← Chapters

အခန်း ၃၀၅

Vol. 31 Ch. 305

အခန်း ၃၀၅

Vol. 31 Ch. 305

အခန်း ၃၀၅ - တူးဖော်ရန် ပြင်ဆင်ခြင်း

ကားပေါ်တွင် သူတို့နှစ်ယောက် ထပ်ပြီး စကားမပြောဖြစ်ကြတော့ပေ။

လေထုက အနည်းငယ် ထူးဆန်းနေပြီး အီဗာက ရုပ်တုတစ်ခုလို မှိုင်းတွေကာ ကွေးကွေးလေး ဆက်နေနေလေသည်။

ဆွန်ဖုန်းက သူလုပ်ရပ် အနည်းငယ် လွန်သွားမှန်း သိသော်လည်း အီဗာက သူ့ကို အရင်ကစားခဲ့တာ မဟုတ်ပါလား။

သူက လာသည့်အတိုင်း ပြန်တုံ့ပြန်ပြီး တန်ပြန်တိုက်ခိုက်လိုက်ရုံသာ ဖြစ်သည်။ သို့သော် ဤတန်ပြန်တိုက်ခိုက်မှုက အနည်းငယ် ပြင်းထန်လွန်းသွားခဲ့သည်။

ကားက ဆင်ခြေဖုံးသို့ ရောက်သောအခါ အီဗာက ရုတ်တရက် ခေါင်းမော့လာပြီး ဆွန်ဖုန်းကို အေးစက်စက် လေသံဖြင့် "ငါ့ကို အိမ်ပြန်ပို့ပေး" ဟု ပြောလိုက်သည်။

အီဗာ၏ ရုတ်တရက် စကားကြောင့် ဆွန်ဖုန်း၏ ရင်ထဲတွင် အနည်းငယ် လှုပ်ရှားသွားသည်။

ကြည့်ရတာ ဒီမိန်းမ မပြိုလဲသွားသေးဘူးပဲ တော်သေးတာပေါ့။

"မင်းအိမ်က ဘယ်နားလဲ"

ဆွန်ဖုန်းက မေးလိုက်သည်။

"အိုင်းယားရပ်ကွက် ချင်းထင်လမ်း အမှတ် ၁"

အီဗာက ဖြေလိုက်သည်။

သူမ၏ အသံက အလွန် အေးစက်နေပြီး ကားထဲရှိ အပူချိန်ပင် ကျဆင်းသွားသလို ဆွန်ဖုန်း ခံစားလိုက်ရသည်။ ဒီမိန်းမ သူ့ကို အမုန်းဆုံး အမှတ်ကို ရောက်နေပြီမှန်း သူ သိသည်။

သူသာ အားနည်းချက်ကို ကိုင်မထားဘူး ဆိုလျှင် လူသတ်သမား တစ်ထောင်လောက် ငှားပြီး သူ့ကို သတ်ခိုင်းလောက်ပြီ ဖြစ်သည်။

"ကောင်းပြီ"

ဆွန်ဖုန်းက ခပ်ပေါ့ပေါ့ ပြန်ဖြေလိုက်ပြီး ကားကို အိုင်းယားရပ်ကွက်ဘက်သို့ ကွေ့လိုက်သည်။

အိုင်းယားရပ်ကွက်မှာ ဗန်ကူးဗားမြို့ရှိ အလွန်ချမ်းသာသူများ နေထိုင်ရာ ရပ်ကွက်ဖြစ်ပြီး ခြံဝင်းကြီးများ ဗီလာများ စသည်တို့ ရှိသည်။ ထိုနေရာတွင် ခြံဝင်းကြီး တစ်ခုတည်းသာ ရှိသည်ဟု ဆွန်ဖုန်း ကြားဖူးထားရာ ထိုနေရာမှာ အီဗာ၏ အိမ် ဖြစ်မည်ဟု သူ ခန့်မှန်းလိုက်သည်။

မကြာမီမှာပင် ဆွန်ဖုန်းသည် အီဗာကို ချင်းထင်လမ်း အမှတ် ၁ အပြင်ဘက်သို့ ပို့ပေးလိုက်သည်။

မြင်ကွင်းထဲတွင် ဧက တစ်ထောင်ကျော်ခန့် ကျယ်ဝန်းသော ဇိမ်ခံ ခြံဝင်းကြီး တစ်ခုကို တွေ့လိုက်ရပြီး တကယ့်ကို အလွန်ချမ်းသာသူများသာ နေထိုင်နိုင်သည့် နေရာ ဖြစ်သည်။

ကားရပ်သွားပြီးနောက် အီဗာက စကားတစ်ခွန်းမှ မပြောဘဲ ဆင်းသွားလေသည်။ သူမ ဆင်းဆင်းချင်းပင် မတ်တပ်ရပ်ရန် အနည်းငယ် ခက်ခဲနေပြီး မြေပြင်ပေါ်သို့ လဲကျမတတ် ဖြစ်သွားကာ အတော်လေး သနားစရာ ကောင်းနေသည်။

ဆွန်ဖုန်း၏ ရက်စက်မှုကို သုံးနာရီကျော်ကြာ ခံခဲ့ရသဖြင့် သူမ၏ အောက်ပိုင်းမှာ ဆုတ်ဖြဲခံရသလို နာကျင်နေရုံသာမက ခန္ဓာကိုယ် တစ်ခုလုံးလည်း အားပျော့နေသည်။ အနာကျင်ဆုံးမှာတော့ သူမ၏ နုနယ်သော နှလုံးသားလေးပင် ဖြစ်သည်။

ဆွန်ဖုန်း၏ သွေးအေးရက်စက်မှုကို သူမ တကယ် နားလည်သွားခဲ့ပြီ။ အရင်က ကြွားလုံးထုတ်ခဲ့သည့် စကားများက တကယ်ဖြစ်နေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ လောကကြီးမှာ ဒီလောက်တောင် အရိုင်းအစိုင်းဆန်တဲ့ ယောကျာ်း ရှိနေပါလား။

သူမကို သုံးနာရီကျော်လောက် နှိပ်စက်ပြီးမှ သူ ပြီးသွားခဲ့တာ။ အဲဒီ အချိန်အတွင်းမှာ သူမ ဘယ်နှကြိမ်လောက် သတိလစ်သွားခဲ့လဲတောင် မသိတော့ဘူး။ နာကျင်လို့ သတိလစ်တာ၊ ငိုရင်း သတိလစ်တာ၊ ပြိုလဲပြီး သတိလစ်တာ...

ဆွန်ဖုန်းသည် အီဗာ လှည့်မကြည့်ဘဲ ထွက်သွားသည်ကို ကြည့်ကာ သူလည်း အိမ်သို့ ကားမောင်း ပြန်လာခဲ့သည်။

"ဆွန်ဖုန်း"

အီဗာက နောက်လှည့်ကာ ဝေးကွာသွားပြီ ဖြစ်သော ဖာရာရီကို ကြည့်ရင်း အံကြိတ်ကာ နာကြည်းစွာ ရေရွတ်လိုက်သည်။

အိမ်ပြန်ရောက်သောအခါ မနက် သုံးနာရီပင် ရှိနေပြီ ဖြစ်သည်။ အိမ်သားများ အားလုံး အိပ်မောကျနေကြပြီ ဖြစ်ရာ ဆွန်ဖုန်းလည်း ရေချိုးပြီး အိပ်ရာဝင်လိုက်သည်။

နောက်တစ်နေ့တွင် ဆွန်ဖုန်းသည် မိသားစုကို ခေါ်ကာ နယူးဖောင်လန်၊ စိန့်ဂျွန်မြို့ရှိ ဗီလာအိမ်သို့ ပြောင်းရွှေ့လိုက်သည်။

နောက်ဆိုလျှင် မိသားစုက အတူတူ နေရတော့မည် ဖြစ်သည်။

အိမ်သစ်ကို တွေ့သောအခါ မိန်းမလှလေးများ အားလုံး အလွန် ဝမ်းသာပြီး ကျေနပ်နေကြသည်။

တစ်ပတ် ကြာပြီးနောက် အီဗာက တကယ်ပင် ထူးထူးခြားခြား ဘာမှ မလုပ်လာခဲ့ပေ။ ဆွန်ဖုန်းကို ဆက်လက် လက်စားချေရန်လည်း မရွေးချယ်ခဲ့ပေ။

အီဗာ ကိုယ်တိုင်လည်း မိမိနှင့် ဖြစ်ခဲ့သော ထိုညက ကိစ္စကို အပြင်လူများ သိသွားမည်ကို မလိုလားသောကြောင့် ဖြစ်မည်ဟု ဆွန်ဖုန်း နားလည်လိုက်သည်။

ဤတစ်ပတ် အတွင်း စကော့သည် ဆွန်ဖုန်း၏ ဖုန်းရွေ့ သတ္တု တူးဖော်ရေး ကုမ္ပဏီ အတွက် သတ္တုတွင်း ငှားရမ်းခွင့်ကို ခွင့်ပြုပေးခဲ့ပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဆွန်ဖုန်းနှင့် လူစီတို့သည်လည်း ဤတစ်ပတ် အတွင်း စိန်သတ္တုကြော တူးဖော်ရေး အတွက် တူးဖော်ရေး အဖွဲ့များနှင့် စက်ယန္တရားများကို အလုပ်ခေါ်ယူ ပြင်ဆင်နေကြသည်။

အော်လီ မြို့လေးရှိ စိန်သတ္တုကြောကို တူးဖော်ရန် မဖြစ်မနေ လိုအပ်သော်လည်း ချက်ချင်းတော့ မဖြစ်နိုင်သေးဘဲ ခန့်မှန်းခြေ တစ်လခန့် ပြင်ဆင်ရဦးမည် ဖြစ်သည်။

တစ်လ ကြာပြီးနောက်။

"လူစီ လောလောဆယ် ပြင်ဆင်မှုတွေ ဘယ်လိုနေပြီလဲ"

စိန့်ဂျွန်မြို့ရှိ ဖုန်းရွေ့ သတ္တု တူးဖော်ရေး ကုမ္ပဏီ ရုံးခွဲတွင် ဆွန်ဖုန်းက လက်ရှိ အလုပ်များကို ပြီးစီးအောင် လုပ်ပြီးနောက် ဘေးရှိ လူစီကို မေးလိုက်သည်။

"ဘော့စ် တူးဖော်ရေး အဖွဲ့ကတော့ အခြေခံအားဖြင့် ခေါ်ယူလို့ ပြီးသွားပါပြီ အားလုံးက လုပ်ငန်း အတွေ့အကြုံ ရှိသူတွေချည်းပါပဲ ပြီးတော့ ထောက်ပံ့ရေး အပိုင်းနဲ့ တူးဖော်ရေး စက်ပစ္စည်းတွေလည်း အားလုံး အဆင်သင့် ဖြစ်နေပါပြီ အခုဆိုရင် တူးဖော်ရေး စတင်လို့ ရပြီလို့ ကျွန်မ ထင်ပါတယ်"

လူစီက ပြောလိုက်သည်။

"ကောင်းပြီ ဒီလိုလုပ် ဒီတစ်ပတ် အတွင်းမှာ စက်ပစ္စည်းတွေ ထောက်ပံ့ရေး ပစ္စည်းတွေ တူးဖော်ရေး ဝန်ထမ်းတွေနဲ့ လုံခြုံရေး ဝန်ထမ်းတွေ အားလုံးကို အော်လီ မြို့လေးဆီ ပို့လိုက် နောက်တစ်ပတ် ဆိုရင် ငါတို့ တရားဝင် စတင် တူးဖော်မယ်"

ဆွန်ဖုန်းက ပြောလိုက်သည်။ ဤကဲ့သို့သော တူးဖော်မှုမျိုး အတွက် ဆွန်ဖုန်း အနေဖြင့် ရေအောက် ဖွံ့ဖြိုးရေး စမတ်စက်ရုံကို အသုံးပြုရန် မရည်ရွယ်တော့ပေ။ ဘာပဲဖြစ်ဖြစ် စိန်သတ္တုကြော တူးဖော်ခြင်းက သိပ်ခက်ခဲလှသည် မဟုတ်ပေ။

"ဟုတ်ကဲ့ပါ ပြီးတော့ နောက်ပိုင်း စိန်တွေ တူးဖော်ရရှိလာတဲ့ အခါကျရင် လိုအပ်မယ့် အကူ ခွဲခြားရေး အလုပ်တွေနဲ့ ကနဦး ပြုပြင်မွမ်းမံမှုတွေ အတွက်ပါ ကျွန်မ အားလုံးနီးပါး အဆင်သင့် ဖြစ်အောင် ပြင်ဆင်ထားပြီးပါပြီ"

လူစီက အစီရင်ခံလိုက်သည်။

"အင်း မင်းရဲ့ စွမ်းဆောင်ရည်က တော်တော်လေး ကောင်းတယ် မင်းရဲ့ လုပ်ရည်ကိုင်ရည်ကလည်း တဖြည်းဖြည်း ပိုကောင်းလာတာပဲ တော်တယ် ဟားဟား မင်းကို ဆုချရမယ်"

ဆွန်ဖုန်းက ကြားပြီးနောက် ရယ်မောကာ လူစီကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။

"ဒါက ကျွန်မ လုပ်ရမယ့် အလုပ်တွေပါ"

လူစီက ပြုံးကာ ပြောလိုက်သည်။

သူမသည် နေ့တိုင်း သုတေသန ခန်းထဲတွင် အောင်းနေရခြင်းထက် ဤကဲ့သို့သော အလုပ်များကို လုပ်ရသည်က ပို၍ စိတ်ဝင်စားစရာ ကောင်းမှန်း ရုတ်တရက် သတိပြုမိသွားသည်။

တစ်ပတ် ကြာပြီးနောက် အော်လီ မြို့လေး။

မြေရိုင်း၏ အစွန်အဖျားတွင် ယာယီ တဲအိမ် အများအပြားကို ဆောက်လုပ်ထားပြီး ၎င်းတို့မှာ ဝန်ထမ်းများ နေထိုင်ရန် ဖြစ်သည်။

မြေရိုင်း တစ်ခုလုံးကိုလည်း လုံခြုံရေး ကြိုးများ ကာရံထားပြီး လုံခြုံရေး အဖွဲ့ ငါးဖွဲ့၊ ခြောက်ဖွဲ့ခန့်က ကင်းလှည့်နေကြသည်။ နောက်နေတာလား စိန်သတ္တုကြော တူးဖော်ခြင်း ဖြစ်ရာ လုံခြုံရေးကို သေချာပေါက် ဂရုစိုက်ရမည်သာ ဖြစ်သည်။

စက်ယန္တရားများနှင့် ပစ္စည်းကိရိယာများ အားလုံးလည်း အစုံအလင် ရောက်ရှိနေပြီ ဖြစ်ပြီး ဝန်ထမ်း ရာဂဏန်းခန့်က ဆွန်ဖုန်း၏ လမ်းညွှန်ချက်များကို နားထောင်နေကြသည်။

ဤတစ်ကြိမ်တွင်တော့ ဆွန်ဖုန်း ကိုယ်တိုင် အနီးကပ် ကြီးကြပ်မည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ရှာဖွေ ထောက်လှမ်းရေး စနစ်ဖြင့် မည်သည့်နေရာတွင် တူးဖော်ရန် အသင့်တော်ဆုံး ဖြစ်ပြီး မည်သည့် နေရာအောက်တွင် စိန်အများဆုံး ရှိသည်ကို သူ အသိဆုံး ဖြစ်သောကြောင့်တည်း။

ထိုမိသားစုက ဤမြေကွက်ကို ဆွန်ဖုန်းထံ ရောင်းချပြီးနောက် အစပိုင်းတွင် အလွန် ဝမ်းသာနေခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် တန်ဖိုးမရှိသော မြေကွက်ဖြင့် ငွေအမြောက်အမြား ရလိုက်သောကြောင့် ဖြစ်သည်။

သို့သော် ဖုန်းရွေ့ သတ္တု တူးဖော်ရေး ကုမ္ပဏီက ဤမြေကွက်အောက်တွင် စိန်များ မြုပ်နေကြောင်း ကြေညာလိုက်ချိန်တွင်တော့ သူတို့ အလွန် နောင်တရသွားကြသည်။

ဤမြေကွက်ကနေ စိန် ကာရက် ၁၀ သန်း ထွက်လာနိုင်သည်ဟု ကြားလိုက်ရသောကြောင့် ဖြစ်သည်။ ဒါက ဘယ်လောက်တောင် ကြီးမားတဲ့ စည်းစိမ်ကြီးလဲ။

သူတို့က ဆွန်ဖုန်းကို မူလ တန်ဖိုး၏ ဆယ်ပုံတစ်ပုံတောင် မရှိသော ဈေးနှုန်းဖြင့် ရောင်းချလိုက်မိခြင်း ဖြစ်သည်။

စိန် တူးဖော်ရေး လုပ်ငန်းစဉ်မှာ အကြမ်းဖျင်းအားဖြင့် စိန်ဖြစ်တည်လာသည့် ပုံစံနှင့် တည်ရှိရာ မျက်နှာပြင် အနေအထား အပေါ် မူတည်၍ ဆုံးဖြတ်ရသည်။

အချို့မှာ တူးဖော်ရန်နှင့် ဖောက်ခွဲရန် လိုအပ်ပြီး အချို့မှာ မြစ်ကြမ်းပြင်မှတစ်ဆင့် မျက်နှာပြင်ပေါ်သို့ ရောက်ရှိလာကာ လူအားဖြင့် ဆေးကြော ကြိတ်ခွဲရသည်။ ပထမ အမျိုးအစားမှာ မြေအောက်တွင် မြုပ်နေခြင်း ဖြစ်ပြီး ဒုတိယ အမျိုးအစားမှာ မြေပြင်ပေါ်ရှိ သတ္တုတွင်း ဖြစ်သည်။

"လီယွန် ပြင်ဆင်မှုတွေ အားလုံး ပြီးပြီလား"

ဆွန်ဖုန်းက သူ့ရှေ့ရှိ ဝန်ထမ်း ရာဂဏန်းခန့်ကို ကြည့်ကာ ရှေ့သို့ လျှောက်သွားပြီး အသက် လေးဆယ်ကျော် အရွယ် ရှိ လူမည်း လီယွန်ကို မေးလိုက်သည်။

ထိုလူက စိန်သတ္တုကြော တူးဖော်ရေး လုပ်ငန်းတွင် အနှစ်နှစ်ဆယ်ကျော် လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်ပြီး စိန်သတ္တုကြော ဘယ်နှခုကို တူးဖော်ခဲ့ဖူးလဲ ဆိုတာတောင် မသိနိုင်ပေ။ အလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီက အကြံပြုပေးသော သူများမှာ တကယ်ကို မဆိုးလှကြောင်း တွေ့ရသည်။

"အစီရင်ခံပါတယ် ဘော့စ် အားလုံး အဆင်သင့် ဖြစ်နေပါပြီ အခုချက်ချင်း တူးဖော်လို့ ရပါပြီ"

လီယွန်က အလွန် ပျော်ရွှင်နေပုံ ရသည်။

အဘယ်ကြောင့်ဆိုသော် ဤတစ်ကြိမ် သူ အလုပ်ပြောင်းလိုက်ရာတွင် ရာထူး တစ်ဆင့် ထပ်တိုးသွားလိမ့်မည်ဟု မထင်ထားခဲ့သောကြောင့် ဖြစ်သည်။ ယခု သူသည် ဖုန်းရွေ့ သတ္တု တူးဖော်ရေး ကုမ္ပဏီ၏ စိန် တူးဖော်ရေး ပရောဂျက် အတွက် အထွေထွေ တာဝန်ခံ ဖြစ်လာခဲ့ပြီ ဖြစ်သည်။

သေချာပေါက် တူးဖော်ရေး အပိုင်း အတွက် အထွေထွေ တာဝန်ခံ ဖြစ်သည်။ ထို့ကြောင့် သူက ရာထူး ပိုမို မြင့်မားလာစေရန် အလုပ်ကို ကြိုးစား လုပ်ကိုင်ရန် ရည်ရွယ်ထားသည်။

"အရမ်းကောင်းတယ် ဒါဆို ငါတို့ တူးဖော်ဖို့ ပြင်ဆင်လိုက်ကြရအောင် ခဏနေကျရင် မင်းတို့က ငါ သတ်မှတ်ပေးထားတဲ့ နေရာတွေကို စမ်းသပ် တူးဖော်ကြည့်လိုက်ရုံပဲ"

ဆွန်ဖုန်းက ပြုံးကာ ပြောလိုက်သည်။

ခုနကပင် ဆွန်ဖုန်းသည် တူးဖော်ရန် အသင့်တော်ဆုံး နေရာ အချို့ကို ရှာတွေ့ထားပြီး ဖြစ်သည်။ ရွှေလက်ချောင်း ရှိနေသဖြင့် ဤကဲ့သို့သော အလုပ်များ လုပ်ရသည်မှာ အလွန် လွယ်ကူလွန်းလှသည်။

ဤမြေရိုင်း အပြင်ဘက်တွင် ပင်လယ်ကမ်းစပ် ရှိသဖြင့် ရေယူရန်လည်း အဆင်ပြေရာ တကယ်ကို ကောင်းမွန်သော နေရာ တစ်ခုပင် ဖြစ်လေသည်။

All Chapters