← Chapters

အခန်း ၃၄၁

Vol. 35 Ch. 341

အခန်း ၃၄၁

Vol. 35 Ch. 341

အခန်း ၃၄၁ - ရေအောက်ဆင်းကာ ရှာဖွေခြင်း

"ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုယ်နဲ့ ဘာအကြောင်းများ ပြောချင်လို့လဲ မသိဘူး"

ဆွန်ဖုန်းက အလွန်ချစ်စရာကောင်းသည့် အသက်ဆယ့်ခြောက်နှစ်အရွယ် ကောင်မလေးအတွက် ကော်ဖီပူပူတစ်ခွက် မှာပေးလိုက်ပြီးနောက်၊ နုနယ်ပျိုမျစ်သော်လည်း ထူးခြားစွာ ဆွဲဆောင်မှုရှိနေသည့် သူမ၏ မျက်နှာလေးကို ကြည့်ကာ မေးလိုက်သည်။

"ကျွန်မက ရှင်နဲ့ စကားပြောချင်ရုံလေးပါ ရှင်က အရမ်းချောတာပဲနော် ပြီးတော့ ရှင်က တစ်ယောက်ယောက်နဲ့ အရမ်းတူနေသလို ခံစားရတယ် ဒီနှစ် Time မဂ္ဂဇင်း မျက်နှာဖုံးမှာပါတဲ့ မစ္စတာဆွန်ဖုန်းနဲ့ အရမ်းတူတာပဲ"

လျိုရှန်းဟွေ့ဇီက မျက်လုံးလေးများ အရောင်လက်ကာ ပြောလိုက်သည်။

"အဟမ်း... အဟမ်း... ပွင့်ပွင့်လင်းလင်း ပြောရရင် ကိုယ်က အဲဒီ ဆွန်ဖုန်း ပါပဲ"

ဆွန်ဖုန်းက အလွန် ဟန်ကိုယ့်ဘို့ဖြင့် သူ၏ ဆံပင်ကို သပ်တင်လိုက်သည်။

"ရှင်က မစ္စတာဆွန်ဖုန်း ဟုတ်လား မဖြစ်နိုင်တာ... သူက ကနေဒါမှာ ရှိနေတာလေ ဘယ်လိုလုပ်ပြီး ဒီမှာ ရောက်နေမှာလဲ"

လျိုရှန်းဟွေ့ဇီက အနည်းငယ် ကြောင်အမ်းအမ်းဖြင့် ပြောလိုက်သည်။ ဆွန်ဖုန်းက ဤချစ်စရာကောင်းသော ကောင်မလေးကို ကြည့်ကာ အသာအယာ ပြုံးလိုက်ပြီး "ကိုယ်က ဒီကို အလည်လာတာလေ... ဘာလဲ... မလာရဘူးလား"

မကြာမီမှာပင် သူမရှေ့ရှိ ဤလူချောလေးက တကယ်ကို ဆွန်ဖုန်းဖြစ်ကြောင်း လျိုရှန်းဟွေ့ဇီ သေချာသွားသောအခါ သူမ၏ မျက်လုံးဝိုင်းကြီးများတွင် အစိမ်းရောင် အလင်းတန်းများ တောက်ပလာတော့သည်။ သူမက နှုတ်ခမ်းလေးကို ကိုက်ကာ အလွန်ချစ်စရာကောင်းသော ဟန်ပန်ဖြင့် ဆွန်ဖုန်းကို အရူးအမူး စိုက်ကြည့်နေတော့ရာ ဆွန်ဖုန်းမှာ အနည်းငယ် နေရခက်သွားတော့သည်။

"ဘာလို့ ကိုယ့်ကို အဲဒီလိုကြီး ကြည့်နေရတာလဲ ကိုယ်က ချောတယ်ဆိုပေမယ့်လည်း အဲဒီလောက်ကြီး စိုက်ကြည့်နေစရာ မလိုပါဘူး"

ဆွန်ဖုန်း အနည်းငယ် နေရခက်သွားသည်။ ဤသည်မှာ သူ၏ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် မိန်းမချောလေးတစ်ဦးက သူ့ကို အရင် စတင်သဘောကျခြင်း ဖြစ်သည်။

'ဒါက အရမ်း ကံကောင်းတဲ့ ကိစ္စတစ်ခုများလား' ဟု သူ တွေးလိုက်မိသည်။

"မစ္စတာဆွန်ဖုန်း... ကျွန်မတို့ အတူတူ အိပ်ကြရအောင်"

"ဖူး"

ကော်ဖီသောက်နေသော ဆွန်ဖုန်းမှာ ပါးစပ်ထဲမှ ကော်ဖီများ လျိုရှန်းဟွေ့ဇီ၏ မျက်နှာနှင့် ကိုယ်ပေါ်သို့ ပန်းထွက်သွားတော့သည်။ သူ မျက်လုံးအပြူးသားဖြင့် လျိုရှန်းဟွေ့ဇီကို လုံးဝ မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။

'သောက်ကျိုးနည်း... ဂျပန်ကောင်မလေးတွေက ဒီလောက်တောင် ပွင့်လင်းရသလား'

လျိုရှန်းဟွေ့ဇီက ဆွန်ဖုန်း၏ ကော်ဖီပန်းမှုခံလိုက်ရသော်လည်း ဒေါသမထွက်ပေ။ သူမက ပန်းရောင်သန်းနေသည့် လျှာလေးဖြင့် နှုတ်ခမ်းကို သပ်လျက် ဆွန်ဖုန်းကို မျှော်လင့်ချက် ကြီးစွာဖြင့် စိုက်ကြည့်ကာ အဖြေကို စောင့်မျှော်နေလေသည်။

"အဟမ်း... ကိုယ်... အဲ... ကိုယ်က လွယ်လွယ်နဲ့ လိုက်လျောတတ်တဲ့ ယောက်ျားမျိုး မဟုတ်ဘူးနော်"

ဆွန်ဖုန်းက တည်ကြည်သော လေသံဖြင့် ပြောလိုက်သည်။

'သောက်ကျိုးနည်း ဂျပန်အမျိုးသမီးတွေက တကယ်ပဲ အဲဒီလိုမျိုးကိုး သေးသေးသွယ်သွယ် အသက် ၁၆ နှစ်အရွယ် မိန်းကလေးက အခုလို ပိုက်ဆံရှာဖို့ ထွက်လာပြီတဲ့လား တကယ်ကို အံ့ဩစရာပဲ'

သို့သော် သူက လွယ်လွယ်နဲ့ အလျှော့ပေးမည့် ယောက်ျားမျိုး မဟုတ်ပေ။ သူ့ရှေ့ရှိ ဤမိန်းကလေးက လှပသော်လည်း ဤကဲ့သို့သော စုတ်ပြတ်နေသည့် ဖာသည်မမျိုးကို သူ လုံးဝ မကြိုက်ပေ။

"အစ်ကိုကြီး ဆွန်ဖုန်း... ညီမက အပျိုစစ်စစ်လေးပါနော် ဒီနေ့ အစ်ကိုကြီးကို တွေ့လိုက်ရတဲ့အချိန်မှာ ညီမရဲ့ ပထမဆုံးအကြိမ်ကို အစ်ကိုကြီးဆီ ပေးအပ်ဖို့ ဆုံးဖြတ်လိုက်တာပါ"

လျိုရှန်းဟွေ့ဇီက ချွဲနွဲ့သော လေသံလေးဖြင့် ပြောလိုက်သည်။

"အာဟား... ခုနက ကိုယ် နောက်လိုက်တာပါ မင်းလည်း သိတဲ့အတိုင်းပဲ... ကိုယ်က အမြဲတမ်း အမျိုးသမီးတွေရဲ့... အော် မဟုတ်ဘူး... မိန်းကလေးတွေရဲ့ အချစ်တော်လေ သွားမယ်... ကိုယ် မင်းကို အဝတ်အစား သွားလဲပေးမယ်... ပြီးတော့... ဟီးဟီး"

နောက်တစ်စက္ကန့်တွင် ဆွန်ဖုန်းက လျိုရှန်းဟွေ့ဇီကို ဆွဲကာ ထွက်သွားတော့သည်။

လျိုရှန်းဟွေ့ဇီနှင့် ရက်အနည်းငယ်ကြာ ပျော်ပါးပြီးနောက် ထိုကောင်မလေး ကျောင်းသွားတက်ရမည်ဖြစ်ရာ ဆွန်ဖုန်းလည်း သူ၏ အလုပ်များကို စတင်လုပ်ဆောင်ရတော့မည်ဖြစ်သည်။ ဤကဲ့သို့သော အမျိုးသမီးမျိုးအတွက် ဆွန်ဖုန်းက ကစားရုံသက်သက်သာ သဘောထားပြီး မည်သည့်ခံစားချက်မျှ ထားရှိမည် မဟုတ်ပေ။ ဤကဲ့သို့ လွယ်ကူသော မိန်းကလေးမျိုးအတွက် ခံစားချက်ပေးရလောက်အောင် တန်ဖိုးမရှိဟု ဆွန်ဖုန်း ယူဆသည်။

ဤရက်ပိုင်းအတွင်း ဆွန်ဖုန်းက အင်တာနက်နှင့် သတင်းများမှတစ်ဆင့် ဂျပန်နိုင်ငံ ကမ်းလွန်ပင်လယ်ပြင်တွင် မည်သည့်နေရာများ၌ တွင်းထွက်သယံဇာတများ သိုလှောင်ထားကြောင်းကို ရှာဖွေစုံစမ်းခဲ့သည်။ သို့သော်လည်း အတော်ကြာ ရှာဖွေခဲ့သော်လည်း အသုံးဝင်သော သတင်းအချက်အလက် တစ်ခုမျှ မရရှိခဲ့ပေ။ ဤအချက်က ဆွန်ဖုန်းကို အတော်လေး စိတ်ရှုပ်သွားစေသည်။

"တောက်... ဘယ်လိုဖြစ်တာလဲ အသုံးဝင်တဲ့ သတင်းအချက်အလက် တစ်ခုမှကို ရှာမတွေ့ပါလား"

ဟိုတယ်အခန်းထဲတွင် ဆွန်ဖုန်းက ကွန်ပျူတာကို စိုက်ကြည့်ရင်း ခေါင်းကုတ်ကာ အလွန်အမင်း စိတ်ရှုပ်နေတော့သည်။

'ငါ့ရဲ့ ခန့်မှန်းချက်က မှားနေတာလား ဂျပန်တွေက အဲဒီ တွင်းထွက်သယံဇာတတွေကို ကမ်းလွန်ပင်လယ်ပြင်မှာ မသိုလှောင်ထားဘူးလား' ဟု သူ တွေးလိုက်မိသည်။

သို့သော်လည်း ထိုသို့မဟုတ်ဟု ဆွန်ဖုန်း ယူဆသည်။ လွန်ခဲ့သော ဆယ်စုနှစ်များစွာက ဂျပန်တို့ တရုတ်နိုင်ငံမှ မြေရှားသတ္တုများ စတင်ဝယ်ယူခဲ့သည်ကို သူ ပြန်လည်စဉ်းစားကြည့်လိုက်သည်။ ထိုအချိန်က တရုတ်တို့က ဤအရာများ၏ အရေးပါမှုကို မသိခဲ့သဖြင့် ဂျပန်တို့က အမြောက်အမြား ဝယ်ယူသွားခဲ့ကြသည်။

ဤနှစ်များတစ်လျှောက် အဆက်မပြတ် ဝယ်ယူနေခဲ့ရာ ယခုအချိန်တွင် သိုလှောင်ထားမှုများ သေချာပေါက် ရှိနေမည်ဖြစ်သည်။ ဤဂျပန်တို့က စစ်ရေးပြင်ဆင်မှု သယံဇာတအဖြစ် အနည်းငယ်မျှ ချန်ထားလိုစိတ် မရှိဘူးဆိုသည်ကို ဆွန်ဖုန်း လုံးဝ မယုံကြည်ပေ။

"ပိုင်ရှင်... ကျွန်တော်တို့ ဘာလို့ အချိန်ကုန်ခံပြီး ရှာနေဦးမှာလဲ တိုက်ရိုက် ရေအောက်ဆင်းပြီး ပတ်ကြည့်လိုက်ရင် သိရမှာပဲလေ ဘာပဲဖြစ်ဖြစ် ဒီဂျပန်နိုင်ငံရဲ့ ကမ်းရိုးတန်းကလည်း သိပ်ရှည်တာမဟုတ်ဘူး ကျွန်တော်တို့ ရေငုပ်ဝတ်စုံနဲ့ဆိုရင် တစ်ရက်တည်းနဲ့ တစ်ပတ်ပြည့်အောင် ပတ်လို့ရတယ် အဲဒီအချိန်ကျရင် ရှာဖွေထောက်လှမ်းရေး စနစ်နဲ့ တစ်ပတ်ပတ်ရှာကြည့်ရင် မတွေ့ဘဲနေမှာ မဟုတ်ဘူး"

အသံလက်ထောက်က အကြံပြုလိုက်သည်။

"ကောင်းပြီ... အဲဒီလိုပဲ လုပ်ကြတာပေါ့ သောက်ကျိုးနည်း... ဒီတစ်ခါတော့ ငါ ကျေနပ်တဲ့အထိ မဖျက်ဆီးရဘူးဆိုရင် အိမ်မပြန်ဘူးကွာ... ဟွန့်"

ဆွန်ဖုန်းက ကုလားထိုင်ပေါ်တွင် ထိုင်လျက် ပေါင်ကို ရိုက်ကာ ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်သည်။

နောက်တစ်နေ့တွင် ဆွန်ဖုန်းက ပင်လယ်ကမ်းစပ်သို့ ရောက်ရှိလာခဲ့သည်။ သိပ်မကြာခင်မှာပင် ရေငုပ်ဝတ်စုံကို ဝတ်ဆင်ထားသော သူသည် ကမ်းလွန်ရေအောက်သို့ ရောက်ရှိသွားခဲ့သည်။

"ကာကွယ်ရေး အကာအကွယ်ကို ဖွင့်လိုက်... ရှာဖွေထောက်လှမ်းရေး စနစ်ကို ဖွင့်လိုက်"

ဆွန်ဖုန်းက ရေအောက်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် ရေငုပ်ဝတ်စုံကို ချက်ချင်း အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့ပါ ပိုင်ရှင်"

မကြာမီမှာပင် ၃၅၀ ကီလိုမီတာ ပတ်လည်ကို ထောက်လှမ်းရှာဖွေနိုင်သော စနစ်ပွင့်လာပြီး တစ်ချိန်တည်းမှာပင် ကာကွယ်ရေး အကာအကွယ်လည်း ပွင့်လာခဲ့သည်။

"သွားမယ်... စတင်ထွက်ခွာကြစို့"

အရာအားလုံး အဆင်သင့်ဖြစ်သွားသောအခါ ဆွန်ဖုန်းက ဤကမ်းရိုးတန်းတစ်လျှောက်ကို စတင်ရှာဖွေတော့သည်။ ဤကဲ့သို့ နေရာအနှံ့ ရှာဖွေခြင်းဖြင့် သူ မြင်တွေ့ချင်သော အရာများကို တွေ့ရှိနိုင်မည်ဟု မျှော်လင့်မိသည်။

ဂျပန်နိုင်ငံက မူလကတည်းက သိပ်မကြီးမားသဖြင့် ဂျပန်နိုင်ငံ တစ်ခုလုံး၏ ကမ်းရိုးတန်းကလည်း သိပ်မရှည်လျားလှပေ။ သာမန်လူများအတွက်ဆိုလျှင် အလွန်ရှည်လျားပြီး လပေါင်းများစွာ လမ်းလျှောက်လျှင်တောင် ပြီးမည်မဟုတ်သော်လည်း ဆွန်ဖုန်းအတွက်ကတော့ ရေငုပ်ဝတ်စုံဖြင့် တစ်ရက်တည်းနှင့် အသွားအပြန် တစ်ခေါက် ရောက်နိုင်သည်။

ထို့အပြင် နေရာအနှံ့ ရှာဖွေမှုများပါ လုပ်ဆောင်နိုင်သေးသည်။ အကယ်၍ အရှိန်ကုန် မောင်းနှင်မည်ဆိုပါက နာရီအနည်းငယ်အတွင်း တစ်ပတ်ပတ်မိနိုင်သည်။

ဆွန်ဖုန်းက ဤတစ်ကြိမ်တွင် ကမ်းလွန်ပင်လယ်ပြင်၌ ပထမဆုံးအကြိမ် ကင်းလှည့်ရှာဖွေခြင်းဖြစ်သည်။ လက်ရှိတွင် သူ၏ ရေငုပ်ဝတ်စုံက ရေအောက် မီတာတစ်ရာခန့်တွင်သာ ရေငုပ်သွားလာနေသည်။ သို့သော်လည်း ကာကွယ်ရေး အကာအကွယ်ဖြင့် သူ့ကိုယ်သူ ကိုယ်ပျောက်ထားသဖြင့် ဆွန်ဖုန်းက အခြားသူများ တွေ့သွားမည်ကို မကြောက်ပေ။

ဤသို့ဖြင့် နာရီဝက်ခန့် ရေငုပ်သွားလာပြီးနောက် ရေငုပ်ဝတ်စုံက ကမ်းရိုးတန်း၏ ရှည်လျားသော အစိတ်အပိုင်းကြီးတစ်ခုကို ရှာဖွေပြီးသွားခဲ့သည်။ တွင်းထွက်သယံဇာတများကို မတွေ့ရသေးသလို အခြားသော သယံဇာတများကိုလည်း မတွေ့ရသေးပေ။ ဤအချက်က ဆွန်ဖုန်းကို အနည်းငယ် စိတ်ပျက်သွားစေသည်။

'ဒီဂျပန်ကောင်တွေ ပစ္စည်းတွေကို ဘယ်မှာ ဝှက်ထားကြတာလဲ' ဟု သူ တွေးလိုက်မိသည်။

"ပိုင်ရှင်... အနောက်မြောက်ဘက် ကီလိုမီတာ ၂၀၀ အကွာမှာ ရေအောက်ရေနံမြေ တစ်ခုကို တွေ့ရှိထားပါတယ် ဒါပေမဲ့ အဲဒီမှာ တစ်ယောက်ယောက်က တူးဖော်နေပါပြီ"

ဆွန်ဖုန်းက ရေငုပ်ဝတ်စုံ၏ မှန်ပြင်ကို စိုက်ကြည့်ကာ အကျိုးအမြတ် တစ်ခုခု ရရှိရန် မျှော်လင့်နေချိန်တွင် အသံလက်ထောက်က ရုတ်တရက် သတိပေးလာသည်။

"ရေအောက်ရေနံမြေ ဟုတ်လား ထားလိုက်ပါတော့... သူများတွေ တူးဖော်နေပြီပဲကို မင်းက ဘာလို့ သတိပေးနေတာလဲ"

ဆွန်ဖုန်းက အနည်းငယ် စကားမပြောနိုင်ဖြစ်ကာ အသံလက်ထောက်ကို ပြန်ပြောလိုက်သည်။

'အင်း... မဟုတ်သေးဘူး တူးဖော်နေပြီဆိုတော့လည်း ဘာဖြစ်လဲ ဒီနေ့ ငါ စိတ်မကြည်ဘူး... သွားမယ်... အဲဒါကို သွားခိုးကြတာပေါ့'

ဆွန်ဖုန်းက မှန်ပြင်ကို ဆက်လက် စိုက်ကြည့်ရန် ပြင်လိုက်စဉ် သူ ဤနေရာသို့ လာရခြင်းမှာ ဂျပန်များကို ဖျက်ဆီးရန်ဖြစ်ကြောင်း ရုတ်တရက် သတိရသွားသည်။

ကမ်းလွန်ပင်လယ်ပြင်တွင် သိုလှောင်ထားသော တွင်းထွက်သယံဇာတများကို သွားရှာစရာ မလိုဘဲ သူတို့ တူးဖော်နေသော ရေနံမြေကို ဖျက်ဆီးပစ်လိုက်လျှင်လည်း ရသည်မဟုတ်ပါလား။

"သောက်ကျိုးနည်း ပိုင်ရှင်... ကျွန်တော်လည်း အဲဒီလိုပဲ တွေးနေတာ ပိုင်ရှင်နဲ့ ကျွန်တော်နဲ့ အကြံတူသွားမယ်လို့ လုံးဝ မထင်ထားဘူး ဟားဟား... ကြည့်ရတာ ကျွန်တော်တို့က တစ်သက်လုံး လက်တွဲရမယ့် ကောင်းမွန်တဲ့ မိတ်ဆွေတွေ ဖြစ်လာမယ့်ပုံပဲ"

အသံလက်ထောက်က ရယ်မောကာ ပြောလိုက်သည်။

"ဖယ်စမ်းပါ... ဘယ်သူက မင်းနဲ့ တစ်သက်လုံး လက်တွဲရမယ့် မိတ်ဆွေလဲ”

All Chapters