← Chapters

အခန်း ၄၈၇

Vol. 49 Ch. 487

အခန်း ၄၈၇

Vol. 49 Ch. 487

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၄၈၇)

" ရန်ရှောင် " ကျောက်ဖုန်းက ခေါ်လိုက်သည်။

" ကျွန်တော်မျိုး ရှိပါတယ်။ " ရန်ရှာင်က ချက်ချင်း ပြန်ဖြေလိုက်သည်။

" ငါ နာမည်ခေါ်လိုက်တဲ့သူတွေကို ဖမ်းလိုက်ပါ။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။

" ဟုတ်ကဲ့။ " ရန်ရှောင်က ချက်ချင်း ဦးညွှတ်လိုက်ပြီး လက်ဝှေ့ရမ်းလိုက်သည်။

နန်းတွင်းကိုယ်ရံတော်များက ချက်ချင်း စုဝေးလာကြသည်။ အရာရှိများစွာက နားမလည်နိုင်ဖြစ်နေကြသော်လည်း လုပ်ကြံမှုတွင် ပါဝင်နေသူများကတော့ အလွန်ကြောက်လန့်နေကြပြီဖြစ်သည်။

" ဟွိုက်ကျွမ်း " ကျောက်ဖုန်းက ဟွိုက်ကျွမ်းကို ကြည့်လိုက်သည်။

နန်းတွင်းကိုယ်ရံတော်နှစ်ယောက်က ရှေ့တိုးလာကြသည်။ သူတို့က ဟွိုက်ကျွမ်း၏ နာမည်ကို ကြားလိုက်ရသော်လည်း တွန့်ဆုတ်ခြင်းမရှိဘဲ သူဆီသို့ တိုက်ရိုက်သွားလိုက်ကြသည်။ နန်းတွင်းကိုယ်ရံတော်များက ဧကရာဇ်နှင့် အိမ်ရှေ့စံမင်းသား၏ အမိန့်ကို လိုက်နာကြသည်။

" အိမ်ရှေ့စံမင်းသား ဘာလို့လဲ။ " ဟွိုက်ကျွမ်းက မတရားခံလိုက်ရသကဲ့သို့ ဟန်ဆောင်ငြင်းဆန်လိုက်သည်။

" ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ရင် ငါမင်းကို ညှာတာပေးမယ်။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။

" အိမ်ရှေ့စံမင်းသား ကျွန်တော်မျိုး နားမလည်ပါဘူး။ " ဟွိုက်ကျွမ်းက ဟန်ဆောင်နေဆဲ ဖြစ်သည်။

" ချင်နိုင်ငံက ဥပဒေနဲ့ အုပ်ချုပ်တာပဲ။ အိမ်ရှေ့စံမင်းသားဖြစ်နေရင်တောင် သက်သေမရှိဘဲနဲ့ ဝန်ကြီးတစ်ယောက်ကို ဘာမှလုပ်လို့မရဘူး။ အကြောင်းရင်းမရှိဘဲ ဝန်ကြီးတစ်ယောက်ကို တိုက်ခိုက်ရင် အရာရှိတွေကလည်း လက်မခံဘူး။ ပြည်သူတွေကလည်း လက်ခံမှာမဟုတ်ဘူး။ " ဟွိုက်ကျွမ်းက ကျောက်ဖုန်းကို အော်ဟစ်လိုက်သည်။

" တကယ်လား။ " ကျောက်ဖုန်း၏ အမူအရာ​က ပြောင်းလဲခြင်းမရှိဘဲ ရယ်မောလိုက်သည်။

" ချန်လင်း၊ ခွိုက်ကျိ၊ ဟူဝူ၊ ဝမ်ကျိ..." ကျောက်ဖုန်းက နာမည်များကို တစ်ခုပြီးတစ်ခု ခေါ်လိုက်သည်။

နန်းတွင်းကိုယ်ရံတော်များက တစ်ယောက်ပြီးတစ်ယောက် ပေါ်လာပြီး နာမည်ခေါ်ခံရသူများကို တိုက်ရိုက်ဖမ်းဆီးလိုက်ကြသည်။ မျက်စိတစ်မှိတ်အတွင်း အရာရှိသုံးဆယ်ကျော်က ဖမ်းဆီးခံလိုက်ရသည်။ ဖမ်းဆီးခံရသူများက သူတို့အပြစ်မရှိကြောင်း အော်ဟစ်နေကြဆဲ ဖြစ်သည်။

အကြောင်းမှာ ကျောက်ဖုန်းက အိမ်ရှေ့စံမင်းသားဖြစ်သော်လည်း သူတို့ကို အကြောင်းမဲမတိုက်ခိုက်နိုင်ဟု ယုံကြည်နေကြသောကြောင့်ဖြစ်သည်။

" မင်းတို့က ကိုယ့်ကိုကိုယ် ဉာဏ်ကောင်းတယ်လို့ ထင်နေကြတယ်။ မင်းတို့ လုပ်ခဲ့တာတွေက သက်သေမရှိဘူး ပြစ်ချက်မရှိဘူးလို့ ယုံကြည်နေကြတယ်။ ဒါပေမယ့် မင်းတို့ ငါ့ကို အထင်သေးမိသွားတယ်။ ငါက ယုံမြို့ကို သွားတာ မင်းတို့ လှုပ်ရှားလာအောင် ဆွဲဆောင်လိုက်တာဆိုတာ မင်းတို့သိမှာပါ။ အခုတော့ မင်းတို့အားလုံးကို ဖမ်းဆီးလိုက်ပြီ။ " ကျောက်ဖုန်းက ဝန်ကြီးသုံးဆယ်ကို ကြည့်ပြီး ပြောလိုက်သည်။

" အိမ်ရှေ့စံမင်းသားပြောတာကို နားမလည်ပါဘူး။ " ဟွိုက်ကျွမ်းက ဆက်ငြင်းနေသော်လည်း စိတ်ရှုပ်ထွေးသွားသည်။ ကျောက်ဖုန်း၏ တည်ငြိမ်မှုက သူ့ကို ထိတ်လန့်စေသည်။

" ဟွိုက်ကျွမ်း မင်း ခုထိမသိသေးဘူးလား။ ငါက ငါ့ခမည်းတော်လိုမဟုတ်ဘူး။ သူက စည်းကမ်းတွေကို လိုက်နာပြီး ဥပဒေကို ရိုသေတယ်။ ငါကတော့ စစ်တပ်မှာ မွေးဖွားလာတာ မတူဘူး။ သက်သေမရှိရင်တောင် ငါ မင်းတို့ကို ကွပ်မျက်မယ်။ " ကျောက်ဖုန်းက အေးစက်စွာ ပြုံးလိုက်သည်။

ထိုစကားကို ကြားသောအခါ ဟွိုက်ကျွမ်းနှင့် အခြားသူများက အမှန်တကယ် ထိတ်လန့်သွားကြသည်။

" အိမ်ရှေ့စံမင်းသားက ပြည်သူတွေအပြစ်တင်မှာမကြောက်ဘူးလား။ " ဟွိုက်ကျွမ်းက အံကျိတ်ပြီး ပြောလိုက်သည်။

" ပြည်သူတွေ အပြစ်တင်မှာလား။ မင်းတို့က ပြည်သူတွေကို ကိုယ်စားပြုဖို့ ထိုက်တန်လို့လား။ ဒါပေမယ့် မင်းတို့က အမှန်တရားကို သိပြီးမှ သေချင်တယ်ဆိုရင်တော့ ငါခွင့်ပြုပေးမယ်။ " ကျောက်ဖုန်းက ပြုံး၍ လက်ဝှေ့ရမ်းလိုက်သည်။

တစ်ဖက်တွင် ခြေသံများ ထွက်ပေါ်လာပြီး ကျန်းမင်က ကိုယ်ရံတော်များနှင့်အတူ ဝင်ရောက်လာသည်။ သူတို့က လူတစ်ယောက်စီကို ဖမ်းဆီးထားသည်။ အရာရှိများအားလုံးက သူတို့ကို ကြည့်လိုက်ကြသည်။ ဟွိုက်ကျွမ်းနှင့် အခြားသူများက ထိုလူများကို မြင်သောအခါ သူတို့၏ မျက်နှာများက ဖြူဖျော့သွားကြသည်။

" အရှင် အားလုံးရောက်ပါပြီ။ " ကျန်းမင်က ရိုသေစွာ ဦးညွှတ်လိုက်သည်။

" ကဲ ပြည်သူကို ကိုယ်စားပြု​တဲ့ ဝန်ကြီးတို့ရေ အခု ပြောစရာရှိသေးလား။ မင်းတို့ရဲ့ အစီအစဉ်က တကယ်ကောင်းတယ်။ ငါ ရှန်းယန်ကို ပြန်မရောက်ခင် ခြိမ်းခြောက်မှုတွေကို ဖယ်ရှားခဲ့တယ်။ ဒါပေမယ့် ငါ မင်းတို့ကို အစောကတည်းက စောင့်ကြည့်နေတာ။ မင်းတို့ လှုပ်ရှားမှာကို စိုးရိမ်လို့မဟုတ်ဘဲ မင်းတို့ ငြိမ်နေမှာကိုပဲ စိုးရိမ်နေတာ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

ထိုအချိန်တွင် ဝန်ကြီးများက ဆက်လက်ဟန်မဆောင်နိုင်တော့ပေ။

" ကျွန်တော်မျိုးတို့ကို ခွင့်လွှတ်ပါ။ အားလုံးက ဝန်ကြီးဟွိုက်ရဲ့ စကားတွေကြောင့်ပါ။ ကျွန်တော်မျိုးတို့ အတင်းအကျပ် စေခိုင်းခံခဲ့ရတာပါ။ "

" အိမ်ရှေ့စံမင်းသား သနားညှတာပေးပါ။ "

အရာရှိများက ထိတ်လန့်သွားကြပြီး ဒူးထောက်တောင်းပန်လိုက်ကြသည်။

" ရှုံးနိမ့်သွားပြီ။ " ဟွိုက်ကျွမ်းက မျက်နှာများ ဖြူဖျော့ကာ လေးနက်စွာ သက်ပြင်းချလိုက်သည်။

" ငါ့ကို လွှတ်ပေးကြစမ်း။ ငါ့ကို ဘာလို့ဖမ်းကြတာလဲ။ " ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာပြီး ကိုယ်ရံတော်နှစ်ယောက်က ဟူဟိုက်ကို ခေါ်ဆောင်လာကြသည်။

ဟူဟိုက်ကို မြင်သောအခါ အရာရှိများစွာက အံ့အားသင့်သွားကြသည်။

" မင်းသားဟူဟိုက် သူလည်း အိမ်ရှေ့စံမင်းသားကို လုပ်ကြံတာမှာ ပါဝင်တာလား။ "

" ဘယ်လောက်တောင်ရဲတင်းလိုက်သလဲ။ သူက အိမ်ရှေ့စံနေရာကို မရလို့ မကျေမနပ်ဖြစ်ပြီး ဒီလိုလုပ်တာပဲ ဖြစ်ရမယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အိမ်ရှေ့စံနေရာက သူရမှာမဟုတ်ဘူး။ "

အရာရှိများစွာက တုန်လှုပ်သွားကြသည်။ ထိုကိစ္စတွင် မင်းသားတစ်ပါးက အမှန်တကယ် ပါဝင်ပက်သက်နေခဲ့သည်။

" သူ တကယ်လှုပ်ရှားခဲ့တာလား။ " ရင်ကျန့်က မျက်မှောင်ကြုတ်ပြီး ဟူဟိုက်ကို ကြည့်လိုက်သည်။

ဟူဟိုက်က သူ၏ အကိုတော်အပေါ် သတ်ဖြတ်လိုစိတ်ရှိကြောင်း ကျောက်ဖုန်းက ပြောပြခဲ့သည်။ ရင်ကျန့်က သူ၏သားတော်က ထိုမျှအထိ ရဲတင်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

" ခမည်းတော် အကိုတော်ရဲ့ ကိုယ်ရံတော်တွေက စည်းကျော်သွားပြီ။ သားတော်ကို အဆောင်ထဲထိ တိုက်ရိုက်ဖမ်းဆီးခဲ့တယ်။ သားတော်အတွက် တရားမျှတမှုပေးပါ။ " ကိုယ်ရံတော်နှစ်ယောက်က ဟူဟိုက်ကို လွှတ်ပေးလိုက်သည်နှင့် သူက ရင်ကျန့်ကို တိုင်ကြားလိုက်သည်။

" လူအားလုံးကို ဖမ်းပြီးပြီလား။ " ကျောက်ဖုန်းက အခြေအနေကို တစ်ချက်ကြည့်ပြီး မေးလိုက်သည်။

" အရှင် လုပ်ကြံသူ ၃၈ ယောက်၊ မင်းသားတစ်ပါးအပါအဝင် စုစုပေါင်း ၃၉ ယောက် ဖမ်းဆီးပြီးသွားပါပြီ။ ပြီးတော့ မြို့စောင့်တပ်ဖွဲ့က ရှန်းယန်မြို့က နိုင်ငံအကြွင်းအကျန်တွေ ပုန်းခိုတဲ့နေရာကို ရှင်းလင်းပြီး လူတစ်ရာကျော်ကို ဖမ်းဆီးထားပါတယ်။ " ကျန်းမင်က အစီရင်ခံလိုက်သည်။

" သက်သေတွေဖတ်ပြလိုက်။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။

ကျန်းမင်က ပိုးထည်စတစ်ကို ဖြန့်ပြီး ကျယ်လောင်စွာ ကြေညာလိုက်သည်။ " အိမ်ရှေ့စံမင်းက မယ်တော်ကြီးဟွာယန်ကို မြို့တော်ကို ပြန်လည်ခေါ်ဆောင်ရန် အကြောင်းပြပြီး ရှန်းယန်က သစ္စာဖောက်တွေကို ဆွဲထုတ်ဖို့ စီစဉ်ခဲ့ပါတယ်။ အိမ်ရှေ့စံမင်းသားက မြို့တော်က မထွက်ခွာခင်ကတည်းက ရှန်းယန်ကို စောင့်ကြည့်ဖို့ လူတွေစေလွှတ်ထားခဲ့ပါတယ်။ ဟွိုက်ကျွမ်း၊ ချန်လင်းနဲ့ ဟူဟိုက်တို့ရဲ့ အသေခံစစ်သည်တွေနဲ့ နိုင်ငံခြောက်ခုရဲ့ အကြွင်းအကျန်တွေရဲ့ လုပ်ကြံမှုကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ "

ထိုစကားများကို ကြားသောအခါ အရာရှိများက ကျောက်ဖုန်းကို လေးစားစ့်ာ ကြည့်လိုက်ကြသည်။ ထိုအချိန်တွင် ဟူဟိုက်ကလည်း မှင်သက်သွားသည်။

" အားလုံးပေါ်သွားတာလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ငါ အဲ့ဒါတွေကို ဖျက်ဆီးဖို့ အမိန့်ပေးခဲ့တာမဟုတ်လား။ " ဟူဟိုက်က စိုးရိမ်သွားပြီး ကိုယ်ရံတော်များ ဖမ်းဆီးထားသူများကို ကြည့်လိုက်သည်။

သူတို့ထဲတွင် သူ၏ မိခင်ဘက်မှ ဆွေမျိုးများနှင့် သူ၏ အိမ်တော်မှ လူယုံများပါဝင်နေသည်။ ထိုမြင်ကွင်းကို မြင်သောအခါ ဟူဟိုက်က ထိတ်လန့်သွားသည်။

" ခမည်းတော် သားတော် သားတော်..." ဟူဟိုက်က ရင်ကျန့်ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။

သို့သော် ရင်ကျန့်က သူ့ကို ဂရုမစိုက်ဘဲ ဆုံးဖြတ်ချက်အားလုံးကို ကျောက်ဖုန်း၏ လက်ထဲသို့ ပေးအပ်ထားသည်။

" တရားရေးဝန်ကြီး " ကျောက်ဖုန်းက ခေါ်လိုက်သည်။

" ကျွန်တော်မျိုး ရှိပါတယ်။ " လီစီက ရှေ့တိုးပြီး ပြောလိုက်သည်။

" အိမ်ရှေ့စံမင်းသားကို လုပ်ကြံဖို့ ကြိုးစားတဲ့သူတွေကို ဘယ်လိုအပြစ်ပေးသင့်လဲ။ " ကျောက်ဖုန်းက မေးလိုက်သည်။

" မိသားစုတစ်ခုလုံးကို ကွပ်မျက်ပြီး တရားခံကိုလည်း မြင်းနဲ့ ဆွဲဖြဲကွပ်မျက်ရပါမယ်။ " လီစီက ဖြေလိုက်သည်။

" သက်သေတွေကို ငါမင်းဆီ ပေးလိုက်မယ်။ ဒီလူတွေကိုလည်း မင်းလက်ထဲအပ်လိုက်မယ်။ အရာအားလုံးကို တရားရေးဝန်ကြီးက တာဝန်ယူပြီး ဥပဒေအတိုင်း ဆောင်ရွက်ပါ။ " ကျောက်ဖုန်းက လီစီကို ပြောလိုက်သည်။

" အိမ်ရှေ့စံမင်းသားရဲ့ အမိန့်အတိုင်း ဆောင်ရွက်လိုက်ပါမယ်။ " လီစီက ပြန်ဖြေလိုက်ပြီး ဟွိုက်ကျွမ်းနှင့် အခြားသူများကို ကြည့်ပြီး စိတ်လှုပ်ရှားသွားသည်။

" ဝမ်ဝမ်၊ ဟွိုက်ကျွမ်း မင်းတို့က ငရဲပြည်မှာ ပြန်တွေ့ရတော့မယ်။ ဘယ်သူက ထင်မိမှာလဲ။ မျိုးဆက်သစ်တွေနဲ့ မျိုးဆက်ဟောင်းတွေကြားက ယှဉ်ပြိုင်မှုမှာ နောက်ဆုံး ငါအနိုင်ရသွားခဲ့ပြီ။ " လီစီက စိတ်လှုပ်ရှားစွာဖြင့် တွေးလိုက်သည်။

အတိတ်တွင် သူက မင်းသားများ၏ အာဏာလုပွဲတွင် မပါဝင်ခဲ့သည့်အတွက် သက်သာသွားခဲ့သည်။ ထို့အပြင် သူ၏ သားကလည်း အိမ်ရှေ့စံမင်းသား၏ ညီမတော်ကို လက်ထပ်ရတော့မည်ဖြစ်သည်။

" ဟူဟိုက်ကတော့..." ကျောက်ဖုန်း၏ အကြည့်က ဟူဟိုက်ဆီသို့ ကျရောက်သွားသည်။

" အကိုတော် ညီတော်ကို ခွင့်လွှတ်ပါ။ ညီတော်မှားသွားပါတယ်။ " ဟူဟိုက်က ဒူးထောက်ပြီး တောင်းပန်လိုက်သည်။ ယခုအချိန်တွင် သူက လုံးဝ မငြင်းဆန်နိုင်တော့ပေ။

" မင်း ငါ့ကို သတ်ဖို့ လူသတ်သမားတွေ စေလွှတ်ခဲ့တယ်။ ငါ့အသက်ကို နှုတ်ယူဖို့ ကြိုးစားခဲ့ပြီး အခုမှ ငါ့ကို ခွင့်လွှတ်ခိုင်းနေတာလား။ " ကျောက်ဖုန်းက ဟူဟိုက်ကို ကြည့်ပြီး ပြောလိုက်သည်။

All Chapters