← Chapters

အခန်း ၃၃၀

Vol. 33 Ch. 330

အခန်း ၃၃၀

Vol. 33 Ch. 330

အခန်း (၃၃၀) - လောကမှာ အကြွေးဆိုတာ ပြန်ဆပ်ရစမြဲပဲ

ဂရီ၏ ပထမဆုံး ခံစားချက်မှာ မြန်ဆန်လွန်းလှသည်ဟူ၍သာ ဖြစ်သည်။ သူ လုံးဝ ကာကွယ်ချိန်နှင့် တုံ့ပြန်ချိန် မရလိုက်လောက်အောင်ပင် မြန်ဆန်လွန်းလှသည်။ ဒုတိယ ခံစားချက်မှာ နာကျင်မှုပင်ဖြစ်သည်။ အလွန်ပြင်းထန်သော နာကျင်မှုကြီးဖြစ်သည်။ တတိယ ခံစားချက်မှာ မူးဝေသွားခြင်းဖြစ်သည်။

သူက နာကျင်မှုနှင့် မူးဝေမှုများကို တစ်ပြိုင်နက်တည်း ခံစားလိုက်ရပြီး သူ၏ ဝိညာဉ်ပင် ခန္ဓာကိုယ်ထဲမှ လွင့်ထွက်သွားတော့မည့်အလား ခံစားလိုက်ရသည်။ သူက ဆွန်ဖုန်းကို အထင်မသေးခဲ့သလို လျှော့လည်း မတွက်ခဲ့ပေ။ သူက ဆွန်ဖုန်း၏ လက်သီးတစ်ချက်တည်းဖြင့် လဲကျသွားရခြင်းမှာ ဆွန်ဖုန်းက အလွန်တရာ အစွမ်းထက်လွန်းနေသောကြောင့်ဖြစ်သည်။ ဂရီ လုံးဝ ခုခံနိုင်စွမ်း မရှိလောက်အောင်ကို အစွမ်းထက်လွန်းနေခြင်းဖြစ်သည်။

ဤသည်မှာ အင်အားကွာဟချက် အလွန်ကြီးမားလွန်းသော ယှဉ်ပြိုင်မှုတစ်ခုဖြစ်ပြီး နောက်ဆုံးတွင် ဂရီ ရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။

'ဒိုင်း'

ဂရီတစ်ယောက် ဆွန်ဖုန်း၏ လက်သီးတစ်ချက်တည်းဖြင့် မြေပြင်ပေါ်သို့ လဲကျသွားပြီးနောက် တစ်ကွင်းလုံးရှိ လူဒါဇင်ပေါင်းများစွာ၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။ အချို့လူများဆိုလျှင် ဤရလဒ်ကို မြင်တွေ့လိုက်ရသောအခါ အလိုအလျောက် မျက်လုံးများကို ပွတ်သပ်လိုက်ကြပြီး မြင်ကွင်းကို လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေကြသည်။

'ဒေါက်... ဒေါက်...'

မေးရိုးများ မြေပြင်ပေါ်သို့ ပြုတ်ကျသွားမတတ် အံ့အားသင့် မှင်သက်သွားကြသည်။ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ဘေးနားရှိလူကို ငါ မျက်စိများ မှားနေတာလားဟု မေးမြန်းချင်နေပုံရသည်။

"သခင်လေးဂရီက အဲ့ဒီဆွန်ဖုန်းရဲ့ လက်သီးတစ်ချက်တည်းနဲ့ လဲသွားတာလား... တစ်ချက်တည်းနဲ့ အလဲထိုးခံလိုက်ရတာတဲ့လား... သောက်ကျိုးနည်းပဲ... ဒါက လုံးဝ ယုတ္တိမရှိဘူး... ဂရီက ဘယ်တုန်းကများ ဒီလောက်တောင် အားနည်းသွားရတာလဲ..."

"စက္ကန့်ပိုင်းအတွင်း အလဲထိုးသွားတာပဲ... အို ဘုရားရေ... ငါ မျက်စိမှားတာတော့ မဟုတ်ပါဘူးနော်... အဲ့ဒီဆွန်ဖုန်းက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အစွမ်းထက်နေရတာလဲ... သူ ဂရီရှေ့ကို ချက်ချင်း ရောက်သွားတာပဲ ငါ မြင်လိုက်တယ်... ပြီးတော့ ငါ ဘာမှ သေချာမမြင်လိုက်ရခင်မှာပဲ ဂရီ မြေပြင်ပေါ် လဲကျသွားတာကို တွေ့လိုက်ရတယ်... သောက်ကျိုးနည်း... ဒါက တရုတ်သိုင်းပညာတွေများလား..."

လူငယ်လေးတစ်ဦးက ခန့်မှန်းပြောဆိုလိုက်သည်။

အဘယ်ကြောင့်ဆိုသော် တရုတ်သိုင်းပညာမှာ ကမ္ဘာတစ်ဝန်းတွင် အလွန်နာမည်ကြီးသောကြောင့်ဖြစ်သည်။ သေချာသည်ကတော့ ဤသည်မှာ ရုပ်ရှင်ဇာတ်ကားများ၏ ဝါဒဖြန့်မှု အကျိုးသက်ရောက်မှုဖြစ်ပြီး ဘရုစ်လီနှင့် ဂျက်ကီချန်းတို့ နှစ်ဦးကို ကျေးဇူးတင်ရမည်ဖြစ်သည်။

"သခင်လေးဂရီက ကိုယ်ခံပညာကို ဆယ်နှစ်ကျော် လေ့ကျင့်ခဲ့တဲ့ ကျွမ်းကျင်သူတစ်ယောက်လေ... အခုတော့ ဆွန်ဖုန်းရဲ့ စက္ကန့်ပိုင်းအတွင်း အလဲထိုးတာကို ခံလိုက်ရပြီ... ဒါဆို သူက ဘယ်လောက်တောင် အစွမ်းထက်နေလို့လဲ..."

လူငယ်တစ်အုပ်က အချင်းချင်း တီးတိုး ဝေဖန်ပြောဆိုနေကြသည်။ တစ်ယောက်ချင်းစီတိုင်းက ဆွန်ဖုန်းကို ကြည့်ကာ အနည်းငယ် ကြောက်ရွံ့ထိတ်လန့်နေကြသည်။

"သောက်ကျိုးနည်း... အကြီးအကျယ် ရှုံးပြီ... ငါ ဒေါ်လာ တစ်သိန်းတောင် လောင်းထားတာ..."

"ငါလည်း အတူတူပဲ... ငါလည်း အဲ့ဒီအသုံးမကျတဲ့ ဂရီကို လောင်းထားတာ... ငါ ဒေါ်လာ တစ်သန်းတောင် လောင်းထားတာ... အဲ့ဒါ ငါ့ရဲ့ နှစ်ဝက်စာ အသုံးစရိတ်တွေကွ... တောက်... နောက်ဆိုရင် ကောင်မလေးတွေနဲ့ ကစားဖို့တောင် ပိုက်ဆံမရှိတော့ဘူး..."

ရလဒ်ကို မြင်လိုက်ရသော လောင်းကစားသမားများမှာ အလွန်အမင်း နောင်တရသွားကြသည်။ သူတို့၏ မျက်လုံးများတွင် လူသတ်ချင်သော အရိပ်အယောင်များ ပေါ်လာပြီး မြေပြင်ပေါ်တွင် သေလုမျောပါး လဲကျနေသော ဂရီကို အလွန်အမင်း ရွံရှာမုန်းတီးစွာဖြင့် စိုက်ကြည့်နေကြသည်။

"သခင်လေးဂရီ... အာ... ဘယ်လိုလုပ်ကြမလဲ... သခင်လေးဂရီ ထမလာနိုင်တော့ဘူး... မြန်မြန် ဆေးရုံက လူနာတင်ယာဉ်ကို ခေါ်ကြပါအုံး..."

"သေနာကောင် ဆွန်ဖုန်း... ငါ့ရဲ့ နတ်ဘုရားကိုတောင် မေ့မြောသွားအောင် ထိုးရက်တယ်ပေါ့လေ... နည်းနည်းပါးပါးတောင် လျှော့မထိုးဘူး... ခွေးကောင်..."

"သခင်လေးဂရီ... ရှင့်အတွက် အရမ်းစိတ်မကောင်းဖြစ်ရပါတယ်... ရှင် ရှုံးနိမ့်သွားပေမယ့် ရှင်က ကျွန်မရင်ထဲက မင်းသားလေးပါပဲ... ရှင် မြေပြင်ပေါ် လဲနေတာတောင် အရမ်းကို ချောမောနေတုန်းပဲ..."

အရူးအမူး အားပေးသူ မိန်းကလေးတစ်ဦးက ရူးသွပ်စွာ ပြောလိုက်သည်။

မကြာမီမှာပင် မေ့မြောနေသော ဂရီကို အမျိုးသမီးပရိသတ်တစ်ဦးက ပါးစပ်ချင်းတေ့ကာ လေမှုတ်သွင်း၍ သတိပြန်လည်လာအောင် ပြုလုပ်ပေးလိုက်သည်။

သတိပြန်လည်လာသောအခါ မိန်းကလေးတစ်အုပ် ဝိုင်းရံနေသော်လည်း သူ၏ မျက်နှာပေါ်တွင် အလွန်အမင်း စိတ်ပျက်အားငယ်မှုများ ပေါ်လွင်နေပြီး နည်းနည်းလေးမျှပင် မပျော်ရွှင်နိုင်တော့ပေ။

အဘယ်ကြောင့်ဆိုသော် သူ ရှုံးနိမ့်သွားပြီဖြစ်သည်။ ဆိုလိုသည်မှာ သူသည် အီဗာကို ဆက်လက်ပိုးပန်းခွင့် လုံးဝ မရှိတော့ပေ။ ဤသည်မှာ ယှဉ်ပြိုင်မှုဖြစ်ပြီး ယောကျာ်းပီပီ ကတိကို တည်ရမည်ဖြစ်သည်။

"ကောင်းပြီ... မင်း သတိရလာရင် ပြီးတာပါပဲ... မှတ်ထားလိုက်... နောက်ဆိုရင် အီဗာကို သွားမနှောင့်ယှက်နဲ့တော့..."

ဆွန်ဖုန်းက မြေပြင်ပေါ်တွင် ဖြူဖျော့သော မျက်နှာဖြင့် လဲနေသော ဂရီကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ရှုံးတာကို လက်ခံပါတယ်..."

ဂရီက ဆွန်ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး မှိုင်းညို့နေသော မျက်နှာထားဖြင့် ပြတ်သားစွာ သဘောတူလိုက်သည်။

မကြာမီမှာပင် ဂရီကို အမျိုးသမီးပရိသတ်များက တွဲခေါ်သွားကြပြီး ကွင်းထဲရှိ လူများလည်း တဖြည်းဖြည်း လူစုကွဲသွားကြတော့သည်။

"ဆွန်ဖုန်း နိုင်သွားတယ်ပေါ့လေ... တကယ်ကို မယုံနိုင်စရာပဲ... ဂရီက ဘယ်အချိန်ကများ ဒီလောက်တောင် အားနည်းသွားရတာလဲ... ဒါပေမဲ့ ကြည့်ရတာ နောက်ဆိုရင် ဂရီ နင့်ကို လာမနှောင့်ယှက်တော့ဘူး ထင်တယ်... ကောင်းတဲ့ကိစ္စတစ်ခုပါပဲ... ဟီးဟီး..."

ဒေစီက ဂရီတစ်ယောက် ဆွန်ဖုန်း၏ စက္ကန့်ပိုင်းအတွင်း အလဲထိုးခြင်းကို ခံလိုက်ရသည်ကို မြင်လိုက်ရသောအခါ အလွန်အမင်း အံ့အားသင့်သွားသည်။ သူမက ဂရီ၏ တိုက်ခိုက်ရေးစွမ်းရည်ကို ကောင်းစွာ သိထားသည် မဟုတ်ပါလား။

"အခု ငါ သွားလို့ရပြီမလား..."

အီဗာက သူငယ်ချင်းများ၏ လက်ကို ခါထုတ်လိုက်ပြီး အပြင်ဘက်သို့ လျှောက်သွားတော့သည်။

သူမ ဤနေရာတွင် ဆက်မနေချင်တော့ပေ။ ဤတစ်ကြိမ်တွင် ဆွန်ဖုန်းက သူမအတွက် ယင်ကောင်တစ်ကောင်ကို ရှင်းထုတ်ပေးခဲ့သည်ကိုလည်း သူမ ဂရုမစိုက်ပေ။ အဘယ်ကြောင့်ဆိုသော် သူမ၏ မျက်လုံးထဲတွင် ဆွန်ဖုန်းက ချေးတစ်ပုံလို ရွံစရာကောင်းနေသောကြောင့်ဖြစ်သည်။

"ဟေး... ငါတို့ကိုလည်း စောင့်ပါအုံး... ဘာလို့ အဲ့ဒီလောက် အမြန်လျှောက်သွားနေရတာလဲ..."

အနောက်မှ မိန်းကလေးများကလည်း အပြေးအလွှား လိုက်သွားကြသည်။

ဆွန်ဖုန်းကလည်း ဤနေရာတွင် ဆက်နေရသည်မှာ ပျင်းစရာကောင်းသဖြင့် ကားမောင်းကာ ပြန်လာခဲ့သည်။

ဤတစ်ကြိမ် ကပွဲတွင် ဆွန်ဖုန်းအတွက် ကြီးမားသော အကျိုးအမြတ်များ မရရှိခဲ့သော်လည်း လူအချို့ကို သိကျွမ်းခဲ့ရသည်။ ထိုအထဲတွင် အကြီးမားဆုံး အကျိုးအမြတ်မှာ ဖီလက်စ်ဆိုသူက သူနှင့် အလွန်အဆင်ပြေနေခြင်းပင်ဖြစ်သည်။

...

ဂျပန်နိုင်ငံ၊ တော်ဝင် လေလံရုံ အဆောက်အအုံရှိ ဥက္ကဋ္ဌ ရုံးခန်းအတွင်း။

ကွေ့ထျန်ထိုက်လန် က သက်သောင့်သက်သာရှိသော ကုလားထိုင်ပေါ်တွင် ထိုင်ကာ ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်သည်။ ထို့နောက် အားပါးတရ ရှိုက်သွင်းလိုက်ရာ စူးရှသော ဆေးလိပ်ငွေ့များက သူ၏ အဆုတ်ထဲတွင် တစ်ပတ်လည်သွားပြီး သူ၏ ဦးနှောက်ကို အနည်းငယ် ထုံကျင်သွားစေပြီးနောက် ဖြည်းညင်းစွာ ပြန်လည်မှုတ်ထုတ်လိုက်သည်။

ခဏအကြာတွင် ရုံးခန်းတစ်ခုလုံး ဆေးလိပ်ငွေ့များဖြင့် ဖုံးလွှမ်းသွားတော့သည်။ ဤသည်မှာ ကွေ့ထျန်ထိုက်လန် ဆက်တိုက် သောက်နေသော ပဉ္စမမြောက် ဆေးလိပ်ဖြစ်သည်။ ယခင်က သူ ဆေးလိပ်မသောက်တတ်ပေ။ သို့သော်လည်း မကြာသေးမီက ဖြစ်ပွားခဲ့သော ထိုကိစ္စပြီးနောက်ပိုင်း သူ ဆေးလိပ်စတင် သောက်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ အလွန်အမင်း စိတ်ရှုပ်နေသောကြောင့်ဖြစ်သည်။

"နောက်ဆုံးတော့ ဒေဝါလီခံရတော့မှာပဲ..."

ကွေ့ထျန်ထိုက်လန်က ဖြူဖွေးနေသော မျက်နှာကြက်ကို ကြည့်ကာ မျှော်လင့်ချက်မဲ့စွာ တီးတိုးရေရွတ်လိုက်သည်။

သူ၏ တော်ဝင်လေလံရုံမှ နိုင်ငံတော်အဆင့် ရှေးဟောင်းပစ္စည်း ဆယ်ခု အခိုးခံရပြီး လျှို့ဝှက်ခန်းထဲရှိ ရှေးဟောင်းပစ္စည်း ရာနှင့်ချီ၍ ဖောက်ခွဲဖျက်ဆီးခံရပြီးနောက် သူ၏ ကုမ္ပဏီရန်ပုံငွေများ အကြီးအကျယ် ပြဿနာတက်သွားခဲ့သည်။ အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီ၍ တိုက်ရိုက် ဆုံးရှုံးသွားခဲ့ရသည်။ ဤကုမ္ပဏီက သူ၏ အဘိုးလက်ထက်ကတည်းက လက်ဆင့်ကမ်းလာခဲ့ခြင်းဖြစ်သည်။ ယနေ့တွင်တော့ နောက်ဆုံး အဆုံးသတ်သွားရတော့မည်လား။

"တရုတ်ပြည်မှာ စကားပုံတစ်ခု ရှိတယ်လေ... 'ထွက်လာပြီး ရှာစားရင် တစ်နေ့ ပြန်ဆပ်ရမှာပဲ' တဲ့... တကယ်ကို ကြီးမားတဲ့ ဉာဏ်ပညာပါပဲ... အခု ငါ့အလှည့် ရောက်လာပြီပေါ့လေ..."

ကွေ့ထျန်ထိုက်လန်၏ အမူအရာက အနည်းငယ် ညှိုးနွမ်းနေပြီး မျက်လုံးများထဲတွင် ဝေခွဲမရမှုများ တောက်ပနေသည်။

ဤဂျပန် တော်ဝင်လေလံရုံကို သူ၏ အဘိုးလက်ထက်ကတည်းက စတင်လုပ်ကိုင်ခဲ့ပြီး သူ၏ ဖခင်လက်ထက်တွင် ဂျပန်နိုင်ငံ၏ ထိပ်တန်း လေလံရုံတစ်ခု ဖြစ်လာခဲ့သည်။ သူ၏ လက်ထက်သို့ ရောက်သောအခါ သူ၏ ကြိုးစားအားထုတ်မှုကြောင့် အာရှ၏ ထိပ်တန်း လေလံရုံတစ်ခု ဖြစ်လာခဲ့သည်။ သို့သော်လည်း ပြီးခဲ့သည့်အကြိမ်က ဖြစ်ရပ်ကြောင့် အရာအားလုံးက မူလအစသို့ ပြန်ရောက်သွားခဲ့ပြီဖြစ်သည်။

သူ၏ အဘိုး ကွေ့စွန်းထိုက်လန်မှာ ယခင်က ဂျပန်နိုင်ငံ၏ စစ်ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်ပြီး တရုတ်ပြည်ကို ကျူးကျော်သည့် စစ်ပွဲတွင် ပါဝင်ခဲ့ဖူးသည်။ သူ၏ အဘိုးမှာ ရာထူးကြီးမားသဖြင့် ထိုအချိန်က ရှေးဟောင်းပစ္စည်းနှင့် ရတနာ အမြောက်အမြားကို သိမ်းဆည်းရယူနိုင်ခဲ့သည်။

အငြိမ်းစားယူပြီးနောက် ရတနာနှင့် ရှေးဟောင်းပစ္စည်း လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ပြီး အသက်အရွယ် ကြီးရင့်လာချိန်တွင် လေလံရုံကို ဖွင့်လှစ်ခဲ့သည်။ တရုတ်ပြည်မှ ရှေးဟောင်းပစ္စည်းများကို အဓိကထား၍ လေလံတင်ရောင်းချခဲ့ရာ ယခု ကွေ့ထျန်ထိုက်လန်၏ မျိုးဆက်အထိ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ယခုတော့ အားလုံး ပြီးဆုံးသွားပြီဖြစ်သည်။ လောကမှာ အကြွေးဆိုတာ ပြန်ဆပ်ရစမြဲပင်။ ယခုအခါ ကွေ့ထျန်ထိုက်လန်၏ အဆုံးသတ်မှာ ဒေဝါလီခံကြောင်း ကြေညာရမည်ဖြစ်ပြီး အကြွေးများ နစ်မွန်းနေတော့မည်ဖြစ်သည်။

ဤအချိန်တွင် ကွေ့ထျန်ထိုက်လန်၏ နောက်ဆုံးကျန်ရှိနေသော အတွင်းရေးမှူး ဝင်လာပြီး သူမ၏ လက်ထဲတွင် စာရွက်စာတမ်းတစ်ခုကို ကိုင်ဆောင်ထားသည်။

"အကုန်လုံး စီစဉ်ပြီးပြီလား... ပြီးပြီဆိုရင်လည်း ငါတို့ ဒေဝါလီခံတဲ့အကြောင်း အပြင်ကို ကြေညာလိုက်တော့..."

မိမိ၏ အတွင်းရေးမှူး ဝင်လာသည်ကို မြင်လိုက်ရသောအခါ ကွေ့ထျန်ထိုက်လန်က အားအင်ကုန်ခမ်းနေဟန်ဖြင့် လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

"အော်... ဟုတ်ပြီ... မင်းပဲ သွားပြီး ကြေညာလိုက်တော့... ငါ မသွားတော့ဘူး... ပြီးတော့ ဒီကိစ္စတွေ အားလုံးပြီးသွားရင် မင်းရဲ့ နောက်ဆုံးတစ်လစာ လစာကို ငါ အပြည့်ပေးပါ့မယ်... ဒီနှစ်တွေအတွင်းမှာ ငါ့အတွက် ကြိုးကြိုးစားစား အလုပ်လုပ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်..."

ကွေ့ထျန်ထိုက်လန်က သူ၏ နောက်ဆုံးကျန်ရှိနေသော ကိုယ်ပိုင်ငွေလေးဖြင့် သူ့အတွက် ဆယ်နှစ်ကြာ အလုပ်လုပ်ပေးခဲ့သော ဤအတွင်းရေးမှူးကို လစာပေးရန် ရည်ရွယ်ထားသည်။

ဤအတွင်းရေးမှူးမှာ တကယ်ကို ကောင်းမွန်သော အတွင်းရေးမှူးတစ်ဦးဖြစ်သည်။ အထူးသဖြင့် ညဘက်အချိန်များတွင် ကွေ့ထျန်ထိုက်လန်၏ ပူပင်သောကများကို အကြိမ်မည်မျှ ဖြေရှင်းပေးခဲ့ပြီးပြီမှန်းပင် မသိတော့ပေ။

All Chapters