အခန်း ၃၂၅
Vol. 33 Ch. 325
အခန်း (၃၂၅) - ငါ့ရဲ့ အကဖော် လုပ်ပေး
ဆွန်ဖုန်း လှည့်ကြည့်လိုက်ရာ အဝတ်အစားဝတ်ဆင်နေသော အယ်လီဆာကို မြင်လိုက်ရသဖြင့် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ခဏနေ ကားပေါ်ကဆင်းရင် ကားတံခါးကို ပိတ်ခဲ့ဖို့ မမေ့နဲ့အုံး..."
ဆွန်ဖုန်းက စကားတစ်ခွန်းသာ ချန်ရစ်ခဲ့ပြီးနောက် အရှေ့တွင် လျှောက်သွားနေသော အီဗာ၏နောက်သို့ ခပ်သုတ်သုတ် ပြေးလိုက်သွားခဲ့သည်။
"ဟွန့်... ယောက်ျားတွေ တစ်ယောက်မှ အသုံးမကျဘူး... ခုနက ငါ့ခံစားချက်တွေကို အလကား အချည်းနှီးဖြစ်အောင် လုပ်သွားတယ်... လည်ချောင်းတွေ ကွဲမတတ် အော်ပေးခဲ့ရတာ... ဆွန်ဖုန်း... နင် သေချာပေါက် မှတ်ထားလိုက်..."
အဝတ်အစား သေသပ်စွာ ဝတ်ဆင်ပြီးသွားသော အယ်လီဆာက ဆွန်ဖုန်း၏ ကျောပြင်ကို ကြည့်ကာ လက်ခလယ်ထောင်ပြလိုက်သည်။
သူမက ဆွန်ဖုန်းတစ်ယောက် သူမ၏ စကတ်အောက်တွင် ဒူးထောက်လာလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော်လည်း ထိုကိစ္စကို အဆုံးမသတ်ရသေးခင်မှာပင် အီဗာ ရုတ်တရက် ပေါ်လာပြီးနောက် ဆွန်ဖုန်းက ထိုအမျိုးသမီးနောက်သို့ ချက်ချင်း ပြေးလိုက်သွားခဲ့ရာ အယ်လီဆာတစ်ယောက် ဒေါသထွက်လွန်း၍ ကျိန်ဆဲနေမိတော့သည်။
ဆွန်ဖုန်းက အယ်လီဆာ၏ ကျိန်ဆဲမှုများကို ဂရုစိုက်နေမည် မဟုတ်ပေ။ သူမကို ဖာသည်မတစ်ယောက်လိုသာ သဘောထားပြီး ကစားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဒုတိယအကြိမ် ထပ်မံ၍ ကစားတော့မည်လည်း မဟုတ်ပေ။ ဤကဲ့သို့သော အမျိုးသမီးမျိုးနှင့် ဆွန်ဖုန်းက မည်သည့်အဆက်အသွယ်မှ ဆက်လုပ်နေမည် မဟုတ်ပေ။
"အီဗာ... ငါ့ကို စောင့်ပါအုံး... ဘာလို့ အဲ့ဒီလောက် အလောတကြီး သွားနေရတာလဲ..."
ဆွန်ဖုန်းက အမြန်ပြေးလိုက်သွားကာ ရယ်ဖြီးဖြီးဖြင့် ပြောလိုက်သည်။
ဆွန်ဖုန်း နောက်မှ လိုက်ပါလာသည်ကို မြင်လိုက်ရသောအခါ သူ အနိုင်ကျင့်ခဲ့ဖူးတဲ့ ထိုသူဌေးသမီးလေး အီဗာ၏ မျက်ခုံးလှလှလေးများက တွန့်ချိုးသွားခဲ့သည်။
"နင် ဘာလို့ နောက်က လိုက်လာတာလဲ... နင့်မျက်နှာကို ထပ်မမြင်ချင်တော့ဘူး... ထာဝရပဲ..."
အီဗာ၏ လေသံက ဆွန်ဖုန်းကို နေရာမှာတင် ရေခဲတုံးအဖြစ် အေးခဲသွားစေမည့်အလား အလွန်အေးစက်နေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် သူမက ဆွန်ဖုန်းကို မည်မျှအထိ မုန်းတီးနေကြောင်း သိသာထင်ရှားလှသည်။
"ဟီးဟီး... ဟိုတစ်ညက ကိစ္စကလေ..."
ဆွန်ဖုန်းက အီဗာ သူ့ကို သတ်ပစ်ချင်နေမှန်း သိသော်လည်း မျက်နှာပြောင်တိုက်ကာ အနားသို့ တိုးကပ်သွားပြီး ကိစ္စသေးသေးလေးတစ်ခုအကြောင်း ဆွေးနွေးရန် ကြိုးစားလိုက်သည်။
"အဲ့ဒီကိစ္စကို ထပ်မပြောနဲ့... နင်နဲ့ ငါ အခု ဘာမှမပတ်သက်ဘူး... ငါ့ကို လာမနှောင့်ယှက်ပါနဲ့... ကြားလား..."
အီဗာက ခြေလှမ်းများကို ရပ်တန့်လိုက်ပြီးနောက် လှည့်ကာ ဆွန်ဖုန်းကို စိုက်ကြည့်လျက် အေးစက်စွာ ပြောလိုက်သည်။
"ကောင်းပါပြီ... ကောင်းပါပြီ... အဲ့ဒီကိစ္စကို ငါ ထပ်မပြောတော့ပါဘူး... အဟမ်း... ဒီလိုပါ... ဒီည ငါ့မှာ အကဖော် မရှိလို့... မင်းကို ငါ့ရဲ့ အကဖော်အဖြစ် ဖိတ်ခေါ်ချင်လို့ပါ... ဘယ်လိုသဘောရလဲ..."
ဆွန်ဖုန်းက အမြဲတမ်း မျက်နှာပြောင်တိုက်တတ်သူပီပီ အီဗာ၏ အေးစက်စက် အကြည့်များကို လုံးဝ လျစ်လျူရှုကာ အလွန်ပေါ့ပါးလွတ်လပ်စွာဖြင့် ပြောလိုက်သည်။
"လုံးဝ မဖြစ်နိုင်ဘူး... ငါ့မျက်စိရှေ့ကနေ ထွက်သွားစမ်း..."
အီဗာက ရှေ့သို့ ဆက်လျှောက်သွားရင်း ဆွန်ဖုန်း၏ တောင်းဆိုမှုကို တိုက်ရိုက်ပင် ငြင်းပယ်လိုက်သည်။
ဟာသလုပ်နေတာလား။ ရှေ့တွင်ရှိနေသူမှာ သူမ၏ ရန်သူကြီးဖြစ်သည်။ တစ်ဖက်လူက သူ့ကို အကဖော်လုပ်ပေးရန် တောင်းဆိုရဲသည်အထိ မျက်နှာပြောင်တိုက်လွန်းလှသည်။
"ဟေး ဟေး ဟေး... ငါ့ကို တစ်ညလောက် အကဖော် လုပ်ပေးရုံလေးကို... မင်းက ဒီလောက်ကြီး ရက်ရက်စက်စက် ငြင်းပယ်စရာ မလိုပါဘူးကွာ..."
ဆွန်ဖုန်းက ထပ်မံ၍ ပြေးလိုက်သွားပြီး အီဗာ၏ တင်ပါးလှလှလေးကို ကြည့်ကာ ဟီးဟီးဟားဟား ရယ်မောရင်း ပြောလိုက်သည်။
"နင့်မှာ အကဖော် ရှိနေပြီ မဟုတ်ဘူးလား... ကားပေါ်က မိန်းမလေ..."
အီဗာက လှည့်မကြည့်ဘဲ ပြန်ပြောလိုက်သည်။
"အော်... မင်းပြောတာ အယ်လီဆာကိုလား... ငါတို့ သိတာ တစ်နာရီတောင် မပြည့်သေးဘူး... သူက ငါ့အကြိုက် မဟုတ်ပါဘူး... မင်းကမှ ငါနဲ့ အလိုက်ဖက်ဆုံးလို့ ထင်တယ်..."
ဆွန်ဖုန်းက ဖြေလိုက်သည်။
"ငါနဲ့ နင်က မရင်းနှီးဘူး... ငါ့နောက်ကို မလိုက်ခဲ့နဲ့... မနှောင့်ယှက်နဲ့... ကြားလား..."
ယခုအခါ အီဗာ၏ ဒေါသများက ပို၍ ကြီးမားလာခဲ့ပြီဖြစ်သည်။ ဆွန်ဖုန်း၏ နှောင့်ယှက်မှုများကို ရင်ဆိုင်ရချိန်တွင် သူမက သူ့ကို ရိုက်သတ်ချင်စိတ်များပင် ပေါ်လာတော့သည်။ သေချာသည်ကတော့ သူမက သူ့ကို ယှဉ်နိုင်မည်ဆိုလျှင်ပေါ့။
"ငါတို့က မရင်းနှီးဘူး ဟုတ်လား... အယ်... ဟိုတစ်ညကတောင် ငါတို့တွေ အဲ့ဒီလိုမျိုး အခြေအနေအထိ ရောက်ခဲ့ပြီးတာတောင် မရင်းနှီးသေးဘူးလား... အဲ့ဒါမှ မရင်းနှီးဘူးဆိုရင် ဘယ်လိုဟာကို ရင်းနှီးတယ်လို့ ခေါ်တာလဲ..."
ဆွန်ဖုန်းက နှုတ်ခမ်းတွန့်ကာ ပြောလိုက်သည်။
"နင်..."
ဆွန်ဖုန်း၏ စကားကို ကြားလိုက်ရသောအခါ အီဗာ၏ မျက်နှာက ချက်ချင်း ညိုမည်းသွားပြီး ထိုညက မျှော်လင့်ချက်မဲ့ခဲ့ရမှုများကို ပြန်လည်သတိရသွားစေသည်။
"မင်းသာ သဘောမတူဘူးဆိုရင်... ခဏနေ ကပွဲရောက်တဲ့အခါ မင်းက ငါ့ရည်းစားပါလို့ အားလုံးသိအောင် ကြေညာပစ်မှာနော်... ငါတို့က အရမ်းကို ရင်းနှီးတဲ့ အထိအတွေ့တွေတောင် ရှိခဲ့ဖူးတာကို..."
ဆွန်ဖုန်းက လူဆိုးကြီးတစ်ယောက်လို ရယ်မောကာ ပြောလိုက်သည်။ သူ၏ မျက်လုံးများကလည်း အီဗာ၏ ခန္ဓာကိုယ်အနှံ့သို့ စုန်ချီဆန်ချီ ကြည့်ရှုနေတော့သည်။
ဆွန်ဖုန်းက သူမ၏ အားနည်းချက်ကို ကိုင်ကာ ထပ်မံခြိမ်းခြောက်နေပြီဖြစ်ကြောင်း အီဗာ သိလိုက်သည်။
သူမကိုယ်သူမ အလွန် ကံဆိုးလှသည်ဟု ထင်မိသည်။ ဤဘဝတွင် ဆွန်ဖုန်းနှင့် ထပ်မံဆုံတွေ့ရတော့မည် မဟုတ်သလို ထပ်လည်း မတွေ့ချင်တော့ဟု သူမ ထင်မှတ်ထားခဲ့သည်။ သို့သော်လည်း တွက်ဆမှုများစွာ ပြုလုပ်ခဲ့သော်လည်း ဤကပွဲတွင် သူ့ကို ထပ်မံဆုံတွေ့ရလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။ တကယ့်ကို ခွေးကိုက်ခံရသလို ခံစားချက်မျိုးပင် ဖြစ်သည်။
"ကောင်းပြီလေ... နင်က တော်တော် ရက်စက်နိုင်တာပဲ... ဒါပေမဲ့ နင့်ကို တစ်ပုဒ်ပဲ ကပေးမယ်လို့ ကတိပေးတယ်... နောက်ဆိုရင် ငါ့ရှေ့မှာ လုံးဝ ပေါ်မလာနဲ့တော့..."
အီဗာက ဆွန်ဖုန်းကို စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
"သဘောတူတယ်..."
ဆွန်ဖုန်းက ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။
"နင် ဘာလုပ်တာလဲ..."
နောက်တစ်စက္ကန့်တွင် အီဗာ၏ သွယ်လျသော ခါးလေးကို ဆွန်ဖုန်းက ဆွဲဖက်လိုက်ရာ သူမက လျှပ်စစ်ရှော့ခ်မိသွားသကဲ့သို့ ခုန်ရှောင်လိုက်ပြီး ဆွန်ဖုန်းကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
"အကဖော်တစ်ယောက်အနေနဲ့... မင်းကို ဖက်ပြီး အတူတူ ဝင်သွားရမှာပေါ့... အဲ့ဒါမှ ပိုပြီး ရင်းနှီးပုံပေါက်မှာလေ..."
ဆွန်ဖုန်းက အပြစ်ကင်းမဲ့သည့်ဟန်ဖြင့် ပြောလိုက်သည်။
'မင်းက ဒီလောက်ကြီး တုံ့ပြန်ဖို့ လိုလို့လား... ဟိုတစ်ညက နောက်ပိုင်းမှာဆို ဝက်သေကြီးလို ငြိမ်သက်နေပြီး ညည်းသံလေးတောင် မထွက်တော့ဘဲနဲ့များ... အဲ့ဒါကြောင့်သာ ငါလည်း စိတ်မပါတော့ဘဲ သုံးနာရီလောက်ပဲ နှိပ်စက်လိုက်တာပေါ့...'
ဟု စိတ်ထဲမှ ကြိတ်တွေးလိုက်သည်။ နောက်ဆုံးတွင်တော့ ဆွန်ဖုန်းက အရှက်အကြောက်ကင်းမဲ့စွာဖြင့် အီဗာကို ဖက်လျက် ခန်းမကြီးထဲသို့ ဝင်ရောက်လာခဲ့တော့သည်။
ဆွန်ဖုန်း ပေါ်လာသည်နှင့်တစ်ပြိုင်နက်... အော် မဟုတ်သေးပေ။ အီဗာ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ခန်းမထဲရှိ အမျိုးသားများစွာ၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားတော့သည်။
"အို... အီဗာသခင်မလေး ရောက်လာပြီ..."
"အီဗာသခင်မလေး... သူမ ဘယ်မှာလဲ..."
"ဟင်... အီဗာကို ဖက်ထားတဲ့ အဲ့ဒီလူက ဘယ်သူလဲ... သူမရဲ့ အစ်ကိုလား ဝမ်းကွဲအစ်ကိုလား... ဒါမှမဟုတ် သူမရဲ့ ရည်းစားများလား... မဖြစ်နိုင်ပါဘူး..."
နောက်တစ်စက္ကန့်တွင် ရုပ်ရည်ချောမောသော လူငယ်သူဌေးသားများက အီဗာထံသို့ သွားရောက်စကားပြောရန် ပြင်လိုက်ချိန်တွင် အီဗာ၏ဘေး၌ အမျိုးသားတစ်ဦးက သူမကို ဖက်ထားသည်ကို မြင်လိုက်ရသဖြင့် အားလုံး အကြီးအကျယ် စိတ်ပျက်သွားကြသည်။
ကပွဲသို့ ရောက်ရှိနေသူများအားလုံး မျက်လုံးပြူးကာ မေးရိုးများပင် ပြုတ်ကျမတတ် အံ့အားသင့်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ယခင်က အီဗာ၏ ခါးသွယ်သွယ်လေးကို မည်သည့်အမျိုးသားကမျှ ဖက်ထားသည်ကို မမြင်ဖူးခဲ့သောကြောင့်ဖြစ်သည်။ သူမ၏ ဖခင်မှလွဲ၍ပေါ့။
"ဘုရားရေ... ငါ အိပ်မက်မက်နေတာတော့ မဟုတ်ပါဘူးနော်... မျက်စိများ မှားနေတာလား... အီဗာကို ဖက်ထားတဲ့ အမျိုးသားတစ်ယောက် ရှိနေတယ်..."
"အဲ့ဒီလူက ဘယ်သူလဲ... ငါ သူနဲ့ တစ်ယောက်ချင်း ယှဉ်ချမယ်... သူက အီဗာရဲ့ ခါးလေးကို ဖက်ရဲတယ်ပေါ့လေ..."
"သွားမယ်... သူ့ကို သွားဝိုင်းပြီး သင်ခန်းစာပေးကြရအောင်..."
မကြာမီမှာပင် သူဌေးသား ဆယ်ယောက်ကျော်ခန့်က လျှောက်လာကြသည်။ သူတို့အားလုံးက ဆွန်ဖုန်းကို အစိမ်းလိုက် ဝါးစားတော့မည့်အလား လူသတ်ချင်နေသော အကြည့်များဖြင့် စိုက်ကြည့်နေကြသည်။
"အီဗာသခင်မလေး... မင်္ဂလာပါ... ဒီကလူက ဘယ်သူများလဲ..."
ရှေ့ဆုံးမှ ခေါင်းဆောင်ဖြစ်သူ သူဌေးသားတစ်ဦးက အီဗာအား မျက်နှာချိုသွေးကာ နှုတ်ဆက်လိုက်ပြီးနောက် မျက်နှာထားတင်းခံလျက် ဆွန်ဖုန်းကို တစ်ချက်စိုက်ကြည့်ကာ မေးလိုက်သည်။
"အီဗာသခင်မလေး မင်္ဂလာပါ..."
အနောက်မှ သူဌေးသားများကလည်း အနီးသို့ တိုးကပ်လာကာ အီဗာကို နှုတ်ဆက်လိုက်ကြသည်။
ထို့နောက် အားလုံးက အီဗာ၏ စကားကို စောင့်ဆိုင်းနေကြသည်။ ဤအမျိုးသားမှာ မည်သူမည်ဝါဖြစ်ကြောင်းကို သူတို့ အလွန်သိချင်နေကြသည်။ သူတို့က သူ့ကို တစ်ခါမှ မမြင်ဖူးကြပေ။ သူတို့အားလုံးမှာ ဒုတိယမျိုးဆက် သူဌေးသားများအသိုင်းအဝိုင်းတွင် ထိပ်တန်းအဆင့်များ ဖြစ်ကြသော်လည်း သူတို့အသိုင်းအဝိုင်းတွင် ဤသူကို တစ်ခါမှ မတွေ့ဖူးခဲ့ကြပေ။
သို့သော်လည်း အီဗာက စကားပြောရန် မရည်ရွယ်ဘဲ ဆွန်ဖုန်း၏ လက်ကို တွန်းဖယ်လိုက်ကာ ဘေးဘက်သို့ သွား၍ ဝိုင်တစ်ခွက် ယူလိုက်သည်။
ဆွန်ဖုန်းက နောက်မှ လိုက်သွားရန် ပြင်လိုက်ချိန်တွင် ထိုသူဌေးသား ဆယ်ယောက်ကျော်က သူ့ကို ဝိုင်းရံပိတ်ဆို့လိုက်ကြသဖြင့် လမ်းမရှိတော့ပေ။ အီဗာက ဤအခြေအနေကို မြင်လိုက်ရသောအခါ စိတ်ထဲမှ သက်ပြင်းတစ်ချက်ချကာ စိတ်သက်သာရာ ရသွားတော့သည်။
"ဟေး... မင်းနာမည် ဘယ်လိုခေါ်လဲ... မင်းက ဘာဖြစ်လို့ အီဗာသခင်မလေးကို ဖက်ထားရတာလဲ..."
အရပ်မောင်းကောင်းကောင်းဖြင့် လူကောင်ထွားထွား သူဌေးသား သုံးယောက်က ဆွန်ဖုန်း၏ အရှေ့ဆုံးတွင် ပိတ်ရပ်လိုက်သည်။ သူတို့၏ အရပ်မှာ ၁.၉ မီတာခန့် ရှိရာ ဆွန်ဖုန်းထက် စင်တီမီတာ အနည်းငယ်မျှ ပိုရှည်နေကြသည်။
"ဘာဖြစ်လို့လဲ... ငါက မင်းတို့ကို ဘာလို့ ပြောပြရမှာလဲ... မင်းတို့က ဘယ်သူတွေမို့လို့လဲ... မင်းတို့နဲ့လည်း ငါနဲ့က မရင်းနှီးဘူး... ဖယ်ကြ ဖယ်ကြ... ငါက အီဗာလေးဆီ သွားပြီး ဘဝရဲ့ ရည်မှန်းချက်တွေအကြောင်း ဆွေးနွေးရဦးမယ်..."
ဆွန်ဖုန်းက ထိုလူအုပ်ကြီးကို မျက်လုံးလန်ပြလိုက်ပြီး ဒေါသတကြီးဖြင့် ပြောလိုက်သည်။ ဤလူတွေက ရူးများရူးနေသလား။ သူ့ကို လာဝိုင်းထားကြသည်။