← Chapters

အခန်း ၃၀၂

Vol. 31 Ch. 302

အခန်း ၃၀၂

Vol. 31 Ch. 302

အခန်း ၃၀၂ - အီဗာနှင့် သွားရောက် ညှိနှိုင်းခြင်း

ဆွန်ဖုန်း သာမက လူစီပါ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားသည်။

ဤကဲ့သို့သော ကိစ္စမျိုး ကြုံတွေ့ရခြင်းမှာ တကယ့်ကို ကြီးမားလှသော သတင်းဆိုးကြီး တစ်ခုပင် ဖြစ်သည်။

သတ္တုတွင်း ငှားရမ်းခွင့် မရပါက ဆွန်ဖုန်း အနေဖြင့် အလုပ်စတင်နိုင်မည် မဟုတ်ပေ။ အလုပ် မစတင်နိုင်ပါက စိန်သတ္တုကြော တူးဖော်ရေးမှာ ရပ်ဆိုင်းထားရမည် ဖြစ်သည်။

အကယ်၍ အမြဲတမ်းသာ ခွင့်ပြုချက် မကျလာပါက ရောင်းထုတ်မည် ဆိုလျှင်ပင် ဝယ်မည့်သူ ရှိမည် မဟုတ်ပေ။

"လူစီ စကော့ ဆိုတဲ့ အစိုးရ အရာရှိကို ဆက်သွယ်လိုက် ငါ သူနဲ့ လူကိုယ်တိုင် စကားပြောချင်တယ် အစိုးရက လာဘ်စားပြီး အလုပ်မလုပ်ပေးတာလား ဒါမှမဟုတ် ဘာလုပ်ချင်နေတာလဲ ဆိုတာကို ငါ သိချင်တယ် ဟွန့်"

ဆွန်ဖုန်းက အခုချိန်တွင် အတော်လေး ဒေါသထွက်နေပြီ ဖြစ်သည်။

အကယ်၍ တစ်ဖက်လူက အခွင့်အရေး ယူပြီး အနိုင်ကျင့်ချင်နေပါက ထိုလူကို အသေအချာ ပညာပေးရမည် ဖြစ်သည်။

"ဟုတ်ကဲ့ ဘော့စ် အခုပဲ အရာရှိ စကော့ကို ချိန်းလိုက်ပါ့မယ်"

လူစီက ချက်ချင်းပင် ထွက်သွားလေသည်။

သိပ်မကြာခင်မှာပင် လူစီ ပြန်ရောက်လာသည်။

"ဘော့စ် မစ္စတာစကော့က မနက်ဖြန်ည ၈ နာရီမှာ ဘလူးရို့စ် ကော်ဖီဆိုင်မှာ တွေ့မယ်လို့ ပြောလိုက်ပါတယ်"

လူစီက ဆွန်ဖုန်းကို အစီရင်ခံလိုက်သည်။

"အင်း ခုနက သူ ဘာလို့ ခွင့်ပြုချက် မပေးရတာလဲ ဆိုတာကိုရော ပြောသေးလား"

"သူ မပြောဘူး ဒါပေမဲ့ ခုနက သူ့လေသံကို နားထောင်ရတာ နည်းနည်း အခက်တွေ့နေပုံ ရတယ် ကျွန်မ ထင်တာတော့ နောက်ကွယ်မှာ တစ်ခုခု ရှိနေလောက်တယ်"

လူစီက ပြောလိုက်သည်။

"နောက်ကွယ်က တစ်ခုခု"

ဆွန်ဖုန်းက မျက်မှောင်ကြုတ်သွားသည်။

ယခု ဆွန်ဖုန်းကလည်း လုပ်ငန်းခွင် အသစ်အဆန်း တစ်ယောက် မဟုတ်တော့ပေ။ လုပ်ငန်း အတွေ့အကြုံ အတော်အသင့် ရှိနေပြီ ဖြစ်သည်။

ဤသတင်းကို ကြားသောအခါ သူ၏ စိတ်ထဲတွင် စတင် တွေးတော ခန့်မှန်းနေမိသည်။

'ငါ့ရဲ့ စိန်သတ္တုကြောကို မျက်စိကျပြီး အစိုးရဆီကနေ ငါ့လက်ထဲက သတ္တုကြောကို လုယူချင်နေတဲ့ လူကြီး တစ်ယောက်ယောက် ရှိနေတာလား'

ဒီအတွေးကလည်း မဖြစ်နိုင်တာတော့ မဟုတ်ပေ။ စီးပွားရေး လောက ဆိုသည်မှာ စစ်မြေပြင်နှင့် တူသည်။ ပွင့်လင်းမြင်သာမှု ရှိဖို့ ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ဘဲ နောက်ကွယ်တွင် အမည်းရောင် လုပ်ရပ်များ ရှိနေတတ်သည်။

ယခု ဆွန်ဖုန်းက အစိုးရဘက်မှ သတ္တုတွင်း ငှားရမ်းခွင့်ကို ပိတ်ပင်ထားအောင် လုပ်ပြီး သူ့ကို တူးဖော်ခွင့် မရအောင် လုပ်ထားကာ နောက်ပိုင်းတွင် တခြား နည်းလမ်းများဖြင့် သူ၏ စိန်သတ္တုကြောကို သိမ်းယူရန် လုပ်နေသူ ရှိမည်ဟု ခန့်မှန်းလိုက်သည်။

ဥပမာ ဈေးနှိမ်ပြီး ဝယ်ယူတာမျိုး သို့မဟုတ် အတင်းအကြပ် အစုရှယ်ယာ ဝင်တာမျိုး လုပ်ချင်နေခြင်း ဖြစ်နိုင်သည်။

"ဟုတ်တယ်"

လူစီက ဖြေလိုက်သည်။

"ကြည့်ရတာ တွေ့ပြီးမှပဲ သိရတော့မယ်"

နောက်တစ်နေ့ ညနေတွင် ဘလူးရို့စ် ကော်ဖီဆိုင်တွင် ဆွန်ဖုန်းနှင့် စကော့တို့ တွေ့ဆုံကြသည်။

စကော့မှာ လူမှုရေး အလွန် ကျွမ်းကျင်သူ တစ်ဦး ဖြစ်သည်။ လက်ရှိ အခြေအနေ အရ လက်တင် မိသားစုကို သူ လုံးဝ စော်ကား၍ မရမှန်း သူ သိသည်။

သို့သော် ဆွန်ဖုန်းဘက်ကိုလည်း လျစ်လျူရှုထား၍ မရပေ။ ဆွန်ဖုန်းနှင့် ခင်မင်ရင်းနှီးခြင်းက ပိုက်ဆံ ရလမ်း ရှိသည် မဟုတ်ပါလား။

လာဘ်ငွေ တစ်ခါ ရလိုက်ခြင်းက သူ့ရဲ့ နှစ်ချီ လစာနှင့် ညီမျှသည်။ ထို့ကြောင့် ဆွန်ဖုန်းနှင့် တွေ့ဆုံ ဆွေးနွေးရန် သူ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

"မစ္စတာစကော့ ကျွန်တော် နားမလည်တာက ဘာလို့ ခင်ဗျားတို့ အစိုးရက ကျွန်တော့်ရဲ့ ဖုန်းရွေ့ သတ္တု တူးဖော်ရေး ကုမ္ပဏီကို သတ္တုတွင်း ငှားရမ်းခွင့်နဲ့ တူးဖော်ခွင့် မပေးရတာလဲ ကျွန်တော် အကြောင်းပြချက် တစ်ခု လိုချင်တယ်"

ဆွန်ဖုန်းက လက်ထဲမှ ကော်ဖီပူပူလေးကို ခပ်ဖွဖွ မွှေရင်း စကော့ကို အေးအေးဆေးဆေး မေးလိုက်သည်။

"မစ္စတာဆွန်ဖုန်း ကျွန်တော့်မှာလည်း အခက်အခဲလေးတွေ ရှိနေလို့ပါ"

စကော့က မျက်နှာငယ်လေးဖြင့် ဟန်ဆောင်ကာ ပြောလိုက်သည်။

တကယ်တော့ သူက ဆွန်ဖုန်းဆီကနေ ငွေနည်းနည်း ထပ်ညှစ်ပြီးမှ အီဗာက ဆွန်ဖုန်းကို ဒုက္ခပေးချင်နေသည် ဆိုသည့် သတင်းကို ပြောပြရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

"အခက်အခဲ ဟုတ်လား ဟီးဟီး မစ္စတာစကော့ အကယ်၍များ ကျွန်တော် ခင်ဗျားကို လက်ဆောင်ပေးခဲ့တဲ့ ကိစ္စကိုသာ ထုတ်ဖော်လိုက်မယ် ဆိုရင် ခင်ဗျားရဲ့ အခက်အခဲတွေ အားလုံး ပျောက်သွားလိမ့်မယ် ထင်တယ်နော်"

ဆွန်ဖုန်းက စကော့ကို ကြည့်ကာ အေးစက်စက် လှောင်ပြုံးဖြင့် ပြောလိုက်သည်။

"မလုပ်ပါနဲ့ မစ္စတာဆွန်ဖုန်း"

စကော့ မျက်နှာ ပျက်သွားသည်။ အကယ်၍ ဆွန်ဖုန်းကသာ ထိုသို့ လုပ်လိုက်ပါက သူ သေချာပေါက် ဒုက္ခရောက်မည် ဖြစ်သည်။

ဆွန်ဖုန်းဆီမှ ငွေညှစ်ရန် တွေးထားသည်ကိုလည်း ချက်ချင်း ဖျောက်ဖျက်လိုက်ရသည်။ ဆွန်ဖုန်း ဆိုသော လူက လှည့်စား၍ ရမည့်သူ မဟုတ်မှန်း သူ သိလိုက်ပြီ ဖြစ်သည်။

"ခင်ဗျား အဲဒီလို မဖြစ်ချင်ဘူး ဆိုရင် အဖြစ်မှန်ကို ကျွန်တော့်ကို ပြောပြလိုက် အိုကေ"

ဆွန်ဖုန်းက ပြောလိုက်သည်။

"ကောင်းပါပြီ ကျွန်တော် စွန့်စားပြီး ပြောပြလိုက်ပါ့မယ်"

ယခုအခါ စကော့မှာ အနည်းငယ် စိုးရိမ်လာသည်။ ဘယ်ညာ တစ်ချက် ကြည့်လိုက်ပြီးနောက် ဆွန်ဖုန်း၏ အနားသို့ တိုးကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

"မစ္စတာဆွန်ဖုန်း လက်တင် စီးပွားရေး အုပ်စုက ခင်ဗျားကို ဒုက္ခပေးချင်နေတာပါ အဲဒီလူက မိန်းကလေး အီဗာ ပါ"

ပြောပြီးသည်နှင့် စကော့သည် သူ၏ နေရာတွင် ပြန်ထိုင်ကာ ဆွန်ဖုန်းကို ကြည့်နေလိုက်သည်။

"အီဗာ"

ဆွန်ဖုန်းက ထိုနာမည်ကို ရေရွတ်လိုက်သော်လည်း မျက်နှာပေါ်တွင် ဘာခံစားချက်မှ မပေါ်ပေ။

စိတ်ထဲတွင်မူ သောင်းကျန်းနေသော မြင်းရိုင်း တစ်သောင်းခန့် ပြေးလွှားသွားသကဲ့သို့ ခံစားနေရသည်။

ဒီမိန်းမယုတ်က ဒီလောက်တောင် ရိုင်းစိုင်းပြီး ဒီလိုနည်းနဲ့ လက်စားချေရသလား။ အခုတော့ ဆွန်ဖုန်း တစ်ယောက် အီဗာကို သွားရှုပ်မိသည်ကို အနည်းငယ် နောင်တရနေမိသည်။

ဆွန်ဖုန်းက ဖြေရှင်းရ ခက်ခဲသော လူများကို မကြောက်သော်လည်း ထိုလူများ နောက်ကွယ်ရှိ အင်အားစုများက အရမ်း အစွမ်းထက်နေမည်ကိုတော့ ကြောက်သည်။

အီဗာက ထိုသို့သော မာနကြီးပြီး ရိုင်းစိုင်းသည့် မင်းသမီးလေး တစ်ပါး ဖြစ်သည်။

လက်တင် စီးပွားရေး အုပ်စု ဆိုသည်မှာ ခြေတစ်ချက် ဆောင့်လိုက်ရုံဖြင့် ကနေဒါ တစ်နိုင်ငံလုံး သုံးခါလောက် တုန်ဟီးသွားနိုင်သည့် စူပါ စီးပွားရေး အုပ်စုကြီး တစ်ခု ဖြစ်သည်။

ကနေဒါတွင် မည်သည့် လုပ်ငန်းများကို လက်ဝါးကြီးအုပ် ထားမှန်း မသိနိုင်သလို နိုင်ငံရေး လောကတွင်လည်း သူတို့၏ မိသားစုဝင်များ ရှိနေသည်ဟု ကြားရသည်။ တကယ်ကို ကြီးမားလှသော အင်အားစုကြီး တစ်ခုပင် ဖြစ်သည်။

ယခုမှသာ ဆွန်ဖုန်း တစ်ယောက် ဧရာမ အင်အားစုကြီး ဆိုသည်မှာ အဘယ်နည်းကို နားလည်သွားတော့သည်။

သူတို့က စကားတစ်ခွန်း ပြောလိုက်ရုံဖြင့် မိမိကို ရှေ့ဆက် မတိုးနိုင်အောင် လုပ်နိုင်စွမ်း ရှိကြသည်။ ဘယ်အချိန်ကျမှ ငါ ဒီလို အင်အားမျိုး ပိုင်ဆိုင်နိုင်မလဲ။

"တကယ်ကို သောက်ကျိုးနည်းတာပဲ"

ဆွန်ဖုန်းက စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

ယခု ဆွန်ဖုန်းသည် အီဗာကို ဖမ်းချုပ်ကာ အကြောဆွဲထုတ် အရေခွံခွာပြီး အသေကောင်ကိုတောင် ကြိမ်ဒဏ်ပေးချင်စိတ် ပေါက်နေသည်။

"မစ္စတာဆွန်ဖုန်း ခင်ဗျားက မိန်းကလေး အီဗာ ကို ဘယ်လို သွားစော်ကားမိတာလဲ"

စကော့က အနည်းငယ် သိချင်စိတ်ဖြင့် မေးလိုက်သည်။

အီဗာက တကယ့်ကို မိစ္ဆာမလေး တစ်ယောက် ဖြစ်ပြီး သူမကို သွားစော်ကားသူတိုင်း ဒုက္ခရောက်တတ်ကြောင်း သတင်းများမှ တစ်ဆင့် သူ သိထားသည်။ ယခုတော့ ဆွန်ဖုန်း အတွက် သူ တိတ်တဆိတ် ဝမ်းနည်းပေးလိုက်သည်။

"အင်း ဒါကိုတော့ ကျွန်တော် မပြောတော့ဘူး ကျွန်တော် အရင် သွားနှင့်မယ်"

အကြောင်းရင်းကို သိပြီးနောက် ဆွန်ဖုန်းသည် ဤလူနှင့် ဆက်ပြီး အချိန်မဖြုန်းချင်တော့ပေ။ ပြန်ပြီး ဘယ်လို ရင်ဆိုင်ရမလဲ ဆိုတာကိုပဲ တွေးတော့မည်။

"ဖြည်းဖြည်း သွားပါ"

စိန့်ဂျွန်မြို့ရှိ အိမ်သို့ ပြန်ရောက်သောအခါ ဆွန်ဖုန်းက ဆိုဖာပေါ်တွင် ထိုင်ကာ ဘာလုပ်ရမလဲ ဆိုတာကို စဉ်းစားနေသည်။

ယခု သူ စကော့ကို ဘယ်လိုပဲ ဖိအားပေးပေး အီဗာက ခွင့်မပြုသရွေ့ သူတို့ဘက်ကလည်း ဘာမှ လုပ်ပေးရဲမည် မဟုတ်မှန်း သူ သိသည်။

"ပြန်ပေးဆွဲပြီး ငွေညှစ်မလား ပြီးတော့ သေချာ ပညာပေးမလား"

ဆွန်ဖုန်း၏ ခေါင်းထဲတွင် အီဗာကို ဘယ်လို နာခံလာအောင် လုပ်ရမလဲ ဆိုသည့် အတွေးများဖြင့် ပြည့်နှက်နေသည်။

လက်တင် စီးပွားရေး အုပ်စုကြီးကို ယှဉ်ပြိုင်ဖို့ ဆိုတာ မဖြစ်နိုင်မှန်း သူ သိသည်။

ထို့အပြင် ဤကိစ္စမှာ အီဗာက စတင်ခဲ့ခြင်း ဖြစ်ရာ ပြဿနာ ဖြေရှင်းရန်မှာ ပြဿနာ ဖန်တီးသူကိုသာ ရှင်းရမည် ဖြစ်ပြီး အီဗာကို အရင် ရှင်းလင်းရမည် ဖြစ်သည်။

ဆွန်ဖုန်းက နည်းလမ်း အများအပြားကို စဉ်းစားခဲ့သော်လည်း ဘယ်ဟာကမှ သိပ်ကောင်းပုံ မရပေ။

"ထားလိုက်ပါတော့ မနက်ဖြန် ဗန်ကူးဗားကို ပြန်မယ် အီဗာက ဗန်ကူးဗားမှာ နေတယ်လို့ မှတ်မိတယ်"

ဆွန်ဖုန်းက နားထင်ကို ဖိနယ်လိုက်သည်။ ပထမဆုံး အကြိမ် ခေါင်းကိုက်မှုကို ခံစားလိုက်ရခြင်း ဖြစ်သည်။

ဤကိစ္စကို မဖြေရှင်းနိုင်ပါက စိန်သတ္တုကြော တူးဖော်ရေးမှာလည်း အကောင်အထည် ပေါ်လာတော့မည် မဟုတ်ပေ။

နောက်တစ်နေ့တွင် ဆွန်ဖုန်းသည် ဗန်ကူးဗားရှိ အိမ်သို့ ပြန်ရောက်လာခဲ့သည်။ ဆွန်ဖုန်း မကြာခင် အိမ်ပြန်ရောက်လာသဖြင့် မိန်းမလှလေးများ အနည်းငယ် အံ့ဩသွားကြသည်။

"ဆွန်ဖုန်း ဘာလို့ ဒီလောက် မြန်မြန် ပြန်ရောက်လာတာလဲ တစ်လလောက် ကြာမယ် ဆို အခု လဝက်တောင် မရှိသေးဘူး"

ဟယ်မင်ယီက ကလေးကို ချီထားရင်း ဆွန်ဖုန်း ပြန်ရောက်လာသည်ကို မြင်သောအခါ အံ့ဩတကြီး မေးလိုက်သည်။

"ဘာလဲ ငါ ပြန်လာတာကို မကြိုဆိုဘူးလား"

ဆွန်ဖုန်းက စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။

"မကြိုဆိုစရာလား အရမ်းကို ကြိုဆိုတာပေါ့ လာ ထိုင် ငါ နင့်ကို ပခုံး နှိပ်ပေးမယ်"

လျန်ယင်က ဆွန်ဖုန်း စိတ်မကြည်မသာ ဖြစ်နေပုံ ရသည်ကို မြင်သောအခါ ရှေ့တိုးကာ ဆွန်ဖုန်းကို ဆိုဖာပေါ်တွင် ထိုင်စေပြီး ပခုံး နှိပ်ပေးလိုက်သည်။

"ဟီးဟီး ငါ့မိန်းမကမှ ငါ့ကို ချစ်တာ"

ဆွန်ဖုန်းက ဇိမ်ခံရင်း ပြောလိုက်သည်။

"ဘာလဲ စီးပွားရေးမှာ ပြဿနာ တစ်ခုခု ကြုံနေရလို့လား"

ဟယ်မင်ယီကလည်း ဝင်ထိုင်ကာ မေးလိုက်သည်။

"မရှိပါဘူး နင်တို့ကို သတိရလို့ ပြန်လာတာပါ"

ဆွန်ဖုန်းက ပြုံးကာ ပြောလိုက်သည်။

ယောကျာ်း တစ်ယောက် အနေဖြင့် မိသားစုကို စိတ်ပူအောင် မလုပ်သင့်ပေ။ အထူးသဖြင့် အိမ်တွင် ကိုယ်ဝန်ဆောင် နှစ်ယောက် ရှိနေသေးသည် မဟုတ်ပါလား။

"သြော် ဆွန်ဖုန်း ငါတို့ ညီအစ်မတွေ တိုင်ပင်ထားတာ ရှိတယ် ငါတို့ အားလုံး စိန့်ဂျွန်မြို့ကို ပြောင်းနေကြမလို့ ဒီလိုဆိုရင် ငါတို့ ခွဲနေစရာ မလိုတော့ဘူးလေ နင်လည်း အလုပ်လုပ်ရတာ အဆင်ပြေတာပေါ့"

ဟယ်မင်ယီက ပြောလိုက်သည်။

"ကောင်းတာပေါ့ ဘာပဲဖြစ်ဖြစ် စိန့်ဂျွန်မြို့က အိမ်ကြီးကလည်း အကျယ်ကြီးပဲလေ ဒီလိုဆိုတော့ ငါလည်း နင်တို့ကို မကြာမကြာ အချိန်ပေးနိုင်တာပေါ့ ကလေးတွေနဲ့လည်း နေရတာပေါ့"

ဆွန်ဖုန်း၏ ရင်ထဲတွင် နွေးထွေးသွားသည်။

လောလောဆယ်တွင် သူ၏ အဓိက အလုပ်များက နယူးဖောင်လန်ဘက်တွင် ရှိနေသည်။ မိန်းမလှလေးများ လာနေမည် ဆိုလျှင် ပိုကောင်းသည်။ ဘာပဲဖြစ်ဖြစ် သူ့အနေဖြင့် ချက်ချင်း ရောက်ရှိသွားနိုင်သည်။ အထူးသဖြင့် ယန်ရွှယ်နှင့် လျန်ယင်တို့က နောက်ထပ် လအနည်းငယ် နေလျှင် မီးဖွားတော့မည် ဖြစ်သည်။

"ကောင်းပြီ ဒါဆိုလည်း ဒီလိုပဲ သတ်မှတ်လိုက်ကြတာပေါ့ နင် ဘယ်တော့ စိန့်ဂျွန်မြို့ကို ပြန်သွားမလဲ ငါတို့လည်း လိုက်ခဲ့မယ်"

ဟယ်မင်ယီက ပြောလိုက်သည်။

ညဘက်တွင် ဆွန်ဖုန်းသည် ဖာရာရီကို မောင်းကာ ဖေးယွီတောင်သို့ တစ်ယောက်တည်း ရောက်လာခဲ့သည်။

အီဗာကို ဘယ်လို ရှာရမလဲ ဆိုတာကို သူ မသိသဖြင့် ဖေးယွီတောင်သို့ လာကာ ကံစမ်းကြည့်ခြင်း ဖြစ်သည်။ ဒီမိန်းမယုတ်က ဒီကို ကားလာပြိုင်လေ့ ရှိကြောင်း သူ အရင်က ကြားဖူးထားသည်။

ည ၉ နာရီကျော်တွင် ဆွန်ဖုန်းသည် ဖေးယွီတောင်ခြေသို့ ရောက်ရှိလာခဲ့သည်။

ထိုအချိန်တွင် တောင်ခြေ၌ လူငယ် အများအပြား စုဝေးနေကြပြီး တန်ဖိုးကြီး ပြိုင်ကား ဆယ်စီးကျော်ခန့်လည်း ရှိနေသည်။ ဖေးယွီ တောင်ပေါ်သို့ တက်ရာ လမ်းတွင်လည်း ကားမီးရောင်များကို မြင်တွေ့နေရရာ တောင်တက်လမ်းတွင် ပြိုင်ကားများ မောင်းနှင်နေကြပုံ ရသည်။

ဆွန်ဖုန်း၏ ကား ရောက်လာသည်နှင့် လူငယ်များ၏ အာရုံစိုက်မှုကို ရရှိသွားသည်။ ဘာပဲဖြစ်ဖြစ် ဆွန်ဖုန်း၏ ကားမှာ သူတို့ အတွက် စိမ်းသက်နေပြီး ဤနေရာသို့ ဒုတိယအကြိမ် ရောက်လာခြင်း ဖြစ်သည်။

မကြာမီမှာပင် ဆွန်ဖုန်းသည် သူ သိသော လူတစ်ယောက်ကို ရှာတွေ့သွားသည်။ ထိုလူမှာ အရင်တစ်ခေါက်က သူ့ထံတွင် တပည့်ခံချင်သော လူငယ်လေး ဖြစ်သည်။

"ဟေး ဟိုလူ ဒီကို ခဏလာခဲ့ဦး"

ဆွန်ဖုန်းက ကားမှန်ကို ချကာ ထိုလူငယ်ကို လက်ဝှေ့ယမ်း ပြလိုက်သည်။

"ကားနတ်ဘုရား ခင်ဗျား ခင်ဗျား နောက်ဆုံးတော့ ရောက်လာပြီပဲ ခင်ဗျား သိလား ကျွန်တော် ဒီရက်ပိုင်း ခင်ဗျားကို မျှော်နေလိုက်ရတာ ထမင်းတောင် စားမဝင်ဘူး"

ထိုလူငယ်က ဆွန်ဖုန်းမှန်း သိသွားသောအခါ ချက်ချင်းပင် နှပ်ကြောင်းဆွဲကာ ပြေးလာတော့သည်။ ဆွန်ဖုန်းက သူ့ကို ချိန်းထားပြီး မလာခဲ့သည့် ကိစ္စကို လုံးဝ စိတ်မဆိုးထားပေ။

"ကားနတ်ဘုရား ဟုတ်လား"

ဆွန်ဖုန်းက စိတ်ထဲမှ ရယ်ချင်သွားသည်။ သူ၏ ကားမောင်း ကျွမ်းကျင်မှုက အလွန် ကောင်းမွန်သော်လည်း ကားနတ်ဘုရား အဆင့်သို့ ရောက်ရန်တော့ လိုသေးသည်။ သို့သော် ဤသာမန် လူများ ကြားတွင်တော့ ကားနတ်ဘုရား တစ်ယောက် အဖြစ် သတ်မှတ်၍ ရနိုင်ပါသည်။

"ကားနတ်ဘုရား ဒီတစ်ခေါက် လာတာ ကျွန်တော့်ကို ကားမောင်း သင်ပေးဖို့လား"

လူငယ်လေးက ဆွန်ဖုန်း အနားသို့ ပြေးလာပြီး စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

"အခု ငါ့မှာ အချိန်မရှိဘူး ငါ သိချင်လို့ မေးတာ အီဗာ ဘယ်မှာလဲ မင်း သိလား"

ဆွန်ဖုန်းက ထိုလူငယ်ကို မေးလိုက်သည်။

"မိန်းကလေး အီဗာ လား သူ အခု တောင်ပေါ်မှာ တစ်ယောက်ယောက်နဲ့ ကားပြိုင်နေတယ် ခင်ဗျားက သူ့ကို ဘာလုပ်မလို့လဲ ခင်ဗျားတို့ နှစ်ယောက်က တွဲနေကြပြီ မဟုတ်ဘူးလား"

လူငယ်လေးက ခေါင်းကုတ်ကာ နားမလည်စွာဖြင့် မေးလိုက်သည်။

အရင်တစ်ခေါက်က ဆွန်ဖုန်း ကားပြိုင်ပွဲတွင် အီဗာကို နိုင်သွားပြီး အတူတူ အခန်း သွားယူခဲ့ကြသည် ဆိုသည့် သတင်းက အစောကြီး ကတည်းက ပြန့်နှံ့နေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူက ဤသို့ မေးလိုက်ခြင်း ဖြစ်သည်။ တကယ်တော့ သမ္မတ အခန်းထဲတွင် ဘာတွေ ဖြစ်ခဲ့သည်ကို သူ မသိပေ။

"ဟား ဘာမှမဟုတ်ပါဘူး ငါ သူ့ဆီ သွားလိုက်ဦးမယ် နောက်မှ တွေ့တာပေါ့"

ဆွန်ဖုန်းက ကားမှန်ကို တင်လိုက်ပြီး လီဗာကို နင်းကာ ဖေးယွီ တောင်ပေါ်သို့ မောင်းတက်သွားလိုက်သည်။ သူက အလိမ်ခံလိုက်ရတယ် အရမ်းကို သနားစရာ ကောင်းတယ်လို့တော့ ဖွင့်ပြောပြမည် မဟုတ်ပေ။

"ဟေး ကားနတ်ဘုရား ခင်ဗျား မသွားနဲ့ဦးလေ ကျွန်တော့်ကို ဘယ်တော့ ကားမောင်း သင်ပေးမှာလဲ ဆိုတာ မပြောရသေးဘူးလေ"

လူငယ်လေးက နောက်မှနေ၍ အော်ပြောနေခဲ့သည်။

ဖေးယွီ တောင်ပေါ်တွင် အီဗာက သူမ၏ အချစ်တော် ပြိုင်ကားလေးကို မောင်းနှင်ကာ အဖြူရောင် ပြိုင်ကား တစ်စီးနှင့် ယှဉ်ပြိုင်နေသည်။

ယခု တောင်အောက်သို့ ဆင်းနေပြီ ဖြစ်ပြီး သူမက အဝေးကြီးမှာပင် အသာစီး ရနေဆဲ ဖြစ်သည်။ တစ်ဖက်လူ၏ အားနည်းမှုကြောင့် သူမ အတွက် စိတ်လှုပ်ရှားစရာ မရှိတော့ဘဲ စိန်ခေါ်ချင်စိတ်လည်း ပျောက်ကွယ်သွားသည်။

"ဟွန့် အသုံးမကျတဲ့ကောင်များက ငါနဲ့များ ကားလာပြိုင်ချင်သေးတယ်"

ကားထဲတွင် အီဗာက နှုတ်ခမ်းမဲ့ကာ အထင်သေးစွာ ပြောလိုက်သည်။

"အင်း ကားတစ်စီး တက်လာပါလား သူတို့က ငါ ကားပြိုင်နေတာကို မသိဘူးလား ဘယ်သူကများ ဒီလောက် သတ္တိကောင်းပြီး ငါ့ကို လာနှောင့်ယှက်ရဲတာလဲ"

အီဗာသည် တောင်အောက်မှနေ၍ ကားမီးရောင်များ ထိုးလာသည်ကို မြင်လိုက်ရသဖြင့် ကားတစ်စီး တက်လာကြောင်း သိလိုက်ပြီး မျက်မှောင်ကြုတ်ကာ မကျေမနပ် ဖြစ်သွားသည်။

တစ်ချိန်တည်းမှာပင် ဆွန်ဖုန်းကလည်း တောင်ပေါ်မှ ကားတစ်စီး ဆင်းလာသည်ကို မြင်လိုက်ရသည်။ သူက ကားကို လမ်းလယ်တွင် ကန့်လန့်ဖြတ် ရပ်လိုက်ပြီး ကားပေါ်မှ ဆင်းကာ တောင်လမ်း ဘေးရှိ လက်ရန်းပေါ်တွင် မှီရပ်နေလိုက်သည်။

ထို့နောက် ဆေးလိပ် တစ်လိပ်ကို မီးညှိကာ အငွေ့များကို မှုတ်ထုတ်ရင်း အီဗာ ဆင်းလာမည့် အချိန်ကို စောင့်နေလိုက်သည်။

"ဘယ်သူကများ ဒီလောက် သတ္တိကောင်းပြီး ကားကို လမ်းပိတ်ရပ်ထားရတာလဲ"

တောင်လယ်လောက်သို့ ရောက်သောအခါ အီဗာသည် အနီရောင် ဖာရာရီ တစ်စီးက လမ်းလယ်တွင် ကန့်လန့်ဖြတ် ရပ်ထားပြီး သူမ၏ လမ်းကို ပိတ်ထားသည်ကို မြင်လိုက်ရသည်။

`"ကျွီ..."`

အီဗာ၏ ကားက ဆွန်ဖုန်း၏ ကားနှင့် ၁၀ စင်တီမီတာခန့် အကွာတွင် ရပ်တန့်သွားသည်။

"ဆွန်ဖုန်း"

ကားရပ်သွားပြီးနောက် အီဗာက လက်ရန်းကို မှီနေသော အမျိုးသားကို သေချာ ကြည့်လိုက်သောအခါ ဆွန်ဖုန်း ဖြစ်နေကြောင်း တွေ့လိုက်ရသည်။

အီဗာက ဆွန်ဖုန်းကို မြင်သောအခါ အံ့ဩခြင်း မရှိပေ။ ဆွန်ဖုန်းက သူမကို လာရှာမည် ဆိုတာ သူမ သိထားပြီးသား ဖြစ်သည်။

သူမက အေးစက်စက် အပြုံးဖြင့် ကားပေါ်မှ ဆင်းလာပြီး ဆွန်ဖုန်းကို ပြောလိုက်သည်။

"ငါ့ကားကို ဘာလို့ လာတားတာလဲ နင့် အရေခွံတွေ ယားနေလို့လား"

အီဗာ၏ မာနကြီးနေဆဲ ဖြစ်သော ပုံစံကို မြင်သောအခါ ဆွန်ဖုန်း မျက်မှောင်ကြုတ်သွားပြီး ပြောလိုက်သည်။

"မင်း ငါ့ကို ဘာလို့ အမြဲတမ်း ဆန့်ကျင်နေတာလဲ"

ဆွန်ဖုန်းက တဲ့တိုး မပြောသော်လည်း အီဗာက သူ ဘာပြောချင်သည်ကို သိမည်မှာ သေချာသည်။

"ဟွန့် ဘာလို့လဲဆိုတော့ ငါ နင့်ကို မုန်းလို့ပဲ အဲဒီလောက် ရိုးရှင်းတယ် ငါ နင့်ကို လက်စားချေမယ်လို့ ပြောဖူးတယ်လေ ဘယ်လိုလဲ နင် ငါ့ကို ဘာလုပ်နိုင်မှာလဲ"

အီဗာက ဆွန်ဖုန်း အနားသို့ လျှောက်သွားပြီး ဆွန်ဖုန်း၏ နှာခေါင်းကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

"အရင်တစ်ခေါက် ကိစ္စက မင်း ရှုံးတာကို လက်မခံဘဲ ကောက်ကျစ်တဲ့ နည်းလမ်းတွေ သုံးခဲ့တာ ငါက အဲဒါတွေကို ဖျက်ဆီးပစ်ခဲ့တယ် အဲဒါတောင် ငါက စိတ်မဆိုးပါဘူး မင်းက ငါ့ကို ဒီလောက်ထိ ဒုက္ခပေးတာတော့ မကောင်းဘူးလေ လူတစ်ဖက်သားကို မျက်နှာထောက်ထားသင့်တယ် ပြီးတော့ မင်းလည်း အပျိုစင်ဘဝ ဆုံးရှုံးသွားတာမှ မဟုတ်တာ"

ဆွန်ဖုန်းက သူမနှင့် အရင်ဆုံး ညင်ညင်သာသာ ပြောဆို ညှိနှိုင်းရန် ရည်ရွယ်ထားသည်။

"နင် အဲဒီလို အကြောင်းပြချက်တွေ လာမပေးနဲ့ ငါ နားမထောင်ချင်ဘူး သတ္တိရှိရင် နယူးဖောင်လန် အစိုးရဆီက လူတွေကို ခွင့်ပြုချက် ပေးခိုင်းလိုက်လေ နင်က အရမ်း စွမ်းတယ် ဆို အခု ဘာလို့ မစွမ်းတော့တာလဲ ငါ့ဆီကို ဘာလို့ လာရှာတာလဲ"

အီဗာက လှောင်ပြောင်လိုက်သည်။

"မင်းက တကယ်ပဲ သေတဲ့ထိ တိုက်ခိုက်ချင်တာလား"

ဆွန်ဖုန်းက အီဗာတွင် မိမိနှင့် ညှိနှိုင်းမည့် အစီအစဉ် လုံးဝ မရှိသည်ကို မြင်သောအခါ မျက်နှာ အနည်းငယ် မည်းမှောင်သွားသည်။

"ဟားဟား သေတဲ့ထိ တိုက်ခိုက်မယ် ဟုတ်လား ဒီစကားက နင့်ပါးစပ်က ထွက်လာတာ ငါ ကြီးလာတဲ့ အထိ ကြားဖူးသမျှ စကားတွေထဲမှာ အရယ်ရဆုံးပဲ နင့်မှာ အဲဒီ အရည်အချင်း ရှိလို့လား နင့်ရဲ့ ပိုင်ဆိုင်မှု အဆင့်အတန်းနဲ့ အင်အားတွေနဲ့ ငါ့ကို အသေအလဲ တိုက်ခိုက်နိုင်တဲ့ အရည်အချင်း ရှိတယ်လို့ နင် တကယ် ထင်နေတာလား"

အီဗာက ရယ်မောလိုက်ရာ သူမ၏ ရယ်မောမှုကြောင့် ရှေ့မှ ကြီးမားသော ရင်သားများမှာ တုန်ခါသွားပြီး အလွန် ဆွဲဆောင်မှု ရှိလှသည်။

သို့သော် ဆွန်ဖုန်းကတော့ ထိုအရာများကို ခံစားကြည့်ရှုရန် စိတ်မပါတော့ပေ။

"မင်း မျက်လုံးထဲမှာ တခြားသူတွေကို အမြဲတမ်း ဒီလိုပဲ မြင်နေတာလား"

ဆွန်ဖုန်းက သက်ပြင်းချကာ ပြောလိုက်သည်။

အီဗာ ပြောသည်က အမှန် ဖြစ်ကြောင်း သူ ဝန်ခံသည်။ သူမ မိသားစု၏ လက်တင် စီးပွားရေး အုပ်စုက ဆွန်ဖုန်းကို ရင်ဆိုင်ရန်မှာ တကယ်ကို လွယ်ကူလှသည်။

သူ တကယ်ပဲ ဘာမှ လုပ်နိုင်စွမ်း မရှိသလို လက်တင် စီးပွားရေး အုပ်စုနှင့်လည်း အသေအလဲ မတိုက်ခိုက်နိုင်ပေ။

သို့သော် ခွေးတောင် ထောင့်ပိတ်ရိုက်ရင် ပြန်ကိုက်တတ်သေးသည်။ ဆွန်ဖုန်းတွင် ရွှေလက်ချောင်း ရှိနေသည်။ အကယ်၍ သူသာ ဆန္ဒရှိပါက လက်တင် မိသားစုဝင် အားလုံးကို တစ်ထိုင်တည်းနှင့် သတ်ပစ်နိုင်သည်။ ဟုတ်တယ် သူ အဲဒီလို လုပ်နိုင်စွမ်း ရှိတယ်။

သို့သော် နောက်ဆက်တွဲ ပြဿနာများကတော့ အနည်းငယ် ကြီးမားသွားနိုင်သည်။ သို့သော် အီဗာက သူ့ကို အတင်း ဖိအားပေးလာမည် ဆိုလျှင်တော့ သူ တစ်ချက်လောက် စမ်းကြည့်ချင်သည်။

"ဘာလဲ မကျေနပ်ဘူးလား ငါ ကြည့်ရတာတော့ နင်က သူရဲဘောကြောင်တဲ့ ကောင်ပဲ ကားကို ဖယ်လိုက် ငါ့လမ်းကို လာမပိတ်နဲ့ အဲဒီလိုမှ မဟုတ်ရင် နင့်ရဲ့ ပြဿနာတွေက ဒီရက်ပိုင်း ဖြစ်နေတာတွေလောက်တင် မကတော့ဘူး နောက်ပိုင်း ပိုပြီး များလာလိမ့်မယ်"

အီဗာက အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။

"ဒီတော့ မင်းက ငါ့ကို သေတဲ့ထိ ဆန့်ကျင်မယ်ပေါ့"

ဆွန်ဖုန်းက နောက်ဆုံး အကြိမ် အနေဖြင့် မေးလိုက်သည်။

တစ်ဖက်လူက ဒီလို ဆက်လုပ်နေမည် ဆိုလျှင်တော့ သူ အထူး နည်းလမ်း အချို့ကို အသုံးပြုရတော့မည်ဟု ခံစားရသည်။ ဤမျှ မာနကြီးသော မိန်းမယုတ် မိန်းမယုတ် ဆိုသည်မှာ အရမ်း ပုံကြီးချဲ့တတ်သည်။

ယခု ဆွန်ဖုန်း၏ စိတ်ထဲတွင် လူသတ်ချင်စိတ်နှင့် ဒေါသ မီးတောက်များ လောင်ကျွမ်းနေပြီ ဖြစ်သည်။ သူက သူ့ရှေ့မှ ဒီမိန်းမယုတ်ကို မုဒိမ်းကျင့်ပြီးမှ သတ်ပစ်ချင်နေသည်။ သတ်ပြီးမှ အလောင်းကို စွန့်ပစ်လိုက်ချင်သည်။

All Chapters