← Chapters

အခန်း ၄၈၅

Vol. 49 Ch. 485

အခန်း ၄၈၅

Vol. 49 Ch. 485

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၄၈၅)

" စမ်းကြည့်တာပေါ့။ ကျင့်ကြံခြင်းနေရာကို ဖွင့်ပါ။ " ကျောက်ဖုန်းက ထျန်းရွှမ်ကြေးမုံကို ကြည့်ပြီး ပြောလိုက်သည်။

ထျန်းရွှမ်ကြေးမုံမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကျောက်ဖုန်းကို ဝန်းရံသွားသည်။ နောက်ခဏတွင် ကျောက်ဖုန်းက ခန်းမအတွင်းမှ တိုက်ရိုက်ပျောက်ကွယ်သွားသည်။ သူက ထျန်းရွှမ်ကြေးမုံအတွင်းသို့ ဝင်ရောက်သွားပြီး ကြေးမုံက အခန်းထဲတွင် လွင့်မျောနေသည်။

" စိတ်ဝင်စားစရာပဲ။ ဒီနေရာမှာရှိထက် စိတ်ဝိညာဉ်စွမ်းအားက အပြင်ထက် အဆတစ်ရာလောက် ပိုသိပ်သည်းနေတာပဲ။ ထျန်းရွှမ်ကြေးမုံက စိတ်ဝိညာဉ်စွမ်းအားတွေကို အလိုအလျောက် စုစည်းပေးတာလား။ ဒါကကောင်းတယ်။ ဒီနေရာမှာ ကျင့်ကြံရင် အပြင်ဘက်ထက် ပိုပြီး တိုးတက်နိုင်လိမ့်မယ်။ ဒါပေမယ့် ကျင့်ကြံမှုအဆင့်မြှင့်တင်တာက ဘယ်လိုလုပ်တာလဲ။ " ကျောက်ဖုန်းက တွေးလိုက်သည်။

" သခင်က စိတ်ဝိညာဉ်ကျောက်တုံးတွေကို အသုံးပြုပြီး ကျင့်ကြံမှုအရှိန်ကို မြှင့်တင်ခြင်း၊ ကျင့်စဉ်ဖောက်ပြန်ခြင်းမှ ရှောင်ရှားခြင်းတို့ကို လုပ်ဆောင်နိုင်ပါတယ်။ "

" ဒါက ရတနာစိတ်ဝိညာဉ်လား။ " ကျောက်ဖုန်းက အံ့ဩသွားသည်။ သူက နတ်လက်နက်များနှင့် မှော်ရတနာများကို ပိုင်ဆိုင်ထားသော်လည်း ရတနာစိတ်ဝိညာဉ်ကို ပထမဆုံးတွေ့ဖူးခြင်းဖြစ်သည်။

" ကြေးမုံခွဲတွေကို ဘယ်လိုခွဲထုတ်ရမလဲ။ ဘယ်နှစ်ခုထိ ခွဲထုတ်လို့ရလဲ။ " ကျောက်ဖုန်းက မေးလိုက်သည်။

" သခင်ဆန္ဒရှိသမျှ ကြေးမုံခွဲတွေကို ခွဲထုတ်နိုင်ပါတယ်။ ဒါပေမယ့် ကြေးမုံခွဲကို ကိုင်ဆောင်သူက စွမ်းအားထောက်ပံ့ပေးဖို့ လိုအပ်ပါတယ်။ တကယ်လို့ ကိုင်ဆောင်သူပျက်စီးသွားရင် ကြေးမုံခွဲရဲ့ စွမ်းအားတွေကလည်း သခင်ဆီကို ပြန်ရောက်လာပါလိမ့်မယ်။ " ထျန်းရွှမ်ကြေးမုံစိတ်ဝိညာဉ်က ပြန်ဖြေလိုက်သည်။

" ဒါဆို ကြေးမုံခွဲတွေရဲ့ ကျင့်ကြံခြင်းနေရာတွေက ဘယ်လိုဆက်သွယ်ကြမလဲ။ " ကျောက်ဖုန်းက ဆက်မေးလိုက်သည်။

" သခင်ရဲ့ ခွင့်ပြုချက်ကို ရယူပြီး ထျန်းရွှမ်ကြေးမုံရဲ့ အော်ရာတစ်ခု ပေးအပ်လိုက်တာနဲ့ သတ်မှတ်ထားသူက ကြေးမုံခွဲရဲ့ ကျင့်ကြံခြင်းနေရာကို ဖွင့်နိုင်ပါတယ်။ ကြေးမုံခွဲတိုင်းက ပင်မကြေးမုံနဲ့ ချိတ်ဆက်ထားတာမလို့ ထျန်းရွှမ်ကြေးမုံခွဲကတစ်ဆင့် ဆက်သွယ်လဲလှယ်လို့ ရပါတယ်။ " ထျန်းရွှမ်ကြေးမုံစိတ်ဝိညာဉ်က ပြောလိုက်သည်။

" ငါနားလည်ပြီ။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။

" ထျန်းရွှမ်ကြေးမုံက နိုင်ငံတစ်ခုအတွက် အကြီးမြတ်ဆုံးရတနာပဲ။ အကွာအဝေးကို ဂရုစိုက်စရာမလိုဘဲ ကျင့်ကြံခြင်းနေရာမှာရှိနေသရွေ့ အပြန်အလှန် ဆက်သွယ်ပြောဆိုနိုင်တယ်။ ဒါက အခု ဟောက်ထျန်းအဆင့်ပဲ ရှိသေးတယ်။ အနာဂတ်မှာ ကံကြမ္မာစွမ်းအားလုံလောက်ရင် ဒီရတနာက ရှန်ထျန်းအဆင့်ရတနာတစ်ခုအဖြစ် ပြောင်းလဲနိုင်လိမ့်မယ်။ " ကျောက်ဖုန်းက တွေးလိုက်သည်။

" ငါ ထျန်းရွှမ်ကြေးမုံနေရာလွတ်ထဲမှာ ငွေကြေးစနစ်တစ်ခု ဖန်တီးလို့ရမလား။ အခြားသူတွေက ဒီငွေကြေးကို အသုံးပြုပြီး ကျင့်ကြံခြင်းအရှိန်ကို မြှင့်တင်နိုင်လိမ့်မယ်။အရောင်းအဝယ်လည်း လုပ်နိုင်လိမ့်မယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

ထိုသို့သာ လုပ်နိုင်လျှင် ထျန်းရွှမ်ကြေးမုံက တစ်နေ့တွင် ချင်နိုင်ငံနှင့် ရှန်းကျိုးနယ်မြေ၏ အသက်သွေးကြောဖြစ်လာပေလိမ့်မည်။

" သခင်ပြောတာကို နားမလည်ပါဘူး။ " ထျန်းရွှမ်ကြေးမုံစိတ်ဝိညာဉ်က ငွေကြေးကို နားမလည်ပေ။

" ငါက ထျန်းရွှမ်ကြေးမုံအတွင်းမှာ စုဆောင်းလို့ရတဲ့ တန်ဖိုးတစ်ခု ဖန်တီးချင်တာ။ ကြေးမုံခွဲကိုင်ဆောင်သူတွေက စိတ်ဝိညာဉ်ကျောက်တုံးတွေ၊ ဆေးလုံးတွေနဲ့ ရတနာတွေကို အဲ့ဒီတန်ဖိုးနဲ့ လဲလှယ်ပြီး ကျင့်ကြံခြင်းနေရာကို ဖွင့်နိုင်မယ်။ ကျင့်ကြံခြင်းအရှိန်ကို မြှင့်တင်နိုင်လိမ့်မယ်။ အရောင်းအဝယ်လုပ်နိုင်မယ်။ " ကျောက်ဖုန်းက ရှင်းပြလိုက်သည်။

" သခင်ပြောသလို လုပ်လို့ရပါတယ်။ " ထျန်းရွှမ်ကြေးမုံစိတ်ဝိညာဉ်က ပြန်ဖြေလိုက်သည်။

" ကောင်းတယ်။ " ကျောက်ဖုန်းက ကျေနပ်သွားပြီး ကျင့်ကြံခြင်းနေရာမှ ထွက်လာသည်။ သူက ထျန်းရွှမ်ကြေးမုံကို သူ၏ ဒန်တျန်အတွင်းသို့ ထည့်လိုက်သည်။ ထို့နောက် အခန်းတံခါးကို ထွက်ပြီး အပြင်သို့ ကြည့်လိုက်သည်။

" အဆင်သင့်ဖြစ်ပြီလား။ " ကျောက်ဖုန်းက ကျန်းမင်ကို မေးလိုက်သည်။

" အရှင် အားလုံးအဆင်သင့်ဖြစ်ပါပြီ။ အရှင်ရဲ့ အမိန့်ကို စောင့်နေတာပါ။ " ကျန်းမင်က ပြန်ပြောလိုက်သည်။

" စထွက်မယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" နားလည်ပါပြီ။ " ကျန်းမင်က ချက်ချင်း ထွက်ခွာသွားသည်။

" ငါ့ကိုငါ ငါးစာအဖြစ်သုံးတာက လူအများစုကို ဆွဲဆောင်နိုင်လိမ့်မယ်။ ဒီလိုအခွင့်အရေးကိုမှ မယူဘူးဆိုရင်တော့ ငါ့ကို အပြစ်မတင်​နဲ့တော့။ " ကျောက်ဖုန်းက အေးစက်စွာ ပြုံးလိုက်သည်။

သူ၏ အဆင့်အတန်းနှင့် ၎င်းကို ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခြင်းဖြစ်သော်လည်း လူအများစုက ၎င်းကို မစွန့်လွှတ်နိုင်ကြပေ။ ထိုအပြင် ထိုလူများထဲတွင် ရှန်းယန်မှ အဆင့်မြင့်ရာထူးရှိသူများ ပါဝင်နေသည်။ ကျောက်ဖုန်းက ကိုယ်ရံတော်ငါးရာနှင့် သွားခြင်းဖြစ်သောကြောင့် သူတို့ကို လှုပ်ရှားရန် တွန်းအားပေးနေသကဲ့သို့ ဖြစ်နေသည်။

ရှန်းယန်မြို့​တွင် ကောင်းကင်က အလင်းရောင်မရှိဘဲ မှောင်နေဆဲ ဖြစ်သည်။ ကျောက်စံအိမ်၏ အပြင်ဘက်တွင် ကိုယ်ရံတော်ငါးရာက စုရုံးနေကြသည်။ ကျောက်ဖုန်း၏ အမိန့်နှင့်အတူ ကိုယ်ရံတော်များက မြို့ပြင်သို့ ထွက်ခွာသွားသည်။

" ကျောက်ဖုန်း မြို့ပြင်ကို ထွက်သွားပြီ။ သခင်ကို အမြန်အစီရင်ခံလိုက်။ "

" နားလည်ပါပြီ။ "

" ကျောက်ဖုန်းရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ထား။ "

အရိပ်ထဲတွင် သူလျိုများက ကျောက်စံအိမ်၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေကြပြီး ကျောက်ဖုန်း ထွက်ခွာသွားသည်ကို မြင်သောအခါ ချက်ချင်း အစီရင်ခံကြသည်။ သို့သော် သူတို့က ပုစဉ်းကို ချောင်းနေသော ပိုးကောင်းများသဖွယ် နောက်မှ ငှက်ကိုတော့ သတိမထားကြပေ။ သူတို့မသိသော​နေ​ရာတွင် သူတို့ကို စောင့်ကြည့်နေသူအချို့လည်း ရှိနေသည်။

" ဒီလူတွေ ဘယ်ကိုသွားသလဲ။ ဘယ်သူတွေနဲ့ စကားပြောလဲဆိုတာ စောင့်ကြည့်ပြီး မှတ်တမ်းတင်ထား။ အရှင်ပြန်ရောက်လာရင် သူတို့နဲ့ စာရင်းရှင်းလိမ့်မယ်။ " ယင်ပုက ဖြည်းညင်းစွာ ပြောလိုက်သည်။

" နားလည်ပါပြီ။ " ယန်ထင်မှ ဝူချန်များက ချက်ချင်း ထွက်ခွာသွားကြသည်။

ရှန်ယန်မှ လူများက ကောက်ကျစ်သော မြေခွေးအိုကြီးများ ဖြစ်ကြသည်။ သူတို့က သတ်ဖြတ်သူများကို စေလွှတ်လျှင်တောင် သူတို့၏ အထောက်အထားများကို ဖုံးကွယ်ရန် အသေခံစစ်သည်များကို အသုံးပြုပေလိမ့်မည်။ ကျောက်ဖုန်းက ထိုအရာကို ကြိုမြင်ထားပြီး ရှန်းယန်မှ ဝန်ကြီးများကို အနီကပ်စောင့်ကြည့်ရန် ဝူချန်များကို အမိန့်ပေးထားခဲ့သည်။ သူတို့သာ လှုပ်ရှားသည်နှင့် ယန်ထင်က အားလုံးကို မှတ်သားထားမည်ဖြစ်သည်။

အချိန်များကုန်လွန်လာပြီး မျက်စိတစ်မှိတ်အတွင်း သုံးရက်ကြာသွားခဲ့သည်။ ကျောက်ဖုန်းနှင့် ကိုယ်ရံတော်ငါးရာက ရှန်းယန်မှ ထွက်ခွာလာပြီး လူသူကင်းမဲ့သော သစ်တောတစ်ခုသို့ ရောက်လာခဲ့သည်။ ထိုနေရာနှင့် အနီးဆုံးစီရင်စုက မိုင်နှစ်ဆယ်ကျော် ဝေးသည်။ ကျောက်ဖုန်းနှင့် သူ၏ အဖွဲ့က မြင်းများကို အရှိန်ပြင်းပြင်း မစီးဘဲ ဖြည်းညင်းစွာ စီးလာကြသည်။

" အရှင် တစ်ယောက်ယောက်က ခြုံခိုတိုက်ခိုက်ဖို့ ကြံစည်ထားရင် ဒီနေရာက အကောင်းဆုံးပဲ။ ဒီနေရာက စီရင်စုတွေနဲ့ ပဝေးကြီးမှာရှိနေတော့ စစ်ကူတောင်းလို့မရဘူး။ " ကျန်းမင်က ပြုံး၍ ပြောလိုက်သည်။

" သူတို့က ရှေ့မှာ ရောက်နေပြီ။ " ကျောက်ဖုန်းက အေးစက်စွာ ရယ်မောလိုက်သည်။

သူ၏ နတ်ဘုရားအာရုံအောက်တွင် ရှေ့ရှိ ကုန်းမြင့်များနှင့် တောထဲတွင် လူအများအပြား ပုန်းခိုနေကြသည်ကို သိလိုက်ရသည်။ ထို့အပြင် အနီးတွင်လည်း ပုန်းအောင်းနေကြပြီး သူတို့သတ်မှတ်ထားသော နေရာသို့ ရောက်သည်နှင့် ကျောက်ဖုန်းကို တိုက်ခိုက်ကြမည်ဖြစ်သည်။

" ဒါဆိုလည်း သူတို့ကို ထွက်လာခိုင်းလိုက်ပေါ့။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" နားလည်ပါပြီ။ " ကျန်းမင်က ပြန်ပြောလိုက်သည်။

" ညီကိုတို့ လေးတွေအသင့်ပြင်ထားကြ။ " ကျန်းမင်က အမိန့်ပေးလိုက်သည်နှင့် ​ကိုယ်ရံတော်ငါးရာက ဖြန့်ကျက်လိုက်ပြီး ကျောက်ဖုန်းကို အလည်တွင် ကာကွယ်လိုက်ကြသည်။

" ပစ် " ကျယ်လောင်သော အသံနှင့်အတူ ကိုယ်ရံတော်ငါးရာက မြှားများကို တောင်ကုန်းများဆီသို့ ပစ်လွှတ်လိုက်ကြသည်။ ထိုပစ်ခတ်မှုအောက်တွင် တောင်ကုန်းနောက်မှ ပုန်းနေသော လုပ်ကြံသူများက မြားထိမှန်ပြီး ချက်ချင်း သေဆုံးသွားကြသည်။

" မကောင်းတော့ဘူး။ ကျောက်ဖုန်းက ငါတို့ကို ရှာတွေ့သွားပြီ။ ထပ်ပြီးပုန်းစရာမလိုတော့ဘူး။ အပြင်ထွက်ပြီး ကျောက်ဖုန်းကို သတ်ကြ။ "

" ကျောက်ဖုန်းက ကိုယ်ရံတော်ငါးရာပဲ ခေါ်လာတာ။ ကျောက်ဖုန်းကိုသတ်ပြီး အောင်မြင်မှုကို ရယူကြ။ "

ပုန်းကွယ်နေသူများက မြားများကို ထုတ်ကာ ကျောက်ဖုန်း၏ ကိုယ်ရံတော်များဆီသို့ ပစ်ခတ်လိုက်ကြသည်။

" သူတို့က အတော်များတာပဲ။ စုစုပေါင်းသုံးထောင်နီးပါးရှိတယ်။ နိုင်ငံခြောက်ခုရဲ့ အကြွင်းအကျန်တွေနဲ့ ရှန်းယန်က အရာရှိတွေရဲ့ အသေခံစစ်သည်တွေပဲ။ စ်တ်ဝင်စားစရာပဲ။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

သူတို့က တစ်ခုနည်းသော အခွင့်အရေးအတွက် အပြည့်အဝ အသုံးချလိုက်ခြင်းဖြစ်သည်။ သို့သော် ကျောက်ဖုန်းက တစ်ယောက်တည်း ဖြစ်လျှင်တောင် သူတို့အားလုံးကို ရှင်းပစ်နိုင်သည်။ သူ၏ ကိုယ်ရံတော်များကလည်း သူတို့ကို သတ်ပစ်ရန် လုံလောက်ပေသည်။

အဖက်ဖက်မှ ဝင်ရောက်လာသော မြားများကို ရင်ဆိုင်ရင်း ကိုယ်ရံတော်များက တည်ငြိမ်နေဆဲ ဖြစ်သည်။ သူတို့၏ လက်ထဲမှ လှံရှည်များ ဝှေ့ရမ်းပြီး မြားများကို ရိုက်ထုတ်လိုက်ကြသည်။ အချို့မြားများကို မကာကွယ်မိလျှင်တောင် သူတို့၏ သံချပ်ကာများကို မထိုးဖောက်နိုင်ကြပေ။

" တစ်ယောက်မှ အရှင်မထားနဲ့။ " ကျန်းမင်က ကျယ်လောင်စွာ အော်လိုက်သည်။

" သတ်ကြ။ " ကိုယ်ရံတော်များက တစ်ညီတစ်ညွှတ်တည်း အော်ဟစ်ပြီး မြင်းများကို မောင်းနှင်လိုက်ကြသည်။ လူငါးရာက ဖြန့်ကျက်သွားပြီး လှံများကို မြှောက်ကာ သတ်ဖြတ်ခြင်းကို စတင်လိုက်ကြသည်။ ထိုအသေခံစစ်သည်များက ကိုယ်ရံတော်များရှေ့တွင် ပုရွက်ဆိတ်များသဖွယ် သေဆုံးသွားကြသည်။ ၎င်းက တစ်ဖက်သတ် သတ်ဖြတ်မှုဖြစ်သည်။ သူတို့က လူအင်အားအသာစီးရထားသော်လည်း ကိုယ်ရံတော်များ၏ ပြိုင်ဘက်များ မဖြစ်နိုင်ကြပေ။

All Chapters