုန်းက အိုးကိုးလုံးကို ချင်နိုင်ငံကို ပြောင်းရွှေ့ခဲ့ပေမယ့် ယုပြည်နယ် အိုးက ပျောက်ဆုံးသွားခဲ့တာ။ အခုတော့ လျိုကျိဆီရောက်နေတာကိုး။ ကောင်းကင်ကံကြမ္မာနဲ့ ဒီအိုးက လျိုကျိကို အန္တရာယ်တွေကနေ ကာကွယ်ပေးဖို့ လုံလောက်နေပြီ။ ဒါက ကံကြမ္မာက စီမံထားတာလား။ ဒါမှမဟုတ် တစ်ယောက်ယောက်က ကြံစည်ထားတာလား။ " ကျောက်ဖုန်းက စဉ်းစားနေသည်။

ထိုအချိန်တွင် ယင်ပုက အစွမ်းကုန်တိုက်ခိုက်နေသည်။ သူ၏ ဓားချက်တစ်ချက်တည်းဖြင့် လူပေါင်းရာချီအထိ ဖျက်ဆီးပစ်နိုင်သည်။ သို့သော် လျိုကျိ၏ ရှေ့တွင် တစ်လက်မမှ ရှေ့မတိုးနိုင်ပေ။

" ဟားဟား ငါ့ကို နတ်ဘုရားတွေက ကာကွယ်ပေးထားတယ်။ မင်းတို့ ငါ့ကို မသတ်နိုင်ဘူး။ " လျိုကျိက ရယ်မောလိုက်သည်။

ထိုအချိန်တွင် ကျောက်ဖုန်းက အခန်းထဲသို့ ဖြည်းညင်းစွာ လျှောက်ဝင်လာပြီး သူ၏ နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သ်ည။

" ဘာ ဘာဖြစ်တာလဲ။ " လျိုကျိ၏ ခန္ဓာကိုယ်က ထိန်းချုပ်မရဘဲ မြောက်တက်လာသည်။

ယင်ပုက သူ၏ ဓားကို ဓားအိမ်ထဲသို့ ထည့်ပြီး ကျောက်ဖုန်းနောက်တွင် ရပ်လိုက်သည်။

" မင်းကို သတ်တာက လွယ်ပါတယ်။ ဒီတစ်ခါ မင်းကို ဖမ်းမိတာ ကောင်းတယ်။ မဟုတ်ရင် အိုးကိုးလုံးက တကယ် ပြည့်စုံမှာ မဟုတ်ဘူး။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။

သူက လက်ကို မြှောက်လိုက်ရာ ဓားချီတစ်ခုက လျိုကျိ၏ ခန္ဓကိုယ်ဆီသို့ ဦးတည်သွားသည်။ ယင်ပုတိုက်ခိုက်ခဲ့စဉ်ကအတိုင်းပင် လျိုကျိ၏ ခန္ဓာကိုယ်မှ အကာအကွယ်တစ်ခု ပေါ်လာသည်။ သို့သော် ကျောက်ဖုန်း၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသောအခါ ယုနိုင်ငံအိုး၏ အကာအကွယ်က ကန့်သတ်ချက်သို့ ရောက်သွားခဲ့သည်။ ဓားချီက အကာအကွယ်ကို ထိုးဖောက်သွားပြီး လျိုကျိ၏ နှလုံးကို စိုက်ဝင်သွားသည်။ နောက်ဆုံးတွင် သူက ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။

" အနာဂတ်ဧကရာဇ်လျိုကျိကို သတ်ဖြတ်ပြီး ကောင်းကင်တာအိုရဲ့ လမ်းကြောင်းကို ပြောင်းလဲလိုက်ပါတယ်။ စွမ်းရည်အားလုံး ၂၀၀မှတ်၊ သက်တမ်းရက်ပေါင်း ၂၀၀နှင့် အဆင့်ငါး ရတနာသေတ္တာတစ်ခုကို ရရှိပါတယ်။ " စနစ်မှ အသိပေးချက် ထွက်ပေါ်လာသည်။

" အဆင့်ငါး ရတနာသေတ္တာလား။ " ကျောက်ဖုန်းက အံ့အားသင့်သွားပြီးနောက် ပြုံးလိုက်သည်။

" လျိုကျိကို သတ်တာ တကယ်မှန်သွားပြီ။ သူက တကယ်ကို အဆင့်ငါးရတနာသေတ္တာနဲ့ ထိုက်တန်တယ်။ " ကျောက်ဖုန်းက ကျေနပ်သွားသည်။

လျိုကျိသေဆုံးသွားသောအခါ သူ၏ ဝိညာဉ်က အလောင်းမှ ထွက်ပေါ်လာပြီး ကျောက်ဖုန်းကို ဒေါသတကြီး ဆဲဆိုနေသည်။ သို့သော် ကျောက်ဖုန်းက သူ့ကို မြင်နိုင်သည်ကိုတော့ သူမသိပေ။

" သေပြီးတာတောင် စကားများနေတာပဲ။ ဒါဆို ငါက မင်းရဲ့ ဝိညာဉ်ကိုပါ ဖျက်ဆီးပစ်မယ်။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းလိုက်ပြီး မရဏလောကမီးတောက်က လျိုကျိ၏ ဝိညာဉ်ဆီသို့ ပျံသန်းသွားသည်။ ခဏအတွင်း လျိုကျိ၏ ဝိညာဉ်က လောင်ကျွမ်းသွားခဲ့သည်။

" ဝိညာဉ်စွမ်းအား ၂၀၀ မှတ်ရရှိပါတယ်။ "

ကျောက်ဖုန်းက လျိုကျို၏ အလောင်းဆီသို့ လျှောက်သွားလိုက်ပြီး သူ၏ အင်္ကျီကို ဖွင့်ကြည့်လိုက်သည်။ အိုးငယ်လေးတစ်လုံးက သူ၏ ရှေ့တွင် ပေါ်လာသည်။

" ယုပြည်နယ်အိုးပဲ။ ဒီလောက်လေးသေးသွားတာပဲ။ ကောင်းကင်ဘုံက နှစ်သက်တဲ့ ကံကြမ္မာသားတော်ဖြစ်ထိုက်ပါတယ်။ အခု သူ့ကို သတ်လိုက်ပြီဆိုတော့ နောက်ကွယ်ကကြံစည်နေသူတွေ ဘယ်လိုတုန့်ပြန်မလဲ ကြည့်ချင်မိတယ်။ " ကျောက်ဖုန်းက ယုပြည်နယ်အိုးကို ယူလိုက်သည်။ ၎င်းက အိုးလေးတစ်လုံးဖြစ်သော်လည်း ပေါင်တစ်ထောင်လောက် လေးလံသည်။

" သူ့အလောင်းကို မီးရှို့လိုက်။ ပြီးတော့ လီမု၊ စစ်မာရှန်းနဲ့ ဟန်ရှင်းတို့ကို ရှန်းယန်ကို လာခိုင်းလိုက်။ သူတို့ကို အသုံးချဖို့ အချိန်ကျပြီ။ " ကျောက်ဖုန်းက ယင်ပုကို အမိန့်ပေးပြီး ထွက်ခွာသွားသည်။

" ဟုတ်ကဲ့။ " ယင်ပုက ချက်ချင်း ပြန်ပြောလိုက်သည်။

ခန်းမထဲသို့ ပြန်ရောက်သောအခါ ကျောက်ဖုန်းက အဆင့်ငါးရတနာသေတ္တာကို ချက်ချင်း ဖွင့်လိုက်သည်။

" အဆင့်ငါးရတနာသေတ္တာကို ဖွင့်နေပါပြီ။ ဟောက်ထျန်းကံကြမ္မာစိတ်ဝိညာဉ်ရတနာ ထျန်းရွှမ်ကြေးမုံကို ရရှိပါတယ်။ " စနစ်မှ အသိပေးချက်ထွက်ပေါ်လာသည်။

" ဟောက်ထျန်းစိတ်ဝိညာဉ်ရတနာလား။ " ကျောက်ဖုန်းက နားမလည်နိုင်ဖြစ်သွားသည်။

သူက ရတနာများနှင့် လက်နက်များ၏ အဆင့်များကို သိရှိထားသည်။ အဝါရောင်၊ အနက်ရောင်၊ မြေကြီး၊ ကောင်းကင်၊ အင်မော်တယ်နှင့် နတ်ဘုရားတို့ဖြစ်သည်။ ထို့နောက် ဟောက်ထျန်းစိတ်ဝိညာဉ်ရတနာများနှင့် ရှန်ထျန်းစိတ်ဝိညာဉ်ရတနာများဖြစ်သည်။

" ဟောက်ထျန်းစိတ်ဝိညာဉ်ရတနာနဲ့ ရှန်ထျန်းစိတ်ဝိညာဉ်ရတနာက ဘာကွာတာလဲ။ ကံကြမ္မာစွမ်းအားနဲ့ ပက်သက်နေတာလား။ " ကျောက်ဖုန်းက တွေးပြီး ရတနာကို ထုတ်ယူလိုက်သည်။

ထျန်းရွှမ်ကြေးမုံ။

စွမ်းအားကောင်းသော အော်ရာတစ်ခုကို ထုတ်လွှတ်နေသော ကြေးမုံတစ်ချပ်က ကျောက်ဖုန်း၏ လက်ထဲတွင် ပေါ်လာသည်။ တစ်ချိန်တည်းတွင် ထျန်းရွှမ်ကြေးမုံ၏ စွမ်းရည်များက သူ၏ စိတ်ထဲတွင်ပေါ်လာသည်။

ထျန်းရွှမ်ကြေးမုံ ဟောက်ထျန်းကံကြမ္မာ အဆင့်မြင့် စိတ်ဝိညာဉ်ရတနာ ကံကြမ္မာစွမ်းအားကို စုပ်ယူပြီး အဆင့်မြင့်စိတ်ဝိညာဉ်ရတနာအဖြစ် ဆင့်ကဲပြောင်းလဲနိုင်သည်။ စွမ်းရည်များမှာ ကျင့်စဉ်များ၊ သိုင်းပညာများနှင့် နတ်စွမ်းရည်များကို ခွဲခြမ်းစိတ်ဖြာပြီး တိုးတက်အောင် ပြုပြင်ပေးနိုင်သည်။ ကျင့်ကြံခြင်းနေရာကို ဖန်တီးပေးပြီး လေ့ကျင့်မှုကို အရှိန်မြှင့်ပေးနိုင်သည်။ ကြေးမုံတွေကို ခွဲထုတ်နိုင်ပြီး ကြေးမုံခွဲတွေကို ပင်မကြေးမုံက အပြည့်အဝ ထိန်းချုပ်နိုင်တယ်။ ကြေးမုံခွဲများအချင်းချင အပြန်အလှန်ဆက်သွယ်နိုင်ပြီး ကြေးမုံခွဲများအတွင်း၌ ကျင့်ကြံခြင်းနေရာတစ်ခု ဖန်တီးပေးနိုင်သည်။

ထျန်းရွှမ်ကြေးမုံ၏ စွမ်းရည်ျားကို မြင်သောအခါ ကျောက်ဖုန်းက အံ့အားသင့်သွားသည်။

" ဒီစိတ်ဝိညာဉ်ရတနာက တကယ်ကောင်းကင်ကို ဆန့်ကျင်နိုင်တာပဲ။ ဆင့်ကဲပြောင်းလဲနိုင်တဲ့အပြင် ငါက သိုင်းတာအိုမင်းဆက်ကို တည်ထောင်ပြီး နိုင်ငံတော်ကံကြမ္မာကို စုစည်းလိုက်ရင် ဒီစိတ်ဝိညာဉ်ရတနာကို အားဖြည့်ပေးလို့ရတယ်။ ပြီးတော့ ဒီကြေးမုံက ကျင့်စဉ်တွေကို ဖော်​ထုတ်ပြီး လေ့ကျင့်ဖို့နေရာလည်း ဖွင့်လှစ်ပေးနိုင်တယ်။ ဒါ့အပြင် ကြေးမုံခွဲတွေလည်း ခွဲထုတ်နိုင်သေးတယ်။ ချင်နိုင်ငံမှာသာ ဒါတွေ​ပျံ့နှံ့သွားရင် ဆက်သွယ်ရေးက ပိုပြီးလွယ်ကူသွားမှာမဟုတ်လား။ " ကျောက်ဖုန်းက ရတနာ၏ စွမ်းရည်များကို ကြည့်ပြီး အံ့ဩသွားသည်။

သူက စိတ်မရှည်တော့ဘဲ သူ၏ ရှေ့မှ ထျန်းရွှမ်ကြေးမုံကို အာရုံစိုက်ပြီး သန့်စင်ခြင်းကို စတင်လိုက်သည်။ ရတနာသေတ္တာမှ ရရှိသော ရတနာတစ်ခုဖြစ်သောကြောင့် ကျောက်ဖုန်းအတွက် သန့်စင်ရလွယ်ကူစေသည်။သို့သော် ဟောက်ထျန်းအဆင့်မြင့် စိတ်ဝိညာဉ်ရတနာတစ်ခုဖြစ်သောကြောင့် ကန့်သတ်ချက် အဆင့် ၃၉ခု ပါပြီး ကျောက်ဖုန်းပိုင်ဆိုင်သမျှ ရတနာများထဲတွင် အဆင့်အမြင့်ဆုံးဖြစ်သည်။

အချိန်များက တဖြည်းဖြည်း ကုန်လွန်သွားပြီး ကောင်းကင်က အမှောင်မှ အလင်းသို့ ပြောင်းလဲသွားသည်။

" တကယ်ကို အဆင့်မြင့်စိတ်ဝိညာဉ်ရတနာပဲ။အရင်လိုပဲ လွယ်မယ်ထင်နေတာ။ ဒါပေမယ့် တစ်ညလုံး သန့်စင်တာတောင် ကန့်သတ်ချက် အဆင့်၁၅ထိပဲ သန့်စင်နိုင်တယ်။ " ကျောက်ဖုန်းက အနည်းငယ် စိတ်ပျက်စွာ ပြောလိုက်သည်။

သို့သော် ၎င်းက လွယ်ကူခြင်းဖြစ်သည်။ မဟုတ်လျှင် ကျောက်ဖုန်း၏ လက်ရှိအဆင့်ဖြင့် စိတ်ဝိညာဉ်ရတနာကို သန့်စင်ရန် ကန့်သတ်ချက်များကို ပြုပြင်ချင်လျှင် ဆယ်ရက် သို့မဟုတ် ဆယ့်ငါးရက်အထိ ကြာပေလိမ့်မည်။ ၎င်းက ရတနာသေတ္တာမှ ရရှိလာသောကြောင့်သာ ယခုထိ လွယ်ကူနေခြင်းဖြစ်သည်။

All Chapters