← Chapters

အခန်း ၃၀၉

Vol. 31 Ch. 309

အခန်း ၃၀၉

Vol. 31 Ch. 309

အခန်း ၃၀၉ - ဂျပန်နိုင်ငံသို့ ထွက်ခွာခြင်း

ထိုည အဖြစ်အပျက် ပြီးသွားသည့်နောက်ပိုင်း နောက်တစ်နေ့မှ စတင်ကာ ဝူမုန့်ရှင်းသည် ဆွန်ဖုန်းကို အနည်းငယ် ရှောင်ဖယ်ရှောင်ဖယ် ဖြစ်နေတော့သည်။

မနေ့ညကလို ဆွန်ဖုန်း၏ အပြုအမူမျိုး ထပ်လုပ်မည်ကို သူမက အလွန် စိုးရိမ်နေပုံ ရသည်။ ဤအခြေအနေက ဆွန်ဖုန်းကို အတော်လေး စိတ်ပျက်သွားစေသည်။

ဒီကောင်မလေးက ရှက်နေတာလား ဒါမှမဟုတ် ဘာဖြစ်လို့လဲ မိမိကို အနားတောင် အကပ်မခံတော့ဘူး။

"ထမင်းစားရအောင်"

ဆွန်ဖုန်းက ဟင်းပွဲများကို စားပွဲပေါ် တင်ပြီးနောက် စာကြည့်ခန်းထဲတွင် ဂိမ်းဆော့နေသော ဝူမုန့်ရှင်းကို လှမ်းအော်လိုက်သည်။

"အော် လာပြီ လာပြီ"

ဝူမုန့်ရှင်း ထွက်လာပြီးနောက် ဘာစကားမှ မပြောဘဲ ထမင်း တစ်ပန်းကန် ခူးကာ ဟင်းများကို အပြည့် ခပ်ထည့်လိုက်လေသည်။ သူမ ဘာလုပ်ချင်နေမှန်း ဆွန်ဖုန်း နားမလည်နိုင်အောင် ဖြစ်သွားရသည်။

"ဘာတွေ လုပ်နေတာလဲ ဘာလို့ ဟင်းတွေ အများကြီး ခပ်နေတာလဲ ဘယ်သူကများ လုစားမှာမို့လို့လဲ"

ဆွန်ဖုန်းက ဝူမုန့်ရှင်း၏ အပြုအမူကို နားမလည်နိုင်စွာ ကြည့်နေမိသည်။ ငတ်ကြီးကျနေသည့်အလား မိန်းကလေး တစ်ယောက်၏ အနေအထိုင်မျိုး လုံးဝ မရှိတော့ဘဲ အလွန် ရိုင်းစိုင်းလွန်းလှသည်။

သို့သော် ဝူမုန့်ရှင်းကတော့ ဆွန်ဖုန်းကို ဂရုမစိုက်ဘဲ သူမ၏ လုပ်ရပ်ဖြင့်ပင် ဆွန်ဖုန်းကို အဖြေပေးလိုက်သည်။ သူမက ထမင်းစားပွဲနှင့် ဝေးဝေးနေချင်သည်၊ ပြဿနာများနှင့် ဝေးဝေးနေချင်သည်၊ ဆွန်ဖုန်းနှင့် ဝေးဝေး နေချင်သည်။

"ဒေါက် ဒေါက် ဒေါက်"

ဝူမုန့်ရှင်းက ဟင်းများကို ခပ်ပြီးနောက် ထမင်းပန်းကန်ကို ကိုင်ကာ နောက်တောင် လှည့်မကြည့်တော့ဘဲ စာကြည့်ခန်းထဲသို့ ပြေးဝင်သွားပြီး "ဂျုန်း" ဆိုသော အသံနှင့်အတူ တံခါးကို ပိတ်ချလိုက်ကာ အထဲတွင် ပုန်း၍ ထမင်းစားနေလေတော့သည်။

"ငါ..."

ဆွန်ဖုန်းက ဤအခြေအနေကို ကြည့်ကာ စကားပင် မပြောနိုင်တော့ပေ။ ဒီလောက်တောင် ကာကွယ်နေရသလား။ ငါက အရမ်း အန္တရာယ် များနေလို့လား ငါက ဒီလောက်တောင် ရိုင်းစိုင်းတဲ့ ကောင်လား။ ဘာလို့ ငါနဲ့ အတူတူ အခန်းထဲမှာ မနေချင်ရတာလဲ။

"ကောင်းပါပြီ ကိုယ်တိုင် လုပ်မိတဲ့ အပြစ်တွေပါပဲ"

ဆွန်ဖုန်းက သက်ပြင်းချလိုက်သည်။ အရင်က သူ အဲဒီလောက် အလျင်စလို မလုပ်ခဲ့သင့်ဘူး။ အခုတော့ ဝူမုန့်ရှင်းက သူ့ကို အနည်းငယ် ကြောက်သွားပြီ ထင်သည်။ ဒီကောင်မလေး တကယ်ကို ရှေးရိုးဆန်တာပဲ သို့သော် ဟားဟား ငါ သဘောကျပါတယ်။

ဆွန်ဖုန်းက ဤနေရာတွင် နောက်ထပ် ရက်အနည်းငယ် ထပ်နေပြီးနောက် ဂျပန်နိုင်ငံ တိုကျိုမြို့သို့ လေယာဉ်ဖြင့် ထွက်ခွာသွားလေသည်။

အဘယ်ကြောင့်ဆိုသော် သန်ဘက်ခါတွင် ဂျပန် တော်ဝင် လေလံရုံမှ ကြီးမှူး ကျင်းပမည့် လေလံပွဲ ရှိနေသောကြောင့် ဖြစ်သည်။

ဆွန်ဖုန်းက ထိုအာကာသ ဥက္ကာခဲ ဆိုသည်မှာ စွမ်းအင်တုံး ဟုတ်မဟုတ် သွားရောက် ကြည့်ရှုချင်သောကြောင့် ဖြစ်သည်။ သေချာသည်ကတော့ ထိုသို့ ဖြစ်နိုင်ခြေ အလွန် နည်းပါးလှသည်။

ဂျပန် တော်ဝင် လေလံရုံမှာလည်း အာရှတွင် ထိပ်တန်း အဆင့်ရှိပြီး နိုင်ငံတကာတွင်လည်း နာမည်ကြီးသော လေလံရုံ တစ်ခု ဖြစ်သည်။ ဤတစ်ကြိမ် လေလံပွဲကလည်း ရောင်းချသူ အများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။

နောက်တစ်နေ့ ညနေပိုင်းတွင် ဆွန်ဖုန်းသည် တိုကျိုမြို့သို့ ရောက်ရှိလာပြီး ချယ်ရီပန်း ဟိုတယ်တွင် လူဝီကင် အဘိုးကြီးနှင့် တွေ့ဆုံခဲ့သည်။

ထမင်းစားဝိုင်းတွင် ဆွန်ဖုန်းက လူဝီကင် ကိုသာမက သူ၏ ညီဖြစ်သူ လူဝီရင် ကိုပါ တွေ့ခဲ့ရသည်။ ဤညီအစ်ကို နှစ်ယောက်၏ နာမည်က တကယ်ကို စိတ်ဝင်စားစရာ ကောင်းလှသည်။ တစ်ယောက် နာမည်တွင် ရွှေ ပါပြီး နောက်တစ်ယောက် နာမည်တွင် ငွေ ပါသည်။ တကယ့်ကို ညီအစ်ကို အရင်းတွေပါပဲ။

လူဝီရင် က လူဝီကင် ထက် အနည်းငယ် ငယ်သဖြင့် သူလည်း အဘိုးကြီး တစ်ယောက်ပင် ဖြစ်သည်။ သို့သော် သူက လူဝီကင် ထက် အများကြီး ပိုနုပုံ ပေါက်နေသည်။ ကျန်းမာရေး လိုက်စားသူ ဖြစ်မည်ဟု ခန့်မှန်းရသည်။

"မင်္ဂလာပါ မစ္စတာဆွန်ဖုန်း ကျွန်တော်က လူဝီရင် ပါ"

သူတို့ သုံးယောက် တွေ့ဆုံပြီးနောက် အချင်းချင်း ရင်းနှီးစွာ နှုတ်ဆက်ကြပြီး သိပ်မကြာခင်မှာပင် စကားပြော အဆင်ပြေသွားကြသည်။

အဘယ်ကြောင့်ဆိုသော် သုံးယောက်စလုံးက ပညာတတ်များ၏ စကားဝိုင်းမျိုးကို အလွန် သဘောကျသူများ ဖြစ်သောကြောင့်တည်း။

စားရင်းသောက်ရင်း စကားပြောကြရင်းဖြင့် မကြာမီမှာပင် လူဝီကင် က ဆွန်ဖုန်း၏ စိန်သတ္တုကြော အကြောင်းကို စကားစလာတော့သည်။

"ညီလေး ဆွန်ဖုန်း ညီလေးရဲ့ စိန်သတ္တုတွင်းက လောလောဆယ် စိန်တွေ ထွက်နေပြီလား တူးဖော်ရေး အခြေအနေတွေကရော ဘယ်လိုရှိလဲ"

လူဝီကင် က မေးလိုက်သည်။

"ဟုတ်တယ် မစ္စတာဆွန်ဖုန်း ခင်ဗျားရဲ့ သတ္တုတွင်းကနေ ကာရက် ၁၀ သန်း ရှိတဲ့ စိန်တွေ ထွက်မယ်လို့ ကြားတယ် ဒါက ကြီးမားတဲ့ သတ္တုကြောကြီးပဲ ဒီသတ္တုတွင်းက ခင်ဗျားကို အမြတ်ကြီး အများကြီး ရစေမှာ သေချာတယ် ကျွန်တော်တို့တောင် ကြည့်ပြီး အရမ်း အားကျနေရတာ"

လူဝီရင် ကလည်း ဖားယားကာ ပြောလိုက်လေသည်။

"အင်း အခုချိန်ထိ တာဝန်ခံရဲ့ အစီရင်ခံချက် အရတော့ စုစုပေါင်း စိန် ကာရက် ၅၀၀၀ လောက် တူးဖော် ရရှိထားပြီလို့ သိရတယ် ဒါပေမဲ့ အခုမှ စလုပ်ခါစပဲ ရှိသေးတယ် ရှေ့လျှောက် တူးဖော်ရေး အရှိန်က ပိုပိုပြီး မြန်လာလိမ့်မယ်လို့ ထင်ပါတယ်"

ဆွန်ဖုန်းက ပြောလိုက်သည်။

ဤသတင်းကို လွန်ခဲ့သော နှစ်ရက်က ဟွမ်ကျားချန်က သူ့ကို ပြောပြခဲ့ခြင်း ဖြစ်သည်။ သို့သော် အများစုမှာ တန်ဖိုး သိပ်မရှိသော စိန်များသာ ဖြစ်ပြီး အရွယ်အစား သေးငယ်လွန်းကာ အချို့ဆိုလျှင် အရည်အသွေး သိပ်မကောင်းပေ။

"အို ဒါဆိုလည်း မဆိုးပါဘူး ဘာပဲဖြစ်ဖြစ် ခင်ဗျားရဲ့ သတ္တုတွင်းက တူးဖော်တာ တစ်ပတ်တောင် မရှိသေးဘူးလို့ ကြားတာကိုး"

လူဝီရင် က ပြောလိုက်သည်။

"လူဝီကင် ပြောတာတော့ ခင်ဗျားက ကျွန်တော်နဲ့ ပူးပေါင်းချင်တယ် ဆို"

"ဟုတ်ပါတယ် မစ္စတာဆွန်ဖုန်း ကျွန်တော် ဒီလုပ်ငန်း လုပ်လာတာ အနှစ်သုံးဆယ် ကျော်ပြီ ကျွန်တော့် နာမည်အောက်မှာ စိန် ပြုပြင်ရေး စက်ရုံ၊ ဒီဇိုင်း ဌာနနဲ့ စိန် လက်ဝတ်ရတနာ အရောင်းဆိုင်ခွဲ ကြီးတွေ ဒါဇင်နဲ့ချီ ရှိတယ် ဒါကြောင့် စိန် လိုအပ်ချက်က အများကြီး ရှိတယ် ခင်ဗျားဆီမှာ စိန် သိုလှောင်မှု ပမာဏ အများကြီး ရှိတာကို တွေ့လို့ ခင်ဗျားဆီကနေ စိန်တွေ ဝယ်ချင်တာပါ ခင်ဗျား ရောင်းချင်မလားတော့ မသိဘူး ဝယ်မယ့် ဈေးနှုန်းပိုင်းကတော့ ခင်ဗျားကို လုံးဝ မနစ်နာစေရပါဘူး"

လူဝီရင် က သဘောထား မှန်ကန်စွာဖြင့် ပြောလိုက်သည်။

"ခင်ဗျားနဲ့ ပူးပေါင်းဖို့တော့ ကျွန်တော် နည်းနည်း စိတ်ဝင်စားပါတယ် ဒါပေမဲ့ လောလောဆယ် ကျွန်တော့်ရဲ့ စိန် ထုတ်လုပ်မှုက မများသေးဘူး ကျွန်တော့်ရဲ့ ထုတ်လုပ်မှု နည်းနည်း တိုးလာတဲ့ အချိန်ကျမှ ကျွန်တော်တို့ အချိန်ပေးပြီး သေချာ ဆွေးနွေးကြရင် ဘယ်လိုလဲ"

ဆွန်ဖုန်းက ပြောလိုက်သည်။

ယခု အချိန်မှာ ပူးပေါင်းဖို့ ဆွေးနွေးရန် စောလွန်းနေသေးသည်။ ဆွန်ဖုန်း အနေဖြင့် အိမ်ပြန်ရောက်လျှင် ဟွမ်ကျားချန်၊ စူးမေး တို့နှင့် အရင် တိုင်ပင်ရဦးမည် ဖြစ်သည်။

"ခင်ဗျား သဘောပါပဲ"

လူဝီရင် ၏ မျက်နှာပေါ်တွင် ဝမ်းသာသော အရိပ်အယောင် ပေါ်လာလေသည်။

ဆွန်ဖုန်း၏ ဤစကားက သူ့ကို ပူးပေါင်းရန် ရည်ရွယ်ချက် ရှိကြောင်း ပြသနေသည်ကို သူ သိလိုက်သည်။ ဆွန်ဖုန်း၏ ဤစကားကြောင့် သူ အတော်လေး စိတ်အေးသွားရသည်။

"လာ ညီလေး ဆွန်ဖုန်း ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက် ညီလေးကို ဂုဏ်ပြုလိုက်မယ်"

လူဝီကင် က ဆွန်ဖုန်းက သူ့ကို မျက်နှာသာ ပေးသည်ကို မြင်သောအခါ အလွန် ဝမ်းသာသွားပြီး ခွက်ကို မြှောက်ကာ ဆွန်ဖုန်းကို ပြောလိုက်လေသည်။

"လာ ချီးယားစ်"

ဒီအကြောင်းတွေ ပြောပြီးနောက် သူတို့ သုံးယောက်က ဂျပန် တော်ဝင် လေလံရုံ အကြောင်းကို ပြန်ပြောကြပြန်သည်။

လူဝီကင် က ဆွန်ဖုန်းကို ဤတစ်ကြိမ် လေလံပွဲတွင် လေလံတင်မည့် အရာများ အဓိကအားဖြင့် ရှေးဟောင်း ပစ္စည်းများ ဖြစ်ပြီး ထိုအာကာသ ဥက္ကာခဲကတော့ နည်းနည်း ထူးဆန်းသော အရာလေး တစ်ခုသာ ဖြစ်ကြောင်း ပြောပြသည်။

သို့သော် ဆွန်ဖုန်း၏ မျက်နှာက အနည်းငယ် မည်းမှောင်သွားလေသည်။ ဤဂျပန် တော်ဝင် လေလံရုံမှ ကျင်းပသော လေလံပွဲတွင် လေလံတင်မည့် ပစ္စည်း အများစုမှာ ယခင်က ဂျပန်တို့ တရုတ်ပြည်မှ လုယက်သွားခဲ့သော ရှေးဟောင်း ပစ္စည်းများ ဖြစ်ကြောင်း သူ ကြားလိုက်ရသည်။

ယွမ်မင်ယွမ် ဥယျာဉ်မှ ရှေးဟောင်း ပစ္စည်းများ၊ ထိုခေတ်က မြို့တော်ရှိ ချမ်းသာသော ကုန်သည်များနှင့် အရာရှိများ၏ အိမ်များမှ လုယက် သိမ်းဆည်းသွားသော ရှေးဟောင်း ပစ္စည်းများ အများအပြား ပါဝင်သည်ဟု ကြားရသည်။

ဆိုလိုသည်မှာ ဤရှေးဟောင်း ပစ္စည်းများ အားလုံးသည် တရုတ်ပြည်၏ နိုင်ငံတော် အဆင့် ရတနာများပင် ဖြစ်လေသည်။

"သောက်ခွေး ဂျပန်ကောင်တွေ"

ဆွန်ဖုန်းက အရက် တစ်ငုံ သောက်ရင်း ကျိန်ဆဲလိုက်သည်။

လူဝီကင် တို့ နှစ်ယောက်လည်း အနည်းငယ် နေရခက်သွားကြသည်။ ဆွန်ဖုန်းက တရုတ်လူမျိုး ဖြစ်ကြောင်း သူတို့ မေ့လုမတတ် ဖြစ်သွားကြသည်။

လက်ရှိတွင် ကနေဒါသို့ ပြောင်းရွှေ့ နေထိုင်နေသော်လည်း အခြားသူများက မိမိနိုင်ငံ၏ ရတနာ အမြောက်အမြားကို လေလံတင်နေသည်ကို မြင်လျှင် သေချာပေါက် ပျော်မည် မဟုတ်ပေ။ သူတို့သာ ဆိုလျှင်လည်း ဒေါသထွက်မည်မှာ သေချာသည်။

"မစ္စတာဆွန်ဖုန်း တကယ်ကို တောင်းပန်ပါတယ် ကျွန်တော်တို့ ဒီအကြောင်း ဆက်မပြောကြတော့ဘူး"

လူဝီကင် က အနည်းငယ် အနေရခက်စွာဖြင့် ပြုံးပြရင်း ပြောလိုက်သည်။

"ရပါတယ် ကျွန်တော်က အဲဒီခေတ်က တရုတ်တွေ မတော်ခဲ့တာကိုပဲ ဒေါသထွက်တာပါ"

ဆွန်ဖုန်းက အေးစက်စက် ပြောလိုက်သည်။

"ဟားဟား ညီလေး ဆွန်ဖုန်းရာ ဒါကလည်း တတ်နိုင်တဲ့ ကိစ္စမှ မဟုတ်တာ ကျွန်တော်တို့ ဂျပန် ကောင်မလေးတွေ အကြောင်းပဲ ပြောကြရအောင် ကျွန်တော် ဂျပန် ကောင်မလေး အတော်များများနဲ့ နေဖူးတယ် ဒီမိန်းမတွေက မွေးရာပါ အစေခံစိတ် ရှိကြတယ် ဘယ်လောက်ပဲ အောက်တန်းကျကျ ဆက်ဆံခံရပါစေ ယောကျာ်းတွေကို ကြီးစိုးချင်တဲ့ စိတ်ဆန္ဒ အပြည့်အဝ ပေးနိုင်စွမ်း ရှိကြတယ် ကျွန်တော်တို့ ဒီည သွားပြီး ပျော်ကြမလား ကျွန်တော် ဒကာခံမယ်

တိုကျိုမှာ နေရာတစ်ခု ရှိတယ် အဲဒီက မိန်းမတွေ အားလုံးက အပျိုစစ်စစ်တွေချည်းပဲ ဒါပေမဲ့ သူတို့က အတွေ့အကြုံ ရင့်ကျက်တဲ့ သူတွေလိုမျိုး သေချာ လေ့ကျင့်ပေးထားတာ"

လူဝီကင် က ဆွန်ဖုန်း ဤသို့ ဖြစ်နေသည်ကို မြင်သောအခါ ဆွန်ဖုန်းကို ပျော်ရွှင်စေရန်နှင့် ထိုစိတ်အနှောင့်အယှက် ဖြစ်စရာ သမိုင်းကြောင်းများကို မတွေးစေရန် ရည်ရွယ်၍ ပြောလိုက်လေသည်။

"ဟား ကျွန်တော့် အစ်ကိုက ဒီကိစ္စတွေမှာ တကယ့်ကို ကျွမ်းကျင်သူ တစ်ယောက် ဆိုတာ ဝန်ခံရမယ်"

လူဝီရင် က လူယုတ်မာ အပြုံးဖြင့် ရယ်မောလိုက်လေသည်။

All Chapters