← Chapters

အခန်း ၃၀၇

Vol. 31 Ch. 307

အခန်း ၃၀၇

Vol. 31 Ch. 307

အခန်း ၃၀၇ - ဝူမုန့်ရှင်းနှင့် နေ့စဉ်ဘဝ

"လူစီ ဒီမှာ ကြည့်နေတယ်လေ၊ နင်က ဒီလောက်တောင် လောလွန်းနေရလား"

ဟွမ်ကျားချန်က ဆွန်ဖုန်းကို မျက်စောင်းထိုးကာ ပြောလိုက်သည်။

သို့သော်လည်း သူမက ဆွန်ဖုန်း၏ လက်မောင်းကို ချွဲနွဲ့စွာ ဖက်တွယ်ထားပြီး သူမ၏ ခေါင်းလေးကို ဆွန်ဖုန်း၏ ပခုံးပေါ်သို့ မှီတင်ထားလေသည်။

လူစီက ဆွန်ဖုန်း၏ လက်ထောက်သက်သက်သာ ဖြစ်သည်ဟု သူမက ထင်မှတ်ထားပြီး လူစီသည်လည်း ဆွန်ဖုန်းနှင့် ပတ်သက်မှုရှိနေသည်ကို လုံးဝ မသိရှာပေ။

သေချာသည်ပေါ့... လက်ရှိ လူစီ၏ နေရာသည် ဆွန်ဖုန်း၏ အခြားသော မိန်းမများ၏ နေရာနှင့်တော့ ယှဉ်၍ မရနိုင်သေးပေ။ လူစီ၏ လက်ရှိ နေရာမှာ အများဆုံး လျှို့ဝှက်ချစ်သူနှင့် ကိုယ်ရေးကိုယ်တာ အတွင်းရေးမှူး အဆင့်သာ ရှိသည်။ ထို့အပြင် နောင်တွင်လည်း သူမ၏ နေရာက ပြောင်းလဲသွားမည် မဟုတ်ကြောင်း ခန့်မှန်းရသည်။

"ဘာရှက်စရာ ရှိလို့လဲ လူကြီးတွေပဲဟာကို မင်းက တကယ် မျက်နှာပါးတာပဲ"

ဆွန်ဖုန်းက ဟွမ်ကျားချန်၏ တင်ပါးကို တစ်ချက်ပုတ်ကာ ရယ်မောလျက် ပြောလိုက်သည်။

"သွားစမ်းပါ နင့်မျက်နှာက အုတ်တံတိုင်းထက်တောင် ထူမှန်း ငါ သိပါတယ်"

ဟွမ်ကျားချန်ကလည်း အလျှော့မပေးဘဲ ဆွန်ဖုန်း၏ ခါးကို လက်ဖြင့် လိမ်ဆွဲလိုက်သည်။

သူတို့၏ အနောက်ဘက်ရှိ လူစီသည် သူမ၏ မျက်စိရှေ့တွင်ပင် ထိုနှစ်ယောက် ကြည်နူးနေကြသည်ကို မြင်သောအခါ ရင်ထဲတွင် တစ်မျိုးကြီး ဖြစ်သွားရသည်။ မိန်းမတစ်ယောက် အနေဖြင့် သူတို့နှစ်ဦး အလွန် ရင်းနှီးကြကြောင်းကို သူမ ကောင်းကောင်းကြီး သိမြင်နေသည်။

ထို့အပြင် ဆွန်ဖုန်းက ဤဟွမ်ကျားချန်ကို အလွန် ဂရုစိုက်ပြီး သူမအပေါ် ထားရှိသော ခံစားချက်မျိုး မဟုတ်ပေ။ ဤအချက်က လူစီကို အနည်းငယ် စိတ်ဓာတ်ကျသွားစေသည်။

အော်လီ မြို့လေးရှိ စိန်သတ္တုကြော တူးဖော်ရေး လုပ်ငန်းများမှာ ပုံမှန်အတိုင်း စတင် လည်ပတ်နေပြီ ဖြစ်သည်။

ဆွန်ဖုန်းသည် ဤနေရာတွင် တိတ်တဆိတ် ကာကွယ်ပေးရန် စက်ရုပ် သက်တော်စောင့် ဆယ်ကောင်ကိုလည်း လျှို့ဝှက် ချထားခဲ့သေးသည်။ အကယ်၍ မမျှော်လင့်ထားသော ကိစ္စများ ဖြစ်ပေါ်လာပါက သူတို့က အချိန်မီ ကယ်ဆယ်ရေးများ လုပ်ဆောင်ပေးနိုင်ရန် ဖြစ်သည်။

ဤဘက်ရှိ ကိစ္စများ ပြီးစီးသွားပြီးနောက် ဆွန်ဖုန်းသည် စိန့်ဂျွန်မြို့သို့ ပြန်ကာ မိန်းမလှလေး သုံးယောက်နှင့် အတန်ကြာ နေထိုင်ပြီးနောက် မားစ် သံရိုင်းတွင်းသို့ ထွက်ခွာလာခဲ့သည်။

ဤတစ်လတာ ကာလအတွင်း အလုပ်များနေသဖြင့် ပစိဖိတ် သမုဒ္ဒရာထဲမှ တူးဖော်လာသော သံရိုင်း တန်ချိန် သန်းဆယ်ချီကို မားစ် သံရိုင်းတွင်းရှိ သိုလှောင်ရုံသို့ သွားရောက် မပို့ဆောင်ရသေးပေ။

ထိုဘက်ရှိ သံရိုင်းများမှာ အတော်လေး ကုန်ခမ်းနေပြီ ဖြစ်ပြီး စက်ရုပ်များကပင် ဆွန်ဖုန်းကို အကြိမ်ကြိမ် လာရောက်ရန် အကြောင်းကြားနေပြီ ဖြစ်သည်။

ယနေ့တွင်တော့ ဆွန်ဖုန်းသည် လီယာ့ဒ်ဘတ် မြို့သို့ စတင် ထွက်ခွာလာခဲ့သည်။ တွေးကြည့်လျှင် ဆွန်ဖုန်း လီယာ့ဒ်ဘတ် မြို့သို့ မသွားဖြစ်သည်မှာ အတော်လေး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဝူမုန့်ရှင်းနှင့် မတွေ့ရသည်မှာလည်း ကြာပြီ ဖြစ်ရာ ထိုကောင်မလေးကို သူ အတော်လေး သတိရနေမိသည်။

ဝူမုန့်ရှင်းသည် ဆွန်ဖုန်း လာမည်ကို ကြားသောအခါ အလွန် ဝမ်းသာသွားပြီး လေဆိပ်သို့ လူကိုယ်တိုင် လာကြိုရန် တောင်းဆိုခဲ့သည်။ ထို့ကြောင့် ဆွန်ဖုန်း လေယာဉ်ပေါ်မှ ဆင်းဆင်းချင်းပင် ဝူမုန့်ရှင်းက သူ့ကို တွေ့ရှိသွားလေသည်။

ဝူမုန့်ရှင်းသည် ချောမောခန့်ညားသော ဆွန်ဖုန်း ရပ်နေသည်ကို မြင်သောအခါ မျက်ရည်များ ဝဲတက်လာပြီး ပြေးသွားကာ ဆွန်ဖုန်း၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်လေသည်။

"ရှင် ရောက်လာပြီပဲ ရှင့်ကို မတွေ့ရတာ လနဲ့ချီနေပြီ"

ဝူမုန့်ရှင်းက ဆွန်ဖုန်း၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ချွဲနွဲ့သော လေသံလေးဖြင့် ပြောလိုက်သည်။

ဆွန်ဖုန်းက ဝူမုန့်ရှင်း၏ ဆံပင်များကို သပ်ပေးရင်း ရယ်မောကာ "အရူးမလေး ကိုယ် အခု မင်းဆီ လာခဲ့ပြီပဲဟာကို ဘယ်လိုလဲ ဒီမှာ တစ်ယောက်တည်း နေရတာ အဆင်ပြေရဲ့လား" ဟု ပြောလိုက်သည်။

ထို့နောက် ဆွန်ဖုန်းက ဝူမုန့်ရှင်း၏ ပခုံးနှစ်ဖက်ကို ကိုင်ကာ ရင်ခွင်ထဲမှ ခွာလိုက်ပြီး သူမ၏ လှပသော မျက်နှာလေးကို ကြည့်ကာ မေးလိုက်သည်။

ဝူမုန့်ရှင်းသည် သူ့အလုပ်များကို အစောဆုံး ကူညီပေးခဲ့သူ ဖြစ်ပြီး ဒုတိယ တစ်ယောက်မှာ လျန်ယင် ဖြစ်ကာ တတိယ တစ်ယောက်မှာ စူးမေး ဖြစ်သည်။

"သွားရအောင် လမ်းလျှောက်ရင်း ပြောကြတာပေါ့"

ဆွန်ဖုန်းက ဝူမုန့်ရှင်းကို ဆွဲကာ လေဆိပ် အပြင်ဘက်သို့ လျှောက်သွားလေသည်။

"ကျွန်မတို့ရဲ့ ဖုန်းရွေ့ အုပ်စုက အခု စိန်သတ္တုကြော တစ်ခုကို တူးဖော်နေတယ်လို့ ကြားတယ်"

ကားပေါ်တွင် ဝူမုန့်ရှင်းက ဆွန်ဖုန်းကို မေးလိုက်သည်။

"ဟုတ်တယ် ဟားဟား ဘယ်လိုလဲ အခု ကိုယ့်ရဲ့ စီးပွားရေးတွေက ပိုပိုပြီး ကြီးကျယ်လာပြီ မဟုတ်လား"

ဆွန်ဖုန်းက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်လေသည်။

"ဟုတ်ပါရဲ့ ကျွန်မတို့ စလုပ်ခါစ အချိန်တုန်းကဆို ပြည်တွင်းမှာပဲ တူးဖော်နိုင်ခဲ့တာ နှစ်နှစ်လောက် အချိန်အတွင်းမှာတင် နိုင်ငံတကာ အဆင့်ထိ ရောက်သွားခဲ့ပြီ အခုဆို ရှင်က ဆယ်စုနှစ် အတွင်း အသက်အငယ်ဆုံးနဲ့ အအောင်မြင်ဆုံး လုပ်ငန်းရှင် အဖြစ်တောင် သတ်မှတ်ခံနေရပြီလေ"

ဝူမုန့်ရှင်းက ပြုံးကာ ပြောလိုက်သည်။

"ဟုတ်တယ် နောက်ရက် အနည်းငယ် နေရင် ကိုယ့်ရဲ့ ဖုန်းရွေ့ စက်မှုလုပ်ငန်းကို စတော့ရှယ်ယာ ဈေးကွက်မှာ စာရင်းသွင်းဖို့ လျှောက်ထားတော့မလို့"

ဆွန်ဖုန်းက ရှေ့မှ ပြာလဲ့နေသော ကောင်းကင်ကြီးကို ကြည့်ရင်း သူ၏ အနာဂတ်မှာ ပင်လယ်ပြင်လို ကျယ်ဝန်းလာပြီဟု ခံစားလိုက်ရသည်။

"စာရင်းသွင်းသင့်နေတာ ကြာပြီလို့ ကျွန်မ ထင်တယ် စိန့်ဖုန်း ရေနံမြေ ရကတည်းက စာရင်းသွင်းသင့်နေပြီ"

ဝူမုန့်ရှင်းက ခေါင်းညိတ် ထောက်ခံလိုက်သည်။

လက်ရှိ ဆွန်ဖုန်း နာမည်အောက်ရှိ ဖုန်းရွေ့ စီးပွားရေး လုပ်ငန်းများ၏ စုစုပေါင်း ပိုင်ဆိုင်မှုမှာ ဒေါ်လာ ဘီလီယံချီ ရှိနေပြီ ဖြစ်သည်။ တကယ်တမ်းတော့ အစောကြီး ကတည်းက စာရင်းသွင်းနိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော် ဤကာလအတွင်း ဆွန်ဖုန်းက အချိန်မရသဖြင့် ယခုအချိန်အထိ နောက်ဆုတ်ထားခဲ့ရခြင်း ဖြစ်သည်။

လမ်းတစ်လျှောက် စကားစမြည် ပြောဆိုလာရင်း မားစ် သံရိုင်းတွင်းသို့ ရောက်ရှိလာခဲ့သည်။

ဆွန်ဖုန်း ဤနေရာသို့ မလာဖြစ်သည်မှာ လနှင့်ချီ ရှိနေပြီ ဖြစ်ရာ မားစ် သံရိုင်းတွင်း၏ ဤလပိုင်းအတွင်း လုပ်ငန်း အခြေအနေများ၊ ကုမ္ပဏီ၏ အမြတ်ငွေများနှင့် အော်ဒါမှာယူသည့် ဖောက်သည်များ အကြောင်းကို သေချာစွာ စတင် လေ့လာကြည့်ရှုလိုက်သည်။

"ကြည့်ရတာ လောလောဆယ် သံရိုင်း တူးဖော်ရေး လုပ်ငန်းက ကျဆင်းနေတဲ့ အနေအထားမှာပဲ အရောင်းက သိပ်မတက်လာဘူး တစ်နှစ်ကို တန်ချိန် သန်းဆယ်ချီ လောက်ပဲ ရောင်းရတယ်"

ဆွန်ဖုန်းက အစီရင်ခံစာများကို ကြည့်ရင်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"ဟုတ်တယ် ဒီနှစ်ပိုင်းတွေမှာ အမြဲတမ်း ဒီလိုပဲ ဖြစ်နေတာ ကမ္ဘာ့ သံရိုင်း တူးဖော်ရေး လုပ်ငန်း တစ်ခုလုံးက ထုတ်လုပ်မှု လွန်ကဲနေတဲ့ အခြေအနေမှာ ရောက်နေတာ"

ဝူမုန့်ရှင်းက ရှင်းပြလိုက်သည်။

"အင်း ဒါပေမဲ့ တစ်နှစ်ကို သံရိုင်း တန်ချိန် သန်းဆယ်ချီ ရောင်းရတယ် ဆိုတာကလည်း ရလဒ် မဆိုးပါဘူး အရမ်းကြီး မျှော်လင့်ချက် မထားပါနဲ့ ဟားဟား"

ဆွန်ဖုန်းက ဝူမုန့်ရှင်းကို နှစ်သိမ့်လိုက်လေသည်။

ဤကောင်မလေးသည် အတော်လေး အောင်မြင်ချင်စိတ် ကြီးမားသူ ဖြစ်ပြီး အလုပ်တစ်ခုကို အကောင်းဆုံး ဖြစ်အောင် အမြဲတမ်း မိမိကိုယ်ကိုယ် ဖိအားပေးလေ့ ရှိသည်။

ဤအချက်က ကောင်းမွန်သော အားသာချက် တစ်ခု ဖြစ်သော်လည်း လက်ရှိ ကျဆင်းနေသော ဈေးကွက် အခြေအနေတွင်တော့ ဘာမှ မတတ်နိုင်ပေ။

ညပိုင်းတွင် ဆွန်ဖုန်းနှင့် ဝူမုန့်ရှင်းတို့ ညစာ အတူစားကြပြီးနောက် သူမကို လီယာ့ဒ်ဘတ် မြို့ရှိ ဗီလာအိမ်သို့ ကားဖြင့် ပြန်ပို့ပေးခဲ့သည်။ ထို့နောက် ဆွန်ဖုန်းသည် မားစ်မြို့လေးရှိ မားစ် သံရိုင်းတွင်းသို့ တစ်ယောက်တည်း ပြန်လည် မောင်းနှင်လာခဲ့သည်။

ယခုအခါ ညဆယ်နာရီ ထိုးနေပြီ ဖြစ်သည်။ ဆွန်ဖုန်းသည် မြေအောက် သိုလှောင်ရုံ ဝင်ပေါက်ဖြစ်သော ဓာတ်လှေကား အနီးသို့ ရောက်ရှိလာသည်။ လျှို့ဝှက်နံပါတ် နှိပ်ကာ မျက်နှာ စစ်ဆေးမှုကို ဖြတ်ကျော်ပြီးနောက် ဓာတ်လှေကား တံခါး ပွင့်သွားပြီး ဆွန်ဖုန်း ဝင်သွားလေသည်။

သိပ်မကြာခင်မှာပင် ဆွန်ဖုန်းသည် မြေအောက် သိုလှောင်ရုံ အတွင်းသို့ ရောက်ရှိသွားသည်။

အောက်သို့ ရောက်သည်နှင့် ရှာဖွေ ထောက်လှမ်းရေး စနစ်ကို အသုံးပြု၍ တစ်ချက် စကင်န် ဖတ်ကြည့်လိုက်ရာ ဤနေရာရှိ သံရိုင်းများမှာ တန်ချိန် တစ်သိန်းပင် မပြည့်တော့ကြောင်း တွေ့လိုက်ရသည်။

တော်သေးသည် သူ အချိန်မီ ရောက်လာခဲ့၍သာ။ ထိုသို့မဟုတ်လျှင် ကြီးမားသော အော်ဒါများ ရောက်လာပါက ပေးစရာ ပစ္စည်း ရှိတော့မည် မဟုတ်ပေ။

"သိုလှောင်ခန်းထဲက သံရိုင်း တန်ချိန် သန်း ၃၀ ကို ထုတ်လိုက်"

ဆွန်ဖုန်းက အသံလက်ထောက် စနစ်ကို အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့ပါ ပိုင်ရှင်"

အသံလက်ထောက် စနစ်က အဖြေပေးလိုက်သည်။

"ဝှစ်" ဆိုသော အသံနှင့်အတူ သံရိုင်း တန်ချိန် သန်း ၃၀ က ဤမြေအောက် သိုလှောင်ရုံကြီးကို နောက်တစ်ကြိမ် ပြန်လည် ပြည့်နှက်သွားစေလေသည်။

ဤပမာဏ ဆိုလျှင် အနည်းဆုံး ခြောက်လကျော်လောက်တော့ ရောင်းချရန် လုံလောက်သွားပြီ ဖြစ်သည်။

တကယ်တော့ ဆွန်ဖုန်းက ဤကဲ့သို့သော မားစ် သံရိုင်းတွင်းမျိုး နောက်ထပ် အများအပြား တည်ဆောက်ရန် ရည်ရွယ်ထားခဲ့သော်လည်း လက်ရှိ သံရိုင်း တူးဖော်ရေး လုပ်ငန်း၏ အခြေအနေအရ သိပ်မကောင်းသဖြင့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။

ယခုတော့ ရေနံနှင့် ပင်လယ်ရေမှ ယူရေနီယမ် ထုတ်ယူခြင်း အပိုင်းကိုသာ အဓိက အာရုံစိုက်ထားလိုက်တော့မည်။

ဤအရာများ အားလုံး လုပ်ဆောင်ပြီးစီးသွားပြီးနောက် ဆွန်ဖုန်းသည် ဓာတ်လှေကားဖြင့် မြေပြင်ပေါ်သို့ ပြန်တက်လာခဲ့သည်။

ထို့နောက် လုံခြုံရေး ဝန်ထမ်းများ ဖြစ်ကြသော ဝူကျွင်ဟွာ နှင့် လျောင်ကျွင် တို့ နှစ်ယောက်နှင့် စကား အနည်းငယ် ပြောဆိုပြီးနောက် လီယာ့ဒ်ဘတ် မြို့သို့ ပြန်လည် ထွက်ခွာလာခဲ့လေသည်။

ဗီလာသို့ ပြန်ရောက်သောအခါ ဝူမုန့်ရှင်း တစ်ယောက် မအိပ်သေးသည်ကို ဆွန်ဖုန်း တွေ့လိုက်ရသည်။

သူမက ညအိပ်ဝတ်စုံလေးကို ဝတ်ဆင်ကာ ဧည့်ခန်းထဲတွင် တီဗီ ကြည့်နေပြီး ဆွန်ဖုန်း ပြန်အလာကို စောင့်နေပုံ ရသည်။

"ရှင် ပြန်ရောက်လာပြီလား ဘယ်သွားနေတာလဲ"

ဝူမုန့်ရှင်းက ဆွန်ဖုန်း ပြန်ရောက်လာသည်ကို မြင်သောအခါ လှည့်ကြည့်ကာ ဖြူစင် လှပစွာ ပြုံးပြလိုက်လေသည်။

"ဘာမှ မလုပ်ပါဘူး မင်းသာ ညဆယ့်နှစ်နာရီတောင် ထိုးတော့မယ် ဘာလို့ မအိပ်သေးတာလဲ"

ဆွန်ဖုန်းက မေးလိုက်သည်။

"ဘာရယ် မဟုတ်ပါဘူး ရှင် ပြန်အလာကို စောင့်နေတာပါ"

ဝူမုန့်ရှင်းက ဖြေလိုက်သည်။

"ကိုယ် ပြန်အလာကို စောင့်နေတာလား ကိုယ့်အိပ်ရာကို နွေးအောင် လုပ်ပေးချင်လို့လား"

ဆွန်ဖုန်းက ဝူမုန့်ရှင်း၏ ဘေးတွင် ဝင်ထိုင်ကာ ဟီးဟီးရယ်လျက် ပြောလိုက်ပြီး သူမ၏ အင်္ကျီ ကော်လာဆီသို့ အကြည့်များကို ရဲတင်းစွာ ပို့လွှတ်လိုက်လေသည်။

ယခုအချိန်တွင် ဝူမုန့်ရှင်းသည် လည်ဟိုက် ညအိပ်ဝတ်စုံလေးကို ဝတ်ဆင်ထားပြီး သူမက အတွင်းခံ ဘရာစီယာ ဝတ်မထားပုံ ရသည်။ ထိပ်ဖူးလေး နှစ်ခုမှာ အလွန် ထင်ရှားစွာ ပေါ်လွင်နေပြီး သူမ ကိုယ်တိုင်ကတော့ ဤအခြေအနေကို သတိထားမိပုံ မပေါ်ပေ။

ဖြစ်နိုင်သည်မှာ သူမ တစ်ယောက်တည်း အိမ်တွင် နေရစဉ် ဤကဲ့သို့ လွတ်လွတ်လပ်လပ် နေလေ့ရှိခြင်းကြောင့် ဖြစ်မည်။ ယနေ့ ဆွန်ဖုန်း ရုတ်တရက် ပြန်ရောက်လာချိန်တွင်လည်း သူမက အဝတ်အစား လဲရန် သတိမရခဲ့သဖြင့် ဆွန်ဖုန်း တစ်ယောက် မျက်စိပဒေသာ ဖြစ်သွားရလေသည်။

"သွား ဟိုဘက်ကို သွား ဘယ်သူက ရှင့်အိပ်ရာကို နွေးအောင် လုပ်ပေးမှာလဲ"

"ဘာလို့ အဲဒီလိုမျိုး ကြည့်နေတာလဲ ကျွန်မ မျက်နှာမှာ ပန်းပွင့်နေလို့လား"

ဝူမုန့်ရှင်းသည် ဆွန်ဖုန်းက သူမကို ပူလောင်သော အကြည့်များဖြင့် ကြည့်နေသည်ကို မြင်သောအခါ အလိုအလျောက်ပင် သူမ၏ မျက်နှာကို စမ်းကြည့်လိုက်သော်လည်း ဘာမှ ထူးခြားမှု မရှိကြောင်း တွေ့လိုက်ရသည်။

သို့သော် သူမက သိပ်မကြာခင်မှာပင် ဆွန်ဖုန်း ကြည့်နေသည်မှာ သူမ၏ မျက်နှာ မဟုတ်ဘဲ ရင်ဘတ် လည်ဟိုက်ပိုင်း ဖြစ်နေကြောင်း သတိထားမိသွားသည်။

"ဘာ ကြည့်နေတာလဲ"

ဝူမုန့်ရှင်းသည် ရုတ်တရက် သတိဝင်လာပြီး သူမ၏ ခန္ဓာကိုယ်မှာ လဟာပြင် ဖြစ်နေကြောင်း ခံစားလိုက်ရသည်။

သူမ အလွန် ရှက်ရွံ့သွားပြီး လှပသော မျက်နှာလေးပေါ်တွင် ပန်းရောင်သန်းသွားလေသည်။ အို ဘုရားရေ ဘရာစီယာ ဝတ်ဖို့ မေ့သွားတာပဲ ရှက်စရာ ကောင်းလိုက်တာ။

"လှလို့ ကြည့်တာပေါ့"

ဆွန်ဖုန်းက လူယုတ်မာ အပြုံးဖြင့် ပြောလိုက်သည်။

"မုန်းစရာကြီး"

ဝူမုန့်ရှင်းသည် ဆွန်ဖုန်း၏ အကြည့်များကို သည်းမခံနိုင်တော့ဘဲ ချက်ချင်း မတ်တပ်ရပ်ကာ ထိုနေရာမှ ထွက်ပြေးသွားပြီး အဝတ်အစား လဲရန် အခန်းထဲသို့ ပုန်းဝင်သွားလေသည်။

"ဟေး ဟေး မသွားနဲ့ဦးလေ ကိုယ် ကြည့်လို့ မဝသေးဘူး"

ဆွန်ဖုန်းက ပြောစရာ စကားပင် မဲ့သွားသည်။ မနည်း ရထားတဲ့ အခွင့်အရေးလေးကို ဒီကောင်မလေးက ဘာလို့ ထွက်ပြေးသွားရတာလဲ။ တကယ်ကို စိတ်ပျက်စရာပဲ။

ဆွန်ဖုန်းက ဧည့်ခန်းထဲတွင် ဆယ်မိနစ်ကျော်ခန့် စောင့်နေသော်လည်း ဝူမုန့်ရှင်း ထွက်မလာသည်ကို တွေ့ရသဖြင့် သူမ၏ အခန်းဝသို့ သွားကာ တံခါးကို ဒေါက်ဒေါက်ဒေါက် ခေါက်လိုက်လေသည်။

"ဘာလုပ်မလို့လဲ"

အခန်းထဲမှ ဝူမုန့်ရှင်း၏ အသံ ထွက်ပေါ်လာသည်။

"အပြင်ထွက်ပြီး ကစားရအောင်လေ အထဲမှာ ပုန်းပြီး ဘာလုပ်နေတာလဲ"

ဆွန်ဖုန်းက မေးလိုက်သည်။

"မနက်တောင် ရောက်တော့မယ် အိပ်ကြစို့"

ဝူမုန့်ရှင်းက စောင်ခြုံထဲတွင် ပုန်းနေလေသည်။

ယခု သူမ အလွန် ရှက်ရွံ့နေပြီး အပြင်သို့ ထွက်ရန် မရဲတော့ပေ။ အိပ်လိုက်ပြီး မနက်ဖြန်ကျမှ ဆက်ပြောတော့မည်ဟု သူမ ဆုံးဖြတ်လိုက်သည်။ မနက်ဖြန် ရောက်လျှင်တော့ ဘာမှ ရှက်စရာ မရှိတော့ပေ။

"အိပ်ချင်စရာလား ထစမ်းပါ မြန်မြန်ထ ကိုယ်တို့ အတူတူ LoL ဆော့ကြမယ်"

ဆွန်ဖုန်းက တံခါးကို ပြင်းပြင်းထန်ထန် ခေါက်လိုက်သည်။ ဒီလောက် သာယာတဲ့ ညလေးမှာ ဘာလို့ အိပ်ရမှာလဲ ညဘဝဆိုတာ အခုမှ စတင်တာလေ။

"ကောင်းပြီလေ ဒါဆို မနက်ဖြန် ကျွန်မ အလုပ်မသွားတော့ဘူး ရှင့်ကို မာစတာ အဆင့်ထိ ရောက်အောင် လိုက်ဆော့ပေးမယ်"

ဝူမုန့်ရှင်းက နောက်ပြောင်ကာ ပြောလိုက်သည်။

"သေချာတာပေါ့ ကိုယ်က ဒီမှာ တစ်ပတ်လောက် နေဖို့ ရည်ရွယ်ထားတာ မင်းလည်း ဒီတစ်ပတ် ကုမ္ပဏီကို မသွားနဲ့တော့ ကိုယ်နဲ့ အတူတူ လျှောက်လည်ပြီး ဆော့ကြမယ် အားလပ်ရက် ယူလိုက်ပေါ့"

ဆွန်ဖုန်းက ပြောလိုက်သည်။

"ကောင်းပြီ ငါးမိနစ် အချိန်ပေး"

ဝူမုန့်ရှင်းက ပြောလိုက်သည်။

"ဘာ ငါးမိနစ် ဟုတ်လား မင်း ဘာလုပ်နေလို့လဲ"

ဆွန်ဖုန်းက နားမလည်နိုင်အောင် ဖြစ်သွားသည်။ အိပ်ရာထတာကို ငါးမိနစ်တောင် ကြာရသလား။

"အဝတ်အစား ဝတ်မလို့လေ"

ဝူမုန့်ရှင်းက ဖြေလိုက်သည်။

"ဝတ်စရာ မလိုပါဘူး ထစမ်းပါ လာ ပျော်ကြမယ်"

"သောက်ရူး"

ငါးမိနစ် ကြာပြီးနောက် ဝူမုန့်ရှင်း ထွက်လာခဲ့သည်။ သူမက ညအိပ်ဝတ်စုံလေးကိုပင် ဝတ်ဆင်ထားဆဲ ဖြစ်သော်လည်း အနည်းဆုံးတော့ အတွင်းခံ ဝတ်ထားပြီဟု ဆွန်ဖုန်း ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် သူ မြင်ချင်သော အရာများကို မမြင်ရတော့သောကြောင့်ပင်။

သူတို့ နှစ်ယောက် စာကြည့်ခန်းထဲသို့ သွားကာ ကွန်ပျူတာကို ဖွင့်ပြီး LoL ဂိမ်း အတွင်းသို့ ဝင်ရောက်လိုက်ကြသည်။

ဂိမ်း အကောင့် ဝင်ပြီးချိန်တွင် ဝူမုန့်ရှင်းသည် ချန်ပီယံ အဆင့်သို့ ကျဆင်းနေပြီး ဆွန်ဖုန်းမှာ စိန်အဆင့် ၁ သို့ ကျဆင်းနေပြီ ဖြစ်သည်။

"မာစတာ အဆင့် မရောက်မချင်း ကျွန်မ မအိပ်ဘူး"

ဝူမုန့်ရှင်းကလည်း ဂိမ်း ဝါသနာအိုး တစ်ယောက် ဖြစ်ရာ မာစတာ အဆင့် ရောက်အောင် ဆော့မည်ဟု ကြုံးဝါးလိုက်လေသည်။

"ကောင်းပြီ ကိုယ် မင်းနဲ့ အတူတူ ဆော့ပေးမယ် အင်း ပြောရရင် မင်းရဲ့ အကူအညီနဲ့ ကိုယ်ပါ မာစတာ အဆင့် ရောက်သွားမှာပေါ့ ဟီးဟီး ဆော့ရင်း ဗိုက်ဆာလာရင် ကိုယ် ညလယ်စာ လုပ်ကျွေးမယ်"

ဆွန်ဖုန်းက နှာခေါင်းကို ပွတ်ကာ ပြောလိုက်လေသည်။

"ကောင်းပြီ ရှင် နည်းနည်းတော့ သဘောကောင်းသေးတယ်"

ထို့နောက် သူတို့ နှစ်ယောက် တွဲ၍ ဂိမ်း စတင် ကစားကြတော့သည်။

ဝူမုန့်ရှင်း ဤကောင်မလေး၏ ဂိမ်းကစား ကျွမ်းကျင်မှုက တကယ်ကို အံ့မခန်း ဖြစ်ကြောင်း ဝန်ခံရမည် ဖြစ်သည်။ သူမသာ ပရော်ဖက်ရှင်နယ် ကစားသမား အဖြစ် ဝင်ပြိုင်မည် ဆိုလျှင် သေချာပေါက် နာမည်ကြီးသွားမည်ဟု ဆွန်ဖုန်း ခံစားမိသည်။

မာစတာ အဆင့် ကစားသမား တစ်ယောက် ဖြစ်သည့်အပြင် ကောင်မလေးလည်း ဖြစ်သေးရာ ပရော်ဖက်ရှင်နယ် လိဂ်တွင် ဝင်ပြိုင်ပါက ပရိသတ် အခိုင်အမာ ရရှိမည်မှာ သေချာသည်။

ယခုအချိန်အထိ အမျိုးသမီး ပရော်ဖက်ရှင်နယ် ကစားသမား မရှိသေးပေ။

အင်း လွန်ခဲ့သော ရက်အနည်းငယ်ကတော့ နိုင်ငံခြားသူ ကောင်မလေး တစ်ယောက် ပရော်ဖက်ရှင်နယ် ကစားသမား ဖြစ်လာသည်ဟု ကြားရသော်လည်း သူမ၏ စွမ်းရည်က ဝူမုန့်ရှင်းကို မမီနိုင်ဟု ဆွန်ဖုန်း ထင်သည်။ ထို့အပြင် သူမက အနားယူသွားပြီ ဖြစ်ပြီး ပြိုင်ပွဲတွင် တစ်ခါမှ မပါဝင်ဖူးချေ။

သူတို့ ဆော့ကစားနေသည်မှာ မနက် သုံးနာရီကျော်အထိ ဖြစ်ပြီး ဝူမုန့်ရှင်း ဗိုက်ဆာလာသဖြင့် ဆွန်ဖုန်းက ချက်ချင်းပင် ခေါက်ဆွဲ သွားပြုတ်ပေးလိုက်သည်။

စားသောက်ပြီးနောက် ဂိမ်းဆက်ဆော့ကြရာ နောက်တစ်နေ့ နံနက် ၁၁ နာရီအထိ ကြာသွားလေသည်။ ဝူမုန့်ရှင်းလည်း နောက်ဆုံးတွင် ခံနိုင်ရည် မရှိတော့ဘဲ အခန်းထဲသို့ ဝင်ကာ အိပ်သွားတော့သည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် ဆွန်ဖုန်းလည်း ချန်ပီယံ အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

သူတို့ နှစ်ယောက်စလုံး ချန်ပီယံ အဆင့် ရောက်သွားပြီ ဖြစ်ရာ နောက်ထပ် တစ်ရက်လောက် ဆော့လိုက်လျှင် မာစတာ အဆင့်သို့ ရောက်ရှိသွားမည်ဟု ယုံကြည်သည်။

ဆွန်ဖုန်းသည် ယခင်က ကြေးအဆင့်သာ ရှိသော်လည်း အခြေခံ အဆင့် မြှင့်တင်ရေး ဆေးရည် ထိုးပြီးနောက် သူ၏ ကျွမ်းကျင်မှုမှာ အလွန် တိုးတက်လာခဲ့သည်။ အချိန်တို အတွင်း သူ၏ စွမ်းရည်မှာ ကြေးအဆင့်မှ လက်ရှိ စိန်အဆင့်သို့ တက်လာပြီး ချန်ပီယံ အဆင့်သို့ပင် နီးကပ်လာခဲ့ပြီ ဖြစ်သည်။

လောလောဆယ်တွင် သူ အဆက်မပြတ် တိုးတက်နေဆဲ ဖြစ်ပြီး မကြာမီ အချိန်အတွင်း မာစတာ အဆင့်သို့ ရောက်ရှိသွားမည်ဟု ယုံကြည်သည်။ မာစတာ အဆင့်သို့ ရောက်ရှိသွားချိန်တွင် အမြင့်ဆုံး အဆင့်ကို ဆက်လက် စိန်ခေါ်မည် ဖြစ်သည်။

ထိုအချိန်ကျလျှင် ဆွန်ဖုန်း ကိုယ်တိုင် ပြိုင်ပွဲဝင် အဖွဲ့ တစ်ဖွဲ့ ဖွဲ့စည်းကာ ကမ္ဘာ့ဖလား ပြိုင်ပွဲများကို သွားရောက် ယှဉ်ပြိုင်ချင်မိသည်။ ဟီးဟီး အဲဒီအချိန်ကျရင် ကိုရီးယား ခွေးတွေကို ပြင်းပြင်းထန်ထန် ရိုက်နှက်ပြီး နိုင်ငံအတွက် ဂုဏ်ယူစရာ လုပ်ပြဦးမယ် ဟွန့် ဟွန့်။

သူတို့ နှစ်ယောက်စလုံး ည ၉ နာရီကျော်အထိ အိပ်မောကျနေခဲ့ကြပြီး နိုးလာသောအခါ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီးနောက် ဆွန်ဖုန်းက ဝူမုန့်ရှင်းကို ခေါ်ကာ အပြင်ထွက်၍ ထမင်းစားကြသည်။

ညစာ စားပြီးနောက် လမ်းလျှောက် ထွက်ကြပြီး အရက်ဆိုင်သို့ သွားကာ ပျော်ပါးကြသည်။ ထို့နောက် ညလယ်စာ အနည်းငယ် ထပ်စားပြီးမှ အိမ်သို့ ပြန်လာကြသည်။ အိမ်ရောက်သည်နှင့် သူတို့ နှစ်ယောက်က မာစတာ အဆင့်ကို ထပ်မံ စိန်ခေါ်ကြပြန်သည်။

တစ်ညတာ ကုန်လွန်သွားလေသည်။

"ယေး နောက်ဆုံးတော့ မာစတာ အဆင့် ရောက်သွားပြီ"

နံနက် ၆ နာရီတွင် ဝူမုန့်ရှင်းနှင့် ဆွန်ဖုန်းတို့သည် နောက်ဆုံးတွင် နိုင်ငံအဆင့် မာစတာ အဆင့်သို့ ရောက်ရှိသွားခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် ဆွန်ဖုန်း၏ ကစားနိုင်စွမ်းမှာလည်း ချန်ပီယံ အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ မာစတာ အဆင့်နှင့် တစ်လှမ်းသာ ကွာဝေးတော့ပြီး မကြာမီ အချိန်အတွင်း မာစတာ အဆင့်သို့ ရောက်ရှိမည်ဟု ဆွန်ဖုန်း ယုံကြည်သည်။

"ဟားဟား အိပ်တော့မယ် အိပ်တော့မယ် နိုးလာရင် ငါတို့ သွားပြီး အောင်ပွဲခံကြတာပေါ့"

ဆွန်ဖုန်းက သမ်းဝေကာ ပြောလိုက်ပြီး အခန်းထဲ ပြေးဝင်ကာ အိပ်ရာဝင်သွားလေသည်။

နေ့ခင်းဘက်တွင် တစ်ရေးအိပ်လိုက်ရာ ည ၇ နာရီအထိ ကြာသွားလေသည်။ ဆွန်ဖုန်းက ဘောင်းဘီတို တစ်ထည် ဝတ်ကာ ထလာပြီး မျက်နှာသစ် ကိုယ်လက်သန့်စင်လိုက်သည်။

ထို့နောက် ညစာကို အိမ်မှာပင် ချက်ပြုတ်ရန် ပြင်ဆင်လိုက်ပြီး အပြင်ထွက် မစားတော့ပေ။

"မင်္ဂလာနံနက်ခင်းပါ"

ဝူမုန့်ရှင်း ထလာပြီး ဆွန်ဖုန်း နံနက်စာ ချက်နေသည်ကို မြင်သောအခါ နှုတ်ဆက်လိုက်ပြီး မျက်နှာသစ် ကိုယ်လက်သန့်စင်ကာ ရေပါ ချိုးလိုက်လေသည်။

"မင်္ဂလာနံနက်ခင်းပါ မြန်မြန်သွား မျက်နှာသစ်လိုက် ခဏနေရင် ညစာ ရတော့မယ်"

ဆွန်ဖုန်းက ဝူမုန့်ရှင်းကို လက်လှမ်းပြလိုက်သည်။

အကယ်၍ ဟယ်မင်ယီသာ ဤနေရာတွင် ရှိနေမည် ဆိုလျှင် အိမ်အောင်း ဝါရင့်ကြီးများ ဖြစ်ကြသော ဤနှစ်ယောက်ကို သေချာပေါက် ရယ်မော လှောင်ပြောင်မည်မှာ သေချာသည်။ ည ၇ နာရီကျော်နေပြီကို မနက်ခင်းဟု ခေါ်နေကြသည် မဟုတ်ပါလား။ တကယ်ကို နေ့နဲ့ည မှားနေကြပြီ ဖြစ်သည်။

ဝူမုန့်ရှင်း ရေချိုးပြီးနောက် ထွက်လာကာ ထမင်းစားပွဲတွင် ထိုင်လိုက်ပြီး နှုတ်ခမ်းကို သပ်လိုက်သည်။ ယခု သူမ အလွန် ဗိုက်ဆာနေပြီ ဖြစ်ကြောင်း သိလိုက်ရသည်။

"ရပြီလား မြန်မြန်လုပ်ပါ ကျွန်မ ဗိုက်ဆာနေပြီ"

ဝူမုန့်ရှင်းက ထိုင်ချလိုက်ပြီး စားပွဲပေါ်ရှိ အရသာရှိသော အစားအစာများကို ကြည့်ကာ တံတွေးမျိုချလိုက်လေသည်။

"လာပြီ လာပြီ နောက်ဆုံး ဟင်းတစ်ခွက် အချိုအချဉ် ငါးကြော်"

ဆွန်ဖုန်းက မီးဖိုချောင်ထဲမှ ငါးဟင်း တစ်ခွက်ကို ယူလာရင်း အော်ပြောလိုက်သည်။

"စားကြစို့ စားကြစို့"

သူတို့ နှစ်ယောက်စလုံး အလွန် ဗိုက်ဆာနေကြပြီး တစ်နေကုန် ဘာမှ မစားရသေးသဖြင့် ထိုင်လိုက်သည်နှင့် စကားမပြောဘဲ အငမ်းမရ စားသောက်ကြတော့သည်။

စားသောက်ပြီးလုနီးပါး အချိန်တွင် ဝူမုန့်ရှင်းက ရုတ်တရက် ခေါင်းမော့လာပြီး ဆွန်ဖုန်းကို မေးလိုက်သည်။

"ကျွန်မတို့ မာစတာ အဆင့်လည်း ရောက်သွားပြီ နောက်ရက်တွေမှာ ဘာဆက်လုပ်ကြမလဲ"

"အင်း ဟုတ်သားပဲ ကိုယ့်ကို ခဏ စဉ်းစားခွင့် ပေးပါဦး"

ဆွန်ဖုန်းက မျက်မှောင်ကြုတ်ကာ စဉ်းစားနေလေသည်။

"ဒါမှမဟုတ် ကိုယ်တို့ ဘဝရဲ့ ရည်မှန်းချက်တွေ အကြောင်း ပြောကြမလား"

ဆွန်ဖုန်းက လူယုတ်မာ အပြုံးဖြင့် မေးလိုက်သည်။

"မပြောပါဘူး လူဆိုးကြီး မလုပ်ချင်ဘူး"

ဝူမုန့်ရှင်းက ရှက်ရွံ့စွာ ခေါင်းခါလိုက်သည်။ သူမက မျက်နှာပါးသူ တစ်ယောက် ဖြစ်ရာ ဘယ်လိုလုပ် သဘောတူမည်နည်း။

"လုပ်ပါကွာ ဘာပဲဖြစ်ဖြစ် ဘာမှ လုပ်စရာ ရှိတာမှ မဟုတ်တာ"

ဆွန်ဖုန်းက ဆက်လက် မြှူဆွယ်နေလေသည်။

"မလုပ်ပါဘူး ရှင် ဟိုဘက် သွား ကျွန်မ ထမင်းစားမလို့"

"လာ ကိုယ် ခွံ့ကျွေးမယ်"

"ရှင် ကျွန်မ အင်္ကျီကို ဘာလို့ ဆွဲနေတာလဲ"

"မင်း အင်္ကျီ ညစ်ပတ်နေတာ တွေ့လို့ပါ"

All Chapters