← Chapters

အခန်း ၆၀

Vol. 6 Ch. 60

အခန်း ၆၀

Vol. 6 Ch. 60

အပိုင်း(၆၀)

ကျန်းမင်မှ ထပ်မံ ငြင်းဆန်လိုက်သည်ကို မြင်လိုက်ရသဖြင့် ပိုင်လင်ဖေးသည်လည်း မတတ်သာဘဲ လက်လျှော့လိုက်ရတော့သည်။

"ဒါက ဆရာသခင်အဆင့်ရှိ ဓားသိုင်းကျင့်စဉ် ရှိတဲ့နေရာရဲ့ လမ်းညွှန်မြေပုံပဲ..."

သူမသည် ရင်ဘက်ထဲမှ မြေပုံဟောင်းတစ်ခုကို ထုတ်ယူ၍ ကျန်းမင်ထံသို့ ကမ်းပေးလိုက်သည်။ ဤသည်မှာ သူမတို့နှစ်ဦး ကြိုတင်သဘောတူညီထားခဲ့ကြသည့် အရာပင် ဖြစ်သည်။

ကျန်းမင်သည် အားနာမနေဘဲ ကိုယ်ငွေ့နွေးနွေးကလေး ရှိနေဆဲဖြစ်သော မြေပုံကို လှမ်းယူကာ ချက်ချင်း ဖြန့်ကြည့်လိုက်သည်။

စိတ်ကြည်လင်စေသော ရနံ့မွှေးမွှေးကလေးတစ်ခု ပျံ့လွင့်လာ၏။

ဘေးနားရှိ ပိုင်လင်ဖေး၏ ပါးပြင်ကလေးမှာ အနည်းငယ် နီမြန်းသွားသော်လည်း ၊ ကျန်းမင်သည် လုံးဝ သတိပြုမိခြင်း မရှိသည့်အလား မြေပုံကိုသာ တိတ်ဆိတ်စွာဖြင့် စိုက်ကြည့်နေသည်။

"ဟွန်း... လူဆိုးကြီး..."

"ဟန်ဆောင်နေလိုက်တာ..."

ပိုင်လင်ဖေးတစ်ယောက် စိတ်ထဲကနေ တိုးတိုးလေး ကျိန်ဆဲနေမိသည်။ ကျန်းမင်အနေဖြင့် သူမ၏ သေးငယ်သော အကြံအစည်ကို မရိပ်မိဘဲ နေမည်ဟု သူမ မယုံကြည်ပေ။

"လုအန်းမြို့ ဟုတ်လား... ဒီဓားသိုင်းက လုအန်းမြို့ထဲမှာ ရှိတာလား..."

"ဟုတ်တယ်လေ... သေချာပေါက် အဲ့ဒီမှာပဲ..."

"အစကတော့ ကျွန်မ ဂိုဏ်းရဲ့ တာဝန်ကို ပြီးဆုံးအောင် ဆောင်ရွက်ပြီးမှ သွားပြီး ယူမလို့ပဲ... အခုတော့ ရှင့်အတွက် အကျိုးအမြတ် ဖြစ်သွားပြီပေါ့..."

ပိုင်လင်ဖေးသည် နောက်ဆုံးစကားလုံးများကို အလေးပေးပြောလိုက်သည်။ သို့သော် ကျန်းမင်သည် ဘာမှမပြောဘဲ ပြုံးသာပြုံးနေလိုက်သည်။

လုအန်းမြို့သည် စုန့်ချွင်းမြို့နှင့် အလွန်နီးကပ်သဖြင့် ၊ လှေစီးပါက နံနက်ခင်းတွင် ထွက်ခွာပြီး ညနေခင်းတွင် ရောက်ရှိနိုင်သည်။

အကယ်၍ ကျောက်ပုဖန်၏ စိန်ခေါ်မှုသာ မရှိခဲ့ပါက ၊ ကျန်းမင်တစ်ယောက် ယခုချက်ချင်း အပြေးအလွှားသွားကာ ထိုဓားသိုင်းကို ရယူနေလောက်ပြီ ဖြစ်ပေလိမ့်မည်။

သို့သော်လည်း အကယ်၍ ထိုဓားသိုင်းကို သွားရောက်ရယူခြင်းကြောင့် လော့မိသားစုမှ သားအဖနှစ်ယောက်ကို ကယ်တင်ရန် အချိန်နှောင့်နှေးသွားခဲ့မည်ဆိုပါက ၊ အကျိုးအမြတ်ထက် ဆုံးရှုံးမှုက ပိုများလိမ့်မည်။

မည်သို့ပင်ဖြစ်စေ လော့မိသားစုသည် မိမိအပေါ်တွင် အမှန်တကယ် ကြင်နာစွာဖြင့် ဆက်ဆံခဲ့ကြသူများ ဖြစ်ပြီး၊ အထူးသဖြင့် လော့ချင်းဟယ် ဖြစ်သည်။

"ကျောက်ပုဖန်... မင်းက တကယ်ကို သေသင့်တဲ့ကောင်ပဲ..."

ဤအခိုက်အတန့်တွင် ကျန်းမင်၏ စိတ်ထဲ၌ ကျောက်ပုဖန်အပေါ် သတ်ဖြတ်လိုသော စိတ်ဆန္ဒမှာ ပို၍ ပြင်းထန်လာခဲ့သည်။

.....

စုန့်ချွင်းမြို့ပြင်၊ ယခင်က ကျန်းမင် မိုးခိုခဲ့သော ဆိုင်ငယ်လေးအတွင်း၌။

ခုန်ဆွခုန်ဆွနှင့် ထူးဆန်းစွာ ပြုမှုနေကြသည့် လူတစ်စုမှာ ဤနေရာသို့ ရောက်ရှိလာကြသည်။

ထိုလူများ၏ အရေပြားမှာ သေလူများတွင်သာ ရှိတတ်သော မီးခိုးရောင်ဖြစ်ပြီး ၊ လှုပ်ရှားမှုများမှာလည်း တောင့်တောင့်ကြီး ဖြစ်နေကြသည်။ အကယ်၍ တစ်စုံတစ်ဦးက သန်းခေါင်ယံအချိန်တွင် ၎င်းတို့ကို မြင်တွေ့ခဲ့မည်ဆိုပါက၊ ဖုတ်ကောင်များနှင့် တွေ့ခဲ့ရသည်ဟု အထင်မှားကြလိမ့်မည်။

သို့သော်လည်း သူတို့သည် ဖုတ်ကောင်များ မဟုတ်ကြဘဲ လူများသာ ဖြစ်ပြီး၊ အလောင်းဂိုဏ်းသားများ ဖြစ်ကြသည်။

ခေါင်းဆောင်ဖြစ်သူမှာ ခန္ဓာကိုယ်တစ်ခုလုံးကို ဝတ်ရုံနက်ဖြင့် လွှမ်းခြုံထားပြီး ၊ ဝတ်ရုံဦးထုပ်ကို အောက်သို့ ဆွဲချထားသဖြင့် ၎င်း၏မျက်နှာကို မြင်တွေ့ရန် ခက်ခဲသည်။

"အစောင့်အရှောက်... ရင်လုံအကြီးအကဲရဲ့ အလောင်းကို ရှာတွေ့ခဲ့တယ်"

ကြွက်သားများ တောင့်တင်းနေသော ဂိုဏ်းသားတစ်ဦးက တင်ပြလိုက်၏။

"ရင်လုံအကြီးအကဲတင်မကဘူး... ဒီနေရာမှာ ကျွန်တော်တို့ဂိုဏ်းရဲ့ နတ်ဆိုးမျိုးစေ့ ရှိနေတဲ့သူ တစ်ယောက်ကိုလည်း တွေ့ခဲ့ရတယ်... သူက ကျွန်တော်တို့ဂိုဏ်းထဲက တစ်စုံတစ်ယောက်က ရွေးချယ်ထားတဲ့ လူသားမီးပြင်းဖို ဖြစ်ရမယ်"

"သူတို့အားလုံး လူတစ်ယောက်တည်းရဲ့ ဓားချက်အောက်မှာ သေဆုံးခဲ့ကြတာ..."

"ဒီလူရဲ့ ဓားသိုင်းက အတော် ကြောက်ဖို့ကောင်းတယ်... တောင်ပေါ်က ဆင်းလာတဲ့ ကျားရဲတစ်ကောင်လိုပဲ ဘယ်သူမှ တားဆီးလို့မရတဲ့ အရှိန်အဝါမျိုး ရှိနေတယ်..."

"ဒါပေမဲ့ ကံကောင်းတာက... ဒီလူရဲ့ ကျင့်ကြံအဆင့်က သိပ်ပြီး မမြင့်မားသေးဘူး... အဆင့်(၇) နယ်ပယ်ပဲ ရှိသေးတယ်..."

ထိုစကားကို ကြားတော့ ဝတ်ရုံနက်ဝတ်ဆင်ထားသော ခေါင်းဆောင်ဖြစ်သူ၏ မျက်ခုံးများမှာ နက်နက်ရှိုင်းရှိုင်း တွန့်ချိုးသွားသည်။

ဤစုန့်ချွင်းမြို့အတွင်း၌ ရင်လုံကို သတ်နိုင်မည့်သူ မည်သူမျှ မရှိကြောင်း သူ သိထားသည်။ ငွေကြေးဂိုဏ်း၏ ကျင်းပေါက်ပင်လျှင် ထိုသို့ မလုပ်နိုင်ချေ။

' မဟုတ်မှလွဲရော... ငါတို့ အလောင်းဂိုဏ်းရဲ့ ကိစ္စတွေကို တစ်စုံတစ်ယောက်က သိသွားပြီး..သိုင်းလောကရဲ့ အဆင့်မြင့် သိုင်းပညာရှင်တစ်ဦး ဒီနေရာကို ရောက်လာတာများလား'

"မကောင်းတော့ဘူး..."

"ချက်ချင်းပဲ စုန့်ချွင်းမြို့ ဆိပ်ကမ်းဂိုဏ်းခွဲဆီကို သွားကြစို့... ခရမ်းကင်းမြီးကောက် ဒုက္ခရောက်နေလောက်ပြီ..."

ဝတ်ရုံနက် ဝတ်ဆင်ထားသူ၏ စိတ်ထဲတွင် မကောင်းသော နိမိတ်တစ်ခုကို ခံစားမိလိုက်သည်။

လုအန်းမြို့တွင် ကျင်းရှီ သေဆုံးခဲ့ပြီး ဖြစ်သလို၊ ယခု စုန့်ချွင်းမြို့တွင် ရှ်ိနေသော ရင်လုံသည်ပင် ဒုက္ခရောက်ခဲ့ရပြီ ဖြစ်သည်။

သူသည် မူလက ခရမ်းကင်းမြီးကောက်၏ အကူအညီတောင်းခံစာကို ရရှိခဲ့သောကြောင့် လူများကို ခေါ်ဆောင်ကာ လာရောက်ခဲ့ခြင်း ဖြစ်သော်လည်း၊ တစ်စုံတစ်ယောက်က မိမိထက် လက်ဦးသွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

ခရမ်းကင်းမြီးကောက်အနေဖြင့် ဖော်ထုတ်ခြင်းမခံရစေရန်သာ သူ မျှော်လင့်နေမိသည်။ မည်သို့ပင်ဖြစ်စေ ၊ စုန့်ချွင်းမြို့ ဆိပ်ကမ်းဂိုဏ်း၏ အခြေအနေမှာ အခြားနေရာများနှင့် မတူညီချေ။

အကယ်၍ သိုင်းလောကသားများအနေဖြင့် သူတို့သည် အစိမ်းရောင် ဖုတ်ကောင်များကို မွေးမြူကာ ကျင့်ကြံနေကြကြောင်း သိရှိသွားကြမည်ဆိုပါက ၊

မိမိတို့၏ အလောင်းဂိုဏ်းသည် အန္တရာယ်ကြီးကြီးမားမားနှင့် ကြုံတွေ့ရပေတော့မည်။

မကြာမီမှာပင် ထိုလူအုပ်စုသည် စုန့်ချွင်းမြို့ဆီသို့ ဦးတည်၍ အလျင်အမြန် ထွက်ခွာသွားကြပြီး၊ လမ်းခရီးတွင် အပြေးနှင်လာသော မြင်းနှစ်ကောင်နှင့် ဘေးချင်းယှဉ်လျက် ဖြတ်ကျော်သွားခဲ့ကြသည်။

ကျန်းမင်နှင့် ပိုင်လင်ဖေးတို့သည် လုအန်းမြို့ဆီသို့ အရှိန်အဟုန်ဖြင့် သွားရောက်နေကြခြင်း ဖြစ်သည်။

အလောင်းဂိုဏ်းဝင်များအဖို့ ယခုလို ဘေးချင်းယှဉ်လျက် ဖြတ်ကျော်သွားခဲ့မိခြင်းသည် မကြာမီကာလအတွင်း သူတို့ကို အကြီးအကျယ် နောင်တရစေမည်ကို မသိရှိခဲ့ကြပေ။

........

လုအန်းမြို့ရှိ ဟုန်ယွမ်အစောင့်အရှောက်အဖွဲ့၏ မြေအောက်ခန်းအား အချုပ်ခန်းအဖြစ် ယာယီပြောင်းလဲထားသည်။

လော့ဝူရှဲ့သည် မြေပြင်ပေါ်တွင် တင်ပြင်ခွေလျက် ဒဏ်ရာများကို ကုသရန် ကျင့်ကြံစွမ်းအားကို လှည့်ပတ်နေသည်။

ထိုစဉ် ၊ သူ၏ ပါးစပ်ထဲမှ သွေးတစ်လုပ်စာ အန်ထွက်လာ၏။

“အဖေ...”

လော့ချင်းဟယ်သည် ဖခင်ဖြစ်သူအနားသို့ ချက်ချင်းပြေးသွားပြီး စိုးရိမ်ပူပန်သော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်၏။

လော့ဝူရှဲ့က စိတ်မပူရန် လက်ကာပြလိုက်သည်။

“ဘာမှမဖြစ်ဘူး...”

" နည်းနည်း ခက်ခဲရုံပါ ...ဒါက ဘာမှ ပြောပလောက်တဲ့ အရာမဟုတ်ပါဘူး...”

သူ၏ မျက်နှာမှာ ဖြူဖျော့နေပြီး လက်များက အနည်းငယ် တုန်ရီနေသည်ကို ကြည့်လျှင်ဖြင့် ၊ ၎င်း၏အခြေအနေမှာ အပြင်ပန်း၌ ပြောဆိုနေသကဲ့သို့ ပေါ့ပေါ့ပါးပါး မဟုတ်မှန်း သိသာနေသည်။

All Chapters