← Chapters

အခန်း ၅၀

Vol. 5 Ch. 50

အခန်း ၅၀

Vol. 5 Ch. 50

အခန်း(၅၀)

“ဟားးး...”

“ကျွန်တော်က ဖုန်းဒုတိယသခင်ကြီးအတွက် လက်ဆောင်တစ်ခု လာပို့ပေးတာပါ”

ထိုသို့ ပြောဆိုရင်း ၊ သူသည် အချက်ပြလိုက်သည်။ ချက်ချင်းဆိုသလို ၊ သူ့နောက်က အမျိုးသားသည် သစ်သားသေတ္တာကို ရှေ့သို့ ယူဆောင်လာကာ ဖုန်းဒုတိယသခင်ကြီးထံသို့ ပေးအပ်လိုက်သည်။

“ဒါက ဘာလဲ...”

“ ဖုန်းဒုတိယသခင်ကြီး ကိုယ်တိုင် ဖွင့်ကြည့်ရင် သိရမှာပါ.... ဒီလက်ဆောင်ကြီးက ဖုန်းဒုတိယသခင်ကြီးကို သေချာပေါက် အံ့အားသင့်စေရမယ်လို့ ကျွန်တော် အာမခံပါတယ်”

ရှဲ့သခင်၏ နှုတ်ခမ်းထက်တွင် ထူးဆန်းသော အပြုံးတစ်ခု ရှိနေခဲ့သည်။

ဖုန်းဒုတိယသခင်ကြီးသည် သစ်သားသေတ္တာကို ဖွင့်လှစ်လိုက်၏။

ချက်ချင်းဆိုသလို ၊ သူ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ရပြီး အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

အကြောင်းမှာ ထိုသစ်သားသေတ္တာထဲတွင် လူဦးခေါင်းတစ်လုံး ရှိနေပြီး ၊ သူ ကောင်းကောင်းကြီး သိသော လူတစ်ယောက်၏ ဦးခေါင်းဖြစ်နေသောကြောင့် ဖြစ်သည်။

၎င်းမှာ ကျင်းပေါင်၏ ဦးခေါင်းပင်။

“မင်း... မင်း...”

သိုင်းလောက၏ လှိုင်းတံပိုးကြီးများကို ကြုံတွေ့ဖူးသော ဖုန်းဒုတိယသခင်ကြီးပင်လျှင် ဤအခိုက်အတန့်တွင် အနည်းငယ် ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။

“ ဖုန်းဒုတိယသခင်ကြီး... ဒီလက်ဆောင်ကြီးကို သဘောကျရဲ့လား...”

“ဒီနေ့ကစပြီး စုန့်ချွင်းမြို့ထဲမှာ ဆိပ်ကမ်းဂိုဏ်း တစ်ဂိုဏ်းတည်းပဲ ကြီးစိုးတော့မှာလေ”

“ ဖုန်းဒုတိယသခင်ကြီး အတွက် ဂုဏ်ယူပါတယ်”

ဖုန်းဒုတိယသခင်ကြီးသည် ရှဲ့သခင်၏ ဂုဏ်ပြုစကားကို မကြားချင်ယောင်ဆောင်လိုက်ပြီး ၊ သူ၏ မျက်နှာထက်တွင် အံ့အားသင့်မှုများ မရှိတော့ဘဲ အုံ့မှိုင်းနေခဲ့သည်။

“မင်း သတ်လိုက်တာလား...”

“ဟုတ်ပါတယ်”

ရှဲ့သခင်က ထိန်ချန်ထားခြင်း မရှိဘဲ ဝန်ခံလိုက်၏။

“မင်း ဘာကို လိုချင်တာလဲ...”

ရှဲ့သခင်အနေဖြင့် အဘယ်ကြောင့် ဤကဲ့သို့ ပြုလုပ်ရသည်ကို သူ မမေးမြန်းခဲ့ချေ။

“ကျွန်တော်လည်း အဲ့ဒီနေရာပေါ်မှာ တစ်ခါလောက် ထိုင်ကြည့်ချင်လို့ပါ”

ရှဲ့သခင်၏ မျက်လုံးများက အလိုလောဘများဖြင့် ပြည့်နှက်နေ၏။

“ဟားဟားဟား...”

ဖုန်းဒုတိယသခင်ကြီးက ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်”

“ထင်မထားဘူး... ရှဲ့သခင်က အသက်ငါးဆယ် ရှိနေပြီ ဖြစ်တာတောင် ခုလို ကြီးမားတဲ့ ရည်မှန်းချက်မျိုး ရှိနေသေးတာပဲ”

“ အသက်ကြီးပေမယ့် ဆက်ပြီး သန်စွမ်းနေတုန်းပဲကိုး”

“အသက်ငါးဆယ်ဆိုတာ အကောင်းဆုံးအရွယ်ပဲလေ... ဖုန်းဒုတိယသခင်ကြီးကလည်း နောက်ပြောင်နေပြန်ပြီ”

ရှဲ့သခင်သည် ဖုန်းဒုတိယသခင်ကြီး၏ စကားထဲမှ သရော်မှုကို မရိပ်မိသကဲ့သို့ ထပ်တူပင် ပြုံးကာ ပြောဆိုလိုက်၏။

ရုတ်တရက်၊ ဖုန်းဒုတိယသခင်ကြီး၏ အပြုံးမှာ ချက်ချင်းဆိုသလို ပျော်ကွယ်သွားသည်။

ခန်းမကြီးတစ်ခုလုံးအတွင်း၌ ရှဲ့သခင်၏ ထူးဆန်းသော ရယ်မောသံသာ ကျန်ရှိနေခဲ့သည်။

“နှမြောစရာပဲ... ငါ ဖုန်းကတော့ သခင်ကို သစ္စာဖောက်တဲ့ ခွေးတွေကို မကြိုက်ဘူး...”

“မင်းလည်း အောက်ကို ဆင်းပြီး မင်းရဲ့ သခင်ဟောင်းနောက်ကို လိုက်သွားလိုက်တော့”

ဖုန်းဒုတိယသခင်ကြီး၏ လေသံမှာ ရုတ်တရက် အေးစက်သွားခဲ့ပြီး ၊ ခန်းမတစ်ခုလုံးအတွင်း၌ သတ်ဖြတ်ခြင်း အငွေ့အသက်များဖြင့် ပြည့်နှက်သွားခဲ့ရသည်။

“ဟားး”

“ပြောတာ ကောင်းတယ်... သခင်ကို သစ္စာဖောက်တဲ့ ခွေးက တကယ်ကို အသုံးမဝင်တဲ့ အရာတစ်ခုပဲ”

အေးစက်သော စကားသံတစ်ခုက ဖုန်းဒုတိယသခင်ကြီး၏ အနောက်ဘက်မှ ထွက်ပေါ်လာခဲ့ရာ ၊ ထိုအချိန်ကျမှ ဖုန်းဒုတိယသခင်ကြီးသည် သူ၏ အနောက်တွင် လူတစ်ဦး ရောက်ရှိနေကြောင်းကို သတိပြုမိလိုက်သည်။

ထိုသူမှာ စောစောက သူ့ထံသို့ သစ်သားသေတ္တာ လာရောက်အပ်နှံခဲ့သော အမျိုးသားပင် ဖြစ်၏။

သူသည် သစ်သားသေတ္တာကို အပ်နှံပြီးနောက် ပြန်မလှည့်သွားဘဲ ဖုန်းဒုတိယသခင်ကြီး၏ အနောက်ဘက်သို့ တိတ်တဆိတ် လျှောက်လှမ်းသွားခဲ့ခြင်း ဖြစ်သည်။

ဖုန်းဒုတိယသခင်ကြီးမှာ ကျင်းပေါင်၏ ဦးခေါင်းပြတ်ကြောင့် အံ့အားသင့်ထိတ်လန့်သွားသဖြင့် ထိုသူ၏ ရောက်ရှိလာခြင်းကို သတိမပြုမိခဲ့ချေ။

ယခုအချိန်တွင် ဖုန်းဒုတိယသခင်ကြီး၏ ကျောပြင်တစ်ခုလုံး ချွေးများဖြင့် စိုရွှဲနေ၏။

“မင်းတို့က ဘယ်သူတွေလဲ...”

သူ စကားပြောဆိုလိုက်သည့် တစ်ခဏအတွင်းမှာပင် ၊ သူ၏ လက်မောင်းနှစ်ဖက်မှာ အပြာရောင်သန်းလာကာ သွေးကြောများက တီကောင်များအလား ခန္ဓာကိုယ်ပေါ်တွင် ဖောင်းကြွလာသည်။

အကယ်၍ ကျန်းမင်သာ ဤအရာကို မြင်တွေ့ခဲ့ပါက ၊ ၎င်းမှာ အလောင်းဂိုဏ်း၏ အလောင်းကောင်ကျင့်စဉ် ဖြစ်ကြောင်း သေချာပေါက် ရိပ်မိပေလိမ့်မည်။

ထိုအခါမှသာ ဖုန်းဒုတိယသခင်ကြီးသည် ထိုအမျိုးသားနှင့် အမျိုးသမီးသည် သူ့အား ရှေ့နှင့်နောက် ညှပ်ကာ ပိတ်ဆို့ထားပြီ ဖြစ်ကြောင်း သတိပြုမိလိုက်သည်။

“အလောင်းဂိုဏ်းရဲ့ အစောင့်အရှောက် ခရမ်းကင်းမြီးကောက်ကို အပ်လိုက်... ဒါဆိုရင် မင်းကို အသက်ချမ်းသာပေးမယ်...”

ဖုန်းဒုတိယသခင်ကြီး၏ ရှေ့တွင် ရပ်နေသော အမျိုးသမီးက ပြောဆိုလိုက်ခြင်းပင်။

“ဒါဆိုလည်း မင်းတို့မှာ အဲ့ဒီလောက် အရည်အချင်းရှိမရှိ ကြည့်ရသေးတာပေါ့...”

ရုတ်တရက်ဆိုသလို၊

ဗုန်း...

ဖုန်းဒုတိယသခင်ကြီးသည် လက်ထဲရှိ သစ်သားသေတ္တာကို ကျင်းပေါက်၏ ဦးခေါင်းနှင့်အတူ အမျိုးသမီးထံသို့ ပစ်ပေါက်လိုက်၏။

ဤတိုက်ခိုက်မှုမှာ အားပြင်းလွန်းသည်။ သစ်သားသေတ္တာသည် အမြောက်ဆန်အလား အရှိန်ပြင်းစွာ ‌ကျရောက်လာ၏။

အကယ်၍ အဆင့်(၈) အထွတ်အထိပ် သိုင်းသမားတစ်ဦးပင် ဤရိုက်ခတ်မှုကို ခံရပါက ၊ ထိုနေရာ၌ပင် သေဆုံးသွားနိုင်သည်။

သစ်သားသေတ္တာကို ပစ်လွှတ်လိုက်သည့် တစ်ချိန်တည်းမှာပင် ၊ သူသည် နောက်အမြန် ပြန်ဆုတ်ကာ သူ၏ အပြာရောင်သန်းနေသော လက်သည်းများဖြင့် ကျန်းမင်အား လှမ်းဆွဲလိုက်သည်။

ဤလက်သည်းများသည် အလွန် အားပြင်းပြီး၊ သတ္ထုများကို ဖျက်ဆီးကာ ကျောက်တုံးများကိုပင် အက်ကွဲစေနိုင်သည်။

၎င်း၏ ကြောက်ခမမ်းလိလိ အရှိန်အဝါသည် လူကို ကျောရိုးတစ်လျှောက် အေးစက်သွားစေနိုင်သည်။

ဝှစ်...

သူ့နောက်တွင် ရှိနေသော ပိုင်လင်ဖေးသည် ဓားတစ်ချက်တည်းဖြင့် သစ်သားသေတ္တာနှင့်အတူ အတွင်းရှိ ကျင်းပေါက်၏ ဦးခေါင်းကိုပါ နှစ်ခြမ်းခွဲပစ်လိုက်သည်။

ကောင်းကင်ယံမှ လသော်တာကဲ့သို့ တောက်ပသော အဖြူရောင်ဓားအလင်းတန်းသည် ဖုန်းဒုတိယသခင်ကြီးထံသို့ တိုက်ရိုက် ကျရောက်လာလေ၏။

“မင်း မမှီတော့ဘူး...”

ဖုန်းဒုတိယသခင်ကြီး၏ မျက်လုံးများက ယုံကြည်မှုအပြည့်ဖြင့် တောက်ပနေသည်။ တစ်ဖက်လူ၏ ဓားချက် မကျရောက်လာမီမှာပင် ၊ သူ၏ လက်သည်းများက သူ့ရှေ့က အမျိုးသား၏ နှလုံးသားကို ဆွဲထုတ်ပစ်ရန် လုံလောက်ကြောင်း သူ သိထားသည်။

ထို့အပြင် ဤသည်မှာ သူ၏ ဗျူဟာဆိုလည်း ဟုတ်သည်။

မိမိရှေ့တွင် ပိတ်ဆို့ထားသော အမျိုးသမီး၏ အင်အားသည် မိမိနောက်တွင် ရှိနေသော အမျိုးသားထက် ပိုမိုသန်မာကြောင်း သူ အစောကတည်းက ရိပ်မိခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သာမန်လူများသည် ဤကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ရပါက ၊ အကူအညီတောင်းရန် ခန်းမအပြင်ဘက်သို့ ထွက်ပြေးရန် ရွေးချယ်တတ်ကြသောကြောင့် ဖြစ်သည်။

All Chapters