← Chapters

အခန်း ၃၃၃

Vol. 34 Ch. 333

အခန်း ၃၃၃

Vol. 34 Ch. 333

အခန်း (၃၃၃) - ကီမိုနိုဝတ် မိန်းကလေး အယောက်လေးဆယ် စစ်ပွဲကျဆုံးခြင်း

ဤသတင်းထွက်ပေါ်လာပြီး သုံးရက်မပြည့်ခင်မှာပင် အားယားနေသော ဆွန်ဖုန်းတစ်ယောက် နောက်ဆုံးတော့ မြင်တွေ့သွားခဲ့လေပြီ။

ဂျပန်တော်ဝင်လေလံရုံက ပေကျင်းပြတိုက်ကို တရားစွဲဆိုလိုက်ပြီဆိုသည့် သတင်းကို မြင်လိုက်ရသောအခါ သူက ဒေါသတကြီးဖြင့် အပြာရောင်ကြွေပန်းအိုးပေါင်းများစွာကို ရိုက်ခွဲပစ်လိုက်သည်။

"မအေပေး... ဒီခွေးကောင်တွေက ငါပြောတဲ့စကားကို လေထဲလွင့်ပစ်လိုက်တယ်ပေါ့လေ... ကောင်းတယ်... အရမ်းကောင်းတယ်... ဒီဂျပန်လေလံရုံက လောကကြီးထဲ ဆက်ပြီး အသက်မရှင်ချင်တော့ဘူး ထင်တယ်..."

စိန့်ဂျွန်မြို့တော်ရှိ ဆွန်ဖုန်း၏ အိမ်စာကြည့်ခန်းထဲတွင် သူက ဒေါသတကြီး အော်ဟစ်နေသည်။ မှန်ပါသည်။ ဆွန်ဖုန်း အကြီးအကျယ် ဒေါသထွက်သွားခဲ့ပြီဖြစ်သည်။

ကွေ့ထျန်ထိုက်လန်က အခြေအနေကို နားမလည်ပုံရသဖြင့် သူကိုယ်တိုင် သွားရောက်၍ ပညာပေးရတော့မည်ဖြစ်သည်။ အမှန်တကယ်တော့ ဆွန်ဖုန်း ဤမျှလောက် ဒေါသထွက်နေရခြင်းမှာ ဂျပန်တော်ဝင်လေလံရုံကြောင့်သာ မဟုတ်ပေ။ သူ့စိတ်ရင်းအမှန်က ဂျပန်နိုင်ငံကို သွားရောက်ဖျက်ဆီးချင်နေသောကြောင့်သာ ဖြစ်သည်။

အကယ်၍ တော်ဝင်လေလံရုံကသာ သူ့ကို ဆက်လက်၍ မဆန့်ကျင်တော့ပါက သူက အကြောင်းမဲ့သက်သက် သွားရောက်နှောင့်ယှက်မည်မဟုတ်ပေ။

ယခုတော့ ထိုကွေ့ထျန်ထိုက်လန်က အကောင်းအဆိုးကို နားမလည်ကြောင်း မြင်တွေ့လိုက်ရသဖြင့် သူကလည်း အားနာနေမည်မဟုတ်တော့ဘဲ ဂျပန်နိုင်ငံသို့ နောက်တစ်ကြိမ် သွားရောက်ကစားရန် ဆုံးဖြတ်လိုက်သည်။

ဂျပန်နိုင်ငံ၊ အထူးစစ်ဆင်ရေးအဖွဲ့ ဌာနချုပ်။

ဒုတိယညွှန်ကြားရေးမှူး ကျိုချွမ်ဟောက်အာက ဖျင်ချွမ်ကျီထျန်၏ အစီရင်ခံစာကို နားထောင်နေသည်။

လက်ရှိ အထူးစစ်ဆင်ရေးအဖွဲ့က တိုကျိုမြို့တစ်ခုလုံးကို ပိုက်ကွန်ကြီးတစ်ခုသဖွယ် ဖြန့်ကြက်ချထားပြီးဖြစ်သည်။ ထိုအထဲတွင် လျှို့ဝှက်အေးဂျင့် ရာပေါင်းများစွာ၊ အရပ်ဝတ်ရဲတပ်ဖွဲ့ဝင် ရာပေါင်းများစွာနှင့် တိုကျိုမြို့တစ်ခုလုံးကို တင်းကျပ်စွာ စောင့်ကြည့်ရန် ရဲတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကိုပါ စေလွှတ်ထားသည်။

ဤသည်တို့အပြင် အထူးတပ်ဖွဲ့ဝင်များကလည်း စခန်းထဲတွင် အသင့်အနေအထားဖြင့် စောင့်ဆိုင်းနေကြပြီး တစ်ခုခုဖြစ်လာပါက အခင်းဖြစ်ပွားရာနေရာသို့ ချက်ချင်း သွားရောက်ကူညီရန် ပြင်ဆင်ထားကြသည်။ ဤတစ်ကြိမ်တွင် ပိုက်ကွန်ကြီး ဖြန့်ကြက်ရန်အတွက် လူအင်အား သောင်းနှင့်ချီ၍ အသုံးပြုခဲ့သည်ဟု ဆိုနိုင်သည်။

အထူးစစ်ဆင်ရေးအဖွဲ့က ဆွန်ဖုန်းကို မည်မျှအထိ မုန်းတီးနေကြောင်း ဤအချက်က သက်သေပြနေသည်။ သူတို့က ငြိမ်းချမ်းရေးမြတ်နိုးသူများ ဟုခေါ်သော ဤအကြမ်းဖက်အဖွဲ့အစည်းကို သေချာပေါက် ဖယ်ရှားပစ်ရမည်ဖြစ်သည်။

ဤအန္တရာယ်ကြီးကို ဆက်လက်တည်ရှိခွင့် မပေးနိုင်သလို အကြမ်းဖက်မှုများ ထပ်မံဖြစ်ပွားခွင့်ကိုလည်း လုံးဝ ခွင့်မပြုနိုင်တော့ပေ။

"အခုထိ အဲ့ဒီအဖွဲ့အစည်းရဲ့ သတင်းအစအန မရသေးဘူးလား..."

ဖျင်ချွမ်ကျီထျန်၏ စီမံခန့်ခွဲမှု အစီရင်ခံစာကို နားထောင်ပြီးနောက် ကျိုချွမ်ဟောက်အာက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

"ဒုတိယညွှန်ကြားရေးမှူးကို အစီရင်ခံပါတယ်... အခုထိတော့ ဘာမှမသိရသေးပါဘူး... ဒါပေမဲ့ တစ်ဖက်လူက အရင်တုန်းကလိုပဲ ဆက်ပြီး မောက်မာနေမယ်ဆိုရင် သေချာပေါက် လှုပ်ရှားလာမှာပါ... သူတို့ လှုပ်ရှားလာတာနဲ့တစ်ပြိုင်နက် ကျွန်တော်တို့ဘက်က သူတို့ကို အမြစ်ပြတ် ချေမှုန်းပစ်လို့ ရပါပြီ..."

ဖျင်ချွမ်ကျီထျန်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

ဤတစ်ကြိမ်တွင် လူအင်အား တစ်သောင်းခန့်ကို အသုံးပြုထားပြီး နည်းလမ်းပေါင်းစုံကိုလည်း အသုံးချထားသည်။

ရှေးခေတ် ဧကရာဇ်မင်းများ တိုင်းခန်းလှည့်လည်သည့်အခါမျိုးတွင် ပြုလုပ်လေ့ရှိသော လုံခြုံရေးအစီအမံမျိုးနှင့်ပင် တူညီနေပြီဖြစ်သည်။ ဤမျှလောက် လုပ်ထားသည်တောင်မှ တစ်ဖက်လူကို မဖမ်းမိဘူးဆိုပါက သူကိုယ်တိုင် ဝမ်းဗိုက်ကို ခွဲကာ သတ်သေလိုက်သင့်ပြီဟု တွေးထားသည်။

"အင်း... တစ်ဖက်လူ ပေါ်လာတာနဲ့ ဒီတစ်ကြိမ်တော့ မင်းတို့ ထပ်ပြီး ကျရှုံးလို့ မရတော့ဘူးနော်... တကယ်လို့ ထပ်ရှုံးရင် မင်းတင်မကဘူး ငါပါ အိမ်ပြန်ပြီး လယ်သွားစိုက်ရလိမ့်မယ်... ကြားလား... အရင်တစ်ခေါက်က ကိစ္စကြောင့် အထက်လူကြီးတွေက ငါတို့ အထူးစစ်ဆင်ရေးအဖွဲ့ကို အပြင်းအထန် သတိပေးထားပြီးပြီ... ဒီတစ်ခါ ထပ်ပြီး ပြဿနာတစ်ခုခု တက်လာရင်တော့ ငါတို့အားလုံး ပြီးပြီပဲ..."

ကျိုချွမ်ဟောက်အာက ဖျင်ချွမ်ကျီထျန်ကို သတိပေးစကား ဆိုလိုက်သည်။

"ဟုတ်ကဲ့ပါ... ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားသွားမှာပါ... ဒုညွှန်မှူး စိတ်ချပါ..."

ဖျင်ချွမ်ကျီထျန်က ခေါင်းတညိတ်ညိတ်ဖြင့် ရိုကျိုးစွာ ရင်ဘတ်ကိုပုတ်ကာ ကတိပေးလိုက်သည်။

"ကောင်းတယ်... မင်းဆီက ဒီလိုယုံကြည်မှုမျိုးကိုပဲ ငါ လိုချင်တာ... ကဲ... မင်း သွားလို့ရပြီ... တစ်ခုခု ထူးခြားတာရှိရင် အရင်ဆုံး သတ်ပစ်လိုက်ပြီးမှ နောက်မှ အစီရင်ခံ..."

"ဟုတ်ကဲ့..."

နောက်တစ်ကြိမ် ရိုကျိုးစွာ ခေါင်းညိတ်ပြီးနောက် ကျိုချွမ်ဟောက်အာ၏ လက်ဝှေ့ယမ်းပြမှုအောက်တွင် ဖျင်ချွမ်ကျီထျန်က လေးစားစွာဖြင့် နောက်ဆုတ် ထွက်ခွာသွားတော့သည်။

တိုကျိုမြို့ကြီးတစ်ခုလုံးတွင် မသိမသာဖြင့် တိမ်မည်းကြီးတစ်အုပ် ဖုံးလွှမ်းသွားခဲ့ပြီဖြစ်သည်။ လမ်းမများပေါ်တွင်ပင် ကင်းလှည့်ရဲများ ပိုမိုများပြားလာခဲ့သည်။

ဤအခြေအနေများကို တိတ်တဆိတ်သာ လုပ်ဆောင်နေသဖြင့် ပြည်သူများကတော့ ဘာမှမသိကြဘဲ ပုံမှန်အတိုင်းသာ သွားလာလှုပ်ရှားနေကြသည်။

"ဟားဟား... မင်းတို့ရဲ့ အဘိုးကြီး ပြန်ရောက်လာပြီကွ..."

လေယာဉ်ပေါ်မှ ဆင်းဆင်းချင်းပင် ဆွန်ဖုန်းက တိုကျိုမြို့ကြီးကို ကြည့်ကာ အသံကျယ်ကြီးဖြင့် ရယ်မောလိုက်ရာ လမ်းဘေးမှ ပြည့်တန်ဆာမလေးအချို့၏ အာရုံစိုက်မှုကို ရရှိသွားတော့သည်။

ဆွန်ဖုန်း၏ ဝတ်စားဆင်ယင်ပုံက အလွန် စတိုင်ကျလှသဖြင့် ပိုက်ဆံရှိသော သူဌေးတစ်ဦးမှန်း ချက်ချင်း သိသာလှသည်။ ချက်ချင်းဆိုသလိုပင် မိန်းကလေး လေးငါးယောက်ခန့်က ဝိုင်းအုံလာပြီး ဆွန်ဖုန်းကို အဖော်လိုချင်သလားဟု လာရောက်မေးမြန်းကြသည်။

သူတို့၏ ဆွန်ဖုန်းက ဘယ်လိုလူမျိုးနည်း။ အဆင့်အတန်းမြင့်သော သူဌေးသား၊ ရုပ်ချောသော လူရည်ချွန်တစ်ဦး ဖြစ်သည်။ ဤကဲ့သို့ လမ်းဘေးမှ ပန်းကြွေများကို သူက ဘယ်လိုလုပ်ပြီး စိတ်ဝင်စားမည်နည်း။

အရေးအကြီးဆုံးအချက်မှာ ဆွန်ဖုန်းက ထိုမိန်းကလေးများ ပြောနေသော ဂျပန်စကားကို လုံးဝ နားမလည်ခြင်းပင်ဖြစ်သည်။ အကယ်၍ နားလည်ခဲ့မည်ဆိုလျှင်တော့ တစ်မျိုးဖြစ်ကောင်း ဖြစ်နိုင်မည်ဖြစ်သည်။

"ဖယ်ကြ... ဖယ်ကြစမ်း..."

ဆွန်ဖုန်းက ဤဂျပန်မိန်းကလေး လေးငါးယောက်နှင့် ကြက်နှင့်ဘဲ စကားပြောနေရသလို ဖြစ်နေသည်။ သူတို့ ပြောနေသော ငှက်စကားများကို သူ လုံးဝ နားမလည်ပေ။ ထို့ကြောင့် သူတို့ကို တိုက်ရိုက် တွန်းဖယ်ကာ အပြင်ဘက်သို့ လျှောက်သွားလိုက်သည်။

"ဟား... ဒီနေရာလေးက တကယ်ကောင်းတာပဲ... တောင်တွေ ရေတွေလှသလို မိန်းကလေးတွေကလည်း ပိုလှတယ်... အင်း... ကိစ္စကြီးတွေ မလုပ်ခင် အရင်ဆုံး သွားပြီး အပန်းဖြေရမယ်..."

အငှားယာဉ်ပေါ်သို့ တက်လိုက်ပြီးနောက် ဆွန်ဖုန်းက သူ၏ အစီအစဉ်များကို ချက်ချင်း စတင်ခြင်းမပြုသေးဘဲ ချယ်ရီပန်းဥယျာဉ်သို့ သွားရောက်လည်ပတ်ရန် ဆုံးဖြတ်လိုက်သည်။

အငှားယာဉ်ဖြင့် မိနစ်သုံးဆယ်ခန့် မောင်းနှင်ပြီးနောက် ဆွန်ဖုန်းတစ်ယောက် ချယ်ရီပန်းဥယျာဉ်သို့ ရောက်ရှိသွားခဲ့သည်။ ချယ်ရီပန်းဥယျာဉ်က အရင်ကလိုပင် အလွန် သပ်ရပ်လှပပြီး ခမ်းနားထည်ဝါနေဆဲဖြစ်သည်။

"ဟားဟား... ငါ ဟူဟန်ဆန်း ပြန်လာပြီကွ..."

ဆွန်ဖုန်းက တံခါးဝသို့ ဝင်ဝင်ချင်းပင် အသက်သုံးဆယ်ကျော်အရွယ် ကီမိုနိုဝတ် မာမီကြီးကို မြင်လိုက်ရသဖြင့် အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။

"မစ္စတာဆွန်... အာ... ကြိုဆိုပါတယ် ကြိုဆိုပါတယ်..."

ကီမိုနိုဝတ် အမျိုးသမီးကြီးက ဆွန်ဖုန်းကို မြင်လိုက်ရသောအခါ အစပိုင်းတွင် အနည်းငယ် ကြောင်သွားသော်လည်း သူ၏ တရုတ်စကားသံကို ကြားလိုက်ရသည်နှင့် ချက်ချင်း မှတ်မိသွားတော့သည်။

အဘယ်ကြောင့်ဆိုသော် ပြီးခဲ့သည့်အကြိမ်က ဆွန်ဖုန်း၏ စွမ်းဆောင်ရည်မှာ အလွန် ကြောက်မက်ဖွယ်ကောင်းလွန်းလှပြီး တစ်ပြိုင်နက်တည်း မိန်းကလေး အယောက်နှစ်ဆယ်ကိုပင် ငှားရမ်းခဲ့သောကြောင့်ဖြစ်သည်။

"ဟားဟား... ဒီနေ့ ငါ အရမ်းပျော်နေတယ်... ကီမိုနိုဝတ် မိန်းကလေး အယောက်လေးဆယ် ယူမယ်... ငါ့မှာ ပိုက်ဆံတွေ အများကြီး ရှိတယ်... အကုန်လုံး အပျိုစစ်စစ်တွေချည်းပဲ ဖြစ်ရမယ်..."

ဆွန်ဖုန်းက ကုလားထိုင်ပေါ်တွင် ခြေကားယား လက်ကားယားဖြင့် သခင်ကြီးတစ်ပါးလို ထိုင်ချလိုက်ပြီး အလွန်မောက်မာသော လေသံဖြင့် အော်ဟစ်လိုက်သည်။ ဟား... ပိုက်ဆံရှိတော့လည်း စိတ်ကြိုက် ကစားလို့ရတာပေါ့။

"ဘာ... ကီမိုနိုဝတ် မိန်းကလေး အယောက်လေးဆယ်... ဒါ... ဒါက..."

ကီမိုနိုဝတ် အမျိုးသမီးကြီးမှာ ဆွန်ဖုန်း၏ စကားကို ကြားလိုက်ရသောအခါ နေရာမှာတင် မှင်သက်သွားတော့သည်။

ပြီးခဲ့သည့်အကြိမ်က ထိုကီမိုနိုဝတ် မိန်းကလေး အယောက်နှစ်ဆယ်မှာ ဆွန်ဖုန်း၏ လက်ချက်ဖြင့် သွေးသံရဲရဲ ဖြစ်ခဲ့ရသည်ကို သူမ ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ ဆွန်ဖုန်းက ခွန်အားတိုးဆေးတွေများ စားထားသလားဟုပင် သူမ ထင်မှတ်ခဲ့ဖူးသည်။

ယခု ဆွန်ဖုန်းက တစ်ပြိုင်နက်တည်း အယောက်လေးဆယ်တောင် တောင်းဆိုနေတယ်တဲ့လား။ လေတိုက်ခံလိုက်ရသလို သူမတစ်ယောက် ရူးကြောင်ကြောင် ဖြစ်သွားရတော့သည်။

'အစ်ကိုကြီး... ဒီလောက်ကြီး အစွမ်းမပြပါနဲ့လား...'

သူမ၏ ဆိုင်တွင် အသစ်ရောက်လာသော ကီမိုနိုဝတ် မိန်းကလေး အယောက်လေးဆယ်ကိုမှ အခုပဲ ချက်ချင်း ကုန်သွားတော့မှာလား။

"ဘာလဲ... အခက်အခဲ ရှိလို့လား..."

ဆွန်ဖုန်းက လေသံကို အနည်းငယ် တင်းမာစွာ ပြောင်းကာ မေးလိုက်သည်။

"မရှိပါဘူး... မရှိပါဘူး... ကောင်းပါပြီ... အခုချက်ချင်း ရှာပေးပါ့မယ်..."

ဤရွှေတွင်းကြီးကို မစော်ကားသင့်ကြောင်း ကီမိုနိုဝတ် အမျိုးသမီးကြီး ကောင်းစွာ သိထားသည်။ ထို့အပြင် အစောက ဆွန်ဖုန်း၏ စကားကြောင့်သာ သူမ အလန့်တကြား ဖြစ်သွားရခြင်းဖြစ်သည်။ တစ်ကြိမ်တည်းနှင့် လူအယောက်လေးဆယ် ငှားရမ်းခြင်းမှာ တကယ့် စီးပွားရေးလုပ်ငန်းကြီးတစ်ခု မဟုတ်ပါလား။

ထို့နောက် ဆွန်ဖုန်းက ချယ်ရီပန်းဥယျာဉ်ထဲတွင် တစ်ရက်နှင့်တစ်ည အချိန်ကုန်ဆုံးပြီးနောက်မှသာ ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ဖြင့် ဟိုတယ်သို့ ပြန်လာခဲ့သည်။ ယခုအချိန်က ကောင်းကောင်း အနားယူရမည့်အချိန်ဖြစ်သည်။ အနားယူပြီးမှသာ အလုပ်စတင်နိုင်မည်ဖြစ်သည်။

တစ်ရက်လုံးလုံး အိပ်စက်ပြီးနောက် ဆွန်ဖုန်းတစ်ယောက် နောက်ဆုံးတော့ နိုးထလာခဲ့သည်။

မနေ့က ကီမိုနိုဝတ် မိန်းကလေး အယောက်လေးဆယ်နှင့် တစ်ရက်နှင့်တစ်ည အချိန်ကုန်ဆုံးခဲ့ရာ သူ့ကို အတော်လေး ပင်ပန်းနွမ်းနယ်သွားစေခဲ့သည်။

အခြေခံ ခန္ဓာကိုယ်ကြံ့ခိုင်ရေးဆေးရည်ကို ထိုးနှံထားသော သူပင်လျှင် အနည်းငယ် မခံနိုင်တော့ပေ။

သို့သော်လည်း ဆွန်ဖုန်း၏ စစ်ပွဲရလဒ်က အလွန် အောင်မြင်လှသည်။ ထိုကီမိုနိုဝတ် မိန်းကလေး အယောက်လေးဆယ်လုံးကို ဆွန်ဖုန်းက စိတ်ကြိုက် အနိုင်ယူနိုင်ခဲ့ပြီး အားလုံးမှာ သတိလစ်မေ့မြောသွားခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ ဆွန်ဖုန်း ထွက်လာချိန်တွင် သူတို့အားလုံး ဆေးရုံသို့ မပို့လျှင် သတိပြန်လည်လာမည် မဟုတ်တော့ပေ။

ဆွန်ဖုန်း၏ အစွမ်းအစကြောင့် ထိုကီမိုနိုဝတ် မာမီကြီးမှာ ဒူးထောက်ကာ ဆွန်ဖုန်း၏ ခြေဖဝါးများကို လျှာဖြင့်လျက်ပြီး ရိုသေလေးစားမှု အပြည့်အဝ ပြသခဲ့သည်။

သို့သော်လည်း ဆွန်ဖုန်းက ထိုကီမိုနိုဝတ် အမျိုးသမီးကြီးကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်ပြီး မောက်မာစွာ ထွက်လာခဲ့သည်။ သူက ဤကဲ့သို့သော အမျိုးသမီးအိုကြီးများကို လုံးဝ မနှစ်သက်ပေ။

All Chapters