← Chapters

အခန်း ၃၂၀

Vol. 32 Ch. 320

အခန်း ၃၂၀

Vol. 32 Ch. 320

အခန်း (၃၂၀) - ပင်လယ်ရေမှ ယူရေနီယံထုတ်ယူရေးစက်ရုံ စမ်းသပ်လည်ပတ်ခြင်း

"ကျေးဇူးတင်စရာ မလိုပါဘူးကွယ်... သားတို့နှစ်ယောက် မြန်မြန် ကျန်းမာရေးပြန်ကောင်းအောင်နေ... မကြာခင် ဒုတိယကလေး ထပ်ယူရဦးမယ်လေ... ဟားဟား... အင်း... နောက်တစ်ယောက် မိန်းကလေးဆိုရင် ပိုကောင်းမယ်... အဲ့ဒါဆိုရင် သားတစ်ယောက် သမီးတစ်ယောက်နဲ့ အရမ်းကို ပြည့်စုံသွားပြီ..."

ဆွန်ဖုန်း၏ မိခင်ဖြစ်သူက အလွန်အမင်း ပျော်ရွှင်ကြည်နူးစွာဖြင့် မျှော်လင့်ချက် ကြီးမားစွာ ပြောလိုက်သည်။

ဤစကားကြောင့် ဟယ်မင်ယီမှာ မျက်နှာပေါ်တွင် အမည်းရောင်မျဉ်းများ ဆွဲချခံလိုက်ရသလို ဖြစ်သွားရသည်။ ယောက္ခမဖြစ်သူက သူမကို ဝက်မကြီးတစ်ကောင်လို သဘောထားနေသည်ဟုပင် ခံစားလိုက်ရသည်။

"အို... မေမေကလည်း... အခုဆိုရင် မေမေ့မှာ မြေးလေးတစ်ယောက် မြေးမလေးတစ်ယောက် ရှိနေပြီလေ... နောက်အပတ်ဆိုရင် မြေးမလေး တစ်ယောက် ထပ်တိုးလာတော့မယ်... မေမေက ကလေးဘယ်နှစ်ယောက်လောက် လိုချင်နေတာလဲ..."

ဆွန်ဖုန်းက စကားလမ်းကြောင်း လွှဲလိုက်သည်။

နောင်တစ်ချိန်တွင် ဟွမ်ကျားချန်လည်း သူ၏ကလေးကို မွေးပေးဦးမည်ဖြစ်သည်။ အင်း... နောက်တစ်ခါ ဟွမ်ကျားချန်နှင့် တွေ့လျှင် ပိုပြီး ကြိုးစားရဦးမည်။ သူမကို သေချာ အားဖြည့်ပေးမှသာ ကလေးမွေးနိုင်မည်မဟုတ်ပါလား။ ဟုတ်သည်။ စူးမေးနှင့် ဝူမုန့်ရှင်းတို့ကိုလည်း အမြန်ဆုံး အပိုင်သိမ်းရဦးမည်။

"အာ... ဟုတ်သားပဲ... မေမေ အရမ်းလောကြီးသွားတယ်... ဟုတ်တယ် လူငယ်တွေဆိုတာ ဒီလိုပဲလေ... နောက်ထပ် နှစ်အနည်းငယ်လောက် အရင်ပျော်ပါးကြဦးပေါ့... ဒုတိယကလေး ယူဖို့က မလောပါဘူး... တကယ်လို့ တစ်ခါတည်း ကလေးနှစ်ယောက် ပြိုင်ထိန်းရရင်လည်း ခေါင်းကိုက်ရမှာပဲ..."

မိခင်ဖြစ်သူက သူမကိုယ်သူမ လောကြီးလွန်းသွားသည်ဟု ခံစားမိကာ ရယ်မောရင်း ပြောလိုက်သည်။

ဟယ်မင်ယီက ခေါင်းငုံ့ကာ ဆန်ပြုတ်ကိုသာ တိတ်တဆိတ် သောက်နေလိုက်သည်။

ကလေးတစ်ခါမွေးဖူးပြီးနောက် ဒုတိယကလေး ထပ်ယူရန် သူမ လုံးဝ စိတ်ကူးမရှိတော့ပေ။ ကလေးထိန်းရခြင်းက တကယ်ကို ညှဉ်းပန်းနှိပ်စက်ခံရသလိုပင်။ သူမ၏ ဤအတွေးကို ဆွန်ဖုန်း သိထားပြီးဖြစ်သည်။ သူကလည်း မကန့်ကွက်ပေ။ မည်သို့ပင်ဖြစ်စေ သူ့တွင် အမျိုးသမီးများစွာ ရှိနေပြီဖြစ်ရာ တစ်ယောက်လျှင် ကလေးတစ်ယောက် မွေးပေးမည်ဆိုပါက လုံလောက်နေပြီဖြစ်သည်။

ပျော်ရွှင်စရာအချိန်များက အမြဲတမ်း အလျင်အမြန် ကုန်ဆုံးသွားတတ်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်ပတ်တာအချိန် ကုန်ဆုံးသွားခဲ့ပြီး ယန်ရွှယ်လည်း ဆွန်ဖုန်းအတွက် မင်းသမီးလေးတစ်ပါး ထပ်မံမွေးဖွားပေးခဲ့သည်။ နာမည်ကိုတော့ ဆွန်ရွှယ်ဟန် ဟု ပေးထားသည်။

ပထမဆေးရုံ၏ အထူးလူနာခန်းအတွင်း၌ ယန်ရွှယ်က ကုတင်ပေါ်တွင် အနည်းငယ် ပင်ပန်းနွမ်းနယ်နေဟန်ဖြင့် လှဲလျောင်းနေသည်။

သူမ၏ လှပသော မျက်ဝန်းများက ရင်ခွင်ထဲရှိ သမီးလေးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေပြီး မျက်နှာပေါ်တွင် ပျော်ရွှင်ကြည်နူးမှုများ အပြည့်အဝ ပေါ်လွင်နေသည်။ နောက်ဆုံးတွင်တော့ သူမလည်း ဆွန်ဖုန်းအတွက် ကလေးတစ်ယောက် မွေးဖွားပေးနိုင်ခဲ့ပြီဖြစ်သည်။

သူမလည်း တရားဝင် ဇနီးမယားအဖြစ်သို့ ရောက်ရှိသွားခဲ့ပြီဟု ဆိုရမည်။ သူမ၏ အဆင့်အတန်းက အနိမ့်ဆုံးဖြစ်နေသော်လည်း သူမက ဘာကိုမှ မျှော်လင့်တောင်းဆိုမနေပေ။ သူမ ချစ်ရသော အမျိုးသားနှင့် အတူတကွ နေထိုင်ရလျှင်ပင် လုံလောက်နေပြီဖြစ်သည်။

"အဆင်ပြေရဲ့လား..."

ဆွန်ဖုန်းက ကုတင်ဘေးတွင် ထိုင်ကာ ယန်ရွှယ်၏ နဖူးလေးကို နမ်းရှုံ့လိုက်သည်။ သူမက ခွဲမွေးခဲ့ခြင်းမဟုတ်ဘဲ သဘာဝအတိုင်း မွေးဖွားခဲ့ခြင်းဖြစ်ရာ အမျိုးသမီးများ၏ အဆိုးရွားဆုံးသော နာကျင်မှုဒဏ်ကို ခံစားခဲ့ရသည်။ သူမ၏ ပင်ပန်းနွမ်းနယ်နေသော မျက်နှာကို ကြည့်ရုံဖြင့် သိနိုင်သည်။

"အဆင်ပြေပါတယ်... ကျွန်မတို့ သမီးလေးက ဘယ်လိုနေလဲဟင်..."

ယန်ရွှယ်က နွေးထွေးသောအသံဖြင့် မေးလိုက်သည်။

"အရမ်းလှတာပဲ... မင်းလိုပဲ အရမ်းလှတယ်... ကြီးလာရင် ကျောင်းသူလေးတွေထဲမှာ အလှဆုံးဖြစ်လာမှာ သေချာတယ်... ဒါနဲ့ နောက်ဆိုရင် ငါတို့သမီးလေးတွေအတွက် မင်းသမီးလေးတွေလို စူပါကလေးဘဝလေး ဖန်တီးပေးရမယ်... ပြီးတော့ ကျောင်းနေရွယ်ရောက်ရင်လည်း လူတိုင်းအားကျရတဲ့ ကျောင်းသူဘဝလေး ဖြစ်အောင် ဖန်တီးပေးမယ်... သူတို့ရဲ့ သူငယ်ချင်းတွေ ကျောင်းနေဖက်တွေအားလုံးက သူတို့အဖေက အရမ်းချောတဲ့ စူပါလုပ်ငန်းရှင်ကြီးဆိုတာ သိအောင် လုပ်ပြမယ်... ဟားဟားဟား..."

ဆွန်ဖုန်းက အရှက်အကြောက်ကင်းမဲ့စွာဖြင့် စိတ်ကူးယဉ်နေတော့သည်။

မိမိဘဝတွင် ဆင်းရဲဒုက္ခများစွာ ခံစားခဲ့ရပြီဖြစ်ရာ သားသမီးများ၏ လက်ထက်တွင် ကြယ်ပွင့်များလို တောက်ပစွာ ရှင်သန်ခွင့်ပေးရမည် မဟုတ်ပါလား။

"ရှင် ဒီလိုလုပ်ရင် သူတို့ကို အလိုလိုက်ပြီး အကျင့်ပျက်သွားစေလိမ့်မယ်..."

ယန်ရွှယ်က သဘောမတူပေ။

ချမ်းသာမှုက သုံးဆက်မခံဘူး ဆိုသည့် စကားက ဤအချက်ကြောင့်ပင်ဖြစ်သည်။ သူတို့ကို ပိုက်ဆံဆိုတာ ဘယ်ကလာလဲဆိုတာ သိအောင် လုပ်ပေးရမည်။ ပိုက်ဆံရှာရတာ ဘယ်လောက်ခက်ခဲလဲဆိုတာ သူတို့ကို သိအောင် လုပ်ပေးရမည်။

ယန်ရွှယ်ကိုယ်တိုင် ဤအချက်ကို သေချာသိရှိ ခံစားခဲ့ရဖူးသည်။ အပြင်လောကတွင် နှစ်ပေါင်းများစွာ ရုန်းကန်လှုပ်ရှားခဲ့ရစဉ်က မည်သို့သော ဆင်းရဲဒုက္ခမျိုးကိုမဆို ခံစားခဲ့ရဖူးသည်။ သူမက ဟယ်မင်ယီ၊ ဟွမ်ကျားချန်နှင့် ဝူမုန့်ရှင်းတို့လို မဟုတ်ပေ။

အရှေ့မှ နှစ်ယောက်မှာ သေချာပေါက် သူဌေးသမီးများဖြစ်ပြီး ဝူမုန့်ရှင်းကလည်း အလယ်အလတ်တန်းစား မိသားစုမှဖြစ်သည်။ သူမနှင့် လျန်ယင်းတို့ကသာ ဆင်းရဲနွမ်းပါးသော မိသားစုမှ ဆင်းသက်လာကြသူများဖြစ်ပြီး ဘဝ၏ အခက်အခဲများကို ကောင်းစွာ သိရှိနားလည်ကြသည်။

"အင်း... မင်းပြောတာ မှန်တယ်... ဒါဆိုရင် ငါတို့ သူတို့ကို ဘက်စုံပညာရေး သင်ပေးရမယ်... လူတိုင်းရဲ့ အားကျမှုကို ရရှိစေသလို တစ်ဖက်မှာလည်း ပိုက်ဆံဘယ်လိုရှာရမလဲ ဘယ်လိုချွေတာရမလဲဆိုတာကို သူတို့ကိုယ်တိုင် သိအောင် လုပ်ပေးရမယ်..."

ဆွန်ဖုန်းနှင့် ယန်ရွှယ်တို့က မွေးခါစ သုံးရက်ပင် မပြည့်သေးသော သမီးလေးကို ပွေ့ချီကာ သူတို့၏ အနာဂတ် ကြီးထွားလာမည့် အစီအစဉ်များအကြောင်းကို စတင်ဆွေးနွေးနေကြတော့သည်။

ဆွန်ရွှယ်ဟန်လေး မွေးဖွားပြီး မကြာမီမှာပင် ဆွန်ဖုန်း၏ မိဘများ ပြန်သွားကြသည်။ မည်သို့ပင်ဖြစ်စေ သူတို့က ကျောင်းသားများကို စာသင်ပေးရဦးမည် မဟုတ်ပါလား။

ဤတစ်ကြိမ်တွင်တော့ ဆွန်ဖုန်းက ကလေးထိန်းများနှင့် သန့်ရှင်းရေးလုပ်မည့်သူများကို ငှားရမ်းရတော့မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လက်ရှိတွင် အမျိုးသမီးသုံးယောက်စလုံး အားလပ်ချိန် မရှိကြတော့ပေ။

တစ်ယောက်က ကလေးထိန်းရမည်ဖြစ်ပြီး ကျန်နှစ်ယောက်က မီးတွင်းထဲတွင် ရှိနေသေးသည်။ ဆွန်ဖုန်းကိုယ်တိုင်လည်း အလုပ်သွားလုပ်ရဦးမည်ဖြစ်သည်။ သူတို့ကို ကာကွယ်စောင့်ရှောက်မည့်သူ မရှိဘဲ ပစ်ထားခဲ့၍ မဖြစ်နိုင်ပေ။

ဆွန်ဖုန်းက ဤတစ်ကြိမ်တွင် တရုတ်ပြည်မှ လူငယ်ချောမောသော ကလေးထိန်း နှစ်ယောက်ကို ငှားရမ်းခဲ့ပြီး သန့်ရှင်းရေးအတွက် အဒေါ်ကြီးတစ်ယောက်ကို ငှားရမ်းခဲ့သည်။ သူတို့သုံးယောက်က အမျိုးသမီးသုံးဦးကို ကောင်းစွာ စောင့်ရှောက်ပေးနိုင်မည်ဟု ယုံကြည်ထားသည်။

ဆွန်ဖုန်းက နောက်ထပ် တစ်ပတ်ခန့် ဆက်နေပြီးနောက် နယူးဖောင်လန်ကျွန်း အရှေ့ပိုင်းသို့ ထွက်ခွာသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာရှိ ပင်လယ်ရေမှ ယူရေနီယံထုတ်ယူရေးစက်ရုံမှာ တည်ဆောက်ပြီးစီးသွားပြီဖြစ်ပြီး စမ်းသပ်လည်ပတ်ရန် ပြင်ဆင်နေသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဆွန်ဖုန်း ကိုယ်တိုင် သွားရောက်စစ်ဆေးရန် လိုအပ်သည်။

လက်ရှိတွင် အမျိုးသမီးသုံးဦးမှာ နယူးဖောင်လန်ရှိ စိန့်ဂျွန်မြို့တော်တွင် နေထိုင်နေကြသဖြင့် ဆွန်ဖုန်းက ညဘက်ဆိုလျှင် ကားမောင်းကာ အိမ်ပြန်လာပြီး သူတို့ကို စောင့်ရှောက်ပေးနိုင်သည်။ အရင်ကလို ဗန်ကူးဗားတွင် နေစဉ်ကလောက် အလှမ်းဝေးမနေတော့ပေ။ အများကြီး ပိုမိုအဆင်ပြေသွားခဲ့သည်။

ဆွန်ဖုန်း ဖုန်းရွေ့ ပင်လယ်ရေမှ ယူရေနီယံထုတ်ယူရေးကုမ္ပဏီသို့ ရောက်ရှိသွားသောအခါ ဟွမ်ကျားချန်က ထိုနေရာတွင် သူ့ကို စောင့်ကြိုနေနှင့်ပြီဖြစ်သည်။ သူတို့နှစ်ယောက် မတွေ့ရသည်မှာ လပေါင်းများစွာ ရှိနေပြီဖြစ်ရာ တွေ့တွေ့ချင်း ဘာစကားမှမပြောဘဲ ဟိုတယ်သို့ အရင်သွားကာ လွမ်းသမျှကို ဖြေဖျောက်လိုက်ကြသည်။

မိုးတိမ်များ လွင့်စင်သွားပြီးနောက် ဟွမ်ကျားချန်က ဆွန်ဖုန်း၏ ရင်ခွင်ထဲတွင် လှဲလျောင်းရင်း အလွန်အမင်း ကျေနပ်သွားကာ လပေါင်းများစွာအတွင်း ဖြစ်ပေါ်နေခဲ့သော မွန်းကျပ်မှုများအားလုံး ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

"လျန်ယင်းနဲ့ ယန်ရွှယ်တို့က ရှင့်အတွက် သမီးလေး တစ်ယောက်စီ မွေးပေးခဲ့တယ်ဆို..."

ဟွမ်ကျားချန်က ခေါင်းမော့ကာ သူမကို စိုက်ကြည့်နေသော ဆွန်ဖုန်းအား မေးလိုက်သည်။

"ဟုတ်တယ်လေ... ဘာလဲ... မင်းကရော ကိုယ့်အတွက် ရင်သွေးလေး မွေးပေးချင်နေပြီလား..."

ဆွန်ဖုန်းက ဟွမ်ကျားချန်၏ နူးညံ့သော ပါးပြင်လေးကို အသာအယာ ဆွဲလိမ်ကာ လူဆိုးကြီးတစ်ယောက်လို ပြုံးရင်း မေးလိုက်သည်။

"ကျွန်မ မမွေးချင်သေးပါဘူး... မွေးမယ်ဆိုရင်တောင် အခု ချက်ချင်းတော့ မဟုတ်သေးဘူး... မင်ယီ တစ်ယောက် ကလေးထိန်းနေရလို့ ကိုယ်ပိုင်အချိန်တောင် မရှိတော့တာ ကျွန်မ တွေ့ခဲ့တယ်လေ... ကျွန်မက အစောကြီး ကလေးအမေ မဖြစ်ချင်သေးဘူး..."

ဟွမ်ကျားချန်က လျှာလေးထုတ်ကာ နောက်ပြောင်လိုက်သည်။

"ကောင်းပြီ... ကောင်းပြီ... မြန်မြန်ဆန်ဆန် မမွေးသေးတာလည်း ကောင်းပါတယ်... ဘယ်လိုပဲဖြစ်ဖြစ် မင်းက ကိုယ့်မိန်းမ ဖြစ်ဖို့ သဘောတူထားပြီးသားပဲလေ... ကလေးအမြန်မွေးရင် အောက်ပိုင်း မြန်မြန်ကျယ်သွားမှာပေါ့... ဟီးဟီး..."

ဆွန်ဖုန်းက ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်ရာ ဟွမ်ကျားချန်ထံမှ ချစ်စဖွယ် ညည်းသံလေး ထွက်ပေါ်လာသည်။

"လူဆိုးကြီး... တကယ်လို့ မင်ယီနဲ့ ယန်ရွှယ်တို့သာ ရှင်ဒီလိုပြောတာကို သိသွားရင် ရှင့်ကို သေချာပေါက် အရည်ညှစ်ပစ်ကြမှာပဲ..."

ဟွမ်ကျားချန်က ဆွန်ဖုန်းကို တွန်းထုတ်ကာ ပြောလိုက်သည်။ ဒီလူက တကယ်ကို တည်တည်ငြိမ်ငြိမ် မရှိဘူး။

"ကိုယ်က အမှန်တရားကို ပြောနေတာလေ..."

ဆွန်ဖုန်းက မျက်နှာပြောင်တိုက်ကာ ဖြေလိုက်သည်။

"ဒါဆို ဘယ်သူက အကျပ်ဆုံးလဲ..."

ရုတ်တရက် ဟွမ်ကျားချန်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။ အမျိုးသမီးများက ဤကိစ္စနှင့်ပတ်သက်၍ အမြဲတမ်း နှိုင်းယှဉ်ချင်ကြသည်။ ယခု အခြားသူများ မရှိသဖြင့် သူမက သိချင်၍ မေးကြည့်လိုက်ခြင်းဖြစ်သည်။

"လျန်ယင်း၊ မင်ယီနဲ့ မင်းတို့သုံးယောက်က သိပ်မကွာပါဘူး... ယန်ရွှယ်ကတော့ နည်းနည်း ပိုကျယ်တယ်..."

ဆွန်ဖုန်းက ဖြေလိုက်သည်။

တကယ်တမ်းတွင် အကျပ်ဆုံးမှာ အီဗာ ဟုခေါ်သော ထိုဘဏ္ဍာရေးလုပ်ငန်းစုကြီးမှ သခင်မလေး ဖြစ်သည်ဟု သူ ပြောချင်မိသည်။ သူမက တကယ်ကို ထိပ်တန်းအဆင့်ဖြစ်သည်။ ဆွန်ဖုန်း လက်ရှိအချိန်အထိ တွေ့ဖူးသမျှ အမျိုးသမီးများထဲတွင် သူမက အကောင်းဆုံးဖြစ်သည်။ သူမကို ဆွန်ဖုန်း သိပ်မချစ်သော်လည်း သူမ၏ အရသာကတော့ တကယ်ကို ပြိုင်ဘက်ကင်းပင်ဖြစ်သည်။

"သြော်... ဒီလိုကိုး..."

ဟွမ်ကျားချန်က ကြားပြီးနောက် ခေါင်းညိတ်ကာ လေးနက်စွာ စဉ်းစားခန်း ဝင်သွားသည်။

သူတို့နှစ်ယောက် တစ်နေ့လုံး အတူတကွ နေထိုင်ပြီးနောက် ဒုတိယနေ့တွင် ဖုန်းရွေ့ ပင်လယ်ရေမှ ယူရေနီယံထုတ်ယူရေး စက်ရုံသို့ သွားရောက်စစ်ဆေးကြသည်။

လွန်ခဲ့သော တစ်ပတ်က ဤပင်လယ်ပြင် စက်ရုံကြီး အခြေခံအားဖြင့် တည်ဆောက်ပြီးစီးသွားခဲ့သည်။ ဖုန်းရွေ့သုတေသနဌာနမှ သုတေသီများကလည်း လွန်ခဲ့သော တစ်ပတ်ကတည်းက ဤနေရာသို့ ရောက်ရှိလာပြီး X2 အမျိုးအစား စုပ်ယူရေးဆေးရည်ကို စတင်ဖော်စပ်နေကြပြီဖြစ်သည်။

ဆွန်ဖုန်း၏ အမိန့်တစ်ခွန်းသာ လိုအပ်တော့သည်။ အရာအားလုံး အဆင်သင့်ဖြစ်နေပြီဖြစ်ရာ အချိန်မရွေး စမ်းသပ်လည်ပတ်နိုင်ပြီဖြစ်သည်။

ဆွန်ဖုန်းက ကားမောင်းကာ ဟွမ်ကျားချန်ကို တင်ဆောင်လျက် ဤကမ်းရိုးတန်း စက်ရုံကြီးဆီသို့ လာခဲ့သည်။ ဤစက်ရုံကြီးကို ပင်လယ်ကမ်းစပ်အနီးတွင် တည်ဆောက်ထားခြင်းဖြစ်သည်။ ဤစက်ရုံကြီးအတွက် ဆွန်ဖုန်း၏ အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ကုန်ကျခဲ့ရသည်။

မကြာမီမှာပင် ဆွန်ဖုန်းနှင့် ဟွမ်ကျားချန်တို့ စက်ရုံအနီးရှိ ပင်လယ်ကမ်းစပ် ကားလမ်းမပေါ်သို့ ရောက်ရှိလာခဲ့သည်။ အဝေးမှ လှမ်းကြည့်လိုက်သောအခါ ဤဧရာမ စက်ရုံကြီး၏ ပင်လယ်ပြင် အဆောက်အအုံများနှင့် စက်ရုံရုံများကို ခန့်ညားထည်ဝါစွာ မြင်တွေ့ရသည်။ ဆွန်ဖုန်း၏ ရင်ထဲတွင် ပြောမပြတတ်အောင် ဂုဏ်ယူဝင့်ကြွားမှုများ ဖြစ်ပေါ်လာမိသည်။

ဤစက်ရုံကြီးကို အပိုင်းများစွာ ခွဲခြားထားသည်။

ပင်လယ်ရေမှ ယူရေနီယံထုတ်ယူရေးဌာန၊ စုပ်ယူရေးဆေးရည် ဖော်စပ်ရေးဌာန၊ သိုလှောင်ရုံဌာန၊ ရုံးလုပ်ငန်းဌာန စသည်ဖြင့် သက်ဆိုင်ရာ ဌာနအသီးသီး ပါဝင်သည်။ ဤစက်ရုံကြီးရှိ ဝန်ထမ်းများအားလုံး စုစုပေါင်းလိုက်ပါက လူငါးရာကျော်ခန့် ရှိနေပြီဖြစ်သည်။ ဌာနတိုင်းတွင် ဝန်ထမ်းများ အပြည့်အဝ ခန့်အပ်ထားပြီးဖြစ်ရာ အချိန်မရွေး စတင်လည်ပတ်နိုင်ပြီဖြစ်သည်။

ဆွန်ဖုန်းက စက်ရုံကို တစ်ပတ်လှည့်လည်ကြည့်ရှုပြီးနောက် ဌာနအသီးသီးနှင့် ဝန်ထမ်းများအားလုံး အဆင်သင့်ဖြစ်နေကြောင်း တွေ့ရှိရသည်။

ဤကုမ္ပဏီမှာ လက်ရှိတွင် ဆွန်ဖုန်း ပိုင်ဆိုင်သော ကုမ္ပဏီကြီးများထဲမှ အကြီးဆုံး ကုမ္ပဏီကြီး နှစ်ခုအနက် တစ်ခုအပါအဝင် ဖြစ်လာခဲ့သည်။ ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်မှာလည်း ဒုတိယအများဆုံးဖြစ်သည်။ ပထမအများဆုံးမှာ စိန့်ဖုန်းရေနံမြေဖြစ်ပြီး ထိုနေရာတွင် တူးဖော်ခွင့်တစ်ခုတည်းအတွက်ပင် ဒေါ်လာ ၁.၁ ဘီလီယံ ကုန်ကျခဲ့သည်။ ဤစက်ရုံအတွက်လည်း ဒေါ်လာ ၁ ဘီလီယံနီးပါး ကုန်ကျခဲ့သဖြင့် အကုန်အကျ မတိမ်းမယိမ်းပင်ဖြစ်သည်။

သို့သော်လည်း ဖုန်းရွေ့ ပင်လယ်ရေမှ ယူရေနီယံထုတ်ယူရေး ကုမ္ပဏီက ငွေရှာရာတွင် ပိုမိုမြန်ဆန်ပြီး ပိုမိုလွယ်ကူလိမ့်မည်ဟု ဆွန်ဖုန်း ယုံကြည်ထားသည်။

"အရာအားလုံး အဆင်သင့်ဖြစ်ပြီလား..."

ဆွန်ဖုန်းက ဖုန်းရွေ့သုတေသနဌာနမှ ရောက်ရှိလာသော သုတေသီတစ်ဦးအား မေးလိုက်သည်။

ထိုသူမှာ အခြားသူမဟုတ်ဘဲ ဆွန်ဖုန်း၏ ရေနက်ပိုင်းဖွံ့ဖြိုးတိုးတက်ရေး ဉာဏ်ရည်တုစက်ရုံမှ ဉာဏ်ရည်တုစက်ရုပ်များ ဖန်တီးထားသူများဖြစ်သည်။ X2 အမျိုးအစား စုပ်ယူရေးဆေးရည် ဖော်စပ်မှုကို သူတို့အနည်းငယ်ကသာ ကိုင်တွယ်လုပ်ဆောင်ခြင်းဖြစ်သည်။

ဤဆေးရည်ဖော်စပ်နည်းကို အပြင်သို့ ပေါက်ကြားသွားစေရန် ဆွန်ဖုန်း လုံးဝ အလိုမရှိပေ။ ထို့ကြောင့် စက်ရုံ၏ စုပ်ယူရေးဆေးရည် ထုတ်လုပ်ရေးဌာနကို ဤစက်ရုပ်များကသာ စီမံခန့်ခွဲနေခြင်းဖြစ်သည်။ အခြားသူများသာမက ဟွမ်ကျားချန် ပင်လျှင် ဝင်ရောက်စွက်ဖက် စီမံခွင့် မရှိပေ။

"သူဌေး... အရာအားလုံး အဆင်သင့်ဖြစ်ပါပြီ... လက်ရှိမှာ X2 အမျိုးအစား စုပ်ယူရေးဆေးရည်ကို တစ်ပတ်စာအထိ ဖော်စပ်ထားပြီးပါပြီ... စမ်းသပ်လည်ပတ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ..."

ဤစက်ရုပ်က အစီရင်ခံလိုက်သည်။

"ကောင်းတယ်... ဒါဆိုရင် မနက်ဖြန် စပြီး တရားဝင် စမ်းသပ်လည်ပတ်မယ်... ကျားချင်... ခဏနေကျရင် မင်း ဒီသတင်းကို အောက်ကို ထုတ်ပြန်လိုက်... ဝန်ထမ်းအားလုံး အဆင်သင့်ဖြစ်နေပါစေ... မနက်ဖြန်ကျရင် ဘာအမှားအယွင်းမှ မဖြစ်စေချင်ဘူး..."

ဆွန်ဖုန်းက ပြတ်သားစွာ အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့ပါ... နားလည်ပါပြီ..."

ဟွမ်ကျားချန်က ခေါင်းညိတ်လိုက်သည်။ ဤတစ်ကြိမ် စမ်းသပ်လည်ပတ်မှုမှာ အလွန်အရေးကြီးပြီး သူမ၏ အမျိုးသားအတွက် အလွန်အရေးပါကြောင်း သူမ သိထားသည်။

မကြာမီမှာပင် ဒုတိယနေ့ စမ်းသပ်လည်ပတ်မှု စတင်ခဲ့သည်။

ပင်လယ်ရေမှ ယူရေနီယံထုတ်ယူခြင်း လုပ်ငန်းစဉ်ဆိုသည်မှာ စုပ်ယူရေးဆေးရည်ကို အသုံးပြု၍ ပင်လယ်ရေထဲရှိ ယူရေနီယံများကို စုပ်ယူခြင်းဖြစ်သည်။ ထို့နောက် ထပ်မံ၍ သန့်စင်ခြင်း လုပ်ငန်းစဉ်များ ပြုလုပ်ကာ ကုန်ချောအဖြစ် ထုတ်လုပ်ခြင်းဖြစ်သည်။

ထို့ကြောင့် ယခုပထမအဆင့်အနေဖြင့် ပင်လယ်ရေများကို စုပ်ယူရေးကိရိယာတပ်ဆင်ထားသော အလုပ်ရုံထဲသို့ သွင်းယူရမည်ဖြစ်သည်။ ထို့နောက် X2 အမျိုးအစား စုပ်ယူရေးဆေးရည်ကို စုပ်ယူရေးကိရိယာများပေါ်သို့ ဖြည့်တင်းရမည်။ စုပ်ယူရေးဆေးရည်က ယူရေနီယံများကို စုပ်ယူပြီးနောက် စုပ်ယူပြီးသား ပင်လယ်ရေများကို ပြန်လည်စွန့်ထုတ်ရမည်ဖြစ်သည်။

ထို့နောက် ပင်လယ်ရေအသစ်များကို ထပ်မံသွင်းယူကာ ဤလုပ်ငန်းစဉ်ကို အကြိမ်ကြိမ် ထပ်ခါတလဲလဲ ပြုလုပ်ရမည်ဖြစ်သည်။ ပြောရသည်မှာ လွယ်ကူသော်လည်း လက်တွေ့လုပ်ဆောင်ရာတွင် အလွန်ခက်ခဲလှသည်။ အထူးသဖြင့် ဤကဲ့သို့ အမြောက်အမြား ထုတ်လုပ်မည့် စက်ရုံကြီးများအတွက် ပိုမိုခက်ခဲလှသည်။

"စုပ်ယူရေးကိရိယာ အလုပ်ရုံ အဆင်သင့်ဖြစ်ပါပြီ... ပင်လယ်ရေစွန့်ထုတ်ရေး အလုပ်ရုံ အဆင်သင့်ဖြစ်ပါပြီ... X2 အမျိုးအစား စုပ်ယူရေးဆေးရည် လည်ပတ်မှုစနစ် အဆင်သင့်ဖြစ်ပါပြီ..."

ဆွန်ဖုန်းက စောင့်ကြည့်ခန်းအတွင်း၌ ထိုင်ကာ ဌာနအသီးသီးမှ အစီရင်ခံစာများကို နားထောင်နေသည်။ အားလုံးအဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ကြားသိရပြီးနောက် သူ၏အမိန့်တစ်ခွန်းနှင့်အတူ ဖုန်းရွေ့ ပင်လယ်ရေမှ ယူရေနီယံထုတ်ယူရေး စက်ရုံကြီးက ပထမဆုံးအကြိမ် စတင်စမ်းသပ်လည်ပတ်တော့သည်။

စောင့်ကြည့်ခန်းအတွင်းမှနေ၍ ဌာနအသီးသီး၏ အခြေအနေများကို မြင်တွေ့နိုင်ပြီး စမ်းသပ်လည်ပတ်မှု အခြေအနေများကို သိရှိနိုင်သည်။ ကိုယ်တိုင် သွားရောက်ကြည့်ရှုရန် မလိုတော့ပေ။ ဤသို့ စောင့်ကြည့်ခန်းမှနေ၍သာ အခြေအနေအရပ်ရပ်ကို ခြုံငုံသုံးသပ်နိုင်မည်ဖြစ်သည်။

"စတင်ပြီ..."

ဟွမ်ကျားချန်က ဆွန်ဖုန်း၏ ဘေးတွင်ထိုင်ကာ သူတို့နှစ်ယောက်စလုံးက စခရင်ပေါ်ရှိ လုပ်ငန်းစဉ်အဆင့်ဆင့် စတင်လည်ပတ်လာသည်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြသည်။

"အရာအားလုံး ပုံမှန်ပါပဲ..."

"ပင်လယ်ရေတွေ ဝင်လာပါပြီ... စုပ်ယူရေးဆေးရည် စတင်အလုပ်လုပ်နေပါပြီ... အချက်အလက်တွေအရ ယူရေနီယံတွေကို စတင်စုပ်ယူနေပြီဖြစ်ပါတယ်..."

မြေပြင်ဝန်ထမ်းများ၏ အစီရင်ခံစာများ ထွက်ပေါ်လာပြီးနောက် ဆွန်ဖုန်းနှင့် ဟွမ်ကျားချန်တို့နှစ်ယောက်စလုံး စိတ်သက်သာရာ ရသွားကြသည်။

ထိုနေ့ တစ်နေ့လုံး စမ်းသပ်လည်ပတ်မှုမှာ အလွန်ချောမွေ့ခဲ့သည်။ အသံလက်ထောက် ကူညီဒီဇိုင်းဆွဲပေးထားသော ဤပင်လယ်ရေမှ ယူရေနီယံထုတ်ယူရေး စက်ရုံကြီးက တကယ်ကို ကောင်းမွန်လှသည်။ အဆင့်မြင့်နည်းပညာများ ပါဝင်ပြီး လက်ရှိအချိန်အထိ မည်သည့်ပြဿနာမျှ မပေါ်ပေါက်သေးပေ။

ဒုတိယအချက်အနေဖြင့် X2 အမျိုးအစား စုပ်ယူရေးဆေးရည်ကလည်း တကယ်ကို အစွမ်းထက်လှသည်။ စုပ်ယူမှုအမြန်နှုန်း၊ အရည်အသွေးနှင့် အတိုင်းအတာများအားလုံးက အလွန်ကောင်းမွန်သည်။ အသံလက်ထောက် ဖန်တီးပေးထားသော အရာဖြစ်ပေသည်။

"ပထမနေ့မှာတင် ယူရေနီယံ ၅ တန်တောင် ထုတ်လုပ်နိုင်ခဲ့တယ်... ဒီလောက်အထွက်နှုန်းကောင်းပြီး ဒီလောက်ချောမွေ့လိမ့်မယ်လို့ ကျွန်မ တကယ်ကို မထင်ထားခဲ့ဘူး... ရှင်အရင်က ပြောခဲ့တဲ့ အချက်အလက်တွေနဲ့ အကုန်လုံး ကိုက်ညီနေတယ်... တစ်နေ့ကို ၅ တန် ထုတ်လုပ်နိုင်တယ်ဆိုတာ ယူရေနီယံ ပေါင်ချိန် ၁၁,၀၀၀ လောက် ရှိတယ်လေ... လက်ရှိပေါက်ဈေးအရ ယူရေနီယံ တစ်ပေါင်ကို အမေရိကန်ဒေါ်လာ ၃၂၀ ရှိတယ်... ဒီနေ့ ကျွန်မတို့ရဲ့ ထုတ်လုပ်မှုတန်ဖိုးက ဒေါ်လာ ၃.၅၂ သန်း ဖြစ်သွားပြီ... X2 အမျိုးအစား စုပ်ယူရေးဆေးရည် ထုတ်လုပ်မှုစရိတ် ဒေါ်လာ ၂.၁၁ သန်းကို နုတ်လိုက်ရင် ကျွန်မတို့ရဲ့ အသားတင်အမြတ်ငွေက ဒေါ်လာ ၁.၄၁ သန်း ရှိတယ်... ဒါပေမဲ့ ဝန်ထမ်းတွေရဲ့ လစာတွေ စက်ရုံလည်ပတ်မှုစရိတ်တွေ အခွန်အခတွေကို နုတ်လိုက်ရင်တောင် ကျွန်မတို့ရဲ့ တစ်နေ့စာ အသားတင်အမြတ်ငွေက ဒေါ်လာ ၁.၃ သန်းလောက်တော့ သေချာပေါက် ရှိတယ်... တစ်နှစ်စာ အသားတင်အမြတ်ငွေဆိုရင် ဒေါ်လာ ၄၇၀ သန်းလောက် ရှိမှာပေါ့... ဝါး... ကျွန်မတို့ ချမ်းသာပြီ..."

ဟွမ်ကျားချန်က လေသံကို မထိန်းနိုင်တော့ဘဲ အသံကျယ်ကျယ်ဖြင့် အော်ဟစ်ပျော်ရွှင်နေတော့သည်။

"ဟုတ်တယ်... ငါတို့တွေက တခြားသူတွေထက် အများကြီး ပိုအမြတ်ထွက်တယ်... မင်းသိလား... တခြားသူတွေ ယူရေနီယံ တစ်ပေါင် ထုတ်လုပ်ဖို့ ကုန်ကျစရိတ်က ဒေါ်လာ ၂၉၀ ကနေ ၃၀၀ ကြားမှာ ရှိတယ်... ဒါပေမဲ့ ငါတို့က တစ်ပေါင်ကို ဒေါ်လာ ၁၈၀ ပဲ ကုန်ကျစရိတ်ရှိတာလေ... ဈေးကွက်ထဲမှာ ယူရေနီယံ တစ်ပေါင်ကို ဒေါ်လာ ၃၂၀ လောက်ရှိတယ်... ငါတို့က ယူရေနီယံ တစ်ပေါင်ထုတ်တိုင်း အမြတ်ငွေ ဒေါ်လာ ၁၄၀ လောက် ရနေတာ... ဟားဟား... တွေးကြည့်ရုံနဲ့တင် ပျော်စရာကြီးပဲ..."

ဆွန်ဖုန်း၏ မျက်နှာပေါ်တွင်လည်း အောင်နိုင်သူတစ်ယောက်၏ အပြုံးမျိုး ပေါ်လွင်နေသည်။ ဤမျှကြီးမားသော အမြတ်အစွန်းများ ရရှိနိုင်ခြင်းမှာ X2 အမျိုးအစား စုပ်ယူရေးဆေးရည်၏ ကျေးဇူးကြောင့်ပင်ဖြစ်သည်။

"ဒါပေမဲ့ အရမ်းကြီးလည်း စောစောစီးစီး အောင်ပွဲမခံပါနဲ့ဦး... တစ်နေ့ကို အမြတ်ငွေ ဒေါ်လာ ၁.၃ သန်း တစ်နှစ်ကို ဒေါ်လာ သန်း ၄၀၀ ကျော်ဆိုတာ ကြည့်ရတာ ကြီးမားတဲ့ အမြတ်အစွန်းကြီးလို့ ထင်ရပေမယ့်... မင်း မမေ့နဲ့နော်... ငါဒီစက်ရုံကို ရင်းနှီးမြှုပ်နှံထားတာ ဒေါ်လာ ၁ ဘီလီယံတောင် ရှိတယ်... လက်ရှိ ထုတ်လုပ်မှုနှုန်းနဲ့ဆိုရင် ငါ ရင်းနှီးငွေပြန်ရဖို့ ၂ နှစ် ၃ နှစ်လောက် အချိန်ယူရဦးမယ်... ဟူး... စီးပွားရေးလုပ်ရတာ မလွယ်ပါဘူးကွာ..."

ဆွန်ဖုန်းက သက်ပြင်းချလိုက်သည်။

အကယ်၍ အခြားသော ပင်လယ်ရေမှ ယူရေနီယံထုတ်ယူရေး စက်ရုံများကသာ ဆွန်ဖုန်း၏ ဤစကားကို ကြားလိုက်ရပါက အားလုံးစုပေါင်းပြီး သူ့ကို ဝိုင်းရိုက်ကြမည်မှာ အသေအချာပင်ဖြစ်သည်။

သူတို့၏ ပင်လယ်ရေမှ ယူရေနီယံထုတ်ယူရေး စက်ရုံအများစုမှာ နှစ်စဉ်နှစ်တိုင်း အရှုံးပေါ်နေသည့် လုပ်ငန်းများသာဖြစ်သည်။ သို့သော်လည်း လက်ရှိ ပင်လယ်ရေမှ ယူရေနီယံထုတ်ယူရေး စက်ရုံအများစုမှာ နိုင်ငံတော်က တည်ဆောက်ထားခြင်းဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ထိုနိုင်ငံများက သူတို့၏ နျူကလီးယားစက်ရုံများ လည်ပတ်ရန်အတွက် ယူရေနီယံ လိုအပ်နေသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဤပင်လယ်ရေမှ ယူရေနီယံထုတ်ယူရေး ကုမ္ပဏီများမှာ နှစ်စဉ်အရှုံးပေါ်နေသည့်တိုင်အောင် ဆက်လက်လည်ပတ်နေရခြင်းဖြစ်သည်။

နိုင်ငံတော်က ငွေကြေးစိုက်ထုတ်တည်ဆောက်ပြီး ကိုယ့်ဘာသာ ထုတ်လုပ်ကာ ကိုယ့်ဘာသာ ပြန်လည်အသုံးပြုခြင်းဖြစ်သည်။ အရှုံးပေါ်နေလျှင်တောင် ဆက်ဖွင့်ထားရမည်ဖြစ်သည်။ မဖွင့်လျှင် သူတို့၏ နျူကလီးယားစက်ရုံများ လည်ပတ်နိုင်မည်မဟုတ်ပေ။

ထို့အပြင် ယခုအချိန်တွင် အခြေအနေ နည်းနည်း ပိုကောင်းလာသည်ဟု ဆိုရမည်။ နည်းပညာများ တိုးတက်လာမှုကြောင့် အရှုံးပေါ်သည့်တိုင်အောင် ယခင်ကလောက် အများကြီး မရှုံးတော့ပေ။ လွန်ခဲ့သော ဆယ်စုနှစ်များစွာကဆိုလျှင် ငွေရှို့နေသည့် စက်ရုံကြီးတစ်ခုသာ ဖြစ်သည်။ လက်နက်ထုတ်လုပ်သကဲ့သို့ပင် နိုင်ငံတော်က လိုအပ်နေသဖြင့် ငွေရှို့ရမည်ဆိုလျှင်တောင် ရှို့ရမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဆက်လက်ထုတ်လုပ်နေရမည်ဖြစ်သည်။

ဆွန်ဖုန်း၏ လက်ရှိ ပင်လယ်ရေမှ ယူရေနီယံထုတ်ယူရေး စက်ရုံက အမြတ်အစွန်းများစွာ ရရှိနေခြင်းမှာ အမှန်တကယ်ပင် လက်ရှိကမ္ဘာပေါ်တွင် အကောင်းဆုံး ပင်လယ်ရေမှ ယူရေနီယံထုတ်ယူရေး စက်ရုံကြီးတစ်ခု ဖြစ်နေသောကြောင့်ဖြစ်သည်။ သူ၏ ဖုန်းရွေ့သုတေသနဌာနမှ ဖော်ထုတ်ထားသော X2 အမျိုးအစား စုပ်ယူရေးဆေးရည်က တကယ်ကို အစွမ်းထက်လွန်းလှသည်။ ကုန်ကျစရိတ်ကို အများကြီး လျှော့ချနိုင်ခဲ့ရာ အမြတ်မရဘဲ နေပါမည်လား။

"ကဲပါ... ပူမနေပါနဲ့... ဒီနေ့ ပထမဆုံး စမ်းသပ်လည်ပတ်တာတောင် ယူရေနီယံ ၅ တန်တောင် ထုတ်လုပ်နိုင်ခဲ့တယ်... အတိကျဆုံး အချက်အလက်တွေအရ ကျွန်မတို့စက်ရုံရဲ့ အရွယ်အစားနဲ့ဆိုရင် တစ်နေ့ကို စံသတ်မှတ်ချက်ထုတ်လုပ်မှုနှုန်းက ယူရေနီယံ ၆ တန်ကျော် ရှိတယ်လေ... ဆိုလိုတာက ဒီနေ့ထက်တောင် ပိုများလာဦးမှာပါ... ရှင်က ရင်းနှီးငွေပြန်ရဖို့ အချိန်ကြာတယ်လို့ တွေးနေပေမယ့် ဒီလိုမျိုး ပင်လယ်ရေကနေ ယူရေနီယံထုတ်ယူတဲ့ စက်ရုံတော်တော်များများက အရှုံးခံပြီး ထုတ်လုပ်နေရတာကို ရှင်မမေ့နဲ့နော်... ကျွန်မတို့က ဒီလောက်အမြတ်ငွေတွေ ရနေတာကိုက ကမ္ဘာ့ထိပ်တန်းအဆင့်ကို ရောက်နေပါပြီ..."

ဟွမ်ကျားချန်က နှစ်သိမ့်ပေးလိုက်သည်။

"ကိုယ် သိပါတယ်... နောက်ပိုင်းကျရင် ငါတို့ရဲ့ ထုတ်လုပ်မှုနှုန်းက ဆက်ပြီး တိုးတက်လာဦးမယ်လို့ ကိုယ်ယုံကြည်ပါတယ်..."

ဆွန်ဖုန်းက ပြုံးရင်း ပြောလိုက်သည်။

ပင်လယ်ရေမှ ယူရေနီယံထုတ်ယူခြင်းက ကုန်းတွင်းပိုင်း တွင်းထွက်များမှ ယူရေနီယံထုတ်ယူခြင်းထက် ကုန်ကျစရိတ် လေးငါးဆခန့် ပိုမိုများပြားကြောင်း သူ သိထားသည်။ ထို့ကြောင့် ပုဂ္ဂလိက ယူရေနီယံထုတ်ယူရေး စက်ရုံအများစုမှာ ကုန်းတွင်းပိုင်းမှ ထုတ်ယူကြခြင်းဖြစ်သည်။

ဤကဲ့သို့ ပင်လယ်ရေမှ ယူရေနီယံထုတ်ယူရေး စက်ရုံများမှာ လက်ရှိတွင် နိုင်ငံတော်အစိုးရများကသာ ရင်းနှီးမြှုပ်နှံ တည်ဆောက်ကြခြင်းဖြစ်သည်။ ထုတ်လုပ်ရရှိသမျှကိုလည်း ကိုယ်ပိုင်အသုံးပြုရန် သိမ်းဆည်းထားကြသည်။ သေချာသည်မှာတော့ အချို့သော ပင်လယ်ရေမှ ယူရေနီယံထုတ်ယူရေး စက်ရုံများမှာ ဖက်စပ်လုပ်ငန်းများဖြစ်သည်။ ပုဂ္ဂလိကနှင့် နိုင်ငံတော် ဖက်စပ်လုပ်ကိုင်ခြင်းဖြစ်သည်။ ဥပမာအားဖြင့် ဥရောပနှင့် အမေရိကတိုက်ဘက်တွင် ထိုသို့သော ကုမ္ပဏီအချို့ ရှိသည်။

ပင်လယ်ရေမှ ယူရေနီယံထုတ်ယူရေး နည်းပညာမှာ အလွန်မြင့်မားသော နည်းပညာလိုအပ်ချက်ရှိပြီး စက်ရုံတည်ဆောက်ရန် ရင်းနှီးမြှုပ်နှံမှုမှာလည်း အလွန်ကြီးမားလှသည်။ သာမန်စီးပွားရေးသမားများ လုံးဝ မလုပ်ကိုင်နိုင်ပေ။

ဆွန်ဖုန်းကဲ့သို့ ငွေကြေးကြွယ်ဝပြီး အဆင့်မြင့်ဆုံး နည်းပညာကို ပိုင်ဆိုင်ထားသော သူဌေးကြီးမျိုးမှသာ ဤသို့ ရဲရဲဝံ့ဝံ့ လုပ်ဆောင်ရဲခြင်းဖြစ်သည်။

All Chapters