အခန်း ၃၃၈
Vol. 34 Ch. 338
အခန်း (၃၃၈) - တိုကျိုမြို့ကြီးတွင် ရူးသွပ်စွာ လျှပ်စစ်မီး ခိုးယူခြင်း
သူက ထိုရဲတပ်ဖွဲ့ဝင်များကို နှစ်ကြိမ်တိုင်တိုင် ခေါင်းမီးတောက်မတတ် ဒုက္ခပေးခဲ့ပြီး ရူးသွပ်လုမတတ် လက်ခုပ်ထဲထည့် ကစားခဲ့သည်။ ဤသည်မှာ လက်ရှိကမ္ဘာပေါ်တွင် အမောက်မာဆုံးသော လုပ်ရပ်ပင် ဖြစ်ပေလိမ့်မည်။ အခြားလူတစ်ယောက်၏ မျက်နှာကို တမင်သက်သက် ရိုက်နှက်နေရသကဲ့သို့ ခံစားရပြီး သူကတော့ စိတ်ကြိုက် ကစားချင်သလို ကစားနေခြင်းဖြစ်သည်။
"ဘာတွေများ လေလုံးထွားနေတာလဲ ပိုင်ရှင်ရယ်... ဒီလို ကစားနေတာက တကယ်တော့ သိပ်ပြီး စိတ်လှုပ်ရှားစရာ မကောင်းပါဘူး... ပြီးတော့ ကျွန်တော်တို့အတွက် ဘာအကျိုးအမြတ်မှလည်း မရှိဘူးလေ... နောက်ဆုံးတော့လည်း အဲ့ဒီ ရှေးဟောင်းပစ္စည်း ဆယ်ခုကို သူများဆီ ပေးလိုက်ရတာပဲ မဟုတ်လား..."
အသံလက်ထောက်က ဆွန်ဖုန်း ဤမျှလောက် မျက်နှာပြောင်တိုက်စွာ ကြွားလုံးထုတ်နေသည်ကို မြင်လိုက်ရသောအခါ မျက်စောင်းထိုးရင်း ပြောလိုက်သည်။
"သောက်ရူးကောင်... ဒါက စိတ်လှုပ်ရှားစရာ မကောင်းသေးဘူးဆိုရင် ဘယ်လိုလုပ်မှ စိတ်လှုပ်ရှားစရာ ကောင်းမှာလဲ... ဂျပန်ဝန်ကြီးချုပ်ကိုများ သွားသတ်ပြရမှာလား..."
ဆွန်ဖုန်းက နှုတ်ခမ်းတွန့်ကာ ဒေါသတကြီး ပြန်ပြောလိုက်သည်။ ဤအသံလက်ထောက်က ဤကဲ့သို့ အချိန်မျိုးရောက်လျှင် သူ့ကို အမြဲတမ်း ဆန့်ကျင်ဘက် စကားများ ပြောလေ့ရှိသည်။
"ဟီးဟီး... အဲ့ဒီအကြံက မဆိုးဘူးပဲ... ကျွန်တော်တို့ စမ်းကြည့်ရအောင်လား..."
အသံလက်ထောက်က အနည်းငယ် စိတ်လှုပ်ရှားနေသော လေသံဖြင့် အော်ပြောလိုက်သည်။
"ဖူး... အစ်ကိုကြီးရယ်... ကျွန်တော် ခင်ဗျားကို ဒူးထောက်ပါတယ်ဗျာ... ခင်ဗျားက တကယ့်ကို အကြမ်းဖက်ခေါင်းဆောင် ဖြစ်လာမယ့် အရည်အချင်းတွေ အပြည့်အဝ ရှိနေတာပဲ... ခင်ဗျားက တကယ်ကို ကမ္ဘာကြီး ပျက်စီးသွားမှာကိုတောင် ဂရုစိုက်မယ့်ပုံ မပေါ်ဘူးပဲ..."
ဆွန်ဖုန်းက အသံလက်ထောက်ကို မျက်စောင်းတစ်ချက် ထိုးလိုက်သည်။ ဟာသလုပ်နေတာလား။ ဝန်ကြီးချုပ်ကို သတ်လိုက်ရင်ရော ဘာဖြစ်သွားမှာလဲ။ နောက်ထပ် တစ်ယောက်ကို ချက်ချင်း ရွေးချယ်တင်မြှောက်လိုက်ကြမှာပဲ မဟုတ်လား။ ဘာအဓိပ္ပာယ်မှ မရှိဘူး။ ပြီးတော့ အခုက စစ်ဖြစ်နေတဲ့ အချိန်မှ မဟုတ်တာ။ ဒီလို ကိစ္စတွေ လုပ်လို့လည်း ကြီးမားတဲ့ သက်ရောက်မှု ရှိလာမှာ မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် လူသားတွေဆီမှာ အရည်အချင်းရှိတဲ့သူတွေ ခေါင်းဆောင်လုပ်မယ့်သူတွေ ဘယ်တော့မှ မရှားပါဘူး။
"ဟွန့်... သတ္တိကြောင်လိုက်တာ... ရေငုပ်ဝတ်စုံရဲ့ ကာကွယ်မှု ရှိနေတာပဲ... ပိုင်ရှင်က သေမှာ မဟုတ်ပါဘူး... အစကတည်းက ပိုင်ရှင်ကို ခြေလှမ်းဆယ်လှမ်းမှာ လူတစ်ယောက်သတ်ပြီး နာမည်တောင် မကျန်ခဲ့တဲ့ ပြိုင်ဘက်ကင်း လူသတ်သမားကြီး တစ်ယောက်ဖြစ်အောင် မပျိုးထောင်ခဲ့ရတာ တကယ် နောင်တရတာပဲ..."
အသံလက်ထောက်က ဆွန်ဖုန်း၏ ဦးနှောက်ထဲတွင် ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။
'အင့်...'
ဆွန်ဖုန်းတစ်ယောက် ဆွံ့အသွားရသည်။
"မင်းကလေ... တခြားဂြိုဟ်ကနေ အရာအားလုံးကို လုယက်ဖို့ ဖန်တီးထားတဲ့ ဉာဏ်ရည်တု စက်ရုပ်ဆိုတဲ့ နာမည်နဲ့ တကယ်ကို လိုက်ဖက်တာပဲ... တစ်ချိန်လုံး သူများတွေကို ဘယ်လို ဒုက္ခပေးရမလဲ ဆိုတာကိုချည်းပဲ စဉ်းစားနေတာ... ငါတော့ မင်းကို လုံးဝ လက်မြှောက်ပါတယ်ကွာ..."
ဆွန်ဖုန်းက ဘာတတ်နိုင်မည်နည်းဟူသော အမူအရာဖြင့် ခေါင်းခါယမ်းလိုက်သည်။ အရင်တုန်းက X ဂလက်ဆီက X ဂြိုဟ်သားတွေက တစ်ချိန်လုံး သူများတွေကို ဘယ်လို ဒုက္ခပေးရမလဲဆိုတာကိုပဲ စဉ်းစားနေတဲ့ သတ္တဝါတွေ ဖြစ်မယ်လို့ သူ ယုံကြည်လိုက်သည်။
"ပိုင်ရှင်... ကျွန်တော့်ဆီမှာ အကြံကောင်း တစ်ခုရှိတယ်... သေချာပေါက် ကျွန်တော်တို့ကို အရမ်း ပျော်ရွှင်သွားစေမှာ... ကျွန်တော်တို့ကို ကြီးမားတဲ့ အကျိုးအမြတ်တွေလည်း ရစေမှာပဲ..."
ရုတ်တရက် အသံလက်ထောက်က ဆွန်ဖုန်းအား လျှို့ဝှက်သော လေသံဖြင့် ပြောလိုက်သည်။
"ဘာအကြံကောင်းလဲ... မင်းခေါင်းထဲကနေ နောက်ထပ် မကောင်းတဲ့ အကြံတွေများ ထွက်လာပြန်ပြီလား..."
အသံလက်ထောက်၏ စကားကို ကြားလိုက်ရသောအခါ ဆွန်ဖုန်းက ဤကောင်လေး စဉ်းစားနေသည်မှာ ကောင်းသောအကြံ မဟုတ်ဘဲ သူများတွေကို ဒုက္ခပေးမည့် အကြံသာ ဖြစ်မည်ဟု ချက်ချင်း ခန့်မှန်းလိုက်မိသည်။
"လာ... ကျွန်တော် ပြောပြမယ်... ကျွန်တော်တို့ ဒီလို ဒီလို လုပ်ကြမယ်..."
...
ဆွန်ဖုန်းနှင့် အသံလက်ထောက်တို့က မကောင်းကြံစည်မှု အစီအစဉ်များကို တီးတိုးတိုင်ပင်နေကြချိန်တွင် ဆွန်ဖုန်း၏ ဤတစ်ကြိမ် ကြီးမားသော လှုပ်ရှားမှုကြီးကြောင့် အဖွဲ့အစည်းပေါင်းများစွာကို အလွန်အမင်း အံ့အားသင့်သွားစေခဲ့သည်။
ထိုအထဲတွင် လက်ရှိ ကမ္ဘာပေါ်ရှိ အကြီးမားဆုံးသော အကြမ်းဖက်အဖွဲ့အစည်းကြီးများ၏ အာရုံစိုက်မှုကိုပါ ရရှိသွားခဲ့သည်။ ဤအဖွဲ့အစည်းကြီးများကလည်း ကြီးမားသော ပြစ်မှုများကို အကြိမ်ကြိမ် ကျူးလွန်ခဲ့ဖူးသူများဖြစ်သည်။
သို့သော်လည်း ဆွန်ဖုန်း ကျူးလွန်ခဲ့သော ဤကိစ္စနှစ်ခုကို မြင်တွေ့လိုက်ရသောအခါ သူတို့ လုံးဝကို အရှုံးပေးသွားကြပြီး အလွန်အမင်းလည်း လေးစားသွားကြသည်။ သူတို့က အမြဲတမ်း တိတ်တဆိတ်သာ လှုပ်ရှားခဲ့ပြီး ပြစ်မှုကျူးလွန်ပြီးသည်နှင့် ချက်ချင်း ပုန်းအောင်းနေကြသည်။
ယခု သူတို့ မြင်တွေ့နေရသော ငြိမ်းချမ်းရေးမြတ်နိုးသူများ အဖွဲ့ကတော့ လုံးဝ ကွဲပြားခြားနားနေသည်။ ပထမဆုံး ဂျပန်တော်ဝင်လေလံရုံမှ နိုင်ငံတော်အဆင့် ရှေးဟောင်းပစ္စည်း ဆယ်ခုကို ခိုးယူခဲ့ပြီး ရှေးဟောင်းပစ္စည်း ရာပေါင်းများစွာကိုလည်း ဖျက်ဆီးပစ်ခဲ့သည်။ ဒါက အစပဲ ရှိသေးသည်။
ထို့နောက် ဂျပန်အမျိုးသားပြတိုက်မှ ရှေးဟောင်းပစ္စည်း ကိုးသောင်းကျော်ကို ဖျက်ဆီးပစ်မည်ဟု ဗြောင်ကျကျ ကြေညာခဲ့သည်။ ထိုမျှလောက် မောက်မာဝင့်ကြွားစွာ ကြေညာပြီးမှ တကယ် သွားရောက်လုပ်ဆောင်ခဲ့ပြီး အောင်မြင်သွားခဲ့သေးသည်။ အောင်မြင်သွားသည်က အရေးမကြီးသေးပေ။ ဒုတိယအကြိမ်တွင်လည်း ဤမျှလောက် မောက်မာဝင့်ကြွားစွာ ထပ်မံ ကြေညာခဲ့ပြန်သည်။
'ခဏနေရင် ငါတို့ လေလံရုံ အဆောက်အအုံကြီးကို သွားပြီး ဖောက်ခွဲပစ်တော့မှာဟေ့' ဟု ကမ္ဘာကြီးတစ်ခုလုံးကို အသိပေးချင်နေသကဲ့သို့ပင်။ ပြီးတော့ သူတို့ ပြောသည့်အတိုင်း တကယ် ဖြစ်အောင် လုပ်နိုင်ခဲ့ကြသည်။
ဤမျှလောက် အစွမ်းထက်သော အဖွဲ့အစည်းကို မြင်တွေ့လိုက်ရသောအခါ အခြားသော အကြမ်းဖက်ခေါင်းဆောင်များပင် ဤအဖွဲ့အစည်းထဲသို့ ဝင်ရောက်ချင်စိတ် ပေါ်လာကြသည်။ အလွန်အမင်း ရဲတင်းလွန်းသည်။ အလွန်အမင်း သွေးဆူစရာ ကောင်းလွန်းသည်။ လုံးဝကို စည်းကမ်းမဲ့လွန်းသည်။ ပြိုင်ဘက်ကို လုံးဝ ဂရုမစိုက်ကြပေ။
"ဒီလို အဖွဲ့အစည်းမျိုးက တကယ်ကို ငါတို့ရဲ့ စံပြပဲ... နောင်ကျရင် အခွင့်အရေးရရင် သူတို့ဆီကနေ သင်ခန်းစာတွေ အများကြီး ယူပြီး မဟာမိတ်ဖွဲ့နိုင်အောင် ကြိုးစားရမယ်..."
ခေါင်းဆောင်တစ်ဦးက ဤသတင်းများကို ကြည့်ရှုပြီးနောက် အလွန်အမင်း ခံစားချက်ပြင်းထန်စွာဖြင့် ပြောလိုက်သည်။
ဤဖြစ်ရပ်နှစ်ခု ဖြစ်ပွားပြီးနောက် ဂျပန်နိုင်ငံရှိ ဌာနအသီးသီးက ဆွန်ဖုန်း၏ ဤအဖွဲ့အစည်းကို ရူးသွပ်စွာ ရှာဖွေစုံစမ်းနေကြသည်။ သို့သော်လည်း သူတို့တွင် ဘာတိုးတက်မှုမှ မရှိသေးပေ။ ဤအဖွဲ့အစည်းက လုံးဝ မတည်ရှိသကဲ့သို့ပင်။ သို့သော်လည်း သူတို့က သူတို့ မထင်မှတ်ထားသော အရာများကို လုပ်ဆောင်နိုင်စွမ်းရှိနေကြရာ အလွန်အမင်း ခေါင်းကိုက်ပြီး စိတ်ရှုပ်ထွေးနေကြရသည်။
ညဉ့်နက်ပိုင်းအချိန်။
ဆွန်ဖုန်း တစ်ယောက်တည်း တိုကျိုမြို့ ဆင်ခြေဖုံးရပ်ကွက်ရှိ နေရာတစ်ခုသို့ မည်သည့်အချိန်က ရောက်ရှိသွားမှန်း မသိပေ။ ဤနေရာသည် မြို့ပတ် အမြန်လမ်းမကြီးတစ်ခု ဖြစ်သည်။ ယခုအချိန်က ည ၁၁ နာရီ ရှိနေပြီဖြစ်သဖြင့် ယာဉ်သွားယာဉ်လာ အတော်လေး နည်းပါးနေပြီဖြစ်သည်။
"ဟားဟား... ဒီလိုမှပေါ့ကွ..."
အမြန်လမ်းမကြီး၏ ဘေးဘက်တွင် တောအုပ်ငယ်လေးတစ်ခု ရှိပြီး ယခုအချိန်တွင် ဆွန်ဖုန်းက ထိုတောအုပ်ငယ်လေးထဲတွင် ရှိနေသည်။ အသံလက်ထောက်က ခရီးဆုံးသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း မြင်လိုက်ရသောအခါ စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်သည်။
"အင်း... ခဏနေရင် ငါတို့ ဘယ်လို စလုပ်ကြမလဲ..."
ဆွန်ဖုန်း ကောင်းစွာ သိထားသည်မှာ ဤအမြန်လမ်းမကြီး၏ ဘေးဘက် မြေအောက်တွင် မနီးမဝေးရှိ နျူကလီးယား ဓာတ်အားပေးစက်ရုံမှ တိုကျိုမြို့တွင်းသို့ လျှပ်စစ်မီး ပို့လွှတ်ပေးနေသော ပင်မဓာတ်အားလိုင်းကြိုးကြီး မြှုပ်နှံထားကြောင်းကိုပင်။
မှန်ပါသည်။ မကြာသေးမီက အသံလက်ထောက်က ဆွန်ဖုန်းအား မကောင်းသောအကြံတစ်ခု ပေးခဲ့သည်။ ထိုအကြံမှာ လျှပ်စစ်မီး ခိုးယူရန်ပင် ဖြစ်သည်။ စိတ်လှုပ်ရှားစရာ မကောင်းဘူးလား။ အရမ်း အကျိုးအမြတ် မများဘူးလား။ ဟားဟား။
အရင်က ဆွန်ဖုန်း တရုတ်နိုင်ငံတွင် ရှိနေစဉ်က ဤသို့ မလုပ်ခဲ့ပေ။ ကနေဒါတွင် ရှိနေစဉ်ကလည်း အလုပ်များနေသဖြင့် ဤသို့ လုပ်ရန် အချိန်မရခဲ့ပေ။ ယခု ဂျပန်နိုင်ငံကို ဒုက္ခပေးချင်နေသည်ဖြစ်ရာ ဤအခွင့်အရေးကို အသုံးချပြီး လျှပ်စစ်မီး ခိုးယူခြင်းက မည်သို့ ခံစားရမည်ကို စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ဆွန်ဖုန်း၏ ရေနက်ပိုင်း ရှာဖွေတူးဖော်ရေး ဉာဏ်ရည်တု စက်ရုံအတွင်းတွင် ရေငုပ်ဝတ်စုံအပြင် မတူညီသော အမျိုးအစားများဖြင့် ဖွဲ့စည်းထားသည့် ရှာဖွေတူးဖော်ရေး စက်ကိရိယာ ထောင်ပေါင်းများစွာ ရှိနေသည်။ အမျိုးအစားတစ်ခုစီတွင်လည်း စက်ကိရိယာ ရာပေါင်းများစွာ ပါဝင်သည်။ စက်ကိရိယာ တစ်လုံးစီကို အားအပြည့်သွင်းရန်အတွက် အနည်းဆုံး လျှပ်စစ်မီး တစ်သောင်းကီလိုဝပ် လိုအပ်သည်။
အရင်ကဆိုလျှင် ဆွန်ဖုန်းက တစ်ကြိမ်လျှင် ရှာဖွေတူးဖော်ရေး စက်ကိရိယာ အမျိုးအစား တစ်ခုကိုသာ အားသွင်းလေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် သတ္တုသိုက်တစ်ခုကို တူးဖော်ရန်အတွက် စက်ကိရိယာ အမျိုးအစား တစ်ခုတည်းသာ လိုအပ်သောကြောင့်ဖြစ်သည်။ အခြားသော သတ္တုသိုက်များကို တစ်ပြိုင်နက်တည်း တူးဖော်လေ့ မရှိပေ။ ဥပမာအားဖြင့် သံရိုင်း တူးဖော်သည့် စက်ကိရိယာနှင့် ရေနံ တူးဖော်သည့် စက်ကိရိယာမှာ မတူညီကြပေ။
ဤတစ်ကြိမ်တွင်တော့ ဆွန်ဖုန်းက မြေအောက်တွင် မြှုပ်နှံထားသော ဤအလွန်မြင့်မားသည့် ဗို့အားရှိ ပင်မဓာတ်အားလိုင်းကြိုးကြီးမှတစ်ဆင့် လျှပ်စစ်မီးများကို တိုက်ရိုက် ခိုးယူရန် ဆုံးဖြတ်လိုက်သည်။ ဤနေရာကိုလည်း အသံလက်ထောက်က အသေအချာ ရွေးချယ်ထားခြင်းဖြစ်သည်။ ဤနေရာက လျှပ်စစ်မီး ခိုးယူရန်အတွက် အလွန် သင့်တော်လှသည်။
ယခင်က ဆွန်ဖုန်းက သူ၏ သံမဏိစက်ရုံမှတစ်ဆင့် ရေနက်ပိုင်း ရှာဖွေတူးဖော်ရေး ဉာဏ်ရည်တု စက်ရုံကို အားသွင်းသည့်အခါ အလွန် နှေးကွေးလွန်းလှသည်။ စက်ကိရိယာ အမျိုးအစား တစ်ခုကို အားအပြည့်သွင်းရန်အတွက် တစ်ပတ်ခန့် အချိန်ယူရသည်။
ထိုသို့ဖြစ်ရခြင်းမှာ အကြောင်းရင်း နှစ်ချက် ရှိသည်။ ပထမအချက်မှာ ဆွန်ဖုန်းက အလွန်လျင်မြန်စွာ အားသွင်းမည်ဆိုပါက လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီမှ သံသယဖြစ်လာနိုင်သောကြောင့်ဖြစ်သည်။ တစ်ညတည်းနှင့် လျှပ်စစ်မီး အများအပြား သုံးစွဲလိုက်ခြင်းက အလွန် ထူးဆန်းနေမည် မဟုတ်ပါလား။ ထို့ကြောင့် ဆွန်ဖုန်းက တစ်ပတ် အချိန်ယူ၍ အားသွင်းရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ဒုတိယအချက်မှာ အကယ်၍ ရေနက်ပိုင်း ရှာဖွေတူးဖော်ရေး ဉာဏ်ရည်တု စက်ရုံက အားအလွန်မြန်မြန် သွင်းမည်ဆိုပါက ထိုလျှပ်စစ်မီးကြိုးများက ဝန်ပိပြီး လုံးဝ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ထိုသို့ဖြစ်လာပါက လျှပ်စစ်မီးကြိုးများ သေချာပေါက် လောင်ကျွမ်းသွားမည်ဖြစ်သည်။
သို့သော်လည်း ယခုအချိန်တွင် ဆွန်ဖုန်း စိုးရိမ်စရာ မလိုတော့ပေ။ အထက်ပါ အခြေအနေ နှစ်ခုစလုံးက ဤနေရာတွင် ဖြစ်ပေါ်လာမည် မဟုတ်ပေ။ ဤနေရာက လျှပ်စစ်မီး ပို့လွှတ်နေသော ပင်မဓာတ်အားလိုင်းကြီး ဖြစ်သဖြင့် လျှပ်စစ်မီးကြိုးများ လောင်ကျွမ်းသွားမည်ကို စိုးရိမ်စရာ မလိုတော့ပေ။ အချိန်တန်လျှင် ဆွန်ဖုန်းက သူ လိုချင်သလောက် စိတ်ကြိုက် စုပ်ယူနိုင်မည်ဖြစ်သည်။
ဒုတိယအချက်အနေဖြင့် ဆွန်ဖုန်းက အခြားသူများ သိသွားမည်ကိုလည်း မစိုးရိမ်တော့ပေ။ ဤတစ်ကြိမ် သူလုပ်နေသည်မှာ လျှပ်စစ်မီး ခိုးယူခြင်းဖြစ်ပြီး သူ့အိမ်တွင် အားသွင်းနေခြင်း မဟုတ်သဖြင့် စိုးရိမ်စရာ မလိုတော့ပေ။ ဤနေရာတွင် တစ်စုံတစ်ယောက် လျှပ်စစ်မီး ခိုးယူနေကြောင်း အခြားသူများ သိသွားသည့်အချိန်တွင် သူက လုံလောက်အောင် ခိုးယူပြီး ထွက်ပြေးသွားလောက်ပြီဖြစ်သည်။
"စလိုက်ရအောင်..."
အသံလက်ထောက်က ဆွန်ဖုန်းကို ပြောလိုက်သည်။
"ကောင်းပြီ..."
မကြာမီမှာပင် အမှောင်ထုဖုံးလွှမ်းနေသော တောအုပ်ငယ်လေးထဲတွင် ရပ်နေသော ဆွန်ဖုန်းက သိုလှောင်မှုနယ်ပယ်ထဲမှ ရေငုပ်ဝတ်စုံကို ထုတ်ယူကာ လျင်မြန်စွာ ဝတ်ဆင်လိုက်ပြီးနောက် ကာကွယ်ရေး အကာအကွယ်ကို ဖွင့်လိုက်သည်။ ရေငုပ်ဝတ်စုံ တစ်ခုလုံးကို ဖုံးလွှမ်းသွားစေသည်။
ဤသို့ဆိုလျှင် ဆွန်ဖုန်းက လမ်းဘေးတွင် လျှပ်စစ်မီး ခိုးယူနေလျှင်တောင်မှ မည်သူကမျှ သူ့ကို မြင်တွေ့နိုင်မည် မဟုတ်တော့ပေ။ ကာကွယ်ရေး အကာအကွယ်က မြင်ကွင်း၊ အသံ စသည်တို့ကို အပြင်ဘက်နှင့် လုံးဝ အဆက်အသွယ် ဖြတ်တောက်ပေးထားနိုင်သဖြင့် အပြင်ဘက်မှ လူများက လုံးဝ မြင်တွေ့နိုင်မည်၊ ကြားနိုင်မည် မဟုတ်ပေ။ အချိန်တန်လျှင် ဆွန်ဖုန်းက လျှပ်စစ်မီး ခိုးယူခြင်း အလုပ်ကို လွတ်လပ်စွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။
"ကာကွယ်ရေး အကာအကွယ်ကို ပေနှစ်ဆယ် ပတ်လည်အထိ ဖွင့်လိုက်ပြီ... အတိအကျပါပဲ... ပိုင်ရှင်အနေနဲ့ လျှပ်စစ်မီး ခိုးယူရေး စီမံကိန်းကြီးကို စတင်လို့ ရပါပြီ..."
အသံလက်ထောက်က ကိုယ်တိုင် ကြီးကြပ်ပြီး ဆွန်ဖုန်းအတွက် လိုအပ်သည်များ အားလုံးကို ပြင်ဆင်ပေးခဲ့သည်။ ထောက်လှမ်းရှာဖွေရေး စနစ်ကိုလည်း ဖွင့်ထားပြီး အကယ်၍ မမျှော်လင့်ထားသော ကိစ္စရပ်များ ဖြစ်ပေါ်လာပါက အချိန်မီ သိရှိနိုင်ရန် ပတ်ဝန်းကျင်ကို စောင့်ကြည့်ပေးနေသည်။
ဤအကူအညီ နှစ်ခုရှိနေသဖြင့် ဆွန်ဖုန်း၏ မျက်နှာပေါ်တွင် လောဘကြီးပြီး ရူးသွပ်သော အပြုံးတစ်ခု ပေါ်လာသည်။
ရေငုပ်ဝတ်စုံကို မောင်းနှင်ကာ အမြန်လမ်းမကြီး၏ ဘေးဘက်သို့ တိုက်ရိုက် သွားလိုက်သည်။ ထောက်လှမ်းရှာဖွေရေး စနစ်၏ လမ်းညွှန်မှုဖြင့် ဆွန်ဖုန်းက ဤလျှပ်စစ်မီး ပို့လွှတ်နေသော ပင်မဓာတ်အားလိုင်းကြီး မည်သည့်နေရာတွင် ရှိနေကြောင်းကို လျှပ်တစ်ပြက် သိရှိသွားခဲ့သည်။ ရေငုပ်ဝတ်စုံ၏ လက်နက်စနစ်ကို ဖွင့်ကာ ပင်မဓာတ်အားလိုင်းပေါ်တွင် ဖုံးအုပ်ထားသော မြေကြီးများကို အတင်းအဓမ္မ ဖောက်ခွဲပစ်လိုက်သည်။
'ဝုန်း... ဒိုင်း...'
စက္ကန့်အနည်းငယ် အကြာတွင် အပြာရောင် သေမင်းတမန် လေဆာရောင်ခြည်များ၏ ဖြတ်တောက်ဖောက်ခွဲမှုအောက်တွင် ရေငုပ်ဝတ်စုံက တွင်းနက်ကြီးတစ်ခုကို ဖော်ထုတ်ပေးလိုက်သည်။ ယခုအခါ ဆွန်ဖုန်းက သူ၏ မျက်စိရှေ့တွင် ကြီးမားလှသော ပင်မဓာတ်အားလိုင်းကြိုးကြီးကို တွေ့မြင်နေရပြီဖြစ်သည်။
ယခု ဆွန်ဖုန်း လုပ်ဆောင်နေသမျှ အရာအားလုံးကို ကာကွယ်ရေး အကာအကွယ်က ဖုံးအုပ်ထားသဖြင့် အပြင်ဘက်မှ လူများက ဆွန်ဖုန်း၏ တည်ရှိမှုကို လုံးဝ သတိပြုမိမည် မဟုတ်ပေ။ သူတို့ မြင်တွေ့ရမည်မှာ သာမန် လေထုနှင့် လမ်းဘေးတွင် ဘာမှမရှိသော မြင်ကွင်းမျိုးသာ ဖြစ်သည်။ ဤသည်က ကာကွယ်ရေး အကာအကွယ်၏ အလွန် အစွမ်းထက်လှသော လုပ်ဆောင်ချက်ပင်ဖြစ်သည်။
"ဒါက လျှပ်စစ်မီးတွေ ပို့လွှတ်နေတဲ့ ပင်မဓာတ်အားလိုင်းကြိုးကြီးပဲ... ဟားဟား... ဒီတစ်ခါတော့ ငါ အားအပြည့်သွင်းပစ်လိုက်မယ်..."
ဆွန်ဖုန်း၏ မျက်လုံးများထဲတွင် မီးပွားများ တောက်ပသွားသည်။
ပြောရမည်ဆိုလျှင် သူတစ်ပါးဆီကရတဲ့ အရာက ပိုအရသာရှိတယ်ဆိုတဲ့ စကားက တကယ်မှန်ပေသည်။ သူများပစ္စည်းကို ခိုးယူရခြင်းက တကယ်ကို အရသာရှိလှသည်။ ယခု ဆွန်ဖုန်းက သူများပစ္စည်းကို ခိုးယူ... အော် မဟုတ်ဘူး... ယူသုံးနေခြင်းဖြစ်သည်။ ဘာပစ္စည်းပဲဖြစ်ဖြစ် သူများပစ္စည်းကို အလကား ယူသုံးရခြင်းက စိတ်ထဲတွင် အလွန်တရာ ကျေနပ်စရာကောင်းသည် မဟုတ်ပါလား။
ဆွန်ဖုန်းက ရေငုပ်ဝတ်စုံကို မောင်းနှင်ကာ တွင်းထဲသို့ ခုန်ဆင်းလိုက်သည်။ ထို့နောက် သံမဏိ လက်မောင်းများကို ဆန့်တန်းကာ ဤပင်မဓာတ်အားလိုင်းကြိုးကြီးကို ဖမ်းဆုပ်လိုက်သည်။
သို့သော်လည်း လုံးဝ ဖမ်းဆုပ်၍ မရပေ။ သို့သော် ကိစ္စမရှိပေ။ ယခုအချိန်တွင် ရေငုပ်ဝတ်စုံ၏ လက်နှစ်ဖက်မှ ရေဘဝဲလက်တံများကဲ့သို့ နူးညံ့ပျော့ပျောင်းသော အနီရောင် လက်တံနှစ်ခု ထွက်ပေါ်လာပြီး ဤကြီးမားလှသော ပင်မဓာတ်အားလိုင်းကြိုးကြီးပေါ်တွင် တွယ်ကပ်သွားတော့သည်။
'ဖောက်...'
ဟူသော အသံတစ်သံနှင့်အတူ အနီရောင် လက်တံနှစ်ခုက ပင်မဓာတ်အားလိုင်းကြိုးကြီး၏ အကာအကွယ်အလွှာကို ဖောက်ထွင်းဝင်ရောက်သွားတော့သည်။
ဤသည်က ဆွန်ဖုန်းကို လန့်ဖျပ်သွားစေခဲ့သည်။ သောက်ကျိုးနည်း... ငါက ကိုယ့်သေတွင်း ကိုယ်တူးနေတာလား... မိုးကြိုးပစ်ခံရအောင် လုပ်နေတာလား... ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံနေသလိုပဲ။ အထူးသဖြင့် ထိုအနီရောင် လက်တံများက ပင်မဓာတ်အားလိုင်းကြိုးကြီး၏ အကာအကွယ်အလွှာကို ဖောက်ထွင်းဝင်ရောက်သွားပြီးနောက် ချက်ချင်းဆိုသလိုပင် 'ဖြတ်... ဖြတ်...' ဟူသော အသံများနှင့်အတူ အပြာရောင် လျှပ်စစ်မီးပွားများက ပေါက်ပြဲသွားသော နေရာမှ ပေါက်ကွဲထွက်လာတော့သည်။
ဆွန်ဖုန်းတစ်ယောက် လန့်ဖျပ်သွားရသည်။ ငါက ရေငုပ်ဝတ်စုံ ဝတ်ထားတာနော်... သတ္တုကြီးလေ... လျှပ်စစ်ကူးမလား မသိဘူး... တကယ်လို့ လျှပ်စစ်ကူးရင်တော့ ငါ ဝက်ကင်ဖြစ်သွားမှာပဲ... အထဲမှာ ဓာတ်လိုက်ပြီး သေသွားတော့မှာပဲ။
ဤတစ်ကြိမ်တွင် ဆွန်ဖုန်းက အားသွင်းနေခြင်း မဟုတ်ဘဲ လျှပ်စစ်မီးများကို စုပ်ယူနေခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဆွန်ဖုန်းက ရေငုပ်ဝတ်စုံ၏ လက်နှစ်ဖက်မှ ထွက်ပေါ်လာသော အနီရောင် လက်တံပေါင်းမြောက်မြားစွာက ပင်မဓာတ်အားလိုင်းကြိုးကြီးထဲသို့ စိုက်ဝင်သွားသည်ကို မြင်တွေ့လိုက်ရသောကြောင့်ဖြစ်သည်။ နောက်တစ်စက္ကန့်တွင် ဤအပြာရောင် လျှပ်စစ်မီးပွားများက အနီရောင် လက်တံများမှတစ်ဆင့် ဆွန်ဖုန်း၏ ရေနက်ပိုင်း ရှာဖွေတူးဖော်ရေး ဉာဏ်ရည်တု စက်ရုံအတွင်းသို့ ရူးသွပ်စွာ စီးဝင်သွားတော့သည်။
"သောက်ကျိုးနည်း... ဒီအရှိန်က... အရမ်းမြန်တာပဲ..."
ကြီးမားလှသော အပြာရောင် လျှပ်စစ်မီးပွားများက သူ၏ ရေနက်ပိုင်း ရှာဖွေတူးဖော်ရေး ဉာဏ်ရည်တု စက်ရုံအတွင်းသို့ ပြင်းထန်စွာ စီးဝင်သွားသည်ကို မြင်လိုက်ရသောအခါ ဆွန်ဖုန်း၏ စိတ်ထဲတွင် အလွန်အမင်း စိတ်လှုပ်ရှားသွားတော့သည်။
အဘယ်ကြောင့်ဆိုသော် ငါးမိနစ်အကြာတွင် S အဆင့် ရှာဖွေတူးဖော်ရေး စက်ကိရိယာ တစ်ခုကို အားအပြည့်သွင်းပြီးသွားသည်ကို သူ မြင်တွေ့လိုက်ရသောကြောင့်ဖြစ်သည်။ ထိုအရှိန်က တကယ်ကို ကြောက်ခမန်းလိလိ မြန်ဆန်လှသည်။ ဤအလွန်မြင့်မားသည့် ဗို့အားရှိ ပင်မဓာတ်အားလိုင်းကြီးက တကယ်ကို အစွမ်းထက်လှသည်။
အခြားသူများအတွက်ဆိုလျှင် ဤကဲ့သို့ လျှပ်စစ်မီး ခိုးယူရန်မှာ လုံးဝ မဖြစ်နိုင်သော်လည်း ဆွန်ဖုန်း၏ ရေငုပ်ဝတ်စုံအတွက်ကတော့ အသေးအဖွဲ ကိစ္စလေးတစ်ခုမျှသာ ဖြစ်သည်။
"ကောင်းလား... ဟီးဟီး... ဒီတစ်ခါတော့ ငါတို့ ရေနက်ပိုင်း ရှာဖွေတူးဖော်ရေး ဉာဏ်ရည်တု စက်ရုံထဲက စက်ကိရိယာတွေ အားလုံးကို အားအပြည့်သွင်းနိုင်မယ်လို့ ထင်တယ်... ဟားဟား... နောက်ဆိုရင် အချိန်အကြာကြီး သုံးလို့ရသွားပြီ..."
အသံလက်ထောက်က ပြောလိုက်သည်။
"အင်း... မင်းရဲ့ ဒီအကြံဆိုးလေးက မဆိုးဘူးပဲ... နောက်ဆိုရင် ငါတို့ လျှပ်စစ်မီး မရှိတော့တဲ့ အချိန်တိုင်း ဂျပန်နိုင်ငံကို လာပြီး လျှပ်စစ်မီး လာခိုးကြတာပေါ့... အဲ့ဒါလည်း မဆိုးဘူးပဲ... အပျော်ခရီးထွက်သလိုပေါ့... ငါ ချယ်ရီပန်းဥယျာဉ်ကိုလည်း သွားပြီး ကစားလို့ရသေးတယ်... ဝါး... တကယ်ကို ပြီးပြည့်စုံတဲ့ အစီအစဉ်ပဲ..."
ဆွန်ဖုန်းက စိတ်ကူးယဉ် အိပ်မက်များ မက်ကာ အစီအစဉ်များ ဆွဲနေတော့သည်။
ဆွန်ဖုန်းတစ်ယောက် ပျော်ပျော်ရွှင်ရွှင်ဖြင့် လျှပ်စစ်မီး ခိုးယူနေချိန်တွင် တိုကျိုမြို့ကြီး တစ်ခုလုံးကတော့ ပွက်လောရိုက်သွားခဲ့ပြီဖြစ်သည်။ ညသန်းခေါင်ယံအချိန်ကြီးတွင် တစ်မြို့လုံး လျှပ်စစ်မီးများ ရုတ်တရက် ပြတ်တောက်သွားခဲ့သည်။
'ဝှီး...'
ဟူသော အသံနှင့်အတူ တိုကျိုမြို့ကြီး တစ်ခုလုံးက လင်းထိန်နေသော လှပသည့် ညဉ့်မြို့တော်ကြီးအဖြစ်မှ ချက်ချင်းဆိုသလို အမှောင်ထုဖုံးလွှမ်းသွားပြီး သေမင်းတမန် မြို့တော်ကြီးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
တိုကျိုမြို့၊ လူနေရပ်ကွက်တစ်ခုရှိ အခန်းတစ်ခန်းအတွင်းတွင်
"သောက်ကျိုးနည်း... ဘယ်လိုဖြစ်တာလဲ... ဘာလို့ ရုတ်တရက်ကြီး မီးပြတ်သွားရတာလဲ... ငါ့ရဲ့ League of Legends ကြေးအဆင့် တစ်ကို တက်မယ့်ပွဲကွ... သောက်ကျိုးနည်းပဲ... ဘယ်ခွေးကောင်က လျှပ်စစ်မီးကြိုးကို သွားခိုးနေပြန်ပြီလဲ..."
အခန်းထဲတွင် ဂျပန် အိမ်တွင်းအောင်း အော့တကု လူငယ်တစ်ဦးက စားပွဲကို ဒေါသတကြီး ရိုက်ချလိုက်ပြီး ပါးစပ်မှလည်း ဆဲဆိုနေတော့သည်။
လွန်ခဲ့သည့် နှစ်လခန့်က League of Legends ဂျပန်ဆာဗာ စတင်ဖွင့်လှစ်ခဲ့ချိန်ကတည်းက သူ စတင်ကစားခဲ့ခြင်းဖြစ်သည်။ ယခုမှ မနည်းကြိုးစားပြီး ကြေးအဆင့် တစ်ကို တက်ခါနီးအချိန်တွင် ဤသို့ ဖြစ်ရပါမည်လား။
လက်ကိုင်ဖုန်း မီးရောင်ဖြင့် ဝရန်တာသို့ ထွက်လာပြီး အခြားအိမ်များတွင် မီးလာမလာ ကြည့်ရှုလိုက်သည်။ သူ ဝရန်တာသို့ ထွက်လာသည်နှင့် မြို့တစ်ခုလုံး အလင်းရောင် တစ်စက်မျှ မရှိတော့သည်ကို သတိထားမိလိုက်သည်။
"သောက်ကျိုးနည်း... တစ်မြို့လုံး မီးပြတ်သွားတာလား..."
တိုကျိုမြို့တွင် ရည်းစားမရှိသော လူငယ်မြောက်မြားစွာက နာမည်ကြီး ဂျပန်မင်းသမီးများ၏ နောက်ဆုံးထွက် အောကားများကို ကြည့်ရှုနေကြစဉ် အကောင်းဆုံး အခန်းသို့ ရောက်ရှိချိန်တွင် ရုတ်တရက် လျှပ်စစ်မီး ပြတ်တောက်သွားသဖြင့် သူတို့အားလုံး၏ စိတ်အားထက်သန်မှုများ ချက်ချင်း ပျောက်ကွယ်သွားကြတော့သည်။
တိုကျို လျှပ်စစ်ဓာတ်အားပေး ဌာနချုပ်။
တစ်မြို့လုံး ရုတ်တရက် လျှပ်စစ်မီး ပြတ်တောက်သွားခြင်းမှာ အလွန် ကြီးမားသော ပြဿနာတစ်ခုဖြစ်သဖြင့် ခေါင်းဆောင်များအားလုံး ညတွင်းချင်း အပြေးအလွှား ရောက်ရှိလာကြပြီး အခြေအနေများကို စစ်ဆေးကြတော့သည်။
"ယိုမီကိုလေး... လက်ရှိ ဘာတွေဖြစ်နေတာလဲ... ဘာလို့ တစ်မြို့လုံး ရုတ်တရက် မီးပြတ်သွားရတာလဲ..."
လျှပ်စစ်ဓာတ်အားပေး ဌာနချုပ်၏ ညွှန်ကြားရေးမှူး တောက်ချောင်ထျန်က ဌာနချုပ်သို့ ရောက်ရှိလာသည်နှင့် သူ၏ လက်အောက်ငယ်သားကို မေးလိုက်သည်။
"မသိသေးပါဘူးရှင်... အခု စုံစမ်းစစ်ဆေးနေတုန်းပါ... ခုနက စစ်ဆေးချက်တွေအရဆိုရင် တိုကျိုမြို့တွင်းက လျှပ်စစ်မီးကြိုးတွေ ပြဿနာတက်တာ မဟုတ်ပါဘူး... တခြား ပြဿနာတစ်ခုခု ဖြစ်ရပါမယ်..."
ယိုမီကိုလေးက ပြန်ဖြေလိုက်သည်။
"အင်း... နည်းပညာရှင်တွေကို အမြန်ဆုံး စစ်ဆေးခိုင်းလိုက်... မြို့ထဲက တချို့နေရာတွေက မီးပြတ်လို့ မရဘူး... အထူးသဖြင့် ကုမ္ပဏီကြီးတွေနဲ့ ဆေးရုံတွေလို နေရာမျိုးတွေပေါ့... အဲ့ဒီနေရာတွေမှာ အရေးပေါ် မီးစက်တွေ ရှိတယ်ဆိုပေမယ့် သူတို့လည်း အချိန်အကြာကြီး မခံနိုင်ဘူးလေ..."
"ဟုတ်ကဲ့ပါရှင်..."
မကြာမီမှာပင် သူတို့ အကြောင်းရင်းကို ရှာတွေ့သွားကြသည်။
"ညွှန်ကြားရေးမှူး... နည်းပညာရှင်တွေရဲ့ စုံစမ်းစစ်ဆေးချက်တွေအရ လျှပ်စစ်မီးတွေ ပို့လွှတ်နေတဲ့ ပင်မဓာတ်အားလိုင်းကြိုးကြီး ဘာကြောင့်မှန်းမသိ ပြတ်တောက်သွားပါတယ်... အဲ့ဒီနေရာက မြို့ပြင် အမှတ် ၃ အမြန်လမ်းမကြီး နားမှာလောက် ရှိပါတယ်... အတိအကျ ဘယ်နေရာလဲဆိုတာတော့ အခင်းဖြစ်ပွားရာ နေရာကို သွားကြည့်မှပဲ သိရမှာပါ..."
ယိုမီကိုလေးက အလောတကြီး ပြေးလာပြီး တောက်ချောင်ထျန်ကို ပြောလိုက်သည်။
"ဘာ... ပင်မဓာတ်အားလိုင်းကြိုးကြီး ပြတ်သွားတယ်... လူတွေများ အလုပ်လုပ်ရင်းနဲ့ မှားဖြတ်မိလိုက်တာလား..."
တောက်ချောင်ထျန်က အနည်းငယ် အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။ ပုံမှန်အားဖြင့် ပင်မဓာတ်အားလိုင်းကြိုးများကို မြေအောက်တွင် မြှုပ်နှံထားလေ့ရှိပြီး ပျက်စီးသွားခဲလှသည်။ ဤတစ်ကြိမ် ဤသို့ဖြစ်လာမည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။
"ဒီလိုဆိုမှတော့... နောက်တစ်ဖက်က လျှပ်စစ်ဓာတ်အားပေးစက်ရုံကို အမြန်ဆုံး အကြောင်းကြားပြီး လျှပ်စစ်မီး ဖြတ်ခိုင်းလိုက်တော့... ငါတို့ အမြန်ဆုံး သွားပြီး ပြင်ဆင်ရမယ်..."
တောက်ချောင်ထျန်က ညွှန်ကြားလိုက်သည်။
"ဟုတ်ကဲ့ပါရှင်…”