အခန်း ၄၄
Vol. 5 Ch. 44
အခန်း(၄၄)
သူ၏ လက်သည်းနှစ်ဖက်စလုံးကို ပူးကပ်လိုက်ပြီး အတွင်းအားများကို လေဆင်နှာမောင်းတစ်ခုလို လည်ပတ်စေသည်။
သူသည် ယခင်က ဤအကွက်ဖြင့် အဆင့်(၇) နှောင်းပိုင်းအဆင့် သိုင်းပညာရှင်တစ်ဦးကို ပြင်းထန်စွာ ဒဏ်ရာရရှိစေခဲ့ဖူးသည်။ ယခုလို အဆင့်(၈) သိုင်းသမားတစ်ယောက်ကို သတ်ဖြတ်ရန်မှာ ထည့်ပြောရန်ပင် မလိုတော့ပေ။
သို့သော်လည်း ဤမျှအထိ အန္တရာယ်များသော တိုက်ခိုက်မှုကို ရင်ဆိုင်နေရသည့်တိုင် ကျန်းမင်မှာ မျက်ခုံးတစ်ချက် ပင့်ရုံမျှသာပင်။
ကျားငါးကောင် တံခါးပိတ်ဓားသိုင်း၏ အကွက်ပေါင်းများစွာသည် သူ့စိတ်ထဲတွင် ပေါင်းစပ်သွားပြီး နောက်ဆုံးတွင် တစ်ချက်တည်းသော တိုက်ကွက်တစ်ခုတည်းအဖြစ် ပြောင်းလဲသွားသည်။
သူသည် နတ်ဘုရားရှင်သန်ခြင်းကျင့်စဉ်ကိုလည်း ကန့်သတ်ချက်အထိ မြှင့်တင်လိုက်သည်။
ဝှစ်...
အပြာရောင် ဓားအလင်းတန်းတစ်ခု လှစ်ခနဲ့ ဝင်းလက်သွား၏။
ဤအခိုက်အတန့်တွင် လောကကြီးတစ်ခုလုံး အေးခဲသွားသကဲ့သို့ ထင်ရသည်။
မုလောင်စန်း နှင့် အခြားသူများ မြင်တွေ့လိုက်ရသည်မှာ အပြာရောင် ဓားအလင်းတန်း တစ်ခုသည် ရင်လုံဆီသို့ တည့်တည့်မတ်မတ် ကျရောက်သွားခဲ့ခြင်း ဖြစ်သည်။ အရှိန်မှာ နှေးကွေးသော်လည်း ရင်လုံမှာမူ ဓားအလင်းကျရောက်လာသည်ကို စောင့်ဆိုင်းနေသည့်အလား ဖြစ်နေ၏။
ဗုန်း...
မာကျောသော အသားစိုင်ခဲများသည် ချက်ချင်းဆိုသလို လှီးဖြတ်ခံလိုက်ရသည်။
အပြာရောင် ဓားအလင်းသည် ရင်လုံ၏ ခန္ဓာကိုယ်ကို အလယ်တည့်တည့်မှ နှစ်ခြမ်းခွဲပစ်ခဲ့သည်။
မီးခိုးရောင် သွေးများ ပန်းထွက်လာခဲ့ပြီး ၊ တစ်ချိန်တည်းမှာပင် ရင်လုံ၏ မျက်ဝန်းအစုံမှာလည်း မှိတ်ကျသွားခဲ့လေပြီ။
ဝှစ်...
“မင်းက အဆင့်(၈) မဟုတ်ဘူး...”
“မင်း... မင်း တကယ်ကို ကောက်ကျစ်တာပဲ...”
[ သတ်ဖြတ်မှုအမှတ် +၃၀၀ ]
“ပြေးကြ...”
“လူခွဲပြီး ပြေးကြ...”
ကျန်းမင်၏ ဓားချက် ကျရောက်သွားခဲ့သည့် အခိုက်အတန့်မှာပင် ၊ မုလောင်စန်းနှင့် ဟုန်ဖူတို့နှစ်ဦးသည် အမှန်ကန်ဆုံးသော တုံ့ပြန်မှုကို တစ်ပြိုင်နက်တည်း ပြုလုပ်ခဲ့ကြသည်။
နှစ်ယောက်သား ဘယ်နှင့်ညာ လမ်းခွဲ၍ အဝေးသို့ ထွက်ပြေးရန် ကြံစည်လိုက်သည်။ သူတို့နှစ်ဦး၏ ပေါ့ပါးသော ကိုယ်ဖော့သိုင်းအရ ၊ ကျန်းမင်အနေဖြင့် အများဆုံး တစ်ဦးတည်းကိုသာ လိုက်လံ သတ်ဖြတ်နိုင်မည် ဖြစ်သည်။
တစ်နည်းအားဖြင့် ၊ သူတို့အတွက် အနည်းဆုံး ငါးဆယ်ရာခိုင်နှုန်းခန့် လွတ်မြောက်နိုင်ခြေရှိသည်။ မည်သူက ကံဆိုးမည်ကို ကောင်းကင်ဘုံက ဆုံးဖြတ်လိမ့်မည်။
သို့သော်လည်း...
ဝှစ်...
ကျန်းမင်၏ ပုံရိပ်သည် နေရာမှ ဖျတ်ခနဲ့ ပျောက်ကွယ်သွားပြီး ၊ မုလောင်စန်းရှိရာ လမ်းကြောင်းသို့ လိုက်လံ ဖမ်းဆီးခဲ့သည်။
“ အသက်ချမ်းသာ..”
မုလောင်စန်း ပါးစပ်ဟရုံသာ ရှိသေးသည် ၊ သူ၏ အမြင်အာရုံထဲ၌ ပြာတောက်တောက် ဓားအလင်းတန်းတစ်ခုကို မြင်တွေ့လိုက်ရ၏။
ချက်ချင်းပင် ၊ သူ၏ အမြင်အာရုံတစ်ခုလုံးမှာ ချာလပတ် လည်သွားသည်။
သူ၏ဦးခေါင်းမှာ အထက်သို့ မြင့်မားစွာ မြှောက်တတ်သွားချေပြီ။
“သေသင့်တဲ့... ဟုန်ဖူ... ငါ မင်းအတွက် အသက်ပေးလိုက်ရပြီ... မင်း နောက်ဘဝကျရင် ငါ့ကို အသက်တစ်ချောင်းစာ အကြွေးပြန်ဆပ်ရမယ်...”
[ သတ်ဖြတ်မှုအမှတ် +၂၀၀]
အခြားတစ်ဖက်တွင်မူ ၊ မီတာ နှစ်ဆယ်ကျော် အဝေးသို့ ပြေးထွက်သွားနိုင်ခဲ့ပြီ ဖြစ်သော ဟုန်ဖူ တစ်ယောက် စိတ်ထဲတွင် ဝမ်းသာသွားခဲ့သော်လည်း ၊
ရုတ်တရက် သူ၏ ခန္ဓာကိုယ်သည် အရှေ့သို့ လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွား၏။
မည်သည့်အချိန်ကတည်းက မသိနိုင်သော်လည်း ၊ သူ၏ လည်ပင်းထက်တွင် သေးငယ်သော ဓားပျံတစ်ချောင်း စိုက်ဝင်နေ၏။
[သတ်ဖြတ်မှုအမှတ် +၂၀၀]
ကျန်ရှိနေကြသော ဆိပ်ကမ်းဂိုဏ်း၏ တပည့်များလည်း အခြေအနေကို သဘောပေါက်သွားပြီး ထိုအချိန်မှသာ သတိပြန်ကပ်လာကြသည်။
သူတို့အနက်မှ လူအချို့က ထွက်ပြေးရန် ရွေးချယ်ခဲ့ကြပြီး ၊ အချို့က ကျန်းမင်ကို တိုက်ခိုက်ရန် ပြင်ဆင်ခဲ့ကြသည်။
ကျန်းမင်သည် မိုးရေထဲသို့ ပြေးဝင်သွားသည်။
ပြာတောက်တောက် ဓားအလင်းများသည် သည်းထန်စွာ ရွာသွန်းနေသော မိုးရေထဲတွင် ပန်းအလား ပွင့်လန်းသွားတတ်ပြီး ၊ တစ်ခါပွင့်လန်းတိုင်း သွေးမြူများ ထွက်ပေါ်လာတတ်၏။
မကြာမီမှာပင် ဆိပ်ကမ်းဂိုဏ်း၏ တပည့်များ အားလုံး မြေပြင်ပေါ်သို့ လဲကျ သေဆုံးသွားခဲ့ကြသည်။
…..
ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး ခေါင်းမိုးပေါ်မှ တတောက်တောက် စီးကျလာသော မိုးကျသံကိုသာ ကြားရတော့သည်။
အခြေအနေသည် နောက်ဆုံးတွင် ဤကဲ့သို့သော ရလဒ်မျိုးဖြင့် အဆုံးသတ်သွားလိမ့်မည်ဟု မည်သူမျှ မခန့်မှန်းနိုင်ခဲ့ပေ။
ကြောက်စရာကောင်းသော ဆိပ်ကမ်းဂိုဏ်း၊ ဓားကြီး ချောင်ရှန့် နှင့် ဘေးဒုက္ခရောက်နေသော အလှပျိုမယ်လေး ၊ ထို့အပြင် နတ်ဆိုးလမ်းစဉ်မှ သိုင်းပညာရှင်တစ်ဦး...
နန်ယန်စီရင်စု၏ သိုင်းလောကအတွင်း၌ မုန်တိုင်းတစ်ခုကို နှိုးဆွပေးနိုင်သော အဆိုပါ ပုဂ္ဂိုလ်များသည် အသက်နှစ်ဆယ်အရွယ် လူငယ်လေးတစ်ဦး၏ လက်ထဲတွင် လွယ်လင့်တကူ အသက်ပျောက်ခဲ့ရသည်။
လက်ဖျောက်တစ်ချက် တီးသကဲ့သို့ လွယ်ကူလွန်းသည်။
လူအချို့က ဤလူများမှာ ကောလာဟလများထဲကလို သိပ်ပြီး စွမ်းဆောင်နိုင်စွမ်း မရှိကြောင်း တွေးနေမိသည်။
သို့ရာတွင် ဤသည်မှာ မှားယွင်းသော အယူအဆတစ်ခုသာ ဖြစ်ကြောင်း လူတိုင်း ကောင်းစွာ သိထားကြသည်။
အမှန်တကယ် စွမ်းဆောင်နိုင်ရည်ရှိသူမှာ ထိုလူငယ်လေးသာ ဖြစ်၏။
ထိုသူမှာ ချင်းချွဲ့ဓားပင်။
သို့သော် ကံကောင်းထောက်မစွာဖြင့် ဆိပ်ကမ်းဂိုဏ်းမှ လူများ သေဆုံးသွားခဲ့ပြီး ဖြစ်ရာ ၊ လျှို့ဝှက်ချက်များစွာကို ကြားသိခဲ့ရသည့် သူတို့အဖို့ အသက်ရှင်သန်ခွင့်ရနိုင်သေး၏။
ဤသည်မှာ အံ့ဖွယ်ဖြစ်ရပ်တစ်ခုသာ ဖြစ်သည်။
လူတစ်ဦးမှလွဲ၍ လူတိုင်း၏ စိတ်ထဲတွင် သက်ပြင်းချနိုင်ခဲ့သည်။ လင်းရုံရုံ သည် အမြင်ဆုံးရှုံးသွားသော်လည်း ဤတိုက်ပွဲ၏ ရလဒ်ကို ခန့်မှန်းမိသည်။
အကယ်၍ ဆိပ်ကမ်းဂိုဏ်းသာ အနိုင်ရရှိခဲ့ပါက သူမသည် ဤနေရာတွင် ဘေးကင်းလုံခြုံစွာဖြင့် ရှိနေနိုင်စရာ အကြောင်းမရှိချေ။
ထို့ကြောင့် အနိုင်ရရှိခဲ့သူမှာ တစ်ဦးတည်းသာ ရှိသည်။
အနက်ရောင် ဝတ်စုံနှင့် ထိုပုံရိပ်သည် သူမ၏ အာရုံထဲတွင် ဖျတ်ခနဲ ထွက်ပေါ်လာခဲ့သည်။ သူသည် အလွန် ငယ်ရွယ်ပြီး တည်ငြိမ်သည်။ လူ၏ စိတ်နှလုံးသားကိုလည်း နာကျင်အောင် ပြုလုပ်နိုင်သည်။
ကျန်းမင်မှ ဆိုင်ငယ်လေးထဲသို့ ခြေချလိုက်သည်နှင့် ၊ လင်းရုံရုံသည် ချက်ချင်းပင် ဒူးထောက်၍ တွားသွားကာ ရောက်ရှိလာ၏။
“ကျန်း... ကျန်းသခင်လေး... စောစောက ကျွန်မ မျက်စိမရှိလို့ပါ... အခုလည်း မျက်စိကန်းပြီး သင်ခန်းစာ ရနေပါပြီ... ကျွန်မကို လွှတ်ပေးလို့ မရဘူးလားဟင်...”
လင်းရုံရုံ က သနားစဖွယ် အသံလေးဖြင့် အားကိုးရာမဲ့စွာ ပြောဆိုလိုက်သည်။
ယခုအချိန်တွင် ဒဏ်ရာရရှိထားသဖြင့် ပို၍ပင် ကရုဏာ သက်ဖွယ်ကောင်းလှသည်။ သူမ၏ အမူအရာလေးသည် လူတို့၏ စိတ်နှလုံးသားကို လှုပ်ခတ်စေနိုင်ပြီး ၊ အထူးသဖြင့် အမျိုးသားများအပေါ် ပို၍ ဆွဲဆောင်မှုရှိသည်။
ဤအမျိုးသမီးသည် ရိုးရှင်းသူတစ်ဦး မဟုတ်ပေ။ သူမသည် မိမိ၏ ရုပ်ရည်သွင်ပြင်ကို အသုံးပြုကာ ရန်သူကို လှည့်စားရာတွင် အလွန် ကျွမ်းကျင်လှသည်။
“ တော်လောက်ပြီ အစ်မကြီး... ငါက အမျိုးသမီးတွေကို မသတ်ဘူး...”
“တကယ်လား...”
ထိုစကားကိုကြားပြီး လင်းရုံရုံ တစ်ယောက် အလွန် ပျော်ရွှင်သွားသည်။