← Chapters

အခန်း ၅၈

Vol. 6 Ch. 58

အခန်း ၅၈

Vol. 6 Ch. 58

အပိုင်း(၅၈)

"သားလေး... ဘာတွေ လျှောက်ပြောနေတာလဲ... အမှားလုပ်ခဲ့တာက သား မဟုတ်ဘူး... ခိုးပြီး အမိန့်ထုတ်ခဲ့တဲ့သူပဲ... သားက သူတစ်ပါးအတွက် ခံပေးနေတာ..."

"သားကလေ တကယ်ကို သဘောကောင်းလွန်းပါတယ်... ကိုယ်တိုင် ဒုက္ခခံပြီးတော့တောင် တရားခံကို ထုတ်မပြောဘူးလုပ်နေတာ"

"သားက ကိုယ့်တာဝန်ယူမှုကို ပြသနေတာ မှန်ပေမဲ့ သားရဲ့ အမေကိုရော ထည့်မစဉ်းစားတော့ဘူးလား... အမေ... အမေကလေ.."

လျိုယန်သည် ပြောရင်းဖြင့် မျက်ရည်များ တောက်တောက်ကျလာသည်။

"အမေ..."

စူးကျင်းမှာ တုံ့ဆိုင်းနေဟန်ဖြင့်။

"ပြောလိုက်ပါ သားရယ်... အဲ့လူက အမေထက် ပိုပြီး အရေးကြီးလို့လား... တကယ်လို့ ဟုတ်တယ်ဆိုရင်လည်း အမေကိုပဲ ဒုက္ခခံခိုင်းလိုက်ပါတော့..."

"မဟုတ်ပါဘူး... မဟုတ်ပါဘူး... ဒီလောကမှာ မိဘတွေထက် အရေးကြီးတဲ့သူ မရှိဘူး... သား ပြောပါ့မယ်... အကုန်ပြောပါ့မယ်..."

စူးကျင်း၏ အသံမှာလည်း ဤအခိုက်အတန့်တွင် အနည်းငယ် တုန်ယင်နေပြီး ၊ သူသည် လျိုယန်၏ လက်ကို ဆုပ်ကိုင်ထားသည်။

"ဘယ်သူလဲ..."

"သူက... သူက... အစ်မ(၇) ပါ..."

စူးကျင်းသည် နောက်ဆုံး၌ မတတ်သာသည့်ဟန်ဖြင့် ထိုလူ၏ နာမည်ကို ထုတ်ပြောလိုက်သည်။

"ဘာ... စူးယာ ဟုတ်လား..."

စူးကျန့်ဖုန်းတို့ ဇနီးမောင်နှံနှစ်ဦးစလုံး အလွန်အမင်း အံ့အားသင့်သွားကြသည်။ မိမိတို့၏ ခုနှစ်ယောက်မြောက် သမီးမှ ဤကဲ့သို့ အမိန့်ပေးလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့ကြပေ။

"စူးယာ က အခု ဘယ်မှာလဲ..."

စူးကျန့်ဖုန်းသည် အပြင်ဘက်ကို လှမ်းအော်လိုက်သည်နှင့် ၊ ဝမ်ကျုံးသည် ချက်ချင်းလက်ငင်း ဝင်ရောက်လာပြီး ဦးညွှတ်ကာ လျှောက်တင်လိုက်၏။

"အိမ်တော်သခင်.. သခင်မလေး(၇)က ချီဝူမြို့ ကျောက်မိသားစုဆီမှာ ဧည့်သည်အဖြစ် ရောက်နေပါတယ်"

"ဘာ...."

" ချီဝူမြို့ ဟုတ်လား ၊ ဒါဆိုရင် နန်ယန်စီရင်စုမှာ ရှိနေတာပေါ့...."

ဤအခိုက်အတန့်တွင် စူးကျန့်ဖုန်းတို့ ဇနီးမောင်နှံသည် ဤအမိန့်ကို စူးယာမှ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း လုံးလုံးလျားလျား ယုံကြည်သွားကြသည်။

"ဘာဖြစ်လို့လဲ... သူမက ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ..."

"အဲ့ကလေး အသက်ရှင်နေတာက သူမအပေါ် ဘာမှ သက်ရောက်မှု မရှိဘူးလေ... သူမက ဘာဖြစ်လို့ အဲ့ကလေးကို လက်မခံနိုင် ဖြစ်နေရတာလဲ..."

စူးကျန့်ဖုန်း၏ မျက်ဝန်းထဲ၌ နာကျင်မှုများဖြင့် ပြည့်နှက်နေပုံရသည်။

"သွားစမ်း... စူးယာကို ငါ့ဆီ ပြန်ခေါ်ခဲ့... သူမ ဘာဖြစ်လို့ ဒီလိုလုပ်ရလဲဆိုတာကို ငါကိုယ်တိုင် မေးမြန်းမယ်..."

စူးကျန့်ဖုန်းသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး ၊ ဝမ်ကျုံးသည်လည်း ချက်ချင်းပင် အမိန့်ကို နာခံကာ ဆုတ်ခွာသွားသည်။

ဆယ်မိနစ်ခန့် ကြာပြီးနောက် စူးကျင်းသည်လည်း စာကြည့်ခန်းထဲမှ ထွက်ခွာလာခဲ့သည်။

ခြံဝင်းထောင့်သို့ ရောက်ရှိချိန်တွင် သူ့ကို စောင့်ဆိုင်းနေသော ဝမ်ကျုံးကို တွေ့လိုက်ရသည်။

"သခင်လေး..."

"အင်း... ဘာမှ ထပ်ပြောဖို့ မလိုဘူး... ငါ့ရဲ့ အစ်မ(၇)က ကျန်းမင်ကို သွားပြီး အသေသတ်ဖို့ ပြင်နေပြီမလား..."

"ဟုတ်ပါတယ်... ကျွန်တော်တို့ လူတွေဆီက စာရောက်လာပါတယ်... သခင်မလေး(၇)က သခင်လေးရဲ့ စာကို ရရခြင်း ချက်ချင်း ခရီးထွက်လာခဲ့တယ်တဲ့... သူမ ကျန်းမင်ကို အရေခွံခွာဖို့ မစောင့်နိုင်တော့ဘူး ထင်တယ်"

"ဟားးး... ငါ့ရဲ့ အစ်မ(၇)က တကယ်ကို ဖြောင့်မတ်ပြီး ရိုးသားတယ်....အတော် ချစ်ဖို့ကောင်းတယ်"

"ငါ သူမကို လမ်းခွဲရမှာ နှမြောမိသား... ဒီလောက်ထိ ကောင်းမွန်တဲ့ အစ်မမျိုးကို ရှာဖို့ဆိုတာ မလွယ်ဘူးလေ..."

စူးကျင်းသည် တိုးတိုးလေး သက်ပြင်းချလိုက်သော်လည်း ၊ ဝမ်ကျုံး၏ ကျောပြင်တစ်ခုလုံးမှာ ချွေးအေးများဖြင့် စိုရွှဲသွား၏။

'သခင်လေးက သခင်မလေး(၇)ကို သတ်ချင်နေတာလား....'

စူးယာသည် စူးကျင်းအပေါ် မည်မျှ ကောင်းမွန်ခဲ့ကြောင်းကို သူ ဝမ်ကျုံး ကိုယ်တိုင် မြင်တွေ့ခဲ့သော်လည်း ၊ သို့သော်လည်း စူးကျင်းသည် သူမအပေါ် အပြစ်ပုံချရန်အတွက် သူမကို သတ်ရန်အထိ ပြင်ဆင်နေလိမ့်မည်ဟု သူ ထင်မှတ်မထားချေ။

ရက်စက်လွန်းသည်။ ဤကဲ့သို့သော လူမျိုးသည် အဆိပ်ပြင်းသော မြွေဆိုးတစ်ကောင်သာပင်။

သူ့စိတ်ထဲ၌ ဤသို့ တွေးတောနေသော်လည်း ၊ မျက်နှာပေါ်တွင်မူ မည်သည့် အရိပ်အယောင်မျှ ထုတ်မပြဝံ့ချေ။

"သွားတော့... သေသေချာချာလေး ဖြစ်အောင် ပြင်ဆင်လိုက်... ငါ့ရဲ့ အစ်မ(၇)က အလှအပကို အလွန် မြတ်နိုးတာဆိုတော့... သူမကို အရုပ်ဆိုးအကျည်းတန်အောင် မလုပ်နဲ့..."

"ပြီးတော့ အဲ့ကျန်းမင်ကိုလည်း ချန်ထားလို့ မရတော့ဘူး... ငါ တျန်ချန်ဂိုဏ်းနဲ့ ဆက်သွယ်မှုတစ်ချို့ ရှိတယ်...တကယ်လို့ ကိစ္စက ရှုပ်ထွေးလာမယ်ဆိုရင်... မင်း လုအန်းမြို့ ကို သွားပြီး ရေခံတပ် ၇၂ခုရဲ့ခေါင်းဆောင်ကြီး မာပေါင်ပေါင် ကို ရှာလို့ရတယ်..."

"ဟုတ်ကဲ့ပါ..."

ဝမ်ကျုံးသည် ဦးညွှတ်လျက် အမိန့်ကို နာခံပြီးနောက် ဆုတ်ခွာသွားခဲ့သည်။

.....

လုအန်းမြို့ အတွင်း၌။

စူးယာသည် စူးကျင်း ထိုစဉ်က မိမိထံသို့ ရေးသားပေးပို့ခဲ့သော စာကို ကိုင်ဆောင်လျက် ပြတင်းပေါက်ဘေးတွင် တိတ်ဆိတ်စွာဖြင့် ရပ်နေသည်။

"မောင်လေး... မင်း စိတ်ချ.. ဘယ်သူမှ မင်းရဲ့နေရာကို လာပြီး အစားမထိုးစေရဘူး... အစ်မမှာ မောင်လေး တစ်ယောက်တည်းပဲ ရှိတာ... အဲ့မျိုးမစစ်ကလေးကိုတော့ အစ်မ မင်းအတွက် ရှင်းလင်းပေးမယ်..."

သူမသည် ပါးစပ်မှ တိုးတိုးလေး ရေရွတ်နေမိသည်။

အခြားတစ်ဖက်တွင်မူ ၊ ကျောက်ပုဖန်သည် အေးဆေးတည်ငြိမ်စွာဖြင့် လက်ဖက်ရည်သောက်သုံးလျက် ရှ်ိသည်။

အတူလိုက်ပါလာခဲ့ကြသော အကြီးအကဲ နှစ်ဦးသည်လည်း ထို့အတူပင် ဖြစ်ပြီး၊ သူတို့နှင့် စူးယာတို့ကြားတွင် တစ်စုံတစ်ခုသော အကာအကွယ်တစ်ခု ရှိနေသည့်အလား ခပ်လှမ်းလှမ်းတွင်သာ နေကြသည်။

အကယ်၍ ဤအမျိုးသမီးသည် စူးမိသားစုမှ ဆင်းသက်လာသူ မဟုတ်ပါက၊ သူတို့ ကျောက်မိသားစုအနေဖြင့် သူမနှင့် လုံးဝ ပတ်သက်လိမ့်မည် မဟုတ်ချေ။

အကြောင်းရင်းမှာ ရိုးရှင်းသည်။ အလွန် ကြောက်စရာကောင်းသည်။

"ကြားရတာတော့ ဟုန်ရွမ်နတ်သမီး ကလည်း နန်ယန်စီရင်စုကို ရောက်နေတယ်ဆိုပဲ... တစ်ခါလောက် တွေ့ဆုံခွင့်ရရင် သိပ်ကောင်းမှာပဲ..."

ကျောက်ပုဖန်သည် သူ့ဟာသူ တွေးတောနေမိသည်။ သူ မျှော်လင့်တောင့်တသော အမျိုးသမီးမှာ ပိုင်လင်ဖေး ကဲ့သို့သော အမျိုးသမီးမျိုး ဖြစ်သည်။

စူးယာသည်လည်း ရုပ်ရည်လှပပြီး ခန္ဓာကိုယ်အချိုးအစား ကောင်းမွန်သော်လည်း၊ သို့သော်လည်း သူမအပေါ် နည်းနည်းမှ သူ သဘောမကျနိုင်ခဲ့ပေ။

"ကျန်းမင်ဆီ ပို့လိုက်တဲ့ လက်ဆောင်က... သူ့လက်ထဲကို မကြာခင် ရောက်တော့မယ်မလား..."

"မကြာခင် ရောက်တော့မှာပါ... ဒီနေရာက စုန့်ချွင်းမြို့နဲ့ နီးတာဆိုတော့ အခုအချိန်ဆိုရင် ပစ္စည်းက ရောက်သွားလောက်ပြီ"

အကြီးအကဲတစ်ဦးက ပြန်လည်ဖြေကြားလိုက်သည်။

......

တစ်ချိန်တည်းမှာပင်...

စုန့်ချွင်းမြို့အတွင်းရှိ အကြီးဆုံးစံအိမ်တော်၌။

ကျန်းမင်သည် စာတစ်စောင်နှင့် ဓားတစ်လက်ကို လက်ခံရရှိခဲ့သည်။

စာမှာ လော့ဝူရှဲ့မှ ပေးပို့လာသော အကူအညီတောင်းခံစာ ဖြစ်ပြီး ၊ ဓားမှာ လင်းလန်၏ နှလုံးသားမဲ့ဓားပင် ဖြစ်သည်။

All Chapters