← Chapters

အခန်း ၅၇

Vol. 6 Ch. 57

အခန်း ၅၇

Vol. 6 Ch. 57

အပိုင်း(၅၇) လုအန်းမြို့မှ ရောက်ရှိလာသော စာ

ဤအချိန်တွင် မထွက်ပြေးပါက ၊ မည်သည့်အချိန်တွင် ထွက်ပြေးရမည်နည်း။

သူသည် မိမိ၏ အသုံးဝင်သော ခန္ဓာကိုယ်ကို ထိန်းသိမ်းထားပြီး နောင်တစ်ချိန်တွင် ညီအစ်ကိုများအတွက် ကလဲ့စားချေပေးနိုင်လိမ့်မည်။

ဤသည်မှာ သူ့အတွေးသာ ဖြစ်ပြီး ၊ ဆိပ်ကမ်းဂိုဏ်း၏ ခေါင်းဆောင်ငယ်များကမူ ထိုသို့ မတွေးကြချေ။

သူတို့အားလုံးသည် မိမိတို့၏ တိုက်ခိုက်မှုများကို ရပ်တန့်လိုက်ကြပြီး ဘေးတစ်ဖက်သို့ ဆုတ်ခွာသွားကြသည်။

ဤနေရာတွင် မာချွမ် တစ်ယောက် တိုက်ပွဲမှ ထွက်ပြေးခြင်းသည် တစ်စိတ်တစ်ပိုင်း အနေဖြင့် ပါဝင်သော်လည်း ၊ အဓိက အကြောင်းအရင်းမှာ ကျန်းမင်၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် ဖြစ်သည်။

ဤမျှတိုတောင်းသော အချိန်ကာလအတွင်း သူ၏ဓားတွင် လူသုံးလေးဆယ်ခန့်၏ သွေးများ စွန်းထင်နေပြီ ဖြစ်သည်။

.....

လူတိုင်း ကြောက်ရွံ့နေကြသလို ၊ မာချွမ်းက ပို၍ပင် ကြောက်လန့်နေခဲ့သည်။

သူသည် ခြေတစ်ချက်စောင့်ကာ သူ၏ အံ့မခန်း ကိုယ်ဖော့သိုင်းပညာဖြင့် ဤနေရာမှ ထွက်ပြေးရန် ကြံရွယ်လိုက်သည်။

သို့သော်လည်း ကျန်းမင်သည် သူ့ဆန္ဒအတိုင်း ဖြစ်ခွင့်ပေးမည် မဟုတ်ပေ။

တစ်ချက် ‌ခုန်လိုက်ရုံဖြင့် မာချွမ်း၏ ရှေ့မှောက်သို့ ရောက်ရှိလာကာ လမ်းကို ပိတ်‌ဆို့လိုက်သည်။

"အသက်... ချမ်းသာ..."

မာချွမ်၏ မျက်နှာမှာ ကြောက်ရွံ့မှုကြောင့် ဖြူဖျော့သွားပြီး သူ့လက်ထဲက ဓားကိုပင် ဆွဲမထုတ်နိုင်ခဲ့ချေ။ ကျန်းမင်ကို တကယ်တန်း ရင်ဆိုင်ရချိန်တွင် သူသည် ဓားဆွဲထုတ်ဖို့ သတ္တိများပင် ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။

ဝှစ်...

အပြာရောင် ဓားအလင်းတစ်ချက် လှစ်ခနဲ့ ဝင်းလက်သွားပြီးနောက် ဦးခေါင်းတစ်လုံး လေပေါ် မြောက်တတ်သွားလေ၏။

[ သတ်ဖြတ်မှုရမှတ် +၂၀၀]

"လက်နက်တွေကို ချစမ်း... အညံ့ခံတဲ့သူတွေကို မသတ်ဘူး..."

ကျန်းမင်သည် တံခါးဝတွင် ရပ်တန့်လျက် အေးစက်စွာ အော်ဟစ်လိုက်သည်။

ခလွမ်...

ခလွမ်..

အနည်းငယ်မျှ တုံ့ဆိုင်းခြင်း မရှိဘဲ ကျန်ရှိနေသော ဆိပ်ကမ်းဂိုဏ်း ခေါင်းဆောင်ငယ်များသည် တစ်ယောက်ပြီးတစ်ယောက် လက်နက်ချကာ အညံ့ခံရန် ရွေးချယ်လိုက်ကြသည်။

"ရှဲ့သခင်... ဒီနေရာကို မင်းပဲ တာဝန်ယူပြီး ရှင်းလင်းလိုက်တော့... ဒီနေ့ကစပြီး ဆိပ်ကမ်းဂိုဏ်းနဲ့ ငွေကြေးဂိုဏ်း နှစ်ခုလုံးက ငါ ကျန်းမင် ရဲ့ အပိုင်ပဲ... မင်းကို သုံးရက်အချိန်ပေးမယ်... အားလုံးကို စနစ်တကျ ပြန်လည်ဖွဲ့စည်းနိုင်မလား..."

"စိတ်ချပါ သခင်ကြီး... လုံးဝ ပြဿနာမရှိပါဘူး..."

ရှဲ့သခင်က သူ့ရင်ဘတ်ကိုပုတ်ပြကာ အာမခံချက် ပေးလိုက်သည်။

ထို့နောက် ကျန်းမင်သည် ပိုင်လင်ဖေးကို ခေါ်ဆောင်ကာ ထွက်ခွာသွားခဲ့သည်။ ရှဲ့သခင်သည် ဤအရာအားလုံးကို အဆင်ပြေပြေ ရှင်းလင်းနိုင်လိမ့်မည်ဟု သူ ယုံကြည်ထားသည်။

အကယ်၍ မျက်စိမရှိသောသူများ ထွက်ပေါ်လာခဲ့မည်ဆိုပါက ပို၍ ကောင်းမွန်ပေဦးမည်။

ထိုပုဂ္ဂိုလ်၏ ဓားသည် မည်သူ့ကိုမဆို ကြိုဆိုလိမ့်မည်။

......

ကျန့်ဝမ်မြို့တော်။

စူးမိသားစု အိမ်တော်၏ စာကြည့်ခန်းအတွင်း၌။

"ဒူးထောက်စမ်း..."

စူးကျန့်ဖုန်းသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။

ဗုန်း...

မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ စူးကျင်းသည် လျိုယန်မှ မိမိအတွက် ကြိုတင်ပြင်ဆင်ပေးထားသော ဖျာနုလေးပေါ်သို့ ဒူးထောက်ချလိုက်သည်။

သို့သော်လည်း လျိုယန်သည် စူးကျင်းကို ကြည့်ကာ ရင်ထဲ၌ အလွန်အမင်း သနားဂရုဏာ သက်နေမိဆဲပင်။

"မင်း ဘာလို့ သူ့ကို သတ်ချင်ရတာလဲ... ဘာလို့ ကျန်းမင်ကို သတ်ချင်ရတာလဲ..."

စူးကျန့်ဖုန်း၏ အသံထဲတွင် သံမဏိကို ရွှေဖြစ်အောင် မသွန်းထုနိုင်သည့်အတွက် နာကျင်နေသော အရိပ်အယောင်များ ပါဝင်လျက် မေးမြန်းလိုက်၏။

သူသည် သိုင်းလောကတွင် ပျံ့နှံ့နေသော ကောလာဟလများကို ကြားသိထားပြီး ဖြစ်သည်။

ကျန်းမင်၏ မွေးစားမိဘများသည် ဆိပ်ကမ်းဂိုဏ်းနှင့် ငွေကြေးဂိုဏ်းတို့၏ လက်ချက်ဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်ပြီး၊ အဓိက တရားခံမှာ သူတို့၏ ကျန့်ဝမ်မြို့တော် စူးမိသားစု ဖြစ်နေသည်။

အခြားလူများအဖို့ ၊ စူးမိသားစုအနေဖြင့် အဘယ်ကြောင့် ဆိပ်ကမ်းဂိုဏ်း၏ အောက်ခြေအလုပ်သမားတစ်ဦးကို ဤသို့ ပြုမူရသည်ကို နားမလည်နိုင်ကြပေ။

အကျိုးအမြတ်မှာ အဘယ်နည်း။

အချို့လူများက ဤကိစ္စအပေါ် မေးခွန်းထုတ်နေကြသော်လည်း ၊ သူ စူးကျန့်ဖုန်းသည် ရှင်းရှင်းလင်းလင်း သိထားသည်။

သူကိုယ်တိုင်လည်း ပြိုင်ဆိုင်မှုများကို ဖြတ်သန်းခဲ့ဖူးသူ ဖြစ်ပြီး၊ မိမိ၏ အိမ်တော်သခင် ရာထူးကိုလည်း အစ်ကိုဖြစ်သူ၏ လက်ထဲမှ လုယူခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ဤအကြောင်းကို သူထက်ပို၍ မည်သူမျှ နားမလည်ပေ။

"သား မလုပ်ခဲ့ဘူး..."

စူးကျန့်ဖုန်း၏ စွပ်စွဲချက်ကို စူးကျင်းက ချက်ချင်း ငြင်းပယ်လိုက်သည်။

"မလုပ်ခဲ့ဘူး ဟုတ်လား... ဒါဆိုရင် အမိန့်ကို ဘယ်သူက ထုတ်ပြန်ခဲ့တာလဲ... အားဝမ်နဲ့ အားချိုင်တို့ကရော ဘယ်သူ့ရဲ့ အမိန့်ကို နာခံခဲ့ကြတာလဲ..."

စူးကျန့်ဖုန်းသည် စူးကျင်းကို စိတ်ပျက်စွာဖြင့် ကြည့်လိုက်မိသည်။

သူ ဤသို့ မလုပ်သင့်ပေ။ အနည်းဆုံးတော့ ဤနည်းလမ်းမျိုးကို မသုံးခဲ့သင့်ချေ။ ဤအမည်းစက်သာ ထင်ကျန်ရစ်ခဲ့ပါက ၊ သူသည် စူးမိသားစု၏ အိမ်တော်သခင်အဖြစ် မည်သို့ ဆက်လက် ဆောင်ရွက်နိုင်တော့မည်နည်း။

မိမိ၏ ညီအစ်ကိုကို လုပ်ကြံသတ်ဖြတ်ခဲ့သူ တစ်ယောက်က အိမ်တော်သခင် ဖြစ်လာနိုင်မည်လော။

"ဘယ်သူလဲဆိုတာကိုတော့ သား မပြောနိုင်ဘူး...တကယ်လို့ အဖေနဲ့အမေက အပြစ်တင်ချင်တယ်ဆိုရင် သားကိုပဲ အပြစ်တင်လိုက်ပါတော့..."

"သား အဖေတို့ အိမ်ကနေ မောင်းထုတ်တာကိုပဲ ခံလိုက်မယ်... ဒါပေမဲ့ ဒီနောက်ကွယ်ကလူကိုတော့ လုံးဝ ပြောမှာမဟုတ်ဘူး..."

စူးကျင်းတစ်ယောက် အခိုင်အမာ ပြောဆိုနေသည်မှာ ဤကိစ္စမှာ သူနှင့် လုံးဝ မသက်ဆိုင်သည့်အလား ထင်ရသည်။

"သခင်ကြီး..."

လျိုယန်က စူးကျန့်ဖုန်း၏ အင်္ကျီလက်ကို ဆွဲကိုင်လိုက်သည်။

"သားလေးက ကျွန်မတို့ ရှေ့မှာပဲ ကြီးပြင်းလာတာလေ... သူက ဘယ်လိုလူလဲဆိုတာ ကျွန်မတို့ မသိဘဲ နေမလား..."

ဤစကားကို ကြားသောအခါ စူးကျန့်ဖုန်း၏ စိတ်ထဲတွင် အနည်းငယ် တုန်လှုပ်သွားသည်။

သူ့သားလက်ချက် မဟုတ်နိုင်ကြောင်း စိတ်ထဲမှ တွေးနေမိသည်။

"သူ မဟုတ်ရင်တောင်မှ ကာကွယ်ပြီး ဖုံးကွယ်ထားတဲ့ အပြစ်တော့ ရှိနေတုန်းပဲ..."

"ဟွန်း..."

စူးကျန့်ဖုန်း၏ မျက်နှာအမူအယာမှာ သိသိသာသာ ပျော့ပျောင်းသွားသည်ကို မြင်သည်နှင့် လျိုယန်သည် စူးကျင်း၏ ဘေးသို့ အပြေးသွားကာ သူ့ကို ထူမရန် ပြင်လိုက်သည်။

"အမေ... သား မထဘူး... သား အမှားလုပ်ခဲ့မိတဲ့အတွက် အပြစ်ပေးတာကို ခံယူရမယ်..."

စူးကျန့်ဖုန်းမှာ ဤစကားကို ကြားလိုက်ရချိန်တွင် သူ၏မျက်နှာအမူအရာမှာ ပြန်လည်ကောင်းမွန်လာ၏။

သို့သော် လျိုယန်မှာ ပို၍ပင် သနားဂရုဏာ သက်နေမိတော့၏။

All Chapters