← Chapters

အခန်း ၄၈၆

Vol. 49 Ch. 486

အခန်း ၄၈၆

Vol. 49 Ch. 486

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၄၈၆)

" မကြောက်ကြနဲ့ ကျောက်ဖုန်းကို သတ်ကြ..."

" သတ်ကြ..."

ကိုယ်ရံတော်များ၏ သတ်ဖြတ်မှုကို ရင်ဆိုင်သူများက ကေ​ောက်ဖုန်းကိုသာ အာရုံစိုက်နေကြပြီး ကျောက်ဖုန်းကို သတ်နိုင်ရန်အတွက် ကိုယ်ရံတော်များကို ဖြတ်ကျော်ရန် အသည်းအသန် ကြိုးစားနေကြသည်။ သို့သော် ကျောက်ဖုန်းက မြင်းပေါ်တွင် တည်ငြိမ်စွာ ထိုင်နေသော်လည်း လုပ်ကြံသူများက တစ်ယောက်မှ အနားမကပ်နိုင်ကြပေ။

" တိုက်ပွဲကို အချိန်ဆွဲမနေနဲ့။ ချီစွမ်းအားကို ထုတ်သုံးကြ။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။

ထိုအမိန့်ကို ကြားသောအခါ ကိုယ်ရံတော်များက သူတို့၏ စွမ်းအားများကို အပြည့်အဝ ထုတ်ဖော်လိုက်ကြသည်။ အစက သူတို့က တိုက်ခိုက်နေကြသော်လည်း ချီစွမ်းအားကို အသုံးပြုခြင်းမရှိခဲ့ပေ။ သို့သော် ယခုအချိန်တွင် သူတို့က ချီစွမ်းအားကို အပြည့်အဝ ထုတ်ဖော်လိုက်ကြပြီး စစ်မြေပြင်တွင် လှံအလင်းတန်းများ၊ ဓားချီများဖြင့် ပြည့်နှက်သွားသည်။

ကျောက်ဖုန်း၏ ကိုယ်ရံတော်များက သူ၏ နောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါလာသူများဖြစ်ပြီး အားလုံးက ရှန်ထျန်းအဆင့်တွင် ရှိနေကြသည်။ ဓားချီများက လေထုကို ပိုင်းဖြတ်သွားပြီး လုပ်ကြံသူများက တုန့်ပြန်ချိန်ပင်မရဘဲ အပိုင်းပိုင်းပြတ်တောက်သွားကြသည်။

" သူတို့က လူတွေမဟုတ်ဘူး။ တစ္ဆေတွေသရဲတွေပဲ။ "

ကြောက်စရာကောင်းသော မြင်ကွင်းကို မြင်သောအခါ လုပ်ကြံသူများက အလွန်ထိတ်လန့်သွားကြသည်။ လုပ်ကြံသူသုံးထောင်က ကျောက်ဖုန်းကို သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ရောက်လာခဲ့ကြသည်။ သို့သော် ယခုမူ နေရာတစ်ခုလုံးက သူတို့၏ အလောင်းများဖြင့် ပြည့်နှက်သွားသည်။

" အရှင် လာသမျှလူ အားလုံး တစ်ယောက်မှ မလွတ်ပါဘူး။ " ကျန်းမင်က ကျောက်ဖုန်းကို အစီရင်ခံလိုက်သည်။

" ရှန်းယန်မြို့ကို ပိတ်ထားဖို့ အမိန့်ပေးလိုက်။ ငါနဲ့ ခမည်းတော်ရဲ့အမိန့်မပါရင် ဘယ်သူကိုမှ ဝင်ထွက်ခွင့်မပေးနဲ့။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။

" နားလည်ပါပြီ။ " ကျန်းမင်က ခေါင်းညိမ့်လိုက်သည်။

ထိုလုပ်ကြံမှုက မအောင်မြင်သောကြောင့် ရှန်းယန်မြို့မှ စီစဉ်သူများက တုန့်ပြန်ရန် အဆင်သင့်ပြင်ထားကြပေလိမ့်မည်။ သူတို့၏ လူများကို ပြောင်းရွှေ့ခြင်း သို့မဟုတ် နှုတ်ပိတ်သတ်ဖြတ်ခြင်းများ ပြုလုပ်ကြပေလိမ့်မည်။ သို့သော် ကျောက်ဖုန်းက သူတို့ကို အခွင့်အရေးပေးမည်မဟုတ်ပေ။

" အရှင် ဒီအလောင်းတွေကို ဒီမှာပဲ မြှုပ်နှံလိုက်ရမလား။ ဒါမှမဟုတ် ခရိုင်စစ်သည်တွေကို အပ်လိုက်ရမလား။ " ကျန်းမင်က အလောင်းများကို ကြည့်ပြီး မေးလိုက်သည်။

ကျောက်ဖုန်းက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီး လုံချွမ်ဓားကို ဆွဲထုတ်ကာ မြေပြင်ကို ခုတ်ပိုင်းလိုက်သည်။

ဝုန်း...

ကျယ်လောင်သောအသံနှင့်အတူ ပေရာချီကျယ်ဝန်းသော တွင်းကြီးတစ်ခုက မြေပြင်ပေါ်တွင် ပေါ်လာသည်။

ပတ်ဝန်းကျင်မှ ကိုယ်ရံတော်များက ကျောက်ဖုန်းကို လေးစားစွာ ကြည့်လိုက်ကြသည်။

" အလောင်းအားလုံးကို အဲ့ဒီထဲမှာ မြှုပ်လိုက်။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

ယခုအချိန်တွင် ကျောက်ဖုန်းက သူ၏ စွမ်းအားကို များစွာမဖုံးကွယ်တော့ပေ။ သူက ချင်နိုင်ငံကို သိုင်းတာအိုနိုင်ငံတစ်ခုအဖြစ် အသွင်ပြောင်းလဲတော့မည်ဖြစ်သည်။ ထို့အပြင် ထျန်းရွှမ်ကြေးမုံကို ရရှိလိုက်ခြင်းက ကျောက်ဖုန်းအတွက် များစွာအကျိုးရှိသွားစေခဲ့သည်။

ရှန်းယန်မြို့တော်၊ ကျန်းထိုင်နန်းဆောင်။

" ဧကရာဇ်မင်းမြတ် အိမ်ရှေ့စံမင်းသားက အမိန့်တစ်ခုပို့လိုက်ပါတယ်။ မြို့စောင့်တပ်ဖွဲ့က မြို့တစ်ခုလုံးကို ပိတ်ပြီး ဘယ်သူကိုမှ ဝင်ထွက်ခွင့်မပြုဖို့ အမိန့်ပေးထားပါတယ်။ " ရန်ရှောင်က ရင်ကျန့်ကို အစီရင်ခံလိုက်သည်။

" ဖုန်းအာက တော်တော်မြန်တာပဲ။ ရလဒ်က ဘယ်လိုလဲ။ " ရင်ကျန့်က ပြုံး၍ မေးလိုက်သည်။

" အိမ်ရှေ့စံမင်းသား ခန့်မှန်းထားတဲ့အတိုင်းပါပဲ။ လုပ်ကြံသူတွေက ယုံမြို့မရောက်ခင် တောင်တန်းနဲ့ တောအုပ်အတွင်းမှာ လှုပ်ရှားခဲ့ပါတယ်။ အရေအတွက်က သုံးထောင်လောက်ရှိပါတယ်။ အားလုံးကို အိမ်ရှေ့စံမင်းသားရဲ့ ကိုယ်ရံတော်တွေက ရှင်းပစ်လိုက်ပါတယ်။ တစ်ယောက်မှ အသက်ရှင်မကျန်ပါဘူး။ " ရန်ရှောင်က ပြန်ဖြေလိုက်သည်။

" ချင်ရဲ့ အလယ်မှ အသေခံစစ်သည်သုံးထောင်ကို စုစည်းထားတယ်ပေါ့။ တကယ်အထင်ကြီးစရာပဲ။ " ရင်ကျန့်က အေးစက်စွာ ပြုံးလိုက်သည်။

" ဧကရာဇ်မင်းမြတ်မှာ အခြားအမိန့်ရှိသေးပါလား။ " ရန်ရှောင်က ရိုသေစွာ မေးလိုက်သည်။

" ဖုန်းအာရဲ့ အစီအစဉ်အတိုင်းပဲလိုက်လိုက်။ မြို့ကို ပိတ်လိုက်တာဆိုတော့ သူ့မှာ လုံလောက်တဲ့သက်သေရှိပြီးသားဖြစ်လိမ့်မယ်။ မြို့ထဲမှာ ပါဝင်ပက်သက်နေသူတွေ အားလုံးကလည်း သူ့ထိန်းချုပ်မှုအောက် ရောက်နေလောက်ပြီ။ ဒီတစ်ခါ ဖုန်းအာရဲ့ ကစားပွဲကို ငါက ဘေးကနေ ထိုင်ကြည့်ရမှာပဲ။ " ရင်ကျန့်က ပြောလ်ုက်သည်။

" နားလည်ပါပြီ။ " ရန်ရှောင်က ပြန်ပြောလိုက်သည်။

" အိမ်ရှေ့စံရဲ့ ကိုယ်ရံတော်တွေမှာ ထိခိုက်မှုရှိသေးလား။ " ရင်ကျန့်က ရုတ်တရက် မေးလိုက်သည်။

" ကျဆုံးမှုရှိတယ်ဆိုတာကိုတော့ မကြားမိပါဘူး။ " ရန်ရှောင်က ပြောလိုက်သည်။

" သူ့ရဲ့ ကိုယ်ရံတော်တွေကလည်း သိုင်းတာအိုလမ်းစဉ်ကို လျှောက်လှမ်းနေကြပြီထင်တယ်။ " ရင်ကျန့်က စိတ်ထဲမှ တွေးလိုက်သည်။ မဟုတ်လျှင် လူငါးရာနှင့် လုပ်ကြံသူသုံးထောင်ကို သတ်နိုင်မည်မဟုတ်ပေ။

" အိမ်ရှေ့စံမင်းသားရဲ့ ကိုယ်ရံတော်တွေက တကယ်ကြောက်စရာကောင်းတယ်။ လုပ်ကြံသူသုံးထောင်ကို ထိခိုက်မှုမရှိ ချေမှုန်းလိုက်တယ်။ ဘယ်လိုများလေ့ကျင့်ထားတာလဲမသိဘူး။ " ရန်ရှောင်က အံ့အားသင့်စွာ ပြောလိုက်သည်။

" မကြာခင်မင်းသိလာပါလိမ့်မယ်။ အိမ်ရှေ့စံမင်းသားက ဘယ်လောက်ကြောက်စရာကောင်းတယ်ဆိုတာရောပေါ့။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

ရန်ရှောင်က ထပ်မမေးတော့ဘဲ ခေါင်းညိမ့်လိုက်သည်။

ဟွိုက်ကျွမ်း၏ စံအိမ်။

" သခင် မြို့စောင့်တပ်ဖွဲ့က ရှန်းယန်ကို ပိတ်လိုက်ပြီ။ ဘယ်သူ့ကိုမှ ဝင်ထွက်ခွင့်မပေးတော့ဘူး။ " လက်အောက်ငယ်သားတစ်ယောက်က ဟွိုက်ကျွမ်းကို တင်ပြလိုက်သည်။

" ဝင်ထွက်ခွင့်ပိတ်လိုက်တာလား။ " ဟွိုက်ကျွမ်းက မျက်မှောင်ကြုတ်သွားသည်။

" ဒါက အိမ်ရှေ့စံမင်းသားဆီမှာ တစ်ခုခုဖြစ်လို့များလား။ " လက်အောက်ငယ်သားက ပြောလိုက်သည်။

" မြို့ထဲကို သတင်းတစ်ခုခု ရောက်လာသေးလား။ " ဟွိုက်ကျွမ်းက လေးနက်စွာ မေးလိုက်သည်။

" အခု မြို့တစ်ခုလုံးကို ဝင်ထွက်ခွင့်ပိတ်ထားတာဆိုတော့ ဘာသတင်းမှ ရောက်မလာသေးဘူး။ " လက်အောက်ငယ်သားက ပြန်ဖြေလိုက်သည်။

" မြို့တစ်ခုလုံးကို ပိတ်လိုက်တာက ကျောက်ဖုန်း သေသွားတာဖြစ်ရမယ်။ ဒါမှမဟုတ် အသက်ရှင်နေသေးတာဖြစ်ရမယ်။ နှစ်ခုလုံးဖြစ်နိုင်တယ်။ " ဟွိုက်ကျွမ်းက စိုးရိမ်စိတ်များဝင်လာသည်။

" အရှင်သား မြို့စောင့်တပ်ဖွဲ့က မြို့တစ်ခုလုံးကို ပိတ်လိုက်ပါတယ်။ " လက်အောက်ငယ်သားတစ်ယောက်က ဟူဟိုက်ကို အစီရင်ခံလိုက်သည်။

" မြို့တစ်ခုလုံးကို ပိတ်လိုက်တဲ့အကြောင်းရင်က ဘာလဲ။ ငါ ကျောက်ဖုန်းရဲ့ သတင်းကို သိချင်တယ်။ " ဟူဟိုက်က ပြန်ပြောလိုက်သည်။

" အရှင်သား မြို့တစ်ခုလုံးကို ပိတ်လိုက်တာက အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်ပျက်သွားတယ်ဆိုတာ သက်သေပြနေပါတယ်။ ကျောက်ဖုန်း သေသွားတာလည်း ဖြစ်နိုင်ပါတယ်။ " လက်အောက်ငယ်သားက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

" ဘာလို့အဲ့လိုပြောတာလဲ။ " ဟူဟိုက်၏ မျက်လုံးများက တောက်ပသွားသည်။

" ကျောက်ဖုန်းက အိမ်ရှေ့စံမင်းသားခေ။ သူသေသွားပြီဆိုရင် မြို့ကို ပိတ်လိုက်မှာသေချာတယ်။ သူသာ အသက်ရှင်နေရင် ဒီလောက်ကြီးမားတဲ့ လုပ်ရပ်မျိုးကို လုပ်ဖို့မလိုပါဘူး။ " လက်အောက်ငယ်သားက ပြောလိုက်သည်။

" ဟုတ်တယ်။ " ဟူဟိုက်က ဝမ်းသာသွားသည်။

ဟူဟိုက်က ရင်ကျန့်၏ သားဖြစ်သော်လည်း ရင်ကျန့်၏ ဉာဏ်​ရည်ဉာဏ်သွေးကို ခြေဖျားပင်မမှီပေ။

အချိန်များကုန်လွန်သွားခဲ့သည်။ ရှန်းယန်မြို့ကို ပိတ်ထားခဲ့သည်မှာ ဆယ့်သုံးရက်ရှိပြီဖြစ်သည်။ ညီလာခံခန်းမ၏ အပြင်ဘက်တွင် အရာရှိများစုဝေးနေကြသည်။ မြို့ကို ပိတ်ထားသော်လည်း ထူးခြားမှုမရှိသကဲ့သို့ ဖြစ်နေသည်။ သို့သော် လဝက်နီးပါးပိတ်ထားသဖြင့် ဝန်ကြီးများက အနည်းငယ် စိုးရိမ်နေကြသည်။ မြို့ကို ပိတ်လိုက်ကတည်းက ယနေ့ ပထမဆုံးအကြိမ် ညီလာခံခေါ်ခြင်းဖြစ်သည်။

" ဧကရာဇ်မင်းမြတ် ကြွလာပါပြီ။ " ကျယ်လောင်သော အသံနှင့်အတူ ခန်းမတံခါးများ ပွင့်သွားသည်။

အရာရှိများက ခန်းမအတွင်းသို့ ဝင်ရန် ပြင်လိုက်ကြသည်။ သို့သော် ရင်ကျန့်က ခန်းမထဲမှ ထွက်လာသည်။ ရင်ကျန့်ကို မြင်လိုက်ရသောအခါ ဝန်ကြီးများက အံ့အားသင့်သွားကြသည်။

" ဧကရာဇ်မင်းမြတ်ကို ဂါရဝပြုပါတယ်။ " အရာရှိများက ကျယ်လောင်စွာ ပြောလိုက်သည်။

" ဒီနေ့ ညီလာခံကို ခန်းမထဲမှာ မလုပ်တော့ဘူး။ ဒီနေရာမှာလုပ်မယ်။ အိမ်ရှေ့စံမင်းသားမှာလည်း လုပ်စရာကိစ္စလေးတွေ ရှိနေတယ်။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။

ထိုစကားများ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် အရာရှိများ၏ အမူအရာများက ပြောင်းလဲသွားကြသည်။

" ဘယ်လိုဖြစ်တာလဲ။ ကျောက်ဖုန်းက မသေဘူးလား။ ဒါဆို မြို့ကို လဝက်လောက်နီးပါးပိတ်ထားစရာအကြောင်းရှိလို့လား။ "

" မကောင်းတော့ဘူး။ ကျောက်ဖုန်းက ငါတို့ရဲ့ လှုပ်ရှားမှုတွေကို သိသွားတာလား။ ငါတို့ကို ထွက်မပြေးနိုင်အောင် မြို့ကို ပိတ်ထားတာလား။ "

" ကျောက်ဖုန်းက ကြောက်စရာကောင်းပေမယ့် ဘာသဲလွန်စမှ မတွေ့နိုင်ပါဘူး။ အားလုံးရှင်းထားပြီးသားပဲ။ "

ရင်ကျန့်၏ စကားများဆုံးသည်နှင့် ကျောက်ဖုန်းက ခါးတွင် ဓားကို ချိတ်ကာ ရင်ကျန့်၏ ဘေးသို့ ဖြည်းညင်းစွာ လျှောက်လာသည်။ ကျောက်ဖုန်းက ထိခိုက်မှုမရှိပြန်လာသည်ကို မြင်သောအခါ လူအများက စိတ်ပျက်သွားကြပြီး စိုးရိမ်စိတ်များဝင်လာကြသည်။ လုပ်ကြံမှုတွင် ပါဝင်နေသူများကတော့ ထိတ်လန့်နေကြပြီဖြစ်သည်။

" ငါအသက်ရှင်နေတာမြင်တော့ လူအချို့ စိတ်ပျက်သွားကြပြီထင်တယ်။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။

လူအများစုက တိုက်ရိုက်မကြည့်ရဲဘဲ ခေါင်းငုံ့သွားကြသည်။ သို့သော် ကျောက်ဖုန်းက စကားပြောပြီး အချိန်ဖြုန်းလိုစိတ်မရှိပေ။

All Chapters