← Chapters

အခန်း ၃၀၈

Vol. 31 Ch. 308

အခန်း ၃၀၈

Vol. 31 Ch. 308

အခန်း ၃၀၈ - အနှောင့်အယှက် ခံလိုက်ရခြင်း

ဆွန်ဖုန်းက ဝူမုန့်ရှင်း၏ အပေါ်အင်္ကျီကို လက်တစ်ဖက်ဖြင့် ဆွဲလိုက်ရာ မူလကတည်းက လည်ဟိုက်နေသော ညအိပ်ဝတ်စုံလေးမှာ ရုတ်တရက် အပေါက်ကြီး တစ်ခု ဖြစ်သွားပြီး နွားနို့လို ဖြူဖွေးနုနယ်နေသော ပခုံးသားလေးများ ပေါ်လာလေသည်။

ပခုံးပေါ်တွင် ကပ်နေသော အမည်းရောင် ကြိုးသေးသေးလေး တစ်ချောင်းက ဆွန်ဖုန်း၏ မျက်လုံးထဲသို့ ဝင်ရောက်လာပြီး အလွန် ဆွဲဆောင်မှု ရှိလှသည်။

"ဘာတွေ ဆွဲနေတာလဲ လူဆိုး လွှတ်စမ်းပါ"

ဝူမုန့်ရှင်းက ဒေါသတကြီးဖြင့် မျက်နှာလေး နီရဲသွားကာ ဆွန်ဖုန်း၏ လက်ကြီးကို လက်နှစ်ဖက်ဖြင့် ဖမ်းကိုင်လိုက်ပြီး ဆက်မဆွဲစေရန် တားဆီးလိုက်သည်။

ဆက်ဆွဲနေလျှင် အကုန် ပေါ်သွားတော့မည် မဟုတ်ပါလား။

"အာ တစ်ချက်လောက်ပဲ ကြည့်မလို့ပါ ဒီလို စားချင်စရာ ကောင်းတဲ့ အလှတရားလေးကို ကြည့်ပြီးရင် ကိုယ် သေချာပေါက် အစားစားချင်စိတ်တွေ တိုးလာမှာ အသေအချာပဲ"

ဆွန်ဖုန်းက အားဆက်သုံးနေလေသည်။

ဝူမုန့်ရှင်းက ဘယ်လိုလုပ်ပြီး ဆွန်ဖုန်းကို ယှဉ်နိုင်မည်နည်း။ ထို့ကြောင့် လည်ပင်းပေါက်က တဖြည်းဖြည်း ကျယ်လာပြီး ဖြူဖွေးသော အသားအရေလေးများကလည်း တဖြည်းဖြည်း ပိုမို ပေါ်လွင်လာတော့သည်။

"ရှင် လွှတ်မှာလား မလွှတ်ဘူးလား မလွှတ်ရင် ကျွန်မ ကိုက်လိုက်မှာနော်"

ဝူမုန့်ရှင်းက အလွယ်တကူ အရှုံးမပေးပေ။ သူမကိုယ်သူမ အစွမ်းကုန် ကာကွယ်ရမည် မဟုတ်ပါလား။

ဝူမုန့်ရှင်းသည် ပန်းရောင် နှုတ်ခမ်းလေးကို ဟကာ လခြမ်းပုံစံ သွားဖြူဖြူလေး လေးချောင်းကို ပေါ်လာစေပြီး တုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ ဆွန်ဖုန်း၏ လက်မောင်းကို ကိုက်ချလိုက်တော့သည်။

"သောက်ကျိုးနည်း တကယ်ကြီး ကိုက်တာပဲ"

ဆွန်ဖုန်းက လက်မောင်းတွင် အနည်းငယ် နာကျင်သွားသည်ကို ခံစားလိုက်ရသဖြင့် အနည်းငယ် လျှော့ပေးလိုက်ရသည်။

"အော့"

ဝူမုန့်ရှင်းက တစ်ချက် ကိုက်ချလိုက်ပြီးနောက် ရုတ်တရက် အော်ဟစ်လိုက်ပြီး ပန်းရောင် နှုတ်ခမ်းလေးကို အမြန် ပြန်ရုပ်လိုက်ကာ နာကျင်စွာ အော်ဟစ်လိုက်လေသည်။

ဝူမုန့်ရှင်းသည် မေးစေ့ကို ကိုင်ကာ လှပသော မျက်လုံးလေးများ ပြူးကျယ်လျက် ဆွန်ဖုန်းကို ပြောလိုက်သည်။

"ရှင့်လက်က ဘာလို့ ဒီလောက်တောင် မာနေရတာလဲ ကျွန်မ သွားတွေတောင် ကျိုးတော့မလို့ပဲ"

ယခု သူမ အလွန် နာကျင်နေပြီး မျက်ရည်များပင် ကျလာတော့မည်ဟု ခံစားနေရသည်။

"အာ ဟုတ်လား ကိုယ် ကြည့်ကြည့်မယ် မင်း နာနေတာ မြင်တော့ ကိုယ့်ရင်တွေ ပိုနာရပါတယ်ကွာ"

ဆွန်ဖုန်းသည် ဝူမုန့်ရှင်း ငိုလုမတတ် ဖြစ်နေသည်ကို မြင်သောအခါ အမြန် ရှေ့တိုးကာ သူမ၏ လက်ကို ဆွဲပြီး နှစ်သိမ့်လိုက်လေသည်။

"ကိုယ် ကြည့်ကြည့်မယ် ပါးစပ် ဟလိုက် အား"

ဆွန်ဖုန်းက ဝူမုန့်ရှင်း အနားသို့ ကပ်ကာ ပြောလိုက်သည်။

"အား"

ဝူမုန့်ရှင်းက မျက်ရည်များကို အောင့်ထားပြီး လိမ္မာစွာပင် ပါးစပ် ဟပေးလိုက်သည်။

"ဘာမှ မဖြစ်ပါဘူး သွားတွေ မကျိုးပါဘူး သွေးလည်း မထွက်ပါဘူး လာ ကိုယ် ဆုချလိုက်ရင် မနာတော့ဘူး"

ဆွန်ဖုန်းက ပြုံးကာ ဝူမုန့်ရှင်း၏ ဆံပင်များကို သပ်ပေးလိုက်သည်။

နောက်တစ်စက္ကန့်တွင် သူက ဝူမုန့်ရှင်း၏ ခါးသေးသေးလေးကို ဆွဲဖက်ကာ အချစ်ကြီး ချစ်ပြရင်း အနမ်း တစ်ပွင့် ပေးလိုက်လေသည်။

"အွန်း အွန်း အွန်း"

ဝူမုန့်ရှင်းသည် ဆွန်ဖုန်း၏ ရုတ်တရက် အနမ်းကြောင့် တစ်စက္ကန့်ခန့် ကြောင်အမ်းအမ်း ဖြစ်သွားသည်။

တစ်စက္ကန့် အကြာတွင် သူမ မျက်လုံးများ ပြူးကျယ်သွားပြီး ရုန်းကန်ရန် ကြိုးစားသော်လည်း သိပ်မကြာခင်မှာပင် ဆွန်ဖုန်း၏ ချုပ်နှောင်ခြင်းကို ခံလိုက်ရပြီး အသက်ရှူပင် ကျပ်လာတော့သည်။

မကြာမီမှာပင် ဝူမုန့်ရှင်းသည် မိမိကိုယ်ကိုယ် မေ့လျော့သွားပြီး သူတို့ နှစ်ယောက်သည် ဧည့်ခန်းထဲတွင် အချစ်စစ်ပွဲကြီး ဆင်နွှဲတော့သည်။

သို့သော် အရေးကြီးသော အချိန်သို့ ရောက်သောအခါ ဆွန်ဖုန်း၏ ဖုန်းက ရုတ်တရက် မြည်လာတော့သည်။ အာရုံစိုက်နေကြသော သူတို့ နှစ်ယောက်မှာ ဖုန်းသံကြောင့် တစ်စက္ကန့်ခန့် ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။

ဆွန်ဖုန်းကတော့ ဖုန်းကိုင်ရန် မရည်ရွယ်ပေ။ ကောင်းကင်ကြီး ပြိုကျလာမည့် ကိစ္စပင် ဖြစ်ပါစေ လက်ရှိ လုပ်နေသော ကိစ္စကို ဘယ်အရာကမှ မမီနိုင်ပေ။

သို့သော် ဝူမုန့်ရှင်းကတော့ ဤတစ်စက္ကန့်လေး အတွင်းမှာပင် မိန်းမောနေမှုမှ သတိဝင်လာပြီး ဆွန်ဖုန်းကို ချက်ချင်း တွန်းထုတ်ကာ မျက်နှာလေး နီရဲလျက် အဝတ်အစားများကို ကမန်းကတန်း ပြင်ဝတ်ပြီး အခန်းထဲသို့ အလျင်အမြန် ပုန်းဝင်သွားတော့သည်။

"ဟေး မသွားနဲ့လေ"

ဆွန်ဖုန်း ကြောင်အမ်းအမ်း ဖြစ်သွားချိန်မှာပင် ဝူမုန့်ရှင်းက ထွက်ပြေးသွားခဲ့ပြီ ဖြစ်ရာ ဆွန်ဖုန်း တစ်ယောက် ဒေါသတကြီး အော်ဟစ်လိုက်မိသည်။

ကောင်းခန်း ရောက်နေတဲ့ အချိန်မှာ ဘယ်ကောင် ဖုန်းဆက်ပြီး လာနှောင့်ယှက်တာလဲ ဆိုတာကို စိတ်ထဲကနေ ဆဲဆိုနေမိသည်။ ငါ လူယုတ်မာလေး တစ်ခါလောက် လုပ်ရဖို့ မလွယ်ဘူး အခုတော့ အနှောင့်အယှက် ခံလိုက်ရပြီ ဆွန်ဖုန်း တစ်ယောက် ချက်ချင်းကို သနားစရာ ကောင်းတဲ့ လူငယ်လေး တစ်ယောက် ဖြစ်သွားတော့သည်။

"ဟယ်လို ဘယ်သူလဲ"

ဆွန်ဖုန်းက ဒေါသတကြီးဖြင့် ဖုန်းကိုင်လိုက်သည်။

"ချစ်လှစွာသော ညီလေး ဆွန်ဖုန်း ကိုယ်ပါ လူဝီကင် ပါ ညီလေးရဲ့ လေသံက ဒေါသထွက်နေပုံ ရပါလား ဘာဖြစ်လို့လဲ ဒီရက်ပိုင်း ကောင်မလေး အသစ် မရလို့လား ပြောပြမယ် အင်္ဂလန် တော်ဝင် ဖျော်ဖြေရေး ကလပ်ကို မနေ့က ဂျပန် ကောင်မလေး အသစ်တွေ ရောက်လာတယ် အရသာကတော့ တကယ်ကို မိုက်တယ် ညီလေး ဘယ်တော့ ဒီဘက် လာလည်မလဲ ကိုယ် ခေါ်သွားပေးမယ်"

ဖုန်းထဲမှ လူဝီကင် အဘိုးကြီး၏ အသံက အလွန် ရွံစရာ ကောင်းလှသည်။

ဒီအဘိုးကြီး အသက် ခြောက်ဆယ် ခုနစ်ဆယ် ရှိနေပြီကို ဒီလောက်တောင် မထိန်းချုပ်နိုင်ဘူးလား။ ကြည့်ရတာ ဒီအဘိုးကြီး သိပ်အသက်ရှည်မယ့် ပုံမပေါ်ဘူး။

"ကျွန်တော် တကယ် ဒေါသထွက်နေတာ ခင်ဗျား အဘိုးကြီး ဘာကိစ္စ ရှိလို့ ကျွန်တော့်ကို လာနှောင့်ယှက်နေတာလဲ ကျွန်တော် ကောင်မလေး ကြူနေတာကို မသိဘူးလား"

ဆွန်ဖုန်းက ဒေါသတကြီး ပြောလိုက်သည်။

"အာ တကယ်ကို တောင်းပန်ပါတယ်ကွာ"

လူဝီကင် အဘိုးကြီးက ဆွန်ဖုန်း၏ စကားကို ကြားသောအခါ တောင်းပန်လိုက်ပြီး ဆက်ပြောသည်။

"ညီလေး ဆွန်ဖုန်း သတင်းကောင်း တစ်ခု ပြောပြမလို့ အရင်က ညီလေး ကူညီခိုင်းထားတဲ့ အာကာသ ဥက္ကာခဲ လေလံပွဲ ကိစ္စလေ ကိုယ် သတင်းတစ်ခု ရထားတယ် ဂျပန် တော်ဝင် လေလံပွဲက နောက်တစ်ပတ်မှာ လေလံပွဲ တစ်ခု လုပ်မယ်တဲ့ အဲဒီမှာ အာကာသ ဥက္ကာခဲ တစ်ခုကို လေလံတင်မယ်လို့ ကြားတယ် ဥက္ကာခဲက လက်သီးဆုပ်လောက်ပဲ ရှိပြီး အမည်းရောင်ကြီးတဲ့ ဈေးနှုန်းကိုတော့ လောလောဆယ် မသိရသေးဘူး"

"တကယ်လား"

ဆွန်ဖုန်း၏ ဒေါသများ ချက်ချင်း ပျောက်ကွယ်သွားပြီး အလွန် ပျော်ရွှင်သွားသည်။

သို့သော် နောက်တစ်စက္ကန့်တွင် သူ ပြန်လည် တည်ငြိမ်သွားသည်။ အဘယ်ကြောင့်ဆိုသော် ထိုအာကာသ ဥက္ကာခဲက လက်သီးဆုပ်လောက်သာ ရှိသည်ဟု ကြားလိုက်ရသောကြောင့် ဖြစ်သည်။ အဲဒီလောက် သေးတာကို ဘာသွားလုပ်ရမှာလဲ။ စွမ်းအင်တုံး ဆိုရင်တောင် သေးလွန်းနေပြီ။ အခြေခံ အဆင့် စွမ်းအင်တုံး တွေတောင် ကြိတ်ဆုံလောက် ကြီးတာ။ လက်သီးဆုပ်လောက် သေးတာကြီးကို ယူလည်း အတူတူ မယူလည်း အတူတူပါပဲ။

"တကယ်ပါ"

လူဝီကင် က ပြောလိုက်သည်။

"ပိုင်ရှင် ဘာပဲဖြစ်ဖြစ် ပိုင်ရှင်ကလည်း အားနေတာပဲ သွားကြည့်တာလည်း မဆိုးပါဘူး ပိုင်ရှင်ကို ပြောပြရရင် စွမ်းအင်တုံး တွေက သေးတိုင်း အသုံးမဝင်ဘူးလို့ ပြောလို့ မရပါဘူး"

ထိုအချိန်တွင် အသံလက်ထောက် စနစ်က ရုတ်တရက် ဝင်ရောက် သတိပေးလိုက်သည်။

"တကယ်လား ကောင်းပြီ ဒါဆိုလည်း သွားတာပေါ့"

ဆွန်ဖုန်းက ခေါင်းညိတ်လိုက်သည်။

"ဒါဆို ခင်ဗျား အသေးစိတ် အချက်အလက်တွေကို ကျွန်တော့်ဆီ ပို့ပေးလိုက်ပါ နောက်တစ်ပတ်ကျရင် ကျွန်တော် သွားကြည့်မယ်"

ဆွန်ဖုန်းက ပြောလိုက်သည်။

"ကောင်းပါပြီ ခဏနေရင် ကိုယ် ပို့ပေးလိုက်မယ် ဒါနဲ့ ညီလေးရဲ့ ဖုန်းရွေ့ သတ္တု တူးဖော်ရေး ကုမ္ပဏီက နယူးဖောင်လန် ဘက်က စိန်သတ္တုကြော တစ်ခုကို တူးဖော်နေတယ်လို့ ကြားတယ် ကာရက် ၁၀ သန်းလောက် ထွက်မယ်လို့ ကြားတာ တကယ်ပဲလား"

လူဝီကင် က မေးလိုက်သည်။

"ဟုတ်တယ် ဘာဖြစ်လို့လဲ"

ဆွန်ဖုန်းက မေးလိုက်သည်။

"ဟီးဟီး ဒါဆို ကိုယ် နည်းနည်းလောက် ရိုင်းရိုင်းစိုင်းစိုင်း မေးပါရစေ လောလောဆယ် ညီလေးရဲ့ စိန်တွေကို ဝယ်မယ့်သူ ရှိပြီလား"

လူဝီကင် က ဟီးဟီးရယ်လျက် မေးလိုက်သည်။

"မရှိသေးဘူး ဘာလဲ ခင်ဗျားက ကျွန်တော်နဲ့ ပူးပေါင်းချင်လို့လား"

ဆွန်ဖုန်း ခြေမနဲ့တောင် စဉ်းစားလို့ ရသည်။ လူဝီကင် က မိမိ၏ စိန်များကို မျက်စိကျနေခြင်း ဖြစ်မည်။ ထို့ကြောင့်လည်း သူက ဤသို့ မေးခြင်း ဖြစ်သည်။

"ဟီးဟီး ကိုယ် ညီလေးနဲ့ နည်းနည်း ပူးပေါင်းချင်လို့ပါ ကိုယ့် ညီတစ်ယောက်က စိန် လုပ်ငန်းနဲ့ အရောင်းအဝယ် လုပ်ငန်း လုပ်နေတာလေ ဒါကြောင့် ဟီးဟီး ကိုယ်တို့ ပူးပေါင်းလို့ ရနိုင်မလားလို့ပါ"

လူဝီကင် က မဝံ့မရဲ မေးလိုက်သည်။ ဆွန်ဖုန်းမှာ စိတ်သဘောထား သိပ်မကောင်းသူ တစ်ယောက် ဖြစ်ကြောင်း သူ သိထားသည်။

"ခင်ဗျား ညီလား သူ့ကုမ္ပဏီက ဘယ်လောက် ကြီးလဲ အရောင်းလမ်းကြောင်းတွေကရော ဘယ်လိုရှိလဲ ဝယ်မယ့် ဈေးကရော ဘယ်လောက် ပေးနိုင်မလဲ"

ဆွန်ဖုန်းက ကြားပြီးနောက် စဉ်းစားကာ မေးလိုက်သည်။

အကယ်၍ အဆင်ပြေမည် ဆိုပါက လူဝီကင် ၏ ညီနှင့် ပူးပေါင်းခြင်းကလည်း မဖြစ်နိုင်တာတော့ မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် စိန်တွေ တူးဖော်ပြီးရင်လည်း ပြုပြင်မွမ်းမံပြီး ရောင်းချရမှာပဲလေ။ ဘယ်သူ့ကို ရောင်းရောင်း အတူတူပါပဲ။

ထို့အပြင် ဆွန်ဖုန်း ထင်သည်က လူဝီကင် အဘိုးကြီး၏ စိတ်နေသဘောထားက တကယ်ကို မဆိုးလှပေ။ အရင်က ရွှေသင်္ဘော အုပ်စု အရောင်းအဝယ် လုပ်တုန်းကလည်း အနည်းဆုံးတော့ သူ မလိမ်ခဲ့ဘူးလေ။ ရယူသွားတဲ့ ကော်မရှင် ကလည်း မိမိကို ကျေနပ်စေခဲ့သည်။

"ကိုယ့် ညီ နာမည်က လူဝီရင် ပါ သူ့ကုမ္ပဏီက တကယ့်ကို ပထမတန်းစားပါ သူ ဒီလုပ်ငန်း လုပ်လာတာ အနှစ် ၃၀ ကျော်ပြီ ကိုယ်တို့ ညီအစ်ကို နှစ်ယောက်မှာ သူက စိန်လုပ်ငန်း လုပ်ပြီး ကိုယ်က လေလံပွဲ လုပ်ငန်း လုပ်တာ ညီလေး မယုံရင် သူ့ကုမ္ပဏီကို စုံစမ်းကြည့်လို့ ရပါတယ် သူ့ကုမ္ပဏီ နာမည်က ဒိုင်းမွန်း ကင်း လို့ ခေါါတယ်"

လူဝီကင် က ဖြေကြားလိုက်သည်။

"အရမ်းကောင်းတယ် ဒါဆို ကျွန်တော် စဉ်းစားကြည့်ပါ့မယ် အဆင်ပြေရင် ခင်ဗျားတို့ ညီအစ်ကို နှစ်ယောက် ကနေဒါ ဘက်ကို လာခဲ့လို့ ရတယ်"

ဆွန်ဖုန်းက ပြောလိုက်သည်။

"ညီလေး ဆွန်ဖုန်း နောက်တစ်ပတ် ဂျပန် တော်ဝင် လေလံပွဲကို ကိုယ်နဲ့ ကိုယ့် ညီလည်း လာခဲ့မယ် အဲဒီကျရင် တွေ့ပြီး စကားပြောလို့ ရတာပေါ့ ဟားဟား တရုတ် စကားပုံ တစ်ခု ရှိတယ် မဟုတ်လား အရောင်းအဝယ် မဖြစ်ရင်တောင် မိတ်ဆွေ ဖြစ်တာပေါ့"

လူဝီကင် ကလည်း ပွင့်ပွင့်လင်းလင်းပင် ရယ်မောလျက် ပြောလိုက်လေသည်။

"ကောင်းပြီ အဲဒီကျရင် ဂျပန်မှာ တွေ့ကြတာပေါ့"

ဆွန်ဖုန်းက ရယ်မောလိုက်သည်။

All Chapters