အခန်း ၄၈၉
Vol. 49 Ch. 489
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၄၈၉)
ရှန်းယန်သို့ ပြန်ရောက်သောအခါ အရာရှိများက ဧကရာဇ်၏ နောက်ဆုံးဆန္ဒအတိုင်း ဟူဟိုက်ကို ဧကရာဇ်အဖြစ် တင်မြှောက်ကြပြီး သူ့ကို ချင်အာရှီဟု ခေါ်ဆိုခဲ့ကြသည်။ ဟူဟိုက် ဥကရာဇ်ဖြစ်ပြီးနောက် ဝမ်းနည်းခြင်းအခမ်းအနားတွင် သူက ဖုစုကို ခြိမ်းခြောက်မှုတစ်ခုဟု ခံစားခဲ့ရသည်။
ထို့နောက် သူက ဖုစုကို ကိုယ့်ကိုကိုယ် အဆုံးစီရင်ရန် အမိန့်ပေးခဲ့သည်။ ထို့ကြောင့် ဖုစုက မြောက်ဘက်နယ်စပ်တွင် သူ့ကိုသူ အဆုံးစီရင်ခဲ့သည်။ စစ်သည်သုံးသိန်းရှိသော်လည်း အသုံးမပြုခဲ့ပေ။
ထိုအချိန်မှစ၍ ဟူဟိုက်က ရင်ကျန့်၏ သားသမီးများကို သတ်ဖြတ်ခဲ့သည်။ ၎င်းက သာမန်ကွပ်မျက်ခြင်းမျိုးမဟုတ်ဘဲ သေသည်အထိ အဆုံးမရှိညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ကျောက်ကောင်းက ဝန်ကြီးကိုးယောက်ထဲမှ တစ်ယောက်ဖြစ်လာပြီး လီစီအပါအဝင် ဝန်ကြီးကိုးယောက်လုံးကို ရှင်းလင်းခဲ့သည်။
မြင်ကွင်းက ထိုနေရာတွင် ရပ်တန့်သွားပြီး မှော်အင်းကွက်ပြားမှ အလင်းတန်းကလည်း ပြန်လည်ရုတ်သိမ်းသွားသည်။ လူတိုင်းက မျက်လုံးများဖွင့်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်ခြင်းများ ပြည့်နှက်နေသည်။ သူတို့၏ အကြည့်က ရင်ကျန့်၊ ကျောက်ကောင်း၊ လီစီနှင့် ဟူဟိုက်တို့အပေါ်တွင် စုဝေးသွားသည်။
" ဧကရာဇ်မင်းမြတ် ကျွန် ကျွန်တော်မျိုး အဲ့ဒီလို ဘယ်တော့မှ မလုပ်ရဲပါဘူး။ " ကျောက်ကောင်းက ရင်ကျန့်၏ ရှေ့တွင် ဒူးထောက်ပြီး တုန်ယင်စွာ ပြောလိုက်သည်။
" ကျွန် ကျွန်တော်မျိုးလည်း မလုပ်ရဲပါဘူး။ " လီစီကလည်း မျက်နှာပျက်သွားပြီး ဒူးထောက်ကာ ပြောလိုက်သည်။
ထိုအချိန်တွင် ရင်ကျန့်၏ မျက်လုံးများက သွေးရောင်သန်းလာသည်။ ယခု သူနားလည်သွားခဲ့ပြီဖြစ်သည်။ သူ၏ သားက အဆင့်အတန်းကို ပြန်မရမီ သူ့ကိုသူ နှိမ့်ချကာ ပိုင်ယွဲသို့ သွားချင်သည့်အကြောင်းရင်းကို နားလည်သွားခဲ့သည်။ ကျောက်ဖုန်းက သူမပါဝင်ခဲ့သည့်သမိုင်းကြောင်းကို သိရှိထားသောကြောင့်ဖြစ်သည်။
" သစ္စာဖောက်သား ငါမင်းကို တကယ်ပဲ သတ်သင့်တယ်။ ကိုယ့်ရဲ့ ညီအကိုမောင်နှမတွေအားလုံးကို သတ်တယ်။ ငါ့ရဲ့ သားသမီးတွေအားလုံးကို မင်းသတ်လိုက်တာပဲ။ မင်း ဘာလို့ဒီလောက်တောင် ရက်စက်ရတာလဲ။ မင်းသေသင့်တယ် တကယ်ကို သေသင့်တယ်။ " ရင်ကျန့်က ဟူဟိုက်ကို မုန်းတီးမှု၊ ရွံရှာမှုတို့ဖြင့် ကြည့်လိုက်သည်။
" သား သားတော် ဒါကို တစ်ခါမှ မလုပ်ခဲ့ပါဘူး။ ဒါက မဖြစ်ပျက်ခဲ့တဲ့အရာပါ။ " ဟူဟိုက်က တုန်ယင်စွာ ပြောလိုက်သည်။
" ဖုန်းအာသာမရှိရင် ဖြစ်နိုင်တာက ဒီအရာအားလုံး ဖြစ်ပျက်ခဲ့လိမ့်မယ်။ မင်း သေသင့်တယ်။ " ရင်ကျန့်က ဟူဟိုက်ကို မုန်းတီးစွာ ကြည့်လိုက်သည်။
" ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ ဟူဟိုက်နဲ့ ဟူမိသားစုတစ်ခုလုံးကို တစ်ခါတည်း ကွပ်မျက်စေ။ " ရင်ကျန့်က အေးစက်စွာ အမိန့်ပေးလိုက်သည်။
" အမိန့်အတိုင်းပါ။ " ရန်ရှောင်က ပြန်ပြောလိုက်ပြီး ဖမ်းဆီးထားသော ဟူမိသားစုဝင်များကို ခွဲထုတ်လိုက်သည်။ ထို့နောက် နန်းတွင်းကိုယ်ရံတော်များက ဓားများဆွဲထုတ်ကာ တစ်ခါတည်း ကွပ်မျက်လိုက်ကြသည်။
နန်းတွင်းကိုယ်ရံတော်တစ်ယောက်က ဟူဟိုက်ကို ဖမ်းချုပ်လိုက်သည်။
" ခမည်းတော် သားတော် မသေချင်ဘူး။ သားတော်ကို ခွင့်လွှတ်ပေးပါ။ " ဟူဟိုက်က တုန်ယင်သော အသံဖြင့် တောင်းပန်လိုက်သည်။
သို့သော် နန်းတွင်းကိုယ်ရံတော်က သူ၏ လက်ထဲမှ ဓားကို မြှောက်လိုက်သည်။ ထိုမြင်ကွင်းကို မြင်သောအခါ ကျောက်ဖုန်းက သူ၏ ညာလက်တွင် ယွမ်စွမ်းအားကို စုစည်းပြီး လက်ချောက်ကို တောက်ထုတ်လိုက်သည်။ ယွမ်စွမ်းအားက ထွက်ပေါ်လာပြီး ဓားမကျဆင်းမီ ဟူဟိုက်၏ နှလုံးသားကို ထိုးဖောက်သွားသည်။
" အနာဂတ် ချင်ဧကရာဇ် ဟူဟိုက်ကို သတ်ဖြတ်ပြီး ကောင်းကင်တာအိုရဲ့ လမ်းကြောင်းကို ပြောင်းလဲလိုက်ပါတယ်။ စွမ်းရည်အားလုံး ၂၀၀ မှတ် ရရှိပါတယ်။ သက်တမ်းရက် ၂၀၀ ရရှိပါတယ်။ အဆင့်လေး ရတနာသေတ္တာကို ရရှိပါတယ်။ " စနစ်မှ အသိပေးချက် ထွက်ပေါ်လာသည်။
" ဟူဟိုက်ကို သတ်တာက ဆုလာဘ်တွေ ရတာပဲ။ နောက်ဆုံးတော့ မူလသမိုင်းမှာ သူက ချင်ဧကရာဇ်ပဲ။ အခုတော့ ရှန်းကျိုးရဲ့ ကံကြမ္မာကို ငါ အပြည့်အဝ ပြောင်းလဲလိုက်ပြီထင်တယ်။ " ကျောက်ဖုန်းက စိတ်ထဲမှ ပြုံးလိုက်သည်။
အရာရှိများက ဟူဟိုက်သေဆုံးသွားသည်ကို ကြည့်ပြီး မည်သူမှ သနားခြင်းမရှိကြပေ။ အစောက မြင်ကွင်းထဲတွင် ဟူဟိုက်က ဧကရာဇ်ဖြစ်လာပြီးနောက် မည်မျှရက်စက်ကြမ်းကြုတ်သွားသည်ကို သူတို့ မြင်တွေ့ခဲ့ရသည်။ ဟူဟိုက်သေဆုံးသွားပြီးနောက် လူတိုင်း၏ အကြည့်က ကြမ်းပြင်တွင် ဒူးထောက်နေသော လီစီနှင့် ကျောက်ကောင်းတို့ထံသို့ ကျရောက်သွားသည်။
ရင်ကျန့်က သူတို့နှစ်ယောက်ကို စိတ်ပျက်စွာ ကြည့်လိုက်သည်။ မူလသမိုင်းကြောင်းကို မြင်တွေ့ပြီးနောက် ရင်ကျန့်တွင် သတ်ဖြတ်လိုစိတ်မရှိဟုပြောလျှင် လိမ်ညာရာရောက်ပေလိမ့်မည်။ သို့သော် ဟူဟိုက်မှလွဲ၍ ယခုအချိန်တွင် လီစီနှင့် ကျောက်ကောင်းတို့က ဘာမှမလုပ်ရသေးပေ။
" ကျောက်ကောင်း မင်း ငါ့နောက်ကို လိုက်တာ ဘယ်နှစ်နှစ်ရှိပြီလဲ။ " အချိန်အတော်ကြာပြီးနောက် ရင်ကျန့်က မေးလိုက်သည်။
" ဧကရာဇ်မင်းမြတ် ကျွန်တော်မျိုး အသက်ဆယ်နှစ်မှာ နန်းတော်ထဲ ဝင်ခဲ့တာပါ။ အခုဆိုရင် နှစ်ပေါင်း သုံးဆယ်ရှိပါပြီ။ " ကျောက်ကောင်းက တုန်ယင်စွာ ပြန်ဖြေလိုက်သည်။
" ပြင်ဆင်ထားလိုက်။ မနက်ဖြန် နန်းတော်က ထွက်သွားပါ။ ငါမင်းကို ရွှေတစ်ထောင်နဲ့ အစေခံငါးဆယ်ပေးမယ်။ မင်းရဲ့ ကိုယ်ပိုင်ပစ္စည်းဥစ္စာတွေကိုလည်း ယူသွားနိုင်တယ်။ ချင်နိုင်ငံက ကျယ်ဝန်းတယ်။ မင်း ဘယ်နေရာမဆို သွားနိုင်ပါတယ်။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။
" ဧကရာဇ်မင်းမြတ် ကျွန်တော်မျိုး ထွက်မသွားချင်ပါဘူး။ " ကျောက်ကောင်းက တုန်ယင်စွာဖြင့် ရင်ကျန့်ကို ကြည့်လိုက်သည်။
" ဒီဖြစ်ရပ်က မဖြစ်တော့ပေမယ့် ငါ ကိုယ်တိုင် မြင်တွေ့ခဲ့ပြီးပြီ။ မင်းကို ငါ့ဘေးမှာ ဆက်ထားရင် ငါမင်းကို တကယ်သတ်မိလိမ့်မယ်။ သွားတော့။ နှစ်ပေါင်းသုံးဆယ် အလုပ်အကျွေးပြုခဲ့တာကို ပြန်ပေးဆပ်တယ်လို့ သဘောထားလိုက်။ ငါမင်းအသက်ကို ချမ်းသာပေးလိုက်မယ်။ " ရင်ကျန့်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။
" ဧကရာဇ်မင်းမြတ်ကို ကျေးဇူးတင်ပါတယ်။ " ကျောက်ကောင်းက ဘာမှမပြောနိုင်တော့ဘဲ ရင်ကျန့်ကို ဝမ်းနည်းစွာ ဦးညွှတ်လိုက်သည်။
" လီစီ မင်းထနိုင်ပြီ။ " ရင်ကျန့်က သက်ပြင်းချလိုက်သည်။
" ဧကရာဇ်မင်းမြတ် ကျွန်တော်မျိုး အမှားလုပ်ခဲ့မိပါတယ်။ " လီစီက ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ထားသည်။
" အမှားက မဖြစ်သေးပါဘူး။ မင်းက ချင်နိုင်ငံအတွက် ကြိုးစားအမှုထမ်းခဲ့တယ်။ အသက်အရွယ်ကြီးလာတော့ အမြင်ချို့ယွင်းသွားတာ ဖြစ်နိုင်ပါတယ်။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။
လီစီက ထိုသို့လုပ်ဆောင်ခဲ့သော်လည်း ချင်နိုင်ငံ၏ အုပ်ချုပ်မှုကို ခိုင်မာစေရန် ကြိုးစားခဲ့ပြီး နောက်ဆုံးကျမှ ကျရှုံးခဲ့ခြင်းဖြစ်သည်။
" ဧကရာဇ်မင်းမြတ်ကို ကျေးဇူးတင်ပါတယ်။ " လီစီက စိတ်သက်သာရာရသွားပြီး ရင်ကျန့်ကို အရိုအသေပေးလိုက်သည်။
" ဝန်ကြီးတို့ အခု အိမ်ရှေ့စံမင်းသားက ချင်နိုင်ငံအတွက် ဘယ်လောက်အရေးပါလဲဆိုတာ နားလည်ကြပြီလား။ " ရင်ကျန့်က အရာရှိများကို ကြည့်ပြီး ပြောလိုက်သည်။
" အိမ်ရှေ့စံမင်းသားက ချင်နိုင်ငံအတွက် ကောင်းချီးတစ်ခုပါ။ ချင်နိုင်ငံက မျိုးဆက်ပေါင်းများစွာ တည်တံ့နေမှာ သေချာပါတယ်။ " အရာရှိများအားလုံးက လေးစားစွာ ပြောလိုက်ကြသည်။
" ဟွိုက်ကျွမ်း ငါမင်းကို တကယ်စိတ်ပျက်မိတယ်။ " ရင်ကျန့်က ဟွိုက်ကျွမ်းနှင့် အခြားသူများကို ကြည့်လိုက်သည်။
" ကျွန်တော်မျိုး အရှင်မင်းကြီးကို စိတ်ပျက်စေခဲ့မိပါတယ်။ ဖြစ်နိုင်တာက ကျွန်တော်မျိုး အစကတည်းက မှားနေတာ ဖြစ်ပါလိမ့်မယ်။ " ဟွိုက်ကျွမ်းက ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။
ကျောက်ဖုန်းမရှိလျှင်တောင် သူတို့ထောက်ခံသော ဖုစုက ထိုနေရာကို ဘယ်တော့မှ ရမည်မဟုတ်ပေ။ သူတို့၏ ကြိုးစားမှုများက အချည်းနှီးသာဖြစ်ပေလိမ့်မည်။
" သူတို့ကို ထောင်ထဲမှာ အကျဉ်းချထားလိုက်ပါ။ တရားရေးဝန်ကြီးကပဲ စီရင်လိမ့်မယ်။ " ရင်ကျန့်က လက်ဝှေ့ရမ်းလိုက်သည်။
နန်းတွင်းကိုယ်ရံတော်များက ဟွိုက်ကျွမ်းနှင့် အခြားသူများကို ခေါ်ဆောင်သွားသည်။
" မနက်ဖြန် အိမ်ရှေ့စံမင်းသားက ဘိုးဘေးတွေကို ဂါရဝပြုလိမ့်မယ်။ အရာရှိအားလုံးက ဘိုးဘေးခန်းမမှာ ပြုလုပ်မယ့် အခမ်းအနားကို တက်ရောက်ရမယ်။ ပြန်ကြတော့။ " ရင်ကျန့်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။
" ကျွန်တော်မျိုးတို့ အမိန့်ကို နာခံပါတယ်။ " အရာရှိများက အရိုအသေပေးပြီး တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။
ရင်ကျန့်နှင့် ကျောက်ဖုန်းသာ ကျန်နေခဲ့သည်။
" မင်းက အဲ့ဒီနေရာထိပဲ ပြခဲ့တယ်။ နောက်မှာ ဘာဆက်ဖြစ်သွားလဲ။ မင်းသာမရှိရင် ချင်နိုင်ငံက ဘာဖြစ်သွားမလဲ။ " ရင်ကျန့်က ကျောက်ဖုန်းကို ကြည့်လိုက်သည်။
" ချင်နိုင်ငံက ဒုတိယဧကရာဇ်မှာတင် ပျက်စီးသွားလိမ့်မယ်။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။
" ဘယ်လိုဖြစ်တာလဲ။ " ရင်ကျန့်က မေးလိုက်သည်။
" ပထမဆုံး ချင်နိုင်ငံရဲ့ အလုပ်သမားတွေက ပုန်ကန်ကြတယ်။ ပြီးတော့ တစ်နိုင်ငံလုံး ပျံ့နှံ့သွားတယ်။ နိုင်ငံခြောက်ခုရဲ့ အကြွင်းအကျန်တွေ ထွက်ပေါ်လာပြီး သူတို့ရဲ့ အရင်ဂုဏ်သတင်းကို အားကိုးပြီး ဖရိုဖရဲ ဖြစ်အောင် လုပ်ကြတယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ချင်နိုင်ငံရဲ့ စစ်တပ်က ဘာလုပ်နေတာလဲ။ ဟူဟိုက်က အရည်အချင်းမရှိပေမယ့် စစ်တပ်က ကမ္ဘာကို ထိန်းချုပ်နိုင်သင့်တာပေါ့။ " ရင်ကျန့်က အံ့ဩစွာ ပြောလိုက်သည်။
" ခမည်းတော်က ချဂ်စစ်တပ်ကို မြောက်ဘက်နယ်စပ်နဲ့ ပိုင်ယွဲ့ကို စောင့်ရှောက်ဖို့ စေလွှတ်ခဲ့တယ်။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
" ဒါက တကယ် ငါလုပ်မယ့်အရာပဲ။ " ရင်ကျန့်က ခံစားချက်များနှင့် ပြောလိုက်သည်။