အခန်း ၃၃၉
Vol. 34 Ch. 339
အခန်း (၃၃၉) - ဆက်လက် ဒုက္ခပေးခြင်းနှင့် မဟာမိတ်ခေါင်းဆောင် ပေါ်ထွက်လာခြင်း
ဆွန်ဖုန်းတစ်ယောက် အခင်းဖြစ်ပွားရာ နေရာတွင် ရေငုပ်ဝတ်စုံဖြင့် လျှပ်စစ်မီးများကို အားပါးတရ စုပ်ယူနေလေသည်။ တိုကျိုမြို့ကြီး တစ်ခုလုံး သူ၏လက်ချက်ဖြင့် ပွက်လောရိုက်နေပြီဖြစ်ကြောင်းကိုတော့ သူ လုံးဝ မသိရှိခဲ့ပေ။
အထူးသဖြင့် လျှပ်စစ်မီး လုံးဝ ပြတ်တောက်၍မရသော စက်ရုံအချို့တွင် အရေးပေါ် မီးစက်များလည်း မရှိကြသဖြင့် အခြေအနေများမှာ လုံးဝကို ဆိုးရွားသွားခဲ့ရသည်။ ထို့အပြင် ယခုအချိန်က ညသန်းခေါင်ယံအချိန် ဖြစ်နေသဖြင့် လျှပ်စစ်ဓာတ်အားပေးဌာနမှာလည်း အတော်လေး အလုပ်ရှုပ်သွားရတော့သည်။ မူလကတည်းက ညဘက် ဂျူတီကျသူ အနည်းငယ်သာ ရှိပြီး ပြုပြင်ရေးဝန်ထမ်း အများစုမှာ အိမ်ပြန်ကာ မိန်းမဖက်အိပ်နေကြပြီဖြစ်သည်။ ထို့ကြောင့် လျှပ်စစ်ဓာတ်အားပေးဌာန အနေဖြင့် ချက်ချင်း လူလွှတ်ကာ ပြုပြင်ရန် မဖြစ်နိုင်တော့ဘဲ တစ်နာရီ နှစ်နာရီခန့် ကြန့်ကြာသွားနိုင်ချေ ရှိနေလေသည်။
သို့သော်လည်း တိုကျိုမြို့ကြီး တစ်ခုလုံး လျှပ်စစ်မီး ပြတ်တောက်သွားပြီးနောက် လျှပ်စစ်ဓာတ်အားပေးဌာနက အခြားတစ်ဖက်ရှိ လျှပ်စစ်မီး ပို့လွှတ်ပေးနေသော ဌာနသို့ လျှပ်စစ်မီး ဖြတ်တောက်ထားရန် ချက်ချင်း တောင်းဆိုလိုက်သည်။ သို့မှသာ ပြုပြင်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် လျှပ်စစ်မီး အလဟဿ မဖြစ်စေဘဲ အခြားသော ပြဿနာများကိုလည်း ရှောင်ရှားနိုင်မည် ဖြစ်သောကြောင့်တည်း။
'ဝှစ်'
ဟူသော အသံနှင့်အတူ ဆွန်ဖုန်း၏ ရေငုပ်ဝတ်စုံမှ ထွက်ပေါ်နေသော လက်တံများက လျှပ်စစ်မီးများကို အားပါးတရ စုပ်ယူနေစဉ် ရုတ်တရက် လျှပ်စစ်မီးများ ပြတ်တောက်သွားလေသည်။
"သောက်ကျိုးနည်း... ဘယ်လိုဖြစ်သွားတာလဲ... မီးပြတ်သွားပြီလား..."
ဆွန်ဖုန်းက ရေငုပ်ဝတ်စုံထဲသို့ လျှပ်စစ်မီးများ ဝင်မလာတော့သည်ကို မြင်လိုက်ရသောအခါ အံ့အားသင့်စွာ မေးလိုက်သည်။
"ဟုတ်ပါတယ် ပိုင်ရှင်... အခု စစ်ဆေးကြည့်ရသလောက် ဒီပင်မဓာတ်အားလိုင်းကြိုးကြီးကနေ လျှပ်စစ်မီးတွေ ရောက်မလာတော့ပါဘူး... လျှပ်စစ်ဓာတ်အားပေးတဲ့ဘက်က မီးဖြတ်လိုက်တာ ဖြစ်ရမယ်... ခဏနေရင် ပြုပြင်ရေးဝန်ထမ်းတွေ ရောက်လာတော့မှာမို့ ကျွန်တော်တို့လည်း ဆုတ်ခွာဖို့ အချိန်တန်ပါပြီ..."
အသံလက်ထောက်က ပြောလိုက်သည်။
"ကျစ်... သောက်ကျိုးနည်းပဲ... ငါ စက်ကိရိယာ ရာဂဏန်းလောက်ပဲ အားသွင်းရသေးတာကို... နောက်ထပ် အားသွင်းဖို့ စက်ကိရိယာတွေ အများကြီး ကျန်သေးတယ်... အခုလို မီးပြတ်သွားတော့ လုံးဝကို စိတ်ညစ်စရာ ကောင်းတာပဲ..."
ဆွန်ဖုန်းက မကျေမနပ်ဖြင့် ပြောလိုက်သည်။
"ကိစ္စမရှိပါဘူးဗျာ... သူတို့ ပြင်လို့ပြီးသွားတဲ့ အချိန်ကျရင် ကျွန်တော်တို့ ထပ်ပြီး လာခိုးကြတာပေါ့... ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ဆီမှာ အချိန်တွေ အများကြီး ရှိတာပဲ... သူတို့ကို ရူးသွပ်သွားတဲ့အထိ ကစားပေးရတာလည်း တော်တော်လေး ကောင်းပါတယ်..."
အသံလက်ထောက်က ဟီးဟီးဟားဟား ရယ်မောကာ ပြန်ပြောလိုက်သည်။
"ဟားဟား... မင်းရဲ့အကြံက မဆိုးဘူးပဲ... ကောင်းပြီလေ... ဒီည ပထမဆုံး လျှပ်စစ်မီး ခိုးယူမှု အောင်မြင်တဲ့ အထိမ်းအမှတ်အနေနဲ့ ချယ်ရီပန်းဥယျာဉ်ကို သွားပြီး ကစားလိုက်ဦးမယ်..."
ဆွန်ဖုန်းက ပြောဆိုပြီးနောက် အခင်းဖြစ်ပွားရာ နေရာမှ ချက်ချင်း ထွက်ခွာသွားတော့သည်။ ဂျပန်မိန်းကလေးများနှင့် သွားရောက်ပျော်ပါးရန် ချယ်ရီပန်းဥယျာဉ်ဆီသို့ ဦးတည်လိုက်လေသည်။
တကယ်တမ်းလည်း ဆွန်ဖုန်း ထွက်ခွာသွားပြီး နာရီဝက်ခန့်အကြာတွင် ကားလေးငါးစီးခန့်က ဆွန်ဖုန်း လျှပ်စစ်မီး ခိုးယူခဲ့သော နေရာသို့ ရောက်ရှိလာခဲ့ကြသည်။ ဤကားများမှာ ဤနေရာတစ်ဝိုက်ကို တစ်လျှောက်လုံး လိုက်လံစစ်ဆေးလာခဲ့ကြခြင်း ဖြစ်ပေမည်။
"ဟေး... ဟိုမှာ ကြည့်စမ်း... ဘာကြီးလဲ... မြေကျင်းကြီးတစ်ခုပဲ..."
မကြာမီမှာပင် ထိုလူများက ချို့ယွင်းမှု ဖြစ်ပေါ်နေသော နေရာကို ရှာတွေ့သွားကြသည်။ သူတို့ ကားပေါ်မှ ဆင်းကာ ကြည့်လိုက်သောအခါ မျက်စိရှေ့ရှိ ဧရာမ မြေကျင်းကြီးကို မြင်တွေ့လိုက်ရပြီး အားလုံး အံ့အားသင့် မှင်သက်သွားကြလေသည်။
"လခွီးပဲ... သေချာပေါက် အဖျက်သမား တစ်ယောက်ယောက်က ပြည်သူပိုင် ပစ္စည်းတွေကို လာဖျက်ဆီးသွားတာပဲ ဖြစ်ရမယ်... လျှပ်စစ်မီး ပို့လွှတ်နေတဲ့ ပင်မဓာတ်အားလိုင်းကြိုးကြီးကိုတောင် ဖြတ်တောက်သွားတယ်... သောက်ရူးတွေ... ငါ့မိန်းမနဲ့ တတိယမြောက် ကလေးရဖို့ ကြိုးစားနေတုန်း ညွှန်ကြားရေးမှူးက ဖုန်းဆက်ပြီး ပြင်ခိုင်းလို့ ထွက်လာခဲ့ရတာ... တကယ်ကို ကံဆိုးတာပဲ..."
အသက်သုံးဆယ်ကျော်အရွယ် နည်းပညာရှင် တစ်ဦးက နေရာရှိ အခြေအနေများကို ရှင်းလင်းစွာ မြင်တွေ့သွားပြီးနောက် ညည်းညူလိုက်သည်။ မြေအောက်တွင် မြှုပ်နှံထားသော ဤလျှပ်စစ်မီးကြိုးကြီးကို တမင်သက်သက် တူးဖော်ပြီး ဖြတ်တောက်ထားခြင်းမှာ သေချာပေါက် လူတစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သွားခြင်း ဖြစ်ကြောင်း အလွန် သိသာလှသည်။
လူခုနစ်ယောက် ရှစ်ယောက်ခန့်က အတန်ကြာ ညည်းညူနေပြီးနောက် ပြုပြင်ရေး အလုပ်များကို စတင်ကြတော့သည်။ မည်သို့ပင်ဖြစ်စေ မြို့တွင်း၌ လျှပ်စစ်မီး အမြန်ဆုံး ပြန်လည်ရရှိရန် လိုအပ်သည် မဟုတ်ပါလား။
မကြာမီမှာပင် ထိုလူများက နာရီအနည်းငယ်ကြာ အချိန်ယူကာ ပင်မဓာတ်အားလိုင်းကြိုးကြီးကို နောက်ဆုံးတွင် အောင်မြင်စွာ ပြန်လည်ဆက်သွယ်နိုင်ခဲ့ကြသည်။ ထို့အပြင် လျှပ်စစ်ဓာတ်အားပေးဌာနက ရဲစခန်းသို့ပါ တိုင်ကြားခဲ့သဖြင့် ရဲများက အခင်းဖြစ်ပွားရာ နေရာသို့ လာရောက်စစ်ဆေးကြလေသည်။ မည်သည့် လူယုတ်မာက ဤကဲ့သို့ ဥပဒေချိုးဖောက်ကာ လျှပ်စစ်မီးကြိုးကြီးကို ဖြတ်တောက်သွားခဲ့သနည်း ဆိုသည်ကို ရှာဖွေရန်ဖြစ်သည်။ သို့သော်လည်း နောက်ဆုံးတွင် မည်သည့် သဲလွန်စမျှ ရှာမတွေ့ခဲ့သဖြင့် အမှုမှာ ထိုနေရာတွင်ပင် အဆုံးသတ်သွားခဲ့ရသည်။
ကံကောင်းသည်မှာ တိုကျိုမြို့ကြီးတွင် လျှပ်စစ်မီးများ အမြန်ဆုံး ပြန်လည်ရရှိသွားခဲ့ခြင်းပင် ဖြစ်သည်။ ဆွန်ဖုန်းကတော့ မနေ့ညက ချယ်ရီပန်းဥယျာဉ်သို့ သွားရောက်ကာ တစ်ပတ်ခန့် ပျော်ပါးခဲ့ပြီး ဂျပန်မိသားစု ဘယ်နှစ်စုမှ သမီးပျိုလေးများကို ဒုက္ခပေးခဲ့သည်ကိုတော့ မည်သူမျှ မသိနိုင်တော့ပေ။
ညဘက်သို့ ရောက်သောအခါ တိုကျိုမြို့တွင် လျှပ်စစ်မီးများ ပြန်လည်ရရှိနေပြီဖြစ်ကြောင်း ဆွန်ဖုန်း မြင်တွေ့လိုက်ရသဖြင့် ယနေ့ညလည်း လျှပ်စစ်မီး ထပ်ခိုးရန် ဆုံးဖြတ်လိုက်သည်။ မနေ့ညက စက်ကိရိယာ ရာဂဏန်းလောက်ကိုသာ အားသွင်းနိုင်ခဲ့သဖြင့် အလွန် နည်းပါးလွန်းလှသည်။ ဤညတွင်တော့ ပိုမိုများပြားစွာ အားသွင်းနိုင်ရန် ကြိုးစားရမည်ဖြစ်သည်။
ညသန်းခေါင်ယံ ဆယ့်နှစ်နာရီအချိန်တွင် ဆွန်ဖုန်းတစ်ယောက် မြို့ဆင်ခြေဖုံးသို့ နောက်တစ်ကြိမ် ရောက်ရှိလာခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင်တော့ အရင်နေရာကို မရွေးချယ်တော့ပေ။ မည်သို့ပင်ဖြစ်စေ ပင်မဓာတ်အားလိုင်းကြီးက အလွန် ရှည်လျားလှသဖြင့် မည်သည့်နေရာကို ရွေးချယ်သည်ဖြစ်စေ အဆင်ပြေလှသည်။
တိုကျိုမြို့တွင်း တစ်နေရာတွင်။
အိမ်တွင်းအောင်း လူငယ်ငါးဦးက League of Legends ဂိမ်းကို ကစားနေကြသည်။ မှန်ပါသည်။ သူတို့က Wildcard ဒေသ၏ အသစ်ဖွဲ့စည်းထားသော ပရော်ဖက်ရှင်နယ် e-sports အသင်းတစ်ခု ဖြစ်သည်။ ဂျပန်နိုင်ငံတွင် ဂျပန်ဆာဗာကို စတင်ဖွင့်လှစ်ခဲ့သည်မှာ မကြာသေးသော်လည်း သူတို့က အသင်းတစ်သင်းကို ဖွဲ့စည်းထားပြီး ယခုနှစ် S6 ကမ္ဘာ့ချန်ပီယံပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားကြသည်။
လက်ရှိ သူတို့၏ အဆင့်အတန်းမှာ ဂျပန်ဆာဗာအတွင်းတွင်တော့ ထိပ်တန်းအဆင့်ဟု ဆိုနိုင်သည်။ သို့သော် တရုတ်ဆာဗာမှ ကစားသမားများ အမြင်တွင်တော့ သူတို့၏ အဆင့်မှာ စိန်အဆင့်လောက်သာ ရှိပေလိမ့်မည်။
သူတို့က အခြားသော အသင်းအချို့နှင့် လေ့ကျင့်ရေးပွဲများ ယှဉ်ပြိုင်ကစားနေကြစဉ် (အမှန်တော့ ငတုံးတွေ အချင်းချင်း ချနေကြခြင်းသာ ဖြစ်သည်) သူတို့အသင်း ရှုံးနိမ့်တော့မည့် အချိန်တွင် ရုတ်တရက် လျှပ်စစ်မီး ပြတ်တောက်သွားလေသည်။
"အို ဘုရားရေ... ဒီမီးပြတ်တာက တကယ်ကို အချိန်ကိုက်ပဲကွ... ဟားဟားဟား... ငါတို့ ဒီပွဲ ရှုံးစရာ မလိုတော့ဘူး... နောက်တစ်ခါကျမှ သူတို့ကို ဆက်ပြီး စိန်ခေါ်ကစားကြတာပေါ့..."
စက္ကန့်နှစ်ဆယ်ပင် မပြည့်ခင်မှာပင် တိုကျိုမြို့ကြီး တစ်ခုလုံး နောက်တစ်ကြိမ် လျှပ်စစ်မီး ပြတ်တောက်သွားခဲ့ပြန်သည်။
တစ်ကြိမ်ပြီး တစ်ကြိမ် ဆက်တိုက် လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် လူအများအပြားမှာ အလွန်အမင်း ဒေါသထွက်သွားကြသည်။ အထူးသဖြင့် ကုမ္ပဏီများနှင့် စက်ရုံအလုပ်ရုံများ ထိပ်တန်း ခေါင်းဆောင်ကြီးများပင် အကြီးအကျယ် ဒေါသထွက်သွားကြရသည်။ မကြာသေးမီကမှ တိုကျိုမြို့၏ ကောင်းကင်ယံတွင် တိမ်မည်းကြီးများ အမြဲ ဖုံးလွှမ်းနေသကဲ့သို့ ခံစားနေရသည်။ မကောင်းသော ကိစ္စရပ်များက တစ်ခုပြီးတစ်ခု ဆက်တိုက် ဖြစ်ပေါ်နေသည် မဟုတ်ပါလား။
လျှပ်စစ်မီး ပြတ်တောက်သွားသည့် အချိန်တွင် လျှပ်စစ်ဓာတ်အားပေး ဌာနချုပ်၏ ညွှန်ကြားရေးမှူး တောက်ချောင်ထျန်မှာ အပြင်ဘက်ရှိ သူ၏ တတိယမယားငယ်လေးနှင့်အတူ အပြတ်အသတ် ပျော်ပါးနေချိန် ဖြစ်သည်။ ရုတ်တရက် မီးပြတ်သွားသဖြင့် သူ၏ စိတ်အားထက်သန်မှုများ ချက်ချင်း ရပ်တန့်သွားရတော့သည်။ ထို့နောက် စက္ကန့်ဆယ်စက္ကန့်ပင် မပြည့်ခင်မှာပင် သူ၏ လက်ကိုင်ဖုန်း မြည်လာတော့သည်။
"ဘယ်သူလဲကွ..."
တောက်ချောင်ထျန်၏ စိတ်ထဲတွင် အလွန်အမင်း စိတ်ရှုပ်ထွေးသွားရသည်။ ဤတစ်ကြိမ်တွင် သုံးစက္ကန့်ခန့် တောင့်ခံနိုင်ရန် အတော်လေး ကြိုးစားထားရသည်ကို ရုတ်တရက် အနှောင့်အယှက် ပေးခံလိုက်ရသဖြင့် ခွေးကိုတောင် သတ်ချင်စိတ် ပေါက်သွားတော့သည်။
"ကျွန်မ ယိုမီကိုလေး ပါ ညွှန်ကြားရေးမှူး... ဒုက္ခပါပဲရှင်... ထပ်ပြီး မီးပြတ်သွားပြန်ပြီ... ကျွန်မတို့ အခု နည်းပညာဌာနက လူတွေကို စုံစမ်းခိုင်းထားပါတယ်... ညွှန်ကြားရေးမှူး... အခြေအနေကို လာပြီး ကြီးကြပ်ပေးပါဦးလားရှင်..."
ဖုန်းထဲမှ ချွဲနွဲ့သော အသံလေးတစ်ခု ထွက်ပေါ်လာသည်။
"အင်း... သိပြီ... ငါ အခုချက်ချင်း လာခဲ့မယ်..."
စိတ်ရှုပ်ထွေးစွာဖြင့် ဖုန်းချလိုက်ပြီးနောက် တောက်ချောင်ထျန်က သူ၏ မယားငယ်လေးကို တစ်ချက်နမ်းကာ မကျေမချမ်းဖြင့် ထွက်သွားတော့သည်။
သူ ထွက်သွားပြီး တစ်မိနစ်ပင် မပြည့်သေးခင်မှာပင် ညှို့ငင်ဖမ်းစားနိုင်သော မျက်နှာသွင်ပြင်ရှိသည့် ထိုမယားငယ်လေးက လက်ကိုင်ဖုန်းကို ချက်ချင်း ကောက်ကိုင်ကာ သူမ၏ တကယ့်ရည်းစားဖြစ်သူထံ ဖုန်းခေါ်လိုက်လေသည်။
"ဟယ်လို အချစ်... မြန်မြန် လာခဲ့တော့လေ... ငါ တီဟောင်ဟိုတယ် အခန်း ၅၀၆ မှာ ရောက်နေတယ်... ဟုတ်တယ်... အဲ့ဒီ ဝက်ဆူကြီး ထွက်သွားပြီ... အင်း... ဟုတ်တယ်... သုံးစက္ကန့်တောင် မခံတဲ့ အသုံးမကျတဲ့ကောင်ကြီးလေ... ဟီးဟီး... ခဏနေရင် နင့်ရဲ့ အယုအယတွေ လိုအပ်တယ်နော်... ကောင်းပြီလေ... အဲ့ဒါဆိုရင်လည်း ဒါပဲနော်... အော် ဒါနဲ့... နင် သားရေပတ်ကူ ကြာပွတ် ယူလာဖို့ မမေ့နဲ့ဦး... ဟုတ်တယ်... အင်း... အချစ်... ငါ ဖုန်းချလိုက်တော့မယ်နော်... မြန်မြန် လာခဲ့..."
အကယ်၍ တောက်ချောင်ထျန်သာ ဤစကားပြောသံများကို ကြားလိုက်ရမည်ဆိုပါက သူ ချက်ချင်း အဆောက်အအုံပေါ်မှ ခုန်ချသေလောက်အောင် ဒေါသထွက်သွားမည်လား မသိနိုင်ပေ။
မကြာမီမှာပင် မြို့တစ်ခုလုံး လျှပ်စစ်မီး ပြတ်တောက်သွားပြီးနောက် လျှပ်စစ်ဓာတ်အားပေးဌာနက လူအင်အား စုစည်းကာ အမြန်ဆုံး ပြုပြင်ရေးများကို ထပ်မံ လုပ်ဆောင်ရပြန်သည်။
နောက်တစ်နေ့ နံနက်စောစောတွင် လျှပ်စစ်မီးများ ပြန်လည်ရရှိသွားခဲ့သည်။ သို့သော်လည်း ဤနေ့မှစတင်၍ တိုကျိုမြို့တွင် ညတိုင်း တစ်မြို့လုံး လျှပ်စစ်မီး ပြတ်တောက်မှုများ ဖြစ်ပေါ်လာတော့သည်။
ဤဖြစ်ရပ်က လျှပ်စစ်ဓာတ်အားပေးဌာနကို လုံးဝ ရူးသွပ်သွားစေခဲ့သည်။ ရဲစခန်းကိုလည်း ရူးသွပ်သွားစေခဲ့သည်။ စက်ရုံများ ကုမ္ပဏီများနှင့် ထိပ်တန်း ခေါင်းဆောင်များကိုလည်း အကြီးအကျယ် ရူးသွပ်သွားစေခဲ့လေသည်။
ဤသို့ဖြင့် ဆွန်ဖုန်းက တစ်ပတ်တိတိ ဆက်တိုက် ဒုက္ခပေးခဲ့ပြီးနောက် နောက်ဆုံးတွင် သူ၏ ရေနက်ပိုင်း ရှာဖွေတူးဖော်ရေး ဉာဏ်ရည်တု စက်ရုံအတွင်းရှိ မတူညီသော အမျိုးအစားများဖြင့် ဖွဲ့စည်းထားသည့် ရှာဖွေတူးဖော်ရေး စက်ကိရိယာ အများစုကို အားအပြည့် သွင်းနိုင်ခဲ့သည်။
ဆွန်ဖုန်းက နောက်ထပ် အကြိမ်အနည်းငယ်ခန့် ထပ်သွားမည်ဆိုပါက စက်ကိရိယာ အားလုံးကို အားအပြည့်သွင်းနိုင်မည်ဟု တွေးလိုက်မိသည်။ အားဟား... နောက်ထပ် အရင်းမလိုတဲ့ စီးပွားရေးတစ်ခုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြန်ပြီလေ။