← Chapters

စွန်လောင်

Vol. 015 Ch. 713

စွန်လောင်

Vol. 015 Ch. 713

သူ့ညာလက်ကို ဝှေ့ယမ်းလိုက်သည့်နောက် ရတနာသုံးခုက ဝမ်လင်းလက်ဝါးပေါ်သို့ ကျ‌ရောက်လာသည်။၎င်းတို့က တောက်ပသောအလင်းကို ပေးစွမ်းလို့နေကာ မျက်စိဖမ်းစားနိုင်စွမ်း ရှိသည်။

သည်ရတနာများ၏ အရည်အသွေးက အစစ်အမှန်ကောင်းကင်ရတနာများနှင့် ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။သို့ရာတွင် ယင်းတို့ပေါ်ရှိ နယ်ပယ်ကို အသက်ဝင်ရန် ကောင်းကင်ဘုံစွမ်းအင်ကို အသုံးပြုနိုင်၏။

ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်မရှိသည့် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်အောက် ကျင့်ကြံသူများကတော့ သည်ရတနာများကို သူတို့၏ စိတ်ဝိညာဉ်စွမ်းအင်များနှင့် အသုံးပြုနိုင်မည် ဖြစ်သော်လည်း ယင်းတို့၏စွမ်းအားက တော်တော်လေး လျော့နည်းပေလိမ့်မည်။

ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်၏။ “တုပထားတဲ့ ကောင်းကင်ဘုံရတနာများ…”

သည်အရာများက ဝမ်လင်းကိုယ်တိုင် ပြုလုပ်နိုင်သည့် အမြင်ဆုံးအရည်အသွေးရှိသည့် ရတနာများ ဖြစ်၏။တကယ်တော့ ဝမ်လင်းက ရတနာများ သန့်စင်မွန်းမံခြင်း၌ အကြမ်းဖျဉ်းလောက်သာ နားလည်ထားပေသည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူက သည်လိုမျိုးရတနာများကို ဖန်တီးနိုင်ခြင်း မရှိပေ။သို့ရာတွင် ဝမ်လင်းက ကိုယ်ပိုင်တာအို ပိုင်ဆိုင်ကာ သူ့ကျင့်ကြံမှုအဆင့်ကလည်း အာဏာတက်ခြင်းအဆင့်သို့ ရောက်နှင့်နေပြီး အရေးကြီးဆုံးကတော့ အတားအဆီးများကို ကောင်းကောင်းထိန်းချုပ်နိုင်ခြင်းပင် ဖြစ်သည်။ထို့ကြောင့်သာ သူက သည်လိုရတနာသုံးခုကို ဖန်တီးလိုက်နိုင်ခြင်း ဖြစ်လေ၏။

သူ့အကြည့်ကို ရတနာသုံးခုထံကနေ ပြန်ရုတ်သိမ်းလိုက်သည်။ သူက သည်ရတနာများနှင့် ပတ်သတ်၍ ကျေနပ်မှု မရှိသေးပေ။အနည်းငယ် စဉ်းစားပြီးနောက် သူက ကြေးမုံကို ကောက်ယူကာ အတားအဆီးများကို ထုတ်ယူဆင်ခြင်လိုက်သည်။

“ငါက ဒီရတနာကို အမွေအနှစ်တစ်ခု သက်ရောက်အောင် လုပ်နိုင်ရင် တန်ဖိုးက တော်တော်လေး မြင့်တက်သွားလိမ့်မယ်…” ဝမ်လင်းက မျက်လုံးပြန်မှိတ်ကာ ဆက်၍ ဆင်ခြင်ထုတ်ယူနေသည်။

သာမန်ရတနာတစ်ခုသည် အသုံးပြုသူက သူတို့၏ နတ်ဘုရားအာရုံကို လွယ်လွယ် ခပ်နှိပ်ကာ စိတ်ကြိုက်အသုံးပြုနိုင်ပေသည်။သို့ရာတွင် ယင်းရတနာ အလုယူခံလိုက်ရသည်နှင့် ပိုင်ရှင်အသစ်က ထိုရတနာပေါ်ရှိ နတ်ဘုရားအာရုံကို ဖယ်ရှားပစ်ပြီး ကိုယ်ပိုင် ဖြစ်လာအောင် လုပ်နိုင်ပေသည်။

အမွေအနှစ်ရတနာများကတော့ နတ်ဘုရားအာရုံဖြင့် ခပ်နှိပ်ရန် မလိုဘဲ အထူးနည်းလမ်းတစ်ခုဖြင့် ၎င်းကို ထိန်းချုပ်နိုင်ပေသည်။သည့်အတွက်ကြောင့် တစ်စုံတစ်ယောက်က ထိုသို့သောအမွေအနှစ်ရတနာကို ရရှိခဲ့လျှင်ပင် သူတို့က ၎င်းကို အသုံးပြုနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် အမွေအနှစ်ရတနာများက တူညီသောအဆင့်ရှိသော ရတနာများကြား၌ ပို၍ မြင့်မားသောတန်ဖိုး ရှိနေခြင်းပင် ဖြစ်သည်။

ဝမ်လင်း၏ နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားနှင့် စိတ်ဝိညာဉ်တစ်ကုဋေအလံတို့သည် ထိုသို့သော အမွေအနှစ်ရတနာများ ဖြစ်ကြ၏။ဝမ်လင်းက မျက်လုံးမှိတ်ထားရင်း အမွေအနှစ်၏ လျှို့ဝှက်ချက်ကို စတင် စဉ်းစားကြည့်နေသည်။သို့ရာတွင် ရတနာသန့်စင်ရာ၌ ဆရာ့ဆရာကြီးအဆင့်များကသာ သည်လိုမျိုး အမွေအနှစ်ပါသည့် ရတနာများကို သန့်စင်နိုင်သည့် နည်းလမ်းများ ရှိပေလိမ့်မည်။သည်နည်းလမ်းများကလည်း လွယ်လင့်တကူ ပျံ့နှံ့နေခြင်း မရှိရာ သည်လိုရတနာများကို သန့်စင်ဖို့က ရှားပါးလှသည်။ထို့ကြောင့်လည်း အမွေအနှစ်ပါဝင်သည့် ရတနာများက ရှားပါးလွန်းလှခြင်း ဖြစ်၏။

သိပ်မကြာခင်တွင် ဝမ်လင်းက မျက်လုံးပြန်ဖွင့်လာခဲ့သည်။သူက မျက်မှောင်ကြုတ်ကာ ခပ်တိုးတိုး ဆို၏။ “အမွေအနှစ်…ငါက ဒါကို ဖြတ်မြင်နိုင်စွမ်း မရှိဘူး။ ငါက ဒီပြဿနာကို မှားယင်းတဲ့နည်းနဲ့ တွေးနေတာလည်း ဖြစ်နိုင်တာပဲ…။ငါက ရတနာအပေါ်မှာ အမွေအနှစ် ဘယ်လိုလုပ်မလဲ ရှာဖွေနေစရာမှ မလိုတာ။ ငါက ဒီရတနာပေါ်မှာ အတားအဆီးတစ်ခု ချထားလိုက်ရုံပဲကို။ အဲ့ကျရင် ငါက ဒီရတနာရဲ့ အတားအဆီးကို ဖြေလျော့တဲ့နည်းပါတဲ့ ကျောက်စိမ်းပြားကိုလည်း ရတနာနဲ့အတူ ရောင်းချနိုင်လိမ့်မယ်။ ဒီနည်းလမ်းက တော်တော်လေး ကောင်းသားပဲ…”

ဝမ်လင်းမျက်လုံးက တလက်လက် ဖြစ်လို့နေ၏။

အတားအဆီးထုတ်ယူဆင်ခြင်နေမှုများက ဝမ်လင်းမျက်လုံးထဲ၌ တဖျပ်ဖျပ် ဖြစ်လို့နေသည်။သူ့ဘယ်လက်က ချိပ်တံဆိပ်တစ်ခုကို ပြုလုပ်ကာ ကြေးမှန်ပေါ်သို့ အတားအဆီးတစ်ခုကို ချမှတ်လိုက်သည်။သည့်နောက် သူ့ဘယ်လက်က ရပ်တန့်သွားခြင်း မရှိသည့်အပြင် ကြေးမှန်ပေါ်၌ အတားအဆီးများကို ဆက်ကာ ဆက်ကာ ချမှတ်လိုက်သည်။သည်အတားအဆီးများက တစ်ခုနှင့်တစ်ခု ပေါင်းစည်းကာ ရှုပ်ထွေးသော အနက်ရောင်စာလုံးတစ်ခုအသွင် ဖြစ်ပေါ်သွားသည်။

အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက အခန်းပတ်ပတ်လည်ကို ကြည့်ကာ သူ့အကြည့်က ဖယောင်းတိုင်ပေါ်သို့ ကျရောက်သွား၏။ သူက ဖယောင်းတိုင်ကို ဘယ်လက်ဖြင့် ညွှန်လိုက်ရာ ၎င်းက ချက်ခြင်း လင်းလက်လာသည်။ ထိုဖယောင်းတိုင်မှ ထွက်ပေါ်လာသော အငွေ့များကို မျက်နှာကြက်ပေါ်မှ ပုတီးစေ့က စုပ်ယူခါနီးချိန်၌ ဝမ်လင်းက ထိုအငွေ့များကို ဖမ်းယူကာ မှော်စာလုံးပေါ်သို့ ဖိနှိပ်လိုက်သည်။

ထိုစာလုံးသင်္ကေတက စတင်အရည်ပျော်လာကာ ထူးဆန်းသောအခိုးငွေ့အမျှင်တန်း ဖြစ်လာပြီး ကြေးမုံထဲသို့ ဝင်ရောက်လို့သွားသည်။သည့်နော် သူက သိုလှောင်အိတ်ထဲကနေ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။သည့်နောက် ထိုကျောက်စိမ်းပြားပေါ်၌ ကြေးမုံပေါ်ရှိ အစီအရင်ကို ချိုးဖျက်နိုင်သည့် နည်းလမ်းကို ထည့်သွင်းလိက်သည်။

ကြေးမုံကို ပြန်သိမ်းဆည်းလိုက်ပြီးနောက် ဝမ်လင်းက ကျန်သည့် ရတနာနှစ်ခုပေါ်တွင်တော့ အတားအဆီးကို မချမှတ်တော့ချေ။အပြင်ဘက်၌ ကောင်းကင်က တစ်ဖြည်းဖြည်း ပြန်လင်းလာနေ၏။ဝမ်လင်းက မျက်လုံးမှိတ်၍ စတင်ကျင့်ကြံလိုက်သည်။

နေမင်းက ကောင်းကင်ထက်၌ မြင့်တက်လာချိန်၌ အမှောင်ထုက လွင့်ပြယ်လာခဲ့တော့သည်။ဝမ်လင်းက မျက်လုံးပြန်ဖွင့်ကာ မတ်တပ်ထရပ်ပြီး အခန်းတံခါး ထဖွင့်လိုက်သည်။နေရောင်က သူ့ခန္ဓာကိုယ်ပေါ်သို့ ပက်ဖြန်းလာကာ သူ့စိတ်အား နွေးထွေးသွားစေသည်။သူ့ပတ်လည်ရှိ စိတ်ဝိညာဉ်စွမ်းအင်များက ခုချိန်၌ ပေါကြွယ်ဝနေ၏။ထို့ကြောင့် သူ့စိတ်က ချက်ခြင်းပင် ကြည်လင်လာခဲ့သည်။

သူ့စိတ်နှလုံးထဲ၌ တည်ငြိမ်မှုခံစားချက်နှင့် ပြည့်နှက်လို့နေသည်။သည့်နောက် ဝမ်လင်းက ရှေ့သို့ ဆက်လျှောက်သွားသည်။သူက ထွက်ပေါက်ကို ဖြတ်လာရာ ကျောက်တုံးအောက်၌ လူငယ်က ကောင်းကင်နှင့်မြေကြီးရှိ အဆီအနှစ်ကို စုပ်ယူ ကျင့်ကြံနေဆဲပင် ရှိနေသည်။

ဝမ်လင်းက သိပ်ဝေးသော နေရာသို့ မရောက်သေးခင်မှာပင် လူငယ်က မျက်လုံးဖွင့်လာ၏။သူ့မျက်လုံးထဲ၌ အထင်သေးဟန်တို့ ဖြစ်ပေါ်နေသည်။

“ပြင်ပကျင့်ကြံသူတစ်ယောက်က ကျင့်ကြံဖို့ တစ်နေ့တာလုံး အသုံးမပြုခဲ့ဘူး။ သူစုပ်ယူရမယ့် စိတ်ဝိညာဉ်စွမ်းအင်က များနေတာများ ဖြစ်နိုင်လား။ ဒီလူရဲ့ပါရမီက သာမန်ဖြစ်တဲ့အတွက် ဒါက သူ့အတွက် ခက်ခဲစေတာ နေမယ်။ဒါပေမဲ့လည်း ဒီလူက စိတ်ဝိညာဉ်စွမ်းအင် အထူထဲဆုံး မနက်ပိုင်းမှာ မကျင့်ကြံဘဲ လက်လျော့ခဲ့တယ်။ ဒီပုံစံနဲ့တော့ ဒီလူက ဘယ်တော့မှ သူ့စဦးစိတ်ဝိညာဉ်ကို ဖွဲ့တည်နိုင်မှာ မဟုတ်ဘူးလို့ ငါ သေချာ ပြောနိုင်တယ်…”

လူငယ်က သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ တစ်ဖန်ကျင့်ကြံလိုက်၏။

မနေ့က ဝမ်လင်း သည်မြို့သို့ ရောက်လာချိန်၌ သူက သည်မြို့၏ အနောက်ဘက်ခြမ်း၌ စျေးတစ်ခု ရှိနေသည်ကို တွေ့မြင်ခဲ့ပေသည်။ထိုနေရာ၌ ကျင့်ကြံသူများက လက်နက်ရတနာပစ္စည်းများကို ရောင်းဝယ်နေကြပေသည်။

“အဲ့နေရာမှာက စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတောင် အများကြီး မရှိဘူး။ ဒါ့ကြောင့် ဒါက သွားဖို့အတွက် အကောင်းဆုံး ဖြစ်မှာ မဟုတ်ဘူး…” ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် ကျောက်တုံးအောက်ရှိ လူငယ်ကို ကြည့်ကာ ပြန်လျှောက်လာခဲ့၏။

သူက လက်နှစ်ဖက်ယှက်ကာ ညင်သာသောလေသံနှင့် မေးမြန်းလိုက်သည်။ “ရောင်းရင်းကျင့်ကြံသူ…ဒီမြို့ထဲမှာ အဆင့်မြင့်ရတနာတွေ ရောင်းဝယ်နိုင်တဲ့ နေရာတစ်ခုခုများ မရှိဘူးလား…”

လူငယ်က မျက်လုံးပွင့်လာခဲ့သည်။ သူ့မျက်လုံးထဲ၌ ဝမ်လင်းအပေါ် အထင်သေးမှုအပြင် စိတ်မရှည်မှုတို့ပါ ရှိလာ၏။သူက အေးစက်စက် ပြောလိုက်သည်။ “မြို့အရှေ့ဘက် ရတနာခန်းမတစ်ခုရှိတယ်…” ထိုသို့ပြောပြီးနောက် သူက ဝမ်လင်းကို မကြည့်တော့ပေ။

ဝမ်လင်းက ပြုံး၍ ပြန်ထွက်လာ၏။

လူငယ်က နှာခေါင်းရှုံ့လိုက်၏။ “သူက အမြုတေဖွဲ့တည်ခြင်းအဆင့်ပဲ ရှိသေးတယ်။ သူက ဒါကို အဆင့်မြင့်ရတနာတွေ လဲလှယ်ချင်နေသေးတယ်လား။ သူက ဒီရတနာခန်းမထဲတောင် ခြေချခွင့်မရမှာ ငါစိုးရိမ်မိတယ်….”

မြို့မြောက်ဘက်ခြမ်းကနေ လမ်းလျှောက်လာပြီးနောက် ဝမ်လင်းက အရှေ့ဘက်သို့ ဦးတည်သွားလိုက်သည်။သည်နေရာတွင် သေမျိုးများစွာ ရှိမနေဘဲ အများစုက ကျင့်ကြံသူများသာ ဖြစ်သည်။

သည်နေရာ၌ ဆိုင်ရှေ့၌ စိတ်ဝိညာဉ်ကျောက်တုံးကြီးများကို သည်အတိုင်း ချခင်းထားသည့် ဆိုင်အချို့လည်း ရှိနေ၏။သည်အရာများက သန့်စင်ထားခြင်းမရှိသေးသော စိတ်ဝိညာဉ်ကျောက်တုံးများ ဖြစ်၏။ ထို့ကြောင့် ၎င်းကျောက်တုံးများက မူလပုံသဏ္ဌာန်အတိုင်း ရှိနေကာ ထူထဲသော စိတ်ဝိညာဉ်စွမ်းအင်ကို ပေးစွမ်းနေသည်။

ဝမ်လင်းမျက်လုံးများက စိတ်ဝင်စားသည့်ဟန်ပန် ဖြစ်ပေါ်နေသည်။ သည်လိုမျိုး ခင်းကျင်းပြသထားမှုက လူတိုင်းအား သည်ဆိုင်များ၏ စွမ်အားကို ပြောပြနေသယောင်ပင်။

သာမန်ကျင့်ကြံသူများက သည်လိုမျိုး စိတ်ဝိညာည်သွေးကြောထဲကနေ တိုက်ရိုက် စိတ်ဝိညာဉ်ကျောက်တုံးများကို တူးယူနိုင်ခြင်း မရှိဟုပင် ပြော၍ရသည်။

ထိုစိတ်ဝိညာဉ်ကျောက်တုံးများ၏ အရွယ်အစားက ဆိုင်များနှင့် ဆက်စပ်နေသည်။အချို့ဆိုင်များ၏ အပြင်ဘက်ရှိ ကျောက်တုံးများက ပေနှစ်ဆယ်လောက်ရှိသည်။ ထိုစိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးချင်းစီက ဖိအားတစ်ခုကို ဖန်တီးနေပေသည်။

ထိပ်တန်းစိတ်ဝိညာဉ်ကျောက်တုံးကိုပင် အပြင်ဘက်၌ ပြသထားသည့် ဆိုင်တစ်ခုပင် ရှိလို့နေသည်။သည်အရာက ဝမ်လင်းကို ထိုဆိုင်အပေါ်၌ ချက်ခြင်း စိတ်ဝင်စားသွားစေခဲ့သည်။

သူက ထိုဆိုင်ထဲသို့ သေချာကြည့်ရှုလိုက်သည်။ သည်ဆိုင်က ကြီးမားခြင်းမရှိပဲ အထပ်နှစ်ထပ်သာ ရှိ၏။ ၎င်းက သန့်ရှင်းသပ်ရပ်မှုလည်း ရှိသည်။ ထိုဆိုင်အဝ၌ အစိမ်းရောင်ဝါးခန်းမ ဟု ရေးထွင်းထားသည့် မော်ကွန်းကျောက်ပြားတစ်ခုလည်း ရှိလို့နေသည်။

ဝမ်လင်းက အထဲသို့ ဝင်မကြည့်တော့‌ပေ။သူက သူ့အကြည့်ကို ရုတ်သိမ်းကာ ရှေ့သို့ ဆက်လျှောက်သွား၏။မြို့အရှေ့ဘက်ခြမ်း၌ ဧရာမခန်းမကြီးတစ်ခု ရှိနေ၏။ ထိုအဆောက်အဦ၏ အပြင်ဘက်၌ စိတ်ဝိညာဉ်ကျောက်တုံးတစ်ခုတည်း မဟုတ်ဘဲ ရှစ်ခု တိတိ ရှိလို့နေသည်။ သည်ထိပ်တန်းစိတ်ဝိညာဉ်ကျောက်တုံး ရှစ်ခုက ပေသုံးဆယ်ခန့်မြင့်ကာ အစီအရင်တစ်ခု ချမှတ်ထားသည့်အလား ထင်မှတ်ရသည်။၎င်းတို့က စိတ်ဝိညာဉ်ဖိအားလှိုင်းများကို ပေးစွမ်းလို့နေသည်။

သည်ခန်းမက ပတ်ဝန်းကျင်နှင့် ပေါင်းးစပ်နေသည့်အလားပင်။၎င်းကို ကြည့်ရသည်မှာ အနည်းငယ် ပုံရိပ်ယောင်ဆန်၏။ ၎င်းစိတ်ဝိညာဉ်ကျောက်တုံးများပေါ်၌ “တစ်ခုတည်းရတနာခန်းမ” ဟု ရေးထွင်းထားလေ၏။

ဖိအားတစ်ခုက ပျံ့နှံ့လျက် ရှိနေသည်။ အထဲသို့ နတ်ဘုရားအာရုံဖြင့် ဝင်ရောက်စစ်ဆေးခြင်းကို တားဆီးရန်အတွက် ဖုံးကွယ်ထားသည့် အတားအဆီးအလွှာတစ်ခုပါ ရှိလို့နေသည်။ဝမ်လင်းက အထဲသို့ သူ့နတ်ဘုရားအာရုံကို အတင်း ဝင်မကြည့်ပေ။သူက သည် တစ်ခုတည်းရတနာခန်းမ အပေါ် လွန်စာ စိတ်ဝင်စားလှခြင်း မရှိသကဲ့သို့ ဖြစ်၏။

ဝမ်လင်းက အထဲသို့ ခြေလှမ်းလိုက်၏။ သို့သော် သူက ချက်ခြင်း မျက်မှောင်ကြုတ်သွားသည်။ သူက သက်လတ်ပိုင်းလူကြီးတစ်ယောက်က ခန်းမထဲမှ ထွက်လာကာ သူ့လမ်းအား လာပိတ်သည်ကို တွေ့လိုက်ရ၏။ သူက ဝမ်လင်းကို စမ်းစစ်ပြီးနောက် တည်ငြိမ်စွာမေးလိုက်သည်။ “ရောင်ရင်းကျင့်ကြံသူက ငါတို့ တစ်ခုတည်းရတနာခန်းမ ရဲ့ စည်းမျဉ်းအကြောင်း မသိဘူးလား…”

ဝမ်လင်းအသွင်က ပုံမှန်အတိုင်းပင်။သူက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ “အို…ဘယ်လို စည်းမျဉ်းများလဲ…”

သက်လတ်ပိုင်းလူကြီး ဝမ်လင်း၏ တည်ငြိမ်မှုကို ကြည့်ကာ တုန်လှုပ်သွားမိ၏။ သူက ကျင့်ကြံသူများစွာကို တွေ့မြင်ခဲ့ဖူး၏။ အချို့မွန်းစတားအိုကြီးများမှလွဲ၍ ကျင့်ကြံသူအနည်းငယ်ကသာ သည်ခန်းမ၏ ဖိအားအောက်၌ တည်ငြိမ်နိုင်ပေသည်။

“ငါတို့ တစ်ခုတည်းရတနာခန်းမကို ဝင်ရောက်ဖို့ စည်းမျဉ်းနှစ်ခု ရှိတယ်။ တစ်ခုက စဦးစိတ်ဝိညာဉ်အဆင့်အောက် ကျင့်ကြံသူက အထဲကို ဝင်ရောက်ခွင့် မရှိဘူး။ ထိပ်တန်းစိတ်ဝိညာဉ်ကျောက်တုံးတစ်သိန်း မရှိရင်လည်း အထဲကို ဝင်ရောက်ခွင့် မရှိဘူး...”

ဝမ်လင်းက အနည်းငယ် မျက်မှောင်ကြုတ်သွား၏။

သက်လတ်ပိုင်းလူကြီးက ဝမ်လင်းအသွင်ကို တွေ့မြင်လိုက်သည့်အခါ ရုတ်တရက် တစ်ခုခု သဘောပေါက်သွားသည်။သူက မေးလိုက်၏။ “ရောင်းရင်းကျင့်ကြံသူမှာ စိတ်ဝိညာဉ်ကျောက်တုံးတစ်သိန်း ရှိပါသလား..."

ဝမ်လင်းက သူ့သိုလှောင်အိတ်ထဲ၌ စိတ်ဝိညာဉ်ကျောက်တုံးအများကြီး ရှိမနေချေ။ တကယ်တော့ သူက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်သို့ ရောက်ပြီးကတည်း ကောင်းကင်ဘုံကျောက်စိမ်းပြားများကိုသာ အဓိကသုံးစွဲခဲ့သည် မဟုတ်လား။

သက်လတ်ပိုင်းလူကြီးက ပြုံးလိုက်၏။ “ရောင်းရင်းကျင့်ကြံသူက လိုအပ်ချက်နဲ့ မကိုက်ညီတဲ့အတွက် အထဲကို မဝင်နိုင်ပါဘူး။ သင်က အထဲကို ဝင်မယ်ဆိုရင် သင်က ပြန်ထွက်ဖို့တောင် အခွင့်ရေးမရမှာ ငါ စိုးရိမ်မိတယ်...။ကျေးဖူးပြုပြီး ပြန်ပါ...”

“ဒီရတနာပစ္စည်းကိုကော လက်ခံနိုင်မလား…” ဝမ်လင်းက သက်လတ်ပိုင်းလူကြီးကို တည်ငြိမ်စွာ ကြည့်၏။ သူက သိုလှောင်အိတ်ထဲကနေ သန့်စင်ထားသော ဓားတစ်လက်ကို ထုတ်ယူလိုက်သည်။

သက်လတ်ပိုင်းလူကြီး၏ အကြည့်က ထိုဓားပေါ်သို့ ကျရောက်လာ၏။သူ့မျက်လုံးထဲ၌ အထင်သေးမှုတို့ ဖြစ်ပေါ်လာသည်။သူက တစ်ချက်ကြည့်ရုံဖြင့်ပင် သည်ဓားက ညံ့ဖျင်းသောနည်းလမ်းနှင့် သန့်စင်ထားကြောင်း ပြောနိုင်ကာ ဒါနှင့်ပတ်သတ်၍ ထူးထူးခြားခြား ဘာမှ ရှိမနေချေ။သူက နတ်ဘုရားအာရုံမသုံးဘဲ သည်အတိုင်းကြည့်၍၌င် သည်ဓားက အဆင့်နိမ့်အရည်အသွေးသာ ရှိကြောင်း ပြောနိုင်ပေ၏။

သူက သည်တစ်ခုတည်းရတနာခန်းမတွင် နေထိုင်လာသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သည့်အတွက် သူ့အမြင်က ကောင်းမွန်ပေ၏။သူက သူတို့ရတနာကို ကောင်းမွန်လှပြီဟု ထင်နေကြသော အဆင့်နိမ့်ကျင့်ကြံသူများစွာကိုလည်း တွေ့မြင်ခဲ့ဖူးပြီ ဖြစ်သည်။သူ့စိတ်ထဲ၌ ဝမ်လင်းကလည်း ထိုသို့သောလူများထဲမှ တစ်ယောက်ပင်။

သည်ရတနာဓားက ၎င်း၏ စွမ်းရည်ကို ဖုံးကွယ်ထားသည်မှာ ဖြစ်ကောင်းဖြစ်နိုင်၏။သို့သော် သက်လတ်ပိုင်းလူကြီးက သည်အရာကို စိတ်မဝင်စားချေ။သူက ပြုံး၍ ခေါင်းယမ်းကာ ဆိုလိုက်၏။ “ငါတို့က ဒါကို လက်မခံပါဘူး။ ကျေးဇူးပြုပြီး ထွက်သွားပါတော့…”

ဝမ်လင်းက သက်လတ်ပိုင်းလူကြီးကို အေးစက်စွာ ကြည့်လိုက်၏။သည့်နောက် သူက လှည့်၍ ထွက်ခွာသွားသည်။

ဝမ်လင်းအကြည့်က သက်လတ်ပိုင်းလူကြီးထံသို့ ကျရောက်လာသည်အခါတွင် သူ့ခေါင်းအား ရေအေးနှင့် လောင်းချလိုက်ရသကဲ့သို့ ခံစားလိုက်ရကာ သူ့ခန္ဓာကိုယ်ကလည်း တုန်ယင်သွား၏။ဝမ်လင်းအကြည့်က နှစ်တစ်သိန်းလောက်သက်တမ်းရှိသည့် ရေခဲအလား မှတ်ရသည်။၎င်းက သူ့စဦးစိတ်ဝိညာဉ်ကိုပင်ခဲသွားကာ ပြိုကျလုမတက် ဖြစ်သွားစေ၏။

သက်လတ်ပိုင်းလူကြီးက နောက်သို့ပင် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိပြီး သူ့အသွင်က ဖြူရောလို့သွား၏။သူက လှမ်းလျှောက်၍ ထွက်သွားသော ဝမ်လင်းကို ကြည့်ကာ ပြောစရာစကားမဲ့နေ၏။

သည်အခိုက်အတန့်၌ ခန်းမထဲမှ အိုမင်းသောအသံတစ်သံ ထွက်ပေါ်လာသည်။

“လုဖန်…ဘာဖြစ်နေတာလဲ…”

သက်လတ်ပိုင်းလူကြီးက မြန်ဆန်စွာ နောက်လှည့်၍ ပြောလိုက်သည်။ “အကြီးအကဲစွန်…ရတနာတစ်ခုလာရောင်းတဲ့ ကျင့်ကြံသူတစ်ယောက်ပါ…”

အဘိုးအိုက ခန်းမထဲကနေ ထွက်လာ၏။သူက ခါးကုန်းနေကာ အလွန်အိုသည်ဟု ထင်ရ၏။သူ့မျက်နှာကလည်း အချိန်၏တိုက်စားခြင်းခံထားရကာ သူ့အကြည့်ကပင် မှိန်ဖျော့နေ၏။သူက သက်လတ်ပိုင်းလူကြီးကို ကြည့်၍ တည်ငြိမ်စွာ မေးလိုက်သည်။ “ဘယ်လိုရတနာမျိုးလဲ…”

***

All Chapters