← Chapters

အခန်း ၄၃

Vol. 5 Ch. 43

အခန်း ၄၃

Vol. 5 Ch. 43

အခန်း(၄၃) အဆင့်(၇) သိုင်းပညာရှင်ကို နှိပ်ကွပ်ခြင်း

ကျန်းမင်သည် ရင်လုံကို အကဲခတ်ကြည့်လိုက်၏။

“ အသွင်ပြောင်းလဲမှုက ဘယ်ဆိုးတုန်း... အစောပိုင်းက တွေ့ခဲ့တဲ့ လူနဲ့ ယှဉ်ရင် ပိုတော်တယ်”

“ဒါပေမဲ့ မသေနိုင်ဘူး ဆိုတာကတော့... ကျုပ် အမြင်အရဆိုရင်တော့ သိပ်မဟုတ်သလိုပဲ”

ဤစကားကို ကြားလိုက်ရချိန်တွင် ရင်လုံ၏ မျက်ဝန်းထဲ၌ သံသယအနည်းငယ် ဖြစ်ပေါ်လာခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်းမြောက်မြားစွာက အလောင်းဂိုဏ်းအတွင်း၌ ကြီးမားသော ကပ်ဘေးကြီးတစ်ခု ဖြစ်ပွားခဲ့သည်။ နောက်ပိုင်းတွင် အလောင်းဂိုဏ်းသည် လောကအလယ်တွင် ပေါ်ထွက်လာခြင်း မရှိခဲ့ချေ။

သို့သော်လည်း ဤလူငယ်၏ စကားများအရ ၊ သူသည် မိမိတို့အလောင်းဂိုဏ်း၏ ကျင့်စဉ်ကို မြင်တွေ့ဖူးပုံရသည်။

‘ မဟုတ်မှလွဲရော... တစ်စုံတစ်ယောက်ကများ သူတို့ရဲ့ ခြေရာတွေကို ပေါက်ကြားအောင် လုပ်ခဲ့တာလား...’

“ကောင်လေး... မင်းက ဒီလိုကျင့်စဉ်ကို မြင်ဖူးတာလား... ဘယ်နေရာမှာ မြင်ဖူးတာလဲ... ပြီးတော့ ဘယ်သူသုံးခဲ့တာလား”

“ငါ့ကို ပြောစမ်း... ဒါဆို ငါ မင်းကို သက်သက်သာသာနဲ့ သေခွင့်ပေးမယ်...”

ကျန်းမင်က ခေါင်းခါလိုက်သည်။

“ဆူညံလိုက်တာ...”

“ခင်ဗျား ကိုယ်တိုင်ပဲ သွားပြီး သူ့ကို မေးလိုက်ပါလား...”

ဝှစ်...

ကျန်းမင်၏ ပုံရိပ်သည် လှစ်ခနဲ့ ပျောက်ကွယ်သွားပြီး ၊ တစ်ခဏချင်းမှာပင် ရင်လုံ၏ ဦးခေါင်းထက်တွင် ထွက်ပေါ်လာ၏။

ချွင်...

ချင်းချွဲ့ဓားကို ဆွဲထုတ်လိုက်သည်။ အပြာရောင် ဓားအလင်းတန်းတစ်ခု ဖျတ်ခနဲ လင်းလက်သွားသည်။

ရားးး...

ရင်လုံ တစ်ယောက် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး၊ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးကြောမျှင်များမှာ တီကောင်များကဲ့သို့ အရေပြားမျက်နှာပြင်ပေါ်တွင် ဖောင်းကြွလာ၏။ သေချာကြည့်မည်ဆိုပါက မီးခိုးရောင်ရှိသော သွေးများ စီးဆင်းနေသည်ကို မြင်တွေ့ရပေလိမ့်မည်။

သူ၏ အရေပြားမျက်နှာပြင်မှာ သံမဏိအလား မာကျောသွားသည်။

ကျန်းမင်၏ လျင်မြန်သော ဓားချက်ကို ရင်ဆိုင်ရချိန်တွင် သူသည် လက်သည်းများကို ဆန့်ထုတ်ကာ ပြန်လည် တိုက်ခိုက်ခဲ့သည်။

ချွင် ချွင်...

ဓားသည် သူ၏ လက်မောင်းပေါ်သို့ ကျရောက်သွားခဲ့သော်လည်း ၊ မီးပွားများသာ လွင့်စင်ထွက်သွားသည်။

ရင်လုံ၏ မျက်ဝန်းထဲ၌ လှောင်ပြောင်သော အပြုံးတစ်ခု လင်းလက်သွား၏။

“အဆင့်(၇) အောက်က လူတိုင်းက ပုရွက်ဆိတ်အဆင့်ပဲ ရှိတယ်...”

“ကောင်လေး... မင်းက အဆင့်(၇) သိုင်းပညာရှင်တစ်ယောက်ရဲ့ တန်ဖိုးကို နားမလည်သေးဘူးပဲ...”

ဗုန်း ဗုန်း ဗုန်း..

ရင်လုံသည် လက်ဝါးအဖြစ် ပြောင်းလဲကာ တန်ပြန်တိုက်ခိုက်လာခဲ့သည်။

“အလောင်းကောင် ကျင့်စဉ် ၊ မိစ္ဆာနဂါး လက်သည်း...”

ချွင်...

သေခြင်းတရား အငွေ့အသက်များဖြင့် ပြည့်နှက်နေသော မိစ္ဆာနဂါး လက်သည်းသည် ကျန်းမင်ထံသို့ ကျရောက်လာ၏။

“လာစမ်း... ငါ့ကို ပြလိုက်စမ်း... မင်း အစောပိုင်းက ထုတ်ဖော်ခဲ့တဲ့ တိုက်ကွက်ကို ငါ မြည်စမ်းကြည့်ချင်သေးတယ်”

ရင်လုံက မာနထောင်လွှားစွာ အော်ဟစ်လိုက်၏။

ကျန်းမင်သည် အနောက်သို့ အကြိမ်ကြိမ် ဆုတ်ခွာသွားခဲ့ပြီး ၊ ရင်လုံနှင့် အကွာအဝေးတစ်ခုကို ထိန်းသိမ်းထားသည်။ တစ်ချိန်တည်းမှာပင် သူ၏ ချင်းချွဲ့ဓားဖြင့် ဆယ်ချက်ခန့် ဆက်တိုက် ခုတ်ထစ်လိုက်သည်။

တိန် တိန် တိန်။

သို့သော် ထိုဓားချက်များ အားလုံးသည် ရင်လုံ၏ မိစ္ဆာနဂါး လက်သည်းဖြင့် တားဆီးခံလိုက်ရသည်။

ရင်လုံသည် သူ့ဘက်မှ အသာစီးရလာသဖြင့် အလျော့မပေးဘဲ ရှေ့တိုးလာကာ ဖိအားပေး တိုက်ခိုက်လာ၏။

“မိစ္ဆာနဂါး အသွင်ပြောင်းလဲခြင်းကိုးမျိုး ၊ နဂါးနှစ်ကောင် ထွက်ပေါ်ခြင်း...”

သူ၏ လက်နှစ်ဖက်စလုံးရှိ လက်သည်းများဖြင့် ကျန်းမင်၏ ရင်ဘတ်ကို ကုတ်ခြစ်ရန် ရုတ်တရက် တိုးဝင်လာခဲ့သည်။

ရက်စက်ကာ လွှမ်းမိုးနိုင်စွမ်းရှိသည်။

ကျန်းမင်သည် ဓားကို လှန်ကာ တစ်ဖက်လူ၏ တိုက်ခိုက်မှုကို တားဆီးလိုက်သည်။

ချွင်...

ကျန်းမင်သည် အနောက်သို့ လွင့်ထွက်သွားပြီး၊ ခြေလှမ်း ဆယ်လှမ်းကျော် ဆက်တိုက် ဆုတ်ခွာသွားခဲ့ပြီးမှသာ သူ၏ ခန္ဓာကိုယ်ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။

“အကြီးအကဲ ရင်လုံက မျှော်လင့်ထားတဲ့အတိုင်းပဲ”

“ဒီတစ်ကြိမ်တော့ ကျန်းမင် သေချာပေါက် သေရတော့မယ်...”

“အဆင့်(၈) နဲ့ အဆင့်(၇)ကြားက ကွာဟချက်က တကယ်ကို ကြီးမားလွန်းတာပဲ... တကယ်လို့ သူ့ကို နောက်ထပ် ဆယ်နှစ်လောက် အချိန်ပေးမယ်ဆိုရင်တော့... ဒီတိုက်ပွဲရဲ့ ရလဒ်က ပြောင်းလဲသွားနိုင်တယ်...”

“ဒါပေမဲ့ သနားစရာကောင်းတာက ဒီလောကမှာ အဖိုးတန်ဆုံး အရာက အချိန်ပဲ ဖြစ်နေတာပဲ...”

မုလောင်စန်း နှင့် ဟုန်ဖူတို့ နှစ်ဦးသည် လှောင်ပြောင်သော လေသံဖြင့် တီးတိုးပြောဆိုလိုက်ကြသည်။

သို့သော်လည်း ရင်လုံ၏ မျက်နှာအမူအရာမှာ လေးနက်နေ၏။

အကြောင်းရင်းမှာ ကျန်းမင်သည် အရေးနိမ့်နေသကဲ့သို့ ထင်ရသော်လည်း ၊ သူ၏ လှုပ်ရှားမှုတိုင်းက စနစ်ကျပြီး အသက်ရှူသံမှာလည်း တည်ငြိမ်လွန်းသည်။ သူသည် ယခုလို အရေးနိမ့်နေသည့်အပေါ် အနည်းငယ်မျှပင် စိုးရိမ်ပူပန်မှု မရှိပုံရသည်။

“ မဟုတ်မှလွဲရော... သူက တကယ့်ခွန်အား အစစ်အမှန်ကို ဖုံးကွယ်ထားတာများလား...”

“သူ့ရဲ့ ကျင့်ကြံမှု အစစ်အမှန်က အဆင့်(၈) နှောင်းပိုင်းအဆင့် မဟုတ်ဘဲ အဆင့်(၈) အထွပ်အထိပ်အဆင့်... ဒါမှမဟုတ် အဆင့်(၇) ကနဦးအဆင့်များလား”

“မဖြစ်နိုင်ဘူး... ဘယ်လိုမှ မဖြစ်နိုင်ဘူး... ဒီလိုမျိုး ဝေးလံခေါင်သီတဲ့ စုန့်ချွင်းမြို့မှာ ငယ်ငယ်ရွယ်ရွယ်နဲပ အဆင့်(၇) ကနဦးအဆင့် သိုင်းပညာရှင်တစ်ယောက် ရှိနေဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး...”

ရင်လုံသည် ထိုအတွေးကို ချက်ချင်း ငြင်းပယ်လိုက်သည်။

နန်ယန်စီရင်စုသည် လွန်ခဲ့သော နှစ်တစ်ရာအတွင်း ဤကဲ့သို့သော ပါရမီရှင်မျိုး ပေါ်ထွက်လာခြင်း မရှိခဲ့ပေ။

ကောင်းကင်လျှို့ဝှက်ချက် ဆန်းကြယ်ဂေဟာ၌ မှတ်တမ်းတင်ထားသော လူငယ်ပါရမီရှင်များစာရင်းတွင် ထိပ်ဆုံးတစ်ရာအတွင်း၌ နန်ယန်စီရင်စုမှ လူနှစ်ဦးသာ ရှိပေသည်။

တစ်ဦးမှာ ချင်းနျိုမြို့ရှိ ကျောက်မိသားစုမှ ဖြစ်ပြီး ၊ အခြားတစ်ဦးမှာ ထျန်းချန်ဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်သည်။

သူ့မျက်စိရှေ့က ဤလူငယ်လေးသည် အဆင့်(၇) သိုင်းသမားတစ်ဦး ဖြစ်ရန်မှာ လုံးဝ မဖြစ်နိုင်ချေ။

ဤအရာကို တွေးတောမိလိုက်ချိန်တွင် ရင်လုံ၏ မျက်လုံးထဲက အနည်းငယ်မျှသော တုံ့ဆိုင်းမှုများသည် ချက်ချင်းဆိုသလို ပျောက်ကွယ်သွား၏။

သူ၏ ချွန်ထက်သော လက်သည်းများကို အထက်အောက် ဝှေ့ယမ်းကာ ၊ ထို့နောက် ကျန်းမင်ထံသို့ လျင်မြန်သော အရှိန်နှုန်းဖြင့် ပြေးဝင်သွားခဲ့သည်။

ဗုန်း...

မြေပြင်ပေါ်မှ ကျောက်ပြားများ ကျိုးပဲ့ပျက်စီးကာ နေရာအနှံ့ လွင့်စင်သွားသည်။ ရင်လုံ၏ လက်သည်းတိုက်ကွက်သည် သူ၏ အင်အားအလုံးစုံကို အသုံးပြုထားခြင်း ဖြစ်ပြီး၊ ကျန်းမင်ကို တစ်ချက်တည်းနှင့် သတ်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

“မိစ္ဆာနဂါး အသွင်ပြောင်းလဲခြင်းကိုးမျိုး၊ နဂါး ပျံသန်းခြင်း...”

All Chapters